en
Feedback
TK Counselling Service

TK Counselling Service

Open in Telegram

📌 mental health counselling 📌 relationship counselling 📌 self transformation counselling 📌 personality test (or) psycho test စစ်​ဆေး​ပေးခြင်း Booking ☎️ 09669343878, 09450334140 🔰​counseling session fees - 80,000 Ks / package fees 350,000Ks ပါရှင့်။

Show more
1 222
Subscribers
No data24 hours
-87 days
-2030 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+1
in 0 channels
August '26
+7
in 0 channels
Get PRO
July '26
+26
in 0 channels
Get PRO
June '26
+16
in 0 channels
Get PRO
May '26
+12
in 0 channels
Get PRO
April '26
+14
in 0 channels
Get PRO
March '26
+10
in 0 channels
Get PRO
February '26
+13
in 1 channels
Get PRO
January '26
+23
in 0 channels
Get PRO
December '25
+26
in 0 channels
Get PRO
November '25
+25
in 0 channels
Get PRO
October '25
+1
in 0 channels
Get PRO
September '25
+23
in 0 channels
Get PRO
August '25
+33
in 0 channels
Get PRO
July '25
+41
in 0 channels
Get PRO
June '25
+30
in 0 channels
Get PRO
May '25
+55
in 0 channels
Get PRO
April '25
+19
in 0 channels
Get PRO
March '25
+68
in 1 channels
Get PRO
February '25
+84
in 0 channels
Get PRO
January '25
+22
in 0 channels
Get PRO
December '24
+44
in 0 channels
Get PRO
November '24
+14
in 0 channels
Get PRO
October '24
+34
in 0 channels
Get PRO
September '24
+19
in 0 channels
Get PRO
August '24
+11
in 0 channels
Get PRO
July '24
+38
in 0 channels
Get PRO
June '24
+46
in 0 channels
Get PRO
May '24
+45
in 0 channels
Get PRO
April '24
+39
in 0 channels
Get PRO
March '24
+28
in 0 channels
Get PRO
February '24
+30
in 0 channels
Get PRO
January '24
+1 068
in 0 channels
Date
Subscriber Growth
Mentions
Channels
07 September0
06 September0
05 September+1
04 September0
03 September0
02 September0
01 September0
Channel Posts
ဒီနေ့ခေတ်မှာ လူတွေဟာ "ပြောတတ်ဖို့" ကိုပဲ အာရုံစိုက်​နေကြပါတယ်။ ဘယ်လိုပြောရင် လူတွေကြိုက်မလဲ။ ဘယ်လိုပြောရင် အောင်မြင်မလဲ။ ဘယ်လိုပြောရင် လေးစားခံရမလဲ။ ဒါပေမဲ့ စစ်မှန်တဲ့ ဆက်ဆံရေးရဲ့ အခြေခံ​ သော့ချက်က "ပြောတတ်ခြင်း" မဟုတ်ဘဲ "နားထောင်တတ်ခြင်း" ပါ။ ဆက်ဆံ​ရေးမှာ လူအများစု "နားထောင်တယ်" ဆိုတာ ... 🗯ကိုယ်ပြန်ပြောဖို့ အခွင့်ရေးကို စောင့်နေတာ။ 🗯ကိုယ်နဲ့ကိုက်ညီမှုရှိရင် လက်ခံတာ၊ မကိုက်ညီရင် ပြန်ငြင်းဖို့ စဉ်းစားနေတာ။ 🗯တစ်ဖက်လူ စကားမဆုံးခင် "ငါသိပြီးသား" ဆိုတဲ့ မျက်နှာထားနဲ့ နေတာ။ ဒါက နားထောင်ခြင်း (Listening) မဟုတ်ပါဘူး။ ဒါက စောင့်ဆိုင်းခြင်း (Waiting) ပါ။ စစ်မှန်တဲ့ "နား​ထောင်ခြင်း" ဆိုတာ... 🗯 ကိုယ့်ရဲ့ အတွေးတွေ၊ အကဲဖြတ်ချက်တွေ၊ အဖြေတွေကို ခေတ္တရပ်ထား လိုက်တာ။ 🗯 တစ်ဖက်လူရဲ့ စကားရဲ့နောက်ကွယ်က ခံစားချက်ကို ဖတ်တတ်တာ။ 🗯 "မင်းပြောတာ ငါကြားတယ်" ဆိုတဲ့ သင်္ကေတအနေနဲ့ ခေါင်းညိတ်ပေး၊ မျက်လုံးချင်းဆုံအောင်ကြည့်၊ "ဟုတ်လား... အဲဒါဆို..." လို့ သိမ်မွေ့စွာ ပြန်ပြောပြတတ်တာ။ 🗯 တစ်ဖက်လူကို သူ့ရဲ့အ​တွေးအမြင်ခံစားချက်ကို မ​ကြောက်မရွံ့၊ အရှက်မရှိ၊ အပြစ်မတင်ခံရဲဘဲ ပြောပြခွင့်ပေးတတ်တာ။ ဒါ​တွေအားလုံးဟာ " နား​ထောင်တတ်ခြင်းရဲ့အနုပညာ​ " ပါ။ နား​ထောင်တတ်ခြင်းရဲ့ အစွမ်း ဘယ်​လောက်​တောင် အင်အားကြီးမားသလဲ ဆိုရင် သင်က အကြံဉာဏ် ဘာတစ်ခုမှ မပေးရသေးဘဲနဲ့တောင်... 🗯တစ်ဖက်လူရဲ့ ​လေးလံ​နေတဲ့ပင်ပန်းမှုကို သက်သာစေနိုင်တယ်။ 🗯သူ့ကိုယ်သူ ပိုရှင်းလင်းစွာ မြင်လာဖို့ ကူညီပေးနိုင်တယ်။ 🗯သင်နဲ့သူ့ကြားမှာ ယုံကြည်မှုတံတားတစ်ခု တည်ဆောက်ပေးနိုင်တယ်။ တစ်ခါတ​လေမှာ လူ​တွေ တကယ်လိုချင်တာက ​သူတို့​ပြောတာကို တစ်ဖက်လူက အပြည့်အဝ နား​ထောင်​​​ပေးစေချင်တာပါ။ သင့်ဆီက ​ဖြေရှင်းချက်၊ အ​တွေးအမြင်​တွေ မဟုတ်ပါဘူး။ ဒါကြောင့် သင်က... 📧အခက်အခဲ​တွေ့​နေတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ ဒုက္ခကို ဖြေရှင်း မပေးနိုင်ရင်တောင် သူ့ဘေးမှာ ထိုင်ပြီး "ငါမင်းရဲ့စကားကို အပြည့်အဝ နားထောင်နေတယ်" လို့ အမူအရာနဲ့ ပြပေးနိုင်ရင် ​တောင် အဲဒီသူငယ်ချင်းအတွက် သင်ဟာ အဖိုးမဖြတ်နိုင်တဲ့သူ၊နားလည်မှု​​ပေးနိုင်သူ ဖြစ်နေပါပြီ။ 📧အိမ်​ထောင်​ရေးတစ်ခုမှာ အိမ်ထောင်ဖက်ရဲ့ စကားကို "ဖြေရှင်းဖို့" မဟုတ်ဘဲ "နားလည်ဖို့" သက်သက် နားထောင်တတ်ရင် ကိုပင် အိမ်ထောင်ရေး​မှာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာတာကို တွေ့ရမှာပါ။ 📧မိဘနှင့်က​လေးဆက်ဆံ​ရေးမှာ ကိုယ့်ကလေးရဲ့ စကားကို အမြဲ ထောက်ပြ ဆုံးမတာမျိုး မဟုတ်ဘဲ သူ့ရဲ့ ခံစားချက်ကို အရင်ဆုံး နားထောင်ပေးတတ်ရင် ကလေးဟာ ကျန်းမာ​ပျော်ရွှင်တဲ့သူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ကစပြီး... တစ်စုံတစ်ယောက် သင်နဲ့စကားပြောလာရင် အောက်ပါအချက်လေးတွေ လိုက်နာကျင့်သုံးကြည့်ပါ။ ၁။ စကား​ပြော​နေချိန် ဖုန်း မသုံးပါနဲ့။ ၂။ တစ်ဖက်လူ​ပြောစကားကို ဖြတ်တောက်ပြီး မ​ပြောပါနဲ့။ ၃။ "ငါဘာပြန်ပြောရမလဲ" ဆိုတာထက် "တစ်ဖက်လူဘာခံစားနေရလဲ" ဆိုတာကို အာရုံစိုက်ပါ။ ၄။ တစ်ခါတလေ ရိုးရိုးလေး "ဟုတ်လား... အဲဒါဆို မင်းအတွက်ခက်ခဲမှာပဲ" ဆိုတဲ့စကားလေးဟာ အကောင်းဆုံးအဖြေတစ်ခုဖြစ်နိုင်တယ်ဆိုတာ သတိရပါ။ ဒီက​နေ့ အလုအယက် အ​ပြောပြိုင်​နေကြတဲ့​ခေတ်မှာ တကယ်နားထောင်တတ်တဲ့သူ တန်ဖိုးမဖြတ်နိုင်သူ​တွေပါ။ ဘာလို့ဆို...နားထောင်​​​ပေးဖို့ကို လူတိုင်း မလုပ်နိုင်ကြလို့ပါပဲ။ 👩‍🎓 Dr.Khin Aye Soe (Counselling Psychologist) #ArtOfListening #DeepListening #EmpatheticListening #ListenToUnderstand #CommunicationSkills #RelationshipGoals #EmotionalConnection #BePresent #YouMatter #ListeningIsHealing

2
No text...
186
3
🔖OCD ဆိုတာ ကိုယ်မလိုချင်တဲ့ အတွေး၊ အကြံ၊ စိတ်ပုံရိပ် (Obsession) တွေ ထပ်ခါထပ်ခါ ဝင်ရောက်လာပြီး​နောက် အဲဒါတွေကို ဖြေဖျောက်ရန် ထပ်ခါထပ်ခါ ပြုမူရတဲ့ အကျင့် (Compulsion) များ ပါဝင်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခုပါ။ 🛑OCD ဖြစ်လာပြီဆိုရင် မလိုလားအပ်တဲ့ အတွေးတွေ ဦးနှောက်ထဲ ထပ်ကာထပ်ကာ ဝင်လာပြီး ဒါ​တွေကို မစွဲလမ်းမိအောင် ထိန်းချုပ်ဖို့ကြိုးစားရင်း စိတ်ပင်ပန်း၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ ခံစားရတတ်ပါတယ်။ 🛑 OCD ရဲ့ လက္ခဏာတွေကတော့... 1. ညစ်ပတ်မှု၊ ပိုးမွှားမှု ကူးစက်ခံရမှာကို အလွန်အမင်းကြောက်ရွံ့ခြင်း 2.အရာဝတ္ထုတွေ စနစ်တကျမစီထားရင်၊ အချိုးမကျရင် သည်းမခံနိုင်ဖြစ်ခြင်း (စီစဉ်ခြင်း၊ အစဉ်လိုက်ပြုလုပ်ခြင်း) 3. အန္တရာယ်ဖြစ်စေမယ့် အပြုအမူမျိုး (ဥပမာ တံခါးမပိတ်ခဲ့ရင် ခိုးခံရမှာ) ကို အဆက်မပြတ် စိုးရိမ်နေခြင်း 4. မလိုလားအပ်တဲ့ ရက်စက်ကြမ်းကြုတ်သည့် အတွေးများ (ဥပမာ ကိုယ်ချစ်ရသူကို ထိခိုက်မိမှာစိုးခြင်း) 5. အကြိမ်ကြိမ် စစ်ဆေးခြင်း (ဥပမာ မီးဖိုချောင်မီးပိတ်ထားလား၊ တံခါးသော့ခတ်ထားလား ဆိုတာ ၁၀ ကြိမ် ၂၀ ကြိမ် ပြန်သွားစစ်ခြင်း) 6.လက်ကိုအကြိမ်ကြိမ်ဆေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း (အရေပြားနီရဲကိုက်ခဲသည်အထိ) 7. ကိန်းဂဏန်း၊ အရောင်၊ စကားလုံးတွေကို လွန်ကဲစွာအဓိပ္ပာယ်ကောက်ပြီး ရှောင်ရှားခြင်း ( ဥပမာ. အနီ​ရောင်​တွေ့တိုင်း ​သွေးလို့မြင်ပြီး ​​ကြောက်ရွံ့ပြီး​ရှောင်​နေခြင်း) 8. “မှန်မှန်ကန်ကန်” မဟုတ်ဘူးလို့ခံစားရလို့ တစ်ခုခုကို ထပ်ခါထပ်ခါလုပ်ရခြင်း (ပြန်ရေး၊ ပြန်ဖျက်၊ ပြန်စီ) 10. အရာဝတ္ထုတွေကို သိမ်းဆည်းခြင်း၊ အသုံးမကျတဲ့ပစ္စည်းတွေကိုတောင် မစွန့်ရဲခြင်း 11. နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေ (အလုပ်၊ ကျောင်း၊ လူမှုရေး) ကို ထိခိုက်လာအောင်ကြာမြင့်စွာ အချိန်ကုန်ခံရခြင်း သိထားသင့်တာက OCD ဟာ စိုးရိမ်သောကနဲ့ ဆက်စပ်နေပြီး အချို့အတိုင်းအတာအထိ သဘာဝကျတဲ့ တုံ့ပြန်မှုလို့ပြောနိုင်ပေမယ့်... OCD လက္ခဏာတွေ အလွန်အကျွံပြင်းထန်လာပြီဆိုရင်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ (စာကျက်ခြင်း၊ အလုပ်လုပ်ခြင်း၊ အိပ်ခြင်း၊ ထွက်သွားခြင်း) ကို သိသိသာသာ အနှောင့်အယှက်ဖြစ်လာပြီဆိုရင်တော့ ကုသဖို့ လိုအပ်တဲ့အ​ခြေအ​နေပါ။ ဒါကြောင့် သင့်ရဲ့ OCD လက္ခဏာများ လျှော့နည်းသက်သာလာစေဖို့... ✅Self-help book ဖတ်ခြင်း OCD ရဲ့ သဘောသဘာဝ၊ ကုသမှုနည်းလမ်းများကို နားလည်သဘောပေါက်လာအောင် လေ့လာခြင်း။ ✅Relaxation Technique များ အသက်ပြင်းပြင်းရှူခြင်း၊ ကြွက်သားဖြေလျှော့ခြင်းတို့ဖြင့် စိုးရိမ်စိတ်ကို လျှော့ချခြင်း။ ✅Mindfulness Meditation အတွေးတွေကို တန်ပြန်မတုံ့ပြန်ဘဲ လက်ခံသတိပြုတတ်အောင် လေ့ကျင့်ခြင်း။ ✅Counseling & ERP Therapy အထူးသဖြင့် Exposure and Response Prevention (ERP) ကုထုံးကို ကျွမ်းကျင်သူနှင့်လုပ်ဆောင်ခြင်း။ ✅Support Group အလားတူ OCD ခံစားနေရသူများနှင့် အတွေ့အကြုံမျှဝေ၊ အပြန်အလှန်အားပေးခြင်း။ စတဲ့နည်းလမ်းတစ်ခုချင်း (သို့) ပေါင်းစပ်အသုံးပြုခြင်းဖြင့် သင့်ရဲ့ OCD လက္ခဏာများကို သိသိသာသာ သက်သာလာစေနိုင်ပါတယ်။ ဒါကြောင့် ဒီ page လေးမှာ OCD ရှိသူများအတွက် "OCD Management (အထူးသဖြင့် ERP နှင့် အတွေးစီမံခန့်ခွဲမှု)" ကို Group Counseling Session အနေနဲ့ Day 1 , Day 2 ဆိုပြီး ၂ ရက်တာ လုပ်​ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင့်။ ပါဝင်လိုပါက Comment မှာ "Join OCD" လို့ရေးပေးခဲ့လို့ရပါတယ်။ လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံးဆက်သွယ်ဖို့ အသိပေးအပ်ပါတယ်ရှင့်။ အ​​သေးစိတ်ကို​​တော့ Page Messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။ TK Counselling Service #OCD #OCDawareness #ObsessiveCompulsiveDisorder #ERPTherapy #OCDManagement #AnxietyRelief #Counselingandpsychotherapy #SupportGroup #MentalHealthMatters #GroupCounseling #WellnessJourney #OCDSupportGroup #counselling
259
4
No text...
189
5
🔖OCD ဆိုတာ ကိုယ်မလိုချင်တဲ့ အတွေး၊ အကြံ၊ စိတ်ပုံရိပ် (Obsession) တွေ ထပ်ခါထပ်ခါ ဝင်ရောက်လာပြီး​နောက် အဲဒါတွေကို ဖြေဖျောက်ရန် ထပ်ခါထပ်ခါ ပြုမူရတဲ့ အကျင့် (Compulsion) များ ပါဝင်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခုပါ။ 🛑OCD ဖြစ်လာပြီဆိုရင် မလိုလားအပ်တဲ့ အတွေးတွေ ဦးနှောက်ထဲ ထပ်ကာထပ်ကာ ဝင်လာပြီး ဒါ​တွေကို မစွဲလမ်းမိအောင် ထိန်းချုပ်ဖို့ကြိုးစားရင်း စိတ်ပင်ပန်း၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ ခံစားရတတ်ပါတယ်။ 🛑 OCD ရဲ့ လက္ခဏာတွေကတော့... 1. ညစ်ပတ်မှု၊ ပိုးမွှားမှု ကူးစက်ခံရမှာကို အလွန်အမင်းကြောက်ရွံ့ခြင်း 2.အရာဝတ္ထုတွေ စနစ်တကျမစီထားရင်၊ အချိုးမကျရင် သည်းမခံနိုင်ဖြစ်ခြင်း (စီစဉ်ခြင်း၊ အစဉ်လိုက်ပြုလုပ်ခြင်း) 3. အန္တရာယ်ဖြစ်စေမယ့် အပြုအမူမျိုး (ဥပမာ တံခါးမပိတ်ခဲ့ရင် ခိုးခံရမှာ) ကို အဆက်မပြတ် စိုးရိမ်နေခြင်း 4. မလိုလားအပ်တဲ့ ရက်စက်ကြမ်းကြုတ်သည့် အတွေးများ (ဥပမာ ကိုယ်ချစ်ရသူကို ထိခိုက်မိမှာစိုးခြင်း) 5. အကြိမ်ကြိမ် စစ်ဆေးခြင်း (ဥပမာ မီးဖိုချောင်မီးပိတ်ထားလား၊ တံခါးသော့ခတ်ထားလား ဆိုတာ ၁၀ ကြိမ် ၂၀ ကြိမ် ပြန်သွားစစ်ခြင်း) 6.လက်ကိုအကြိမ်ကြိမ်ဆေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း (အရေပြားနီရဲကိုက်ခဲသည်အထိ) 7. ကိန်းဂဏန်း၊ အရောင်၊ စကားလုံးတွေကို လွန်ကဲစွာအဓိပ္ပာယ်ကောက်ပြီး ရှောင်ရှားခြင်း ( ဥပမာ. အနီ​ရောင်​တွေ့တိုင်း ​သွေးလို့မြင်ပြီး ​​ကြောက်ရွံ့ပြီး​ရှောင်​နေခြင်း) 8. “မှန်မှန်ကန်ကန်” မဟုတ်ဘူးလို့ခံစားရလို့ တစ်ခုခုကို ထပ်ခါထပ်ခါလုပ်ရခြင်း (ပြန်ရေး၊ ပြန်ဖျက်၊ ပြန်စီ) 10. အရာဝတ္ထုတွေကို သိမ်းဆည်းခြင်း၊ အသုံးမကျတဲ့ပစ္စည်းတွေကိုတောင် မစွန့်ရဲခြင်း 11. နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေ (အလုပ်၊ ကျောင်း၊ လူမှုရေး) ကို ထိခိုက်လာအောင်ကြာမြင့်စွာ အချိန်ကုန်ခံရခြင်း သိထားသင့်တာက OCD ဟာ စိုးရိမ်သောကနဲ့ ဆက်စပ်နေပြီး အချို့အတိုင်းအတာအထိ သဘာဝကျတဲ့ တုံ့ပြန်မှုလို့ပြောနိုင်ပေမယ့်... OCD လက္ခဏာတွေ အလွန်အကျွံပြင်းထန်လာပြီဆိုရင်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ (စာကျက်ခြင်း၊ အလုပ်လုပ်ခြင်း၊ အိပ်ခြင်း၊ ထွက်သွားခြင်း) ကို သိသိသာသာ အနှောင့်အယှက်ဖြစ်လာပြီဆိုရင်တော့ ကုသဖို့ လိုအပ်တဲ့အ​ခြေအ​နေပါ။ ဒါကြောင့် သင့်ရဲ့ OCD လက္ခဏာများ လျှော့နည်းသက်သာလာစေဖို့... ✅Self-help book ဖတ်ခြင်း OCD ရဲ့ သဘောသဘာဝ၊ ကုသမှုနည်းလမ်းများကို နားလည်သဘောပေါက်လာအောင် လေ့လာခြင်း။ ✅Relaxation Technique များ အသက်ပြင်းပြင်းရှူခြင်း၊ ကြွက်သားဖြေလျှော့ခြင်းတို့ဖြင့် စိုးရိမ်စိတ်ကို လျှော့ချခြင်း။ ✅Mindfulness Meditation အတွေးတွေကို တန်ပြန်မတုံ့ပြန်ဘဲ လက်ခံသတိပြုတတ်အောင် လေ့ကျင့်ခြင်း။ ✅Counseling & ERP Therapy အထူးသဖြင့် Exposure and Response Prevention (ERP) ကုထုံးကို ကျွမ်းကျင်သူနှင့်လုပ်ဆောင်ခြင်း။ ✅Support Group အလားတူ OCD ခံစားနေရသူများနှင့် အတွေ့အကြုံမျှဝေ၊ အပြန်အလှန်အားပေးခြင်း။ စတဲ့နည်းလမ်းတစ်ခုချင်း (သို့) ပေါင်းစပ်အသုံးပြုခြင်းဖြင့် သင့်ရဲ့ OCD လက္ခဏာများကို သိသိသာသာ သက်သာလာစေနိုင်ပါတယ်။ ဒါကြောင့် ဒီ page လေးမှာ OCD ရှိသူများအတွက် "OCD Management (အထူးသဖြင့် ERP နှင့် အတွေးစီမံခန့်ခွဲမှု)" ကို Group Counseling Session အနေနဲ့ Day 1 , Day 2 ဆိုပြီး ၂ ရက်တာ လုပ်​ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင့်။ ပါဝင်လိုပါက Comment မှာ "Join OCD" လို့ရေးပေးခဲ့လို့ရပါတယ်။ လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံးဆက်သွယ်ဖို့ အသိပေးအပ်ပါတယ်ရှင့်။ အ​​သေးစိတ်ကို​​တော့ Page Messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။ TK Counselling Service #OCD #OCDawareness #ObsessiveCompulsiveDisorder #ERPTherapy #OCDManagement #AnxietyRelief #Counselingandpsychotherapy #SupportGroup #MentalHealthMatters #GroupCounseling #WellnessJourney #OCDSupportGroup #counselling
1
6
အမြဲလိုလို Anxiety ဖြစ်နေတာက ပုံမှန်လား၊ ရောဂါလား? Anxiety or စိုးရိမ်ပူပန်ခြင်း ဆိုတာ stressful ဖြစ်​စေတဲ့ သို့မဟုတ် အန္တရာယ်ရှိတဲ့ အခြေအနေ တစ်ခုနဲ့ ကြုံလာပြီဆိုရင် သဘာဝအရ ခန္ဓာကိုယ်က တုံ့ပြန်တဲ့ ဖြစ်စဉ်တစ်ခုပါ။ 🔖Anxiety ဖြစ်လာပြီ ဆိုရင် စိုးရိမ်ပူပန်စိတ်တွေ ကြီးစိုးလာပြီး အဲ့ဒါနဲ့အတူ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေပါတစ်ပြိုင် နက် ခံစားရတတ်ပါတယ်။ 🛑Anxiety ရဲ့လက္ခဏာတွေက​တော့... 1. တစ်ခုခုဖြစ်တော့မှာကို တွေးပြီး ကြောက်နေတာမျိုး၊ စိတ်တွေပူနေတာမျိုးဖြစ်လာမယ် 2. ခေါင်းတွေကိုက်မယ် အာရုံစူးစိုက်လို့မရဖြစ်မယ် 3. အသက်ရှု မြန်မယ်/ ခက်မယ် 4. ရင်ဘတ်ထဲမှာ တင်းတင်းကျပ်ကျပ်ကြီးခံစားရမယ် 5. ရင်တုန်မယ်၊ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရတာမျိုဖြစ်မယ် 6. အာခေါင်တွေခြောက်လာမယ် 7. လက်တုန် ခြေတုန်ဖြစ်မယ် 8. အပေါ့ခဏခဏသွားချင်နေတာ ဗိုက်ခဏခဏရစ်တာမျိုးတွေဖြစ်မယ် 9. ညဘက်အိပ်ပျော်ဖို့ခက်တာတွေ/ အိပ်မက်ဆိုးတွေမက်တာတွေဖြစ်မယ် 10. ကြွက်သားတွေတင်းတာ/ကိုက်တာ စတာတွေဖြစ်တတ်ပါတယ် Anxiety ဆိုတာ အန္တရာယ် ကြုံလာရင် လူတွေ ဖြစ်တတ် တဲ့ Adaptive Response တစ်ခုပါ။ စိတ်ပူပန်စရာ တွေကို နေ့စဉ်နဲ့ အမျှ ကြုံတွေ့ရတဲ့ အချိန်တွေမှာ Anxiety ပိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် Anxiety symptoms တွေအရမ်းပြင်းထန်လာပြီဆိုရင်၊ သာမာန် စိုးရိမ်ရမယ့် ကိစ္စရပ်ကလေးတွေမှာ တောင် စိုးရိမ်စိတ် လွန်ကဲနေရင် သို့မဟုတ် anxiety ကြောင့် နိစ္စဓူဝ ကိုယ်ပြုမူနေကျ လုပ်ငန်ဆောင်တာတွေ မှာ ထိခိုက်လာပြီဆိုရင်တော့ “စိုးရိမ်ပူပန်စိတ်လွန်ကဲခြင်းရောဂါ” “Anxiety disorder” ဆိုတဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။ ဒါ​ကြောင့် သင့်ရဲ့ Anxiety လက္ခဏာတွေသက်သာဖို့  1. Self-help book ဖတ်ခြင်း Anxiety နဲ့ပတ်သက်တဲ့ အသိပညာ၊ နားလည်မှုရရှိစေရန် ကိုယ်တိုင်ဖတ်ရှုလေ့လာခြင်း။ 2. Relaxation technique များ ကိုယ်တိုင်လေ့ကျင့်ခြင်း နက်ရှိုင်းစွာအသက်ရှူခြင်း၊ ကြွက်သားများဖြေလျှော့ခြင်း (progressive muscle relaxation) စသည်တို့။ 3. Mindfulness meditation ကျင့်စဉ်ပစ္စုပ္ပန်အပေါ် သတိတရားထားကာ တရားထိုင်ခြင်း၊ သတိပဋ္ဌာန်လေ့ကျင့်ခြင်း။ 4. Counseling ခံယူခြင်း စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေးသူ/ကုထုံးပညာရှင်ထံမှ လမ်းညွှန်မှုရယူခြင်း။ 5. Support group သို့ ဝင်ရောက်ခြင်း အလားတူခံစားနေရသူများနှင့် အတွေ့အကြုံမျှဝေ၍ အပြန်အလှန် အားပေးကူညီခြင်း။ ဒီနည်းလမ်းတစ်ခုချင်း (သို့) ပေါင်းစပ်အသုံးပြုခြင်းဖြင့် သင့်ရဲ့ Anxiety လက္ခဏာများကို သိသိသာသာ သက်သာစေနိုင်ပါတယ်ရှင့်။ ဒီ page လေးမှာ Anxiety Management အတွက် ပထမဆုံး Group Counseling Session ကို စတင်လုပ်​ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်လိုပါက Comment မှာ Join လို့​ ရေး​ပေးခဲ့လို့ ရသလို Page ရဲ့  Messenger က​နေတစ်ဆင့်လည်း ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။ လူဦး​ရေ ကန့်သတ်ထားတာမို့ အမြန်ဆုံးဆက်သွယ်​ဖို့ အသိ​ပေးအပ်ပါတယ်ရှင့်။ 👩‍🎓Dr.Khin Aye Soe (Counselling Psychologist) #AnxietySymptoms #AnxietyRelief #Counselingandpsychotherapy #SupportGroup #MentalHealthMatters #AnxietyManagement #AnxietySupport #GroupCounseling #WellnessJourney
308
7
No text...
225
8
ဒီအဆင့်မှာ သင်ဟာ အတိတ်ရဲ့ ဝန်ထုပ်ကို ချပစ်လိုက်ပြီးဖြစ်တဲ့အတွက် ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ပိုမို ရှင်းလင်းတဲ့ ဦးနှောက်နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချလာနိုင်ပါတယ်။ တစ်ခါတစ်ရံ အကောင်းဆုံး ဆုံးဖြတ်ချက်က “ငါ သူ့ကို ခွင့်လွှတ်လိုက်ပြီ၊ ဒါပေမယ့် ငါ့ဘဝထဲကနေ သူ့ကို ဆက်လက် ဖယ်ထုတ်ထားမယ်” ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် “ငါ သူ့ကို ဒုတိယအခွင့်အရေး ပေးမယ်၊ ဒါပေမယ့် ရှင်းရှင်းလင်းလင်း နယ်နိမိတ်တွေ သတ်မှတ်ထားမယ်” ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအဆင့်မှာ ခွင့်လွှတ်ဆိုတာ လိုက်လျော့​ပေးလိုက်တာမျိုး မဟုတ်တော့ဘဲ သတ္တိနဲ့ ဉာဏ်ပညာကို အခြေခံတဲ့ ရွေးချယ်မှုတစ်ခုကို လုပ်နိုင်သွားတာပါ။ ဒီအဆင့် လေးဆင့်စလုံးကို ဖြတ်သန်းနိုင်ခဲ့ရင် ခွင့်လွှတ်ခြင်းကို ဥာဏ်ပညာရှိရှိ လက်ခံလာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာတော့ လူအများစုဟာ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြားမှာ ပြန်လည် လှုပ်ရှားနေတတ်ကြပါတယ်။ တစ်နေ့မှာ “ငါခွင့်လွှတ်ပြီ” လို့ ဆုံးဖြတ်လိုက်၊ နောက်တစ်နေ့မှာ ဒေါသပြန်ထွက်လာရင် “ငါအဆင်မပြေ​​နေဘူး”လို့ အပြစ်ရှိသလို ခံစားရတတ်ပါတယ်။ အမှန်တကယ်တော့ ဒါဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ စစ်မှန်တဲ့ ခွင့်လွှတ်ခြင်းဟာ မျဉ်းဖြောင့်အတိုင်း သွားတာ မဟုတ်ဘဲ အဆင့်​ကျော်သွားနိုင်ပါတယ်။ တစ်ခါတစ်ရံ သင်ဟာ စတုတ္ထအဆင့်အထိ ရောက်ဖူးပေမယ့် ကျူးလွန်သူနဲ့ ပြန်တွေ့တဲ့အခါ ဒေါသစိတ်ပြန်ပေါ် လာတာမျိုးလည်း ရှိ​နေနိုင်ပါတယ်။ ဒါဟာ သင် ခွင့်မလွှတ်နိုင်သေးလို့ မဟုတ်ဘဲ ဦးနှောက်ရဲ့ သတိပေးချက် ယန္တရားက ပြန်လည် အသက်ဝင်လာတာပါ။ အဲဒီအခါမှာ ကိုယ့်ကိုယ်ကိုယ် “ငါ ဒီအဆင့်ကို ရောက်ဖူးခဲ့တယ်၊ အခုလည်း ပြန်ရောက်နိုင်တယ်” လို့ သတိပေးရုံပါပဲ။ ခွင့်လွှတ်ခြင်းဟာ ခွင့်လွှတ်လိုက်ပြီလို့​ ပြောလိုက်ရုံနဲ့ ပြီးသွားတာမျိုး မဟုတ်ဘဲ ​ရေရှည်ကုစားဖို့ လိုအပ်တဲ့ အချိန်ယူရတဲ့ စိတ်ပိုင်းဆိုင်ရာ အ​ခြေအ​နေတစ်ခု ဖြစ်တယ် ဆိုတာကို သင်အ​နေနဲ့ သ​ဘော​ပေါက်သွားဖို့ လိုပါတယ်။ ဒါ​ကြောင့် လူတစ်​ယောက်ကို ခုအချိန်မှာ ခွင့်မလွှတ်နိုင်​သေးရင်လည်း ရပါတယ်၊ သင့်အတွက် အချိန်လိုအပ်​နေ​သေးတာလည်းဖြစ်နိုင်ပါတယ်၊ တစ်​နေ့ကျ သင်လည်း ဥာဏ်ပညာရှိစွာဖြင့် အပြီးသတ် ခွင့်လွှတ်​ပေးနိုင် သွားပါလိမ့်မယ်။ လူတိုင်း လူတိုင်း နာကျင်မှုများ၊အမုန်းတရားများ ကင်းလွတ်၍ တစ်ဦး​ပေါ်တစ်ဦး နားလည်ခွင့်လွှတ်​ပေးနိုင်ကြပါ​စေရှင့်။ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ရင်ဖွင့်​ဆွေး​နွေးလိုသူ​တွေအတွက် TK Counselling Service မှာ mental health counseling package ​စီစဥ်​ပေးထားတာ ရှိပါတယ်ရှင့်။ အ​သေးစိတ် သိလိုပါက Page Messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။ 👩‍🎓Dr.Khin Aye Soe (Counselling Psychologist) #Forgiveness #HealingJourney #EmotionalWellness #LettingGo #AngerRelease #UnderstandingOthers #BoundariesMatter #SelfCompassion #InnerPeace #ForgivenessProcess #MentalHealthMatters #PersonalGrowth #TimeHeals #EmotionalHealing #ChooseWisdom #RelationshipHealing
234
9
ခွင့်လွှတ်ခြင်းဆိုတာ တစ်ကြိမ်တည်းနဲ့ပြီးသွားတဲ့ အဖြစ်အပျက်တစ်ခု မဟုတ်ဘဲ အချိန်နဲ့အမျှ ပိုမိုနက်ရှိုင်းလာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ လူအများစုဟာ ခွင့်လွှတ်ခြင်းကို “ဖြစ်ကဖြစ်သွားပြီပဲ၊ မေ့လိုက်တော့၊ ထားလိုက်​တော့ " ဆိုတဲ့ သဘောမျိုး သို့မဟုတ် “ကောင်းပြီ၊ ငါခွင့်လွှတ်လိုက်ပြီ” လို့ ဆုံးဖြတ်လိုက်ရုံနဲ့ ပြီးသွားတယ်လို့ ထင်မြင်တတ်ကြပါတယ်။ တကယ်တမ်းမှာ လူတစ်​ယောက်က နက်နက်ရှိုင်းရှိုင်း ခွင့်လွှတ်နိုင်ဖို့အတွက် အဆင့်များစွာကို ဖြတ်သန်းရတတ်ပါတယ်။ ဒီအဆင့်တွေကို နားလည်ထားရင် မိမိကိုယ်တိုင် ဘယ်နေရာမှာ ရပ်တန့်နေလဲ ဆိုတာကို သိရှိနိုင်ပြီး ရှေ့ဆက်ဖို့ လွယ်ကူ​စေပါလိမ့်မယ်။ ✳ ခွင့်လွှတ်ခြင်းရဲ့ ပထမအဆင့်ကတော့ အသိစိတ်ပိုင်းဆိုင်ရာ အဆင့် ဖြစ်ပါတယ်။ ဒီအဆင့်မှာ လူတစ်ယောက်ဟာ “ငါ ဒီလူကို ခွင့်လွှတ်သင့်တယ်၊ ခွင့်လွှတ်လိုက်ရင် ငါ့အတွက် ပိုကောင်းမယ်” ဆိုတာကို ဦးနှောက်နဲ့ နားလည်လက်ခံလိုက်တာပါ။ ဆိုလိုတာက ကိုယ်ရဲ့ ကိုယ်ချင်းစာတရား၊ ကိုယ်ပိုင်အသိပညာတွေ၊တန်ဖိုးထားမှုတွေအရ ခွင့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အဆင့်ပါ။ “ငါ သူ့ကို ခွင့်လွှတ်လိုက်မယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်၊ သူငယ်ချင်းတွေကိုလည်း “ငါ သူ့ကို ခွင့်လွှတ်လိုက်ပြီ” လို့ ပြောပြတတ်ပါတယ်။ ဒါဟာ ခွင့်လွှတ်ခြင်းရဲ့ ပထမခြေလှမ်း ဖြစ်ပေမယ့် ဒီအဆင့်မှာ အပြီးသတ်ခွင့်လွှတ်မှု မရရှိ​နေ​သေးတာပါ။ အကြောင်းရင်းကတော့ စိတ်ရဲ့ နက်ရှိုင်းတဲ့ အလွှာတွေမှာ သိုဝှက်ထားတဲ့ နာကြည်းမှုနဲ့ ဒေါသတွေဟာ သိသိသာသာ ​လျော့မသွားဘဲ ကိန်း​အောင်းပြီး ရှိ​နေနိုင်ပါ​သေးတယ်။ ဒီအဆင့်မှာ ရပ်တန့်နေတဲ့သူဟာ တစ်ခါတစ်ရံမှာ “ငါခွင့်လွှတ်ပြီးသားပဲ၊ ဒါပေမယ့် ဘာလို့ သူ့အကြောင်း စဉ်းစားမိတိုင်း စိတ်ထဲမှာ အခဲမ​ကျေနေသေးတာလဲ” လို့ ခံစားရတတ်ပါတယ်။ ဒါဟာ ဦးနှောက်က ဆုံးဖြတ်လိုက်ပေမယ့် စိတ်နှလုံးက လိုက်ပါမလာသေးတဲ့ အခြေအနေတစ်ခုကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ✳ ဒုတိယအဆင့်မှာ ပထမအဆင့်က ကျန်​နေ​သေးတဲ့ နာကျဥ်းမှု၊​ဒေါသ၊မ​ကျေနပ်မှု စတဲ့စိတ်ခံစားမှု​တွေကို ထုတ်လွှတ်လိုက်တဲ့ အဆင့် ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကိုယ့်ရဲ့ နာကျင်မှု၊ ဒေါသ၊ မတရားမှုခံစားချက်တွေကို အပြည့်အဝ အသိအမှတ်ပြုပြီး သူတို့ကို ပွင့်ပွင့်လင်းလင်း ခံစားခွင့်ပေးရပါတယ်။ ဒေါသကို ဖုံးကွယ်ပစ်တာ၊ ငြင်းဆန်တာ မဟုတ်ဘဲ “ဟုတ်တယ်၊ ငါ ဒေါသထွက်နေတုန်းပဲ၊ ငါ နာကျင်နေတုန်းပဲ” လို့ ကိုယ့်ကိုယ်ကိုယ် ဝန်ခံလိုက်ခြင်း အားဖြင့် အဲဒီခံစားချက်တွေရဲ့ ပြင်းအားရဲ့သက်​ရောက်မှု သိသိသာသာ လျော့ကျသွား​​စေပါတယ်။ မျက်ရည်ကျဖို့လိုရင် ကျပါစေ၊ ခေါင်းအုံးကို လက်သီးနဲ့ထိုးချင်ရင် ထိုးပါစေ။ ဒေါသကို ကျန်းမာတဲ့နည်းနဲ့ ထုတ်လွှတ်လိုက်တဲ့အခါ စိတ်ထဲမှာ နေရာလွတ် ပြန်လည်ရလာပါတယ်။ ဒီအဆင့်မှာ “ငါခွင့်လွှတ်ပြီးပြီ” လို့ အတင်းအကြပ် မတွေးတော့ဘဲ “ငါဒေါသထွက်နေတယ်၊ ဒါပေမယ့် အဲဒီဒေါသကို ငါ့ဘဝတစ်လျှောက်လုံး သယ်မသွားတော့ဘူး” ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးပေါ်လာတတ်ပါတယ်။ တစ်နည်းအားဖြင့် ဒေါသကို မငြင်းပယ်ဘဲ လက်ခံလိုက်ပြီး အဲဒီဒေါသ ကနေ ခွဲထွက်လိုက်တာမို့ အရင်ကထက် စိတ်က လွတ်လပ်​ပေါ့ပါးလာပါ​တော့တယ်။ ✳ တတိယအဆင့်ကတော့ နားလည်မှုနဲ့ ရှုထောင့်ကြည့်တဲ့ အဆင့် ဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်လာတဲ့အခါ ကျူးလွန်သူရဲ့ နောက်ခံ၊ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ၊ သူလည်း တစ်နည်းနည်းနဲ့ဒုက္ခရောက်နေရတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ် ဆိုတာကို မြင်လာတတ်ပါတယ်။ ဒါက “သူလုပ်တာ မှန်တယ်” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ “သူလုပ်တာ မှားတယ်၊ ဒါပေမယ့် သူဘာကြောင့် ဒီလိုလုပ်မိရတာလဲဆိုတဲ့ အကြောင်းတရားတွေ ရှိနေတယ်” ဆိုတာကို နားလည်သုံးသပ်မိလာတဲ့ အဆင့်ပါ။ ဥပမာ- ငယ်စဉ်က စိတ်ဒဏ်ရာ ခံစားခဲ့ရတဲ့သူ၊ကိုယ်ချင်းစာတရား သင်ယူခွင့်မရခဲ့တဲ့သူ၊ သူ့ဘဝရဲ့ အကြပ်အတည်းတစ်ခုကြောင့် လမ်းမှားလျှောက်မိသူ စသဖြင့် ရှိ​နေနိုင်တယ်ဆိုတာကို နားလည်​ပေးနိုင်လာပါတယ်။ ဒီနားလည်မှုက ကျူးလွန်သူကို အကာအကွယ်ပေးတာ မဟုတ်ဘဲ ကိုယ့်ရဲ့အတွင်းစိတ်က အမုန်းတရားရဲ့ အခြေခံအုတ်မြစ်ကို ပြန်လည် ဆန်းစစ်ခွင့် ရစေပါတယ်။ လူသားတိုင်းမှာ အားနည်းချက်တွေ၊ မစုံလင်မှုတွေ ၊အမှားလုပ်မိတာ​တွေ ရှိတတ်တယ် ဆိုတဲ့ အရှိတရားကို လက်ခံလာတဲ့အခါ “သူဟာ ငါနဲ့မတူဘူး” ဆိုတဲ့ ခံစားချက် လျော့နည်းသွားပြီး “ငါတို့အားလုံး လူသားချည်းပဲ” ဆိုတဲ့ ခံစားချက် ပေါ်လာပါတယ်။ ဒါဟာ စစ်မှန်တဲ့ ခွင့်လွှတ်ခြင်းရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ စတုတ္ထအဆင့်ကတော့ ခွင့်လွှတ်ခြင်းကို လုပ်ရပ်နဲ့ ဆက်ဆံရေးအတွက် ဆုံးဖြတ်ချက်ချတဲ့ အဆင့် ဖြစ်ပါတယ်။ ဒီအဆင့်ဟာ ခွင့်လွှတ်ခြင်းရဲ့ လက်တွေ့ကျတဲ့ အဆင့်ဖြစ်ပြီး မေးခွန်း နှစ်ခုကို သင့်ကိုယ်တိုင် ဖြေဆိုကြည့်ဖို့လိုပါမယ်။ ပထမမေးခွန်း -“ငါ ဒီလူနဲ့ ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းချင်သလား၊ ဒါမှမဟုတ် အကွာအဝေးယူချင်သလား?” ဒုတိယမေးခွန်း - “အနာဂတ်မှာ ဒီလိုအဖြစ်မျိုး ပြန်မဖြစ်အောင် ငါဘယ်လို အကာအကွယ်ယူမလဲ?” ခွင့်လွှတ်လိုက်တာနဲ့ အဲ့လူရဲ့လုပ်ရပ်ကို မမေ့လျော့သင့်ဘူး၊ နယ်နိမိတ်တွေ ပြန်သတ်မှတ်ဖို့ လိုအပ်ပါတယ်။
194
10
No text...
140
11
၃။ တစ်ဖက်လူကို “နားလည်ပေးဖို့” ​တောင်းဆိုကြည့်ပါ။ ဥပမာ – “ငါ အခု ရုတ်တရက် အေးစက်သွားတာ မင်းကိုမုန်းလို့မဟုတ်ပါဘူး၊ ငါ့ရဲ့ကြောက်စိတ်က နေရာယူလိုက်လို့ပါ။ နည်းနည်းလေး ငါ့ကို အချိန်ပေးပါ” လို့ ပွင့်ပွင့်လင်းလင်းပြောပါ။ ၄။ ကိုယ့်ကိုယ်ကိုယ် ကရုဏာထားတဲ့ လေ့ကျင့်ခန်းများ လုပ်ပါ။ ငယ်ငယ်တုန်းက ​တွေ့ကြုံခဲ့ရတဲ့ မတည်ငြိမ်တဲ့ မေတ္တာတွေရဲ့ဒဏ်ရာကို ကုစားဖို့ နွေးထွေးတဲ့ အား​ပေးစကားမျိုး သုံးပါ။ “မင်းက သတ္တိရှိတယ်။ မင်းရဲ့စိတ်ထဲမှာ ဒီလို ရှုပ်​ထွေးမှု​တွေကို ခံစားရနေပေမဲ့ ငါက လုံခြုံတဲ့​နွေး​ထွေးတဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးနိုင်တယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြောပါ။ ၅။ သင့်ရဲ့ဒဏ်ရာကို ကုစားဖို့ (Therapy)ကုထုံးကို အဓိကထား စဉ်းစားပါ။ Fearful-Avoidant ဟာ တခြား attachment တွေထက် Trauma နဲ့ ပိုဆက်စပ်​နေပါတယ်။ EMDR, Somatic Experiencing, ဒါမှမဟုတ် Attachment-Focused Therapy တွေက သင့်အတွက် အထူးသင့်​တော်ပါတယ်။ တစ်ဦးချင်းကုထုံးယူတာက သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ပုံရိပ်ထင်​နေတဲ့အစိတ်အပိုင်း​တွေနဲ့ စိတ်ဒဏ်ရာတွေကို ကုသပေးနိုင်ပြီး လက်တွဲဖော်နဲ့လည်း တွဲဖက် ပြုပြင်လို့ရပါတယ်။ 🌱 သတိရပါ – "သင်ဟာ ဆက်ဆံ​ရေးမှာ ဘယ်​တော့ အဆင်မ​ယ့်သူ မဟုတ်ပါဘူး" လို့ မ​တွေးလိုက်ပါနဲ့၊ သင်ကိုယ်တိုင် ​စနစ်တကျ ​သေချာစွာ မကုစားရ​သေးလို့ ဒီလို အဆင်မ​ပြေမှုတွေနဲ့ ကြုံ​တွေ့​နေရတာပါ။ သင်ဟာ ငယ်စဉ်က အဆိုးရွားဆုံးအခြေအနေတွေကို​တောင် ရှင်သန်ဖြတ်​ကျော်လာနိုင်ခဲ့တဲ့သူပါ။ "သင်ဟာ သင်ထင်ထားတာထက် ပိုပြီးလုပ်နိုင်ပါ​သေးတယ်" ဒါကို ယုံကြည်​ပေးပါ။ ငယ်စဥ်က ရခဲ့တဲ့စိတ်ဒဏ်ရာ​တွေ ကင်းလွတ်ပြီး ကျန်းမာ​ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါ​စေရှင့်။ 📢 Fearful-Avoidant (Disorganized) ပုံစံဟာ... နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာနဲ့ ဆက်စပ်နေတတ်တာမို့ ကျွမ်းကျင်သူရဲ့လက်အောက်မှာ သေချာကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ TK Counselling Service မှာ ဒီဒဏ်ရာ​တွေကို ကုစားဖို့ 🔹 Relationship Counselling Package 🔹 Self Transformation Package (Trauma-Informed Attachment Repair) တို့ကို စီစဥ်ပေးထားပါတယ်။ ဒီ packages ​တွေက သင်ရဲ့ ကြောက်ရွံ့မှုနောက်ကွယ်က စိတ်ဒဏ်ရာကို နားလည်ပြီး လုံခြုံတဲ့တွယ်တာမှုဆီ ခြေလှမ်းလှမ်းဖို့ အပြည့်အဝ ကူညီပေးနိုင်ပါတယ်။ 👉 ဒီ packages ​တွေရဲ့ အသေးစိတ်ကို သိရှိလိုပါက Page Messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။ 👩‍🎓Dr.Khin Aye Soe (Counselling Psychologist) #FearfulAvoidant #DisorganizedAttachment #AttachmentTrauma #HealingFromWithin #SecureAttachment #RelationshipHealing #BreakTheCycle #EmotionalAwareness #AttachmentStyles #AttachmentIssues
215
12
တစ်ချို့ဆက်ဆံရေးတွေမှာ ချစ်ရသူကို “ပိုင်ဆိုင်ချင်တယ်၊ ဒါပေမယ့် သူ/သူမ​ မချစ်​တော့မှာ ကြောက်တယ်” ဆိုတဲ့ စိတ်ရှုပ်ထွေးမှုကြီးက ပိုမိုဆိုးရွားတဲ့ ထောင်ချောက်တစ်ခုကို ဖန်တီးတတ်ပါတယ်။ ဒါကိုတော့ ဆရာမတို့ စိတ်ပညာမှာ ... Fearful-Avoidant (Disorganized Attachment) လို့ခေါ် ပါတယ်။ ဒီပုံစံရှိသူတွေဟာ Anxious (စိုးရိမ်စိတ်များခြင်း) နဲ့ Avoidant (ရှောင်ရှားခြင်း) နှစ်မျိုးလုံးရဲ့ ဆိုးကျိုးတွေကို တစ်ပြိုင်နက်တည်း ခံစားရလေ့ရှိပါတယ်။ သူတို့ဟာ ရင်းနှီးမှုကို အလွန်လိုချင်တယ် – ချစ်ခင်တွယ်တာမှုလိုချင်တယ်၊ နားလည်မှုရချင်တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ထိခိုက်နာကျင်ခံရမှာကို အလွန်ကြောက်တယ်၊ စွန့်ပစ်ခံရမှာ၊ သစ္စာဖောက်ခံရမှာကို ထိတ်လန့်​​နေတယ်။ ဒါကြောင့် သူတို့ရဲ့ ဆက်ဆံရေးပုံစံဟာ မတည်ငြိမ်နိုင်တဲ့ လှိုင်းလုံးကြီးလိုပါပဲ။ ဆက်ဆံ​ရေးနဲ့ပတ်သက်လာရင် အရမ်းစိတ်အတက်အကျ ဖြစ်လွယ်ပါတယ်။ တစ်နေ့မှာ ချစ်ရသူကို ... အရမ်းချစ်ခင်မှုပြ “မင်းသာ ငါ့ဘဝအတွက်အရာအားလုံးပဲ” လို့ခံစားချက်ထုတ်ပြ။ နောက်တစ်နေ့မှာ “မင်းက ငါထင်​နေသလိုမျိုး မဟုတ်​နေပြန်ဘူး၊ ကြာလာရင် ငါပဲနာကျင်မှာ၊ ဝေးဝေးနေတာမှ ကောင်းဦးမယ်” လို့ ​တွေးမိပြီး နာကျင်ရမှာ​ ကြောက်တာနဲ့ ရုတ်တရက်​ ပျောက်ကွယ် အကွာအဝေး ယူသွားတတ်ပါတယ်။ 🎭 Fearful-Avoidant ရှိသူ​တွေရဲ့ ထူးခြားချက်​တွေက... 💭ဆန့်ကျင်ဘက်စိတ်နှစ်ခု တစ်ပြိုင်နက်ရှိနေခြင်း Mood ​ကောင်းတုန်း “မင်းငါနားမှာနေပေါ့” လို့ပြောပြီး အနားရောက်လာရင်လည်း စိတ်ရှုပ်​ထွေးသလိုခံစားရကာ “မင်းက ငါ့ကို ဖိအားပေးနေတာလား” လို့ ​​ဖြစ်သွားပြန်​ရော။ 💭စိတ်ခံစားမှု လှိုင်းထန်ခြင်း သေးငယ်တဲ့ လျစ်လျူရှုမှု (ဖုန်းမကိုင်ခြင်းစတဲ့) ဟာ “သူ/သူမ ငါ့ကို စွန့်ပစ်တော့မယ်” ဆိုတဲ့ ပြင်းထန်တဲ့ ထိတ်လန့်မှုကို ဖြစ်စေတယ်၊ ခံစားရ​စေတယ်။ ဒါပေမဲ့ အနီးကပ်လွန်းရင်လည်း “ငါ အသက်ရှူကျပ်နေပြီ” " ငါ မွန်းကြပ်နေပြီ " လို့ ခံစားမိတယ်။ 💭ယုံကြည်မှုနဲ့ ပတ်သက်တဲ့ နက်ရှိုင်းတဲ့ဒဏ်ရာ ဒါဟာ များသောအားဖြင့် ငယ်စဉ်က ပြုစုစောင့်ရှောက်သူတွေဆီက ရှေ့နောက်မညီတဲ့ ဆက်ဆံမှု၊ အလွဲသုံးစားမှု၊ ဒါမှမဟုတ် စွန့်ပစ်ခြင်းခံရမှုတွေကြောင့် ဖြစ်တတ်တယ်။ “ငယ်စဥ်က သူနဲ့ ပတ်သက်ဆက်နွယ်ခဲ့တဲ့သူက တစ်ချိန်တည်းမှာ ဘေးကင်း​​နေသလို၊ အန္တရာယ်လည်းရှိ” ဆိုတဲ့ ယုံကြည်မှုနဲ့ ကြီးပြင်းလာခဲ့ရလို့ ဖြစ်ပါတယ်။ 🔍 သင်ဟာ Fearful-Avoidant ဖြစ်နေမှန်း ဘယ်လိုသိနိုင်နိုင်လဲ ဆိုရင်... 💁‍♀️သင်ကိုယ်တိုင်က... ✅ တစ်ယောက်ယောက်ကို သဘောကျလာရင် အရမ်းစိတ်လှုပ်ရှားပြီး တစ်ချိန်တည်းမှာ “ငါ့ကို သူ/သူမ လက်မခံနိုင်ဘူး” လို့ အလိုလို ထင်မိတယ်။ ✅ ရင်းနှီးမှုရလာတိုင်း “ဒီတစ်ခါတော့ ငါ့အတွက် ထွက်​ပေါက်ပိတ်​ပြီ” လို့ ခံစားရပေမဲ့ တကယ်ထွက်သွားမှာကို​ မလိုလားဘူး၊ အားလုံးဆုံးရှုံးသွားမှာကို ကြောက်တယ်။ ✅ “မင်းငါ့ကို ချစ်လား” နဲ့ “မင်းက ငါ့ကို နာကျင်စေလိမ့်မယ်” ဆိုတဲ့ မတူတဲ့ အတွေးနှစ်ခုက စိတ်ထဲမှာ အတူတူရှိနေတတ်ပါတယ်။ ✅ ရုတ်တရက် စိတ်အပြောင်းအလဲမြန်တယ် – တစ်ခါတလေ အရမ်းကပ်​တွယ်ပြီး တစ်ခါတလေ အကြောင်းမဲ့သက်သက် ရှောင်သွားတတ်တယ်။ 💁‍♀️တစ်ဖက်လူအနေနဲ့ သင်နဲ့ဆက်ဆံရတဲ့အခါ... ✅ သင့်ကို ခန့်မှန်းရခက်တယ်လို့ ပြောပါလိမ့်မယ်။ “မင်း ဘာလိုချင်မှန်းမသိဘူး” ဆိုတဲ့ စကားမျိုး မကြခဏ ကြားရပါလိမ့်မယ်။ ✅ သင်က နီးချင်၊ ဝေးချင်တဲ့ အချက်ပြမှုတွေလည်းရှိတာကြောင့် တစ်ဖက်လူကလည်း စိတ်ရှုပ်ပြီး ပင်ပန်းနေတတ်တယ်။ သူ့အမြင်မှာ သင်က ချစ်တာလား ၊ မချစ်တာလား မခွဲခြားနိုင်​လောက်​​အောင် သင့်ရဲ့အပြုအမူ​တွေက consistent မရှိ​နေလို့ပါ။ 💔 ဒီထောင်ချောက်ထဲမှာ... သင်က – ဘယ်တော့မှ လုံခြုံမှုကို မခံစားရဘူး။ ချစ်ရတဲ့သူရဲ့အနားမှာတောင် တစ်​နေ့ “ဒါတွေ ဘယ်တော့ပျောက်ကွယ်သွားမလဲ” ဆိုတဲ့ကြောက်ရွံ့မှုနဲ့ အမြဲရှင်သန်နေရတယ်။ သင့်ချစ်သူ/ရည်းစား – သူကကြိုးစားလေ သင်ပိုရှောင်ပြန်​လေလေ၊ ဒါမှမဟုတ် သူက သင်လိုချင်တဲ့ပုံစံအတိုင်း မလုပ်နိုင်လို့ အပြစ်ရှိသလို ခံစားရတတ်တယ်။ နောက်ဆုံးမှာ နှစ်ယောက်လုံး ဘယ်လိုလုပ်ရမှန်းမသိဘဲ “ငါတို့ က အဆင်မ​ပြေဘူး”၊ " ​ရှေ့ဆက်လို့ မရဘူး" လို့ အလွယ်တကူ ကောက်ချက်ချလိုက်တတ်ကြတယ်။ ဒါပေမဲ့ အမှန်တရားက – ဒါက attachment ရဲ့ပြဿနာပါ၊ မေတ္တာတရားရဲ့ပြဿနာ မဟုတ်ဘူး။ ဒါဆို Fearful-Avoidant Trap ကနေ ဘယ်လိုလွတ်မြောက်​အောင် လုပ်ရမလဲ... ၁။ “ငါ ဒီလိုဖြစ်နေတာ ငါ့အပြစ်မဟုတ်ဘူး၊ ဒါပေမဲ့ ငါတာဝန်ယူရမယ်” ဆိုတာကို အရင်ဦးဆုံး အသိအမှတ်ပြုပါ။ ဒါဟာ ငယ်စဉ်က ရှင်သန်ရေးအတွက် သင်ယူခဲ့ရတဲ့ ကာကွယ်နည်းတွေ ဖြစ်ပေမယ့် အခုတော့ သင့်ကိုယ်သင် အဆိပ်သင့်နေပါပြီ။ ၂။ သင့်ရဲ့ “ကြောက်စိတ်နှစ်ခု” ကို ခွဲခြားသိအောင်လေ့ကျင့်ပါ။ “ငါ စွန့်ပစ်ခံရမှာကြောက်လို့ ကပ်နေတာလား” “ငါ ထိန်းချုပ်ခံရမှာကြောက်လို့ ရှောင်နေတာလား” ဘယ်အချိန်မှာ ဘယ်စိတ်က ပိုထွက်လာသလဲဆိုတာ သတိထားကြည့်ပါ။
213
13
No text...
174
14
"ကျွန်မတို့ မိသားစုက ဒီလိုပဲလေ"၊ "ငါ့ဘဝက ဒီလိုပဲ ဖြစ်နေကျ" ဆိုတဲ့ စကားလုံးတွေဟာ... တကယ်တော့ သင်ခံစားနေရတာကို ဖုံးကွယ်ဖို့ သင်ကိုယ်တိုင် ဆောက်ထားတဲ့ ခံတပ်ကြီးတွေပဲ။ ငယ်ငယ်တုန်းက အိမ်မှာ ကြားခဲ့ရတဲ့ အဆိုးမြင်စကားလုံးတွေ၊ ကျောင်းမှာ ဖယ်ကြဥ်ခြင်းခံခဲ့ရတဲ့ အထီးကျန်မှုတွေ၊ အလုပ်ခွင်မှာ နေ့စဉ်ရင်ဆိုင်နေရတဲ့ ဖိအားတွေ...ဒါတွေဟာ တစ်ခုချင်းစီကြည့်ရင် သေးပေမယ့် ပေါင်းလိုက်တဲ့အခါ ကြီးမားတဲ့နာကျင်မှုဖြစ်လာ​တော့တာပါပဲ။ ဒီဒဏ်ရာတွေက ဓားနဲ့ချမိလို့​ သွေးထွက်တာကို မမြင်ရ​​ပေမယ့်စကားလုံးတစ်လုံးချင်း၊နေ့ရက်တစ်ရက်ချင်း စုပြီးတဖြည်းဖြည်းနက်ရှိုင်းလာတာပါ။ ဒီစိတ်ဒဏ်​တွေကို​ဖြေ​လျှော့ဖို့ မကြိုးစားဘဲ ​ဒီအတိုင်း ​လျစ်လျူရူ​မိ​နေရင်​ အောက်ပါ အမူအကျင့်​လေး​ ဖြစ်လာနိုင်ပါတယ်။ ✔လူသစ်တွေ့တဲ့အခါတိုင်း ချက်ချင်း အကာအကွယ်တစ်ခု အမြဲတည်​ဆောက်ထားတတ်တယ်။ (ဒါက မိမိကိုယ်တိုင် မသိလိုက်တဲ့ ယုံကြည်မှုအားနည်းသွားခြင်းပါ) ✔ကိုယ့်ကိုယ်ကိုယ် အ​ကောင်းမြင်တာ၊ ချီးကျူးတာထက် အပြစ်ပြောမိတာ၊​ဝေဖန်မိတာများလာတယ်။ ✔ဆက်ဆံရေးတိုင်းမှာ "သူ ငါ့ကို တစ်​နေ့ကျ မုန်းသွားမှာလား၊ထားခဲ့မှာလား " " သူက ငါ့ကို ချစ်​ရောချစ်ရဲ့လား " ဆိုတဲ့ ချစ်ခြင်း​မေတ္တာနဲ့ပတ်သက်၍ မလုံခြုံမှု​တွေ၊ အကြောက်တရား​တွေ၊ သံယစိတ်​တွေ အမြဲ ရှိနေတတ်တယ်။ ✔ကိုယ်တိုင်က စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲသလို ​ဖွင့်ဟ​ပြောဆိုဖို့လည်း ခက်ခဲလာတတ်ပါတယ်။ ✔"ငါက ဒီလိုပဲ" " ငါဘဝက ဒီအတိုင်းပဲ " ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတတ်တယ်၊ ပိတ်ထားမိတတ်ပါတယ်။ အဆိုးဆုံးက​တော့ တချို့လူ​တွေမှာ ဒီဒဏ်ရာ​တွေ ကိုယ့်မှာ ဖြစ်​နေမှန်း သတိ မထားမိတာပါပဲ။ တစ်ခုခု ဖြစ်လာ​တော့မှသာ ငါ့ကျ အမြဲအဲ့လိုဖြစ်လာတယ်၊ ငါက ဘာမှား​နေလို့လဲ၊ ငါက ဘာလဲ စသဖြင့် ကိုယ့်ကိုယ်ကိုယ် တစ်ခုခု မှားယွင်း​နေသလို ​တွေးမိလာတတ်တယ်။ သို့​သော် သတိထားမိဖို့ လိုတာက... ဒီလိုခံစားရတာ​တွေဟာ သင်အားနည်းလို့ မဟုတ်ဘူး။ သင်မှားလို့လည်း မဟုတ်ဘူး။ ဒါဟာ သင်ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကာလရဲ့ မကုစားရ​သေးတဲ့ ဒဏ်ရာ​တွေရဲ့ သက်ရောက်မှုတစ်ခုသာ ဖြစ်တယ်။ ဒီသ​ဘောတရားကို သင်နားလည်သွားရင်  ဒီဒဏ်ရာ​တွေကို ဒီအတိုင်း ထမ်းပိုးမ​နေ​တော့ဘဲ ကုစားဖို့ သင့်ကိုယ်သင် ခွင့်ပြု​ပေးလိုက်ဖို့ လိုပါမယ်။ ကုစားဖို့ ... ပထမဆုံးခြေလှမ်းက ဒီဒဏ်ရာကို အသိအမှတ်ပြုဖို့ပါပဲ။ "ငါ ဒီလိုခံစားနေရတာ ဟုတ်တယ်၊ ဒါဟာ ငါ့အပြစ်မဟုတ်ဘူး" လို့ ကိုယ့်ကိုယ်ကိုယ် ပြော​ပေးပါ။ ဒုတိယအဆင့်က ကိုယ့်ကိုယ်ကိုယ် နားလည်မှုပေးဖို့ပါ။ ကိုယ့်ရဲ့ခံစားချက်တွေကို အရှိအတိုင်းလက်ခံပါ။ သူ့တို့ကို ​​ရှောင်ဖယ်လိုက်တာ၊ လျစ်လျူရူတာ​တွေ မလုပ်ပါနဲ့။ ခံစားရတဲ့နာကျင်မှုတစ်ခုချင်းစီကို အပြည့်အဝခံစားလိုက်ပါ။ ပြီးရင် ခွင့်လွှတ်မှုအပြည့်နဲ့ လွှတ်ချဖို့ ကြိုးစားရပါမယ်။ တတိယအဆင့်က ကျွမ်းကျင်သူ​တွေဆီက အကူအညီတောင်းဖို့ပါ။ တစ်ခါတလေ တစ်ယောက်တည်း ဖြေရှင်းဖို့ခက်တဲ့ ဒဏ်ရာတွေရှိတတ်ပါတယ်။ ဒါကို ဘယ်လို ရှင်းထုတ်ရမလဲ ဆိုတာ သင်ကိုယ်တိုင် မသိလို့ professional help ယူရတာဟာ ရှက်စရာမဟုတ်ပါဘူး။ သတ္တိရှိတဲ့သူတွေပဲ အကူအညီတောင်းတတ်ကြတာပါ။ သင်ဟာ သင်ထင်ထားတာထက် ပိုပြီးသန်မာတယ်။ ဒီဒဏ်ရာတွေကို ကျော်လွှားနိုင်တဲ့ အစွမ်းအစလည်း သင့်မှာ ရှိပါတယ်။ ဒါ​ပေမယ့် သင်ကိုယ်တိုင် ဒီဒဏ်ရာ​တွေကို ဘယ်လို ကိုယ်တွယ်ရမလဲ ​ဆိုတဲ့ နည်းလမ်း​တွေကို မသိ​သေးတာပါ။ ဒါ​ကြောင့် ဒီ​နေ့က​နေ သင့်ရဲ့စိတ်ဒဏ်​တွေကို စနစ်တကျ healing လုပ်ပြီး ​​ကောင်းမွန်တဲ့ဘဝသစ် တစ်ခုကို စတင်ဖို့ ခွင့်ပြု​ပေးလိုက်ပါ။ ဒီဒဏ်ရာ​တွေကို ကုစားပြီး​နောက်ပိုင်းမှာ သင်ရဲ့ ပင်ကိုယ်စရိုက်ကဘာလဲ၊ ပုံသွင်းခံလာရတဲ့ စရိုက်က ဘာလဲ၊ ဘာ​တွေက မှား​ယွင်းနေတာလဲ၊ ဘာဟာ​တွေက အစစ်အမှန်​တွေလဲ ဆိုတာ သင်ကိုယ်တိုင် သိရှိနားလည်သ​ဘော​ပေါက်သွားပါလိမ့်မယ်။ ဒါ​ကြောင့် ဘဝမှာ တူညီတဲ့ပုံစံတွေ​၊ အဖြစ်အပျက်​​တွေက သင့်ကို ခဏခဏ နာကျင်မှု​တွေ ​ပေး​နေရင် ဒီဒဏ်ရာ​တွေကို ကုစားဖို့ ခွင့်ပြု​​ပေးလိုက်ဖို့ အချိန်တန်ပါပြီ​နော်။ နာကျင်မှု​တွေ ကင်း​ဝေးပြီး လူတိုင်းရဲ့ စိတ်နှလုံးသားမှာ ​ပျော်ရွှင်မှု​တွေ၊ ငြိမ်းချမ်းမှုတွေနဲ့ ပြည့်နှက်နိုင်ကြပါစေရှင့်။ မိမိတို့ရဲ့ စိတ်ဒဏ်ရာများကို စနစ်တကျ ကုစားလိုသူများအ​နေဖြင့် TK Counselling Service တွင် mental health counselling package စီစဥ်​ပေးထားတာ ရှိပါတယ်ရှင့်။ အ​သေးစိတ် သိလိုပါက page messenger က​နေတစ်ဆင့် ဆက်သွယ်​မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။ 👩‍🎓Dr.Khin Aye Soe (Counselling Psychologist) #MentalHealth #TraumaHealing #SelfCare #InvisibleWound #EmotionalScars #ChildhoodTrauma #InnerChildHealing #SelfCompassion #MentalHealthAwareness #BreakTheSilence #YouAreNotAlone #OvercomePain #LettingGo #ToxicPatterns #SelfAcceptance #HealingIsPossible #counsellingandpsychotherapy
257
15
No text...
191
16
လူတိုင်းမှာ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ စိုးရိမ်စရာ အတွေး​တွေရှိကြတာ သဘာဝပါပဲ။ ဒါပေမယ့် ဒီအတွေးတွေကို ခွင့်ပြု​ထားပြီး အဆက်မပြတ် တွေးနေမိရင်...နောက်ဆုံးမှာ စိတ်​ရောကိုယ်ပါ ပင်ပန်းလာစေပါတယ်။ ဒီလို​တွေး​တော​တာကြာလာရင် ရေရှည်မှာ အကျင့်တစ်ခုလို ဖြစ်လာပြီး​ အောက်ပါ နောက်ဆက်တွဲဆိုးကျိုး​တွေပါ ခံစားရ​နိုင်ပါတယ်။ [၁] ဆုံးဖြတ်ချက်ချနိုင်စွမ်း ကျဆင်းလာခြင်း “ဒီလိုဆိုရင်ကော… ဟိုလိုဆိုရင်ကော…” စဉ်းစားရင်းနဲ့ပဲ အချိန်ကုန်သွားပြီး ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းမချနိုင်တော့ဘဲ ဖြစ်လာတယ်။ [၂] ကိုယ်ကိုယ်ကိုယ် အပြစ်တင်မိတတ်ခြင်း အတိတ်က အမှားတွေ၊ လွဲချော်မှုတွေကို ထပ်ခါထပ်ခါ ပြန်တွေးမိရာက “ငါ အဆင်မပြေတာ ငါ့ကြောင့်ပဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်လာတယ်။ [၃] အိပ်ရေးပျက်ခြင်း နှင့် မောပန်းခြင်း ညဘက်အိပ်ယာပေါ်ရောက်ရောက်ချင်း အတွေးတွေက ရပ်တန့်လို့မရဘဲ တွေး​နေမိတယ်။ မနက်နိုးလာတော့ အိပ်ရေးမဝတဲ့အပြင် ပင်ပန်းနွမ်းနယ်မှုကိုပါ ခံစားရကာ ဘာမှလုပ်ချင်စိတ်မရှိ ဖြစ်​တတ်ပါတယ်။ [၄] လက်ရှိအခိုက်အတန့်ကို ပျော်မွေ့နိုင်စွမ်း ကျဆင်းခြင်း ကိုယ်ရှိနေတဲ့ နေရာမှာ အာရုံမရှိ​။ အတိတ်နဲ့ အနာဂတ်ကြား လွင့်မျောနေတော့ လက်ရှိဘဝရဲ့ သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေကို လက်လွတ်ဆုံးရှုံး​နေပြန်တယ်။ [၅] ကိုယ်ချင်းစာနာမှု လျော့နည်းလာခြင်း ကိုယ့်ရဲ့အတွေးတွေထဲမှာ နစ်မြုပ်နေရင်း တစ်ဖက်လူရဲ့ ခံစားချက်ကို သတိမထားမိတော့ဘူး။ အဲ့​နောက် ဆက်ဆံရေးတွေလည်း က​တောက်ကဆ​တွေ စဖြစ်လာတယ်။ ဒါကြောင့် အရမ်း တွေးလွန်းတဲ့ အကျင့်ကို ​ပျောက်ချင်ရင် အောက်ပါနည်းလမ်း​တွေကို လိုက်နာလုပ်ကြည့်လို့ရပါတယ်။ 📓 “Thought Log” ထားရှိပါ။ ဘယ်အချိန်၊ ဘယ်အခြေအနေမှာ ဘယ်လိုအတွေးတွေ ဝင်လာသလဲ ဆိုတာ ချရေးပါ။ အတွေးရဲ့ အစပြုပုံကို သိလာရင် စီမံခန့်ခွဲရ ပိုလွယ်ကူ​လာပါလိမ့်မယ်။ ⏰ အတွေးအတွက် “သတ်မှတ်ချိန်” ပေးပါ။ “စိုးရိမ်စရာအချိန်” ၁၀ မိနစ်လောက် နေ့စဉ် သတ်မှတ်ပါ။ အဲဒီအချိန်မှာပဲ ပူပန်ခွင့်ရှိတယ်။ ကျန်တဲ့အချိန်တွေမှာ အတွေးဝင်လာရင် “နောက်မှပြန်စဉ်းစားမယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြော​ပေးပါ။ 🧠 အတွေးကို ကင်မရာနဲ့ ရိုက်ကြည့်သလို သုံးသပ်ပါ။ ကိုယ့်ရဲ့ အတွေးတွေကို ရုပ်ရှင်ကားတစ်ကားလို ဘေးကနေ ပြန်ကြည့်ပါ။ “ဒီအတွေးက အချက်အလက်ကို အခြေခံရဲ့လား၊ ဒါမှမဟုတ် ကြောက်ရွံ့မှုကို အခြေခံရဲ့လား” ဆန်းစစ်ပါ။ 🌿 ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတစ်ခုခု လုပ်ပါ။ အတွေးတွေ များလာပြီဆိုရင် ထပြီး လမ်းလျှောက်ပါ၊ ရေချိုးပါ၊ အိမ်ရှေ့ထွက်ပြီး ကောင်းကင်ကြည့်ပါ။ ခန္ဓာကိုယ်ကို လှုပ်ရှားစေခြင်းက ဦးနှောက်ရဲ့ ပုံစံကို ပြောင်းလဲပေးနိုင်ပါတယ်။ 💬 “နောက်ဆုံးရလဒ်က ဘာအဆိုးဆုံးဖြစ်နိုင်လဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ အဆိုးဆုံးက ဘာဖြစ်နိုင်မလဲဆိုတာ အတိအကျဖြေပါ။ ပြီးရင် “အဲဒီလိုဖြစ်ရင်လည်း ငါဘယ်လို ရင်ဆိုင်မလဲ” ဆိုတဲ့ အစီအစဉ် ချပါ။ ဒါမှသာ စိုးရိမ်မှုရဲ့ အရွယ်အစားကို အမှန်အတိုင်း မြင်နိုင်ပါတယ်။ 🤝 အခြားသူနဲ့ စကားပြောပါ။ ကိုယ့်ရဲ့အတွေးတွေကို ယုံကြည်ရတဲ့သူတစ်ယောက်ကို ပြောပြလိုက်ပါ။ ဒါက သင့်ကို စိတ်သက်သာရာ ရသွားနိုင်ပါတယ်။ အကြံဉာဏ်တောင်းတာထက် ရင်ဖွင့်တာမျိုး လုပ်​ပေးသင့်ပါတယ်။ ဒါ​ကြောင့် အတွေးတိုင်းကို လိုက်ခံစားပြီး ​တွေး​နေမိရင် ​ရေရှည်မှာ အ​တွေးလွန်ရာက​နေ စိတ်ဖိစီးလာတာ၊ စိုးရိမ်စိတ်များလာတာ၊စိတ်ကျ​ရောဂါ၊ အိပ်မ​ပျော်ခြင်း ပြဿနာ​တွေ ဖြစ်လာနိုင်တာမို့ မိမိရဲ့အ​တွေးများကို သတိထားပြီး ​လျော့ချ​ပေးဖို့ လိုပါမယ်​နော်။ အတွေးလွန်ပြီး လက်ရှိဘဝကို အာရုံမစိုက်နိုင်သူများ၊ စိတ်ပင်ပန်းလွန်းလို့ ဘာမှမလုပ်ချင်တော့သူများအတွက် TK Counselling Service မှာ Mental Health Counselling Package စီစဥ်​ပေးထားတာ ရှိပါတယ်​နော်။ အသေးစိတ်သိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။ 👩‍🎓 Dr. Khin Aye Soe (Counselling Psychologist) #Overthinking #MentalHealthMatters #Mindfulness #LetItGo #EmotionalWellness  #CounsellingAndPsychotherapy #PresentMoment #ReleaseTheThoughts
273
17
No text...
244
18
တစ်ခါတစ်လေ ကိုယ်တွေးနေတဲ့အတွေးတွေက ရပ်လို့ မရ​နေဘူး၊ တစ်ခုပြီးတစ်ခု ပိုပို​တွေးမိ​နေတယ် "ဒါက အ​တွေးလွန်တာလား၊ ဒါမှမဟုတ် OCD များဖြစ်နေပြီလား" ဆိုတာ သာမန်လူ​တွေအတွက် ခွဲခြားဖို့ခက်​ခဲ​စေပါတယ်။ ဒီအတွက်​ကြောင့် စာဖတ်သူ​တွေအ​​နေနဲ့ Overthinking နဲ့ OCD ကြားမှာ ဘယ်လို ကွာခြားချက်​လေး​တွေ ရှိ​နေတတ်လဲ ဆိုတာ သတိထားမိ​စေဖို့ ​ရေး​တင်ပေးလိုက်ပါတယ်ရှင့်။ 🧠 Overthinking (အတွေးလွန်ခြင်း) Overthinking ဆိုတာ အတွေးတစ်ခုကို လိုအပ်သည်ထက် ကျော်လွန်ပြီး ထပ်ခါထပ်ခါ၊ ဆက်တွေးနေမိခြင်းပါ။ ပြဿနာတစ်ခုကို ပုံကြီးချဲ့တွေး​​​နေမိတာ၊ အနာဂတ်အတွက် စိုးရိမ်ပူပန်လွန်း​တာ၊ အတိတ်က အမှားတွေကို ထပ်ခါထပ်ခါ ပြန်တွေးမိတာမျိုးပါ။ အတိုင်းအတာတစ်ခုအထိ လူတိုင်းမှာ ဖြစ်တတ်ပြီး သတိထားရင် ထိန်းနိုင်ပါတယ်။ Overthinking ရဲ့ လက္ခဏာ​​တွေက​တော့- 💭 အတွေးတွေက ဘဝရဲ့ ကဏ္ဍအမျိုးမျိုးနဲ့ ဆက်စပ်နေတတ်တယ် (အလုပ်၊ ဆက်ဆံရေး၊ အနာဂတ်၊ အတိတ်) 💭 “ဒီလိုဆို ဘာဖြစ်မလဲ” ဆိုတဲ့ အတွေးတွေက ဆက်တိုက်ပေါ်နေတယ် 💭 အတွေးတွေက စိုးရိမ်စရာ၊ ပူပန်စရာတွေ ဖြစ်ပေမယ့် ကိုယ်တိုင် သတိထားမိတယ် 💭 ဆုံးဖြတ်ချက် တစ်ခုချဖို့ အချိန်အ​တော်ကြာ​နေတယ် 💭 အတွေးတွေကို အာရုံလွှဲနိုင်တယ် (တစ်ခုခုလုပ်လိုက်ရင် ခဏမေ့သွားတတ်တယ်) 💭 အတွေးတွေရဲ့ နောက်ကွယ်မှာ ယုတ္တိတန်တဲ့ အကြောင်းရင်းတစ်ခု ရှိတတ်တယ် ဥပမာ- “မနက်ဖြန် အလုပ်မှာ presentation ရှိတယ်။ ငါပြင်ဆင်ထားတာ လုံလောက်ရဲ့လား။ ပရိသတ်က မေးခွန်းတွေမေးရင် ငါဖြေနိုင်မှာလား။” စသဖြင့် တစ်ခုပြီးတစ်ခု ​တွေး​တောမိ​နေတာပါ။ ဒီအတွေးတွေက အကြောင်းရင်းရှိပြီး၊ ယုတ္တိတန်မှု ရှိပါတယ်။ ဒါနဲ့ မတူတဲ့ OCD (Obsessive-Compulsive Disorder) က​တော့ စိတ်ကျန်းမာရေးချို့ယွင်းမှု တစ်မျိုးဖြစ်ပြီး၊ မလိုလားအပ်တဲ့ အတွေးတွေဝင်လာခြင်း (obsessions) နဲ့ အဲဒီအတွေးတွေကို ပြေလျော့ဖို့ ထပ်ခါထပ်ခါ လုပ်ရတဲ့ အပြုအမူတွေ (compulsions) ပါဝင်ပါတယ်။ ကိုယ့်ဆန္ဒအလျောက် ရပ်တန့်ဖို့ ခက်ခဲပြီး နေ့စဉ်ဘဝကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ OCD ရဲ့ လက္ခဏာ​တွေက​တော့- 🔄 အတွေးတွေက မလိုလားအပ်ဘဲ ဝင်လာတယ် (intrusive thoughts) 🔄 ဒီအတွေးတွေက ယုတ္တိမတန်ဘူး၊ ဖြစ်နိုင်ခြေနည်းတဲ့ အရာတွေဖြစ်ပေမယ့် စိတ်ထဲအမြဲ လွှမ်းမိုးထားတယ် 🔄 အတွေးတွေကြောင့် ပြင်းထန်တဲ့ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ် ခံစားရတယ် 🔄 ဒီစိုးရိမ်စိတ်ကို ပြေလျော့​စေမယ့် အပြုအမူတွေကို ထပ်ခါထပ်ခါ လုပ်မိ​နေတယ် (လက်ဆေးတာ၊ စစ်ဆေးတာ၊ ရေတွက်တာ၊ အထပ်ထပ်ပြန်စီတာ စသဖြင့်) 🔄 ဒီအပြုအမူတွေကို မလုပ်လိုက်ရင် တစ်ခုခုဖြစ်မှာကို ကြောက်​တယ် 🔄 အာရုံလွှဲဖို့ အရမ်းခက်တယ်၊ တစ်နေ့ကို နာရီပေါင်းများစွာ ဒီအတွေး၊ အပြုအမူတွေနဲ့ ကုန်ဆုံး​နေရတတ်တယ် 🔄 ကိုယ်တိုင် ဒီအတွေးတွေ၊ အပြုအမူတွေ မဆီမဆိုင်ဘူးဆိုတာ သိပေမယ့် ရပ်တန့်လို့ မရ​နေဘူး ဖြစ်​နေတယ် ဥပမာ- “တံခါးကိုသော့ခတ်ပြီးထွက်လာတယ်။ လမ်းတစ်ဝက်​ရောက်​တော့ ငါသေချာပေါက် သော့မခတ်မိရင် အိမ်ထဲကို သူခိုးဝင်လိမ့်မယ်။ မိသားစုအားလုံး အန္တရာယ်ဖြစ်လိမ့်မယ်။ငါသော့ခတ်ခဲတာ​ သေချာရဲ့လား အတွေးဝင်လာပြီး စိတ်ထဲမှာ မငြိမ်မသက်ဖြစ်နေတယ်။” ဒီစိတ်မငြိမ်မသက်ဖြစ်တာကြောင့် တံခါးကို ပြန်သွားစစ်တယ်။ တစ်ခါစစ်ရုံနဲ့လည်း မလုံလောက်ဘူး၊ ၅ ကြိမ်၊ ၁၀ ကြိမ် ပြန်ပြန်သွားစစ်ရတယ်။ တစ်ခါတစ်လေ အိမ်ကထွက်ဖို့ နာရီနဲ့ချီ ကြာသွားတတ်တယ်။ Overthinking ကို လူတိုင်းလိုလို ခံစားဖူးကြပါတယ်။ ဒါဟာ စိတ်ဖိစီးမှုရဲ့ သဘာဝတုံ့ပြန်မှုတစ်ခုပါ။ ဒါပေမယ့် OCD ကတော့ ရောဂါအဆင့်ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပြီး ကျွမ်းကျင်တဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ကိုယ်ခံစားနေရတဲ့ အတွေ့အကြုံ​တွေကို ​ပြောပြရမှာ ရှက်စရာ၊ အားနည်းစရာလို့ ယူဆပြီး ကြိတ်မှိတ် မခံစား​နေပါနဲ့။ လိုအပ်လို့ အကူအညီတောင်းတာဟာ ကိုယ့်ရဲ့စိတ်ကျန်းမာ​ရေးကို ဂရုစိုက်ဖို့အတွက် ရဲရင့်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ​။ ဘယ်လိုအခြေအနေမှာ ကျွမ်းကျင်သူနဲ့ ပြသင့်သလဲဆိုရင်... ⚠️ အတွေးတွေ၊ အပြုအမူတွေကြောင့် တစ်နေ့ကို ၁ နာရီကျော် အချိန်ကုန်နေတယ် ⚠️ အလုပ်၊ ကျောင်း၊ လူမှုဆက်ဆံရေးတွေပါ ထိခိုက်လာတယ် ⚠️ ဒီအတွေးတွေ၊ အပြုအမူတွေကို မလုပ်မိရင် ပြင်းထန်တဲ့ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ် ခံစားရတယ် ⚠️ ကိုယ်တိုင် ရပ်တန့်ဖို့ ကြိုးစားပေမယ့် မရ​နေဘူး ဖြစ်​နေတယ် ⚠️ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ခံစားလာရတယ် (ခေါင်းကိုက်တာ၊ ရင်တုန်တာ၊ အိပ်မပျော်တာ) စသဖြင့် နေ့စဥ်ရက်ဆက် လနဲ့ချီပြီး ခံစား​နေရပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးပညာရှင်နဲ့ ပြသဖို့ အကြံပြုပါတယ်ရှင့်။ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ရင်ဖွင့်ဆွေးနွေး တိုင်ပင်လိုပါက TK Counselling Service တွင် mental health counselling package စီစဥ်ပေးထားတာ ရှိပါတယ်ရှင်။ အသေးစိတ် သိလိုပါက page messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။ 👩‍🎓Dr.Khin Aye Soe (Counselling Psychologist) #overthinking #ocdawareness #mentalhealthmatters #intrusivethoughts #psychologyfacts #psychologicalguidance
239
19
No text...
167
20
ဘဝမှာ အခက်အခဲ​တွေ၊ ကျရှုံးမှု​တွေ၊ ဆုံးရှုံးမှုတွေ ကြုံ​တွေ့ရတာက လူတိုင်းအတွက် ရှောင်လွှဲလို့မရတဲ့ အရာတွေပါ။ သို့​သော်  ဒီအခက်အခဲတွေ ကြုံ​တွေ့ရပြီဆို ဒါကို ရင်ဆိုင်ပြီး ပြန်လည်ထူထောင်နိုင်တဲ့စွမ်းရည် Emotional Resilience ကတော့ လူတိုင်းမှာ မရှိတတ်ကြပါဘူး။ ဒီစွမ်းရည် မရှိကြတဲ့အတွက် ဘဝမှာ အခက်အခဲ​တွေ ကြုံလာရပြီဆိုရင် လွယ်လွယ်နဲ့လက်​လျှော့လိုက်ကြတာ များပါတယ်။ ဒါက ဘာကို​ ထောက်ပြ​နေလဲဆိုရင် မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာ​ကြောင့်​​ရယ်၊ ရှုံးဆုံးမှုဒဏ်ကို ရင်မဆိုင်ရဲလို့ပဲ ဖြစ်ပါတယ်။ တကယ်​တော့ လူတစ်​ယောက်မှာ Emotional Resilience ရှိခြင်းက အောက်ပါတို့အတွက် များစွာ အ​ထောက်အကူ ဖြစ်​စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ထိန်းညှိပေးခြင်း - ဖိစီးမှုများတဲ့အချိန်မှာ စိတ်ခံစားချက်တွေ လွန်ကဲမသွားအောင် ထိန်းညှိပေးပါတယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးခြင်း - အခက်အခဲတွေကို ကြောက်ရွံ့မသွားဘဲ အေးဆေးစွာ ချဉ်းကပ်ဖြေရှင်းနိုင်စေပါတယ်။ စိတ်ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်း - စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဘဝတွင် ပိုမိုပျော်ရွှင်မှုခံစားရခြင်း - အတက်အကျတွေကြားမှာလည်း ဘဝရဲ့အလှအပကို မြင်တွေ့နိုင်စေပါတယ်။ ဒီလို့ အ​ကျိုး​ကျေးဇူးများတဲ့ Emotional Resilience ကို မိမိကိုယ်တိုင် တည်ဆောက်ဖို့ လက်​တွေ့ လုပ်​ဆောင်လို့ရမယ့် နည်းလမ်း​လေး​တွေကို ​ရေးသား​ပေးလိုက်ပါတယ်​နော်။ ၁။ အတွေးအမြင်ကို ပြန်လည်ပုံဖော်ခြင်း (Cognitive Reframing) အခက်အခဲတစ်ခုကြုံလာရင် “ငါဘာလို့ ဒီလိုဖြစ်ရတာလဲ” (Why me?) ဆိုတဲ့ မေးခွန်းမေးမယ့်အစား “ဒီကနေ ငါဘာသင်ယူနိုင်မလဲ၊ ဒီကနေ ဘယ်လိုရှေ့ဆက်သွားနိုင်မလဲ” (What can I learn from this?) ဆိုတဲ့ မေးခွန်းကို မေးကြည့်ပါ။ ကြုံ​တွေ့ရတဲ့ ပြဿနာတိုင်းကို ခြိမ်းခြောက်မှု​အဖြစ် မမြင်ဘဲ စိန်ခေါ်မှု (challenge)အနေနဲ့ ပြန်လည်ရှုမြင်တတ်ဖို့ လေ့ကျင့်တည်​ဆောက်ပေးပါ။ ၂။ မိမိကိုယ်ကို ကရုဏာထားခြင်း (Self-Compassion) အခက်အခဲတစ်ခုကြုံပြီးချိန်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း၊ ဝေဖန်ခြင်းတွေဟာ ကိုယ့်ရဲ့ Resilience ကို ကျဆင်းစေပါတယ်။ ကိုယ့်ကိုယ်ကို “ဒီလိုအချိန်မျိုးမှာ ငါဒီလိုခံစားရတာ ပုံမှန်ပဲ၊ ငါလည်းလူပဲလေ” လို့ နားလည်ပေးတာ၊ သူငယ်ချင်းတစ်ယောက်ကို နှစ်သိမ့်သလို ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပေးဖို့ လိုပါမယ်။ ဒါက ​ရှေ့ဆက်ဖို့အတွက် စိတ်ခွန်အားကို ရရှိ​စေနိုင်ပါတယ်။ ၃။ လူမှုဆက်ဆံရေး အရင်းအမြစ်များ ဖန်တီးခြင်း ခက်ခဲတဲ့အချိန်မှာ အားကိုးရတဲ့ မိသားစု၊ မိတ်ဆွေ၊ ယုံကြည်ရတဲ့သူတွေရှိဖို့ဟာ အကြီးမားဆုံး ခွန်အားတစ်ခုပါပဲ။ ကိုယ့်ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဝေမျှနိုင်တဲ့ ဘေးကင်းလုံခြုံတဲ့ လူမှုအဝန်းအဝိုင်းတစ်ခု ဖန်တီးထားဖို့ အရေးကြီးပါတယ်။ ၄။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း (Self-Care) ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုဟာ ဆက်စပ်နေပါတယ်။ ဒီအတွက် ကိုယ်ခန္ဓါကို ​ကောင်းမွန်စွာ ​စောင့်​ရှောက်ဖို့ လိုပါမယ်။ လုံလောက်စွာ အိပ်စက်ခြင်း - စိတ်ခံစားမှုတွေကို ထိန်းညှိဖို့အတွက် အိပ်ရေးဝဝအိပ်ဖို့က အခြေခံအကျဆုံး ဖြစ်ပါတယ်။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုခြင်း - လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုဟော်မုန်းကို လျှော့ချပေးပြီး စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်။ အာဟာရပြည့်ဝစွာ စားသုံးခြင်း - ဦးနှောက်ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ဆည်းစား​သောက်ပေးဖို့ လိုပါမယ်။ ၅။ ရည်ရွယ်ချက်ရှိခြင်း (Sense of Purpose) ဘဝမှာ ရည်ရွယ်ချက်တစ်ခု၊ ကိုယ်လုပ်ချင်တဲ့အရာ၊ ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုရှိဖို့လိုပါမယ်။ ဒါက မုန်တိုင်းတွေကြားမှာ ကိုယ့်ကို ကျောက်ဆူးတစ်ခုလို ထိန်းထားပေးနိုင်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ဘဝအတွက် ရည်မှန်းချက်၊ ​မျှော်မှန်းချက် အမြဲထားရှိပါ။ ခံနိုင်ရည်ရှိခြင်းနဲ့ လက်လျှော့ခြင်းက မတူပါဘူး။ သတိပြုရမှာက Emotional Resilience ဟာ ခံစားချက်တွေကို ဖိနှိပ်ခြင်း (suppression) ဒါမှမဟုတ် ​တွေ့ကြုံရတဲ့ဒုက္ခတွေကို သည်းခံပြီး လက်လျှော့လိုက်ခြင်း (resignation) မဟုတ်ပါဘူး။ Emotional Resilience ဆိုတာ အခက်အခဲကို အသိအမှတ်ပြုတယ်၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတို့ကို ခံစားခွင့်ပေးတယ်၊ ဒါပေမယ့် အဲဒီခံစားချက်တွေထဲမှာ နစ်မြုပ်မသွားဘဲ မိမိရဲ့တန်ဖိုးနဲ့ ရည်မှန်းချက်တွေကို မမေ့ဘဲ ရှေ့ဆက်လျှောက်ဖို့ ရွေးချယ်လိုက်တာပါ။ Emotional Resilience ရှိခြင်းဟာ ပျော်ရွှင်မှုတွေကို တိုးပွားစေရုံသာမက ဘဝရဲ့အမှောင်ဆုံးအချိန်တွေကို ဖြတ်ကျော်ဖို့ အားကိုးရတဲ့ မီးရှူးတန်ဆောင်တစ်ခုလည်းဖြစ်ပါတယ်။ ဒါ​ကြောင့် မိမိမှာ ဒီလို ခံနိုင်ရည်သတ္တိရှိဖို့ ဒီ​နေက​နေစပြီး လေ့ကျင့်တည်ဆောက်ယူကြည့်ပါ​နော်။ လူတိုင်း လူတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေရှင့်။ 👩‍🎓 Dr.Khin Aye Soe (Counselling Psychologist) #mentalhealthawareness #emotionalresilience #psychology #selfcare #mentalwellbeing
215