en
Feedback
Speaker ငဘ

Speaker ငဘ

Open in Telegram

တိကျ မြန်ဆန် သတင်းမှန်ဆီသို့

Show more
The country is not specifiedThe category is not specified
3 238
Subscribers
-424 hours
-1167 days
-31030 days
Posts Archive
သီပေါ၌ ယာယီပိတ်ထားသည့် အခြေခံပညာကျောင်း ၁၇ ကျောင်း ပြန်လည်ဖွင့်လှစ် သီပေါ၊ သြဂုတ် ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနယ်အတ
သီပေါ၌ ယာယီပိတ်ထားသည့် အခြေခံပညာကျောင်း ၁၇ ကျောင်း ပြန်လည်ဖွင့်လှစ် သီပေါ၊ သြဂုတ် ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း ၁၇ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ပေးအပ်သည့် အခမ်းအနားကို ဩဂုတ် ၂၉ ရက်က ဆင်ကျော့နှင့် ဆောင်ကြဲ အ.ထ.က ကျောင်းများအပါအဝင် မူလွန်လခွဲနှင့် မူလတန်းကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၊ ပြည်နယ်ပညာရေးမှူး ဦးတင့်ဆွေ၊ သီပေါမြိုနယ်ပညာရေးမှူး ဒေါ်လွင်လွင်မာတို တက်ရောက်ခဲ့ကြသကဲ့သို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ စစ်ဦးစီးချုပ် စဝ်သျှံဖနှင့် အဖွဲဝင်များ၊ ဝမ်ဟိုင်းပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အစ္စရေး စပိုင်တွေက အမေရိကန်မှာနေတဲ့ နေတန်ယာဟုရဲ့ သားအကြီးကို အသည်းအသန် ပြန်ခေါ်ခဲ့ ဩဂုတ် - ၃၀ ( တနင်္ဂနွေနေ့ ) အစ္စရေးလုံခြုံရေးအေဂျင်စီ ရှင်းဘတ် ရဲ့ ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု ရဲ့ သားအကြီးဆုံး ယာအဲရ် နက်တန်ယာဟု မှာ အသက်အန္တရာယ်ရှိနေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုကနေ လေယာဉ်နဲ့ လျှိဝှက်စွာ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ ဒီသတင်းဟာ နက်တန်ယာဟုကိုယ်တိုင် အစ္စရေး Channel 14 သတင်းဌာန နဲ့ ဖုန်းအင်တာဗျူးမှာ အီရန်ဘက်က သားဖြစ်သူတစ်ဦးကို "လုပ်ကြံဖို ကြိုးစားခဲ့တယ်" လို စွပ်စွဲပြောကြားခဲ့ပြီး ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သားကို လုပ်ကြံဖို ကြိုးစားတာလဲဆိုတာနဲ့ အဆိုပါ ကြံစည်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ တိတိကျကျ ပြောကြားခဲ့ခြင်း မရှိပါဘူး။ "ယာအဲရ် နက်တန်ယာဟုကို အန္တရာယ်ပြုဖို ကြီးမားတဲ့ ခြိမ်းခြောက်မှု ရှိခဲ့တာကြောင့် သုံးသပ်ဆန်းစစ်ချက်တွေ ပြုလုပ်ပြီးတဲ့နောက် ၎င်းကို လုံခြုံရေးအဖွဲနဲ့ အရေးပေါ် ခေါ်ထုတ်ပြီး အစ္စရေးကို ပြန်လည်ခေါ်ဆောင်ဖို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်" လို ရှင်းဘတ် က စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်မှုရဲ့ သဘောသဘာဝ ဒါမှမဟုတ် ဒီစစ်ဆင်ရေးကို ဘယ်အချိန်မှာ အတိအကျ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

photo content

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ၂၀၂၆-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ သုံးရာကျော်အား စိတ်ပိ
မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ၂၀၂၆-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ သုံးရာကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ် တာမွေ၊ ဩဂုတ် ၃၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို တာမွေမြိုနယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၆-ခုနှစ်အတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားဦးရေ သုံးရာကျော်ထိရှိ ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံး မေတ္တာ စံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။

နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ကန်ရေပြည့်အမှတ်သို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ သြ
နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ကန်ရေပြည့်အမှတ်သို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ သြဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကန်ရေပြည့်အမှတ်သို ရောက်ရှိနေပြီး ယခုသြဂုတ်လအတွင်း ဒုတိယအကြိမ်အဖြစ် ကန်ရေပြည့်အမှတ်သို ပြန်လည်ရောက်ရှိ လာ ခဲ့ကြောင်း သိရသည်။ နေပြည်တော်ရှိ ပေါင်းလောင်းတမံမှာ ကန်ရေပြည့်မှတ် ၁၉၀ မီတာ/၆၂၃.၃၉ ပေသို သြဂုတ် ၃၀ ရက် နံနက် ၆ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး ရေပိုမိုသိုလှောင်၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန်နှင့် တမံအောက်ပိုင်း ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် ရေပိုလွှတွင် HED ရေတံခါးရွက် ၂၀ ချပ်အား ထောင်ထား ပါသဖြင့် ရေပိုလွှမှ ရေကျော်ခြင်းမရှိပါကြောင်း တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထိုအပြင်တမံ၏ ဝင်ရေအခြေအနေပေါ်မူတည်၍ ရေပိုလွှမှ ရေကျော်ပါကလည်း အချိန်နှင့် တပြေးညီ တင်ပြပေးသွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေ းထားသည်။

ဒုတိယအကြိမ် ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆ တွင် မြန်မာရုပ်ရှင်ဇာတ်ကား(၂)ကားပြသ ချင်းမိုင်မြို၊ Central Chiang Mai A
ဒုတိယအကြိမ် ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆ တွင် မြန်မာရုပ်ရှင်ဇာတ်ကား(၂)ကားပြသ ချင်းမိုင်မြို၊ Central Chiang Mai Airport Plaza တွင် ဩဂုတ် ၂၈ ရက်ကကျင်းပသည့် "ဒုတိယအကြိမ်ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆"တွင် မြန်မာရုပ်ရှင်ဇာတ်ကား(၂)ကားပါဝင်ပြသလျက်ရှိကြောင်း သိရသည်။ "ညမွှေးပန်းကလေးရဲ့ကျောက်ပုစွန်"နှင့် "ကံကောင်း" ရုပ်ရှင်ကားတိုကိုပါဝင်ပြသခဲ့ပြီး ပွဲတော်ဖွင့်ပွဲကို သြဂုတ် ၂၈ ရက်ကကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြိုမှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းက ထိုင်းနိုင်ငံ(မြောက်ပိုင်း)ရုပ်ရှင်နှင့်ဒီဂျစ်တယ်မီဒီယာအသင်းဥက္ကဋ္ဌ Mr. Adisorn Suddee ၏ဖိတ်ကြားချက်အရတက်ရောက်ခဲ့ကြောင်း သိရသည်။

အီကွေဒေါတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အရေးပေါ်အခြေအနေကြေညာ အီကွေဒေါနိုင်ငံတွင် အယ်လ်နီညို အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့် အရ
အီကွေဒေါတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အရေးပေါ်အခြေအနေကြေညာ အီကွေဒေါနိုင်ငံတွင် အယ်လ်နီညို အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း တာဝန်ရှိသူများက ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ယခုနှစ် အယ်လ်နီညို ဖြစ်စဉ်သည် ပြင်းထန်သော မိုးခေါင်ရေရှားမှု ခံစားနေရသည့် ဗဟိုအမေရိကဒေသနှင့် တောမီးလောင်ကျွမ်းမှုများ ပိုမိုဆိုးရွားနေသည့် အင်ဒိုနီးရှားနိုင်ငံတိုတွင် ပျက်စီးဆုံးရှုးမှုများ စတင်ဖြစ်ပေါ်စေခဲ့သည်။ လက်ရှိ ဖြစ်ပေါ်နေသော အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်သည် ယခုနှစ်ကုန်တွင် အမြင့်ဆုံးအဆင့်သို ရောက်ရှိမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ကိုအပူချိန် စံချိန်တင် မြင့်တက်စေလိမ့်မည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။

သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ သံလွင်မြစ်ရေနှင့် စစ်တေ
သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ သံလွင်မြစ်ရေသည် လက်ရှိအချိန်၌ ဘားအံမြို၏ စိုး ရိမ်ရေမှတ်အထက် (၁)ပေ (၁၀)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၃)လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို၏ စိုးရိမ်ရေမှတ်အထက် တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ထိုပြင် စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို၏ စိုးရိမ်ရေမှတ်အထက် (၂)ပေ (၉)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့်(၂၄)အတွင်း (၂)လက်မခန့်မြင့်တက်လာနိုင်ကာ ယင်းမြို၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ အာတိတ်ဒေသကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် သွတ်သွင်းဖို ရည်ရွယ်ခြင်းဖြစ်ဟုဆို
ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ အာတိတ်ဒေသကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် သွတ်သွင်းဖို ရည်ရွယ်ခြင်းဖြစ်ဟုဆို

ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ အာတိတ်ဒေသကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် သွတ်သွင်းဖို ရည်ရွယ်ခြင်းဖြစ်ဟုဆို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ 'ဂရင်းလန်း(Greenland) အစီအစဉ်' ဟာ တကယ်တမ်းကျတော့ ကျန်နေတဲ့ အာတိတ်ဒေသတစ်ခုလုံးကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက်ကို သွတ်သွင်းဖို ရည်ရွယ်ခဲ့တာပါလို ရုရှားသမ္မတရဲ့ အကြံပေးနဲ့ အရှေ့ပိုင်း စီးပွားရေးဖိုရမ်(EEF)ကျင်းပရေးကော်မတီရဲ့ အလုပ်အမှုဆောင်အတွင်းရေးမှူးဖြစ်သူ အန်တန် ကိုဘာကော့ဗ်(Anton Kobyakov) က TASS သတင်းဌာနကို ပြောကြားပါတယ်။ "အချိုအဆိုအရ EU နဲ့ ဒိန်းမတ်တိုက ဟန့်တားခဲ့တယ်လိုဆိုပြီး၊ နောက်အဆိုတစ်ခုအရကျတော့ အီရန်ကို တိုက်ခိုက်ဖို ပြင်ဆင်နေတာကို ဖုံးကွယ်ဖိုအတွက် လုပ်ခဲ့တာလို ပြောကြတဲ့ ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ တကယ်တော့ ကျန်နေတဲ့ အာတိတ်ဒေသကိုပါ အမေရိကန် လက်အောက်ရောက်ဖို ရည်ရွယ်တာပါ။

သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ သံလွင်မြစ်ရေနှင့် စစ်တေ
သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြိုနှင့် မဒေါက်မြိုတို၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ သံလွင်မြစ်ရေသည် လက်ရှိအချိန်၌ ဘားအံမြို၏ စိုး ရိမ်ရေမှတ်အထက် (၁)ပေ (၁၀)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၃)လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို၏ စိုးရိမ်ရေမှတ်အထက် တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ထိုပြင် စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို၏ စိုးရိမ်ရေမှတ်အထက် (၂)ပေ (၉)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့်(၂၄)အတွင်း (၂)လက်မခန့်မြင့်တက်လာနိုင်ကာ ယင်းမြို၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

မြန်မာ့ရိုးရာလက်မှုပစ္စည်းများ တရုတ်နှင့်ကိုရီးယား ခရီးသွားများ စိတ်ဝင်တစားလေ့လာဝယ်ယူ ရန်ကုန်၊ ဩဂုတ် ၃၀ ပုဂံဒေသ မြင်းကပါရွာမှ
မြန်မာ့ရိုးရာလက်မှုပစ္စည်းများ တရုတ်နှင့်ကိုရီးယား ခရီးသွားများ စိတ်ဝင်တစားလေ့လာဝယ်ယူ ရန်ကုန်၊ ဩဂုတ် ၃၀ ပုဂံဒေသ မြင်းကပါရွာမှထွက်ရှိသည့် ယွန်းထည်ပစ္စည်းအမျိုးပေါင်း ၃၀ ကျော်နှင့် မန္တလေးနှင့် ပဲခူးမြိုမှ ထွက်ရှိသည့် သစ်သားပစ္စည်း ၅၀ ကျော်အပြင် ပုဂံဒေသထွက် သဲပန်းချီ၊ ယွန်းပန်းချီနှင့် မန္တလေးဒေသထွက် ကျောက်စီပန်းချီနှင့် ရွှေခြည်ငွေခြည်ထိုး ပန်းချီကားများ စသည်ဖြင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ရန် ရန်ကုန်မြို သိမ်ဖြူလမ်းအတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိရာ တရုတ်နှင့်ကိုရီးယား ခရီးသွားများ အထူးစိတ်ဝင်တစား လေ့လာဝယ်ယူကြောင်း သိရသည်။

ရန်ကုန် - ပြည်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ဩဂုတ် ၃၀ ရန်ကုန် - ပြည်ရထားလမ်းပိုင်းတွင် DEMU ရထားများပြေးဆွဲနေပြီဖြစ်သဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး၊ ရထားများ အချိန်မှန်ကန်ရေးအတွက် မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို ပိုဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်-ပြည် ရထားလမ်းပိုင်း အရှည် ၁၆၁ မိုင်တွင်(ALLTM) စက်ကြီး လေးစီးဖြင့် ရထားလမ်းမြှောက် ပါကင်ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် စုစုပေါင်း ၁၂၁ မိုင် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျန်ရှိသည့် မိုင် ၄၀ ကို ယခုနှစ် စက်တင်ဘာ ၃ ရက်တွင် ပြီးစီးရေးလျာထားဆောင်ရွက်ရန်၊ ထိုအတူ ရန်ကုန်-ပြည် ရထားလမ်းပိုင်းအတွင်း ၉ ချောင်းဆက် သံလမ်းခင်းခြင်းလုပ်ငန်းမှာ တညင်းကုန်းဘူတာမှ ဖလုံဘူတာအထိ ၃၇ မိုင်နှင့် ပြည်ဘူတာမှ ဇီးကုန်းဘူတာ အထိ ၄၃ မိုင် စုစုပေါင်း မိုင် ၈၀ ပြီးစီးပြီဖြစ်၍ ကျန်ရှိသည့် ဖလုံဘူတာမှ ဇီးကုန်းဘူတာအထိ ၆၈ ဒသမ ၅ မိုင်အား ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်းအပြီး ဆောင်ရွက်နိုင်ရန်မှာကြားသည်။

photo content

ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ဒဂုံတက္ကသိုလ်နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျ
ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ဒဂုံတက္ကသိုလ်နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ရန်ကုန်၊ ဩဂုတ် ၃၀ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ဘွဲနှင်းသဘင်ခန်းမ တည်ဆောက်မည့်မြေနေရာ၊ ကျောင်းသူအိပ်ဆောင်ဆောက်လုပ်မည့်မြေနေရာ၊ ပါမောက္ခချုပ်နေအိမ်ဆောက်လုပ်နေမှုနှင့် အပန်းဖြေရိပ်သာဆောက်လုပ်ပြီးစီးမှုအခြေအနေတိုကို ယမန်နေ့က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်အတွင်းရှိ စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးသည်။

နီပေါ-တိဘက် နယ်စပ် ရေဘေးကြီး သေဆုံးသူ ၆၀၀ ကျော်ရှိလာပြီး ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံအထိ လိုအပ်န
နီပေါ-တိဘက် နယ်စပ် ရေဘေးကြီး သေဆုံးသူ ၆၀၀ ကျော်ရှိလာပြီး ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံအထိ လိုအပ်နိုင်

အမရပူရမြိုနယ်နှင့် စဉ့်ကိုင်မြိုနယ်တိုတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဩဂုတ် ၂၉ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ ဩဂုတ်လ ၂၆ ရက်နေ့ ၁၆၄၅ အချိန် အမရပူရမြိုနယ်၊ ကျင်တန်းရပ်ကွက်နေ ကျော်စိုး နှင့် မသန္တာဉီး တို၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၈ ၀၀ အချိန် မနွယ်နွယ်ထွန်း(ခ)နွယ်နီ အား အဆိုပါရပ်ကွက်တွင် စိတ်ကြွဆေးပြား ၄,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၀)၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား လည်းကောင်း၊ ၂၀၃၀ အချိန် မနွယ်နွယ်ထွန်း(ခ)နွယ်နီ နေထိုင်သည့် စဉ့်ကိုင်မြိုနယ်၊ မြောက်ကိုင်းကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၄၀)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်စိုး(၆၄)နှစ်၊ မသန္တာဉီး(၅၅)နှစ် နှင့် မနွယ်နွယ်ထွန်း(ခ)နွယ်နီ(၃၅)နှစ်တိုအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

photo content

■ နီပေါရေဘေးတွင် ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများသည် မိုင် ၂၅၀ ကျော်ဝေးသည့်နေရာနှင့် အိန္ဒိယအထိ မျောပါ နီပေါ၌ ယခုသီတင်းပတ်
■ နီပေါရေဘေးတွင် ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများသည် မိုင် ၂၅၀ ကျော်ဝေးသည့်နေရာနှင့် အိန္ဒိယအထိ မျောပါ နီပေါ၌ ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် မျှောပါသွားခဲ့သူများ၏ ရုပ်အလောင်းများကို မိုင် ၁၀၀ ကျော်ဝေးသည့် အိန္ဒိယနယ်စပ်တွင် ပြန်လည်တွေ့ရှိနေရပြီး၊ မြန်မြန်ပုပ်ပွလာသောအလောင်းများ၏စိန်ခေါ်မှုများကိုကယ်ဆယ်ရေးအဖွဲများရင်ဆိုင်နေရချိန်တွင် ပျောက်ဆုံးနေသူများကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ နီပေါနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်နှင့် ဘီဟာပြည်နယ်တိုတွင် ရေဘေးသင့်ရာ ဒေသမှ မိုင် ၁၀၀ ကျော် ကွာဝေးသည့် ရုပ်အလောင်း ၈ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ကချင်ပြည်နယ် နှင့် မန္တလေးသို ဆက်သွယ်ထားသည့် လမ်းပိုင်းများ ကွင်းလမ်းခရီးကြောင့် လမ်းပျက်စီးကာ သွားလာရ ခက်ခဲနေ ကချင်ပြည်နယ် နှင့် မန္တလေးသို ဆက်သွယ်ထားသည့် ဗျူဟာလမ်းမကြီး လမ်းပိုင်းများ ကွင်းလမ်းခရီးကြောင့် လမ်းပျက်စီးကာ သွားလာရ ခက်ခဲနေကြောင်း ပိုဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများက ဆိုပါသည်။ လက်ရှိတွင် မြစ်ကြီးနားသို အဓိက သွားလာနေသည့် မန္တလေး-မတ္တရာ-တကောင်းထီးချိုင့်-ကသာ-မိုးညှင်း -မိုးကောင်း -မြစ်ကြီးနား လမ်းပိုင်းနှင့် မန္တလေး-စစ်ကိုင်း-ရွှေဘို-ဇင်းေဘော-နန့်သဲ-အင်းတော်-မော်လူး-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းများတွင် ကွင်းလမ်းခရီး သွားနေရမှုကြောင့် လမ်းပိုင်းများ ပျက်စီးကာ လမ်းပိတ်မှုများ ဖြစ်နေကြောင်း ယာဉ်မောင်းများက ပြောကြားသည်။ ယာဉ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက '' ရွှေဘိုဘက်က သွားရင်လည်း အင်းတော်ကွင်းလမ်းပေါ့။မဲဇာချောင်းဖျားကို ကွင်းရတာ။ မော်ဟန်-နန့်စီးအောင် ဘက်ထွက်တာ။ လမ်းတွေက ကျေးရွာလမ်းတွေ။တောလမ်းတွေပဲ။ပထမတော့ ကားလေးလမ်း၊ ကားကြီးလမ်း ခွဲပေးတယ်။ကားကြီးလမ်းက ဗွက်နစ်တော့ ကားလေး လမ်းကို လာပေါင်းတဲ့ဆီမှာ ဒုက္ခတွေ့တာပဲ။ တံတားငယ်တွေ အကုန်ကျိုးတာ။ဗွက် ခါးလောက်နစ်တယ်။ ဆင်တွေနဲ့ ဆွဲနေကြရတုန်း ။ကျတော့် ကုန်ကား ပိတ်တာ နှစ်လလောက် ရှိနေပြီ။ မန်းလေး-ထီးချိုင့်ဘက်ကနေ တက်ရင် ကသာမှာ ပိတ်တာက အင်းတော်-မော်လူး ပိုင်းမှာ တိုက်ပွဲတွေ မကြာမကြာ ဖြစ်နေတော့ အဲ့ လမ်းပိုင်းလည်းပိတ်ထားတာ ဆယ်ရက်လောက် မကတော့ဘူး''ဟု ဆိုသည်။