en
Feedback
Speaker ငဘ

Speaker ငဘ

Open in Telegram

တိကျ မြန်ဆန် သတင်းမှန်ဆီသို့

Show more
The country is not specifiedThe category is not specified
3 223
Subscribers
-424 hours
-1167 days
-31030 days
Posts Archive
photo content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး၊ စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုများအား သွားရောက်ကြည်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် ၂၉ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတိုလိုက်ပါ၍ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသိုသွားရောက်၍ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲဝင်များအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲဝင်များသည် ဆေးရုံသိုရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

မိုင်းရယ်မြိုအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ပြည်ပနိုင်ငံသား ၂ ဦးအား လုပ်ငန်းသုံးပစ္စည်းမ
မိုင်းရယ်မြိုအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ပြည်ပနိုင်ငံသား ၂ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင်အတူ ထပ်မံဖမ်းဆီးရမိ နေပြည်တော်၊ ဩဂုတ် ၂၈ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ် အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေး လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေ ဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများ အလေးထား ဆောင်ရွက်လျက်ရှိသည်။

နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှ
နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို နေပြည်တော်၊ ဩဂုတ် ၂၈ နီပေါနိုင်ငံ ရာဆူဝါခရိုင် (Rasuwa) နှင့် အနီးဝန်းကျင်ဒေသများတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုးခဲ့ရပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က နီပေါဝန်ကြီးချုပ် မစ္စတာ ဘလန်ဒရာ ရှား (Balendra Shah) ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပိုခဲ့သည်။ ပေးပိုသည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက နီပေါဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ၊ အထူးသဖြင့် ခက်ခဲသည့်အချိန်ကို ဖြတ်သန်းနေရသည့် ကျန်ရစ်သူမိသားစုများထံ စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း ဖော်ပြထားသည်။ ထိုပြင် ရေဘေးသင့်ပြည်သူများအနေဖြင့် လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုးမှုများမှ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပိုသထားသည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီ MAEX က အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၂၀၀နှုန်းဖြင့် စက်တင်ဘာ ၃ ရက်မှ စတင်ထ
ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီ MAEX က အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၂၀၀နှုန်းဖြင့် စက်တင်ဘာ ၃ ရက်မှ စတင်ထုတ်ပေးမည် ရန်ကုန်၊ ဩဂုတ် ၂၈ ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီဖြစ်သည့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၂၀၀ နှုန်းဖြင့် ခွဲဝေပေးသွားမည်ဖြစ်ပြီး စက်တင်ဘာ ၃ ရက်မှ စတင်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမြတ်ဝေစု ခွဲဝေပေးရေးကို MAEX ၏ (၃/၂၀၂၅-၂၀၂၆) ဒါရိုက်တာအဖွဲ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၂၈ ရက် ၌ ကျင်းပသည့် ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များထံ အသိပေးခဲ့သည်။ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက် YSX Record Date အရ အမြတ်ဝေစု ခံစားခွင့်ရှိသည့် ရှယ်ယာရှင်များကို သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ထုတ်ပေးသွားမည်ဖြစ်သည်။

အင်္ဂပူမြိုတွင် ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး အင်္ဂပူ၊ ဩဂုတ် ၂၈ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်
အင်္ဂပူမြိုတွင် ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး အင်္ဂပူ၊ ဩဂုတ် ၂၈ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို၊ မြိုမဈေးတွင် ယမန်နေ့နံနက်ပိုင်းက မြိုနယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီမှ ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။ အဆိုပါရောင်းချမှုကို မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြိုနယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီဝင်များမှ ကြည့်ရှုအားပေးခဲ့ပြီး လူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ဆန်တစ်ပြည်နှင့် ကြက်ဥလေးလုံးတိုကို သက်သာသော ဈေးနှုန်းတိုဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဝါခေါင်လပြည့်နေ့၌ ဖူးတွေ့ရသည့် ကျောက်တော်ကြီးဘုရား ယနေ့ သြဂုတ် ၂၈ ရက်တွင်ကျရောက်သည့် ဝါခေါင်လပြည့်(မေတ္တာအခါတော်)နေ့၌ လောကချမ
ဝါခေါင်လပြည့်နေ့၌ ဖူးတွေ့ရသည့် ကျောက်တော်ကြီးဘုရား ယနေ့ သြဂုတ် ၂၈ ရက်တွင်ကျရောက်သည့် ဝါခေါင်လပြည့်(မေတ္တာအခါတော်)နေ့၌ လောကချမ်းသာအဘယလာဘမုနိကျောက်တော်ကြီးဘုရားအား လာရောက်ဖူးမြှော်သူများနှင့်အတူ ကြည်ညိုဖွယ်ဖူးတွေ့ရသည့် မြင်ကွင်းပုံရိပ်များအား ကြည်နူးသဒ္ဒါပွားများနိုင်ကြစေရန်ရည်သန်၍ ဖော်ပြပေးလိုက်ရပါသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးကို MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတိုဆွေးနွေး မြန်မာ-ထိုင်းနှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးကို နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ သော် ဆရလမ် တိုဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတိုသည် ယနေ့ သြဂုတ် ၂၈ ရက်နေ့လယ်ပိုင်းက တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ ထိုင်းနိုင်ငံသိုတရားဝင်ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီခဲ့ကြသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများကြား ကာလရှည်ကြာတည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတိုးမြှင့်ရေးတိုကို ဆွေးနွေးခဲ့ကြသည်။

အီရန်နိုင်ငံထုတ် အရိုးပွရောဂါကုသဆေး ‘Zandoriah’ ကို ဥရောပသမဂ္ဂ (EU) တစ်ဝန်းလုံးတွင် အသုံးပြုရန် ဥရောပ ဆေးဝါးဆိုင်ရာ အေဂျင်စီ
အီရန်နိုင်ငံထုတ် အရိုးပွရောဂါကုသဆေး ‘Zandoriah’ ကို ဥရောပသမဂ္ဂ (EU) တစ်ဝန်းလုံးတွင် အသုံးပြုရန် ဥရောပ ဆေးဝါးဆိုင်ရာ အေဂျင်စီ (EMA) က ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်သည်။ ဒါဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ပထမဆုံးအကြိမ် ထုတ်လုပ်တီထွင်ခဲ့တဲ့ ဇီဝဗေဒဆိုင်ရာ ဆေးဝါး တစ်မျိုးကို ဥရောပသမဂ္ဂရဲ့ အတည်ပြုချက် ရရှိခဲ့တာဖြစ်ပြီး ထိုဆေးကို အီရန်နိုင်ငံက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်က အီရန်စီးပွားရေးကျပ်တည်းအောင်လုပ်ဆောင်ရာတွင် တရုတ်အကူအညီမပါလျှင် မဖြစ်နိုင်ဟု လေ့လာဆန်းစစ်သူများက ပြောကြား အမေရိကန်က
အမေရိကန်က အီရန်စီးပွားရေးကျပ်တည်းအောင်လုပ်ဆောင်ရာတွင် တရုတ်အကူအညီမပါလျှင် မဖြစ်နိုင်ဟု လေ့လာဆန်းစစ်သူများက ပြောကြား အမေရိကန်က အီရန်စီးပွားရေးကျပ်တည်းအောင်လုပ်ဆောင်ရာတွင် တရုတ်အကူအညီမပါလျှင် မဖြစ်နိုင်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။ အရှေ့အလယ်ပိုင်းစစ်ပွဲ သက်တမ်းခြောက်လနီးပါးသိုရောက်လာချိန်တွင် အမေရိကန်က အီရန်ကို ပိတ်ဆိုမှုချမှတ်မည့် အစီအစဉ်များကိုတိုးချဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး တီဟီရန် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကူညီသောနိုင်ငံမှန်သမျှသည် တစ်ကမ္ဘာလုံးက ၀ိုင်းပယ်သောနိုင်ငံဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့သည်။ အမေရိကန်၏ပိတ်ဆိုမှုစာရင်းကြောင့် ထိခိုက်သော ကုမ္ပဏီများထဲတွင် တရုတ်ကုမ္ပဏီများပါဝင်နေသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး စကော့ဘက်ဆန့်က အမေရိကန်၏အရေးယူပိတ်ဆိုမှု အစီအစဉ်တွင် တရုတ် ပါဝင်ရန် ပြောကြားထားသည်။ တရုတ်က အမေရိကန်၏အစီအစဉ်တွင် ပါဝင်မည့်အစား အီရန်နှင့် ၎င်း၏ပူး ပေါင်းဆောင်ရွက်မှုများကို ကာကွယ်ပြောဆိုလိုက်ပြီး ၎င်း၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်မည်ဟု ကြုံးဝါးခဲ့သည်။

ဒက္ခိဏသီရိမြိုနယ်ရှိ သဘာဝရေကန်ထဲသိုအိမ်စီးကားတစ်စီး အရှိန်လွန်ထိုးကျ (၂)ဦး ‌ေ-သဆုံး နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ သဘာဝရေက
ဒက္ခိဏသီရိမြိုနယ်ရှိ သဘာဝရေကန်ထဲသိုအိမ်စီးကားတစ်စီး အရှိန်လွန်ထိုးကျ (၂)ဦး ‌ေ-သဆုံး နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ သဘာဝရေကန်ထဲသို အိမ်စီးကားတစ်စီး အရှိန်လွန်ထိုးကျခဲ့မှု ယနေ့ သြဂုတ် ၂၈ ရက်နံနက် ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒက္ခိဏသီရိမြိုနယ်၊ ထန်းတစ်ပင်၊ ကျောက်မျက်ဝန်းတွင် အိမ်စီးကား(၁)စီးအရှိန်လွန်ပြီး လမ်းဘေးရှိသ ဘာဝရေကန်ထဲသိုထိုးကျသွားခဲ့သဖြင့် မီးသတ်တပ်ဖွဲဝင်များကရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတိုမှာ ‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းများအား လူငယ်တွဲလက်လူမှုကူညီရေးအသင်းက နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသိုပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။

၂၀၂၆ ခုနှစ်အတွင်း အီရန်တွင် လူပေါင်း ၅၀၀ ကျော် စီရင်ကွပ်မျက်ခံရ ၂၀၂၆ ခုနှစ်အတွင်း အီရန်နိုင်ငံတွင် လူပေါင်း ၅၀၀ ကျော်သည် သေဒဏ
၂၀၂၆ ခုနှစ်အတွင်း အီရန်တွင် လူပေါင်း ၅၀၀ ကျော် စီရင်ကွပ်မျက်ခံရ ၂၀၂၆ ခုနှစ်အတွင်း အီရန်နိုင်ငံတွင် လူပေါင်း ၅၀၀ ကျော်သည် သေဒဏ်စီရင်ကွပ်မျက်ခံခဲ့ရကြောင်း နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ (IHR) အဖွဲက ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း အနည်းဆုံး လူ ၅၁၁ ဦး ကွပ်မျက်ခံခဲ့ရပြီးဖြစ်ပြီး ယင်းတိုအနက် လူ ၂၉ ဦးမှာ ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ဆက်နွှယ်ပြီး သေဒဏ်ပေးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ သေဒဏ်ပေးခံရသူများထဲတွင် အမျိုးသမီး ၁၆ ဦးနှင့် မတရားအသင်းအဖြစ် ပိတ်ပင်ခံထားရသော အတိုက်အခံအဖွဲများနှင့် ဆက်နွှယ်နေသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ပါဝင်ကြောင်း အဆိုပါအဖွဲက ပြောဆိုသည်။ ဇန်နဝါရီလ ဆန္ဒပြပွဲများနှင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် အမေရိကန်၊ အစ္စရေးတိုနှင့် စစ်ပွဲများ ဖြစ်ပွားပြီးနောက် အီရန်သည် ပြည်သူများကို ခြိမ်းခြောက်ရန် နည်းလမ်းတစ်ခုအဖြစ် သေဒဏ်ပေးခြင်းကို အသုံးပြုနေကြောင်း တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားကြသည်။

ပူတင်သည် နေတိုးပိုင်နက်ကို တိုက်ခိုက်မည်မဟုတ်ကြောင်း ထရန့် ပြောကြား ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နေတိုးပိုင်နက်ကို တိုက်ခိုက်
ပူတင်သည် နေတိုးပိုင်နက်ကို တိုက်ခိုက်မည်မဟုတ်ကြောင်း ထရန့် ပြောကြား ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နေတိုးပိုင်နက်ကို တိုက်ခိုက်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ရန့်က ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည် ရုရှားက ဥရောပကို တိုက်ခိုက်လာနိုင်ခြေရှိသည့် အခြေအနေနှင့်ပတ်သက်ပြီး အမေရိကန်က ရုရှားကို သတိပေးခဲ့သည်ဆိုသည့် သတင်းများကို ထရန့်က လျှော့ချပြောဆိုခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် စီအိုင်အေညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ်၏ ရုရှားခရီးစဉ်းအပြီးတွင် ကရင်မလင်နန်းတော်ကလည်း အဆိုပါ သတင်းများကို ခြောက်လှန့်သည့်ဇာတ်လမ်းများသာဖြစ်ကြောင်း ပယ်ချခဲ့သည်။ ပူတင်အနေဖြင့် နေတိုးအဖွဲဝင်များကို တိုက်ခိုက်မည် ဟုတ်၊ မဟုတ် သတင်းထောက်များက မေးမြန်းခဲ့ချိန်တွင် ထရန့်က "ကျွန်တော် သူ့နဲ့ စကားကောင်းကောင်း ပြောဆိုခဲ့ပါတယ်။ သူက နေတိုး ပိုင်နက်ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး" ဟု ဖြေကြားခဲ့သည်။

အမေရိကန်၊ ဂျပန်တိုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု တောင်ကိုရီးယား ပြောကြား အမေရိကန်၊ ဂျပန်တိုနှင့် စစ်ရေးလေ
အမေရိကန်၊ ဂျပန်တိုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု တောင်ကိုရီးယား ပြောကြား အမေရိကန်၊ ဂျပန်တိုနှင့် စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာလတွင် ပြုလုပ်သွားမည်ဟု တောင်ကိုရီးယားက ဩဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်က မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများကို အဆင်ပြေချောမွေ့စေရန်အတွက် တောင်ကိုရီးယားနှင့် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချခဲ့ပြီးနောက် တောင်ကိုရီးယား၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားသည် မြောက်ကိုရီးယားကို အဓိကပစ်မှတ်ထားသည့် Freedom Edge စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်း၏ အရှေ့ဘက်နှင့် တောင်ဘက်ရှိ နိုင်ငံတကာ ရေပြင်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ U-17 ဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာ U-17 အသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ရန်ကုန်၊ ဩဂုတ် ၂၈ ဂျပန
ဂျပန်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ U-17 ဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာ U-17 အသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ရန်ကုန်၊ ဩဂုတ် ၂၈ ဂျပန်ဘောလုံးအဖွဲချုပ် (JFA) က ကြီးမှူးကျင်းပသည့် (၂၈) ကြိမ်မြောက် 2026 International Youth Football in Niigata နိုင်ငံတကာ လူငယ်ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် မြန်မာ U-17 အမျိုးသား လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ် (MFF) ထံမှ သိရသည်။ အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ နီဂါတာမြို၌ စက်တင်ဘာ ၁၅ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ဂျပန် U-17 အသင်း၊ နီဂါတာ လက်ရွေးစင်အသင်း၊ မြန်မာ U-17 အသင်းနှင့် နယူးဇီလန် U-17 အသင်းတို ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ ပြိုင်ပွဲတွင် မြန်မာ U-17 အသင်းနှင့် ရင်ဆိုင်ရမည့် ဂျပန်နှင့် နယူးဇီလန် အသင်းတိုမှာ လာမည့် နိုဝင်ဘာလတွင် ကာတာနိုင်ငံ၌ ကျင်းပမည့် 2026 FIFA U-17 World Cup ပြိုင်ပွဲသို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် အသင်းများဖြစ်သည်။

အိမ်ခြံမြေလုပ်ငန်းကဏ္ဍ စနစ်တကျဖွံဖြိုးရေး ဥပဒေနှင့် လိုင်စင်စနစ် လိုအပ်ဟု MRESA ဥက္ကဋ္ဌ ပြော ရန်ကုန်၊ ဩဂုတ် ၂၈ မြန်မာနိုင်ငံ
အိမ်ခြံမြေလုပ်ငန်းကဏ္ဍ စနစ်တကျဖွံဖြိုးရေး ဥပဒေနှင့် လိုင်စင်စနစ် လိုအပ်ဟု MRESA ဥက္ကဋ္ဌ ပြော ရန်ကုန်၊ ဩဂုတ် ၂၈ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) (MRESA) မှ ကြီးမှူးကျင်းပသည့် Asia Pacific Real Estate Convention 2026 Myanmar အခမ်းအနားကို ယနေ့ ဩဂုတ် ၂၈ ရက်တွင် ရန်ကုန်မြိုရှိ Novotel Hotel ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းကဏ္ဍ စနစ်တကျဖွံဖြိုးတိုးတက်ရေးအတွက် အိမ်ခြံမြေဆိုင်ရာဥပဒေနှင့် လိုင်စင်စနစ်တစ်ရပ် လိုအပ်ကြောင်း MRESA ဥက္ကဋ္ဌ ဒေါ်မိုမိုအောင်က ပြောကြားသည်။

ကမ္ဘောဒီးယား အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးပြပွဲ၌ မြန်မာ့တန်ဖိုးမြှင့်ထုတ်ကုန်များ ဝင်ရောက်ပြသ ဖနွမ်းပင်၊ ဩဂုတ် ၂၈ မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို၌ ကျင်းပလျက်ရှိသည့် Agri Tech Cambodia 2026 အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် နည်းပညာပြပွဲတွင် ဝင်ရောက်ပြသလျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပိုရောင်းချသူများအသင်း (MFVP) ထံမှ သိရသည်။ Agri Tech Cambodia 2026 ပြပွဲကို ဩဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး MFVP အသင်းက ပြခန်းတစ်ခန်းဖြင့် ပါဝင်ကာ အသင်းဝင်များ၏ တန်ဖိုးမြှင့်စိုက်ပျိုးရေးထုတ်ကုန်များကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များနှင့် ဝယ်ယူသူများထံ မိတ်ဆက်ပြသလျက်ရှိသည်။

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအနက် မြန်မာအစိုးရက စိစစ် အတည်ပြုထားသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို
မလေးရှားနိုင်ငံတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအနက် မြန်မာအစိုးရက စိစစ် အတည်ပြုထားသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို ပထမအသုတ်အဖြစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို ပြန်ပိုမည် မလေးရှားနိုင်ငံတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအနက် မြန်မာအစိုးရက စိစစ် အတည်ပြုထားသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို ပထမအသုတ်အဖြစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို ပြန်ပိုမည်ဖြစ်ကြောင်း မလေးရှားအစိုးရက ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံသည် သတ်မှတ်ချက်နှင့် ကိုက်ညီသော မြန်မာနိုင်ငံသားများ ပါဝင်သည့် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ပိုရေး အစီအစဉ်၏ ပထမအဆင့်ကို အပြီးသတ် ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် လူပေါင်း ၁၅၀၀ နီးပါး မြန်မာနိုင်ငံသို ပြန်လည် ထွက်ခွာကြမည်ဟု မျှော်လင့်ရကြောင်း မလေးရှားအစိုးရက ဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် မြန်မာနိုင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတိုသည် ခွဲခွာ၍မရသော အပြန်အလှန်နားလည်ယုံကြည်ရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Tor Saralamba သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဆော်ဒီအာရေဗျ သံအမတ်ကြီးနှင့် ကာတာသံရုံး ယာယီတာဝန်ခံတိုအား သီးခြားစီ လက်ခံတွေ့ဆုံ နိုင်ငံခြား
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဆော်ဒီအာရေဗျ သံအမတ်ကြီးနှင့် ကာတာသံရုံး ယာယီတာဝန်ခံတိုအား သီးခြားစီ လက်ခံတွေ့ဆုံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး မစ္စတာ မာဇီယဒ် မိုဟာမက် မာဇီယဒ် အယ်လ်ဟိုဝီရှန်နှင့် ကာတာသံရုံး ယာယီတာဝန်ခံ မစ္စတာ အဗ္ဗဒူလာဇစ် ယူစွတ် အေ.ဂျေ. အယ်လ်-အလီတိုအား ဩဂုတ် ၂၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတိုအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။