en
Feedback
Speaker ငဘ

Speaker ငဘ

Open in Telegram

တိကျ မြန်ဆန် သတင်းမှန်ဆီသို့

Show more
The country is not specifiedThe category is not specified
3 239
Subscribers
-5524 hours
-1207 days
-30630 days
Posts Archive
(၁၉)ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတ
(၁၉)ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ချီးမြှင့်

အိုင်သပြုတိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စ
အိုင်သပြုတိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် ရေနစ်မြုပ်ခဲ့သော အိုင်သ ပြုတိုက်နယ်ဆေးရုံအား ရေများကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က စက်တင်ဘာ ၁ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း/အပြင် သန့်ရှင်းရေး၊ ခြုံနွယ်မြက်များရှင်းလင်းရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်မှာကြားကာ ကျန်းမာရေးဝန်ထမ်းများကိုထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ ပမာဏ ၃.၇(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ မြန်
စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ ပမာဏ ၃.၇(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၂၁) မိနစ်၊ (၅၅) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်ကွာ ဝေးသော မြန်မာနိုင်ငံပြည်တွင်း (စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ) မြောက်လတ္တီ တွဒ် (၂၁.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄) ဒီဂရီ၊ အနက် (၈) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၇(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ #News

ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ ဗီယက်နမ်နိ
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြိုတွင် ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲနှင့် ဆက်စပ်အစီအစဉ်များသို ပါဝင်တက်ရောက်

ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ် ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးန
ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ် ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးနှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ ညွှန်ကြားရေးမှူးတိုအား သီးခြားစီလက်ခံတွေ့ဆုံ

ဘားအံမြိုတွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍ ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေး ကရင်ပြည်နယ်၊ ဘားအံ
ဘားအံမြိုတွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍ ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေး ကရင်ပြည်နယ်၊ ဘားအံမြိုတွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို၏စိုးရိမ်ရေမှတ်သိုကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တိုရှိနေအိမ်များအတွင်းသိုရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲကို ဆိုးလ်က နီပေါသို စေလွှတ် နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း
အရေးပေါ်ကယ်ဆယ်ရေးအဖွဲကို ဆိုးလ်က နီပေါသို စေလွှတ် နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် တောင်ကိုရီးယားနိုင်ငံက အဖွဲဝင် ၄၄ ဦးပါ သော အရေးပေါ်ကယ်ဆယ်ရေးအဖွဲတစ်ဖွဲကို နီပေါနိုင်ငံသို စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားသည်။ ရေဘေးသင့်ဒေသတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ အကူအညီပေးရန် နီပေါနိုင်ငံက တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို စေလွှတ်ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ချပ်သင်းဘေးမဲ့တောရှိ မြန်မာ့ရွှေသမင် အပါအဝင် အခြားတိရစ္ဆာန်များကို PDF အဖွဲက သတ်ဖြတ်ရောင်းချနေ ၁။ ဘေးမဲ့နယ်မြေ၏ ရည်ရွယ်ချက်ကိ
ချပ်သင်းဘေးမဲ့တောရှိ မြန်မာ့ရွှေသမင် အပါအဝင် အခြားတိရစ္ဆာန်များကို PDF အဖွဲက သတ်ဖြတ်ရောင်းချနေ ၁။ ဘေးမဲ့နယ်မြေ၏ ရည်ရွယ်ချက်ကို ဆန့်ကျင်ခြင်း - ချပ်သင်းသည် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရန် သတ်မှတ်ထားသော "ဘေးမဲ့တော" ဖြစ်သော်လည်း ထိုနယ်မြေအတွင်း တိရစ္ဆာန်များကို သတ်ဖြတ်ရောင်းချခြင်းသည် ဘေးမဲ့နယ်မြေ တည်ထောင်ထားရခြင်း၏ အနှစ်သာရကို တိုက်ရိုက်ထိခိုက်စေပါသည်။ ၂။ ရှားပါးမျိုးစိတ်များကို မျိုးသုဉ်းစေနိုင်ခြင်း - အထူးထိန်းသိမ်းရမည့် မြန်မာ့ရွှေသမင်ကဲ့သို့သော တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော သတ္တဝါများ ကွယ်ပျောက်ရခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ သိင်္ခ

ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး တိုက်ခိုက်ခံရ ဆော်ဒီအာရေးဗီးယားနဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေပိုင်တဲ့ ရေနံတင်သင
ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး တိုက်ခိုက်ခံရ ဆော်ဒီအာရေးဗီးယားနဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေပိုင်တဲ့ ရေနံတင်သင်္ဘောကြီး နှစ်စီးဟာ ဟော်မုဇ်ရေလက်ကြားမှာ ပစ်ခတ်ခံခဲ့ရတယ်လို ရေကြောင်းလုံခြုံရေး အတိုင်ပင်ခံကုမ္ပဏီ Marisks ကို ကိုးကားပြီး Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။ ဆော်ဒီ Bahri ကုမ္ပဏီရဲ့ Sidr လိုခေါ်တဲ့ ရေနံစိမ်းတင်သင်္ဘောကြီးက အိုမန်နိုင်ငံ၊ Khasab မြိုရဲ့ အရှေ့မြောက်ဘက်ကို သွားနေချိန်မှာ အပစ်ခံရတာပါ။ တောင်ကိုရီးယား Sinokor Group ရဲ့ Senegal Prosperity သင်္ဘောကတော့ အရှေ့ဘက်ကို သွားနေချိန်မှာ ၃ ချက်တိတိ ပစ်ခတ်ခံခဲ့ရတယ်လို ဆိုပါတယ်။ သင်္ဘောနှစ်စီးလုံး ပါရှန်းပင်လယ်ကွေ့ကနေ ထွက်လာကြတာလို Marisks က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်လေးမျက်နှာမြို၊ အိုင်သပြုကျေးရွာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်လေးမျက်နှာမြို၊ အိုင်သပြုကျေးရွာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး ပုသိမ်၊ စက်တင်ဘာ ၁ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို၊ အိုင်သပြုကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို သွားရောက်ကာ ရေကျဆင်းလာသဖြင့် ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲဝင်များနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး စာသင်ကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ရေကျော်စီးဝင်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ကျောင်းခြံစည်းရိုး ပြန်လည်ပြုပြင်ဆောင်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အထက်ရှိနေပြီး စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ထားရ တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ်ထက်ရောက်ရှိနေ
တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အထက်ရှိနေပြီး စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ထားရ တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ်ထက်ရောက်ရှိနေပြီး မြိုပေါ်နှင့်ကျေးရွာများတွင် စာသင်ကျောင်း ၁၇ ကျောင်းအထိပိတ်ထားရကြောင်း သိရသည်။ စက်တင်ဘာလ ၁ ရက် တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ် ၂၄ ပေ အထက် ၁ ပေ ၁၀ လက်မကျော်ကာ ၂၅ ပေ ၁၀ လက်မတွင်ရှိနေကြောင်း သိရသည်။ မြစ်ရေကြီးမှုကြောင့် မြိုပေါ်နှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ စာသင်ကျောင်း ၁၇ ကျောင်းအထိ ပိတ်ထားရပြီး ကယ်ဆယ်ရေးစခန်း ၁ဝခု ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တောင်ငူမြိုနယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တို-က်မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ် မီးလေ-ာင်ကျွမ်း တောင်ငူ၊ စက်တင်ဘာ ၁ ပဲခူးတို
တောင်ငူမြိုနယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တို-က်မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ် မီးလေ-ာင်ကျွမ်း တောင်ငူ၊ စက်တင်ဘာ ၁ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြိုနယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်းက ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ်တို မျက်နှာချင်းဆိုင် တို-က်မိရာမှ မီးလေ-ာင်မှုဖြစ်ပွားခဲ့သည်။ ရန်ကုန်မှ မန္တလေးသို မောင်းနှင်လာသည့် ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို မောင်းနှင်လာသည့် ကွန်တိန်နာယာဉ်တို တို-က်မိခဲ့ခြင်းဖြစ်သည်။

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ကျားငယ်လေး(၄)ကောင် မွေးဖွား တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)တွင် ကျားထီး “ဂျက်ဆင်”နှင့် ကျားမ “ဝိုင်းချစ်
ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ကျားငယ်လေး(၄)ကောင် မွေးဖွား တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)တွင် ကျားထီး “ဂျက်ဆင်”နှင့် ကျားမ “ဝိုင်းချစ်” တိုမှ ကျန်းမာသန်စွမ်းသော ကျားငယ်လေး (၄) ကောင်ကို ယမန်နေ့က အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။ Htoo Zoos & Gardens Business Unit ၏ ကြိုးပမ်းအားထုတ်မှုများထဲမှ နိုင်ငံခြားပညာရှင်များအား ဖိတ်ကြား၍ သင်ကြားပိုချခဲ့သည့် Workshop နှင့် Training များမှ ရရှိသော အသိပညာ၊ နည်းပညာများ နှင့် SEAZA Guidelines များကို တိရစ္ဆာန်ဥယျာဉ်အသီးသီးတွင် လက်တွေ့အသုံးချ၍ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ထိုသိုတိရစ္ဆာန်ဥယျာဥ်များတွင် Animal Collection Plan ကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ခဲ့သည့် ရလာဒ်အရ ကျားငယ်လေး(၄)ကောင်ကို မွေးဖွားနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း Yangon Zoo က အသိပေးထုတ်ပြန်ထားသည်။

အမေရိကန် ရေတပ်သားတွေ Soi 6 ကို မဝင်ဖို ပတ္တယား အာဏာပိုင်တွေ တားမြစ် အမေရိကန် စစ်သင်္ဘော USS Abraham Lincoln အဖွဲ ချွန်ဘူရီကို
အမေရိကန် ရေတပ်သားတွေ Soi 6 ကို မဝင်ဖို ပတ္တယား အာဏာပိုင်တွေ တားမြစ် အမေရိကန် စစ်သင်္ဘော USS Abraham Lincoln အဖွဲ ချွန်ဘူရီကို စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်အထိ လာလည်တဲ့အခါ အမေရိကန် ရေတပ်စစ်သည်တွေကို Soi 6၊ Soi 6/1 နဲ့ Soi 7 လမ်းတွေထဲ ဝင်ခွင့်မပြုပဲ ပတ္တယား အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။ ​ဒီခရီးစဉ်မှာ အမေရိကန် ရေတပ်စစ်သည် ၅,၀၀၀ ကျော် လာရောက်ဖိုရှိပြီး၊ ၃,၀၀၀ လောက်ကတော့ ပတ္တယား ဘက်ကို လာပြီး ညအိပ်တည်းခိုကြမယ်လို ခန့်မှန်းထားကြပါတယ်။ ​ဒါ့အပြင် အမေရိကန် စစ်သည်တွေကို ဆေးခြောက်ဆိုင်တွေ၊ ဆေးဆိုင်တွေနဲ့ ရေပြင်အားကစား/အပန်းဖြေတာတွေကိုလည်း သွားရောက်ခွင့် ပိတ်ပင်ထားပါတယ်။ Walking Street ကိုတော့ သွားလိုရပေမဲ့ မနက်အစော ၂ နာရီမှာ အပြီးထွက်ပေးရမှာပါ။ ​အာဏာပိုင်တွေက ဆိုင်ပိုင်ရှင်တွေကိုလည်း ဈေးနှုန်းတွေကို မတန်တဆ မတောင်းဘဲ တရားမျှတစွာ ယူကြဖိုနဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေ မရှိရအောင် တင်းတင်းကြပ်ကြပ် တားဆီးကြဖို သတိပေး နှိးဆော်ထားပါတယ်။

ကျိုက်မရောမြိုနယ် ဦးလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာကြားရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများ၌ ရေသန့်နှင့် အစားအစ
ကျိုက်မရောမြိုနယ် ဦးလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာကြားရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများ၌ ရေသန့်နှင့် အစားအစာ လိုအပ်ချက်များရှိနေ မွန်ပြည်နယ် ကျိုက်မရောမြိုနယ် ဦးလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာကြားရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများ၌ ရေသန့်နှင့် အစားအစာလိုအပ်ချက်များရှိနေကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲများထံမှ သိရသည်။ ကျိုက်မရောမြိုနယ် နိတုံ၊ ကွမ်ငန်း၊ လမုခို၊ ကော့ဒွန်း၊ ကော့ပနော့၊ ဖာသိမ်၊ မဲကသန်၊ ပေါလောကုန်း၊ ဖာသိမ်ကမ်းနားနှင့် ချောင်းနှစ်ခွကျေးရွာအုပ်စုအတွင်းရှိသည့်ကျေးရွာများအတွင်း ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်မှစတင်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း မဲကသန်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုင်း-မြန်မာ လွှတ်တော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး နေပြည်တော်၊ စက်တင်ဘာ ၁ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦ
ထိုင်း-မြန်မာ လွှတ်တော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး နေပြည်တော်၊ စက်တင်ဘာ ၁ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေးတိုနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်း သိရသည်။။

မုံရွာ ချင်းတွင်းသင်္ဘောကျင်းအနီး ပြုပြင်နေသည့် သင်္ဘောတစ်စီးမှ မီးခိုးထွက်၊ မီးသတ်တပ်ဖွဲဝင်များ ငြှိမ်းသတ်နေ စစ်ကိုင်းတိုင်း
မုံရွာ ချင်းတွင်းသင်္ဘောကျင်းအနီး ပြုပြင်နေသည့် သင်္ဘောတစ်စီးမှ မီးခိုးထွက်၊ မီးသတ်တပ်ဖွဲဝင်များ ငြှိမ်းသတ်နေ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ ချင်းတွင်းသင်္ဘောကျင်းအနီး ချင်းတွင်းမြစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်နေသည့် သင်္ဘောတစ်စီး၏ ကိုယ်ထည်အတွင်းမှ မီးခိုးများထွက်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲဝင်များ သွားရောက်ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ၏ ထုတ်ပြန်ချက်အရ အဆိုပါဖြစ်စဉ်သည် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက် နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းရရှိပြီးနောက် မုံရွာခရိုင်မီးသတ်စခန်းနှင့် မုံရွာမြိုနယ်မီးသတ်စခန်းတိုမှ မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊ အခွန်နှင့် ICT ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး နေပြည
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊ အခွန်နှင့် ICT ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး နေပြည်တော်၊စက်တင်ဘာ ၁ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich ကို သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊ အခွန်နှင့် ICT ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပူတင်နှင့် တွေ့ဆုံရသည့်အတွက် ဝမ်း‌မြောက်ကြောင်း ရှီကျင်းပင် ပြောကြား ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ပြောကြားခဲ့သည်။ ပူတင်နှင့် ရှီတိုသည် ကာဂျစ္စတန်နိုင်ငံတွင် ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ(SCO)၏ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဘိရှ်ကက် မြိုတော်တွင် ပြုလုပ်နေသည့် ဒေသတွင်း SCO အဖွဲ၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ထိပ်သီးအစည်းအဝေးသို အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်၊ တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်တိုအပါအဝင် အခြားနိုင်ငံများမှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။ ယခု ထိပ်သီးအစည်းအဝေးသည် ရုရှား၏ ယူကရိန်း ကျူးကျော်စစ် ၄ နှစ်ခွဲအကြာနှင့် အမေရိကန်-အီရန် စစ်ပွဲ ၆ လအကြာတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ပူတင်နှင့် ရှီတိုသည် ယခင် SCO ထိပ်သီးအစည်းအဝေးများကိုလည်း ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းကို မြှင့်တင်ရန်နှင့် အနောက်အုပ်စုကို ဆန့်ကျင်သည့် ညီညွတ်သော တပ်ဦးတစ်ခုအဖြစ် ပြသရန် အသုံးပြုခဲ့ကြဖူးသည်။ ရှီက ပူတင်အား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ရုရှား-တရုတ် ဆက်ဆံရေးသည် ပိုမို ခိုင်မာလာကြောင်းနှင့် ၎င်းတို၏ အနာဂတ် အလားအလာများမှာလည်း ပိုမို တောက်ပလာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

photo content