en
Feedback
Speaker ငဘ

Speaker ငဘ

Open in Telegram

တိကျ မြန်ဆန် သတင်းမှန်ဆီသို့

Show more
The country is not specifiedThe category is not specified
3 239
Subscribers
-5524 hours
-1207 days
-30630 days
Posts Archive
အမေရိကန် ရေတပ်သားတွေ Soi 6 ကို မဝင်ဖို ပတ္တယား အာဏာပိုင်တွေ တားမြစ် အမေရိကန် စစ်သင်္ဘော USS Abraham Lincoln အဖွဲ ချွန်ဘူရီကို
အမေရိကန် ရေတပ်သားတွေ Soi 6 ကို မဝင်ဖို ပတ္တယား အာဏာပိုင်တွေ တားမြစ် အမေရိကန် စစ်သင်္ဘော USS Abraham Lincoln အဖွဲ ချွန်ဘူရီကို စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်အထိ လာလည်တဲ့အခါ အမေရိကန် ရေတပ်စစ်သည်တွေကို Soi 6၊ Soi 6/1 နဲ့ Soi 7 လမ်းတွေထဲ ဝင်ခွင့်မပြုပဲ ပတ္တယား အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။ ​ဒီခရီးစဉ်မှာ အမေရိကန် ရေတပ်စစ်သည် ၅,၀၀၀ ကျော် လာရောက်ဖိုရှိပြီး၊ ၃,၀၀၀ လောက်ကတော့ ပတ္တယား ဘက်ကို လာပြီး ညအိပ်တည်းခိုကြမယ်လို ခန့်မှန်းထားကြပါတယ်။ ​ဒါ့အပြင် အမေရိကန် စစ်သည်တွေကို ဆေးခြောက်ဆိုင်တွေ၊ ဆေးဆိုင်တွေနဲ့ ရေပြင်အားကစား/အပန်းဖြေတာတွေကိုလည်း သွားရောက်ခွင့် ပိတ်ပင်ထားပါတယ်။ Walking Street ကိုတော့ သွားလိုရပေမဲ့ မနက်အစော ၂ နာရီမှာ အပြီးထွက်ပေးရမှာပါ။ ​အာဏာပိုင်တွေက ဆိုင်ပိုင်ရှင်တွေကိုလည်း ဈေးနှုန်းတွေကို မတန်တဆ မတောင်းဘဲ တရားမျှတစွာ ယူကြဖိုနဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေ မရှိရအောင် တင်းတင်းကြပ်ကြပ် တားဆီးကြဖို သတိပေး နှိးဆော်ထားပါတယ်။

ကျိုက်မရောမြိုနယ် ဦးလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာကြားရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများ၌ ရေသန့်နှင့် အစားအစ
ကျိုက်မရောမြိုနယ် ဦးလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာကြားရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများ၌ ရေသန့်နှင့် အစားအစာ လိုအပ်ချက်များရှိနေ မွန်ပြည်နယ် ကျိုက်မရောမြိုနယ် ဦးလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာကြားရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများ၌ ရေသန့်နှင့် အစားအစာလိုအပ်ချက်များရှိနေကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲများထံမှ သိရသည်။ ကျိုက်မရောမြိုနယ် နိတုံ၊ ကွမ်ငန်း၊ လမုခို၊ ကော့ဒွန်း၊ ကော့ပနော့၊ ဖာသိမ်၊ မဲကသန်၊ ပေါလောကုန်း၊ ဖာသိမ်ကမ်းနားနှင့် ချောင်းနှစ်ခွကျေးရွာအုပ်စုအတွင်းရှိသည့်ကျေးရွာများအတွင်း ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်မှစတင်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း မဲကသန်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုင်း-မြန်မာ လွှတ်တော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး နေပြည်တော်၊ စက်တင်ဘာ ၁ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦ
ထိုင်း-မြန်မာ လွှတ်တော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး နေပြည်တော်၊ စက်တင်ဘာ ၁ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေးတိုနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်း သိရသည်။။

မုံရွာ ချင်းတွင်းသင်္ဘောကျင်းအနီး ပြုပြင်နေသည့် သင်္ဘောတစ်စီးမှ မီးခိုးထွက်၊ မီးသတ်တပ်ဖွဲဝင်များ ငြှိမ်းသတ်နေ စစ်ကိုင်းတိုင်း
မုံရွာ ချင်းတွင်းသင်္ဘောကျင်းအနီး ပြုပြင်နေသည့် သင်္ဘောတစ်စီးမှ မီးခိုးထွက်၊ မီးသတ်တပ်ဖွဲဝင်များ ငြှိမ်းသတ်နေ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ ချင်းတွင်းသင်္ဘောကျင်းအနီး ချင်းတွင်းမြစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်နေသည့် သင်္ဘောတစ်စီး၏ ကိုယ်ထည်အတွင်းမှ မီးခိုးများထွက်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲဝင်များ သွားရောက်ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ၏ ထုတ်ပြန်ချက်အရ အဆိုပါဖြစ်စဉ်သည် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက် နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းရရှိပြီးနောက် မုံရွာခရိုင်မီးသတ်စခန်းနှင့် မုံရွာမြိုနယ်မီးသတ်စခန်းတိုမှ မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊ အခွန်နှင့် ICT ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး နေပြည
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊ အခွန်နှင့် ICT ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး နေပြည်တော်၊စက်တင်ဘာ ၁ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich ကို သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊ အခွန်နှင့် ICT ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပူတင်နှင့် တွေ့ဆုံရသည့်အတွက် ဝမ်း‌မြောက်ကြောင်း ရှီကျင်းပင် ပြောကြား ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ပြောကြားခဲ့သည်။ ပူတင်နှင့် ရှီတိုသည် ကာဂျစ္စတန်နိုင်ငံတွင် ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ(SCO)၏ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဘိရှ်ကက် မြိုတော်တွင် ပြုလုပ်နေသည့် ဒေသတွင်း SCO အဖွဲ၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ထိပ်သီးအစည်းအဝေးသို အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်၊ တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်တိုအပါအဝင် အခြားနိုင်ငံများမှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။ ယခု ထိပ်သီးအစည်းအဝေးသည် ရုရှား၏ ယူကရိန်း ကျူးကျော်စစ် ၄ နှစ်ခွဲအကြာနှင့် အမေရိကန်-အီရန် စစ်ပွဲ ၆ လအကြာတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ပူတင်နှင့် ရှီတိုသည် ယခင် SCO ထိပ်သီးအစည်းအဝေးများကိုလည်း ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းကို မြှင့်တင်ရန်နှင့် အနောက်အုပ်စုကို ဆန့်ကျင်သည့် ညီညွတ်သော တပ်ဦးတစ်ခုအဖြစ် ပြသရန် အသုံးပြုခဲ့ကြဖူးသည်။ ရှီက ပူတင်အား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ရုရှား-တရုတ် ဆက်ဆံရေးသည် ပိုမို ခိုင်မာလာကြောင်းနှင့် ၎င်းတို၏ အနာဂတ် အလားအလာများမှာလည်း ပိုမို တောက်ပလာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

photo content

ရေဘေးသင့်ဒေသများကို သွားရောက်ထောက်ပံ့သူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန် မေတ္တာရပ်ခံ ရေဘေးသင့်ပြည်သူများကို သွားရောက်
ရေဘေးသင့်ဒေသများကို သွားရောက်ထောက်ပံ့သူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန် မေတ္တာရပ်ခံ ရေဘေးသင့်ပြည်သူများကို သွားရောက်လှုဒါန်းသူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ ရန်ကုန်တိုင်းက ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြိုနယ်နှင့် ဆက်စပ်လျက်ရှိသောမြိုနယ်များ ရေကြီးမူဖြစ်စဉ်တွင် လာရောက်အားပေးလှူဒါန်းကျသည့် အလှုရှင်များ အနေဖြင့် ရေလမ်းကြောင်းများ သွားလာရာတွင် အသက်ကယ်အင်္ကျီများကို အယောက်တိုင်းမဖြစ်မနေဝတ်ပေးကြရန် မေတ္တာရပ်ခံထုတ်ပြန်ထားခြင်းဖြစ်သည်။

ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်ထက် တစ်ပေခွဲနီးပါး ကျော်လွန် ရန်ကုန်၊စက်တင်ဘာ ၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငမိုးရိပ်ရေလှေ
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်ထက် တစ်ပေခွဲနီးပါး ကျော်လွန် ရန်ကုန်၊စက်တင်ဘာ ၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငမိုးရိပ်ရေလှောင်တမံတွင် အဆက်မပြတ် မိုးရွာသွန်းမှုများကြောင့် ရေပြည့်အမှတ်ထက် ကျော်လွန်ကာ ရေပိုလွှမှ ရေများ စီးဆင်းလျက်ရှိသည်။ ယနေ့ စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီ တိုင်းတာချက်များအရ ငမိုးရိပ်ရေလှောင်တမံ၏ ရေမှတ်မှာ ၁၀၈ ဒသမ ၄၀ ပေ ရှိနေပြီး သတ်မှတ်ရေပြည့်အမှတ် ၁၀၇ ပေထက် ၁ ဒသမ ၄၀ ပေခန့် ကျော်လွန်နေခြင်းဖြစ်သည်။ လက်ရှိတွင် ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှမှ ရေထုစီးဆင်းနှုန်းမှာ ၉၃၀ ကုဗပေ/စက္ကန့် (Cusec) ရှိနေသည်။ ထိုပြင် အနီးဝန်းကျင်ရှိ မဟူရာတမံသည် ရေပြည့်အမှတ်သို ရောက်ရှိရန် ၀ ဒသမ ၃၀ ပေသာ လိုတော့ကြောင်းနှင့် ပေါင်းလင်းတမံသည် ရေပြည့်အမှတ်သို ရောက်ရှိရန် ၆ ဒသမ ၄၉ ပေ လိုသေးကြောင်း သိရသည်။

နီပေါတွင် ကျောင်းသား ၉၀၀ ခန့်ကို ရေဘေးမှ အချိန်မီကယ်တင်ပေးနိုင်ခဲ့သည့် ကျောင်းအုပ်ဆရာကြီးတစ်ဦး နီပေါနိုင်ငံ Trishuli တောင်ကြာ
နီပေါတွင် ကျောင်းသား ၉၀၀ ခန့်ကို ရေဘေးမှ အချိန်မီကယ်တင်ပေးနိုင်ခဲ့သည့် ကျောင်းအုပ်ဆရာကြီးတစ်ဦး နီပေါနိုင်ငံ Trishuli တောင်ကြား‌ဒေသအတွင်းသို ရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး နေအိမ်များ၊ တံတားများနှင့် ကျေးရွာများကို ဖျက်ဆီးပစ်နေကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရေးကြီးသုတ်ပြာ သတိလာပေးသည့်အချိန်တွင် ကျောင်းအုပ်ဆရာကြီး ရာ‌ဂျန်ဒရာ ဒဝါဒီသည် ၎င်း၏ စာသင်ခန်းအတွင်း၌ ရှိနေခဲ့သည်။ ထိုနောက် ဆရာတစ်ဦးထံသို ဖုန်းဖြင့် သတိပေးချက် ထပ်မံရောက်ရှိလာခဲ့သည်။ မိနစ်ပိုင်းအကြာတွင် ကျောင်းသားမိဘတစ်ဦးသည် ၎င်း၏ကလေးကို အိမ်သိုပြန်ခေါ်ရန် ရောက်ရှိလာခဲ့သည်။ ဘေးအန္တရာယ်ဖြစ်ပွားမှုကို အတည်မပြုနိုင်သေးသော်လည်း ကျောင်းအုပ်ကြီးဖြစ်သူ ဒါဝါဒီအတွက် ဆုံးဖြတ်ချက်ချရန် အချိန်မရှိခဲ့ပေ။ သူသည် ကျောင်းခေါင်းလောင်းကို တီးကာ ကျောင်းသားများနှင့် ဝန်ထမ်းများကို အဆောက်အအုံပြင်ပနှင့် မြင့်မားသော ကုန်းမြင့်များဆီသို ထွက်ခွာကြရန် မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ နေပြည်
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ နေပြည်တော်၊ စက်တင်ဘာ ၁ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား ယမန်နေ့က ရုံးအမှတ် (၁) အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

Times Square ဓားထိုးမှုအတွင်း လူတစ်ဦးသေဆုံးပြီး တိုက်ခိုက်သူအမျိုးသမီးလည်း ပစ်ခတ်ခံရပြီး သေဆုံး အမေရိကန်နိုင်ငံ နယူးယောက်မြို
Times Square ဓားထိုးမှုအတွင်း လူတစ်ဦးသေဆုံးပြီး တိုက်ခိုက်သူအမျိုးသမီးလည်း ပစ်ခတ်ခံရပြီး သေဆုံး အမေရိကန်နိုင်ငံ နယူးယောက်မြိုရှိ နာမည်ကျော် Times Square တွင် ဩဂုတ် ၃၁ ရက်က အမျိုးသမီးတစ်ဦးက လူနှစ်ဦးကို အကြောင်းမဲ့ ဓားဖြင့်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်သူအမျိုးသမီးမှာလည်း ရဲတပ်ဖွဲ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ အသက် ၄၉ နှစ်အရွယ် Queens မြိုခံ အမျိုးသမီးသည် ဈေးဝယ်အိတ်အတွင်းမှ ဓားနှစ်ချောင်းကို ထုတ်ကာ မြေအောက်ရထားဘူတာမှ ထွက်လာသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဝမ်းဗိုက်ကို ထိုးခဲ့ပြီးနောက် စက္ကန့်ပိုင်းအကြာတွင် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ဝမ်းဗိုက်နေရာသိုပင် ထပ်မံထိုးခဲ့သည်။ ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံသို ပိုဆောင်ခဲ့သော်လည်း အမျိုးသမီးက သေဆုံးခဲ့ပြီး လူနာအမျိုးသားက အခြေအနေတည်ငြိမ်နေကြောင်း ရဲတပ်ဖွဲက ပြောသည်။ ဓားထိုးခံရသူနှစ်ဦးသည် ခရီးသွားများဟုတ်၊ မဟုတ်ကို ရဲတပ်ဖွဲက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ထိုင်းနိုင်ငံက ဗီဇာကင်းလွတ်ခွင့် နေထိုင်ခွင့်ကို စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ရက် ၆၀ မှ ရက် ၃၀ သို လျှော့ချမည် ထိုင်းနိုင်ငံအစိုး
ထိုင်းနိုင်ငံက ဗီဇာကင်းလွတ်ခွင့် နေထိုင်ခွင့်ကို စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ရက် ၆၀ မှ ရက် ၃၀ သို လျှော့ချမည် ထိုင်းနိုင်ငံအစိုးရသည် နိုင်ငံခြားသားခရီးသွားများအတွက် လက်ရှိပေးထားသည့် ဗီဇာကင်းလွတ်ခွင့် (Visa Exemption) နေထိုင်ခွင့် ရက် ၆၀ စနစ်ကို ဖျက်သိမ်းပြီး ရက် ၃၀ သို လျှော့ချသည့် စည်းမျဉ်းသစ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။  ထိုင်းနိုင်ငံ၏ တော်ဝင်ပြန်တမ်း (Royal Gazette) တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်က စည်းမျဉ်းသစ်များ ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်မှစ၍ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်သည့် နေထိုင်ခွင့်ကာလကို ရက် ၃၀ အဖြစ် ပြောင်းလဲမည် ဖြစ်သည်။

မိုးရွာသွန်းပြီး ရထားလမ်း ရေကျော်မှုကြောင့် ပြေးဆွဲမှုယာယီရပ်နားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/ အဆန် ရထားခရီးစဉ်ကို လာမည့်
မိုးရွာသွန်းပြီး ရထားလမ်း ရေကျော်မှုကြောင့် ပြေးဆွဲမှုယာယီရပ်နားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/ အဆန် ရထားခရီးစဉ်ကို လာမည့်စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်း ရေကျော်နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ယခုအခါ လမ်းပိုင်းပြုပြင်ပြီးစီးပြီဖြစ်၍ ရထားပြေးဆွဲမှု ယာယီရပ်နားခဲ့ရသည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/ အဆန် ရထားခရီးစဉ်ကို လာမည့်စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ် နုတ်ထွက်စာတင်ထားသည်ဟု အိမ်ဖြူတော် အတည်ပြု ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်နှင့် တင်းမာမှုမျာ
အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ် နုတ်ထွက်စာတင်ထားသည်ဟု အိမ်ဖြူတော် အတည်ပြု ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်နှင့် တင်းမာမှုများရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ်သည် နုတ်ထွက်စာတင်ထားသည်ဟု ဩဂုတ် ၃၁ ရက်တွင် အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ဒရစ်စကိုးလ် နုတ်ထွက်သွားပြီဟု ဝေါစထရိဂျာနယ်သတင်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ အိမ်ဖြူတော် ဒုတိယပြန်ကြားရေးဝန်ကြီး အန်နာကယ်လီက ထိုသတင်းကို ငြင်းဆန်ခြင်းမပြုခဲ့ပေ။ "ဒရစ်စကိုးလ်ဟာ သမ္မတထရမ့်ရဲ့ Make America Strong Again ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ရာမှာ ကြည်းတပ်ဝန်ကြီးဌာနမှာ အလွန်ပဲ ထိထိမိမိဆောင်ရွက်ခဲ့ပါတယ်"ဟု ကယ်လီက ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦး
နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြော နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲနှင်းသဘင်ခန်းမ၌ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတိုတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရသစ်ကာလတွင် လူငယ်ရေးရာဝန်ကြီးဌာနကို အ သစ်ဖွဲစည်းပြီး လူငယ်ရေးရာမူဝါဒများချမှတ်ကာ လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး လူငယ်များတိုင်းတစ်ပါးနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုးရသည်ဟု ပြောသည်။

အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ အချိန်မရွေးဖြစ်လာနိုင်‌ကြောင်း တောင်ကိုရီးယား ပြောကြား အမေရိကန်နှင့် မြောက်ကိုရီးယားကြား
အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ အချိန်မရွေးဖြစ်လာနိုင်‌ကြောင်း တောင်ကိုရီးယား ပြောကြား အမေရိကန်နှင့် မြောက်ကိုရီးယားကြား ထိပ်သီးအစည်းအဝေးတစ်ခုသည် မည်သည့်အချိန်တွင်မဆို ဖြစ်လာနိုင်ကြောင်းနှင့် နှစ်နိုင်ငံကြား ဆွေးနွေးမှုပြုလုပ်နေသည့် လက္ခဏာများ ထွက်ပေါ်လာကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ သတင်းပိုချက်ကို ကိုးကားပြီး လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထပ်မံတွေ့ဆုံရန် အကြံပြုထားသော်လည်း မြောက်ကိုရီးယားဘက်မှ လူသိရှင်ကြား အကြောင်းမပြန်သေးပေ။

ပြည်သူ့လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်နေ ပြည်သူ့လွှတ်တော်အနေဖြင့် ထို
ပြည်သူ့လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်နေ ပြည်သူ့လွှတ်တော်အနေဖြင့် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စီးပွားရေးလုပ်ကိုင်ရာတွင်ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်လျက်ရှိသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက သြဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်ကို ဆက်ပြီး တိုက်ခိုက်သွားနိုင်တယ်လို ထရမ့် ပြော ပြန် အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ကို ပြန်ပြီး တိုက်ခိုက်တာတွေ ပြုလုပ
အီရန်ကို ဆက်ပြီး တိုက်ခိုက်သွားနိုင်တယ်လို ထရမ့် ပြော ပြန် အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ကို ပြန်ပြီး တိုက်ခိုက်တာတွေ ပြုလုပ်ကောင်း ပြုလုပ်နိုင်တယ်လို သမ္မတ ဒေါ်နယ်ထရမ့်က ပြောပြန်ပါတယ်။ "သူတိုဟာ ကျရှုးနိုင်ငံတစ်ခု ဖြစ်နေပါပြီ။ ငွေကြေးဖောင်းပွမှုက ၃၅၀ ရာခိုင်နှုန်း ရှိနေတယ်။ သုံးစရာ ငွေကြေးလည်း မရှိတော့ဘူး၊ စစ်သားတွေကိုလည်း လစာ မပေးနိုင်ကြဘူး။ ခေါင်းဆောင်ပိုင်းဆိုရင်လည်း အများစု သေကုန်ကြပြီ။ ရေတပ်ရော လေတပ်ပါ မရှိတော့သလို ထောက်လှမ်းရေး ကိရိယာတွေဆိုရင်လည်း အကုန်နီးပါး ပျက်စီးသွားပြီ။ ဒါပေမဲ့ ဒါတွေကြောင့် ကျုပ်တို သူတိုကို ထပ်မနှက်တော့ဘူးလို ဆိုလိုတာ မဟုတ်ပါဘူး။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်တာပေါ့" လို သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည် ပြင်ဦးလွင်၊ သြဂုတ် ၃၁ မိုးသည်းထန်စွာရ
ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည် ပြင်ဦးလွင်၊ သြဂုတ် ၃၁ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ နောင်ချိုမြိုနယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။