en
Feedback
Classic sanitary pads

Classic sanitary pads

Open in Telegram
936
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Attracting Subscribers
July '24
July '240
in 0 channels
June '240
in 0 channels
Get PRO
May '24
+1
in 0 channels
Get PRO
April '240
in 0 channels
Get PRO
March '24
+1
in 0 channels
Get PRO
February '24
+950
in 0 channels
Date
Subscriber Growth
Mentions
Channels
14 July0
13 July0
12 July0
11 July0
10 July0
09 July0
08 July0
07 July0
06 July0
05 July0
04 July0
Channel Posts
2
ကိုယ်ဝန်ဆောင်မေမေတို့သိမှတ်ဖွယ်ရာများ အပိုင်း(၁) အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်ခြင်းဆိုတာ အလွန်အရေးကြီးလှပါတယ်။ကျန်းမာတဲ့ မိခင်လောင်းဖြစ်မှသာ ကျန်းမာတဲ့မာတဲ့မိမိတို့ရဲ့ မျိုးဆက်လေးကိုမွေးဖွားပေးနိုင်မှာပါ။ ဒါကြောင့်လည်းကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံးကိုယ်စိတ်နှစ်ပါးကျန်းမာပျော်ရွှင်ဖို့ လိုက်နာသင့်တဲ့ အချက်တွေကိုလိုက်နာပါမယ်။ ကိုယ်ဝန်ဆောင်ခြင်းဆိုတာ အဖိုသုတ်ပိုးနဲ့ အမ မျိုးဥလေးတို့ပေါင်းစပ်ပြီးသန္ဓေအောင်ခြင်းဖြစ်ပါတယ်။သန္ဓေသားလေးဟာ မိခင်ရဲ့ သားအိမ်နံရံမှာတွယ်ကပ်နေပြီး အချင်းမှတစ်ဆင့်မိခင်ဆီကနေ အာဟာရနဲ့အောက်စီဂျင်ကိုရရှိပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းကို -ပထမ ၃လ ( ၁ပတ် မှ ၁၂ ပတ်ထိ) -ဒုတိယ ၃လ ( ၁၃ပတ် မှ ၂၈ ပတ်ထိ) -တတိယ ၃လ ( ၂၉ ပတ် မှ ၄၀ ပတ်ထိ) ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်မှာ ကိုယ်စိတ်ကျန်းမာပျော်ရွှင်ဖို့ ၊ အာဟာရပြည့်ဝနေဖို့ ၊ အန္တရာယ်ရှိတာတွေရှောင်ရှားဖို့အထူးလိုအပ်ပါတယ်။ အိမ်ထောင်ဖက်၊ မိသားစုဝင်တွေနဲ့မိတ်ဆွေတွေကလည်း ကိုယ်ဝန်ဆောင်မေ မေ တို့ကို ကြင်နာဖေးမစွာဆက်ဆံဖို့၊ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါမှသာမိမိတို့ရဲ့ မျိုးဆက်ရင်သွေးလေးကို ကျန်းမာစွာ မွေးဖွားပေးနိုင်မှာဖြစ်ပါတယ် ။နောက်ပိုင်းတေွမှာလည်းကိုယ်ဝန်ဆောင်လအလိုက်သိထားသင့်တဲ့ အချက်တွေကို ဆက်လက် ပြောပြပေးမှာမို့ စောင့်မျှော်ပေးကြဦးပါနော်............။ #ClassicSanitarypads #sunnybabydiaperpant
155
3
No text...
302
4
CHRISTMAS Special Sale အ နေ နဲ့ Signature Wet Wipes Buy 2 Get 1 Special Promotion က စောင့်ကြို နေ ပါ တယ် ................... Promotion ကာ လ က 20 DEC 2023 မှ 29 DEC 2023 အ ထိ ဝယ် ယူ ရ ရှိ နိုင် ပါ တယ် ။ Signature Wet Wipes လေး က -ဘေ ဘီ လေး တွေ ရဲ့ အ သား အ ရည် အ တွက် အ စို ဓာတ် ကို အ ပြည့် အ ဝ ထိန်း သိမ်း ထား နိုင် တဲ့အ ပြင် အေး မြ မှု ကို ပါ ပေး စွမ်း နိုင် ပါ တယ်။နူး ညံ့ တဲ့ ချည် သား ကို အ သုံး ပြု ထား တဲ့ အ ပြင် Alcohol Free မို့ ဘေ ဘီ လေး တွေ ရဲ့ အ သားအ ရည် အ တွက် စိတ် ချ လက် ချ အ သုံး ပြု နိုင် ပါတယ် ။ -Signature Wet tissue က တစ် ထုပ် မှာ အ ရွက်ရည် (၈၀) ပါ ဝင် ပြီး ဘေ ဘီ လေး တွေ ရဲ့ တစ်ကိုယ် ရည် သန့် ရှင်း မှု အ တွက် အ ပြည့် အ ဝ အ ထောက် အ ကူ ပေး နိုင် ပါ တယ် ။ -အ နံ့ သင်း သင်း လေး နဲ့ စိတ် ကို ကြည် လင်လန်း ဆန်း စေ ချင် တယ် ဆို ရင် တော့ Signature Wet Tissue ကို အ ခု ပဲ သုံး ကြည့် လိုက် တော့နော် ............... #SignatuerWetWipes #chirstmas #SpecialPromotion
292
5
No text...
316
6
မိခင်လောင်းတို့သိမှတ်ဖွယ်ရာများ (အပိုင်း၇) Lady လေးတို့ရေ မိခင်ဘဝကိုခံယူတော့မယ်ဆိုတာဂုဏ်စရာလေးပါ။ မိခင်ဘဝကို ကြိုတင်ပြင်ဆင်သင့်တာတွေပြင်ဆင်မယ်။အန္တရာယ်ရှိတဲ့အရာတွေအားလုံးရှောင်ကြမယ် ။လိုက်နာသင့်တဲ့အချက်တွေလိုက်နာကြရပါမယ်။ ဒါမှသာကျန်းမာဖွံ့ဖြိုးတဲ့မိမိရဲ့မျိုးဆက်သစ်လေးတွေကို ပိုင်ဆိုင်ကြရမှာပါ။ ဒါကြောင့်ကိုယ်ဝန်ယူတော့မယ်လို့ဆုံးဖြတ်လိုက်တာနဲ့ -ကိုယ်ဝန်မရှိခင် ၁လမှ၃လအကြိုထဲက folic acid (ဖောလစ်အက်ဆစ်ကိုနေ့စဉ်တစ်လုံးသောက်ရပါမယ်။) -အာဟာရပြည့်ဝအောင်စားသောက်နေထိုင်ရပါမယ်။ -ကိုယ်အလေးချိန်ကိုပုံမှန်ဖြစ်အောင်ထိန်းသိမ်းပါ။ -လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေခံယူပါ။ -စိတ်ဖိစီးမှုမများစေဘဲစိတ်အေးချမ်းနေပါစေ။ -ဆေးလိပ်သုံးသောက်ခြင်း၊တဆင့်ခံဆေးလိပ်အငွေ့ရှုခြင်း၊အရက်သောက်ခြင်းများရှောင်ပါ။ သန္ဓေသားကိုအန္တရာယ်ဖြစ်စေသောဆေးဝါးများသုံးစွဲနေပါက ဆရာဝန်နှင့်တိုင်ပင်ပြီးဖြတ်ရပါမယ်။ကိုယ်ဝန်ဆောင်ခြင်းနှင့်ကလေးပြုစုခြင်းအကြောင်းအရာများကိုလေ့လာဖတ်ရှုပါ။ မိမိတို့မိသားစုအတွက် အနာဂတ်အစီအစဉ်များကို ရေးဆွဲထားပါ။ အဆင်သင့်ဖြစ်ပြီဆိုပါက ကိုယ်ဝန်ယူနိုင်ပါပြီ။ မိခင်လောင်းတို့ သိမှတ်ဖွယ်ရာများအသေးစိတ်အချက်များကိုလည်း အပိုင်း(၁)မှ(၆)တွင်ဖတ်ရှူနိုင်ပါတယ်။ Lady လေးတို့အားလုံး ကျန်းမာ ပျော်ရွှင်သောကိုယ်ဝန်ဆောင်မိခင်ကောင်းများဖြစ်ကြ ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။ #ClassicSanitarypads
320
7
No text...
378
8
မိခင်လောင်းတို့ သိမှတ်ဖွယ်ရာများ (အပိုင်း၆) Lady လေးတို့အနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ပြင်ဆင်ချိန်မှာ အန္တရာယ်ရှိတဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို ရှောင်ဖို့လီုအပ်ပါတယ်။အန္တရာယ် ရှိတဲ့နေထိုင်မှုပုံစံဟာ မိမိနဲ့ မိမိသန္ဓေသားကိုအန္တရာယ်ဖြစ်စေတတ်ပါတယ်။ -ဆေးလိပ်သောက်နေသူဖြစ်ပါက ဆေးလိပ်ဖြတ်လိုက်ဖို့ လိုပါတယ်။ မိမိပတ်ဝန်းကျင်မှာဆေးလိပ်သောက်သူရှိနေပါကတစ်ဆင့်ခံဆေးလိပ်ငွေ့ရှူခြင်းဟာမိမိသန္ဓေသားမှာပါထိခိုက်စေတာမို့ တဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းကိုလည်းရှောင်ရပါမယ်။ -အလားတူ အီလက်ထရောနစ်စီးကရက်များ(E Cigarette)တေွလည်း ကိုယ္ဝန်ဆောင် မိခင်ရော၊ သ​န္ဓေသားကိုရော ထိခိုက်စေတာမို့ မိမိကိုယ်တိုင်သုံးစွဲခြင်း၊ တဆင့်ခံရှူမိခြင်း ၂မျိုးလုံးကိုရှောင်ရပါမယ်။ -အရက်၊ ဘီယာရှောင်သင့်ပါတယ်။ -ကော်ဖီ၊ လက်ဖက်ရည်၊ဆိုဒါ များရှောင်သင့်ပါတယ္ယ်။ -မိမိသောက်သုံးနေသော ဆေးဝါးများအားနားလည်တတ်ကျွမ်းသောဆရာဝန်များအားပြသပြီး ရှောင်သင့်တဲ့ ဆေးများရှိပါက ဆက်မသောက်ဖို့လိုအပ်ပါတယ်။တချို့ဆေးတွေဟာ သန္ဓေသားကိုဆိုးဆိုးရွားရွားထိခိုက်စေတတ်သော‌ေကြာင့် ကိုယ်ဝန်မရှိခင်ကြိုတင်ဖြတ်ထားဖို့လိုအပ်ပါတယ်။ -မိမိသဘောနဲ့ဆေးများသောက်ခြင်း၊ သုံးစွဲခြင်း ရှောင်ပါ။Lady လေးတို့ရေ အန္တရာယ်ရှိတဲ့ နေထိုင် စားသောက်မှုပုံစံဟာကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမွေးခြင်း၊ မွေးရာပါ ချို့ယွင်းချက်များကပေးမှာ ပါလာခြင်းတို့ရှိတတ်တာမို့ ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါတယ် ။ #ClassicSanitaryPads
361
9
No text...
485
10
💕သီတင်းကျွတ် အထူး ပရိုမိုရှင်း💕 Classic ရဲ့ချစ်သောလေး‌တို့အတွက် 5 ထုပ်ဝယ် 5ထုပ်လက်ဆောင်ရရှိနိုင်မယ့် သီတင်းကျွတ် promotion လေးက စောင့်ကြိုနေပါပြီ ။ Special Sale လေးက 28.10.2023 ကနေ 31.10..2023 အထိသာရရှိနိုင်မှာမို့ sale ချတုန်းလေး အမိအရ ရယူထားလိုက်နော် ချစ်သောလေးတို့ရေ☺️☺️ #ClassicSanitaryPads
457
11
No text...
612
12
မိခင်လောင်းတို့သိမှတ်ဖွယ်ရာများ အပိုင်း(၅) Lady လေးတို့ အနေနဲ့မိခင်လောင်းဖြစ်ဖို့ပြင်ဆင်ချိန်လေးကအရေးကြီးတဲ့အချိန်လေးပါ။ကိုယ်ကျန်းမာဖို့လိုအပ်သလို စိတ်ဖိစီးမှုတွေစိုးရိမ်သောကတွေကို အတတ်နိုင်ဆုံးလျော့အောင်လုပ်ရပါမယ်၊ စိတ်းဖိစီးမှုများနေရင် ရာသီစက်ဝန်းမမှန်တာတို့၊ ကလေးရဖို့ခက်ခဲတာတို့ ဖြစ်တတ်ပါတယ်။ဒါကြောင့် စိတ်အေးချမ်းအောင်၊စိတ်ကြည်လင်လန်းဆန်းအောင်ထားရပါမယ်။ စိတ်အေးချမ်းမှုရှိစေဖို့ -အတတ်နိုင်ဆုံး အကောင်းမြင်စိတ်လေးထားလိုက်ပါ၊ -မိမိဝါသနာပါသောစိတ်အပန်းဖြေ မှုများပြုလုပ်ပါ။( ဥပမာ- သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း ၊သစ်ပငိစုက်ပျိုးခြင်း) -မိမိဘာသာစိတ်အေးချမ်းသာမှုရစေရန် တရားမှတ်ခြင်း စသဖြင့်ပြုလုပ်ပါ။ မိခင်တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်ချိန်မှာ စိတ်ကျန်းမာရေးလည်းအရေးကြီးတာကြောင့် Lady လေးတို့ မိမိစိတ်လေးတွေကို အေးချမ်းပျော်ရွှင်အောင်နေကြ မယ်နော်။ စိုးရိမ်စိတ်တွေ၊စိတ်ဖိစီးမှုတွေကိုလျော့ကြပါမယ်နော် ။ ဒါမှသာ ကျန်းမာတဲ့ မေမေနဲ့ ကလေးလေးတွေဖြစ်လာမှာပါ။ #ClassicSsanitaryPads #SunnyBabyDiaperpants
540
13
No text...
734
14
မိခင်လောင်းတို့သိမှတ်ဖွယ်ရာများ အပိုင်း(၄) ကိုယ်ဝန်ဆောင်ချင်တဲ့ မေမေလောင်းလေးတို့ရေ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ရှိနေဖို့ လိုအပ်ပါနော်။ ဒါကြောင့်ကျန်းမာရေးနှင့်ညီညွတ်အောင်စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်းဖြင့် ပုံမှန်ခန္ဓာကိုယ်အလေးချိန်ရှိအောင်လုပ်ရပါမယ် ။ ပုံမှန်ရှိသင့်တဲ့ ခန္ဓာကိုယ် အလေးချိန်ထက်လျော့နေမယ်၊ ပိန်လွန်းနေမယ်ဆိုရင် -သားဥကြွေတာ တွေပုံမမှန်ဖြစ်နိုင်တာမို့ ကိုယ်ဝန်ရဖို့ ခက်ခဲတတ်ပါတယ် ။ -သားအိမ်မှာ သန္ဓေသားတွယ်ကပ်ဖို့အတွက်အခက်အခဲရှိစေတတ်ပါတယ်။ -ကိုယ်ဝန်ရှိပါကလည်းလမစေ့ဘဲ မွေးဖွားနိုင်တဲ့အန္တရာယ်ရှိပါတယ်။ ပုံမှန်ရှိသင့်တဲ့ကိုယ်ခန္ဓာအလေးချိန်ထက်များနေမယ်၊ အဝလွန်နေမယ်ဆိုရင် -ရာသီစက်ဝန်းမမှန်တာတွေ -ကိုယ်ဝန်ရဖို့ ခက်ခဲတာတွေ -ကိုယ်ဝန်ရပြီးပါက ကိုယ်ဝန်ပျက်ကျတတ်တဲ့ အန္တရာယ် -သွေးတိုးရောဂါ -ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ အန္တရာယ် စသဖြင့် အန္တရာယ်များရှိပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ယူတော့မယ့် Lady ‌လေးတို့အနေနဲ့ပုံမှန်ခန္ဓာကိုယ် အလေးချိန်ရှိအောင် သိထားပြီးထိန်းသိမ်းကြပါနော်၊ ဒါမှသာကျန်းမာတဲ့ကိုယ်ဝန်ဆောင်လေးတွေဖြစ်ကြမှာပါ။ #ClassicSanitaryPads
723
15
No text...
644
16
မိခင်လောင်းတို့သိမှတ်ဖွယ်ရာများ အပိုင်း(၃) Lady လေးတို့ရေ အပိုင်း(၃)မှာတော့ ကိုယ်ဝန်ယူတော့မယ်ဆိုရင်အာဟာရပြည့်ဝအောင်နေထိုင်စားသောက်ဖို့လိုအပ်ကြောင်း ဆက်ပြောပါမယ်နော်။ ကျန်းမာတဲ့ကိုယ်ဝန်ဆောင်မေမေနဲ့ကျန်းမာတဲ့သန္ဓေသားလေးဖြစ်ဖို့နေထိုင်စားသောက်မှုပုံစံကလည်း အရေးကြီးပါတ ယ်။ အာဟာရအုပ်စုကြီး(၃)ခုရှိပါတယ်။ခန္ဓာကိုယ်အတွက်အင်အားဖြစ်စေသော အစားအစာများ(ကာဗွန်ဟိုက်ဒရိုတ်နဲ့ အဆီပါသော အစာများ) -ထမင်း -ပေါင်မုန့် ၊ဂျုံ -ခေါက်ဆွဲ -ကန်စွန်းဥ -အဆီ ပရိုတင်းဓာတ်ပါသောအစားအစာများ -အသား၊အသည်း -ငါး၊ပုဇွန် -ကြက် ဥ၊ဘဲဥ၊ငုံးဥ -နို့နှင့်နို့ထွက်ပစ္စည်းများ ရောဂါကာကွယ်ပေးနိုင်သောအစားအစာများ -ဟင်းသီးဟင်းရွက်များ -အသီးအနှံများ အစာအုပ်စုကြီး(၃)စုအနေနဲ့ ပါဝင်သင့်တဲ့ အချိုးအစားတွေကတော့ -ဟင်းသီးဟင်းရွက်နဲ့အသီးအနှံများ (၄၀%) -ကာဗွန်ဟိုက်ဒရိတ်(၂၅%) -ပရိုတင်း (၂၅%) -အဆီ (၁၀%) ကတစ်နေ့တာ အတွက် လုံလောက်တဲ့အချိုးအစားနဲ့ကျန်းမာတဲ့အစားအသောက်ပုံစံပဲဖြစ်ပါတယ်။ ကိုယ်ဝန်ယူတော့မယ့် Ladyလေးတို့ အနေနဲ့လည်း အာဟာရပြည့်ဝစွာစားသုံးရပါမယ် ။အထူးသဖြင့် သန္ဓေသားအတွက် အရေးကြီးတဲ့ ဖောလစ်အက်ဆစ်ပါတဲ့အစာတွေဖြစ်ပါတဲ့ -အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ (ဂေါ်ဖီထုပ် ၊ ဂေါ်ဖီပန်းပွင့်၊ ကန်စွန်းရွက် ၊ ကိုက်လန် စသည့်.......) -ပဲအမျိုးမျိုး -လိမ္မော်သီး -ဖောလစ်ဆက်ဆစ်ဖြည့်စွက်ထားသော နို့၊ ပေါင်မုန့် ၊ ကွေကာအုပ်များ စသဖြင့် စားပေးသင့်ပါတယ် ။ ဖေလစ်အက်ဆစ်ဟာ ကလးတွေရဲ့ဦးနှောက်နဲ့အာရုံကြောစနစ်အတွက်အလွန်လိုအပ်ပါတယ်။ အဆီအနေနဲ့ ကျန်းမာရေးနှင့် ညီညွတ်သောအဆီမျိုး သုံးရပါမယ် ။ ရှောင်သင့်သောအစားအစာများကတော့ -ကာဗွန်ဟိုက်ဒရိတ်ကို လျှော့စားရပါမယ် ။ -အဆီ၊ အငန်လျှော့ရပါမယ် ။ -သကြား လျှော့ရပါမယ် ။ -ကော်ဖီ ၊ လက်ဖက်ရည်ရှောင်သင့်ပါတယ် ။ -ကြာရှည်ခံအောင်လုပ်ထားတဲ့အစားအစာများ၊ စည်သွပ်ဗူးများ၊ဆိုးဆေးပါသောအစားအစာများ ကိုရှောင်သင့်ပါတယ် ။ #ClassicSanitaryPads
677
17
No text...
676
18
မိခင်လောင်းတို့လိုက်နာဖွယ်ရာများ (အပိုင်း ၂) မိခင်လောင်းဖြစ်လာဖို့ပြင်ဆင်ရတဲ့ အချိန်ဟာအလွန်အရေးကြီးလှပါတယ်။ မိမိနဲ့မိမိမျိုးဆက်သစ်လေးကျန်းမာပျော်ရွှင်ရဖို့ လိုက်နာသင့်သည်များကိုလိုက်နာရပါမယ်။ ဒါကြောင့်ဘာတွေပြင်ဆင်ထားကြမလဲ? -ဖောလစ်အက်ဆစ်( folic acid) ကိုကိုယ်ဝန်မယူမီကြိုတင်သောက်သုံးထားရပါမယ်။ -ကျန်းမာရေးနှင့်ညီညွတ်သောနေထိုင်စားသောက်မှုပုံစံများနှင့်အညီနေရပါမယ်။ -ကိုယ်အလေးချိန်ပုံမှန်ရှိစေရန်ထိန်းသိမ်းထားရပါမယ်၊ -စိတ်အေးချမ်းပျော်ရွှင်အောင်နေထိုင်ခြင်း -နေထိုင်ခြင်းများပြုလုပ်ရပါမယ်။ -အန္တရာယ်ဖြစ်စေသောအရာများကို ရှောင်ကြဉ်ခြင်း(ဆေးလိပ်၊အရက်ဖြတ်ခြင်း၊ကော်ဖီလက်ဖက်ရည်ရှောင်ခြင်း၊သန္ဓေသားကိုထိခိုက်စေမည့်ဆေးများရှောင်ခြင်း) -ကိုယ်ဝန်နဲ့ပတ်သတ်သော၊ ကလေးငယ်များနဲ့ပတ်သတ်သောသိသင့်သိထိုက်သည်များကို သိအောင်လေ့လာမှတ်သားထားရပါမယ်။ အပိုင်း(၁) မှာတော့ မရှိမဖြစ်ဖောလစ်အက်ဆစ်(folic acid) ဆိုပြီးဖောလစ်အက်ဆစ်ကိုကြိုတင်သောက်သုံးသင့်ပါတယ်။ မိခင်လောင်းဖြစ်မယ့်မေမေတွေအနေနဲ့ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ထားသင့်ပါတယ်။မျိုးပွားအင်္ဂါ၊သားအိမ်အနေအထားတွေ ၊သွေးတိုးဆီးချိုရောဂါရှိမရှိ၊သွေးရောဂါရှိမရှိ၊ အသည်းရောင်ဘီပိုးစီပိုးရှိမရှိ၊လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ စသဖြင့်လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ထားသင့်ပါတယ်။မိမိနဲ့မိမိ အမျိုးသားရဲ့သွေးအုပ်စုကိုလည်းစစ်ဆေးထားသင့်ပါတယ်။ဒါမှသာမိမိသန္ဓေသားလေးကိုမထိခိုက်အောင်၊မကူးစက်အောင်တတ်ကျွမ်းသောကျန်းမာရေးဝန်ထမ်းများနဲ့ကြိုတင်စီမံထားလို့ရမှာပါ။ #ClassicSanitaryPads #Sunnybabydiaperpants #ClassicSanitaryPads #SunnyBabyDiaperPants
729
19
No text...
786
20
မိခင်လောင်းတို့ လိုက်နာဖွယ်ရာများ အပိုင်း(၁) မရှိ မဖြစ် ဖောလစ်အက်စစ် (folic acid) lady လေးတို့ရေ သားသားမီးမီးလေးတွေယူတော့မယ် မိခင်လောင်းတို့ပြင်ဆင်ချိန် ဆိုတဲ့အချိန်လေးဟာအလွန်အရေးကြီးလှပါတယ်။ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းသလိုလိုအပ်တဲ့အရာတွေကို ဆောင်ရွက်ထားဖို့လည်းလိုတာပေါ့နော် ။ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ကလေးလေးတွေကို ပိုင်ဆိုင်ချင်ရင်တော့ ကိုယ်တိုင်ကလည်း ကိုယ်ကျန်းမာခြင်း၊စိတ်ချမ်းသာခြင်း လိုအပ်တဲ့folic acid ( ဖောလစ်အက်ဆစ်)ကြိုသောက်ထားခြင်း၊ ဆေးလိပ်အရက်နှင့် အချို့ဆေးဝါးများရှောင်ကြဉ်ခြင်းစသဖြင့် လုပ်သင့်သည်များလုပ်ထားရပါမယ်။ ပထမဆုံးအနေနှင့် ကိုယ်ဝန်ကို ဘယ်အချိန်မှာယူမလဲဆိုတာ မိမိ အဖော်ဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးရပါမယ်။ကိုယ်ဝန်မရှိခင်(၃)လလောက် ကြိုပြီးဖောလစ်အက်ဆစ်( folic acid) သောက်ကိုသောက်ထားရပါမယ်။ Folic acid ( ဖောလစ်အက်ဆစ်)ဆိုတာ ဗီတာမင် B အမျိုးအစားတစ်ခုဖြစ်ပြီးသွေးနီဥဖြစ်ပေါ်ရေး၊ ကျန်းမာတဲ့ဆဲလ်တွေတစ်ရှူးတွေတည်ဆောက်ဖြစ်ပေါ်ရေး၊လုပ်ငန်းဆောင်တာများကောင်းမွန်စွာလုပ်နိုင်ရေးတို့ကို ဖြစ်ပေါ်စေပါတယ်။သန္ဓေသားလေးတွေအတွက်လည်းဆဲလ်အသစ်တွေတည်ဆောက်ခြင်း ၊ကျန်းမာသောဆဲလ်လေးများဖြစ်စေခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုများအတွက်ပြုလုပ်ပေးခြင်းများလုပ်ပေးပါတယ်။ဒါကြောင့်လည်းကိုယဝန်မရှိခင် (၃)လလောက်မှစပြီး ဖောလစ်အက်ဆစ်(Folic acid) ကိုကြိုသောက်ထားရပါမယ် ။ကိုယ်ဝန်ရှိမှစသောက်ခြင်းထက်ကိုယ်ဝန်မဆောင်ရသေးခင် သောက်ထားတာမိမိ သန္ဓေသားလေးအတွက်ပိုကောင်းပါတယ်။ဖောလစ်အက်ဆစ်(Folic acid)မိခင်လောင်းတွေကိုယ်ဝန်မရှိခင်ထဲကသောက်ထားခြင်းအားဖြင့် အကျိုးကျေးဇူးများစွာရရှိစေပါတယ် ။ -သန္ဓေသားလေးရဲ့ဦးနှောက်နဲ့အာရုံကြောစနစ်မှာမွေးရာပါချို့ယွင်းမှုမဖြစ်စေရန် ကာကွယ်ပေးခြင်း -သန္ဓေသားလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊အာရုံကြောစနစ်များကောင်းမွန်စေခြင်း -မွေးရာပါချိုု့ယွင်းမှုများမဖြစ်စေရန်ကာကွယ်ပေးခြင်း -သန္ဓေသားလေးရဲ့ နှလုံးနဲ့သွေးလှည့်ပတ်မှုစနစ်ကောင်းစေခြင်း -နှုတ်ခမ်းကွဲ၊အာခေါင်ကွဲခြင်းများမှကာကွယ်ပေးခြင်း -မိခင်လောင်း၏သားဥအိမ်မှသားဥလေးများ အရည်အသွေးကောင်းစေရန်ပြုလုပ်ပေးခြင်း -လမစေ့ဘဲ ကလေးမွေးခြင်းမှ ၅၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ခြင်း စသဖြင့် အကျိူးကျေးဇူးများစွာရရှိစေပါတယ် ။ ဒါကြောင့်ကိုယ်ဝန်မရှိခင် ထဲကဖောလစ်အက်ဆစ်(Folic acid) ကိုနေ့စဉ်၄၀၀ မိုက်ခရိုဂရမ်သောက်ထားဖို့လိုအပ်ပါတယ်။မိဘမျိုးရိုးမှာဖြစ်စေ၊ယခင်ကမွေးဖူးတဲ့ကလေးမှာဦးနှောက်နဲ့အာရုံကြောဆိုင်ရာပြဿနာရှိဖူးရင်တော့ပမာဏများများကိုကိုယ်ဝန်မဆောင်ခင် (၃)လကြိုသောက်သုံးဖို့နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးသောက်သုံးရပါမယ် ။ဒါ့အပြင်ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ၊လိမ္မော်သီး၊ငှက်ပျောသီးစတဲ့အသီးအနှံတွေစားပေးရပါမယ် ။ Lady လေးတို့ရေ မိမိတို့ရဲ့မျိုးဆက်သစ်လေးကိုယူတော့မယ်ဆိုရင် ကိုယ်ဝန်မရှိခင်ထဲကဖောလစ်အက်ဆစ်(Folic acid) ကိုနေ့စဉ်သောက်ထားကြပါနော်။ဒါမှသာ ကျန်းမာသန်စွမ်းတဲ့သားသားမီးမီးလေးတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ။ #ClassicSanitaryPads #SunnyBabyDiaperPants #SunnyWetWipes
832