en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

EHS Myanmar

EHS Myanmar

Open in Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Show more
868
Subscribers
No data24 hours
+27 days
+230 days
Posts Archive
အစိမ်းရောင်လေ့ကျင့်ခန်း သို့မဟုတ် ပြင်ပလေ့ကျင့်ခန်း၏ အကျိုးကျေးဇူးများကို လေ့လာခြင်း ----------------------------------------------- EHS Myanmar | 3.3.2024 နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေရတဲ့ ယနေ့ခေတ်ကမ္ဘာကြီးမှာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအတွင်း လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ အချိန်ပေးနိုင်သူတွေကတော့ မိုးလုံလေလုံ အားကစားရုံတွေ (Gym) ဆီ သွားရောက်ပြီး ပြေးစက်များ၊ စက်ဘီးများ အသုံးပြုကာ လေ့ကျင့်ခန်း လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် သုတေသနလေ့လာချက်တွေအရ အစိမ်းရောင်လေ့ကျင့်ခန်း တနည်းအားဖြင့် အပြင်ဘက် (outdoor) မှာ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက အဆောက်အအုံအတွင်း လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းထက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပိုမိုပေးစွမ်းနိုင်တယ်လို့ အကြံပြုထားပါတယ်။ စိတ်ဖိစီးမှုနဲ့ သွေးဖိအားတက်ခြင်းကို လျှော့ချခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အလုံးစုံသော ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အစိမ်းရောင်လေ့ကျင့်ခန်းက အိမ်တွင်းလေ့ကျင့်ခန်းတွေထက် စိတ်ကို ပိုမိုလန်းဆန်းစေပြီး စိတ်ခံစားချက်ကိုပါ မြှင့်တင်ပေးပါတယ်။ 🎾 အစိမ်းရောင်လေ့ကျင့်ခန်းဆိုတာဘာလဲ? Green Exercise ဆိုတာ အဆောက်အအုံ၊ အိမ် အပြင်ဘက်ထွက်ပြီး outdoor ဧရိယာမှာ လုပ်ဆောင်ရတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်။ ပန်းခြံ၊ ကမ်းခြေ၊ တောအုပ်လိုမျိုး သဘာဝပတ်ဝန်းကျင်မှာသာမက အနီးစပ်ဆုံး ကျွန်တော်တို့ရဲ့ အိမ်နောက်ဖေးမှာတောင် အလွယ်တကူလုပ်ဆောင်လို့ရပါတယ်။ အစိမ်းရောင်လေ့ကျင့်ခန်း ဥပမာတွေကတော့ - - ပြေးခြင်း - စက်ဘီးစီးခြင်း - ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း - လမ်းလျှောက်ခြင်း - ယောဂကျင့်ခြင်း - ဘေ့စ်ဘော၊ ဘောလုံး၊ ဘတ်စကတ်ဘော နဲ့ ဖရစ်စဘီ လို အားကစားများ ကစားခြင်း စတာတွေ ပါဝင်ပါတယ်။ 🎾 အစိမ်းရောင်လေ့ကျင့်ခန်း၏ အကျိုးကျေးဇူးများ Outdoor Exercise လုပ်ဆောင်ခြင်းဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ သုတေသနလေ့လာချက်တွေအရ အစိမ်းရောင်လေ့ကျင့်ခန်းတွေက စိတ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှုတို့ကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ စိမ်းလန်းတဲ့ သဘာဝပတ်ဝန်းကျင်၊ နေရောင်ခြည်နဲ့ လေကောင်းလေသန့်တို့ကို ထိတွေ့ခြင်းက စိတ်ကို ကြည်လင်စေပြီး စိတ်အပန်းပြေစေတယ်။ မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးကာ အာရုံစူးစိုက်မှု ပိုမို ကောင်းမွန်လာပြီး တစ်နေ့တာလုံး အားအင်အပြည့် ခံစားရစေမှာ အမှန်ပါပဲ။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုလည်း တိုးတက်စေပါတယ်။ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ပြေးခြင်းကဲ့သို့သော ပြင်ပလှုပ်ရှားမှု လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်းက နှလုံးသွေးကြောကျန်းမာရေး၊ ကြွက်သားကြံ့ခိုင်မှုနှင့် အမောခံနိုင်ရည်တို့ကို ပိုမိုကောင်းမွန်စေတယ်။ အစိမ်းရောင်လေ့ကျင့်ခန်းတွေက သဘာဝနှင့် ပြန်လည်နီးစပ်ဖို့ အဖိုးတန်အခွင့်အရေးလည်း ဖြစ်တယ်။ သူတို့က လူသားတို့ကို သဘာဝပတ်ဝန်းကျင်ရဲ့ သာယာလှပမှုကို တန်ဖိုးထားတတ်စေပြီး ကမ္ဘာမြေအပေါ် ကျေးဇူးတရားလည်း တိုးပွားလာစေနိုင်တယ်။ သဘာဝနဲ့ ထိတွေ့ခြင်းဖြင့် ကျွန်တော်အနေနဲ့ ပတ်ဝန်းကျင်အပေါ် ပိုမိုဂရုပြုမိလာပြီး နေ့စဉ်ဘဝမှာလည်း ရေရှည်တည်တံ့တဲ့ လူနေမှုဘဝပုံစံ ရွေးချယ်မှုတွေဆီ ဦးတည်လာစေနိုင်ပါတယ်။ ကဲ ... ဒါဆိုရင် စာဖတ်သူတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေထဲမှာ အစိမ်းရောင်လေ့ကျင့်ခန်းတွေ ထည့်သွင်းလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလား? 🏃ပထမဦးဆုံးအနေနဲ့ စာဖတ်သူတို့ရဲ့ အနီးနားမှာ ပန်းခြံ၊ တောတွင်းလျှောက်လမ်းနဲ့ စိမ်းလန်းတဲ့ သဘာဝပတ်ဝန်းကျင်နေရာတွေ အရင်ရှာကြည့်ဖို့ လိုပါတယ်။ နောက်ပြီး အဲ့ဒီ့နေရာတွေက လမ်းလျှောက်ဖို့၊ စက်ဘီးစီးဖို့နဲ့ အခြားလေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ အဆင်ပြေ၊ မပြေ စစ်ဆေးကြည့်ဖို့ လိုပါတယ်။ မိမိလုပ်ဆောင်လိုတဲ့ လေ့ကျင့်ခန်းနဲ့ အဲ့ဒီ့နေရာတွေက ကိုက်ညီရဲ့လားဆိုတာကို သိရပါမယ်။ 🏃မိမိနဲ့ ကိုက်ညီတဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ပါ။ မိမိရဲ့ စိတ်ဝင်စားမှုနဲ့ ကြံ့ခိုင်မှုအခြေအနေတွေပေါ်မူတည်ပြီး ကိုယ်နဲ့ အဆင်ပြေမယ့် လေ့ကျင့်ခန်းပုံစံတွေကို စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။ ကိုယ်အမှန်တကယ်နှစ်သက်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်လုပ်ဆောင်ခြင်းက ရေရှည် လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတိုးစေပါတယ်။ 🏃 လေ့ကျင့်ခန်းလုပ်ဆောင်တာကိုလည်း ကိုယ့်ရဲ့တနေ့တာလုပ်ဆောင်မှုစာရင်းထဲ ထည့်သွင်းပြီး တစိုက်မတ်မတ် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အချိန်တစ်ခု သတ်မှတ်ပြီး စနစ်တကျ လုပ်ဆောင်မှသာ ရေရှည်အကျိုးကျေးဇူးတွေ တိုးပွားလာမှာ ဖြစ်ပါတယ်။ 🏃 ဘေးကင်းလုံခြုံတဲ့ လုပ်ဆောင်မှုဖြစ်ဖို့ကိုလည်း သတိပြုဖို့ လိုပါတယ်။ ဒါကြောင့် မိမိလေ့ကျင့်ခန်းလုပ်ဆောင်မယ့် ပတ်ဝန်းကျင်မှာ ဘယ်လိုအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တယ်စေတာနဲ့ ရာသီဥတုအခြေအနေဘယ်လိုရှိတယ်ဆိုတာကို အရင်စုံစမ်းရပါမယ်။ ပတ်ဝန်းကျင်နဲ့ လေ့ကျင့်ခန်းအမျိုးအစားပေါ်မူတည်ပြီး သင့်လျော်တဲ့ အဝတ်အစား ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။ ရာသီဥတုပူတဲ့ နေ့တွေမှာဆို

၂၀၂၄ ခုနှစ် မြန်မာတွင် ရာသီဥတုအပူဆုံးဖြစ်လာမည့် လများမှာ မတ်လ နှင့် ဧပြီလတို့ဖြစ်လာနိုင်ပါသည်။ 🌤 📣Weather.com နှင့် Weather
၂၀၂၄ ခုနှစ် မြန်မာတွင် ရာသီဥတုအပူဆုံးဖြစ်လာမည့် လများမှာ မတ်လ နှင့် ဧပြီလတို့ဖြစ်လာနိုင်ပါသည်။ 🌤 📣Weather.com နှင့် Weather25.com တို့၏ ခန့်မှန်းချက်များအရ မတ်လတွင် ၃၆ ဒီဂရီစင်တီဂရိတ် နှင့် ဧပြီလတွင် ၃၇ ဒီဂရီစင်တီဂရိတ် တို့ဖြစ်နိုင်ပါကြောင်း နှင့် နေရာဒေသပေါ်လိုက်၍ ပိုမိုပူပြင်းနိုင်ကြောင်းသုံးသပ်ထားပါသည်။ အထူးသဖြင့် မြန်မာ့နိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့တွင် ၃၇ ဒီဂရီစင်တီဂရိတ် နှင့် ၄၅ ဒီဂရီစင်တီဂရိတ် ကြားရှိနိုင်ကြောင်းခန့်မှန်းထားကြသည်။ 🇲🇲မြန်မာ့ရာသီဥတုအပူဆုံးမှတ်တမ်းမှာ ၂၀၂၀ ခုနှစ်မေလတွင် ခြောက်မြို့၌ ၄၇.၅ ဒီဂရီစင်တီဂရိတ် နှင့် ၂၀၁၀ မြင်းမူမြို့၌ ၄၇.၂ ဒီဂရီစင်တီဂရိတ် တို့ဖြစ်ကြသည်။ ပြုစုသူ - နိုင်ကျော်လူ #EHSMyanmar #myanmarweather #forecasting #2024 #hottest #months

၂၀၂၄ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ကျရောက်သော “တောင်သူလယ်သမားနေ့” မှစ၍ ပြည်ထောင်စုတလွှားရှိ တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ
၂၀၂၄ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ကျရောက်သော “တောင်သူလယ်သမားနေ့” မှစ၍ ပြည်ထောင်စုတလွှားရှိ တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာ၍ သဘာဝဘေးအန္တရယ်ကင်းရှင်းပြီး လယ်ယာများအထွက်တိုးကြပါစေကြောင်း EHS Myanmar မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ #EHSMyanmar #Myanmar #NationalFarmersDay

photo content

EHS Myanmar's Monthly Theme: What is it for March? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme) များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ 🍃 ၂၀၂၄ ခုနှစ် နွေဦးရာသိအစဖြစ်သည့် မတ်လအတွက် "Healing Earth, Healing Mind" Theme ကိုရွေးချယ်ထားပါသည်။ 🍂 ကျွန်ုပ်တို့၏သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်းသည် လူသားတွေအတွက် ကိုယ်စိတ်နှစ်ဖြာကို များစွာကုစား (healing) ပေးနိုင်ကြောင်းကို ယခု Theme ဖြင့် ဆောင်းပါးများရေးသားခြင်း၊ Content များဖန်တီးခြင်း၊ အွန်လိုင်းဟောပြောပွဲများလုပ်ဆောင်ခြင်း၊ အွန်လိုင်းကမ်းပိန်းများစီစဉ်ခြင်း၊ Instagram တွင် Post အသစ်များရေးသားခြင်း စသည့် နည်းလမ်းများဖြင့် အသိပညာများရရှိ အောင်ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။ 😍 Healing Earth, Healing Mind - March နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #environmental #sustainability #ecosystem #mentalhealth #SDG

လူအများစုဟာ ရေနေအပင်တွေရဲ့ကောင်းကျိုးကို မသိ၊ နားမလည်တာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝရေနေပင်တွေကို ရှင်းလင်းတတ်ကြပါတယ်။ တက
+5
လူအများစုဟာ ရေနေအပင်တွေရဲ့ကောင်းကျိုးကို မသိ၊ နားမလည်တာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝရေနေပင်တွေကို ရှင်းလင်းတတ်ကြပါတယ်။ တကယ်တော့ သူတို့တွေဟာ ရေကန်၊ ရေအိုင်ရဲ့အလှကို ဖန်တီးပေးရုံသာမက ရေထုဂေဟစနစ်ကိုပါ အကျိုးပြုနေတဲ့ ရေထုအရင်းအမြစ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ရေနေအပင်တွေအချို့ဟာဆိုရင် လူသားတွေအတွက် ဆေးဖက်ဝင်ပါသေးတယ်။ ဒါကြောင့် ‌ရေနေအပင်တွေရဲ့ အကျိုးကျေးဇူးတွေအကြောင်း အသိပညာ‌ပေးခြင်းနဲ့ ဘေးပတ်ဝန်းကျင် ရေကန်၊ ရေအိုင်တွေမှာ ရေနေအပင်တွေကို ဝိုင်းဝန်းစိုက်ပျိုးဖန်တီးပြီးတော့ စနစ်တကျ ထိန်းသိမ်း၊ စောင့်ရှောက်၊ စီမံခန့်ခွဲနိုင်ဖို့အရေးကြီးပါတယ်။ ဒါတင်မကပါဘူး။ သူတို့ရဲ့ ပေါက်‌ရောက်ပုံသဘောတရားကို နားလည်ဖို့လည်း လိုတာပေါ့။ အချုပ်အားဖြင့်ဆိုရရင် ... ရေထု‌ဂေဟစနစ်ဆိုတာ ရေနေသက်ရှိတိရိစ္ဆာန်တစ်မျိုးတည်းနဲ့သာ လည်ပတ်နေတာမဟုတ်ဘဲ ‌ရေနေအပင်တွေဟာလည် ရေထုဂေဟစနစ်ကို ရေရှည်တည့်တံ့အောင် ပံ့ပိုးကူညီပေးနေလျက်ရှိတာမို့ အားလုံးအတူတူ ဝိုင်းဝန်းထိန်းသိမ်းကြပါစို့။ ရေးသားသူ - ဖိုးကျား (EHS Myanmar) Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #AquaticPlants #underwaterplants#aquaticecosystem

Week-3 ရဲ့အဖြေမှန်ကတော့ 3% ပဲဖြစ်ပါတယ် -------------------------------------------------- ဒီ‌ရေတောကိုမြန်မာနိုင်ငံမှာ ကမ္ဘာ့ဒ
Week-3 ရဲ့အဖြေမှန်ကတော့ 3% ပဲဖြစ်ပါတယ် -------------------------------------------------- ဒီ‌ရေတောကိုမြန်မာနိုင်ငံမှာ ကမ္ဘာ့ဒီရေတော 4%နဲ့ အ‌ရှေ့တောင်အာရှဒီ‌ရေတောရဲ့ 8.8% ပမာဏတည်ရှိနေတာပဲဖြစ်ပါတယ်။ ကမ်းရိုးတန်းတစ်လျှောက်မှာတွေ့ရှိရပြီး ရေ၀ပ်‌‌ဒေသရှိbiodiversityအတွက်ကျက်စားရာနေရာဖန်းတီးပေးမှု, ကာဗွန်စုပ်ယူမှူ အားကောင်းတာကြောင့်မြေဆီလွှာတိုက်စားခြင်း,နဲ့ ရာသီဥတုဖောက်ပြန်ခြင်းတို့ကိုကာကွယ်ပေးနိုင်မှုတို့ကြောင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအတွက် အရေးပါလွန်းလှတဲ့ အပင်ပဲဖြစ်ပါတယ်။ ဒါ့ပြင် တန်ဖိုးရှိရင်းမြစ်များနဲ့ငါးလုပ်ငန်းကိုပံ့ပိုးပေးတာကြောင့် စီးပွားရေးလုပ်ငန်းအတွက်လည်းအရေးပါတဲ့နေရာမှာပါ၀င်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဒီရေတောရဲ့ 3%ကပဲ protected area ထဲမှာပါ၀င်ပြီး အများစုကို‌တော့ ဧရာ၀တီတိုင်းဒီ‌ရေတာနယ်မြေ,ရခိုင်နဲ့ တနင်္သာရီတိုင်းရဲ့ ကမ်းရိုးတန်းဒေသမှာ တွေ့ရပါတယ်။ #EHSMyanmar #WorldWetlandsDay2024 #Quiz #Week3

photo content

ဆက်လက်၍ ကနဖော့မျိုးစိတ်များ (Enhydra fluctuans) အကြောင်းကို ဖော်ပြလိုပါသည်။ ကနဖော့ပင်များသည် ရေချိုရေအိုင်တွင်သာ အပေါက်များလေ့ရှိကြသည်။ အခေါင်းပွ ပင်စည်များကိုလည်း ပိုင်ဆိုင်ထားကြသည်။ ၎င်းပင်စည်တို့သည် ရှည်လျားပြီး ရေပြင်ညီတစ်လျှောက်တွင် တစ်ပြေးညီတည်း ကြီးထွားကြသည်။ ထိုသို့တွားသွား၍ ပေါက်ရောက်သောကြောင့် Trailing Floating Plant ဟူ၍ ထပ်ပေါင်း ခွဲခြားသတ်မှတ်ထားပြန်ရှိလေသည်။ ကနဖော့ပင်တို့သည် ပင်ပိုင်းမျိုးပွားနည်းဖြင့် မျိုးပွားကြသောကြောင့် အချိန်တခဏ အတွင်းပင် အခင်းကြီးအဖြစ်သို့ တိုးပွားလာနိုင်ပေသည်။ သို့သော် တစ်နှစ်ခံ ပင်ပျော့မျိုးများသာ ဖြစ်လေသည်။ ဆေးဘက်ဆိုင်ရာနယ်ပယ်များတွင်သာ တွင်တွင်ကျယ်ကျယ် အသုံးပြုသည်များသာ တွေ့ရပေသည်။ ကင်ဆာရောဂါများ၊ ဝမ်းလျှောရောဂါများ၊ ဆီးချိုရောဂါများ ကုသရာတွင် အထူးသုံးသည်ဟု ဆို၏။ ထီးတည်းထွက်ပင် (emergent plant) ။ ။ ထီးတည်းထွက်ပင်ဟု ဆိုရခြင်းမှာ ဤအပင်မျိုးတို့သည် ရေမျက်နှာပြင်ပေါ်သို့ ထင်ရှားစွာ တိုးထွက်နေသောကြောင့် ဖြစ်ပေသည်။ အမြစ်တစ်ခုထဲကပင် ‌ရေ၏ မျက်နှာပြင်အောက်တွင် တည်ရှိ၍ ကျန်သော အရွက်များ၊ ပင်စည်များ၊ အပွင့်များသည် ရေ၏ မျက်နှာပြင်အပေါ်တွင်သာ ရှိပေသည်။ ထိုထီးတည်းထွက်နေသော အပင်အစိတ်အပိုင်းတို့သည် များသောအားဖြင့် အရှည် ၃ ပေမှ ၆ ပေအထိ ရှိတက်၏။ သို့သော် တစ်ချို့သော မျိုးစိတ်များတွင်မူ အရှည် ၁ လက်မခန့် ဝန်းကျင်သာ ရှိတက်ကြ၏။ ဥပမာ - ကတောက်စပ် (Monochoria vaginalis) သည်လည်း ထီးတည်းထွက်ပင် အမျိုးအစားတွင် ပါဝင်၏။ ကတောက်စပ်ပင် တို့သည် အင်းအိုင်ရေစပ်များတွင် ပေါက်လေ့ရှိ၏။ ၎င်းအပင်တို့၏ အပွင့်သည် ဗေဒါပွင့်များနှင့် ဆင်၏။ အရွက်များသည် အသဲပုံသဏ္ဌာန်ရှိ၏။ အရွက်နှင့် ပင်စည်များသည် ‌ရေမျက်နှာပြင်ပေါ်တွင် တိုးထွက်ကြီးမား၍ ပွားများကြ၏။ အရောင်အသွေးနှင့် ပုံသဏ္ဌာန်မှာ ထူးခြားသော‌ကြောင့် အလှစိုက်ရန် အသုံးပြုမှုများ ရှိပေသည်။ ထို့အပြင် ပန်းနာရင်ကျက်၊ အသည်း၊ အစာအိမ်၊ သွားကိုက်ခြင်း စသည့် ရောဂါများအတွက် ဆေးထုတ်လုပ်ရာတွင် အသုံးပြုမှုများ ရှိသည်။ 🌱 ရေနေပင်များအား ထိန်းသိမ်းခြင်း အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ရေနေအပင်တို့သည် အစာအာဟာရကိုလည်း ထောက်ပံ့၏။ ရေထုဂေဟစနစ်ကိုလည်း ထောက်ပံ့၏။ လူထု စီးပွားကိုလည်း တိုးစေ၏။ လူထု ကျန်းမာရေးကိုလည်း ပံ့ပိုး၏။ ညစ်ညမ်းမှုများကိုလည်း သန့်စင်ပေး၏။ ဤသည်မှာ ရေနေအပင်များ၏ အကျိုးရှိပုံ အရေးကြီးပုံကို ညွှန်ပြ၏။ ရေနေပင် မျိုးတုံးလျှင် ဂေဟစနစ်ပြောင်းလဲမည်။ ပျက်စီးနိုင်မည်။ ‌ဂေဟစနစ်ပျက်စီးလျှင် လူတို့ စီးပွားရေး၊ လူမှုရေး ကျပ်တည်း ပျက်စီးနိုင်ချေရှိသည်။ တစ်နည်း စားဝတ်နေရေး ပျက်ကပ်ဆိုက်တက်၏။ ထို့ကြောင့် လူတို့ ရှင်သန်ရပ်တည်နိုင်ရန် (သို့မဟုတ်) စားဝတ်နေရေး အဆင်ပြေစေနိုင်ရန် ‌ဂေဟစနစ်သည် လွန်စွာအရေးပါ၏။ ဆက်စပ်၍ ‌ရေနေပင်တို့သည် ‌ဂေဟစနစ်အား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့သောကြောင့် ‌ရေနေပင်တို့အား ထိန်းသိမ်းသင့်ရာ၏။ တိုက်တွန်းလျက်။ ။ ရေးသားသူ - ဓနိ (EHS Myanmar) ကိုးကား - Grade 10 Biology ပြဌာန်းစာအုပ်, sciencing.com, www.floweradvisor.com --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #AquaticPlants #underwaterplants #aquaticecosystem

ရေမြုပ်ပင် (submerged plant) ။ ။ ရေမြုပ်ပင်ဟုသတ်မှတ်ထားသည့်အတိုင်း ၎င်းအပင်မျိုးတို့သည် ရေမျက်နှာပြင်အောက်၌ မြုပ်၍ ကြီးထွားလေ့ရှိသည်။ ရေမျက်နှာပြင်ပေါ်သို့ တက်လာ၍ မျောပါနေခြင်း မရှိပေ။ ၎င်းတို့၏ အရွက်နှင့် ပင်စည်တို့တွင် လေအိတ်ငယ်များ ပါရှိသည်။ ထိုလေအိတ်ငယ်များကြောင့် ရေမြုပ်ပင်များသည် ရေမျက်နှာပြင်နားအထိ နီးကပ်စွာ တက်လာနိုင်ခြင်း ဖြစ်လေသည်။ ဤသို့တက်နိုင်မှသာလျှင် ၎င်းတို့သည် နေရောင်ခြည်ကို ကောင်းစွာ ရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် ရေမြုပ်ပင်တို့၏ အမြစ်များသည် ရေမျက်နှာပြင်အောက်ရှိ ရေအောက်ကြမ်းပြင်၌ ကုပ်တွယ် ပွားများနေလေ့ရှိသည်။ ငါးရှဉ့်မြက်ဟုခေါ်သော အပင်မျိုးသည် ရေမြုပ်ပင်အမျိုးအစားဟု ခေါ်ဆိုနိုင်သည်။ ငါးရှဉ့်မြက်တို့သည် ရေချို‌ရေအရင်းအမြစ်၏ ရေအောက်ကြမ်းပြင်၌ ကုပ်တွယ်ပြီး ရေမျက်နှာပြင်အောက်တွင်သာ ပေါက်ရောက်ကြသည်။ ငါးရှဉ့်မြက်တို့သည် ကြီးထွားမှုနှုန်းမြန်ပြီး ၎င်းတို့၏ အရွက်အရှည်မှာ ၁၅ စင်တီမီတာမှ ၂၀ စင်တီမီတာအထိ ရှိ၏။ တစ်ချို့ငါးရှဉ့်မြက်၌ ၃၀ စင်တီမီတာမှ ၆၀ စင်တီမီတာအထိ ရှိကြ၏။ ထိုအခါတွင် ငါးရှည့်မြက်တို့သည် မျိုးပွားနှုန်း ပျံ့နှံ့နှုန်း နှေးလေ့ရှိသည်။ ငါးရှဉ့်မြက်တို့သည် ရေထုကို သန့်စင်ပေးနိုင်ပြီး အစာထောက်ပံ့ပေးနိုင်ခြင်းကြောင့် အလှမွေးငါးကန်များတွင် များသောအားဖြင့် တွေ့ရလေ့ရှိသည်။ စီးပွားဖြစ်သော်လည်းကောင်း၊ အလှမွေးလို၍သော်လည်းကောင်း ငါးမွေးကန်များတွင် စိုက်ပျိုးလေ့ရှိ၏။ ၎င်းငါးမွေးမြူရေးလုပ်ငန်းများတွင် ငါးရှဉ့်မြက်များ အပါအဝင် အခြားရေနေအပင်တို့၏ စီးပွားရေးစျေးကွက်သည် အင်မတန်ကျယ်ပြန့်ပေသည်။ ထိုသို့သော ရေနေအပင်တို့နှင့် စီးပွားရေး လုပ်ရသည်ဖြစ်သည့်အတွက် ရေနေအပင်များကို သေချာစွာ စီမံခန့်ခွဲရ၏။ ပြုစုရ၏။ စောင့်ရှောက်ရ၏။ ဤလုပ်ဆောင်ချက်များကို ကြည့်ခြင်းအားဖြင့် စီးပွားရေးအရ အရေးပါနေ‌သော ‌ရေနေအပင်တို့သည် မျိုးတုံးမှု အန္တရာယ် ရာခိုင်နှုန်းနိမ့်ကြောင်း ခန့်မှန်းနိုင်ပေမည်။ ငါးရှဉ့်မြက်သည်လည်း အပါအဝင်ဖြစ်ပေသည်။ ရေဖော့ပင် (floating plant) ။ ။ ရေ၏မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်ပေါက်ရောက်သော ရေနေပင်မျိုးများကို ‌ရေဖော့ပင်မျိုးဟု ခေါ်၏။ ဥပမာ - Eichhornia crassipes အမည်ရှိ ဗေဒါပင်မျိုးစိတ်ကို ကြည့်ပါ။ ဗေဒါတွင် ဖောင်းပွနေသော ရွက်ညှာများရှိ၏။ ထိုရွက်ညှာများတွင် လေအိတ်များပါရှိ၏။ ထိုလေအိတ်များသည် ရေပေါ်တွင် လွတ်လွတ်လပ်လပ် မျောပါနိုင်စေရန် စွမ်းဆောင်ပေး၏။ အစုလိုက်အပြုံလိုက် ပေါက်ရောက်လေ့ရှိသောကြောင့် အထွေးလိုက်အပိုက်လိုက် လွတ်လွတ်လပ်လပ် ရေပေါ်တွင် ပေါလောမျောသော သဘာဝရှိ၏။ ရေချိုတွင် ပေါက်ရောက်ကာ ရေထု‌ဂေဟစနစ်ကိုလည်း ပြုပြင်၏။ ထို့ကြောင့်ပင် ရေဖော့ပင် အမျိုးအစား ဟုဆိုလေသည်။ လွတ်လွတ်လပ်လပ် ပေါက်ရောက် မျောပါနိုင်သောကြောင့် Free Floating Plant ဟု အမျိုးအစား ထပ်ခွဲကာ သတ်မှတ်ထားရှိပေသည်။ ဗေဒါတို့သည် ‌ရေထဲမှ ညစ်ညမ်းသော ဒြပ်များကို စုပ်ယူချေဖျက်နိုင်စွမ်းရှိပေသည်။ စုပ်ယူချေဖျက်နိုင်စွမ်းလည်း အားကြီး၏။ ၎င်းစွမ်းရည်မျိုးရှိသော ဤဗေဒါပင်များကို ရေကန်၊ ရေအိုင်များ သန့်စင်ခြင်း လုပ်ငန်းစဥ်များတွင် များစွာတွေ့ရှိရတတ်​၏။ ထို့အပြင် ဆီးကျောက်ရောဂါ၊ အစာအိမ်ရောဂါ နှင့် ဆီးချိုသွေးချိုရောဂါ များအတွက် ဆေးဝါးများ ဖန်တီး ထုတ်လုပ်သောအခါများတွင်လည်း ဗေဒါပင်များကို အသုံးပြုကြရ၏။ တစ်ဖန် မွေးမြူရေးလုပ်ငန်းများတွင်လည်း တိရစ္ဆာန်များအတွက် အစာအာဟာရအဖြစ်လည်း အသုံးပြုကြ၏။ ထို့သို့ နယ်ပယ်အမျိုးမျိုးတွင် အသုံးပြု၍ ရခြင်းမှာ မျိုးပွားမှုနှုန်းများခြင်းကြောင့်ဟု ဆိုအပ်၏။ ဗေဒါတို့သည် အပင်တစ်ပင်မှ မျိုးစေ့ပေါင်း တစ်ထောင်ကျော် ထုတ်လုပ်နိုင်စွမ်းရှိသည်ဟုလည်း လေ့လာတွေ့ရှိထားပါသည်။ ထိုမျိုးစေ့များသည်လည်း ၂၈ နှစ်ကြာ မျိုးအောင်နိုင်စွမ်းရှိပေသည်။ ထို့ကြောင့် ဤဗေဒါမျိုးသည်လည်း မျိုးတုံးလုနီး မျိုးစိတ်တွင် မပါရှိသေးကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။ တစ်ဖန် ကြာပင်မျိုးစိတ်များ (Nelumbonaceae sp:) သည်လည်း ရေဖော့ပင်မျိုးများပင် ဖြစ်လေသည်။ သို့ပေသည့် ၎င်းတို့သည် ရေအောက်ကြမ်းပြင်တွင် အမြစ်တွယ်ကာ ပေါက်ရောက်ရ၏။ အရွက်နှင့် အပွင့်သာလျှင် ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေလေ့ရှိသည်။ ထိုသို့သော အချက်များကြောင့် ကြာမျိုးစိတ်နှင့် ကြာမျိုးစိတ်ကဲ့သို့သော ပေါက်ရောက်ပုံ အလေ့အထတူညီသည့် ရေနေပင်မျိုးများကို Submerged Floating Plant ဟု ထပ်ပေါင်း ခွဲခြားထားပေသည်။ ကြာတို့သည် ရေချိုတွင်သာ ပေါက်ရောက်ကြ၍ အရောင်အသွေးလည်း စုံလင်ကြ၏။ နယ်ပယ်အမျိုးမျိုးတွင်လည်း အသုံးတည့်လှ၏။ ကြာသီး၊ ကြာစေ့၊ ကြာမြစ်၊ ကြာစွယ်များဆိုလျှင် ဟင်းလျာ ချက်ပြုတ်စားသောက်၍ ရ၏။ အချိုပွဲများလည်း ပြုလုပ်၍ ရ၏။ စီးပွားလည်း ဖြစ်၏။ ကြာစေ့များ၏ ထူးခြားချက်မှာ နှစ်ပေါင်း ၂၇၀ မျိုးအောင် နိုင်သည်ဟု ဆို၏။ တစ်ဖန် ကြာနွယ်၊ ကြာရိုးတို့မှလည်း ကြာချည်များ ထုတ်လုပ်၍ ရိုးရာအထည်များကို ဖန်တီးနိုင်သေး၏။ ပွင့်ဖတ်နှင့် ဝတ်ဆံ များသည်လည်း ဟင်းခတ်အမွှေးအကြိုင်များအဖြစ်သို့ ပြောင်းလဲ အသုံးပြုနိုင်သေး၏။

ရေနေပင် အမျိုးအစား အမျိုးမျိုး ----------------------------------------------- EHS Myanmar | 25.2.2024 🌱 ရေနေပင်များ အကြောင်း အပင်များသည် ဂေဟစနစ်တစ်ခုလုံး၏ ထောက်တိုင်တစ်ခုဟု ဆို၏။ အပင်များသည် အစာကို ထုတ်၏။ နေရာထိုင်ခင်းကို ပေး၏။ ဥတုကို ဖန်တီး၊ ပြုပြင်တတ်​၏။ ထိုသို့သော စွမ်းဆောင်ရည်များကြောင့် သက်ရှိတို့သည် ဤဂေဟစနစ်တွင် အပင်များကို မှီလျက် အသက်ရှင်နေထိုင်နိုင်ခြင်းဖြစ်လေသည်။ တစ်ဖန် သဘာဝသည် ကုန်းမြေပြင်ပေါ်တွင် နေထိုင်လျက်ရှိသော သက်ရှိတို့အတွက် ကုန်းမြေပြင်‌ဂေဟစနစ်ကို ဖန်တီးပေးထားသည်။ ထိုဖန်တီးမှုအား ကုန်းပေါ်တွင် ပေါက်ရောက်လျက်ရှိသော အပင်များက ဦးဆောင်စီမံ၏။ ထို့အတူ ရေထု‌ဂေဟစနစ်တွင်လည်း ရေနေအပင်တို့က ဦးဆောင်၍ ဖန်တီး၏။ ရေနေအပင်များသည် ရေနေသက်ရှိတို့အား အစာပေး၏။ အိမ်အဖြစ် အကာအကွယ်ပေး၏။ မျှတသော ဥတုကို ဖြစ်စေ၏။ ညစ်ညမ်းမှုများကိုလည်း သန့်စင်ပေးနိုင်စွမ်းရှိ၏။ အစာကွင်းဆက်၏ သဘာသဘာဝအရ ရေနေအပင်သည် ရေနေသက်ရှိအားလုံးအတွက် အစာကို ပင်မထုတ်လုပ်ပေးသူ ဖြစ်သည်။ ရေနေအပင်များသည်လည်း ကုန်းပေါ်ရှိ အပင်များနည်းတူ အလင်းမှီစုအစာဖွဲ့စည်းခြင်းလုပ်ငန်းစဥ်ကို လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ ရေအောက်အတွင်းမှနေကာ နေရောင်ခြည်ကို ယူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ် နှင့် ရေကိုအသုံးပြုကာ အစာကို ထုတ်လုပ်၏။ ရေနေသက်ရှိ တို့သည် ထိုထုတ်လုပ်ပေးသော အစာကို စားသုံး၍သော်လည်းကောင်း၊ ရေမှ အောက်စီဂျင်ကို စစ်ထုတ်၍သော်လည်းကောင်း ရေနှင့် အစာကို အသုံးပြုကာ အသက်ရှင်ကြရ၏။ ၎င်းအောက်စီဂျင်ကိုလည်း ရေနေအပင်များသည် အလင်းမှီစုအစာဖွဲ့စည်းခြင်း လုပ်ငန်းစဥ်ဖြင့် ဖန်တီး ထုတ်လုပ်ပေးလေ့ရှိသည်။ အောက်စီဂျင်ဒြပ်များနည်းတူ အခြားဒြပ်စင်၊ ဒြပ်ပေါင်းများသည်လည်း ‌ရေထုထဲ၌ ပျော်ဝင်တည်ရှိနေပေသည်။ ၎င်းဒြပ်များသည် ၎င်းတို့၏ သင့်တင့်ရာ ပမာဏအလျောက် ရောနှောပေါင်းစပ်လျက်ရှိသည်။ ထိုပါဝင်နေသော အရေအတွက် အနည်းအများ ပမာဏသည် ရေထုအတွင်းရှိ ပူခြင်း၊ အေးခြင်း၊ တစ်နည်း ဥတုကို ဖန်တီးပေး၏။ ပမာဏများ ညီမျှမှု လွဲချော်သွားလျှင် ရေထု၏ ‌ဥတု တစ်နည်း ဂေဟစနစ် ဖောက်ပြန်ပြောင်းလဲနိုင်ချေရှိ၏။ ဖောက်ပြန်ပြောင်းလဲခြင်းများအား လျော့နည်းစေရန် ပျော်ဝင်နေသော ဒြပ်ပါဝင်မှု ပမာဏများကို ထိန်းညှိရန် လို၏။ ထိုထိန်းညှိသော လုပ်ငန်းစဥ်ကိုလည်း ရေနေအပင်များက ဦးဆောင်ကာ ပူးပေါင်းပါဝင် လုပ်ဆောင်ပေးလေသည်။ လုပ်ဆောင်ပေးနိုင်စွမ်းလည်း ရှိ၏။ ဥပမာ - ရေထုတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်များ များပြားလာပြီး ရေထုအပူချိန် တိုးပွားလာလျှင် ရေနေအပင်များသည် ထိုကာဗွန်ဒိုင်အောက်ဆိုဒ်များကို စုပ်ယူသုံးစွဲကာ အပူချိန်ကို ထိန်းညှိပေးလေသည်။ ရေနေအပင်များသည် ၎င်းတို့၏ မျိုးစိတ်အလိုက် အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို ထောက်ပံ့သည့်အပြင် လူတို့၏ စီးပွားရေး၊ လူမှုရေးကိစ္စများတွင်လည်း တွင်ကျယ်စွာ အကျိုးပြုလျက်ရှိသည်။ မျိုးစိတ်အလိုက်ဟူ၍ ဆိုရခြင်းမှာ ရေနေအပင်များတွင်လည်း မတူညီကွဲပြားလျက် ရေထုဝန်းကျင်တွင် အပြိုင်အဆိုင် ရှင်သန်ပေါက်ရောက်နေသော အပင်မျိုးကွဲများစွာရှိပေသည်။ ထိုမျိုးစိတ်မျိုးကွဲတို့သည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ကူညီထောက်ပံ့လျက်ရှိ၏။ ထို့ကြောင့် မည်သို့သော အပင်မျိုးစိတ်မျိုးကွဲများသည် မည်သို့သော နည်းလမ်းများဖြင့် အဘယ်သို့သော နေရာ၊ နယ်ပယ်များတွင် မည်သို့မည်ပုံ ရှင်သန်နေကြောင်းကို ဆက်လက်၍ ဖော်ပြသွားပါမည်။ 🌱 ရေနေပင် အမျိုးအစားများ ဂေဟစနစ်အား ထိန်းညှိပေးလျက်ရှိသော ရေနေအပင်များသည်လည်း အသက်မွေးရ၏။ ၎င်းတို့ အသက်မွေးရန် နေရောင်ခြည်ကို အဓိကလို၏။ မြေဩဇာလည်း လို၏။ ရေနေအပင် ဖြစ်သည့်အလျောက် ရေထုသည်လည်း လို၏။ နေရောင်ခြည်သည် အစာချက်လုပ်ရန်၊ မြေဩဇာသည် ကြီးထွားရန် ထောက်ပံ့သကဲ့လို့ ရေထုသည်လည်း ရေနေအပင်၏ သဘာဝအရ ပေါက်ပွားရာနေရာဒေသ ဖြစ်သွားကြောင့် အထူးလိုအပ်ပေသည်။ ရေနေအပင်တို့သည် ရေထုအမျိုးအစား အပေါ်လိုက်၍ သော်လည်းကောင်း ရာသီဥတုကို လိုက်၍သော်လည်းကောင်း အမျိုးအမျိုး အသွယ်အသွယ် ကွဲပြားစွာ ပေါက်ဖွားရှင်သန်ကြသည်။ ထိုသို့ အမျိုးအမျိုး အသွယ်အသွယ် ပေါက်ရောက် ရှင်သန်ကြသော ရေနေအပင်များကို ၎င်းတို့၏ ပေါက်ရောက်မှု ပုံစံ အလေ့အထကို လိုက်၍ သုံးမျိုး၊ သုံးစား ခွဲခြား၍ သတ်မှတ်ထားပေသည်။ ရေမြုတ်ပင် (submerged plant) ဟုတစ်မျိုး၊ ရေဖော့ပင် (floating plant) ဟုတစ်ဖုံ၊ ထီးတည်းထွက်ပင် (emergent plant) ဟုတစ်သွယ် ကွဲပြားစွာ ခွဲခြားတွေ့ရှိရ၏။

Answer Quiz and Get Discount Week-3🔎 ----------------------------------------------------- တတိယအပတ်အတွက် ဖြေဆိုရမယ့် မေးခွန်
Answer Quiz and Get Discount Week-3🔎 ----------------------------------------------------- တတိယအပတ်အတွက် ဖြေဆိုရမယ့် မေးခွန်းလေးကိုတော့ ပုံမှာဖော်ပြထားပါတယ်။ အဖြေကို Comment မှာ ဖြေဆိုခဲ့ရမှာ ဖြစ်ပြီး အင်္ဂါနေ့ ည ၈နာရီထိ ဖြေလို့ရပါတယ်ရှင့်။ အဖြေမှန်ကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်တင်ပေးသွားမှာ ဖြစ်ပါတယ်။ အဖြေမှန်သူများကို Email မှတဆင့် ၇ရက်အတွင်း discount coupon များပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။ လျော့ဈေးပေးထားတဲ့ အတန်းအသေးစိတ်ကိုတော့ အောက်မှာလေ့လာနိုင်ပါတယ်နော်။ 👇👇👇 https://www.facebook.com/ehsmyanmar/posts/pfbid0REqn6G67B6rrmzrra1fUM1CXSudZAiTLE8aX3poFK9HXb5Eai7t5fzg9M5R8FYvxl Sharing is Caring ဖြစ်လို့ အခြားသူတွေလည်း သိအောင် Share ပေးသွားအုံးနော်။🤗 #EHSMyanmar #WorldWetlandsDay2024 #Quiz #Week3

photo content

“Eco-Warriors Unite : Empowering Youths for Environmental Action” Podcast Available Now on EHS Myanmar —-------------------------------------------------------------------------------------------------------- Eco-Warriors Unite podcast မှာ ဆိုရင် သဘာဝပတ်ဝန်းကျင်နယ်ပယ်ထဲကို အခုမှစတင် ခြေလှမ်းမယ့် လူငယ်တွေ အတွက် အကြံဉာဏ်ကောင်းတွေ၊ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ရင်ဆိုင်နိုင်နည်းတွေကို အတွေ့အကြုံရှိ ဆရာနှင့်အတူ ဆွေးနွေးထားတာဖြစ်လို့ နားထောင်သင့်တဲ့ podcast တစ်ခုပဲဖြစ်ပါတယ်။ Podcast လေးဟာ ကြာချိန်ဘယ်လောက်မှမရှိလို့ လူငယ်တွေကော လူကြီးတွေအနေနဲ့ကော ကိုယ်ပိုင် အားလပ်ချိန်တွေမှာ ဝင်ရောက်နားထောင်ဖို့လဲ တိုက်တွန်းလိုက်ရပါတယ်နော်။ အခု Podcast ကိုတော့ EHS Myanmar ရဲ့ Official Website ဖြစ်တဲ့ www.ehsmyanmar.org မှာ နားဆင်နိုင်သလို့ Spotify, Apple Podcast, Google Podcast, Anchor FM, Aamzon Music, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီပဲ ဖြစ်ပါတယ်။ Website - https://www.ehsmyanmar.org/podcast-1 Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq Apple Podcast - https://podcasts.apple.com/.../ehs.../id1554795854... Google Podcast - https://www.google.com/podcasts?feed=aHR0cHM6Ly9hbmNob3IuZm0vcy80ZGIyM2M2NC9wb2RjYXN0L3Jzcw== Amazon Music - https://music.amazon.com/.../c7d725f7-4521-4fec-9886... --------------------------------------------- Don't forget to join our Telegram Channel - https://t.me/ehsmyanmar #EHSMyanmar #podcast #sustainable #environmental #youthempowerment #Myanmar

photo content

Green Credit Webinar မှာ ဖိတ်ကြားထားတဲ့ Speaker က ဘယ်သူဖြစ်မလဲ 🧐 -------------------------------------------------------------------- Guest Speaker အဖြစ်ဖိတ်ကြားထားတဲ့ဆရာမကတော့ အစိုးရဌာနများ၊ UN များ၊ INGO များနှင့် အခြား ပုဂ္ဂလိကကဏ္ဍများတွင် ၂၇နှစ်ကျော်အတွေ့အကြုံရှိသည့် ဆရာမ “ချမ်းမြသီတာကျော်” ဖြစ်ပါတယ်ဗျ။ 🥰 ဆရာမဟာဆိုရင်ဖြင့် Awng Dang Awng Co., Ltd. ရဲ့ Director တစ်ဉီးဖြစ်ပြီး မြန်မာနိုင်ငံတွင် Carbon Emission Project ကိုလုပ်ဆောင်နေသူတစ်ဉီးဖြစ်ပါတယ်။ ထို့အပြင်ဆရာမသည် Myanmar State Action Plan (SAP) on Aviation CO2 Emission Reduction Activities to ICAO, G100 WEF WICCI Worldwide, Myanmar Climate Action Network (M-CAN) by UN-Habitat and EU, Myanmar Sustainable Business Network by UNDP, MCRB & Yever, Nationally Determined Contributions (NDCs) to UNFCCC, National Greenhouse Gas Inventory & Mitigation Option for Second National Communications (SNCs) to UNFCCC စသောအဖွဲ့အစည်းများ၏ အဖွဲ့ဝင်တစ်ဉီးဖြစ်ပြီး Vulnerability & Adaptation (V&A) for SNCs to UNFCCC ရဲ့ 'National Member' တစ်ဉီးလည်းဖြစ်ပါတယ်။ ဒါတွေမကသေးပါဖူး Win Oshe Safety Academy နှင့် Myanmar World Safety Organizationတွင် Certified Instructor and Credential Inspector တစ်ဦးအဖြစ်လည်း လုပ်ဆောင်နေပါတယ်ဗျ။ ဆရာမဟာဆိုရင်ဖြင့် မြန်မာနိုင်ငံမှာ Carbon Credit နဲ့ Plastics Credit တို့ကို စတင်အကောင်အထည်ဖော် လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ လူသိနည်းသေးတဲ့ Carbon Credit, Plastic Credit တွေရဲ့အကြောင်းကို အတွေ့အကြုံရှိတဲ့ ဆရာမက Knowledge Sharing လုပ်ပေးမှာဖြစ်တဲ့အတွက် အခုပဲ Register လုပ်ထားလိုက်ပါနော်။🤗 Registration Form Link>>>>>>>>>>>>>>>> https://docs.google.com/.../1FAIpQLSdz0osPUMq.../viewform... #EHSMyanmar #CarbonCredit #GreenCredit #Webinar #GreenFuture

📣အသိပေးကြေငြာခြင်း📣 ---------------------------------- 🎯ကျွန်မတို့ EHS Myanmar Team Member များ၏ Email Hosting (@ehsmyanma
📣အသိပေးကြေငြာခြင်း📣 ---------------------------------- 🎯ကျွန်မတို့ EHS Myanmar Team Member များ၏ Email Hosting (@ehsmyanmar.org) ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်လျက်ရှိပါသည်။ 🎯ထို့အတွက်ကြောင့် EHS Myanmar Team Member များ ၏ Personal Email အဝင်အထွက်များကို (၁၀) ရက်နီးပါး (ဖေဖော်ဝါရီလ ၂ရက်နေ့အထိ) အသုံးပြုလို့ရနိုင်မဟုတ်သေးသည့်အတွက် အလုပ်နှင့်ဆိုင်သည့်ကိစ္စရပ်များရှိပါက EHS Myanmar ၏ main email "myanmarehs@gmail.com" သို့ဆက်သွယ်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။ အဆင်မပြေမှုများရှိခဲ့သည့်အတွက်တောင်းပန်အပ်ပါသည်ရှင့် 🥰🙏 #EHSMyanmar #announcement #Email

photo content

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ရေနေအပင်များ၏အရေးပါသော အခန်းကဏ္ဍ ----------------------------------------------- EHS Myanmar | 20.2.2024 ကျွန်တော်တို့ရဲ့ ရေအောက်ဂေဟစနစ်မှာ မထင်ရှားပေမယ့် အရေးပါတဲ့ သူရဲကောင်းတွေဖြစ်ကြတဲ့ ရေနေအပင်တွေအကြောင်း လေ့လာကြရအောင်! ရေအောက်က အံ့ဖွယ်အလှတရားတွေဖြစ်တဲ့ ရေနေအပင်လေးတွေဟာ ရေအောက်ဂေဟစနစ် ရေရှည်တည်တံ့ဖို့ ထိန်းသိမ်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ သင်သိပါသလား? 🪷 ရေနေအပင်လေးတွေဟာ ရေထုအတွင်းက ဖော်ဖစရပ်စ် (phosphorus) နဲ့ နိုက်ထရိုဂျင် (nitrogen) လို မလိုလားအပ်တဲ့ ပိုလျှံအာဟာရဓာတ်တွေကို စုပ်ယူဖယ်ရှားပေးပြီး အောက်ဆီဂျင် (oxygen) ပါဝင်နှုန်းကိုလည်း မြှင့်တင်စေကာ ရေထုရဲ့ သဘာဝရေသန့်စက်တွေအဖြစ် ဆောင်ရွက်ပေးပါတယ်။ 🪷 ရေထုအတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို စုပ်ယူပြီး ကမ္ဘာကြီးပူနွေးလာမှုကို လျော့ပါးသက်သာစေဖို့ ကာဗွန်စုပ်စင်တွေအဖြစ်လည်း လုပ်ဆောင်သေးတယ်။ 🪷 ဒီရေအောက်အံ့ဖွယ်တွေက ပတ်ဝန်းကျင်ကို လှပစေရုံတင်မက ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာလည်း မရှိမဖြစ်လိုအပ်တယ်ဆိုတာကို မေ့ထားလို့ မရဘူးနော်။ ဒါကြောင့် ယနေ့ခေတ်ကမ္ဘာကြီးမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ရာသီဥတုပြောင်းလဲမှု ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ရေနေအပင်လေးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို သိရှိနားလည်ပြီး တန်ဖိုးထားဖို့ လိုအပ်ပါတယ်။ ရေနေအပင်တချို့ကိုပါ နမူနာအနေနဲ့ လေ့လာကြည့်ရအောင်! 🌱 ဗေဒါပင် - Water Hyacinth (Eichhornia crassipes) ရေဖော့အပင်အမျိုးအစားဖြစ်တဲ့ ဗေဒါပင်ခရမ်းရောင်လေးတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တကူမြင်တွေ့ရပါတယ်။ ဒါပေမယ့် လျင်မြန်စွာ မျိုးပွားနိုင်စွမ်းရှိသောကြောင့် စနစ်တကျ မစီမံဘူးဆိုရင် ဂေဟဗေဒဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကိုတော့ သတိပြုဖို့ လိုပါတယ်။ ဗေဒါပင်လေးတွေဟာ ရေထုကို အရိပ်ပေးပြီး အလင်းရောင်ဝင်ရောက်မှုကို လျှော့ချပေးတာကြောင့် ရေညှိကြီးထွားမှုကို တားဆီးပေးပါတယ်။ 🌱 ရေမှော် - Hornwort (Ceratophyllum demersum) ဖြာထွက်နေတဲ့ ရိုးတံတွေနဲ့ အစိမ်းရောင်အရွက်ထူထူတွေရှိတဲ့ ရေမြုတ်ပင်တစ်မျိုးဖြစ်ပြီး ငါးတွေနဲ့ ကျောရိုးမဲ့သတ္တဝါတွေအတွက် အကာအကွယ်အဖြစ် ဆောင်ရွက်ပေးပါတယ်။ ပိုလျှံနေတဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်တာကြောင့် ရေညှိတွေ ပွားလာတာကို ထိန်းချုပ်ပေးပါတယ်။ 🌱 ကျူပင်များ - Reed (Phragmites australis) ရှည်လျားပြီး ငှက်မွှေးလို ပန်းခိုင်တွေရှိတဲ့ ထီးတည်းထွက်ပင်အမျိုးအစား ကျူပင်တွေဟာ ငှက်တွေအတွက် အသိုက်ပြုလုပ်ဖို့နဲ့ ရေနေသတ္တဝါလေးတွေအတွက် ခိုလှုံရာ နေရာ ဖြစ်ပါတယ်။ သူတို့ရဲ့ နက်ရှိုင်းတဲ့အမြစ်တွေက ကမ်းစပ်တွေကို တည်ငြိမ်စေပြီး ရေတိုက်စားခြင်းကို တားဆီးပေးပါတယ်။ စိမ်းလန်းသာယာပြီး ကျန်းမာသန်စွမ်းတဲ့ ကမ္ဘာမြေဖြစ်ဖို့အတွက် ရေနေအပင်လေးတွေ နေထိုင်ရာပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့ အရေးကြီးကြောင်း အသိပညာပေးကြပါစို့။ 🌿💙 ရေးသားသူ - မာရီယာ (EHS Myanmar) ကိုးကား - energy5.com --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #AquaticPlants #underwaterplants #aquaticecosystem