cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

2021 News of Revolution

just for spring revolution news

Show more
Advertising posts
198
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Subscriber growth rate

Data loading in progress...

  • Photo unavailable
  • Photo unavailable
  • Photo unavailable
တစ်နိုင်ငံလုံးလိုက်ဖမ်းတဲ့ လိုင်စင်မဲ့ကား၊ မြန်မာ့မီးရထား ODA ပြန်ရုတ်သိမ်းတဲ့ ဂျပန်နဲ့ အချိန်မီပြန်မစိုက်ပျိုးရင် စားနပ်ရိက္ခာအခက်အခဲရင်ဆိုင်ရမဲ့ မြန်မာ ၄.၆. ၂၀၂၃ Written by Phyo Wei "အမှန်တကယ်ဆိုရင် ပြည်သူလူထုဟာ သိန်း ၁၀၀ လောက်နဲ့ ကားစီးနိုင်အောင် လုပ်ပေးခဲ့တဲ့ အစိုးရတစ်ရပ်လက်ထက်မှာ ပျော်ဖူးခဲ့ကြပြီမို့လို့ သိန်း ၄၀၀ လောက်ပေးမှ ကားစီးနိုင်တဲ့အ​ခြေအနေကို မနှစ်မြို့ကြပါဘူး။ တစ်ဖက်မှာလည်း ဒီလိုင်စင်မဲ့ကားတွေဟာ တစ်နိုင်ငံလုံးမှာ လိုင်စင်ရှိတဲ့ကားအရေအတွက်ထက်တောင် ပိုများနေနိုင်တာမို့လို့ ဒီလိုင်စင်မဲ့ကားတွေကနေ မှောင်ခိုသွင်းတာက နိုင်ငံခြားငွေစီးထွက်မှုမှာ မြန်မာနိုင်ငံကို ပိုနစ်နာစေတာ ချိန်ဆရပါလိမ့်မယ်။ ဒါ့အပြင် ဒီလိုင်စင်မဲ့ကားတွေကြောင့် နိုင်ငံတော်က အခွန်မရ၊ အခမရ၊ တိုက်ပြေးကြရင်လည်း ဘယ်လိုလိုက်ဖမ်းလို့မရတဲ့ အခြေအနေမျိုးမှာ ဒီလိုင်စင်မဲ့ကားတွေ ဖမ်းဆီးတာတစ်ခုနဲ့ အဖြေမရ..." "လက်ရှိအချိန်မှာတော့ နိုင်ငံရေးပဋိပက္ခတွေအကြားမှာ မြန်မာနိုင်ငံနဲ့ ပြည်သူဟာ မြေစာပင်ဖြစ်နေတယ်ဆိုတာ အသေအချာဖြစ်ပြီး အလုံးစုံပျက်သုဉ်းပြီးမှ ပြန်တည်ဆောက်မယ်ဆိုတဲ့ ဦးနှောက်နည်းသူတွေရဲ့ ဖျက်ဆီးတိုက်ခိုက်မှုတွေကြားမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂၀၁၃ လောက်က ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့ အခြေအနေမျိုး၊ အခြေခံအ​ဆောက်အအုံတွေ အကုန်ပြန်ကောင်းမွန်တဲ့နိုင်ငံမျိုး ပြန်ဖြစ်ဖို့အတွက်တော့ ဆယ်စုနှစ်ငါးစုမက ပြန်တည်ဆောက်ရတော့မှာဖြစ်သလို နှစ်ဖက်အကျိုးစီးပွားအတွက် တိုက်ပွဲတွေမရပ်ကြရင်တော့ ဒီထက်မကလည်း ကြာဦး...." "တစ်ဖက်မှာလည်း မိုခါကြောင့် စိုက်ဧက ၆၀၀၀၀ ကျော် ပျက်စီးသွားတာ၊ ကျွဲနွားတိရစ္ဆာန် ၆ သိန်းလောက်သေကုန်တာ၊ နေအိမ် ၇ သိန်းလောက်ထိခိုက်ပျက်စီးတာ၊ မုန်တိုင်းကြောင့် မျိုးစေ့တွေ ဆုံးရှုံးသွားခဲ့ရသလို လယ်ကွင်းတွေ၊ ငါးကန်တွေနဲ့ ချိတ်ဆက်ထားတဲ့ လမ်း၊ တံတားတွေလည်း ပျက်စီးသွားတာ၊ ရေလုပ်ငန်းတွေလည်း ထိခိုက်သွားတာကြောင့် ဒီလိုပျက်စီးမှုကွင်းဆက်တွေမှာ အချိန်မီပြန်ပြီး စိုက်ပျိုး မွေးမြူမှုမလုပ်နိုင်ဘူးဆိုရင် လာမဲ့လအနည်းငယ်ကစပြီး အစားအစာအခက်အခဲတွေ ရင်ဆိုင်ရတော့မှာပါ။ အစားအစာမလုံခြုံမှု ဖြစ်ပေါ်လာမယ်ဆိုရင် အခုတောင် ကုန်စျေးနှုန်းမြင့်တက်နေတာကြောင့် ကျပ်တည်းနေတဲ့ ပြည်သူတွေကြားမှာ ဒုက္ခတွေချည်းပိုများ...." https://www.mtnewstoday.com/?p=24135 #mtnews #mtnews_review #myanmar_transparency_news
Show all...
🔴ကောလင်း🔴 ကောလင်းနယ် တ​နေရာသို့ တံတားဦးတက် Jet Fighter(1)စီးဖြင့်(7:53PM) ခန့်တွင် ​လေ​ကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်းသိရ။ #WaiHin June 4,   8:16PM 📫သတင်းပို့ရန် @WaiHinBot
Show all...
သာကေတ ထူပါရုံ 13 လမ်း ဧည့်စစ်နေ ၊ မီးအမှောင် ချထားပြီး ဓာတ်မီးတွေထိုးပြီးရှာနေကြ။ 10:36 PM Source -> @tktdpinformer
Show all...
Photo unavailable
ကျိုက်ထိုက်၊ ဘီးလင်းနှင့် သံဖြူဇရပ်ရှိ တပ်မ ၄၄ ဌာနချုပ် အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး ====================== Khit Thit March 22, 2023 မွန်ပြည်နယ်၊ ကျိုထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်တိုက်ခိုက်မှုနှင့် ဘီလင်းမြို့နယ်၊ သံတံတားဂိတ် တိုက် ခိုက်မှုတွင် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင် အားစု(TPDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။ သတင်းအပြည့်အစုံ 👇👇👇
Show all...
ယင်းနေ့ ညနေပိုင်း၌ပင် KIAအမှတ်(၉)တပ်မဟာ၊ အမှတ် (၂၆)တပ်ရင်းနယ်မြေ ချောင်း၀နှင့် နမ့်မှော်ကြား ကလပ်ကုန်းကျေးရွာအနီး ချောင်း၀ပြည်သူ့စစ်စခန်းတွင် လာရောက် စခန်းချနေထိုင်သည့် စစ်ကောင်စီ၏ ခလရ(၄၂)တပ်မှ အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ KIA တပ်နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်အကြား တိုက်ပွဲများဆက်တိုက်ဆိုသလို ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲပြင်းထန်နေ၍ မတ်လ ၁၀ရက် နံနက် ၁နာရီခန့်တွင် တံတားဦးလေတပ်စခန်းမှ စစ်ကောင်စီ တိုက်လေယာဉ် နှစ်စီးဖြင့် KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)နယ်မြေဘက် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှု၌ နေအိမ်အချို့ ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိဟု အသိပေးထားသည်။ People's Spring https://t.me/nightingalechannel (ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်နှစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - The Kachin Net)
Show all...
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသောသတင်းများအားအချိနိနဲ့တစ်ပြေးညီတင်ပေးနေပါသည်

သင်္ချာမေးခွန်းထုတ်တဲ့အဖွဲ့အား ပြန်လည်စစ်ဆေးလျှက်ရှိကြောင်း ကနဦးသိရှိရ။ #yyh
Show all...
⚠️ ရန်ကုန် ယ‌ခုရက်သတ္တပတ်အတွင်း ရန်ကုန်မြို့တွင်း၌ ညဘက် လမ်းဘေး အပန်းဖြေ ထိုင်နေကြသူများ၊ သွားလာနေကြသူများကို စခ၊ ရခများမှ အကြောင်းပြချက်မျိုးစုံပေးကာ ကားဖြင့် စခန်းသို့ ဖမ်းခေါ်တင်သွားကြပြီး စစ်ဆေးသောဖြစ်စဉ်များ အများအပြား တွေ့လာရပါသဖြင့် ပြည်သူအများ ညဘက်တွင် ပို၍သတိထားသွားလာ နေထိုင်ကြပါရန် သတိပေးအပ်ပါသည်။ #rsnweb
Show all...
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
ခြိမ်းခြောက်စာများ ပေးပိုခံရသဖြင့် Yangon Water Bus ပြေးဆွဲမှုကို လုံခြုံရေးအရ ခေတ္တရပ်နားမည်ဟု ယမန်နေ့က ကြေညာ ရုံးချုပ်နှင့် CEO ၏ ကားများပေါ်တွင် ခြိမ်းခြောက်စာများ သုံးကြိမ်တိုင်တိုင် ရရှိသောကြောင့် ခရီးသည်များ၊ ဝန်ထမ်းများလုံခြုံရေးအတွက် Yangon Water Bus ပြေးဆွဲခြင်းကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း Yangon Water Bus က ယနေ့ မတ်လ ၉ ရက်တွင် ကြေညာခဲ့ကြောင်းသိရှိရပါသည်။ https://t.me/naysinthadin
Show all...
လမ်းမတော်မှာ ကွက်ကီးမုန့်ထဲ ဆေးခြောက်ထည့်ရောင်းသူ ၂ ဦး ဖမ်းဆီးခံရ မဲခေါင်၊ မတ် ၁၀ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ၁၆ လမ်းရှိ ၈ လွှာတိုက်ခန်းမှာ နေထိုင်တဲ့အမျိုးသမီး တစ်ဦးရဲ့ နေအိမ်ကို မတ်လ ၈ ရက်နေ့က ဝင်ရောက်စစ်ဆေးရာ ကွက်ကီး မုန့်ထဲ ဆေးခြောက် ထည့်ပြီး ရောင်းချနေတာ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ အဆိုပါ အမျိုးသမီးရဲ့ ဖော်ထုတ်ချက်အရ လမ်းမတော် (၁၀) ရပ်ကွက်၊ ဗဟိုရ်စည်အိမ်ယာအတွင်း နေထိုင်သူ အသက် ၂၁ နှစ်အရွယ် ဇော်လင်းနောင် ကို ဆေးခြောက်နဲ့အတူ အခြားပစ္စည်းများ ဖမ်းဆီးရမိခဲ့တယ်လို့ သူကပြောပါတယ်။ "အွန်လိုင်းကနေ တစ်ဆင့် ရောင်းကြဝယ်ကြတာ။ ပေါက်ဈေးက အနည်းဆုံး ၆ထောင်ကနေ စပြီး ရောင်းကြတာ။ အခု အရေအတွက်ပေါ် မူတည်ပြီး ဈေးနှုန်း ကွာသွားတာ။ တစ်ချို့ကလည်း အိမ်က လူကြီးတွေကို ကျွေးပြီး စနောက်တာတွေ လုပ်ကြတယ်။ ဆေးခြောက်ရှူတာကြတော့ အနံ့ထွက်ရင် လူသိတယ်။ ကွတ်ကီးထဲ ထည့်ထားတော့ လူမသိဘူးလေ။ အဲ့လိုလေးတော့ ကွာမယ်။ တရားဝင် မဟုတ်ပေမယ့် ရောင်းနေတဲ့သူတွေလည်း ရှိနေတာပဲ" လို့ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။ ကွက်ကီးမုန့်များ အတွင်း ဆေးခြောက်များထည့်ကာ ရောင်းချတဲ့ ထက်ရတနာစိုးနဲ့ ဇော်လင်းနောင်တို့ထံမှ မုန့် ၅၀ ခု၊ ဆေးခြောက်ရှူတဲ့ ဆေးဂေါက်တံ၊ ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်နဲ့ အခြား ပစ္စည်းအချို့ကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဆေးခြောက်ကို တရားဝင် ရောင်းချ သုံးစွဲခွင့် ပြုထားပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ မူးယစ်ဆေး အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ MK-005 #MekongNews #လမ်းမတော်မြို့နယ် #ဆေးခြောက် #ကွက်ကီးမုန့် MK-005
Show all...
မြေအောက်ကေဘယ်ကြိုး ခိုးယူခံရ၊ ဓာတ်ငွေ့ပိုင်းလိုင်းမိုင်းခွဲခံရမှုများကြောင့် ယခုစာမေးပွဲကာလ လျှပ်စစ်မီး မပြတ်ရေး မသင်္ကာသူများ သတင်းပေးရန် ကြေညာ ၉.၃.၂၀၂၃ Written by Nyein Kyaw မြေအောက် ကေဘယ်ကြိုးများ ခိုးယူခံရခြင်း၊ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ မိုင်းခွဲခံရခြင်းများရှိနေ၍ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်မီးများ ထပ်မံ မပြတ်တောက်စေရန် မိဘပြည်သူများက ဝိုင်းဝန်း‌ စောင့်ရှောက်ပေးရန်နှင့် မသင်္ကာသူများတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးများသို့ အကြောင်းကြား ပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မတ်လ ၉ ရက် ညနေပိုင်းတွင် ကြေညာထားသည်။ 66kV ဘုရင့်နောင်-စိန်ပန်းမြိုင်ဓာတ်အားလိုင်းသည် မတ်လ ၃ ရက် နံနက် ၄ နာရီ ၂၂ မိနစ်အချိန်ခန့်တွင် ဓာတ်အားလိုင်းအပြစ်ဖြစ်ပွား၍ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့မှ ရပ်ကွက်များသို့ဓာတ်အားပေးသည့် ဓာတ်အားခွဲရုံ များဓာတ်အား ပြတ်တောက်ခဲ့၍ လိုက်လံစစ်ဆေးရာ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း ၊ သမိုင်းချောင်းအနီးရှိ ၆၆ ကေဗွီမြေအောက် ကေဘယ်ကြိုးတစ်ချောင်း ဖြတ်တောက်ခိုးယူခံရ၍ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ လိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်ခဲ့သည့် 66KV RIR ခွဲရုံ၊ 33kV မြကန်သာခွဲရုံနှင့် 33kV တော်ဝင်ဖီဒါခွဲရုံမှ ဖီဒါများအား တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်၍230kV သာကေတ ဓာတ်အားပေးစက်ရုံမှဓာတ်အားဖြင့် ယာယီဓာတ်အားဖြန့်ဖြူးပေးထားခဲ့ပြီး အပြစ်ဖြစ်ပွားခဲ့သော 66kV မြေအောက်ကေဘယ်အား အစားထိုးပြုပြင်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်လျှက်ရှိသည်။ အဆိုပါဖြစ်စဉ်ကဲ့သို့ ဓာတ်အားလိုင်း၊ ကေဘယ်ကြိုးများ ခိုးယူခံရ၍ အများပြည်သူဓာတ်အားပြတ်တောက်ခြင်းမှ ကင်းဝေးနိုင်စေရေးအတွက် မိဘပြည်သူများက ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ပေးရန်နှင့် မသင်္ကာသူများတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးများသို့ အကြောင်းကြားပေးရန် အသိပေးပန်ကြားထားခြင်းဖြစ်သည်။ ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်း ၄ နာရီခွဲ အချိန်တွင် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအနီးတွင် (၂၀)လက်မ၊ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန်ဓာတ်ငွေ့ပိုက်လိုင်းအားမိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် အတွက် ၎င်းဖြစ်စဉ်ကြောင့် လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၅၅) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့သည်။ သို့သော် တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်သည့်အတွက် လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားကို ရေအား လျှပ်စစ်ဓာတ်အားပေးစက်များမှ တိုးမြှင့်ထုတ်လုပ်ပေးမည်ဖြစ်ပြီး စက်မှုဇုန်များ အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏကို ထိန်းညှိလျက် အများ ပြည်သူ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ- ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း #mtnews #myanmar_transparency_news
Show all...