lenormand ko thit net
Open in Telegram
2 016
Subscribers
No data24 hours
No data7 days
-1630 days
Posts Archive
၃၀ ရက်နေ့ အင်္ဂါနေ့တွင် ငွေဝင်စေရန်
ပိုက်ဆံ ၁,၃၀၀ (သို့) ၁၃,၀၀၀ ကို လမ်းဆုံလေးခွ
တွင် ပစ်၍ ဆုတောင်းပါ။ တတ်နိုင်ပါက ကလေး
ငယ်တစ်ဦးကို မုန့်ကျွေးခြင်း ပြုလုပ်ပေးပါ။ ဘုရား
သွား၍ အဆင်ပြေပါက မိမိ၏ မွေးနံထောင့် နှင့်
တနင်္လာနံထောင့်ကို ချွေးထွက်အောင် သန့်ရှင်းရေး
ပြုလုပ်ပါ။ တန်ဖိုးရှိမှ တန်ဖိုးသိတာပါ။ လိုက်လုပ်ဖူး
သူတိုင်း ထူးခြား အဆင်ပြေကြပါတယ်။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
“တင်ခဲ့ပြီးသမျှ ညောင်ပင် ယတြာတိုများ”
ငွေဝင်မဘဲ လာဘ်ပိတ်ပြီး ကြပ်တည်းနေပါက
ရွှေပန်း (သို့) ငွေပန်း ကို အပ်ချည်ကြိုး ကျဲကျဲဖြင့်သီ၍ ညောင်ပင်၏ ပင်စည်တွင် ပတ်ချည်၍
ဆုတောင်းပါ။
လာဘ်လာဘ ပွင့်လန်းလိုပါက လက်ဖက် ၉ လုံးကို
ညောင်ပင်ရှိ ရုက္ခစိုးအား ကပ်လှူ၍ ဆုတောင်းပါ။
အပင်အောက်တွင် နာရီဝက်ခန့် ထိုင်၍ နေပေးပါ။
ဘဝတွင် အမှီအခိုကောင်း ရရှိရန် (သို့) အိုးပိုင်အိမ်ပိုင် ရရှိရန် (သို့) မိတ်ဆွေကောင်းရရှိရန် (သို့) အကုသိုလ်ကံ လျော့နည်းစေရန် ဗောဓိညောင်ပင် အား ရှင်သန်အောင် စိုက်ပျိုးပါ။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
အပတ်စဥ်တိုင်း နဝင်းစီး + ဂြိုဟ်ပတ် ပုံမှန်အပ်
နေကျ သာဝက ၅ဝ အတွက် မနက်ဖြန် လုပ်ပေး
မှာမလို့ အရွက်ခြွေ၊ ဓာတ်ပုံတွေထုတ် ၊ ဆုတောင်းစာတွေရေးနေတာ တစ်နေ ကုန်ပါလေရော။ နဝင်းစီးခြင်းက လိုရှင်းပြောရရင် စွဲမြဲလုပ်နေကျသူတွေအဖို့ အတိုက်အခိုက်ကင်းပြီး ကံမြင့် လာဘ်ပွင့်ပြီးတော့ ဘဝကို သာသာယာယာနဲ့ ဖြတ်သန်းနိုင်ပါတယ်။
ထပ်ပြီးအတိုချုံရရင် ယာယီ ဥာဏ်အလင်းပွင့်
သလိုပါပဲ။ မလုပ်တတ်ရင်တော့ အင်မတန်ခိုက်တတ်ပါတယ်။ မစွမ်းဘဲ မထူးခြားရင် လူ ၅ဝ က
အပတ်စဥ် ရက်ဆက်ပြီးတော့ နှစ်ချီ လချီ ဆက်လုပ်
ပါ့မလား။ အမှန်တကယ် နဝင်းစီး + ဂြိုဟ်ပတ် ပြုလုပ်လိုသူများ Messenger (သို့) Viber 09257433254 တွင် စာပို့ထားပါ။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
အကြွေးကျေချင်ရင် ပိုက်ဆံရှာပြီးတော့အကြွေး ဆပ်။ အဲ့ပိုက်ဆံရဖို့က အလုပ်ရှိဖို့လိုတယ်။ အလုပ်
ရှိမှပဲ ငွေဝင်အကြွေးကျေမှာလေ။ ကျုပ်ဘက်ကနေ
လောကီပညာနဲ့ လုပ်ပေးနိုင်တာက အဲ့အလုပ်ကနေ ငွေဝင်ပြီးတော့
ငွေရှာရလွယ်ကူစေဖို့ ငွေဝင်လမ်းဖြောင့်ဖြူးစေပြီး
အကြွေးကျေစေဖို့ လုပ်ပေးနိုင်မှာလေ။ အလုပ်မရှိအကိုင်မရှိ အကြွေးကျေဖို့ အဓိဋ္ဌာန်တွေ ဖင်ပူအောင်ဝင်နေလို့ကတော့ အကြွေးကျေနေမှတော့ မဟုတ်ဘူး။ အလုပ်မရှိဘဲ ငွေဝင်ရအောင် စဥ်းစားကြည့်
ပေါ့။ ရတနာမိုး ရွာလာရအောင်လည်း ကိုယ့်ကိုကိုယ်
မဟာဒုဂ် များ ထင်နေတာလား မသိဘူး။ 😌
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ကျုပ်နဲ့ ကျုပ်ကို အမြဲတမ်း ယုံကြည်ပြီး ခိုင်းတာ
မှန်သမျှ တသွေမသိမ်းလိုက်လုပ်ပြီး
ယတြာ၊အစီအရင်မှန်သမျှ ရေရှည်လက်စွဲအပ်တဲ့ သာဝကတွေ တိုက်ဆောက်ကားစီး၊အရောင်းအဝယ်ကောင်း၊
လာဘ်ပွင့်၊ လူချစ်လူခင်များ ၊ ကုန်ကုန်ပြောရရင်
လောကဓံရှစ်ပါးရဲ့ဒဏ်ကို သက်သာပြီး ဂြိုဟ်ဆိုး
ဂြိုဟ်ကောင်းဆိုတာ မသိရတဲ့အထိ အဆင်ပြေအောင်
လုပ်ပေးမှာ…။ကျန်တဲ့ တစ်ခါစားတွေ အချိုးမပြေ
တဲ့သူတွေ အပေါ်ယံတွေ ဘာဖြစ်ဖြစ် စိတ်မဝင်စား
ဘူး။ မရှင်းရင် နှစ်ခါပြန်ဖတ်…။ 👌🏻😌
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ဗေဒင်ဆရာ ၊ လောကီဆရာ ဖြစ်ဖို့ ဘာမှ မရင်းရပါ
ဘူး။ လိုတဲ့ ဆေးတော်တွေဆိုရင်လည်း ငွေနဲ့ မဝယ်ရပါဘူး။ အလကားရတာ။ နဝင်းတခါစီးဖို့ အရွက်ဝယ်ရင်လည်း ဆိုင်က အလကားပေးတာပါ။ လိုအပ်တာတွေ လေ့လာဖို့ဆိုရင်လည်း စာအုပ်ဆိုင်က
ဆရာ့ကို လေးစားလို့ လိုတာအကုန်လှူတယ် ဆိုပြီးတော့ ပေးတာပါ။ ကုန်ကုန်ပြောရရင်ဗျာ Ph bill တွေလိုရင်တောင် MPT တို့ ATOM တို့က ဗေဒင်ဆရာဆိုပြီး ကြည်ညိုလွန်းလို့ အလကားထည့်ပေးတာပါ။ စားဖို့ သောက်ဖို့ နေဖို့ ဝတ်ဖို့ဆိုလည်း ဆိုင်တွေက အိမ်တွေက ဗေဒင်ဆရာဆိုတာနဲ့ အလကားပေးတာပါ။ ပွဲထိုးဖို့ သီးမွှေးတစ်ဖီး ၆,၀၀၀ တန်
၁၅ ဖီးဆိုလည်း အပတ်တိုင်း ဆိုင်က အလကားပေးနေတာပါ။ ဆရာရယ် အဲ့လိုတော့ မနောက်ပါနဲ့။ အေး အဲ့ဒါဆိုရင် လည်း သူများတွေ အချိန်၊ငွေ၊သွေး၊ ချွေး ရင်းထားရတဲ့ ပညာရပ်ကိုလည်း အလကား မလိုချင်နဲ့လေ။ 😌
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
စနေနေ့တွင် ငွေဝင်စေရန် ပိုက်ဆံ ၁,၀ဝဝ (သို့) ၁၀,ဝဝဝ ကို လမ်းဆုံလေးခွတွင် ပံ့သကူ ပစ်၍ ငွေကြေးအတွက် ဆုတောင်းပါ။ အင်မတန်လည်း
လွယ်ကူထိရောက်ပြီးတော့ လိုက်လုပ်ဖူးသူတိုင်း
အကျိုးထူးပါတယ်။ တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ဘဝမှာ အိုးအိမ်ကောင်း (ဝါ) အမှီအခိုကောင်း
(ဝါ) မိတ်ဆွေကောင်း (ဝါ) အကုသိုလ်ကံ လျော့နည်းပါးစေရန် ဗောဓိညောင်ပင် ကို ရှင်သန်
အောင် စိုက်ပျိုးပေးခြင်းက ပို၍ ကောင်းပါသည်။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ထူးအောင်ထက် က တော်ရုံတန်ပြောခဲပါတယ်။ အရင်ရက်က အဘပုဏ္ဏက ကြောင့် ထူးခြားမယ် လို့ပြောခဲ့ပြီး...။
ဟိုရက်က ပုဏ္ဏကစားတော်ခတာကို မနက်အစောကြီး လုပ်ပေးတော့။ အခုရက်ထဲ အဘပုဏ္ဏက အတွက် လုပ်စရာတာတွေ အကုန်လုပ်
နေတော့ လွန်ခဲ့တဲ့ လပေါင်းများစွာ အဘပုဏ္ဏက
လက်ဖွဲ့ပင့်ဖူးခဲ့တဲ့သူက သူ့ရဲ့အိမ်ရောင်းထွက်လို့
အဘပုဏ္ဏကအတွက် စားတော်ဖိုး ၅ သိန်း လွှဲ
ပေးပါတယ်။ အခုရက်ထဲကတော့ အဘပုဏ္ဏက
လက်ဖွဲ့ ပင့်ထားတဲ့သူတွေရော ပင့်မည့်သူတွေရော
စားတော်ခမည့်သူတွေရော ပိုပြီးတော့ အကျိုးများ
ပါတယ်။ လောင်းကစားလက်ဖွဲ့ နဲ့ ပတ်သတ်ပြီး
တော့ တကယ်ပင်မည့်သူများသာ စာပို့ထားပါ။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ကံဆိုးပြီး ဘာလုပ်လုပ် ဘာကိုင်ကိုင် အဆင်မပြေ
ဖြစ်နေရင် ၊ လာဘ်တအားပိတ်နေရင် ၊ ကျန်းမာရေး
ညံ့ဖျင်းနေရင် ၊ ငွေကြေးခက်ခဲနေရင် ၊ လုပ်သမျှ
ကိုင်သမျှ လွဲချော်ပြီး ကံတအားညံ့နေရင် ပညာရေး၊ စီးပွားရေး၊လူမူ့ရေး၊ပညာရေး၊ကျန်းမာရေး အစရှိ
အရာမှန်သမျှ ပြေလည်စေဖို့ နဝင်းခြင်း နှင့် ဂြိုဟ်ရှစ်ခွင်ပတ်ခြင်း ကို မကြာခဏ ပြုလုပ် ပေးပါက
ကိုယ့်ရဲ့ဘဝမှာ အဆိုးတွေ အညံ့တွေကို လျော့နည်း
အောင် ကုသပေးနိုင်တဲ့ ပညာခန်းပါ။ ပုံမှန်ပြုလုပ်
နေသူများအဖို့ ဘဝတွင် ဂြိုဟ်ဆိုး ဂြိုဟ်ကောင်း
ဆိုတာတောင် မရှိတော့ပါဘူး။
နဝင်းစီးခြင်းသည် တစ်ဦးချင်းစီ သန့်စင်အောင်
ပြုလုပ်ရသော ဓာတ်ယတြာကြီး ဖြစ်ပြီး ဂြိုဟ်
ပတ်ခြင်းသည် ပုံမှန်ယတြာချေသလို မဟုတ်ဘဲ
မွေးနံထောင့်မှ အစပြု၍ ဂြိုဟ်ရှစ်ခွင်လုံးကို ဆရာ ဖြစ်သူကိုယ်တိုင်မှ ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။
အပတ်စဥ် လူရာချီ ပြုလုပ်နေသော ဆရာကိုင်
ကံမြင့်ယတြာများ ဖြစ်ပါသည်။ နောက်တစ်ပတ်
အတွက် အမှန်တကယ် ပြုလုပ်လိုပါက
Messenger (သို့) Viber 09257433254
တွင် စာပို့ထားပါ။
တစ်ကြိမ်လျှင်
ဥာဏ်ပူဇော်ခ 63,000 ကျပ်
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ဒီတစ်ခုတည်းနဲ့တင် လောင်းကစားလက်ဖွဲ့ အခု
၇၀ လုံးကို လက်မခံဘဲ ပယ်လိုက်တာပါ။ ဘာလို့လဲဆိုတော့ ကာ နိုင်ငံခြား Casino တွေမှာ ဆော့ဖို့ သာကဝတစ်ဦးအတွက် စီရင်ပေးလိုက်တဲ့ မဟာ
ပုဏ္ဏက လောင်းကစား လက်ဖွဲ့အကြမ်းပါ။ ဘာလို့လဲဆိုတော့ ဒီလက်ဖွဲ့တစ်ခုရဲ့ ပူဇော်ကြေးဟာ ပုံမှန်လက်ဖွဲ့ အခု ၇၀ ရဲ့ ပူဇော်ကြေးနဲ့ ညီမျှလို့ပါပဲ။ အခု ၇ ရက်ထဲ လောင်းကစားလက်ဖွဲ့ အပ်မည့်သူတွေ အပ်ထားရင် ပိုပြီးကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဘပုဏ္ဏက နဲ့ ပတ်သတ်လိုအပ်တာတွေ လုပ်နေလို့ပါ။ ဒီလောက်ပဲ ပြောပါမယ်။ ယုံကြည်ပြီး တကယ်လက်ဖွဲ့ပင့်ချင်တဲ့သူတွေ Messenger မှာ စာပို့ထားပါ။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ညောင်ပင်နဲ့ ပတ်သတ်ပြီး တင်ချင်စိတ်ရှိလို့ပါ။
ငွေကြေးနဲ့ ပတ်သတ်ပြီးတော့ ငွေရှာရတာခက်ခဲ
နေရင် လာဘ်ပိတ်ပြီး ငွေကံညံ့နေရင် ရွှေပန်း နှင့် ငွေပန်း ကို အပ်ချည်ကြိုးကျဲကျဲနှင့် သီ၍ ညောင်ပင်
ရဲ့ ပင်စည်ကို ပတ်ပြီးတော့ လှူ၍ ဆုတောင်းပါ။
ငွေကြေးကံ အဆင်ပြေလာပါလိမ့်မည်။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ကိုယ်တွေက မကြိုက်ရင် မကြိုက်ဘူးပဲ။ ကိုယ်ကလည်း အဲ့လူကို ကြည့်မရဘူး။ ဒါပေမယ့် စစ်မှန်တဲ့စေတနာ မရှိဘဲ သူများကို ဒုက္ခရောက်စေချင်လို့ မေတ္တာသုတ်ရွတ်ပြီးတော့ မေတ္တာပို့နေတဲ့ သူတွေ ထက်တော့ စိတ်ထားက အများကြီးသာတယ်။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ဒီအဆောင်ကြောင့် ငွေရှာရတာ လွယ်ကူလာမယ်။ လောင်းကစား ဆိုလည်း ကိုယ့်ရဲ့ ကံကြောင့် အရင်
ကထက် ပေးသလောက် ရလာမယ်။ အဆောင် နှင့် ယတြာ၏ အကူအညီ ယုံကြည်မူ့ ကံ၊ဥာဏ်၊ဝီရိယ
တို့ဖြင့် အားထုတ်မည့်သူများသာ လာ၍ ဆွေးနွေးပါ။ ကျွန်ုပ်၏ သာဝကအများစုသည် လောကီပညာ
၏ အထောက်အပံ့ကို ယူ၍ ကံ၊ဥာဏ်၊ဝီရိယ အား
ထုတ်ကြသည့်အတွက် အဆင်ပြေကြတာများပါ၏။
အဆောင်ကြောင့် အလုပ်လုပ်ဘဲ ငွေဝင်မယ်။
လောင်းကစားဆိုလည်း ၁ဝ ကြိမ်မှာ ၁ဝ ကြိမ်နိုင်
မယ်ဆိုတဲ့ ခပ်ပေါပေါ အတွေးအခေါ်နဲ့လူတွေ
မလာပါနဲ့။ အဲ့လိုလူတွေ အဖို့အချိန်မရှိသလို၊ အဲ့လို
ခပ်ညံ့ညံ့ အတွေးအခေါ်ရှိတဲ့လူတွေ မလာလို့လည်း
ထမင်းငတ်မသွားပါဘူး။ အာရုံလာမနောက်ပါနဲ့။ 🍂
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
အခုရက်ထဲ ပြန်ကြားနေရတာတွေက...
အဘပုဏ္ဏက လက်ဖွဲ့ကို စပြီးတော့ လူတိုင်းကို
စပြီးတော့ စီရင်ပေးတာ တစ်နှစ်ရှိပြီ ။ တစ်နှစ်
အတွင်း မည်သူမဆို အဘပုဏ္ဏက အတွက် တစ်ခါမှ
အလှူ မခံခဲ့ဘူး။ တစ်နှစ်အတွင်းမှာ အပတ်တိုင်း စားတော်တွေ မပြတ်ခဲ့ဘူး။ မအားလို့ စားတော်သာ မခဖြစ်ပေမယ့် လက်ဖွဲ့ပင့်ပြီးတော့ အောင်မြင်တဲ့သူတိုင်းက အဘအတွက် စားတော်ကြေးတွေ လွှဲထားတာက သိန်းချီပါ။ ပြောချင်တာက အလှူခံစားတဲ့ ဆရာ မဟုတ်ဘူး။ အာရုံ အနောက်ခံတဲ့ ဆရာ မဟုတ်ဘူး။ အေးပြောချင်တာက အဘပုဏ္ဏက ကတော့ တစ်ပါးတည်းပဲ ။ ဆရာဖြစ်သူက စွမ်းလို့ အဘပုဏ္ဏကရဲ့ အကျိုးတွေကို ခံစားရတာ။ ကိုယ့်ကိုလည်း လာမစော်ကားနဲ့။ ဆရာကို လှူလှူမလှူလှူ စိတ်မဝင်စားဘူး။ ကိုယ့်ရဲ့အဘကတော့ ကိုယ့်ကို အခုချိန်ထိ ဘယ်သူ့ဆီကမှဆိုပြီးတော့ သူ့အတွက် စားတော်ခဖို့ အလှူမခံခိုင်းဘူး။ ပြောချင်တာက
ကိုယ့်အကြောင်းကိုသိ...။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ငွေကြေးသောကရောက်နေရင် ငွေမဝင်ဘဲ
ဖြစ်နေရင် ညောင်ပင်တစ်ပင်အောက်သို့သွား၍
ဆီစိမ်ထားသော လက်ဖက် ၉ လုံးကို အဘရုက္ခစိုး
ကို ကပ်လှူ၍ ငွေကြေးအကြောင်း ရင်ဖွင့်၍
ဆုတောင်းပါ။ ကံအလိုက် ငွေဝင်လာပါလိမ့်မည်။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
လက်ရှိဘဝမှာ ဘာပဲလုပ်လုပ် လုပ်သလောက်
အကျိုး မရှိဘဲ စိတ်ညစ်သောက ရောက်နေရင်
အဆင်မပြေဖြစ်နေရင် ဆွမ်းခံကြွလာတဲ့ ရဟန်းသံဃာ ၉ ပါး (သို့) ၁၁ ပါးကို စေတနာပါပါဖြင့်
နားကြပ်တံ အထုပ်သေး ၁ ထုပ်စီ လှူဒါန်းပေးပါ။🍂
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ယတြာလုပ်ရတာ ပျင်းသောသူများအတွက် ပို၍
အဆင်ပြေပါသည်။ ကံညံ့နေသောသူများ ၊ ဘာလုပ်လုပ် အဆင်မပြေသောသူများ ၊ လာဘ်ပိတ်နေသောသူများ ၊ ရန်များနေသောသူများ ၊ စီးပွားရေး အဆင်မပြေသောသူများ နောက်တစ်ပတ်အတွက် နဝင်းစီးခြင်း နှင့် ဂြိုဟ်ပတ်ခြင်း အပ်နှံနိုင်ပါပြီ။ လစဥ်
လူရာချီလုပ်နေသော ဆရာကိုင် ကံမြင့် ကံဆင့် ယတြာများ ဖြစ်ပါသည်။ နဝင်းစီးခြင်း တစ်ကြိမ် ပူဇော်ကြေး ၂၇,ဝဝဝ ကျပ် နှင့် ဂြိုဟ်ပတ်ခြင်း
တစ်ကြိမ် ပူဇော်ကြေး ၃၆,ဝဝဝ ကျပ်။ နှစ်မျိုးလုံးအပ်ပါက ပူဇော်ကြေး ၆၃,ဝဝဝ ကျပ်။ တကယ် ပြုလုပ်လိုသူများ Messenger (သို့) Viber 09257433254 သို့ စာပို့ထားပါ။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ငွေပံ့သကူပစ်ခြင်းဟာ ဘယ်လောက်ပစ်ပစ် စေတနာမှန်ရင် ငွေရှာရတာ လွယ်ကူစေပါတယ်။
မပင်မပန်းဘဲ ငွေရပါတယ်။ ရက်အတိအကျ၊
အချိန်အတိအကျ၊ငွေပမာဏ အတိအကျနဲ့ ပစ်နိုင်
ရင် အတိုင်းထက် အလွန်ပါပဲဗျ။ ခဏခဏတော့
ပစ်လို့ မကောင်းပါ။ သိချင်နေတဲ့သူတွေအတွက် ဖြေပေးလိုက်ပါပြီ။ 💸
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
ကျွန်တော် အလုပ်သိပ်များပါတယ်။ ဒါကအပိုဆားဒါး ပြောတာ မဟုတ်ပါဘူး။ တစ်ပတ်မှာ ၇ ရက်ရှိတယ်ဆိုရင် နဝင်းစီးတဲ့သူ နဲ့ ဂြိုဟ်ပတ်တဲ့သူတွေ
အတွက် ၃ ရက်ပေးရပါတယ်။ BOOKING ယူပြီး
ဗေဒင်မေးတဲ့သူတွေအတွက် တစ်ရက်အချိန် ပေး
ရပါတယ်။ ပြီးသွားရင် ကျန်တဲ့ သုံးရက်မှာ လက်ဖွဲ့
အပ်တဲ့သူ၊ အစီအရင်အပ်တဲ့သူ၊ စားတော်ခတဲ့သူ
တွေအတွက် အချိန်ပေးရပါတယ်။ ဒါကြောင့် စာ
ပို့ထားတဲ့သူများ စိတ်ရှည်ပြီးတော့ ပို့ပေးကြပါ။
တကယ်လုပ်မည့်သူတွေပဲ စာပို့တာ ပိုအဆင်ပြေ
တယ်ဗျ။ ချေတတ်တဲ့သူမဟုတ်သလို စေတနာမဲ့
တဲ့သူလည်း မဟုတ်ပါဘူး။ လူတိုင်းကို တန်းတူပဲ
ဆက်ဆံပါတယ်။ ဒီကြားထဲ အားတဲ့အချိန်
စာတင်ရပါသေးတယ်ဗျ။
#ဆရာထူးအောင်ထက်(ကိုသစ်နက်)
