uz
Feedback
EHS Myanmar

EHS Myanmar

Kanalga Telegram’da o‘tish

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Ko'proq ko'rsatish
934
Obunachilar
Ma'lumot yo'q24 soatlar
+47 kunlar
+730 kunlar
Postlar arxiv
photo content

📨EHS Myanmar Is Inviting📨 January 26th မှာကျရောက်တဲ့ “International Environmental Education Day” ကိုဂုဏ်ပြုသောအားဖြင့် EHS Myanmar ကနေ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေကိုစိတ်၀င်စားပြီး တက်တက်ကြွကြွပါ၀င်ချင်တဲ့လူငယ်တွေအတွက် webinar လေးတစ်ခုစီစဥ်ထားပါတယ်။ 🫢 “Eco-warriors unite: Empowering Youths for Greener Tomorrow” လို့အမည်ပေးထားပြီး နာမည်အတိုင်း ပတ်၀န်းကျင်ထိန်းသိမ်းရေးပိုင်းကိုစိတ်အားထက်သန်တဲ့လူငယ်တွေအတွက် ရည်ရွယ်တဲ့ webinar လေးပဲဖြစ်ပါတယ်။ ကိုယ်ကပတ်၀န်းကျင်ထိန်းသိမ်း‌ရေးပိုင်းကိုစိတ်၀င်စားပြီးခြေလှမ်းစလှမ်းချင်တဲ့လူငယ်ဆိုရင် ဒီ webinarလေးကို လာရောက်နားထောင်ဖို့ဖိတ်ခေါ် ပါရစေ။🫶 Webinar ကျင်းပမယ့် နေ့ရက်နဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်‌‌ဝေမျှပေးသွားမှာ ဖြစ်လို့ Page လေးကိုစောင့်ကြည့်ပေးကြပါဦးဗျ။ 🤗 #EHSMM #webianr #InternationalEnvironmentalEducationDay

photo content

🌿၂၀၂၄မှာချမှတ်သင့်တဲ့ ဂေဟဗေဒစနစ်ကို အကျိုးပြုတဲ့ သံန္နိဌာန်များ -------------------------------------------------------------- EHS Myanmar - 19-01-24 🎇နှစ်သစ်၂၀၂၄ခုနှစ်ကို ခရီးဦးကြို ပြုရသည့် ယခုအချိန်အခါသည် နှစ်ဟောင်းတွင် ကျွန်မတို့ နေထိုင်သည့်ပတ်ဝန်းကျင်အပေါ်ကျွန်မတို့ပြုလုပ်ခဲ့သည့်ရွေးချယ်မှုများအပေါ် ဆင်ခြင်သုံးသပ်ရန် နှင့်ကောင်းမွန်သော ပြောင်းလဲမှုများပြုလုပ်ရန်အကောင်းဆုံးအချိန်အခါဖြစ်ပေသည်။နှစ်သစ်တွင်ကျွန်မတို့တစ်ဦးခြင်းစီကိုယ်စီဖြစ်ခြင်သည့်ရည်မှန်းချက်များချမှတ်သကဲ့သို့ မိမိတို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီး ဆက်လက်ရှင်သန်ကျန်းမာနေစေရန်လည်း သံန္နိဌာန်များ ထားရှိရန်လည်း လိုအပ်ပေသည်။ကမ္ဘာမြေကြီး‌အပေါ်တွင်ပဲ အမှီသဟဲပြုရှင်သန်ကြရသည် ဖြစ်သည့်အတွက် ကမ္ဘာမြေကြီးကျန်းမာနေမှ ကျန်ရည်မှန်းချက်များ ဖြစ်မြောက်နိုင်မည်ဖြစ်သည့်အတွက် ဂေဟဗေဒစနစ်ကိုသာမဟုတ်ပဲ မိမိတို့ဘဝအတွက်ပါအကျိုးပြု‌ စေမည့်၂၀၂၄နှစ်သစ်အတွက် လိုက်နာကျင့်သုံးသင့်သော သံန္နိဌာန်များကို မျှဝေလိုက်ရပါသည်။ ၁။ 🍀တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုလျှော့ချခြင်း တစ်ခါသုံးပလတ်စတစ်အသုံးပြုခြင်းကို သိသိသာသာလျှော့ချရန် မိမိကိုယ်ကို ကတိပေးသင့်ပါသည်။ ပလတ်စတစ်အစား အခြားပြန်လည် အသုံးပြု၍ရသော ရေပုလင်း၊ဈေးဝယ်အဝတ်အိတ် စသည်တို့၌သာ ရင်းနှီးအသုံးပြုသင့်ပါသည်။ တစ်ခါသုံးပလတ်စတစ်များကို ရှောင်ကြဉ်သည့် အလေ့အကျင့်လေးမှ အစပြုခြင်းသည် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ကောင်းမွန်သော ပြောင်းလဲမှုဆီ ဦးတည်နိုင်ပေသည်။ ၂။ 🍀အသားစားသုံးမှုလျှော့ကာ အသီးအရွက်စားသည့် အလေ့အကျင့်ကိုမွေးမြူခြင်း အသီးများ၊ အစိမ်းရောင်အရွက်များ စသည် အပင်ထွက်သီးနှံများ ကို မိမိတို့ နေ့စဉ်အစားအသောက်စာရင်းတွင် ထည့်သွင်းနိုင်ရန် စဉ်းစားသင့်ပေသည်။ ထိုကဲ့သို့ အသားစားသုံးမှု လျှော့ချခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေရုံမကပဲ carbon footprint ကိုလည်းလျှော့ချနိုင်ရန် ကူညီရာရောက်ပါသည်။ ၃။ 🍀သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိသည့် ပို့ဆောင်ဆက်သွယ်‌ ရေးကို အသုံးပြုခြင်း လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အများပြည်သူသုံးယာဉ်အသုံးပြုခြင်းကဲ့သို့သောပို့ဆောင်ဆက်သွယ်ရေးအသုံးပြုရန် မိမိကိုယ်ကို commitmentပေးသင့်ပါသည်။ ဖြစ်နိုင်လျှင် လေထုညစ်ညမ်းမှုနှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချရန် လျှပ်စစ်ကားအသုံးပြုခြင်း ကိုလည်းထည့်သွင်းစဉ်းစားသင့်ပါသည်။ ၄။🍀 မိမိတို့အိမ်တွင်စွမ်းအင်သုံးစွဲမှုလျှော့ချခြင်း မလိုအပ်လျှင် မီးပိတ်ထားခြင်း၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကိုအသုံးမပြုချှင်ပိတ်ထားခြင်း၊ စွမ်းအင် ချွေတာသော မီးသီး၊မီးချောင်းများကို ပြောင်းလဲအသုံးပြုခြင်းအားဖြင့် မိမိတို့အိမ်တွင် စွမ်းအင်ချွေတာမှုကို ဦးစားပေးကိစ္စအနေဖြင့် ဆောင်ရွက်နိုင်ပါသည်။ ၅။ 🍀zero-waste မီးဖိုချောင် ဖန်တီးခြင်း မီးဖိုချောင်မှ ထွက်လာသောအမှိုက်များကို မြေဆွေးဖြစ်အောင် စနစ်တကျစွန့်ပစ်ခြင်း၊ ပလတ်စတစ်ဖြင့် ထုတ်ပိုးသောအစားအစာဝယ်ယူမှုမပြုပဲ ပြန်လည်အသုံးပြု၍ရသောဘူး၊ အိတ်များအသုံးပြုကာ ဈေးဝယ်သော အမူအကျင့်ကို ကျင့်သုံးခြင်းဖြင့်လည်း မီးဖိုချောင်မှအမှိုက်ထွက်ရှိမှုကို လျှော့ချနိုင်ပါသည်။ ၆။🍀သတိရှိသောသုံးစွဲမှုကိုလက်ခံကျင့်သုံးခြင်း ပစ္စည်းတစ်ခုခုမဝယ်ယူခင် ထိုပစ္စည်းသည် မိမိအတွက် အမှန်တကယ်လိုအပ်မှုရှိမရှိ၊ ရေရည်ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု ရှိမရှိစသည့် စံနှုန်းများဖြင့် တိုင်းတာဝယ်ယူသည့် အလေ့အကျင့် ကောင်းကိုမွေးမြူသင့်ပါသည်။ ထိုကဲ့သို့ သတိရှိသော ဝယ်ယူသုံးစွဲမှုသည် စွန့်ပစ်အမှိုက်လျှော့ချပေးနိုင်ရုံမကပဲ မလိုအပ်လျှင်အသုံးမပြုသောနည်း minimalist lifestyleကို ပြောင်းလဲ နေထိုင်ခြင်း စသည့်သံန္နိဌာန်များ ထားရှိသင့်ပါသည်။ 🌷အနှစ်ချုပ်ဆိုရသော် နှစ်သစ်သို့ ကူးပြောင်းသည့် အချိန်တွင် မိမိတို့ပတ်ဝန်ကျင် အပေါ် ငြိမ်းအေးချမ်းသာမှုပေးသည့် အထက်ပါ သံန္နိဌာန်များပြည့်မီအောင် ကြိုးစားနေထိုင်ခြင်းဖြင့် ကမ္ဘာမြေကြီး ကိုသာမကပဲ လူသားအားလုံး၏ဘဝ အရည်အသွေးကိုပါ ကောင်းမွန်တိုးတက် စေသည့်အတွက် သေးငယ်သောအမူအကျင့်လေးမှ စတင်ကာ ပို၍ စိမ်းလန်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် ကမ္ဘာတစ်ခုဖန်တီးရန် နှစ်သစ်၂၀၂၄ ကို ကောင်းမွန်သောပြောင်းလဲခြင်းဖြင့် စတင်လိုက်ကြပါစို့။ ရေးသားသူ - Augustine #Ecofriendlynewyearresolution #EHSMyanmar #Newyearresolution

photo content

ရေးသားသူ - ဖိုးကျား ကိုးကား - limeade.com, premierfamily.net, playitgreen.com, --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #newyearsresolutions #sustainableresolutions #greenresolutions

ဘာကြောင့် ‌ရေရှည်တည်တံ့သော နှစ်သစ်သန္နိဋ္ဌာန်များ ချမှတ်လုပ်ဆောင်သင့်သလဲ? ----------------------------------------------- EHS Myanmar | 17.1.2024 ✨ နှစ်သစ်တိုင်းမှာ ချမှတ်တဲ့ New Year’s Resolution ဆိုတာ ဘာလဲ? လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကတည်းက စတင် ကျင့်သုံးခဲ့ကြတဲ့ အလေ့အကျင့် တခုဖြစ်တဲ့ နှစ်သစ်သန္နိဋ္ဌာန် (New Year’s Resolution) ကို ယခုချိန် နည်းပညာခေတ်သစ် တစ်ခုထိတိုင်အောင် ကျင့်သုံးနေကြဆဲဖြစ်ပါတယ်။ ဒီလိုသန္နိဋ္ဌာန် ချမှတ်ခြင်း ဆိုတာ ယနေ့ခေတ် လူငယ်၊ လူကြီးတွေအတွက် သူတို့ရဲ့ နေ့စဉ်လုပ်ဆောင်နေတဲ့ အမူအကျင့်တွေ၊ လုပ်ငန်းဆောင်တာတွေကြားမှာမှ ကိုယ့်ကောင်းကျိုးကျန်းမာရေး ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်ရဲ့ ကောင်းကျိုးကျန်းမာရေးအတွက် သက်ရောက်မှုဖြစ်စေတဲ့ ရည်မှန်းချက်ပန်းတိုင်၊ အမူအကျင့်သစ်တစ်ခု ဒါမှမဟုတ် အလေ့ကျင့်သစ်တခုကို တစ်ပတ်တာကာလ၊ တစ်လတာကာလ၊ တစ်နှစ်တာကာလအတွင်း ပြုကျင့်နိုင်ရန် ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်တယ်။ ✨ ဘာကြောင့် နှစ်သစ်သန္နိဋ္ဌာန်ကို ‌‌ရေရှည် ပြုကျင့်သင့်သလဲ? လူအများစုဟာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီး စတင်လုပ်ဆောင်တဲ့အခါ ‌ရေရှည် မတည်တံ့ကြတာတွေ့ရပါတယ်။ ဒါပေမယ့် တကယ် အမူအကျင့်တစ်ခုအဖြစ် ‌ရေရှည်ပြုကျင့်နိုင်ပြီဆိုလျှင် ပြုကျင့်သလောက် ကြုံတွေ့ရမယ့် အကျိုးရလဒ်တွေဟာ မိမိအတွက် အားရကျေနပ်စရာဖြစ်စေမှာပါ။ ဒါကြောင့် ကိုယ်တ‌စ်‌ယောက်တည်းရဲ့အကျိုးအတွက်သာမက မိမိပတ်ဝန်းကျင်အကျိုး အတွက် ဘာကြောင့် ရေရှည်နှစ်သစ် သန္နိဋ္ဌာန် ချမှတ်သင့်သလဲဆိုတာကို အချက်(၄)ချက်အားဖြင့် လေ့လာကြရအောင်။ ၁။ စိတ်ပါဝင်စားမှုအားနှင့် စိတ်ဆန္ဒအားကောင်းစေခြင်း နှစ်သစ် တစ်နှစ်ရဲ့ အဦးဆုံးကာလဟာ လူတစ်ယောက်အတွက် စိတ်ပါဝင်စားစွာ အလေ့ကျင့်ကောင်းတစ်ခု အစပျိုးရန် အလွန်ပင် လန်းဆန်းလွယ်ကူစေပြီး ပိုမိုချောမွေ့စေတယ်ဆိုတဲ့ အချက်ကို စိတ်ပိုင်းဆိုင်ရာဗျူဟာ သုတေသီပညာရှင် Mrs. Kendra Cherry က သူမရဲ့ report တစ်ခုမှာ ထောက်ပြထားပါတယ်။ ဒါ့အပြင် နှစ်သစ်မှာ ချမှတ်ကြတဲ့ သန္နိဋ္ဌာန်တစ်ခုဟာလည်း သာမာန်ကာလအချိန်မှာ သန္နိဋ္ဌာန် တစ်ခု ပြုလုပ်ခြင်းထက် ၁၀ဆ အောင်မြင်နိုင်တယ်ဆိုတဲ့အချက်ကိုလည်း သူမကထောက်ပြထားပါတယ်။ ၂။ လန်းဆန်းသော စိတ်ဝိညာဉ် မွေးမြူနိုင်ခြင်း ရေရှည်တည်တံ့တဲ့ နှစ်သစ်သန္နိဋ္ဌာန်ချမှတ်ခြင်းဟာ မလွယ်ကူသော်လည်း အသေးအမွှားအလေ့အကျင့်များ စတင်ကျင့်ကြံခြင်းအားဖြင့်လည်း ကောင်းမွန်တဲ့ အကျိုးရလဒ်များခံစားနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုသော် နေ့စဥ်ပုံမှန်အချိန်အနည်းငယ်အားဖြင့် Yoga နဲ့ Meditation ကို လုပ်ဆောင်ခြင်းဟာ မိမိရဲ့ ကိုယ်ခံစွမ်းအား နှင့် စိတ်ဝိညာဉ်ကို ပိုမို တိုးတက်လန်းဆန်းစေပြီး ရလဒ်ကောင်းတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီလိုအကျိုးသက်ရောက်မှုရှိတဲ့ သန္နိဠာန်ချမှတ်ခြင်းကို နှစ်သစ်မှာ ပြုလုပ်ခြင်းအားဖြင့် မိမိရဲ့ ကိုယ်ခံစွမ်းအား နှင့် စိတ်ဝိညာဉ်ကိုသာ ထိရောက်မှု ရှိစေရုံသာမက နှစ်သစ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ‌ရေရှည် အကျိုးပြုစေသောအမူအကျင့် သန္နိဠာန်ကိုချမှတ်ခြင်းကိုလည်း အလွယ်တကူ ပြုလုပ်နိုင်ကြောင်းအနည်းဆုံးအချက်နှစ်ချက် ဖြင့် ဖော်ပြလိုပါတယ်။ ၃။ စိတ်ခန္ဓာ နှင့် ‌ဘေးပတ်ဝန်းကျင် ကျန်းမာစေခြင်း မိမိရဲ့တစ်ကိုယ်ရည် စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာနေဖို့ တစ်ခုတည်းသာမက မိမိရဲ့ ဘေးပတ်ဝန်းကျင် ကျန်းမာသန့်ရှင်းဖို့ရန်အတွက်လည်းအလွန်ပင် အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ဘေးပတ်ဝန်းကျင် (အမှိုက်သရိုက် နဲ့ ပြန်သုံးလို့မရတဲ့ ပစ္စည်းများရှိနေခြင်း) က မိမိရဲ့ ကိုယ်ခန္ဓာတစ်ခုတည်းတင်မက မိမိ စိတ်ကျန်းမာရေး အပြင် အပင်များ၊ တိရစ္ဆာန်များနဲ့ သဘာဝပတ်ဝန်းကျင် ရေ၊ မြေတို့ကိုပါ ဆိုးကျိုးများ သက်ရောက်စေပါတယ်။ ဒါ‌ကြောင့် နှစ်သစ် သန္နိဋ္ဌာန်တစ်ခုအဖြစ် အမှိုက်နဲ့ပတ်သက်ပြီး စနစ်တကျ အသုံးပြု ထိန်းသိမ်းခြင်းစနစ် (ပြန်လည်အသုံးပြုနိုင်‌သောပစ္စည်းများသုံးခြင်း၊ အမှိုက်များကိုစနစ်တကျ ခွဲခြမ်းစွန့်ပစ်ခြင်း) ကို အလေ့အကျင့်တစ်ခုအနေနဲ့ ချမှတ်ခြင်းအားဖြင့် မိမိရဲ့ကျန်းမာရေးအတွက်သာမက မိမိပတ်ဝန်းကျင်အတွက်ပါ ‌ရေရှည် ကျန်းမာသန့်ရှင်းနိုင်မှာဖြစ်ပါတယ်။ ၄။ သက်ရှိပတ်ဝန်းကျင်အတွက် ကူညီထောက်ပံ့ပေးနိုင်ခြင်း သဘာဝပတ်ဝန်းကျင်ကို ကူညီထောက်ပံ့ပေးနိုင်ဖို့ဆိုတာ အဖွဲ့အစည်းအကြီးတွေမှာ ဝင်ရောက်လုပ်ကိုင်မှ မဟုတ်ဘဲ မိမိကိုယ်တိုင် တစ်ကိုယ်တည်းအားဖြင့်လည်း ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဥပမာအားဖြင့် မိမိတစ်နေ့တာ လှုပ်ရှားသွားလာရာမှာအသုံးပြုတဲ့ ကိုယ်ပိုင်မော်တော်ယာဥ်တွေအစား အများသုံးပို့ဆောင်‌ရေးယာဥ်တွေ အသုံးပြုခြင်းအားဖြင့် လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ ဓာတ်ငွေ့ထွက်ရှိမှုကိုလျှော့ချနိုင်ပါတယ်။ ဒါ့အပြင် အခြားသော သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အမူအကျင့်တွေကို သတိပြုပြီး ရေရှည်တည်တံ့သော သန္နိဋ္ဌာန်များ ချမှတ်နိုင်ပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့တဲ့ နှစ်သစ်သန္နိဋ္ဌာန်များ ပိုမိုချမှတ်ခြင်းအားဖြင့် မိမိရဲ့ကိုယ်ကျိုးအတွက်သာမက မိမိပတ်ဝန်းကျင်ကောင်းကျိုးအတွက်ပါ ပိုမိုရေရှည်တည်တံ့သောကောင်းကျိုးရလဒ်များ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

photo content

Employee announcement - Operations Department ———————————————————————————————————————————— မအေးမြင့်သူသည် မန္တလေးတက္ကသိုလ်မှ ရုက္ခဗေဒအထူးပြု(Botany)ဘာသာရပ်ကို ဂုဏ်ထူးတန်းဘွဲ့ဖြင့်အောင်မြင်ပြီးမြောက်ထားသူဖြစ်ပါသည်။ Uppsala University မှာလည်း သဘာဝပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိုင်သောဘာသာရပ်များကိုအထူးပြုလေ့လာခဲ့ပြီး ယခုအချိန်တွင်လည်း International Program in Environmental and Water Resource Engineering ကို Mahidol Universityမှာတက်ရောက်လေ့လာနေသူတစ်ဦး လည်းဖြစ်ပါသည်။ သူမသည် EHS Myanmar အဖွဲ့အစည်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation) ၏ အရေးပါမှုကို မြှင့်တင်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာရပ်များ ဝေမျှနိုင်ရန် အွန်လိုင်းပညာပေးဆောင်းပါးများ ရေးသားလျက်ရှိပြီး EHS Myanmar မှ ဖွင့်လှစ်သင်ကြားသည့် သင်တန်းများတွင်လည်း သင်ကြားရေးလက်ထောက် (Teaching Assistant) အဖြစ် လုပ်ဆောင်ပေးလျက်ရှိပါသည်။ သူမသည် EHS Myanmar ၏ Capacity Building Training များ နှင့် Soft Skill Training ပေါင်းများစွာကိုလည်း တက်ရောက်အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါသည်။ အေးမြင့်သူသည် EHS Myanmar ၏ Operations Department တွင် အလုပ်သင် (Operations Intern) အဖြစ် ၆ လ လုပ်ကိုင်ပြီးနောက် ယခုအခါ The Environment, Health, and Safety Myanmar (EHS-Myanmar) ၏ Project Assistant ရာထူးဖြင့် အဖွဲ့၏ ပရောဂျက်များ၊ သဘာဝပတ်ဝန်းကျင်ပညာပေးခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိပါသည်။ ....................................................................................... "Working as one team makes us stronger, more efficient, and adds value to our EHS Myanmar." #EHSMyanmar #member #employer #Operationsdepartment #projectassistant

photo content

ကျွန်တော်တို့အိမ်တွင်း ရေယိုစိမ့်မှုများကို ပြုပြင်ခြင်း၊ ရေကို သက်သာစေသော ကိရိယာများကို အသုံးပြုခြင်းဖြင့် ရေထိန်းသိမ်းရာတွင် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွင် ပါဝင်ကူညီရာ ရောက်ပါသည်။ 7. အခြားသူများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများ မျှဝေပေးခြင်း ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ အခြားသူများကိုလည်း သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သော အသိပညာများကို ပြန်လည်မျှဝေပေးခြင်းဖြင့် လူအများပါဝင်လာနိုင်စေပါသည်။ ကျွန်တော်တို့ Eco-resolutions အလေ့အကျင့်များကို စတင်လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများရှိနိုင်သော်လည်း ဖြေးဖြေးမှန်မှန် လုပ်ဆောင်သွားမည်ဆိုပါက ပုံမှန်လုပ်နေကျ အလေ့အကျင့်များတိုင်းပင် လွယ်ကူလာမည် ဖြစ်ပါသည်။ ကျွန်တော်တို့ Eco-resolutions ခရီးကိုစတင်စဉ်တွင် အပြောင်းအလဲသည် တစ်ဦးချင်း လုပ်ဆောင်မှုများမှအစပြုကြောင်း သတိပြုမိရန်လိုပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ရွေးချယ်မှုတစ်ခုချင်းစီသည် ပိုမိုရေရှည်တည်တံ့သော ကမ္ဘာကြီးကို ပုံဖော်ပေးနိုင်သည့် စုပေါင်းကြိုးပမ်းမှုကို အထောက်အကူဖြစ်စေနိုင်ပါသည်။ ။ ရေးသားသူ - ဂီတမိုင်ချီ References: zerowastehome.com ------------------------------------------------------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #EcoResolutions #SmallHabits

Embracing Eco-Resolutions: A Guide to Sustainable Living ________ EHS Myanmar | 8.1.2024 ယနေ့ကျွန်တော်တို့ကမ္ဘာကြီးတွင် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှု၊ ဖြေရှင်းမှုများသည် တကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးအဖြေရှာမှုများ၏ ပထမဦးစားပေး ပြသနာရပ်များဖြစ်နေပါသည်။ ကျွန်တော်တို့ လူသားများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအပေါ်တွင် အရင်ကထက်ပိုမို အလေးထားဂရုပြုမိလာသည်နှင့်အမျှ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ဆောင်မှုများတွင် အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ ပါဝင်လုပ်ဆောင်လာကြပါသည်။ ထိုသို့လုပ်ဆောင်လာရာမှ Eco-resolutions ခေါ် သဘာဝပတ်ဝန်းကျင်အပေါ် သဟဇာတဖြစ်စေသော နေထိုင်မှုဘဝရွေးချယ်ဆုံးဖြတ်ခြင်း သဘောတရားသည် ပိုမိုကျယ်ပြန့်လာခဲ့ပါသည်။ ထိုသို့ရွေးချယ်ဆုံးဖြတ်မှုများတွင် ဂေဟစနစ်အပေါ် ကျွန်တော်တို့၏ သက်ရောက်မှုများကို လျော့ချနိုင်ရန်နှင့် ရေရှည်တည်တံ့သော ဂေဟစနစ်များကို မြှင့်တင်ရန် ကျွန်တော်တို့၏ နေ့စဉ်ဘဝတွင် လုပ်ဆောင်သော ကိစ္စရပ်များကို သတိရှိစွာနှင့် ရွေးချယ်ဆုံးဖြတ်နိုင်မှုများလည်း ပါဝင်ပါသည်။ ယနေ့ခေတ်ကမ္ဘာကြီးတွင် ကျွန်တော်တို့ ရင်ဆိုင်နေရသော စိန်ခေါ်မှုများသည် ကြီးမားသည်ဟု ထင်ရသော်လည်း သေးငယ်သော လုပ်ဆောင်ချက်တိုင်းသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများ ဖြစ်စေရန် အထောက်အကူပြုပါသည်။ Eco-resolutions ဆိုသည်မှာလည်း သဘာဝပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်သော သက်ရောက်မှုများ ဖြစ်ပေါ်စေရန် သဟဇာတဖြစ်စေသော အလေ့အကျင့်များကို ကျွန်တော်တို့ကိုယ်တိုင် ပြုစုပျိုးထောင်သော သဘောတရားပင်ဖြစ်ပါသည်။ ထိုအလေ့အကျင့်များသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၊ ရေ၊လေ၊မြေ ညစ်ညမ်းလာမှုများ၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှု အစရှိသော အဓိကဖြေရှင်းရန်လိုအပ်နေသည့် ပြသနာများအတွက် စုပေါင်းကြိုးပမ်းမှုများကို ဆိုလိုပါသည်။ တစ်ဦးချင်းစီ လုပ်ဆောင်ချက်များ၏ အရေးပါမှုကို နားလည်ခြင်းဖြင့် ကျွန်တော်တို့သည် ပိုမိုတည်တံ့ပြီး သဟဇာတရှိသော အနာဂတ်အတွက် လမ်းခင်းပေးနိုင်ပါသည်။ ယခုဆောင်းပါးတွင် Eco-resolutions အလေ့အကျင့်များနှင့် ရေရှည်တည်တံ့သော ဘဝနေထိုင်မှုပုံစံအတွက် အကြံဉာဏ်အချို့ကို ရေးသားဖော်ပြသွားပါမည်။ ပထမဦးစွာ ကျွန်တော်တို့အနေဖြင့် Eco-resolutions အလေ့အကျင့်များကို မစတင်မီ ကျွန်တော်တို့၏ နေ့စဉ်အလေ့အကျင့်များကို ပြန်လည်သုံးသပ်ရန်လိုအပ်ပါသည်။ နေ့စဉ် ကျွန်တော်တို့တွေ ပလတ်စတစ်မည်မျှ အသုံးပြုနေသည်၊ ရေကို မချွေတာဘဲ မည်မျှအသုံးပြနေသည်၊ ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကာဗွန်ခြေရာမည်မျှထွက်နေသည်၊ အစရှိသဖြင့် ကျွန်တော်တို့ကိုယ်တိုင် ဆန်းစစ်ရန်လိုအပ်ပါသည်။ ကျွန်တော်တို့ကိုယ်တိုင်က ကိုယ်တိုင်သိရှိနားလည်မှုရှိခြင်းကပင်လျှင် ကျွန်တော်တို့ စတင်မည့် Eco-resolutions အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်လာမည် ဖြစ်ပါသည်။ ကျွန်တော်တို့ နေ့စဉ်ဘဝတွင် ရိုးရှင်းစွာ လိုက်လံလုပ်နိုင်သော Eco-resolutions အလေ့အကျင့် အချို့ကို ဖော်ပြပေးသွားပါမည်။ 1. တစ်ခါသုံး ပလတ်စတစ်အသုံးပြုခြင်းကို လျှော့ချခြင်း ကျွန်တော်တို့ အအေးသောက်ရာတွင် ကိုယ်ပိုင်ဘူးယူသွားခြင်း၊ ဈေးဝယ်သွားရာတွင် ပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်သော အိတ်များကိုယူသွားခြင်း အစရှိသဖြင့် တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှုကို ကျွန်တော်တို့ လျှော့ချနိုင်ပါသည်။ 2. စွမ်းအင်ချွေတာခြင်း နေ့ခင်းအချိန်တွင် မီးသီးများကို မလိုအပ်ဘဲ ဖွင့်မထားခြင်း၊ ပလပ်ပေါက်များတွင် လျှပ်စစ်ကြိုးတန်းလန်းဖြင့် မထားခြင်း အစရှိသဖြင့် ကျွန်တော်တို့ ပြုလုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြုနိုင်သည်သာမက မီတာခပါ ချွေတာရာရောက်ပါသည်။ 3. ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်း စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ အများသုံး သယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်းသည် ကျွန်တော်တို့ တစ်ယောက်ချင်းစီ၏ ကာဗွန်ခြေရာကို လျှော့ချပေးနိုင်ပါသည်။ ယခုနောက်ပိုင်း အသုံးများလာသော လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်ကား အစရှိသည်တို့ကိုလည်း ကျွန်တော်တို့ အစားထိုးအသုံးပြုနိုင်ပါသည်။ 4. ဒေသတွင်း ထုတ်ကုန်များနှင့် ရေရှည်တည်တံ့စေရန် ရည်ရွယ်ထုတ်လုပ်သော ထုတ်ကုန်များကို အားပေးခြင်း ကျွန်တော်တို့ နေထိုင်ရာဝန်းကျင်ကို ပံ့ပိုးရန်နှင့် သယ်ယူပို့ဆောင်ရေး၏ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချရန်အတွက် ဒေသတွင်းထုတ်ကုန်များကို ကျွန်တော်တို့ ပိုမိုအားပေးသင့်ပါသည်။ 5. စွန့်ပစ်ပစ္စည်းထွက်ရှိမှုကို လျှော့ချခြင်း စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဆွေးပြုလုပ်ခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် တစ်ခါသုံးပစ္စည်းများကို နည်းပါးအောင်ပြုလုပ်ခြင်းဖြင့် အမှိုက်ကင်းစင်သောဘဝနေထိုင်မှုပုံစံကို ကျွန်တော်တို့ ကျင့်သုံးနိုင်ပါသည်။ 6. ရေကိုချွေတာသုံးစွဲခြင်း

photo content

~ လမ်းကြိုလမ်းကြား(သို့) လမ်းများပေါ်တွင် ဖြစ်လေ့ရှိသော ရာဇဝတ်မှုများ နည်းပါးလာခြင်း ~ လူမှုရေးအဆင့်အတန်းများ ညီမျှလာခြင်း၊ ~ ငတ်မွတ်ခေါင်းပါးမှုများ လျော့ကျလာခြင်း ~ ဖိအားများ၊ လွှမ်းမိုးမှုများဖြင့် နေထိုင်ရသော အခြေအနေများ မှေးမှိန်လာခြင်း ~ လုံခြုံစိတ်ချရသော စိတ်ခံစားမှုများကို တိုးတက်စေခြင်း စသော အကျိုးသက်ရောက်မှုများကိုပင် ဖြစ်ပေါ်စေသည်ကို တွေ့ရှိရပါသည်။ သဘာဝဖြင့် ထိန်းကျောင်းခြင်း – အခြားတစ်ဖက်တွင်လည်း ကလေးလူငယ်များအနေဖြင့် ဖုန်းများ၊ အင်တာနက်များနှင့် အချိန်ပေးအနားယူနေမည့်အစား သဘာဝနှင့် ထိတွေ့အနားယူရန် တိုက်တွန်းအပ်ပါသည်။ သို့မှသာ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများ နှင့် လူ့ပတ်ဝန်းကျင် အကြား လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်စေမည် ဖြစ်ပါသည်။ ထို့အပြင် ကလေးလူငယ်များအပါအဝင် ကျွန်ုပ်တို့လူသားများသည် ပင်ကိုယ်စိတ်အာရုံအရ သဘာဝတွင် ပို၍ အာရုံစူးစိုက်မှု၊ စိတ်ဝင်စားမှု ပေးကြလေ့ရှိပါသည်။ သို့ဖြစ်၍ ကလေးငယ်များကိုသာ သဘာဝနှင့် ထိတွေ့ပေးလိုက်မည်ဆိုလျှင် ကလေးငယ်များ၏ အာရုံစူးစိုက်မှုများ ကောင်းလာပြီး ၎င်းတို့၏ ပညာရေး အခန်းကဏ္ဍများတွင် သိသာထင်ရှားသော အကျိုးရလဒ်များကို ဖြစ်ပေါ်စေပါလိမ့်မည်။ ကလေးများ၏ ပညာရေး အခန်းကဏ္ဍများ တိုးတက်ပြောင်းလဲခြင်းသည် ကမ္ဘာကြီးပေါ်ရှိ အခန်းကဏ္ဍမျိုးစုံ တိုးတက်စေရန်အတွက် အကြီးမားဆုံး လှုံ့ဆော်မှုပင် ဖြစ်လေသည်။ ထို့အတွက်ကြောင့် လူမှုရေးပြဿနာသည်လည်း သဘာဝနှင့် ထိတွေ့သောအခါ အပြုသဘောဆောင်သော သက်ရောက်မှုများဆီသို့ ကူးပြောင်း ရောက်ရှိသွားနိုင်ကြောင်း ဖော်ပြပါအချက်များအရ သုံးသပ်ပြောဆိုနိုင်ပါသည်။ - လက်တွေ့အသုံးချခြင်း - အထက်ပါဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် သဘာဝတရားနှင့် ဝေးကွာနေခဲ့ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်မားရေး ပြဿနာများ၊ လူမှု‌ရေး၊ စီးပွားရေး၊ ပညာရေး စသည့် ပြဿနာများကို တွေ့ကြုံနေရသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည် ထိုသို့သော ပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူပြုသည့် သဘာဝနှင့် နှစ်နှစ်ခြိုက်ခြိုက် ထိတွေ့ရန် အမှန်တစ်ကယ်ပင် လိုအပ်ပါသည်။ သဘာဝနှင့် ထိတွေ့ခြင်းတွင်လည်း သဘာဝအတွင်းတွင် ဖြတ်သွားခြင်းနှင့် ထိတွေ့ခြင်းသည် မတူညီကြောင်း သတိပြုရပေမည်။ သဘာဝ တရားသည် သူ့သဘာဝအတိုင်း တည်ရှိနေပေမည်။ ထိုတည်ရှိနေသော သဘာဝကို အသိအမှတ်မပြုဘဲ လစ်လျှရှု သတိမဲ့ကာ ဖြတ်သွားလျှင် သဘာဝမှပေးသော အကျိုးကျေးဇူးများကို ခံစားရမည်မဟုတ်ပေ။ သဘာဝကို အမှန်တကယ် စိတ်ထဲတွင် အသိအမှတ်ပြုပြီး ထိတွေ့ ခံစားမှသာလျှင် အထက်တွင် ဖော်ပြခဲ့သော အဖိုးတန် အကျိုးသက်ရောက်မှုများကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် သဘာဝတရားမှ ပေးသော အကျိုးသက်‌ရောက်မှုများကို ရယူလိုလျှင် သဘာဝတရားကြီးကို ထိန်းသိမ်း၊ စောင့်ရှောက်ပြီး သဘာဝအတွက် ကောင်းကျိုးဖြစ်စေသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရမည် ဖြစ်ကြောင်းတိုက်တွန်းသတိပေးအပ်ပါသည်။ ရေးသားသူ - ဓနိ ကိုးကား - e360.yale.edu, press.velux.com, takingcharge.csh.umn.edu, onemedical.com --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #nature #natureheals #environmentalbenefits

၂၀၂၄ နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ် နှင့်အတူ သဘာဝတရားဆီသို့ … ----------------------------------------------- EHS Myanmar | 11.1.2024 - သဘာဝနှင့် ဝေးကွာခြင်း - ၂၀၁၉ ခုနှစ်တွင် အနောက်နိုင်ငံများ၌ စိစစ်ကောက်ယူခဲ့သော ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတစ်ခုအရ ၉၀% သော လူများသည် အကြောင်းအမျိုးမျိုးကြောင့် သဘာဝနှင့် တဖြည်းဖြည်း ဝေးကွာလာသည်ကို တွေ့ရှိရပါသည်။ ကျွန်ုပ်တို့ နိုင်ငံတွင်လည်း စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း၊ ပညာရေးအရသော်လည်းကောင်း ရုန်းကန်နေရသည့်အတွက် လူအများစုသည် အပန်းဖြေချိန်၊ အနားယူချိန်များ နည်းပါးလာသည်ကို တွေ့ရှိရပါသည်။ ယခင်အခါက သစ်ပင်ကြီးများ၊ မြက်ခင်းပြင်များ၊ တလင်းပြင်များတွင် ပျော်ပျော်ပါးပါး လုံလုံခြုံခြုံ ဆော့ကစားခဲ့ကြသော ကလေးတစ်သိုက်၏ အခြေအနေများသည်လည်း ပြောင်းလဲလာခဲ့သည်။ ယခုအခါတွင် တချို့တချို့သည် ပညာရေးအတွက် ရုန်းကန်လှုပ်ရှားရသည်။ တချို့တချို့သည် စားဝတ်နေရေးအတွက်တစ်ဖက် ပညာရေးအတွက်တစ်ဖက် ကြိုးစားရုန်းကန်ရသည်။ တချို့တချို့သည်လည်း ၎င်းတို့၏ ကိုယ်ပိုင်နေရာလေးတွင် ဖုန်းကိုယ်စီဖြင့် အချိန်များကို ကုန်ဆုံးဖြတ်သန်းရမှုများကြောင့် သဘာဝနှင့် တဖြည်းဖြည်း‌ ဝေးကွာခဲ့ရသည်ကို တွေ့ရှိရပါသည်။ လူငယ်လူလတ်များ၊ လူကြီးများသည်လည်း စီးပွားရေးအတွက် လုံးပန်းလာရသည်။ ပညာတတ်မှ အလုပ်ကောင်းကောင်း ရနိုင်သည့်အတွက်ကြောင့် ပညာရေးတွင်လည်း အပြိုင်အဆိုင် အပြေးအလွှား ရှာဖွေလေ့လာရသည်။ မတူညီကွဲပြားသော ပတ်ဝန်းကျင်အမျိုးမျိုး၏ လွှမ်းမိုး၊ ဖိနှိပ်လိုမှုကြောင့် စိတ်ဓာတ်များ အလဲလဲအပြိုပြို ကျဆင်းလာသည်များကို မျက်မြင် တွေ့ရှိနေရပါသည်။ ထိုသို့သော အခြေအနေများကို ခြုံငုံကြည့်လိုက်လျှင်ပင် စိတ်ချမ်းမြေ့ဖွယ်၊ စိတ်အပန်းဖြေဖွယ် မရှိသလောက် နည်းပါးလာခြင်းကို မိမိတို့ သုံးသပ်မိလိမ့်ဟု ထင်မိပါသည်။ ထို့ကြောင့် ယခုနှစ်သစ်ဖြစ်သော ၂၀၂၄ ခုနှစ်တွင် စိတ်သစ်၊ ကိုယ်သစ်နှင့် မိမိကိုယ်ကို အချိန်ပိုပေးပြီး သဘာဝနှင့် တက်နိုင်သလောက် ထိတွေ့ကာ အထက်တွင်ဖော်ပြခဲ့သော ပြဿနာများကို ဖြေရှင်းနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းလိုပါသည်။ - သဘာဝနှင့် ထိတွေ့ခြင်း - လာမည့် ၂၀၂၄ ခုနှစ်တွင် ယခုလို ပင်ပန်းရုန်းကန်နေရသည့်ကြားက အဘယ့်ကြောင့် သဘာဝနှင့် ထိတွေ့၍ အပန်းဖြေစေလိုလဲဆိုလျှင် သဘာဝတွင် မိမိတို့ ထင်မှတ်မထားသော လုပ်ဆောင်နိုင်စွမ်းများ၊ ကုသနိုင်စွမ်းများ ပိုင်ဆိုင်ထားခြင်းကြောင့်သာ ဖြစ်ပါသည်။ ထို့ကြောင့် နှစ်သစ်မှစ၍ အပန်းဖြေအနားယူမည်ဆိုလျှင် သဘာဝတရားနှင့် နီးစပ်သော နေရာများတွင် ပိုပြီး အချိန်ကုန်ဆုံး စေလိုပါသည်။ ဥပမာ - အမျိုးသားဥယျာဉ်၊ အမျိုးသားပန်းခြံ၊ အရိပ်အာဝါသကောင်းသော တိရစ္ဆာန်ရုံနှင့် တောင်တက်ခြင်း၊ ငှက်ကြည့်ခြင်းများ ပြုလုပ်နိုင်သည့် အပန်းဖြေ တောတောင်စခန်းများ စသည့် နေရာဒေသများတွင် တက်နိုင်သလောက် အပန်းဖြေ အနားယူနိုင်ပါသည်။ စိတ်ကိုကုသပေးခြင်း – လေ့လာတွေ့ရှိချက်များအရ သဘာဝတရားနှင့် ထိတွေ့သောအခါ ယေဘုယျအားဖြင့် လူအများစုသည် စိတ်လုံခြုံမှု ခံစားရလာသည်ဟု ဆိုပါသည်။ ထိုမှ ဆက်စပ်၍ စိတ်ဖိစီးမှုလျော့နည်းလာခြင်း၊ တင်းမာနေသော အာရုံကြောစနစ်များ ပျော့ပျောင်းလာခြင်း၊ အာရုံခံစနစ်လုပ်ဆောင်ချက်များကို တိုးမြှင့်စေခြင်းများ ဖြစ်ပေါ်စေသည်။ ထိုသို့သော ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာမှုများကြောင့် စိတ်ပိုင်းဆိုင်ရာတွင်လည်း စိတ်ပူပန်မှုများ၊ ဒေါသစိတ်များ၊ ကြောက်စိတ်များ၊ ဖိအားများ စသော အပြုသဘောမဆောင်သည့် စိတ်များ လျော့ကျလာပြီး အေးချမ်းသော ခံစားမှုများကို ဖြစ်ပေါ်လာစေပါသည်။ အေးချမ်းစွာ အိပ်စက်နိုင်ခြင်း – သဘာဝနေရောင်ခြည်သည် သက်ရှိများ၏ အိပ်စက်ခြင်းကို ကူညီပံ့ပိုးနိုင်ကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြထားသည်။ ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်သော၊ အချိန်ကြာကြာ မအိပ်ရသော ပြဿနာများရှိခဲ့လျှင် နေ့ဘက် သဘာဝအလင်းရောင်နှင့် များများ ထိတွေ့ခြင်းက အေးချမ်းစွာ အိပ်ပျော်နိုင်ရန် ဖန်တီးပေးနိုင်သည်။ ထိုသို့သော အကြောင်းအရာ၊ အဖြစ်အပျက်များကို စိတ်ပညာ ရှုထောင့်များမှ ကြည့်လျှင် သဘာဝကြီးသည် စိတ်ကျန်းမာရေးအတွက် တန်ဖိုးအကြီးဆုံး ကုထုံးအရင်းအမြစ် တစ်ခုလို့ ဆိုလို့ရပေမည်။ လူမှုရေးအတွက် ဆေးစွမ်းကောင်း – Illinois University ၏ သုတေသနတစ်ခုအရ သဘာဝတရားသည် လူမှုရေးပြဿနာများကိုပင် ဖြေရှင်းလျော့ချနိုင်စွမ်း ရှိကြောင်း ဖော်ပြထားသည်။ ဖော်ပြချက်တွင် သစ်ပင်ပန်းမန်များ၊ ပန်းခြံများ ထည့်သွင်း တည်ဆောက်ထားသော အဆောက်အဦးများတွင် လုပ်ကိုင်နေသော၊ နေထိုင်လျက်ရှိသော လူများသည် သစ်ပင်ပန်းမန်များမရှိသော အဆောက်အဦး များရှိ လူများထက် ပို၍ လူမှုဆက်ဆံရေးကောင်းခြင်း၊ စည်းလုံးညီညွတ်မှုတွင် သာလွန်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ပိုမိုကူညီရိုင်းပင်းခြင်း၊ ထောက်ပံ့ခြင်း စသော လူမှုရေးဆိုင်ရာ တိုးတက်ကောင်းမွန်မှုများရှိကြောင်း ဖော်ပြပါရှိသည်။ ထိုသို့သော လူမှုရေးပတ်ဝန်းကျင်ရှိခြင်းကြောင့် ၎င်းနေရာဒေသများတွင်

photo content

၇။ Second-hand ဆိုင်တွေမှာ ဝယ်ယူပါ။ တစ်ပတ်ရစ်ပစ္စည်းများဝယ်ယူခြင်းဟာ အမှိုက်များကို လျှော့ချရန်နှင့် ကုန်ထုတ်လုပ်မှုကိုလျှော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသစ်ဝယ်တာထက် အများကြီးစျေးသက်သာသလို အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ရောင်းချပေးနေတဲ့ တစ်ပတ်ရစ်စတိုးဆိုင်တွေကို ပိုမို အားပေးဝယ်ယူသင့်ပါတယ်။ ၈။ ပလတ်စတစ်အသုံးပြုကို လျှော့ချပါ။ Big Plastic Count ၏ အဆိုအရ တစ်ပတ်မှာ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်ရဲ့ 12% ကိုပဲ အမှန်တကယ် ပြန်လည်အသုံးပြုတယ်လို့ဆိုပါတယ်။ ကျန်တဲ့ပလတ်စတစ်အမှိုက်တွေကိုတော့ မီးရှို့ဖျက်စီးတာ၊ မြေဖို့တာမျိုးနဲ့ ပြည်ပကို တင်ပို့တာမျိုး လုပ်ဆောင်ပါတယ်။ ဒီလိုနည်းနဲ့ ပလတ်စတစ်အမှိုက်တွေဟာ မြေကြီး၊ သမုဒ္ဒရာများနှင့် လေထုအတွင်းသို့ ဝင်ရောက်ကာ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး ကမ္ဘာပေါ်ရှိ တောရိုင်းတိရိစ္ဆာန်များနှင့် အနာဂတ်မျိုးဆက်များအထိပါ အန္တရာယ်ဖြစ်ပေါ်စေပါတယ်။ ၉။ Upcycle လုပ်ပါ။ Upcycling ဆိုတာက မလိုတဲ့ကုန်ပစ္စည်းတွေကို အသုံးဝင်တဲ့ အရာတစ်ခုအဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်တယ်။ ဥပမာ - ဟောင်းနွမ်းနေတဲ့သားရေဖိနပ်ကို အပင်အိုးအဖြစ်သို့ ပြောင်းလဲတာကအစ အရောင်တင်ခြင်း၊ ဆေးသုတ်ခြင်းနှင့် ဟောင်းနွမ်းနေတဲ့ ပရိဘောဂများကို ပြန်လည်မွမ်းမံခြင်းအထိ အမျိုးအစားအားလုံးကို အသုံးပြုနိုင်ပါတယ်။ ၁၀။ ပြုပြင်ပါ။ ပစ္စည်းများကို ပြုပြင်ခြင်းက ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို လျော့ကျစေပြီး အမှိုက်သံသရာကို ရှောင်ရှားစေမှာပါ။ ပစ္စည်းတစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါ ဝယ်ယူခြင်းထက် ပြုပြင်သုံးစွဲခြင်းက များစွာ ပို၍ အကျိုးပြုစေပါတယ်၊၊ 🌿 အခုဆိုရင် စာဖတ်သူတွေအနေနဲ့လည်း 2024 အတွက်ချမှတ်နိုင်မယ့် Green Resolution တွေကို သိပြီးဖြစ်တာကြောင့် ဒီထဲက မိမိနဲ့ ကိုက်ညီတဲ့ တစ်ခုကိုရွေးပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်လိုက်ပါ။ ပလတ်စတစ်ပိုက်တွေမသုံးတာ ဒါမှမဟုတ် ရေသန့်ဘူးလျှော့ဝယ်တာလိုမျိုး အကျင့်လေးတွေဟာလည်း နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ အလေ့အထတွေကို စွဲစွဲမြဲမြဲလုပ်ဆောင်ဖို့နဲ့ မိမိရဲ့ Green Resolutions တွေကို 2024 မှာ အောင်မြင်အောင်လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။ စစ်မှန်သောပြောင်းလဲမှုသည် သင့်ထံတွင် စတင်သည်။ "You can start changing our world for the better daily, no matter how small the action." ရေးသူ - မာရီယာ (EHS Myanmar) ကိုးကား - themodernmilkman.co.uk, goloadup.com, thehonestconsumer.com --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #newyearsresolutions #greenresolutions #sustainableresolutions

2024 နှစ်သစ် အတွက် အစိမ်းရောင်မျှော်မှန်းချက်များ ----------------------------------------------- EHS Myanmar | 7.1.2024 🌿 အစိမ်းရောင် မျှော်မှန်းချက် (Green Resolutions) ဆိုတာ ဘာလဲ? နှစ်သစ်မှာ လူအတော်များများက အပြုသဘောဆောင်တဲ့အလေ့အကျင့်တွေကို စတင်ဖို့ ရည်မှန်းချက်တွေ ကိုယ်စီ ချလေ့ရှိပါတယ်။ ဒါကို New Year’s Resolution လို့ ခေါ်ပါတယ်။ လူသိများတဲ့ နှစ်သစ်ရည်မှန်းချက်တွေကတော့ လေ့ကျင့်ခန်းလုပ်တာ၊ ပလတ်စတစ် လျှော့သုံးတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားသုံးတာတို့ ပါဝင်ပါတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာတော့ တော်တော်များများက eco-friendly lifestyle (သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိတဲ့ ဘဝနေထိုင်မှုပုံစံ)ကို စတင်ကျင့်သုံးဖို့ စိတ်ဝင်စားလာကြတာကို တွေ့ရှိရပါတယ်။ 🌿 အစိမ်းရောင် မျှော်မှန်းချက် (Green Resolution) နှင့် ရေရှည်တည်တံ့သော မျှော်မှန််းချက် (Sustainable Resolution ) ဆိုတာဟာ လူသားတွေအနေနဲ့ ကမ္ဘာကြီးအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ တိုးမြင့်စေပြီး မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေလျှော့ချနိုင်ဖို့ကို ရည်ရွယ်ပါတယ်။ ☘️ 2024 မှာ ကမ္ဘာမြေကြီးကို အကျိုးပြုစေမယ့် Green Resolution တွေ ချမှတ်ဖို့ လွယ်ကူသက်သာတဲ့ အကြံဉာဏ် ၁၀ ချက် ၁။ လျှော့ဝယ်ပါ။ လျှော့ဝယ်ခြင်းဟာ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို လျော့နည်းစေပြီး လျှော့ဝယ်ခြင်းအားဖြင့် စွမ်းအင်နဲ့ ကမ္ဘာမြေရဲ့ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရာရောက်ပါတယ်။ ၂။ ပြန်လည်အသုံးပြုခြင်းကို စတင်ပါ။ ပြန်လည်အသုံးပြုခြင်းက ကျန်တော်တို့ရဲ့carbon footprint ကို လျင်မြန်စွာ လျှော့ချဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုမှာ အဓိက အဆင့်ငါးဆင့် ရှိပါတယ် - ကုန်ကြမ်းထုတ်ယူခြင်းနှင့် ပြုပြင်ခြင်း၊ ကုန်ကြမ်းသယ်ယူပို့ဆောင်ခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း၊ ကုန်ချောပို့ဆောင်ခြင်းနှင့် ကုန်ပစ္စည်းသက်တမ်းကုန်ဆုံးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုတို့ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုစီရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက် လေထုထဲကို အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ပြန်လည်အသုံးပြုခြင်းအားဖြင့် ထုတ်လုပ်မှုစက်ဝန်းတလျှောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုတွေ ဖြစ်ပေါ်မှုကို လျော့နည်းစေမှာပါ။ ၃။ ဉယျာဉ်ခြံမြေ စိုက်ပျိုးပါ။ မိမိကိုယ်တိုင်စိုက်ပျိုးခြင်းက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပေးပြီး ပတ်ဝန်းကျင်အတွက် အံ့ဩစရာကောင်းတဲ့အကျိုးရလဒ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်တိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဟာလည်း သင့် carbon footprint ကို လျော့ကျစေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ကျွန်တော်တို့ရဲ့ တကိုယ်ရေ carbon footprint ရဲ့ 8% ခန့်ဟာ အစားအစာများမှ လာပါတယ်။ ကိုယ်ပိုင်ဥယျာဉ်စိုက်ပျိုးခြင်းဖြင့် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချစေပြီး ဓာတုဓာတ်မြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကိုလည်း တစ်ခါတည်းရှောင်ကြဉ်ပြီးသားဖြစ်စေမှာပါ။ အိမ်မှာတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အော်ဂဲနစ်အသီးအနှံများကို စားသုံးနိုင်မှာဖြစ်ပါတယ်။ ၄။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများကို မျှဝေပါ။ မိမိသိထားတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ခြင်းဆိုင်ရာအသိပညာဗဟုသုတတွေကို မိမိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ မျှဝေခြင်းကလည်း အရေးပါတဲ့ လုပ်ဆောင်မှုတစ်ရပ်ဖြစ်ပါတယ်။ ကိုယ့်အနီးအနား မိတ်ဆွေသူငယ်ချင်းတွေကို မျှဝေရင်း ကိုယ်တိုင်ကလည်း စဉ်ဆက်မပြတ်လေ့လာခြင်းဖြင့် ပိုပြီးစိမ်းလန်းစိုပြေတဲ့ပတ်ဝန်းကျင်တစ်ခုကို ဖြည်းဖြည်းချင်းဖန်တီးလာနိုင်မှာဖြစ်ပါတယ်။ ၅။ food waste ကို လျှော့ချပါ။ စစ်တမ်းတွေအရ UK မှာဆိုရင် တစ်နှစ်ကို food waste တန်ချိန် ၉.၅၂ သန်းမျှ ထွက်ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ food waste လျှော့ချရန်အတွက် ကျွန်တော်တို့လိုက်နာသင့်တဲ့ ရိုးရှင်းလွယ်ကူတဲ့ အချက်တွေကတော့ ... - ကိုယ်စားနိုင်သလောက်ပမာဏအတိုင်း အစားအသောက်ကို ကြိုတင် ပြင်ဆင်ပါ။ - စားလို့မကုန်တဲ့ အစားအစာ (Leftover) တွေကို ပြန်နွေးပြီး စားသုံးလို့ရအောင် သေချာသိမ်းဆည်းပါ။ - ဟင်းသီးဟင်းရွက်နဲ့ အသား၊ ငါးတွေကို လတ်ဆတ်အောင် ထိန်းသိမ်းပါ။ - အစားအစာတွေမှာပါတဲ့ ရက်လွန်ဒိတ်တွေကို အမြဲသတိပြုပါ။ - အစားအသောက်တွေကို ဘယ်လို စနစ်တကျ သိမ်းဆည်းရမလဲဆိုတာ လေ့လာပါ။ ၆။ သဘာဝမြေဆွေးပြုလုပ်ပါ။ သဘာဝမြေဆွေးပြုလုပ်ခြင်းအားဖြင့် ဥယျာဉ်ခြံမြေအတွက် အာဟာရဓာတ်ကြွယ်ဝတဲ့ မြေသားရရှိမှာဖြစ်သလို ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုဒ်အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့များကို လျှော့ချပေးနိုင်ပါတယ်။

photo content

📣သင်ရိုးသစ် သင်ကြားရေးစနစ်သင်တို့ဖြင့် သင်ကြားမည့် Environmental Management Planning and Monitoring Online Course Batch 3 သင်တန်းသားအသစ်လက်ခံမှုကို ဇန်နဝါရီ (၉) ရက်နေ့မှာ ရပ်နားသွားမှာဖြစ်ပါတယ်နော်။ 🤩ကောင်းမွန်တဲ့အခွင့်အရေးတခု လက်မလွတ်စေဖို့ အခုပဲ Register လိုက်ပါ >>> အသေးစိတ်ကိုဒီမှာလေ့လာပါ >>> https://www.facebook.com/ehsmyanmar/posts/pfbid031JXmvGxmwvdWQ5AhEPjKKkLjoT4CQHj8uVq16qXQ6bJYVhoBR926jgoNdRcpTCdrl Registration Form Link >>> https://docs.google.com/forms/d/e/1FAIpQLScxXECaKwCAW7Yo4q6KrCJ4URKwzd_WwGPyFnC4no7PrGzzhQ/viewform?usp=sf_link Full Scholarship Form Link >>> https://docs.google.com/forms/d/e/1FAIpQLSfV9Q3VYn1AnT-5ArmJr8anJRO0t5zlGmVF6URudl2PRRKcRA/viewform?usp=sf_link အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 9988832781 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Learn more at www.ehsmyanmar.org --------------------------------------------------- Don't forget to follow us on Instagram - https://instagram.com/ehsmyanmar?igshid=YmMyMTA2M2Y= #EHSMyanmar #Onlinecourse #EnvironmentalManagementPlanningandMonitoring #EMP03 #Scholarship