cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qilingÂť, bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Tr.Khin Aye Soe (Counseling Psychologist)-TK Counselling Service

📌စိတ်ပိုင်းဆိုင်ရာ ပြဿနာများအတွက် ​ဆွေး​နွေးမှု ရယူရန် @khinayesoe Account သို့ Message ပို့၍ သို့မဟုတ် ☎️ 09450334140 ဖုန်း​ခေါ်ဆို၍ booking ယူထားနိုင်ပါတယ်ရှင့်။ 🔰​mental health counseling session fee - 40,000 Ks ပါရှင့်။

Ko'proq ko'rsatish
Reklama postlari
1 170
Obunachilar
+124 soatlar
+77 kunlar
+4230 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

အ​ခြေအ​နေ / ဖြစ်ရပ်တစ်ခုခုနဲ့ ကြုံလာရင် Positive Thinker ​တွေ ဘယ်လို​တွေးသလဲ ? လူ​တွေမှာ စိတ်ထားမှန်ကန်​နေဖို့၊ စိတ်ထားကြည်လင်ဖို့၊ ​စိတ်​ထားပျော်ရွှင်​နေဖို့ ​ကောင်းတာ​တွေမြင်တတ်ရမယ်၊ ကောင်းတဲ့အ​​တွေး​​တွေ ​တွေးပေးရပါမယ်​လို့ ဆို​ထားပေမယ့် ... လူတစ်​ယောက်ကို ​ကောင်းတာ​ပဲတွေးပါ။ ​ကောင်းတာ​တွေ​ပြောပါ။ ​ကောင်းတာ​တွေလုပ်ပါလို့ ​ဘေးက တိုက်တွန်း​နေ​ရုံနဲ့မရပါဘူး။ သူကိုယ်တိုင်က ကောင်းတာ​တွေလုပ်ရင် ​ကောင်းကျိုးခံစားရတယ်ဆိုတာ သိရှိပြီး ယုံကြည်​နေဖို့ အင်မတန် အ​ရေးကြီးပါတယ်။ ကိုယ်က ကောင်းတာကို လိုချင်ပါတယ် သို့​ပေမယ့် ​ကောင်းတာကို​တွေးဖို့၊ ​ကောင်းတာ​တွေလုပ်ဖို့ မယုံကြည်ဘူးဆိုရင် ကိုယ့်ရဲ့ မယုံကြည်တဲ့ စိတ်က ​ကောင်းတဲ့အရာတိုင်းကို ဖျက်ဆီး​နေပါလိမ့်မယ်။ ဒီအတွက် ကောင်းတဲ့အရာ​တွေကို ခံစားမိ​မှာ မဟုတ်သလို၊​ကောင်းတဲ့အရာ​တွေကို ပိုင်ဆိုင်လာမှာလည်း မဟုတ်​တော့ဘူး။ ဒါ​ကြောင့်မို့ မိမိမှာ အရာရာကို အ​ကောင်းမြင်တတ်တဲ့စိတ်​ အားနည်း​နေ​သေးရင် အား​ကြီးလာ​အောင် မွေးမြူဖို့ လိုအပ်ပါမယ်။ Postive Thinker အများစုက ​ ⚠️အခက်အခဲတစ်ခုခုနဲ့ကြုံရင်​တောင် ဒါက သူတို့အတွက် စိန်​ခေါ်မှုလို့ တွေးမဲ့အစား အခွင့်အ​ရေးတစ်ခု​​ ရောက်လာတယ်လို့မှတ်ယူကြတယ်။ ⚠️အများက မဖြစ်နိုင်ဘူးထင်တာ​တွေကို သူတို့က​ဖြစ်​အောင်လုပ်ဖို့ ကြိုးစာမှု ရှိကြတယ်။ ⚠️အများစုက ဘဝဆိုတာ ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်လာတာမဟုတ်ဘူးလို့​ တွေးကြ​ပေမယ့် သူတို့က​တော့ ကြိုးစားရင် ဘာမဆို ဖြစ်လာနိုင်တယ်လို့ ယူဆကြတယ်။ ⚠️Negative thinker ​တွေက အသစ်အဆန်းတစ်ခုခုကိုလုပ်လိုက်ရင် ကျရှုံးရင်ဘာဖြစ်သွားမလဲဆိုတာကို အရင်အာရုံစိုက်ပြီး positive thinker ​တွေက ​အောင်မြင်ခဲ့ရင် ဘာ​တွေလုပ်​ပေးနိုင်မယ်ဆိုတာကိုပဲ စဥ်းစားတတ်ကြပါတယ်။ ⚠️Positiver thinker ​တွေက မဖြစ်နိုင်တာ မရှိဘူး၊ "မဖြစ်​သေးတာပဲရှိတာပါ " ဆိုတာကို ယုံကြည်ကြတယ်။ ⚠️​သူများ မမြင်နိုင်တာကို မြင်​နိုင်သလို သူများနဲ့မတူတဲ့ idea ​တွေကို စဥ်းစားလာနိုင်တယ်။ ဒီလို ​တွေးတတ်ကြတဲ့သူ​​တွေဟာ positive thinker ​တွေမှာ ​တွေ့ရှိရတယ်လို့ စိတ်ပညာရှင်​တွေက ဆိုထားပါတယ်။ ဒါ​ကြောင့်မို့ ပညာ​ရေးမှာပဲဖြစ်ဖြစ်၊စီးပွား​ရေးမှာပဲဖြစ်ဖြစ်၊လူမှု​ရေးမှာပဲဖြစ်ဖြစ် ​ရလဒ်​ကောင်း​တွေ ရချင်တယ်ဆိုရင်​တော့.... အဆိုးမြင်တဲ့ အ​တွေး​တွေကို အ​ကောင်းမြင်တဲ့စိတ်နဲ့ အစားထိုး​ပြီး ​နေ့စဥ်ပြုမူ​နေထိုင်သွားပါက တ​စ်နေ့ကျရင် ​ကျန်းမာပျော်ရွှင်​​အောင်မြင်​သောဘဝ​တွေကို ပိုင်ဆိုင်ကြရမှာပဲ ဖြစ်ပါတယ်ရှင့်။ TK Counselling Service မှာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာများအတွက် Mental Health Counselling Sessions ရယူလိုပါက page messenger / ☎️ 09450334140 သို့ဆက်သွယ်​မေးမြန်း၍ စုံစမ်းနိုင်ပါတယ်ရှင့်။ 👩‍🎓Tr. Khin Aye Soe (Counselling Psychologist) #psychological_guidance #mental_health_service #mentalhealthawareness 😊sharing is caring.✅ 🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫
Hammasini ko'rsatish...
❤ 5
Schizophrenia (စိတ်ကစဥ့်ကလျားရောဂါ) Schizophrenia ရောဂါက အဖြစ်များသော ပြင်းထန်​သောစိတ်ရောဂါ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီ​ရောဂါက အခြား​သော စိတ်ရောဂါများဖြစ်တဲ့ .. စိတ်ကျရောဂါ၊ စိတ်ကြွရောဂါ၊ အရက်စွဲရောဂါ တို့၏ ပုံစံတူလက္ခဏာများ ပြနိုင်/ရောယှက်နိုင်သဖြင့် ..... သင့်အ​နေနဲ့ Schizophrenia စတင်ခံစားရပြီဆိုရင် ပထမဦးစွာ ကျွမ်းကျင်တဲ့ စိတ်အထူးကု ဆရာဝန်နဲ့သာ ပြသင့်ပါတယ်။ သူတို့က အချိန်ယူ စမ်းသပ်စစ်ဆေးပြီးမှသာ Schizophrenia ရောဂါကို အတည်ပြု​ပေးနိုင်မှာ ဖြစ်ပါတယ်။ Schizophrenia ရောဂါဖြစ်ရခြင်းမှာ မျိုးရိုးဗီဇ​အပေါ် အဓိကမှီတည်ပြီး လူမှုဘဝနှင့်ပတ်ဝန်းကျင်အခြေအနေတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ရောဂါ မျိုးရိုးမရှိသော်ငြားလည်း အရက်နှင့်မူးယစ်ဆေးဝါးအထူးသဖြင့် စိတ်ကြွရူးသွပ်ဆေးများနှင့်ဆေးခြောက်သုံးစွဲရင်လည်း Schizophrenia အပါအဝင် စိတ်ဖောက်ပြန်ရောဂါအမျိုးမျိုးတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ Schizophrenia ရောဂါရဲ့ အဓိက ​တွေ့ ရ​လေ့ရှိနိုင်တဲ့ လက္ခဏာများမှာ 👉စိတ်ဖောက်ပြန်ခြင်း(လွဲမှားယုံကြည်မှုလွန်ကဲခြင်း၊ မရှိသည်ကိုအရှိဟု မြင်/ကြားယုံကြည်ခြင်း) 👉ပုံမှန်မဟုတ်ထူးဆန်းသော၊ အကြောင်းပြချက်မရှိအဓိပ္ပါယ်မဲ့သော အပြုအမူများပြုလုပ်ခြင်း 👉ကြောင်းကျိုးဆက်စပ်မှုမရှိ နားလည်ရခက်သော စကားများပြောဆိုခြင်း 👉ဦးနှောက်နှင့်မှတ်ဥာဏ်၊ သိမှု၊ တွေးခေါ်မှု၊ အာရုံစူးစိုက်မှုနှင့် ခံစားချက်ပိုင်းဆိုင်ရာများ ထိခိုက်ယိုယွင်းလာခြင်း ..... အထက်ပါ လက္ခဏာများ တွေ့တိုင်း/ရှိတိုင်း Schizophrenia ရောဂါလို့ မသတ်မှတ်နိုင်​​သော်လည်း နေ့စဥ်လူနေမှုဘဝကိုထိခိုက်​စေနိုင်တဲ့အထိ ပြင်းထန်လာနိုင်တာမို့ ​စောစီးစွာ ​ဆေးကုသမှု ခံယူသင့်ပါတယ်ရှင့်။ ရောဂါလက္ခဏာ အစပျိုးနေချိန်မှာ ထိရောက်မှန်ကန်တဲ့ဆေးဝါးကုသမှု မရရှိခဲ့လျှင် ဦးနှောက်ဆဲလ်များ တဖြည်းဖြည်းယိုယွင်းပျက်စီးလာသည်ကို တွေ့ရှိရပြီး အချိန်ကာလတခုရောက်သည့်အခါ ပြင်းထန်ပြီး ကုသရခက်သော စိတ်ရောဂါပုံစံမျိုးဖြစ်သွားနိုင်ပါတယ်။ စောနိုင်သမျှ​စောစီးစွာ ဆေးကုသမှုခံယူပါက  စိတ်ဖောက်ပြန်ခြင်းကြောင့် ဦးနှောက်ဆဲလ်များ ပျက်စီးယိုယွင်းခြင်းကို ဟန့်တားနိုင်ပြီး ပုံမှန်လူနေမှုဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်ရှင့်။ လူတိုင်း လူတိုင်း စိတ်​ရောကိုယ်ပါ ကျန်းမာ​ပျော်ရွှင်ကြပါ​စေရှင့်။ TK Counselling Service မှာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာများအတွက် Mental Health Counselling Sessions ရယူလိုပါက page messenger / ☎️ 09450334140 သို့ဆက်သွယ်​မေးမြန်း၍ စုံစမ်းနိုင်ပါတယ်ရှင့်။ 👩‍🎓Tr. Khin Aye Soe (Counselling Psychologist) #psychological_guidance #mental_health_service #mentalhealthawareness #Schizophrenia 😊sharing is caring.✅ 🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫
Hammasini ko'rsatish...
❤ 4
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တဲ့သူဆိုတာ ... စိတ်ခံစားချက်တွေကို မြိုသိပ်တာ၊ စိတ်ဒဏ်ရာတွေကို ဟန်​ဆောင်ဖုံးကွယ်တာမျိုးမဟုတ်ဘဲ မိမိရဲ့ စိတ်ခံစားချက်တိုင်းကို အရှိကိုအရှိတိုင်း သိရှိနားလည် လက်ခံပြီး မှန်မှန်ကန်ကန် ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းရှိတဲ့သူကို​ ခေါ်ဆိုပါတယ်။ လူတစ်​ယောက်က စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ရှိ/မရှိကို အဲ့လူရဲ့အသက်အရွယ်၊ IQ တို့နဲ့ တိုင်းတာအကဲဖြတ်လို့မရပါဘူး။ ထိုလူရဲ့ လုပ်​ဆောင်မှုတိုင်း ကိုသာ လေ့လာသုံးသပ်ခြင်းဖြင့်သာ သိရှိနိုင်ပါတယ်။ လူတစ်​ယောက် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာခြင်းဟာ... သူဖြတ်သန်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေ၊ ငယ်စဥ်ကလေးဘဝက​နေခုချိန်ထိ သင်ယူ​လေ့လာခဲ့တဲ့အရာတွေ၊ အမူအကျင့်တွေ၊ စိတ်နေစိတ်ထား၊ ခံယူချက်တွေ နောက်ပြီး တစ်ဦးချင်းစီအလိုက်ကြုံတွေ့ ခဲ့ရတဲ့ ​လောကဓံ​တွေ၊ နာကျင်မှု​တွေ..အ​ပေါ်အ​ခြေခံပြီး ဖြစ်တည်လာခြင်း ဖြစ်ပါတယ်။ လူတစ်​ယောက်က စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုရှိလာပြီဆိုရင်... ▪️လောကဓံ အတက်အကျကို ခံနိုင်ရည်ရှိလာတာ၊ ▪️အများနဲ့အတိုက်အခံလုပ်​နေမယ့်အစား သည်းခံသင့်တာကိုသည်းခံလိုက်တာ၊ ▪️ကိုယ်မှန်တယ်ဆိုတိုင်း ပြိုင်မငြင်းတော့ဘဲ မတူညီမှုတွေ၊ သဘောထားကွဲလွဲမှုတွေကို နားလည်လက်ခံတတ်တာ၊ ▪️ကိုယ့်အပေါ်မကောင်းတဲ့ လူတွေ၊ ရပ်၀န်းတွေကနေပြီး ရုန်းထွက်ရဲတာ၊ စည်းချရဲတာ၊ ▪️ဒေါသထွက်တိုင်း ဝုန်းဒိုင်းကြဲ ပေါက်ကွဲတာမျိုး မလုပ်တော့ဘဲ ဒေါသတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ထိန်းချုပ် ကိုင်တွယ်တတ်လာတာ၊ ▪️အရှိကိုအရှိအတိုင်း နားလည်လက်ခံတတ်လာပြီး အပြုသဘော​​ဆောင်​သော တွေး​ခေါ်မှု​တွေရှိလာတာ၊ စိတ်ထားတတ်လာတာ၊ ▪️သူ့အကျိုး ကိုယ့်အကျိုးကြည့်ပြီး အခြေအနေတိုင်းကို ကြောင်းကျိုးဆင်ခြင် စဥ်းစားနိုင်စွမ်းရှိတာ၊ ▪️သူများအခြေအနေတွေကို ကိုယ့်မှာဖြစ်နေသလို​ စေတနာထားကာ ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အသိနဲ့ ဂရုတစိုက်နားထောင်ပေးတတ်လာတာ၊ ▪️တခြားသူဆီက ​မျှော်လင့်တာ​တွေနည်းလာပြီး အရာရာတိုင်းက ​ပြောင်းလဲနိုင်ဆိုတာကို လက်ခံလာနိုင်တာ၊ ▪️ထင်မှတ်မထားပဲ အ​ခြေအ​နေတစ်ခုခု​ကြောင့် ပြိုလဲစိတ်ဓာတ်ကျခဲ့ရင်​တောင် ဘ၀ကို အရူံးမပေးဘဲ ပြန်ထနိုင်တာ စသဖြင့် ဒါတွေအားလုံးဟာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာခြင်းရဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ရှိခြင်းက​တော့ လူတစ်​ယောက်နဲ့တစ်​ယောက် တူညီ​နေမှာ​တော့ မဟုတ်ပါဘူး။ သို့​သော်လည်း ဘာပဲကြုံရကြုံရ လဲကျတိုင်းပြန်ထနိုင်တဲ့သူ​​တော့ ဖြစ်​ဖို့​တော့ လိုပါတယ်။ TK Counselling Service မှာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာများအတွက် Mental Health Counselling Sessions ရယူလိုပါက page messenger / ☎️ 09450334140 သို့ဆက်သွယ်​မေးမြန်း၍ စုံစမ်းနိုင်ပါတယ်ရှင့်။ 👩‍🎓Tr. Khin Aye Soe (Counselling Psychologist) #psychological_guidance #mental_health_service #mentalhealthawareness 😊sharing is caring.✅ 🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫
Hammasini ko'rsatish...
❤ 6👍 3
Photo unavailableShow in Telegram
Mental Health Counselling Package မှာ က​​လေ.... 1. Discussion Session 2.Therapy Session 3.Guided Practice Session 4.Follow up Session ဆိုပြီး session 4 ခု လုပ်​ပေးတာဖြစ်ပြီး အဲ့ ၄ ခု အတွက်ကိုမှ စုစု​ပေါင်း price ကို  130,000 Ks ပဲ ယူထား​ တာပါ​နော်။ ဒီ session 4 ခု က အမှန်တကယ် စိတ်ပိုင်းဆိုင်ရာ ခံစား​နေရတဲ့သူ​အ​နေဖြင့် သူရဲ့စိတ်ပိုင်းဆိုင်ရာ ပြန်ပြီး နလန်ထူလာ​စေဖို့ များစွာ အ​ထောက်အကူ ပြု​ပေးပါတယ်ရှင့်။
Hammasini ko'rsatish...
❤ 3👍 2
ဝေဖန် အပြစ်တင် ခံရတဲ့အခါ ​​ကောင်းတဲ့ဘက်ကိုသာ ပြောင်း​တွေး​ပေးပါ။ ကျွန်မတို့ လူတစ်ယောက်ကို အပြစ်တင်မယ်ဆိုရင် တင်စေနိုင်တဲ့အကြောင်း အရာတွေက အများကြီးရှိပါတယ်။ အပြစ်တင်ဖို့ မခက်ပါဘူး။ လူတစ်ယောက် ဝတ်တာ ၊ စားတာ ကိုယ်မကြိုက်​နေခဲ့ရင်၊ ကိုယ့်မျက်စိထဲမှာ ကိုးလို့ ကန့်လန့် ဖြစ်နေခဲ့ရင်..." ဒီလူက ဘယ်လိုပုံစံ ဝတ်စားထားလဲ မသိဘူး "  ဆိုပြီး တစ်ခါတလေ​​ လောက်တော့ ဝေဖန်ကြဖူးမှာပဲ။ လူ့ဘဝက " perfect ဖြစ်နေတဲ့ ဘဝတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်တဲ့ အတွက် "  အပြစ်တင်ခြင်း၊ ဝေဖန်ခြင်း ဆိုတာ နေရာတိုင်းမှာ ရှိ​နေမှာ ဖြစ်ပါတယ်။ ကျွန်မတို့လည်း တစ်ခါတရံ ဝေဖန် ခံရသလို၊ ကိုယ်ကိုယ်တိုင်ကလည်း တခြားလူ​တွေကို ဝေဖန်ဖူးတာပါပဲ။ ဒါပေမဲ့ ​ဝေဖန် အပြစ်တင် ခံရတဲ့အခါ မြန်မြန် recover ပြန်လုပ်နိုင်တဲ့သူ ရှိသလို အချို့ကတော့ တော်ရုံတန်ရုံနဲ့ နလန်ပြန်မထူနိုင်ကြဘဲ ​ဝေဖန် အပြစ်တင်ခံရတဲ့ အကြောင်းအရာ​တွေ အ​ပေါ် ထပ်ခါထပ်ခါ ​တွေးမိ​နေတာမျိုး ရှိတတ်ပါတယ်။ ဘာလိုပဲဖြစ်ဖြစ် လူတိုင်းက ဝေဖန် အပြစ်တင်ခြင်းနဲ့ ကင်းလွှတ်နိုင်မှာ မဟုတ်တဲ့အတွက် ဝေဖန် အပြစ်တင် ခံရတဲ့ အခါတိုင်း ​ဒါကို လက်ခံ၍ ကောင်းတဲ့ဘက်ကို ​ပြောင်း​တွေးကြည့်​တတ်တဲ့အ​လေ့အကျင့်ကို ​မွေးမြူထားရမှာ ဖြစ်ပါတယ်။ ဒါကို စာအုပ်တစ်အုပ်မှာ ဖတ်ဖူးခဲ့တာ​လေးနဲ့ ဥပမာ​ပေးရရင် Japan နိုင်ငံက Millionaire သူဌေးကြီး Ken Honda အ​ကြောင်းပါ။ သူက စကားကြွယ်တဲ့သူပီပီ စကား​ပြောရတာ အရမ်းနှစ်သက်ပါတယ်။ သူငယ်ငယ်တုန်းက သူ့အမေဆီမှာ ခဏခဏ အဆူခံထိတယ် စကားများတဲ့အတွက်ပေါ့လေ။ အဲ့တုန်းက သူ့အ​မေဆူရင် သူ ဘာ​ပြန်ပြောရမှန်း မသိ​တော့ ငြိမ်ငြိမ်​လေး ​နေလိုက်တယ်။ But သူ့ရဲ့ပင်ကိုယ်ဗီဇကိုက စကား​ပြောရတာ​ကို သ​ဘောကျတဲ့အတွက် မ​ပြောဘဲ မ​နေနိုင် ...ဒီ​တော့ သူ့အ​မေဆီမှာ ခဏခဏ ဆူခံထိပြီး ကြီးပြင်းလာခဲ့တာ​ပေါ့ ....ဒီလိုနဲ့ တဖြည်းဖြည်း သူက ဆယ်​ကျော်သက်အရွယ်သို့ ​ရောက်လာခဲ့တယ်။  တစ်​နေ့​တော့ သူ့အ​မေ ​ရှေ့ ​ရောက်ရင် စကားများလို့ ဆိုပြီး ထပ်ပြီး အဆူခံထိပြန်တယ်... ဒီတစ်ခါကျ​တော့ ငယ်ငယ်တုန်းကလို မဟုတ်​တော့ဘဲ သူ့​​အ​မေကို ပြန်​ပြောစရာ စကား ရှိ​နေပြီ ဖြစ်တယ်။ ဒီ​တော့ သူက သူ့အမေကို ပြန်​ပြောလိုက်တယ်... ကျနော် စကားပြောရတာကြိုက်တယ်၊ ဒါက ကျနော့်ရဲ့ passion ပဲ၊ ဒီလိုစကားများတဲ့အတွက် ကျနော် တစ်နေ့ကျရင် public speaking ကောင်းတဲ့ လူတစ်ယောက် မဖြစ်လာနိုင်ဘူးလို့ အမေ ဘယ်လိုလုပ် သိနိုင်မှာလဲ တဲ့။ အဲ့အခါ သူ့အ​မေက သူ့ကို ဆူမယ့်အစား ပြုံးပြလိုက်တယ် သူ့သားက အရွယ်​ရောက်လာပြီပဲ အ​တွေးအ​ခေါ်​တွေ ရင့်ကျက်လာပြီဆိုတာကို သူသိလိုက်တယ်။ အဲ့​နောက်မှာ သူ့သား​ရဲ့ပြောစကား​တွေကို အမြဲလိုလို နား​ထောင်​ပေးတယ် သားအတွက် စာအုပ်​​ကောင်းတွေဖတ်ဖို့ ဝယ်​ပေးတယ် .... အခုသူက ကမ္ဘာတစ်ဝှမ်းမှာ public speaking ဟောပြောပွဲတွေလိုက်ပေးနေတဲ့ သူဌေးကြီးဖြစ်နေပါပြီ။ သူကိုယ်တိုင် ထုတ်​ဝေထားတဲ့စာအုပ်​တွေ​​လည်း အများကြီးပါပဲ။ သူငယ်ငယ်က မချမ်းသာပါဘူး။ ဒီ​နေရာမှာ ပေးချင်တဲ့ message က အပြစ်တင်ခြင်းမကင်းတဲ့၊ ဝေဖန်ခြင်းမကင်းတဲ့ လူ့လောကမှာ၊ ကိုယ့်ရပ်တည်မှုပျောက်မသွားအောင်၊ စိတ်ဓာတ်ကျရောဂါ အလွယ်တကူ မဝင်လာအောင် မိမိအတွေးသည်သာလျှင် အရေးကြီးတယ်ဆိုတာကိုပါပဲ။ မိမိအ​တွေးကိုသာ ​ကောင်းတဲ့ဘက်သို့ ပြောင်းတွေးတတ်တဲ့ အ​ကျင့်ဟာ ကျွန်မတို့ကို များစွာ အကူအညီပေးနိုင်ပါတယ်။ အတွေးက လူတစ်​ယောက်ကို သူလိုရာပန်းတိုင်ကိုလည်း ပို့ပေးနိုင်သလို၊ သူ့ဘဝ အောက်ဆုံးထိကျအောင်လဲ ဆွဲချနိုင်တာမို့ ဘယ်လိုပဲ ​ဝေဖန် ပြစ်တင်ခံရပါ​စေ ​ကောင်းတဲ့ဘက်ကိုသာ ​ပြောင်း​တွေး​ပေးပါ​။ ဒီလိုသာ​​ ကောင်းတဲ့ဘက်ကို အမြဲတွေး​နိုင်မယ်ဆိုရင် မိမိလိုရာခရီးပန်တိုင်ကို ​လျှောက်လှမ်းတဲ့ အခါမှာ အဆင်​ပြေလွယ်ကူ​စေမှာ ဖြစ်ပါတယ်ရှင့်။ TK Counselling Service  မှာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာများအတွက် Mental Health Counselling Sessions ရယူလိုပါက page messenger / ☎️ 09450334140 သို့ဆက်သွယ်​မေးမြန်း၍ စုံစမ်းနိုင်ပါတယ်ရှင့်။ #သင့်ရဲ့စိတ်ကျန်းမာရေးအကြံပေး 👩‍🎓Tr. Khin Aye Soe (Counselling Psychologist) #psychological_guidance #mental_health_service #mentalhealthawareness 😊sharing is caring.✅ 🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫
Hammasini ko'rsatish...
❤ 12👍 1
ကိုယ့်ရဲ့ အတ္တစိတ်​​​ကို တတ်နိုင်သမျှ လျော့ချရ​အောင် ။ အတ္တစိတ်က လူတိုင်းမှာ ရှိတယ်။ များတာနှင့်နည်းတာပဲကွာပါတယ်။ များ​သောအားဖြင့် ကိုယ်လိုချင်တဲ့အရာမှန်သမျှ ရရှိဖို့၊ ပိုင်ဆိုင်ဖို့ ကြိုးစားအားထုတ်တဲ့အခါမှာ ဒီစိတ်​ပေါ်မှာ အ​ခြေခံပြီး လုပ်​ဆောင်တာက ပိုများပါတယ်။ ​ကျွန်မတို့မှာ ဒီစိတ်က ရှိဖို့လည်း လိုအပ်သလို များသွားပြန်ရင်လည်း ကိုယ့်ကို ဒုက္ခ​ပေးနိုင်ဆုံးက သူပါပဲ။ ဒီစိတ်သာ အားကြီးလာရင် အရမ်း တစ်ကိုယ်​ကောင်းဆန်လာပြီး ကိုယ့်ဘက်ကိုပဲကြည့်ခြင်း၊ တခြားလူ​တွေအတွက် ဖြည့်​​တွေး​ပေးတာ မျိုး​တွေ နည်းလာတယ်။ တစ်ခုခုဆို စိတ်ထဲ ရှိတဲ့အတိုင်း လုပ်ချင်ရာ လုပ်​လိုက်တာကများတယ် ပြီး​တော့ လုပ်သမျှကိုလည်း အမှန်​​လို့ပဲ မြင်​နေတာမျိုး​ပေါ့... ငါလုပ်လိုက်တာက တခြားသူ​တွေကို ထိခိုက်သွားမလား၊ ဒုက္ခ​ရောက်သွားမလား စသဖြင့် ဝေဖန် ပိုင်းခြား သုံးသပ်နိုင်တဲ့စိတ်​တွေ အားနည်းသွားတယ်။ ဒီ​တော့ အ​ကောင်း/အဆိုး၊ အမှား/အမှန် ​စဥ်းစား ဝေဖန်သုံးသပ်တာမျိုး​တွေ မလုပ်ဖြစ်​တော့ဘဲ သူဖြစ်ချင်တာ၊ လိုချင်တာ၊ ရချင်တာမှန်သမျှ မဖြစ် ဖြစ်တဲ့နည်းနဲ့ လုပ်​ဆောင်​တော့တာပါပဲ..... ဒါကြောင့်မလို့ လူ​တွေမှာ အတ္တစိတ် အရမ်းအားကြီးသွားရင် ​ကြောက်ဖို့​ကောင်းသလို ဒီစိတ်ကို ထိန်း​ညှိတတ်ရင်​တော့ ဘယ်အရာမဆိုအဆင်​ပြေမှာ ဖြစ်ပါတယ်။ ဒီ​တော့ ကိုယ့်မှာ အတ္တစိတ်​တွေ များ​နေပြီလားဆိုတာကို သိရှိနိုင်ဖို့ ​အောက်ပါ ဥပမာ​တွေနဲ့ အကြမ်းအားဖြင့် သုံးသပ်ကြည့်လို့ ရပါတယ်​နော်.... Ego မှာ Error ပြနေတဲ့ လက္ခဏာ​တွေက​တော့ .... ➡️ လိုချင်တာရှိရင် ချက်ခြင်း လိုချင်တာ။ (သည်းမခံနိုင်ဘူး၊ စိတ်မရှည်ဘူး၊ " မရဘူး လိုတာချင်တာပဲ သိတယ် " ဆိုတာမျိုး....) ➡️ ငါပြောရင်​ ပြောတဲ့အတိုင်း လုပ်မှ ကြိုက်တယ်၊ ကျန်တာဘာမှ လာမ​ပြောနဲ့ မကြားချင်ဘူး။ (ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတာမျိုး...) ➡️ မှန်/မှား သိသိကြီးနဲ့ ဇွတ်ကို ငြင်းနေတာ​တွေ (အနိုင်ယူလိုစိတ်ဖြင့် မှန်/မှား သိသိကြီးနဲ့ အတင်းဇွတ်ငြင်း​နေတာမျိုး...) ➡️ လက်ရှိ အ​နေအထား ၊ အဖြစ်မှန်၊ ပကတိ အရှိတရား​ တွေကို သိသားနဲ့ ဒါကို မျက်ကွယ်ပြုပြီး ကိုယ်လုပ်ချင်တာကိုပဲ လုပ်နေတာ​တွေ။ ➡️ လုပ်သင့်လုပ်ထိုက်တာကို သိပါလျှက်နဲ့ " မလုပ်ချင်လို့ကို တင်မင် မလုပ်ပဲ​နေတာ " ➡️ ဖြစ်သင့်တာထက် " ဖြစ်ချင်တာ " တွေကိုပဲ ဦးစားပေးနေတာ။ စသဖြင့် ဒါ​တွေက ...Ego မှာ Error တက်နေတဲ့ လက္ခဏာတွေပါ​နော်။ လူတိုင်းက​တော့ ကိုယ့်သ​ဘော ကိုယ့်ဆန္ဒအတိုင်း လုပ်ချင်ကြတာချည်းပဲ။ သို့ပေမယ့် ကိုယ်လုပ်​နေတာ​တွေက ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး အတ္တကြီး နေသလား၊ ကိုယ်ရဲ့ လုပ်ရပ်​တွေကို တခြားသူ​တွေအ​ပေါ် ထိခိုက်​နေသလား စသဖြင့် ပြန်ပြီး​တော့ ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါမယ်။ အ​ပေါ်က ဥပမာလိုမျိုး​တွေ ဖြစ်​နေရင်​တော့ ဒီစိတ် လွန်ကဲ​မသွားစေဖို့ အသိ​၊သတိ ​လေးကပ်​​ဖို့၊ များ​နေရင် ​လျော့ချဖို့၊ ထိန်းညှိယူဖို့ လိုအပ်ပါမယ်ရှင့်။ ဒီလိုမှ မဟုတ်ရင် ကိုယ်ရဲ့အတ္တဆန်မှု​ကြောင့် ​နောက်ဆက်တွဲဆိုးကျိုးအ​နေနဲ့ ဆက်​ဆံရေး​တွေမှာ အဆင်မ​ပြေတာ​တွေ၊ ပဋိပက္ခများလာတာ​တွေ၊ လူမုန်းများတာ​တွေ စသဖြင့် ရှိလာနိုင်ပါတယ်​နော်။ ဒါ​ကြောင့်မို့ ကိုယ့်ရဲ့အတ္တစိတ်​​တွေ တတ်နိုင်သမျှ ထိန်းညှိပြီး သူ့အတွက် ကိုယ့်အတွက် မျှမျှတတ​ သဟဇာတ ဖြစ်​အောင် ပြုမူ​နေထိုင်တတ်​အောင် ကြိုးစားတည်​ဆောက်ယူရမှာဖြစ်ပါတယ်။ ဒါမှသာ တစ်ဦး​ပေါ်တစ်ဦး အကျိုးပြုတဲ့ လူသားဆန်တဲ့ လူ့အဖွဲ့အစည်းကို အတူတကွ တည်​ဆောက်လို့ ရမှာဖြစ်ပါတယ်​ရှင့်။ လူတိုင်းလူတိုင်း ကျန်းမာ​ပျော်ရွှင်ကြပြီး လိုအင်ဆန္ဒများပြည့်ဝကြပါ​စေရှင့်။ TK Counselling Service မှာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာများအတွက် Mental Health Counselling Sessions ရယူလိုပါက page messenger / ☎️ 09450334140 သို့ဆက်သွယ်​မေးမြန်း၍ စုံစမ်းနိုင်ပါတယ်ရှင့်။ #သင့်ရဲ့စိတ်ကျန်းမာရေးအကြံပေး 👩‍🎓Tr. Khin Aye Soe (Counselling Psychologist) #psychological_guidance #mental_health_service #ego #developmentalpsychology #mentalhealthawareness Share ​လို့ရပါတယ်ရှင့်။✅ 🚫ကူးယူပြန်တင်ခွင့်မပြုပါရှင့်။🚫
Hammasini ko'rsatish...
❤ 7
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.