en
Feedback
lenormand ko thit net

lenormand ko thit net

Open in Telegram

Simple Magick Shortcuts

Show more
2 016
Subscribers
No data24 hours
No data7 days
-1630 days
Posts Archive
ပံ့သကူယတြာကတော့ လူအများစု ခက်ခဲနေလို့ နက္ခတ်ကောင်း၊အခါကောင်း ကြုံတဲ့ရက်တွေမှာ အားရင်အားသလို စေတနာနဲ့ တင်ပေးအုံးမှာ။ တစ်ခုခုဆို ပံ့သကူငွေ နှစ်ရာပစ် ဆိုတဲ့ အရာကြီး ထက် လူတွေကို အကျိုးရှိစေချင်လို့။ ပြောရရင် စေတနာထားတာပေါ့။ စေတနာကွက်ရင်တော့ မတင်ပေးတော့ဘူးပေါ့။ တင်ပေးတဲ့နေ့တိုင်း လူတိုင်းရဲ့ ထမင်းအိုးတွေ တည်ပေးနေတာ သိပါစ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

အင်္ဂါနေ့တွင် ငွေဝင်စေရန် ပိုက်ဆံ ၁,၃ဝဝ (သို့) ၁၃,ဝဝဝ ကို လမ်းဆုံလေးခွတွင် ပံ့သကူ ပစ်၍ ငွေကြေးအတွက် ဆုတောင်းပါ။ အင်မတန်လည်း လွယ်ကူထိရောက်ပြီးတော့ လိုက်လုပ်ဖူးသူတိုင်း အကျိုးထူးပါတယ်။ တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

တနင်္လာနေ့တွင် ငွေဝင်စေရန် မနက်ခင်းတွင် ကိုယ်လက်သန့်စင်ပြီးနောက် လက်သည်းညှပ်ပြီး မနက်စာစားပါ။ ပြီးသွားပါက မနက် ၉:၄၅ တွင် မြတ်စွာဘုရားရှင်အား လက်ဖက်သုပ်တစ်ပွဲ ကပ်လှူ ၍ ငွေကြေးအတွက် ဆုတောင်းပါ။ အင်မတန်လည်း လွယ်ကူထိရောက်ပြီးတော့ လိုက်လုပ်ဖူးသူတိုင်း အကျိုးထူးပါတယ်။ တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။🍂 #ဆရာထူးအောင်ထက်(ကိုသစ်နက်)

နမိတ်ဆိုးများ ကင်းဝေးပြီး မုန်တိုင်းကြောင့် ဒုက္ခရောက်တဲ့သူတွေ လျော့နည်းပါစေ။ တတ်နိုင်တဲ့ဘက်ကနေ ဆိုးနေတဲ့ နမိတ်ကို ကောင်းတဲ့ နမိတ်အဖြစ် ဖြစ်စေရန် ရည်ရွယ်၍...။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

ရှေးဟောင်းရှားပါးသော လောကီအစီအရင်များ ဤနည်းသည် ကျမ်းစာအုပ်များမှ ရရှိသောနည်း မဟုတ်ဘဲ ရွှေပေါ်ကျွန်းဆရာတော်၏ ကိုယ်တွေ့ကျင့်စဉ်မှ ရရှိခဲ့သော နည်းဖြစ်သည်။ ဤကျင့်စဉ်ကို ကျင့်လိုသူသည် မိမိ၏ မွေးနံအလိုက် ကျောက်ခဲကို ကောက်ယူ ရပါမည်။ ရေစီးနေသည့်မြစ်၊ချောင်းမှ ကျောက်ခဲကို ယူရပါမည်။ ၁။တင်္ဂနွေနေသားသမီး - ၁ လုံး ၂။တနင်္လာသားသမီး - ၂ လုံး ၃။အင်္ဂါသားသမီး - ၃ လုံး ၄။ဗုဒ္ဓဟူးသားသမီး - ၄ လုံး ၅။ကြာသပတေးသားသမီး - ၅ လုံး ၆။သောကြာသားသမီး - ၆ လုံး ၇။စနေသားသမီး - ၇ လုံး ပြီးပါက ကျောက်ခဲကို သန့်စင်၍ ရေခွက် တစ်ခွက်တွင်ထည့်၍ မိမိ၏ မွေးနေ့နံနက် (၉) နာရီတွင် "ဘုရားတပည့်တော်သည် ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာတည်းဟူသောအန န္တောအနန္တငါးပါးတို့၏ဂုဏ်တော်၊ ကျေးဇူးတော်များကို အာရုံပြုပြီးကျေးဇူးတော်ရှင်ရွှေ ပေါ် ကျွန်းဆရာတော်ကြီး၏ ဤကျောက်ခဲကျင့်စဉ်ကို ယနေ့အချိန်မှစ၍ကျင့်ဆောင် ပါမည်အရှင်ဘုရား။ ဤကျောက်ခဲကျင့်စဉ်ကျင့်ဆောင်သည့်နေမစ၍မိမိတွင် တွေ့ကြုံခံစားနေရ သောရန်ဓာတ်၊မာန်ဓာတ်၊အတိုက်အခံ ဓာတ်ဟူသရွေ့အမြန်ဆုံးချုပ်ငြိမ်းပပျောက်ပါ စေသတည်း" ဟု ရွတ်ဆိုရမည်။ ထိုရေကို အလုပ် အင်တာဗျူးဖြေသောအခါ၊ လူအများနှင့် ပြောဆိုဆက်ဆံရသောအခါ၊ငွေကြေးကိစ္စ အတွက် အကူအညီတောင်းလိုသောအခါ အစရှိသော ပြောဆိုဆက်ဆံရသော ကိစ္စများအတွက် ထိုရေကို သောက်၍ ပြောဆို ဆက်ဆံပါက အဆင်ပြေလာပြေလိမ့် မည်။ ရေကုန်သွားပါက ပြန်လည်၍ ဖြည့်၍ ပြန်လည် ရွတ် ဆိုရမည်။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

ဒီ 𝗣𝗢𝗦𝗧 ကို ကံကောင်းတဲ့သူ လူနည်းသာ မြင်စေရန် ရည်ရွယ်ထားပါသည်။ မုန်တိုင်း လာဖို့ ရှိပါတယ်။ သ​မ္ဗုဒ္ဓေ ဂါထာတော်ကြီးကို အားရင်အားသလို ရွတ်ပေးပါ။ ဒုတိယ ကမ္ဘာစစ်ကြီးကို မြန်မာလူမျိုးတွေက သမ္ဗုဒ္ဓေဂါထာတော်ကြီးနဲ့ပဲ ကျော်ဖြတ်ခဲ့တာပါ။ စေတနာအရ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တင်ပေးလိုက်တာပါ။ လူ ၂ သန်း ထိခိုက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ မုန်တိုင်းသတင်းလည်း မမေ့စေချင်ပါ။ လောကမှာ လူ့အသက်ဟာ အပို မပါပါ။ မြန်မာပြည်ကြီး အေးချမ်းပါစေ။ 🍂 #ဆရာထူးအောင်ထက်(ကိုသစ်နက်)

၁၂ ရက်နေ့ ၊ သောကြာနေ့တွင် ငွေကြေးကံကောင်းလိုပါက ပိုက်ဆံ ပံ့သကူ သက်စေ့ ပစ်၍ ငွေကြေးအတွက် လိုရာဆုတစ်ဆုကို တိတိကျကျ ဆုတောင်းပါ။ အသက် ၂ဝ ဖြစ်ပါက ပိုက်ဆံ ၂,ဝဝဝ ကို လမ်းဆုံ လေးခွတွင် ဖြစ်၍ ပြုလုပ်ပါ။ တတ်နိုင်ပါက ကလေးငယ်တစ်ဦးကို ရွှေရင်အေး တိုက်ပါ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

photo content

ဒီ POST ကို ကံမြင့်လိုသူ လူနည်းစုသာ မြင်ရမည်။ အခုရက်ထဲမှာ အလှူသင့်ဆုံးက ရွှေရင်အေး က ပိုကောင်းပါတယ်။ ရွှေရင်အေးကို ဘုရားလှူပေးခြင်း၊ မိဘ၊ဆရာ၊ဆွေမျိုး၊မိတ်ဆွေများကို ကျွေးမွေးခြင်း က ကိုယ့်မှာရှိတဲ့ အပူသောကတွေ သက်သာစေပြီး ၁၁ မီးငြိမ်းစေဖို့ အထောက်အပံ့ဖြစ်ပါတယ်။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

photo content

ဒီ 𝗣𝗢𝗦𝗧 ကို ကံကောင်းတဲ့သူ လူနည်းသာ မြင်စေရန် ရည်ရွယ်ထားပါသည်။ အခုရက်ထဲမှာ မုန်တိုင်း လာဖို့ ရှိပါတယ်။ သ​မ္ဗုဒ္ဓေ ဂါထာတော်ကြီးကို အားရင်အားသလို ရွတ်ပေးပါ။ ဒုတိယ ကမ္ဘာစစ် ကြီးကို မြန်မာလူမျိုးတွေက သမ္ဗုဒ္ဓေဂါထာ တော်ကြီးနဲ့ပဲ ကျော်ဖြတ်ခဲ့တာပါ။ စေတနာအရ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တင်ပေးလိုက်တာပါ။ သိသူကျော်သွား မသိသူဖော်စား...။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

ယတြာတွေက ဘယ်နှစ်ကြိမ် ချေရမလဲလဲ မေးတဲ့သူတွေ ရှိပါတယ်။ လိုတိုရှင်းပြောရရင် တစ်သက်မှာ တစ်ခါသာချေရတဲ့ ယတြာ၊ တစ်နှစ်မှာ အကြိမ် ရေ ကန့်သတ်ပြီး ချေရတဲ့ ယတြာ၊ တစ်လမှာ အကြိမ်ရေ အများကြီး ချေရတဲ့ ယတြာဆိုပြီး ရှိပါတယ်။ တချို့ယတြာတွေက ကံအလိုက် အကြိမ်ကြိမ်ချေရပါတယ်။ ထမင်းဆိုတာကလည်း တစ်ခါစားရုံနဲ့ တစ်သက်လုံး ဗိုက်မဝသလို မသေ မချင်း အမြဲစားနေရတာပါ။ ပြောချင်တာက လူဆိုတာ မသေသရွေ့ ယတြာကတော့ လိုအပ်ရင် လိုအပ်သလို ချေနေရမှာပဲ။ ဆရာတွေ ဆီအပ်ရင်​တော့ ထိုက်သင့်တဲ့ ပညာကြေးရှိမှာပေါ့။ အဲ့လိုမှ မကုန်ချင်ရင်လည်း ကာလဒါန နေ့တိုင်းပြုပေါ့။ ယတြာတစ်ခုရဲ့ အသွားအလာ အတိမ်အနက်ကို တတ်ကျွမ်းနားလည်တဲ့ ဆရာကလွဲရင် ကိုယ့် အနေနဲ့ အကျိုးအကြောင်း အကောင်းအဆိုးကို သေချာမသိနိုင်ဘူးလေ။ မဟုတ်ရင်တော့ ယတြာ ခိုက်လို့ ဘဝပျက်သွားတဲ့သူတွေ မနည်းလှဘူး။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

ဒီ 𝐏𝐎𝐒𝐓 ကို ငွေကံကောင်းတဲ့သူ လူနည်းစုသာ မြင်ခွင့်ရမှာပါ။ မနက်ဖြန် သောကြာနေ့တွင် ငွေကြေးကံကောင်းလိုပါက ပိုက်ဆံ ၁,၂ဝဝ ကို လမ်းဆုံလေးခွတွင် ပံ့သကူပစ်ပါ။ တတ်နိုင်ပါက ခန္ဓာကိုယ် အောက်ပိုင်း မသန်သော ခြေကျိုးတစ်ဦး ကို သူစားချင်တာ ဝယ်ကျွေးလိုက်ပါ။ See First လုပ်ထားဖို့ မမေ့ပါနဲ့။ တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

လွန်ခဲ့တဲ့ သုံးနှစ်က ဒီလိုရက် ဒီလိုအချိန်မျိုးမှာ ကိန်းလေးတစ်ခု ရခဲ့ပါတယ်။ လူက တော်တော်လေး စိတ်ညစ်နေတာပါ။ နည်းကတော့ ဘယ်အချိန် မှာ ဘယ်အရပ်မျက်နှာကို မူပြီးတော့ ဖြစ်နေတဲ့ အခက်အခဲကို ပြေလည်စေဖို့ ဆုတောင်းတဲ့နည်း လေးပါ။ အဲ့နည်းလမ်းက အရွက်အခက် မလို၊ စားစရာမလိုဘဲ လမ်းသွားရင်း၊ထိုင်နေရင်း လုပ် နေရတာမို့။ နိုင်ငံရပ်ခြားမှာ နေတဲ့သူတွေရော အပျင်းကြီးတဲ့သူတွေအဖို့ အင်မတန်အကျိုးထူး ပါတယ်။ ကျွန်တော့်ရဲ့သာဝကအချို့ကို ပေးကြည့် ရာမှာလည်း အင်မတန်မှ လိုရာပြည့်ပြီး စိတ်ချမ်း သာကြရတယ်။ ပံ့သကူပစ်တာတို့ ၊ ရေငါးခွက် ငါးကြိမ်ပစ်တဲ့နည်းတွေက ဆရာသင်ပေးတဲ့အရာ ကနေ ဥာဏ်ကွန့်ပြီးတော့ ပြန်ချဲ့ကားထားတာပါ။ ပြောချင်တာက ဒီနည်းလေးကို လိုချင်ရင် တွက် ချင်ရင် တစ်နှစ်တာအတွက် ထိုက်သင့်တဲ့ပူဇော် ကြေးရှိတယ် ဆိုတာကို ပြောချင်တာပါ။ အလကား တော့ မရပါ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

ဒီ 𝐏𝐎𝐒𝐓 ကို ကံမြင့်ချင်တဲ့သူ ၊ ငွေကံကောင်းချင်တဲ့ သူ လူနည်းစုသာ မြင်ရမှာပါ။ ဘာလို့လဲဆိုတော့ ၅ လပိုင်းဟာ လာဘ်ပွင့် ကံကောင်
ဒီ 𝐏𝐎𝐒𝐓 ကို ကံမြင့်ချင်တဲ့သူ ၊ ငွေကံကောင်းချင်တဲ့ သူ လူနည်းစုသာ မြင်ရမှာပါ။ ဘာလို့လဲဆိုတော့ ၅ လပိုင်းဟာ လာဘ်ပွင့် ကံကောင်းတဲ့လ ဖြစ်တာကြောင့် ငွေကြေးအတွက် အစီအရင်၊အဆောင် အပ်လိုသူများ၊ကံမြင့်လိုသူများ၊ နဝင်းစီးလိုသူများ၊ လောင်းကစားအတွက် အဆောင် ပြုလုပ်သူများကို အထူး အရေးပေးပြီးတော့ ယခုလထဲမှာ လက်ခံပေးသွားမှာပါ။ ကျန်တဲ့အစီအရင်အဆောင်တွေကတော့ စိတ်ပါရင် လက်ခံပေးဖို့ အစီအစဥ်ရှိပါတယ်။ အမှန်တကယ် အပ်ချင်တဲ့သူများ Messenger တွင် ပြောထားပါ။ အလုပ်တအားများလို့ပါ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

လူတွေက ပညာရပ်တစ်ခုရဲ့ အတိမ်အနက်ကို မသိကြဘူး။ ပံ့သကူပစ်ရင် ငွေဝင်တယ်ပဲ သိထားကြတာ။ လွန်ခဲ့တဲ့ ၂ လက သာဝကတစ်ယောက်ကို သူ့ကို ၁၄ ရက် ပံ့သကူ ပစ်ခိုင်းတယ်။ ၁၄ ရက် အတွင်းမှာ ငွေကြေးနဲ့ ပတ်သတ်ပြီးတော့ သူ့ရဲ့ ဆုတောင်းတွေ ပြည့်တာ တအားမြန်ဆန်ပါတယ်။ ငွေဆိုရင်လည်း သိတဲ့အတိုင်း တအားဝင်တာပေါ့။ အဲ့ဒါကို သူက ၁၄ ရက်နဲ့ အားမရလို့ ဆက်ပစ်နေတာ ငွေမဝင်တဲ့အပြင် ဆိုင်တောင် လာဝယ်တဲ့သူတွေ မရှိတော့ဘူး။ ကိုယ်သုံးနေတဲ့ ပညာရပ်ရဲ့ အတိုင်း အထွာကို ကိုယ်ပဲ ချင့်ချိန်တတ်တယ်။ ဒါတွေက အလကားပြောနေတာ မဟုတ်ဘူး။ လောကီပညာ မှာ ချိန်ဆတတ်မူ့က အရေးကြီးတာကို သိစေချင်လို့။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

စေတနာနဲ့ တင်ပေးတာပါ။ ဖတ်ချင်မှ ဖတ်ပါ။ လူတွေက ငွေမဝင်ဘူးပဲ ခဏခဏ ပြောကြတယ်။ ကိုယ့်အနေနဲ့ ငွေစက္ကူတွေကို ဘယ်လိုကိုင်တွယ် လဲဆိုတာကို အရင်ဆုံးပြန်ဆန်းစစ်ပါ။ တချို့က တော့ ပိုက်ဆံကို ဆဲဆိုတတ်ကြပြီး၊ ငွေရှာရတာ ခက်ခဲကြောင်း ညဥ်းကြပါတယ်။ ပိုက်ဆံတွေကို ထားချင်ရာမှာ ထားကြပါတယ်။ ပြီးရင် ပထမဆုံး ဝင်တဲ့ငွေ ဦးဦးဖျားဖျားကို အပျော်အပါးအတွက် အရင်ဆုံး သုံးကြပါတယ်။ လိုအပ်တဲ့နေရာအတွက် ပိုက်ဆံကို နှမျောတတ်ကြပါတယ်။ ဒီအချက်လေးတွေကို ပြန်ပြီးတော့ ဆန်းစစ်ပါ။ ဒါဆိုရင် ခင်ဗျား ငွေဝင်ဖို့ ပိုပြီးတော့ နီးစပ်လာလိမ့်မယ်။ ဒါတွေက ပညာရပ်နဲ့ အတွေ့အကြုံအရ ပြောတာပါ။ ပေါက် ပန်းလေးဆယ် ရေးထားတာ တစ်ခုမှမပါပါဘူး။ 🎲 #ဆရာထူးအောင်ထက်(ကိုသစ်နက်)

လူတိုင်းမှာ ကံတရားကြောင့် ရတဲ့ ငွေ၊ ဝီရိယ ကြောင့် ရတဲ့ငွေ ၊ ဥာဏ်ပညာကြောင့် ငွေ ဆိုပြီးတော့ ရှိကြပါတယ်။ ကံ၊ဥာဏ်၊ဝီရိယ သုံးပါး ကြောင့် ရတဲ့ငွေ ဆိုတာလည်း ရှိပါသေးတယ်။ လောကီပညာဆိုတာကလည်း လက်ရှိအခြေအနေကို ပိုကောင်းစေဖို့ အထောက်အကူပြုတာပါ။ လောကကြီးမှာ အလကားရတဲ့ငွေ ဆိုတာ မရှိဘူး။ လောကမှာ ကိုယ်က အရင်မပေးဘဲနဲ့ ဘာမှမရဘူး။ နေရာတကာ အလကားယူဖို့ပဲ တွေးမနေနဲ့။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

photo content

လောကကြီးမှာ ကျေးဇူးတင်ပါတယ် ဆိုတဲ့ ထမင်း၊ဟင်း မရှိဘူး။ ကိုယ်က လူတစ်ယောက်ကို နှစ်နှစ်ကာကာ ကူညီပေမယ့် အဲ့လူက ကိုယ့်ကို ကျေးဇူး တင်ပါတယ် ဆိုတဲ့ စကားအပြင် ကျန်တာ ဘာမှ မလုပ်ပေးရင် ကိုယ့်အနေနဲ့ ဘယ်လိုခံစားရမလဲ။ ကျေးဇူးဆိုတာ ပါးစပ်နဲ့တင် ဆပ်လို့ မရဘူး။ တူသော အကျိုး ဆိုတာ မမေ့ပါနဲ့။ 🍉 #ဆရာထူးအောင်ထက်(ကိုသစ်နက်)