en
Feedback
Speaker ငဘ

Speaker ငဘ

Open in Telegram

တိကျ မြန်ဆန် သတင်းမှန်ဆီသို့

Show more
The country is not specifiedThe category is not specified
3 242
Subscribers
-5524 hours
-1207 days
-30630 days
Posts Archive
ရန်ကုန်မြိုနယ်အချို၌ Online မီတာလျှောက်ထားမှုများနှင့် QR စနစ် အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် အခြေအနေများ YESC
ရန်ကုန်မြိုနယ်အချို၌ Online မီတာလျှောက်ထားမှုများနှင့် QR စနစ် အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် အခြေအနေများ YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြိုနယ် လျှပ်စစ်မန်နေဂျာရုံးသို သွားရောက်၍ ဩဂုတ်လအတွက် မီတာဖတ်ရှုနေမှုများ၊ Online စနစ်ဖြင့် မီတာလျှောက်ထားမှုများနှင့် Phone Application အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် စမ်းသပ်ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေခန့် ထပ်မံမြင့်တက်နိုင် ပဲခူးမြစ်ရေသည် ပဲခူးမြို၏ စိုး
ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေခန့် ထပ်မံမြင့်တက်နိုင် ပဲခူးမြစ်ရေသည် ပဲခူးမြို၏ စိုးရိမ်ရေမှတ်ထက် ၉ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်အသိပေးထားသည်။ မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို ရှောင်ရှားနေထိုင်ကြရန်လည်း သတိပေးထားသည်။

ချင်းတွင်းနှင့် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြိုနယ်ရှိ ဒေသခံများ သတိပြုရန် မ
ချင်းတွင်းနှင့် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြိုနယ်ရှိ ဒေသခံများ သတိပြုရန် မိုးဇလ အသိပေး မုံရွာ၊ စက်တင်ဘာ ၂ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတိုသည် လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်သို ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြိုနယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က အသိပေး နှိးဆော်ထားသည်။ ယနေ့ တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြိုတွင် စိုးရိမ်ရေမှတ်အောက် ၃ ပေ ၄ လက်မခန့်အလို၌ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို ရောက်ရှိနိုင်ကြောင်း သိရသည်။ အလားတူ ချင်းတွင်းမြစ်ရေသည် မုံရွာမြို၌ စိုးရိမ်ရေမှတ်အောက် ၄ ပေ ၁၀ လက်မခန့်အလိုတွင် ရောက်ရှိနေကာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို ရောက်ရှိနိုင်မည် ဖြစ်သည်။

နေပြည်တော်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံ ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး ၁၀ ရွက် ဖွင့်ပြီး ရေထုတ်လွှတ်နေသော်လည်း မိုးသည်းထန်စွာ
နေပြည်တော်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံ ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး ၁၀ ရွက် ဖွင့်ပြီး ရေထုတ်လွှတ်နေသော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုမရှိပါက ရေကြီးရေလျှံမှုဖြစ်ပေါ်ရန်မရှိဟုဆို နေပြည်တော်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှမှ ရေကျော်လွန်၍ ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး ၁၀ ရွက် ဖွင့်ပြီး ရေထုတ်လွှတ်နေသော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုမရှိပါက ရေကြီးရေလျှံမှုဖြစ်ပေါ်ရန်မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အောက်ပေါင်းလောင်းရေလှောင်တမံသည် လက်ရှိတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) ၁၀ ရွက် ဖွင့်ထားပြီး စီးဝင်ရေနှင့် သိုလှောင်ရေကို ဟန်ချက်ညီထိန်းသိမ်းဆောက်ရွက်လျက်ရှိသကဲ့သို ပေါင်းလောင်းရေလွှဆည် (အဝေရာရေလွှဆည်) မှတစ်ဆင့် ရေလမ်းကြောင်း ထိန်းညှိဆောင်ရွက်နေခြင်းကြောင့် ရေဝေရေလဲဒေသနှင့် စစ်တောင်းမြစ်တစ်လျှောက်တွင် ထူးကဲသည့် မိုးသည်းထန်စွာ ရွာသွန်းမှုမရှိပါက ရေကြီးရေလျှံမှုဖြစ်ပေါ်ရန်မရှိကြောင်း သိရသည်။

မလေးရှားသို မြန်မာလုပ်သားစေလွှတ်နေသည့် လိုင်စင်ရ အေဂျင်စီ ၁၀ ခုကို MOEAA အသင်းဝင်အဖြစ်မှ ယာယီရပ်စဲ မလေးရှားနိုင်ငံသို မြန်မာလ
မလေးရှားသို မြန်မာလုပ်သားစေလွှတ်နေသည့် လိုင်စင်ရ အေဂျင်စီ ၁၀ ခုကို MOEAA အသင်းဝင်အဖြစ်မှ ယာယီရပ်စဲ မလေးရှားနိုင်ငံသို မြန်မာလုပ်သားများ စေလွှတ်နေသည့် လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၁၀ ခုကို မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) က အသင်းဝင်အဖြစ်မှ ယာယီရပ်စဲလိုက်ကြောင်း စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ MOEAA ၏ ထုတ်ပြန်ချက်အရ အဆိုပါ အေဂျင်စီ ၁၀ ခုသည် မလေးရှားနိုင်ငံသို မြန်မာလုပ်သားများ စေလွှတ်ရေးလုပ်ငန်းစဉ်တွင် သီးခြားလုပ်ပိုင်ခွင့်ရရှိရန် ဆောင်ရွက်ကာ လက်ဝါးကြီးအုပ်သည့် ပုံစံဖြင့် လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် အသင်းဝင်အဖြစ်မှ ယာယီရပ်စဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗင်နီဇွဲလားက တရုတ် ၊ ရုရှား ရေနံ လုပ်ကွက်တွေကို အမေရိကန်ဝင်ပြီ စက်တင်ဘာ - ၂ အမေရိကန်အစိုးရ နောက်ခံပေးထားတဲ့ North American Bl
ဗင်နီဇွဲလားက တရုတ် ၊ ရုရှား ရေနံ လုပ်ကွက်တွေကို အမေရိကန်ဝင်ပြီ စက်တင်ဘာ - ၂ အမေရိကန်အစိုးရ နောက်ခံပေးထားတဲ့ North American Blue Energy Partners (NABEP) ရေနံကုမ္ပဏီဟာ ယခင်က တရုတ်ကုမ္ပဏီ ၅ ခုနဲ့ ရုရှားကုမ္ပဏီ ၁ ခုတို ထိန်းချုပ်ထားခဲ့တဲ့ ဗင်နီဇွဲလား ရေနံမြေတွေကို လွှပြောင်းရယူတော့မှာဖြစ်ကြောင်း အမေရိကန်အရာရှိ နှစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီလို လွှပြောင်းမှုတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗင်နီဇွဲလားတိုအကြား ကြေညာခဲ့တဲ့ ပိုမိုကျယ်ပြန့်တဲ့ ရေနံထုတ်လုပ်မှု သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဗင်နီဇွဲလားအစိုးရက NABEP ကို စာချုပ်အသစ် ၁၄ ခု ထပ်မံခွင့်ပြုပေးခဲ့တာကြောင့် ကုမ္ပဏီအနေနဲ့ စုစုပေါင်း စီမံကိန်း ၁၇ ခုအထိ ထိန်းချုပ်ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ အဆိုပါရေနံမြေတွေကို တိုးမြှင့်ဖော်ထုတ်ကာ အမေရိကန်ပြည်ထောင်စုဆီ ရေနံစိမ်း တင်ပိုရောင်းချဖို စီစဉ်ထားကြောင်း အရာရှိတွေက ပြောပါတယ်။

ငွေကြေး အများအပြား လိမ်လည်ခဲ့သည့် ဒေါက်တာညီညီဆွေဆိုသူကို ထောင်ဒဏ် ၄၃ နှစ်ချမှတ် ငွေကြေး အများအပြား လိမ်လည်ခဲ့သည့် ဒေါက်တာညီညီ
ငွေကြေး အများအပြား လိမ်လည်ခဲ့သည့် ဒေါက်တာညီညီဆွေဆိုသူကို ထောင်ဒဏ် ၄၃ နှစ်ချမှတ် ငွေကြေး အများအပြား လိမ်လည်ခဲ့သည့် ဒေါက်တာညီညီဆွေ ဆိုသူကို ထောင်ဒဏ် ၄၃ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ သြဂုတ် ၃၀ ရက်တွင် အထူးတရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း ငွေကြေးလိမ်လည်ခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။ Forex Trading တွင် ရင်းနှီးမြုပ်နှံပြီး တစ်လလျှင် ၁၅ ရာခိုင်နှုန်း အမြတ်ပေးမည်ဟုဆိုကာ ငွေကြေးများကို လိမ်လည်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရှိ မြိုအချိုတွင် အခမ်းအနားများ ကျင်းပပြီး ငွေကြေးထည့်ဝင်ရန် ဒေါက်တာညီညီဆွေက စည်းရုံးခဲ့ကြောင်း၊ ကနဦးတွင် အမြတ်ငွေများ အပ်နှံမှုကြောင့် ယုံကြည်ပြီး ငွေကြေး ထည့်ဝင်သူများပြားလာကြောင်း သိရသည်။ ထိုပြင် Telegram တွင် ဂရုတစ်ခုတည်ထောင်ကာ ငွေကြေးများကို လိမ်လည်ခဲ့ကြောင်း၊ လိမ်လည်မှုများ ဖြစ်ပွားပြီးနောက်တွင် အဆိုပါဂရုများကို ဖျက်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ကမ္ဘာကြီး ပူနွေးလာမှုကို ၁.၅ ဒီကရီမှာ ထိန်းထားဖို ကတိကဝတ်တွေက ပျက်စီးသွားပြီ စက်တင်ဘာ - ၂ ( ဗုဒ္ဓဟူးနေ့ ) ကမ္ဘာ့အပူချိန် မြင့
ကမ္ဘာကြီး ပူနွေးလာမှုကို ၁.၅ ဒီကရီမှာ ထိန်းထားဖို ကတိကဝတ်တွေက ပျက်စီးသွားပြီ စက်တင်ဘာ - ၂ ( ဗုဒ္ဓဟူးနေ့ ) ကမ္ဘာ့အပူချိန် မြင့်တက်လာမှုဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ၁.၅ ဒီဂရီ စဲလ်စီးယပ်စ်ကို ကျော်လွန်သွားဖို ရှိနေပြီး ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုနဲ့ ထိခိုက်မှုတွေကို ပိုပြီး စိုးရိမ်စရာကောင်းတဲ့ အခြေအနေထိ တွန်းပိုနေပါတယ်။ ဒါပေမဲ့ ပါရီသဘောတူညီချက်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်တွေကို အမီလိုက်နိုင်ဖိုနဲ့ အပူချိန် ပြန်လည်လျှော့ချဖို အခွင့်အရေး ရှိသေးတယ်လို ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ Limiting Overshoot လို အမည်ရတဲ့ ဒီအစီရင်ခံစာမှာ ‘အပူချိန် ကျော်လွန်သွားခြင်း၊ အမြင့်ဆုံးသို ရောက်ရှိခြင်းနှင့် ပြန်လည်ကျဆင်းခြင်း” လမ်းကြောင်းဟာ အပူချိန် ကျော်လွန်မယ့် ပမာဏနဲ့ ကြာချိန်ကို တတ်နိုင်သမျှ လျှော့ချပြီး ၁.၅ ဒီဂရီ စဲလ်စီးယပ်စ် အောက်ကို အမြန်ဆုံး ပြန်ရောက်အောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို ထောက်ပြထားပါတယ်။

လူ ၁၁ ဦး သေဆုံးခဲ့သည့် အမေရိကန်၏တိုက်ခိုက်မှုများကို လက်တုံပြန်သည့်အနေဖြင့် အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန
လူ ၁၁ ဦး သေဆုံးခဲ့သည့် အမေရိကန်၏တိုက်ခိုက်မှုများကို လက်တုံပြန်သည့်အနေဖြင့် အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက် လူ ၁၁ ဦး သေဆုံးခဲ့သည့် အမေရိကန်၏တိုက်ခိုက်မှုများကို လက်တုံပြန်သည့်အနေဖြင့် အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။ အီရန်က စက်တင်ဘာ ၂ ရက်တွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏အကျိုးစီးပွားများကို တိုက်ခိုက်ခဲ့ပြီး အစ္စလာမ်မစ်သမ္မတနိုင်ငံကို အမေရိကန်၏ပြန်လည်တိုက်ခိုက်မှုများအတွက် ဆိုးရွားသော အကျိုးဆက်များရှိလာမည်ဟု ပြောကြားခဲ့သည်။

ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန် ရန်ကုန်၊ စက်တင်ဘ
ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန် ရန်ကုန်၊ စက်တင်ဘာ ၂ တောင်သူများ အဓိကအသုံးပြုသည့် ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က ထုတ်ပြန်လိုက်သည်။ အဆိုပါ ရည်ညွှန်းဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။ သတ်မှတ်ထားသည့် ရန်ကုန်အထိုင် လက်ငင်းငွေချေ လက္ကားဈေးနှုန်းများမှာ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ Di-Ammonium Phosphate (DAP) အခြေခံ ၁၅ ပတ်လည် မြေဩဇာ ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၃၈,၀၀၀ တို ဖြစ်ကြသည်။

ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုတိယ
ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုတိယဝန်ကြီး‌ ဒေါက်တာသောင်းနိုင် မှာကြား နေပြည်တော်၊ စက်တင်ဘာ ၂ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာ သောင်းနိုင်က အဆိုပါရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ယမန်နေ့က သွားရောက်ကြည့်ရှုစဉ် မှာကြားသည်။ ထိုပြင် သတ်မှတ်ထုတ်ပြန်ထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲအစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိင်းဆောင်ရွက်သွားရန်၊ အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များကို ထိရောက်အောင်မြင်အောင် အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး စီမံကိန်းအတွင်းရှိ သစ်ပင်များ စနစ်တကျစိုက်ပျိုးထားရှိမှု၊ ရေရရှိနိုင်ရေးအတွက် ရေဂါလန် (၅၀၀၀၀၀) ဆံ့ ရေလှောင်ကန်၊ ရေတွန်းစက်ရုံနှင့် ရေပိုက်လိုင်းများ ဆောင်ရွက်မှုတိုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ပေါင်းလောင်းရေလှောင်တမံအောက်ဘက်ရှိဒေသများ ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်ရာမရှိ နေပြည်တော်၊ စက်တင်ဘာ ၂ နေပြည်တော် ဇေယျာသီရိ
ပေါင်းလောင်းရေလှောင်တမံအောက်ဘက်ရှိဒေသများ ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်ရာမရှိ နေပြည်တော်၊ စက်တင်ဘာ ၂ နေပြည်တော် ဇေယျာသီရိမြိုနယ်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံသည် လက်ရှိတွင် ရေဝင်ရောက်မှုနှင့် သိုလှောင်မှုကို ဟန်ချက်ညီ ထိန်းသိမ်းထားနိုင်သဖြင့် တမံအောက်ဘက်ဒေသများနှင့် စစ်တောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ရန်မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် အောက်ပေါင်းလောင်းတမံ၌ ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး (HED) ၁၀ ရွက် ဖွင့်လှစ်ထားရှိပြီး ပေါင်းလောင်းရေလွှဆည် (အဝေရာရေလွှဆည်) မှတစ်ဆင့် ရေလမ်းကြောင်း ထိန်းညှိ ဆောင်ရွက်လျက်ရှိသည်။ သိုဖြစ်ရာ ရေဝေရေလဲဒေသများနှင့် မြစ်ဝှမ်းတစ်လျှောက် ထူးကဲစွာ မိုးသည်းထန်စွာ ရွာသွန်းခြင်း မရှိပါက ဒေသတွင်း ဘေးကင်းလုံခြုံမှုရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နောက်ဆုံးရ မြန်မာနှင့် ကမ္ဘာ့သတင်းများတွင် အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘေ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နောက်ဆုံးရ မြန်မာနှင့် ကမ္ဘာ့သတင်းများတွင် အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘော “USS Abraham Lincoln” သည် ထိုင်းနိုင်ငံ လန်ချဘန်ဆိပ်ကမ်းသို့ ကမ်းကပ်ရောက်ရှိလာသည့် သတင်း ပါဝင်နေပါသည်။ အဆိုပါ သင်္ဘောပေါ်မှ ပါလာသည့် အမေရိကန်စစ်သား ထောင်ပေါင်းများစွာ၏ ပတ္တယား အပန်းဖြေခရီးစဉ်ကြောင့် ထိုင်းနိုင်ငံအတွက် ဘတ်ငွေ သန်းပေါင်းများစွာ ဝင်ငွေရရှိမည်ဟု ထိုင်းအာဏာပိုင်များက ခန့်မှန်းထားကြပါသည်။ သို့သော်လည်း ပတ္တယားတွင် သွားရောက် အပန်းဖြေမည့် အမေရိကန်စစ်သားများလိုက်နာရန် ကန့်သတ်ချက်အချို့ကို အမေရိကန်ရေတပ်ဘက်က ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါသည်။ သိင်္ခ

မိတ္ထီလာမြို့ရဲ့ သမိုင်းဝင် (၁၄၃) ကြိမ်မြောက် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမယ့် စက်တင်ဘာလ ၁၉ ရက်ကနေ ၂၉ ရက်
မိတ္ထီလာမြို့ရဲ့ သမိုင်းဝင် (၁၄၃) ကြိမ်မြောက် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမယ့် စက်တင်ဘာလ ၁၉ ရက်ကနေ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ ပွဲတော်ကာလအတွင်း ဘုရားဖူး ပျော်ပွဲရွှင်ပွဲများ၊ ဈေးဆိုင်တန်းများနှင့် ချားရဟတ်များအပြင် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲများကိုပါ စုံလင်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါသည်။ မိတ္ထီလာမြို့ရဲ့ ရိုးရာအငွေ့အသက်နှင့် ပွဲတော်၏ စည်ကားသိုက်မြိုက်မှုကို အပြည့်အဝ ခံစားနိုင်ရန်အတွက် မိသားစု၊ မိတ်ဆွေများနှင့်အတူ သွားရောက် ဘုရားဖူးရင်း ပွဲတော်အမှီ အချိန်ပေးသွားရောက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

(၁၉)ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတ
(၁၉)ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ချီးမြှင့်

အိုင်သပြုတိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စ
အိုင်သပြုတိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက် ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် ရေနစ်မြုပ်ခဲ့သော အိုင်သ ပြုတိုက်နယ်ဆေးရုံအား ရေများကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က စက်တင်ဘာ ၁ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း/အပြင် သန့်ရှင်းရေး၊ ခြုံနွယ်မြက်များရှင်းလင်းရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်မှာကြားကာ ကျန်းမာရေးဝန်ထမ်းများကိုထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ ပမာဏ ၃.၇(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ မြန်
စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ ပမာဏ ၃.၇(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၂၁) မိနစ်၊ (၅၅) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်ကွာ ဝေးသော မြန်မာနိုင်ငံပြည်တွင်း (စဉ့်ကိုင်မြို၏ အနောက်ဘက် (၄) မိုင်ခန့်အကွာ) မြောက်လတ္တီ တွဒ် (၂၁.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄) ဒီဂရီ၊ အနက် (၈) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၇(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ #News

ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ ဗီယက်နမ်နိ
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြိုတွင် ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲနှင့် ဆက်စပ်အစီအစဉ်များသို ပါဝင်တက်ရောက်

ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ် ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးန
ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ် ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးနှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ ညွှန်ကြားရေးမှူးတိုအား သီးခြားစီလက်ခံတွေ့ဆုံ

ဘားအံမြိုတွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍ ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေး ကရင်ပြည်နယ်၊ ဘားအံ
ဘားအံမြိုတွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍ ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေး ကရင်ပြည်နယ်၊ ဘားအံမြိုတွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို၏စိုးရိမ်ရေမှတ်သိုကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တိုရှိနေအိမ်များအတွင်းသိုရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။