Speaker ငဘ
Open in Telegram
တိကျ မြန်ဆန် သတင်းမှန်ဆီသို့
Show moreThe country is not specifiedThe category is not specified
3 238
Subscribers
-424 hours
-1167 days
-31030 days
Posts Archive
3 231
မလေးရှားရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၁ ဦးအား CI လက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး ၄ ဦးကို ဆက်လက်စိစစ်နေ
ကွာလာလမ်ပူ၊ ဩဂုတ် ၂၉
မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် ကာယကံရှင်များ၏သဘောဆန္ဒဖြင့် နေရပ်ပြန်လိုသူများကို မြန်မာနိုင်ငံသို အမြန်ဆုံး ပြန်လည်ပိုဆောင်နိုင်ရေးအတွက် သံရုံးက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ နိုင်ငံသား စိစစ်ပေးလျက်ရှိကြောင်း ကွာလာလမ်ပူမြို မြန်မာသံရုံးက ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း Langkap Camp လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၅ ဦးကို မြန်မာသံရုံးက သွားရောက်စိစစ်ခဲ့ရာ အထောက်အထား ပြည့်စုံသည့် ၆၁ ဦးအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးနိုင်ခဲ့ပြီး အထောက်အထား မပြည့်စုံသေးသည့် ၄ ဦးကို မိသားစုဝင်များထံမှ အချက်အလက် တောင်းခံ၍ သက်ဆိုင်ရာ ဌာနများတွင် ဆက်လက် စိစစ်အတည်ပြုလျက်ရှိသည်။
3 231
ဥရောပလုံခြုံရေး ဆိုတာ အမေရိကန်အတွက် စတုတ္ထနေရာမှာပဲ ရှိပါတယ်
ဩဂုတ် - ၂၉ ( စနေနေ့ )
အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ဦးစားပေးစာရင်းမှာ ဥရောပဟာ စတုတ္ထနေရာမှာပဲ ရှိတယ်လို နေတိုးအဖွဲ ဆိုင်ရာ အမေရိကန်သံအမတ် မက်သရူး ဝိုက်တိတ်ကာ က ပြောကြားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ နေတိုး အဖွဲဝင်နိုင်ငံတွေကို သူတိုရဲ့ ကာကွယ်ရေးအတွက် မိမိဘာသာ ပိုပြီး တာဝန်ယူကြဖို တွန်းအားပေးနေချိန်မှာ ဒီလိုပြောလိုက်တာဖြစ်ပါတယ်။
ကြာသပတေးနေ့က Newsmaxသတင်းဌာန နဲ့ အင်တာဗျူးမှာ ဝိုက်တိတ်ကာက ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး ဗျူဟာအောက်မှာရှိတဲ့ ဝါရှင်တန်ရဲ့ ဦးစားပေးတွေကို အခုလို ရှင်းပြခဲ့ပါတယ်။ "မိမိတိုင်းပြည် ကာကွယ်ရေးက နံပါတ်တစ်ပါ။ ကျနော်တိုနေထိုင်တဲ့ အနောက်ကမ္ဘာခြမ်းကလည်း တန်းတူအရေးပါပါတယ်" လို သူက ပြောသွားပြီး ဒုတိယနဲ့ တတိယနေရာမှာ ပစိဖိတ်ဒေသ ဖြစ်တယ်လို ဆိုပါတယ်။ "ဥရောပကို ကာကွယ်တာကလည်း ဦးစားပေးတစ်ခု ဖြစ်ပေမဲ့ စတုတ္ထနေရာမှာပဲ ရှိပါတယ်" လို သံအမတ်က ဆိုပါတယ်။
3 231
သာကေတမြိုနယ်ရှိ အသက်(၉၀)နှစ်နှင့်အထက် ဘိုး/ဘွားများကို ပူဇော်ကန်တော့
ရန်ကုန်တိုင်း၊ သာကေတမြိုနယ်မှ အသက်(၉၀)နှစ်နှင့်အထက် ဘိုး/ဘွားများအား သြဂုတ် ၂၈ ရက်နေ့လယ် ၁ နာရီခွဲက ယင်း မြိုနယ်ရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ ဝိမုတ္တိရသဓမ္မဗိမာန်တော်၌ ပူဇော်ကန်တော့ခဲ့ကြသည်။
ရန်ကုန်တိုင်းလွှတ်တော်၊ လူမှုရေးရာလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအဖွဲနှင့် မယ်တော်မာယာဖောင်ဒေးရှင်းအဖွဲတိုပူးပေါင်း၍ ဘိုး/ဘွားများအား ထောက်ပံ့ငွေနှင့် အာဟာရပြည့်ဖြည့်စွက်အစားအစာများကို ပေးအပ်လှူဒါန်းကန်တော့ခဲ့ကြသည်။
3 231
ယုံကြည်စိတ်ချရသော ဒီဂျစ်တယ်ဂေဟစနစ်တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပြောကြား
ယုံကြည်စိတ်ချရသော ဒီဂျစ်တယ်ဂေဟစနစ် တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားသည်။
ယနေ့ (ဩဂုတ် ၂၉ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅)၌ ကျင်းပသည့် Cyber Security Awareness Video Competition - 2026 (University Level) ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
3 231
Digital Smart မီတာအသစ် လျှောက်ထားသူ ၉,၆၈၆ ဦးရှိပြီး အချက်အလက်မပြည့်စုံသည့် လျှောက်လွှာ ၂,၄၈၂ စောင် ပြန်လည်အသိပေး
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟐𝟗》
လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံးအတွက် လိုအပ်သည့် Digital Smart မီတာအသစ်များကို အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၅ ရက်မှ ၂၈ ရက်အထိ လျှောက်ထားသူ ၉,၆၈၆ ဦးရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။
Digital Smart မီတာအသစ်များ လျှောက်ထားရာတွင် ပြည်သူများအနေဖြင့် အချိန်နှင့် ကုန်ကျစရိတ်သက်သာစေရန်၊ တစ်ဆင့်ခံပွဲစားများနှင့် ဝန်ထမ်းများ မလိုလားအပ်သည့် ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေရန် ရည်ရွယ်၍ Website မှတစ်ဆင့် လျှောက်ထားနိုင်သည့်စနစ်ကို ဩဂုတ် ၁၅ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
3 231
ြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဩဂုတ် ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်သည် ပြည်ထောင်စုဝန်ကြီးများ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
3 231
ဗင်နီဇွဲလားရေနံသိုက်တွေနဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခု အမေရိကန်က ရရှိသွားပြီလို ထရမ့်က ပြော
ဗင်နီဇွဲလားရဲ့ ရေနံသိုက်တွေကို အမေရိကန်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို လွှပြောင်းပေးမယ့် သဘောတူညီချက်တစ်ခုကို အမေရိကန်က ရယူနိုင်ခဲ့ပြီလို သမ္မတ ဒေါ်နယ်ထရမ့်က Truth Social လူမှုကွန်ရက်ပေါ်မှာ ပြောထားပါတယ်။
Noted: ပြောလိုက်ရင်လည်း ဒီမိုကရေစီက ပါးစပ်ကမချတဲ့နိုင်ငံ လုပ်သမျှအလုပ်ကလဲ ဗိုလ်ကျစိုးမိုးရေးဝါဒ။ ဗင်နီဇွဲလားကို မူးယစ်ဆေးဝါးဆိုပြီးကြောင့် သိမ်းရပါတယ်ပြောပြီး ရေနံကိုအပိုင်သိမ်းတယ်။ ပြီးတော့ ကမ္ဘာ့ရေနံ သုံးပုံတစ်ပုံနီးပါရှိတဲ့ ဟော်မုဇ်ကို ပြဿနာရှာတယ်။ ဟော်မုဇ်က အမေရိကန်အပိုင်ပါလဲ အသံကောင်းဟစ်တယ်။ ဒိန်းမတ်ရဲ့ Greenland ကိုလည်း မျက်စပစ်တယ်။ ကဲကြည့်ပါအုန်း စကားနားမထောင်တဲ့နိုင်ငံတွေကို ဒေါ်လာအားကိုးနဲ့ စီးပွားရေးပိတ်ဆို့အရေးယူတယ်။ ဒါက ဒီမိုကရေစီမဟုတ်တော့ဘူး တောရိုင်းတိရစ္ဆာန်ဝါဒဆိုတဲ့ ကြီးရင်အနိုင်ကျင့်တဲ့ ဝါဒလက်ကိုင်ထားတယ်ဆိုတာ ရှင်းနေတာပါ။
သိင်္ခ
3 231
ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ရေဘေးသင့်ဒေသများသို ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထောက်ပံ့ထား
ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ရေဘေးသင့်ဒေသများသို ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထောက်ပံ့ထားကြောင်း သိရသည်။
ယခုနှစ် ဇူလိုင်လကုန်ပိုင်းမှစ၍ နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့သော ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲများ၏ ထောက်ပံ့ထားရှိမှုမှာ ကျပ်သိန်းပေါင်း ၃၁၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
3 231
လက်ရှိပြေးဆွဲပေးနေသည့် အဓိက လမ်းကြောင်းကြီး (၃) ခု
• ရန်ကုန် - မန္တလေး
• ရန်ကုန် - မော်လမြိုင်
• ရန်ကုန် - ပြည်
ခရီးစဉ်များ၏ ထွက်ခွာ/ဆိုက်ရောက်ချိန်၊ ရထားအမျိုးအစားနှင့် အတန်းအစားအလိုက် ကျသင့်ငွေများ
#TravelerGuide
3 231
၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
၂၀၂၇ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး မြန်မာ ယူ-၁၇ အမျိုးသားဘောလုံးအသင်းလည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ ခြေစစ်ပွဲများကို လာမည့် နိုဝင်ဘာ ၈ ရက်မှ ၂၀ ရက်အထိ ကျင်းပရန် လျာထားထားသည်။
ယခုခြေစစ်ပွဲတွင် အသင်း ၃၅ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ အသင်းငါးသင်းစီပါဝင်သည့် အုပ်စုခုနစ်ခုခွဲ၍ အိမ်ရှင်နိုင်ငံ ခုနစ်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲချုပ် (AFC) ၌ ဩဂုတ် ၂၇ ရက်က ပြုလုပ်ခဲ့သည့် အုပ်စုမဲခွဲပွဲရလဒ်အရ မြန်မာ ယူ-၁၇ အသင်းသည် အုပ်စု (A) တွင် ကျရောက်ခဲ့ပြီး အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား ယူ-၁၇ အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
AFC ၏ သတ်မှတ်ချက်အရ အုပ်စုအဆင့်တွင် အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးခုနစ်သင်းသာ ၂၀၂၇ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ နောက်ဆုံးအဆင့်သို တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
3 231
ရေဘေးကို စီမံရန် နည်းပညာ အကူအညီနှင့် ဒေါ်လာဘီလျံပေါင်းများစွာ လိုအပ်နေသည်ဟု နီပေါ အစိုးရ ပြောကြား
ရာသီဥတု ဆိုးရွားနေသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရသော ရေဘေးသင့် နီပေါက နည်းပညာ အကူအညီနှင့် ဒေါ်လာဘီလျံပေါင်းများစွာ လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။
တိဘက်နှင့်နယ်နိမိတ်ထိဆက်နေသော ဒေသကို တိုက်စားဖျက်ဆီးခဲ့သည့် ဆိုးရွားသော ရေဘေးကို ကိုင်တွယ်ရန် ပြည်ပနည်းပညာအကူအညီများ လိုအပ်နေသည်ဟု နီပေါအစိုးရက ပြောကြားလိုက်ပြီး ရာသီဥတု ဆိုးရွားနေသည့်အတွက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဩဂုတ် ၂၉ ရက်နေ့တွင် ရပ်ဆိုင်းထားလိုက်သည်ဟုဆိုသည်။
3 231
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်ခရိုင်တွင် ရွှနွံပြိုကျမှု ဘေးအန္တရာယ် အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို " ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်း " သုံးမျိုးလုံးဖြင့် တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိ
ကျီလုန်၊ သြဂုတ် ၂၉
ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က နီပေါနိုင်ငံဘက်ခြမ်း၌ ရွှနွံပြိုကျမှု ဘေးအန္တရာယ်ဖြစ်ပွားခဲ့ခြင်းကြောင့် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရစ်ခါကျယ်မြို ကျီလုန်ခရိုင် ကျီလုန် နယ်စပ်ဂိတ်တွင် လူအများအပြား သေဆုံး၊ ဒဏ်ရာရရှိကာ ပျောက်ဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် အဖွဲအစည်းပေါင်းစုံမှ အင်အားများ ဘေးဒဏ်သင့်ဒေသ သို အရေးပေါ်သွားရောက်ကူညီခဲ့ကြပြီး ကယ်ဆယ်ရေးအဖွဲများသည် " ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်း " သုံးမျိုးလုံးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
3 231
ဗင်နီဇွဲလားရေနံစိမ်းတွေက အမေရိကန်ရဲ့လက်အောက်ကို ရောက်သွားပြီလို ထရမ့်ကြေညာ
ဩဂုတ် - ၂၉ ( စနေနေ့ )
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံနဲ့ သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဝါရှင်တန်အနေနဲ့ စည်ပေါင်း ၆၅ ဘီလီယံကျော်ရှိတဲ့ အတည်ပြုပြီးသား အရန်ရေနံစိမ်းအများစုကို ထိန်းချုပ်ခွင့် ရရှိခဲ့ပြီဟု ဆိုကာ ယင်းကို "ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ရေနံသဘောတူညီချက်" လို ကြေညာခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ စစ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက်တိုဟာ ဗင်နီဇွဲလား ယာယီခေါင်းဆောင် ဒဲလ်စီ ရိုဒရီဂက်ဇ်၊ ပုဂ္ဂလိက လုပ်ငန်းအဖွဲအစည်းတွေနဲ့ ပူးပေါင်းပြီး အမေရိကန် အခွန်ထမ်းတွေဘက်က "ပြားစေ့တစ်စေ့မှ အကုန်အကျမခံရဘဲ" အဆိုပါ အရန်ရေနံစိမ်းတွေအပေါ် "အမေရိကန် အများစု ထိန်းချုပ်ခွင့်" ကို ရယူနိုင်ခဲ့တာ ဖြစ်တယ်လို ထရမ့်က သောကြာနေ့မှာ ထရုသ်ဆိုရှယ် ကနေ ရေးသားခဲ့ပါတယ်။
3 231
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ တနင်္သာရီ မြစ်ရေမှာ အန္တရာယ်ရေအမှတ်နီးပါး ရောက်ရှိလာ
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ တနင်္သာရီ မြစ်ရေမှာ အန္တရာယ်ရေအမှတ်နီးပါး ရောက်ရှိလာပြီး နေအိမ်များထဲသို ရေဝင်ရောက် နေပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြိုနယ်ကို ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီ မြစ်ရေမှာ ဩဂုတ် ၂၉ ရက် နေ့လယ် ၁ နာရီတိုင်းထွာချက်အရ သာမန် ရေမျက်နှာပြင်အထက် ၂၃ ပေသိုရောက်ရှိလာကြောင်းသိရသည်။
တနင်္သာရီ မြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၁၇ ပေ) ဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ (၂၄ ပေ) ဖြစ်ကြောင်း သိရသည်။
3 231
လေးမျက်နှာမြိုနယ် ရေဘေးသင့်ပြည်သူများအတွက် PTTEP က ကျပ်သိန်း ၉၀၀ ကျော် လှူဒါန်း
လေးမျက်နှာ၊ ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြိုနယ်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီစောင့်ရှောက်နိုင်ရေးအတွက် PTTEP International Limited က ငွေကျပ် ၉၀,၂၇၅,၀၀၀ (ကျပ်သိန်း ၉၀၀ ကျော်) ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေကို ယမန်နေ့ (ဩဂုတ် ၂၈ ရက်) က ရန်ကုန်မြိုရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးခွဲ၌ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က လက်ခံရယူကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
3 231
ဖလမ်းမြိုနယ်အတွင်း ဒေသခံပြည်သူ ၄၁၅၉၀ နေရပ်ပြန်လည်နေထိုင်
နေပြည်တော်၊ ဩဂုတ် ၂၉
ဖလမ်းမြိုကို တပ်မတော်ကအလုံးစုံထိန်းချုပ်ပြီးနောက် တိုက်ပွဲရှောင်ပြည်သူများသည် နေရပ်သိုပြန်လာကြရာ မေ ၆ ရက်မှ ဩဂုတ် ၂၇ ရက်အထိ ဖလမ်းမြိုရှိ မြိုပေါ်ရပ်ကွက် ရှစ်ခုသို ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၃၆၅၉ ဦးရှိပြီဖြစ်ကာ ဖလမ်းမြိုနယ်အတွင်း ပြန်လည် ဝင်ရောက်နေထိုင်သူစုစုပေါင်း ၄၁၅၉၀ ရှိပြီဖြစ်ကြောင်း သိရသည်။
၂၇-၈-၂၀၂၆ ရက်နေ့ ညနေပိုင်းက ကလေး-ဖလမ်းလမ်းပိုင်း ဖလမ်းမြိုအဝင်တွင် ကလေးမြိုမှ ဖလမ်းမြိုသို နေရပ်ပြန်လာသည့် ဒေသခံပြည်သူ ၉၆ ဦးကို ကြိုဆိုနှုတ်ဆက်ခဲ့ပြီး နေရပ်ပြန်ဒေသခံပြည်သူများကို စာရင်းကောက်ယူနေမှု၊ ကော်ဖီနှင့်မုန့်တိုက်ကျွေးနေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ ဖလမ်းမြို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ကြည့်ရှုအားပေးကာ ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်၍ အားပေးစကားပြောကြားသည်။
3 231
ထိုင်းနိုင်ငံတွင် တရားဥပဒေ ချိုးဖောက်သည့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည့် စည်းကမ်းချက်အသစ်များကို ထိုင်းဝန်ကြီးချုပ် လက်မှတ်ရေးထိုး
ထိုင်းနိုင်ငံတွင် တရားဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည့် စည်းကမ်းချက်အသစ်များကို ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က လက်မှတ်ရေးထိုးခဲ့ကြောင်း The Star သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၏ ဥပဒေကို ချိုးဖောက်သူများ သိုမဟုတ် ပြည်သူလူထု၏ အေးချမ်းသာယာမှုကို ထိခိုက်စေသည်ဟု ယူဆရသော ပြုမူနေထိုင်မှုများ ပြုလုပ်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရာတွင် ကျင့်သုံးမည့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းသည့် စည်းမျဉ်းသစ်များကို အနူတင်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံး စည်းမျဉ်းကို ဩဂုတ် ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စည်းမျဉ်းသည် ဩဂုတ် ၂၈ ရက်နေ့မှစတင် စတင် အာဏာသက်ရောက်မည် ဖြစ်သည်။
ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားလာရေး၊ နေထိုင်ရေး၊ အလုပ်အကိုင် သိုမဟုတ် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ရန် တရားဝင် ဝင်ရောက်လာသူ နိုင်ငံခြားသားများကို ကြိုဆိုကြောင်း ယင်းစည်းမျဉ်းတွင် ဖော်ပြထားသည်။
သိုသော် အချိုသော နိုင်ငံခြားသားများသည် ဥပဒေကို ချိုးဖောက်ခြင်း၊ အများပြည်သူအေးချမ်းသာယာရေး၊ ကောင်းမွန်သော စာရိတ္တပိုင်းဆိုင်ရာများကို ထိခိုက်စေခြင်း သိုမဟုတ် ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ဝင်ရောက်လာခြင်းများ ရှိကြောင်း ဖော်ပြထားသည်။
3 231
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး၊ စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုများအား သွားရောက်ကြည်ရှုစစ်ဆေး
နေပြည်တော်၊ ဩဂုတ် ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတိုလိုက်ပါ၍ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသိုသွားရောက်၍ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲဝင်များအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲဝင်များသည် ဆေးရုံသိုရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
