en
Feedback
Speaker ငဘ

Speaker ငဘ

Open in Telegram

တိကျ မြန်ဆန် သတင်းမှန်ဆီသို့

Show more
The country is not specifiedThe category is not specified
3 242
Subscribers
-5524 hours
-1207 days
-30630 days
Posts Archive
နီပေါရေဘေး ‌သေဆုံးသူ ၁,၀၀၀ ကျော်ပြီ ဟိမဝန္တာတောင်တန်းတလျှောက်ရှိ ရပ်ရွာများကို မွှေနှောက်ဖျ-က်ဆီးခဲ့သော ရုတ်တရက် ရေကြီးမှုကြီ
နီပေါရေဘေး ‌သေဆုံးသူ ၁,၀၀၀ ကျော်ပြီ ဟိမဝန္တာတောင်တန်းတလျှောက်ရှိ ရပ်ရွာများကို မွှေနှောက်ဖျ-က်ဆီးခဲ့သော ရုတ်တရက် ရေကြီးမှုကြီးဖြစ်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကယ်ဆယ်ရေးအဖွဲများသည် ပျောက်ဆုံးနေဆဲဖြစ်သော လူထောင်ပေါင်းများစွာကို အနံ့ခံခွေးများအကူအညီဖြင့် နီပေါနှင့် တရုတ်နယ်စပ်ရှိ ရွှပြင်များ၊ ကျောက်တုံးများနှင့် အပျက်အစီးများကြားတွင် ဆက်လက်ရှာဖွေနေကြပြီး လက်ရှိအထိတွင် ‌ေ-သဆုံးသူ ၁၀၀၀ ကျော်လာကြောင်း သိရသည်။

အီရန်က မင်္ဂလာဆောင်ပွဲကို အမေရိကန် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၆၈ ယောက်အထိ မြင့်တက်လာ အီရန်နိုင်ငံ ဆီးရစ်ခ် (Sirik) မြိုမှာ
အီရန်က မင်္ဂလာဆောင်ပွဲကို အမေရိကန် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၆၈ ယောက်အထိ မြင့်တက်လာ  အီရန်နိုင်ငံ ဆီးရစ်ခ် (Sirik) မြိုမှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်ပွဲနေရာကို အမေရိကန်က တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၈ ယောက် ဒဏ်ရာရပြီး ၅ ယောက် သေဆုံးသွားခဲ့တယ်လို ကြက်ခြေနီအဖွဲ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Fars သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။  ဒဏ်ရာရသွားသူတွေထဲမှာ ကလေးအများအပြား ပါဝင်နေပြီး၊ ဒဏ်ရာရသူတွေကိုတော့ ဆီးရစ်ခ်နဲ့ မီနဘ် (Minab) မြိုတွေမှာရှိတဲ့ ဆေးရုံတွေကို တင်ပိုထားပါတယ်။  ဒါမတိုင်ခင်ကလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ်(CENTCOM) က အီရန်နိုင်ငံထဲက ပစ်မှတ်တွေကို ဆက်တိုက်တိုက်ခိုက်ခဲ့တယ်လို သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုတ်သမ္မတရှီ အီဂျစ်ကို ရောက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အာရပ်ကမ္ဘာ၏ လူဦးရေအများဆု
တရုတ်သမ္မတရှီ အီဂျစ်ကို ရောက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အာရပ်ကမ္ဘာ၏ လူဦးရေအများဆုံးနိုင်ငံဖြစ်သော အီဂျစ်သို အင်္ဂါနေ့တွင် ရောက်ရှိလာခဲ့သည်။ အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကြားတွင် အရှေ့အလယ်ပိုင်းတစ်လွှားရှိ နိုင်ငံများသည် လုံခြုံရေးနှင့် စီးပွားရေးဆက်ဆံရေးများကို ပြန်လည်အကဲဖြတ်နေကြချိန်တွင် ရှီ၏ ခရီးစဉ်ထွက်ပေါ်လာသည်။ အီရန်ပဋိပက္ခသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်များကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဒေသတွင်းနိုင်ငံများသည် အမေရိကန်ပြည်ထောင်စုကို ရေရှည်လုံခြုံရေးမိတ်ဖက်အဖြစ် အားကိုး၍ရနိုင်မည်လားဆိုသော မေးခွန်းများကို ပေါ်ပေါက်စေခဲ့သည်။

အမြန်လမ်းမကြီး၏ သတ်မှတ်စည်းကမ်းမလိုက်နာသည့် ကုန်တင်ကားကိုအမှုဖွင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွား လာသူများ၊ ယာ
အမြန်လမ်းမကြီး၏ သတ်မှတ်စည်းကမ်းမလိုက်နာသည့် ကုန်တင်ကားကိုအမှုဖွင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွား လာသူများ၊ ယာဥ်မောင်းများလိုက်နာရမည့် သတ်မှတ်စည်းကမ်းများကို အသိပေးထုတ်ပြန်ထားပြီးဖြစ် ကြောင်း သိရသည်။ ယင်း ထုတ်ပြန်ထားမှုရှိသော်လည်း ကုန်တင်ကားတစ်စီးသည် စက်တင် ဘာ ၁ ရက်ည ၈ နာရီကျော်ခန့်တွင် အမြန်လမ်းမကြီး၏ မန္တလေးမှ နေပြည်တော်အပြန်လမ်းဘက် မိုင်တိုင်အမှတ် ၂၂၂/၇ နှင့် ၂၂၃/၀ ကြား ညာဘက်ယာဥ်ကြော ရပ်တန့်ခွင့်မရှိသောနေရာ၌ အ ချိန်ကြာမြင့်စွာရပ်တန့်ထားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။ ထိုသို ရပ်တန့်ထားခြင်းမှာ အမြန်လမ်းမကြီး၏ သတ်မှတ်စည်းကမ်းချက်များအားလိုက်နာခြင်းမရှိပဲ ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်၍ သက်ဆိုင်ရာ တာဝန် ရှိသူများက အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

အမြန်လမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတိမ်းမှောက် (၂၀)ဦးဒဏ်ရာရ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ စက်တင်ဘာ ၂ ရက်မွန်
အမြန်လမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတိမ်းမှောက် (၂၀)ဦးဒဏ်ရာရ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ စက်တင်ဘာ ၂ ရက်မွန်းလွဲ ၂ နာရီကျော်ခန့်က အဝေးပြေးခရီးသည်တင်(Express)ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မြိုဘက်မှ ဘားအံမြိုဘက်သို ယာဥ်မောင်း၊ ယာဥ်နောက်လိုက်တိုအပါအဝင် (၂၂)ဦးလိုက်ပါလာသော အဝေးပြေးခရီးသည်တင်(Express)ကား သည် မိုင်တိုင်အမှတ် ၁၅ အနီးတွင်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား၊ အမျိုး သမီး(၂၀)ဦးတို၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကြက်ခြေနီအသင်းက လှည်းကူးမြိုနယ်ပြည်သူ့ဆေးရုံသိုပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်မရောမြိုနယ်မှရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများပေး မွန်ပြည်နယ်၊ ကျိုက်မရေ
ကျိုက်မရောမြိုနယ်မှရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများပေး မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် မြိုနယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် နေ ထိုင်နေကြသည့် ရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးသက်ထွေးနှင့် တာဝန်ရှိသူများက ယနေ့ စက်တင်ဘာ ၂ ရက်နံနက်ပိုင်းတွင် ကျိုက်မရောမြို၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်း၌တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်မ
ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၃၀၀၀ ကျော်လွန်သွားပြီဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည့် အစိုးရ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဩဂုတ်လ ၃၁ ရက်နေ့ အထိ ဗဟိုအာဖရိက နိုင်ငံဖြစ်သော ဒီအာကွန်ဂိုတွင် အတည်ပြုလူနာ ၆၁၈၆ ဦး ရှိခဲ့ပြီး ၄င်းတိုအနက် သေဆုံးသူ ၃၀၀၇ ဦး ပါဝင်သဖြင့် ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ၄၈ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ စုစုပေါင်း လူနာ ၁၄၀၉ ဦး ပြန်လည်သက်သာလာခဲ့ပြီး ၈၃၀ ဦးသည် အီဘိုလာ ကုသရေးစင်တာများ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရဆဲဖြစ်သည်။

ယူကရိန်း၏ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် ရုရှားသင်္ဘော အစင်း ၁၀၀ ခန့် ပျက်စီးခဲ့သည်ဟု သမ္မတဗလာဒီမာပူတင်ဝန်ခံ ယူကရိန်း၏ဒရု
ယူကရိန်း၏ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် ရုရှားသင်္ဘော အစင်း ၁၀၀ ခန့် ပျက်စီးခဲ့သည်ဟု သမ္မတဗလာဒီမာပူတင်ဝန်ခံ ယူကရိန်း၏ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် ရုရှားသင်္ဘော ၁၀၀ ခန့် ပျက်စီးခဲ့ရသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ဝန်ခံပြောကြားခဲ့သော်လည်း ကိယက်ဗ်ကရုရှားကို စိုးရိမ်ရလောက်အောင်ထိခိုက်ပျက်စီးစေခြင်းမရှိဟု ဆိုသည်။ "သူတိုက ကျွန်တော်တိုကို တကယ်ပဲ ထိခိုက်ဆုံးရှုးအောင် လုပ်နိုင်ခဲ့တယ်လို ထင်ပါတယ်" ဟု စက်တင်ဘာ ၁ ရက်က တာဂျစ်ကစ္စတန်နိုင်ငံ၏ မြိုတော် ဘစ်ရှ်ကတ်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပူတင်က ဝန်ခံပြောကြားခဲ့သည်။

ဘားအံမြိုတွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ ကယ်ဆယ်ရေးစခန်း ၆ ခုသို အိမ်ထောင်စု ၆၀၀ ကျော် ပြောင်းရွှေ့ ဘားအံ၊ စက်တင်ဘာ
ဘားအံမြိုတွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ ကယ်ဆယ်ရေးစခန်း ၆ ခုသို အိမ်ထောင်စု ၆၀၀ ကျော် ပြောင်းရွှေ့ ဘားအံ၊ စက်တင်ဘာ ၂ ကရင်ပြည်နယ်၊ ဘားအံမြိုတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၁၁၄ စင်တီမီတာအထိ ကျော်လွန်နေပြီး မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။ မြစ်ရေဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းနေ ဒေသခံများကို ဘေးလွတ်ရာသို ပြောင်းရွှေ့ပေးခဲ့ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုသို ရေဘေးရှောင် အိမ်ထောင်စု ၆၃၂ စု၊ လူဦးရေ စုစုပေါင်း ၂,၈၈၉ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

လွိင်ကော်တွင် လယ်ကွင်းအတွင်း အလုပ်လုပ်နေသည့် အမျိုးသမီး မိုင်းနင်းမိ၍ ဒဏ်ရာရ ကယားပြည်နယ်၊ လွိင်ကော်မြိုနယ်တွင် လယ်ကွင်းအတွင်း
လွိင်ကော်တွင် လယ်ကွင်းအတွင်း အလုပ်လုပ်နေသည့် အမျိုးသမီး မိုင်းနင်းမိ၍ ဒဏ်ရာရ ကယားပြည်နယ်၊ လွိင်ကော်မြိုနယ်တွင် လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပေါက်ကွဲမှုကြောင့် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် လွိင်ကော်မြိုနယ်၊ ထီရိကျေးရွာနေ ဒေါ်ငဲတူး (၄၇) နှစ်သည် ကျေးရွာ၏ မြောက်ဘက်ရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် အကြမ်းဖက်အဖွဲ (စိစစ်ဆဲ) ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းဝင်းအတွင်း သေနတ် ၇ ချက်မှ ၈ ချက်ခန့် ပစ်ခတ်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသားကို ရဲတပ်ဖွဲ ထိန်းသိမ်း ထိုင်းနို
ကျောင်းဝင်းအတွင်း သေနတ် ၇ ချက်မှ ၈ ချက်ခန့် ပစ်ခတ်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသားကို ရဲတပ်ဖွဲ ထိန်းသိမ်း ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ကမ်ဖိုင်ဖတ်ခရိုင်ရှိ ဝချိရပရာကန်ဝိတ္တယာခွန်ကျောင်းအတွင်း အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသားတစ်ဦးက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲက အဆိုပါကျောင်းသားကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ကမ်ဖိုင်ဖတ်မြိုရှိ အဆိုပါကျောင်းဝင်းအတွင်း ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ၇ ချက်မှ ၈ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းသတင်းများအရ အဆိုပါကျောင်းသားသည် အုပ်ထိန်းသူ၏ သေနတ်ကို ခိုးယူကာ ကျောင်းအတွင်းသို ယူဆောင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲဝင်များနှင့် ကယ်ဆယ်ရေးလုပ်သားများက ဝိုင်းဝန်းဖျောင်းဖျပြောဆိုကာ ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ၁၈ ရက်အတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင် ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်
ရန်ကုန်၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ၁၈ ရက်အတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင် ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ၁၈ ရက်အကြာတွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရသည့် လူနာဦးရေ သိသိသာသာ လျော့နည်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်၍ မြိုတွင်းလမ်းမကြီးအချိုတွင် ရေကျော်လျက်ရှိသဖြင့် ပြည်သူများ အထူးဂရုပြုက
ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်၍ မြိုတွင်းလမ်းမကြီးအချိုတွင် ရေကျော်လျက်ရှိသဖြင့် ပြည်သူများ အထူးဂရုပြုကြရန် အသိပေး ပဲခူး၊ စက်တင်ဘာ ၂ ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိပြီး ယနေ့ စက်တင်ဘာ ၂ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ မြစ်ရေသည် ၉၁၂ စင်တီမီတာအထိ ရောက်ရှိလာကြောင်း တာဝန်ရှိသူများ၏ အသိပေးချက်အရ သိရသည်။

ညောင်တုန်းကျွန်းတာ အိပဲ့ကျမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲဝင်များနှင့် ပြည်သူများ ပူးပေါင်း၍ သဲအိတ်စီခြင်းလုပ်ငန်းများ လုပ်ဆောင်နေ ည
ညောင်တုန်းကျွန်းတာ အိပဲ့ကျမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲဝင်များနှင့် ပြည်သူများ ပူးပေါင်း၍ သဲအိတ်စီခြင်းလုပ်ငန်းများ လုပ်ဆောင်နေ ညောင်တုန်း၊စက်တင်ဘာ ၂ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြိုနယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် (၁၁/၅) နှင့် (၁၁/၆) ကြားတွင် ဆည်မြောင်းတာ အိပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တာအိပဲ့ကျမှုဖြစ်ပွားရာနေရာသို   ယနေ့ (စက်တင်ဘာ ၂ ရက်)  နံနက် ၇ နာရီခွဲအချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ မအူပင်ခရိုင်နှင့် ညောင်တုန်းမြိုနယ်တိုမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ သက်ဆိုင်ရာအဖွဲအစည်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ဝါးကတုတ်ရိုက်ခြင်း၊ သဲဖိုခြင်းနှင့် သဲအိတ်စီခြင်းလုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်လျက်ရှိသည်။

ထိုင်းတွင် Covid-19 နှင့် Mpox ရောဂါကူးစက်မှုများ မြင့်တက်နေ ထိုင်းနိုင်ငံတွင် Covid-19 နှင့် Mpox ရောဂါကူးစက်မှုများ ဆက်လက်မြင့်တက်နေကြောင်း ဘန်ကောက်ပိုစ် သတင်းတွင် ဖော်ပြထားသည်။ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၂၃ ရက်အထိ ထိုင်းနိုင်ငံတွင် Mpox ရောဂါဖြစ်ပွားသူ ၂၅၄ ဦးရှိခဲ့ပြီး Clade Ib ဗိုင်းရပ်စ်မျိုးကွဲ ဖြစ်ပွားသူ ၁၉၃ ဦးနှင့် Clade II မျိုးကွဲ ဖြစ်ပွားသူ ၅၈ ဦး ပါဝင်ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်တီယန် ကာနာဆာဝပ်က စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ Mpox ရောဂါ လူနာများကို ဘန်ကောက်မြိုပြဧရိယာ၊ မြိုကြီးများနှင့် ခရီးသွားလာရေး ခရိုင်များတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း Mpox ရောဂါအခြေအနေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်းနှင့် ကိုယ်ခံအားနည်းသူများတွင် ပိုမိုပြင်းထန်သည့် လက္ခဏာများကို ဖြစ်ပေါ်စေသော Clade Ib မျိုးဗီဇပြောင်းပိုး ကူးစက်ခံရသူ အရေအတွက်မှာ Clade II ထက် ပိုမိုမြင့်တက်လာနေကြောင်း ဒေါက်တာ မွန်တီယန်က ပြောကြားခဲ့သည်။ Covid-19 ကူးစက်မှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ကူးစက်ခံရသူ စုစုပေါင်း ၉၉၀၀၀ ခန့်ရှိခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဂျူရိုင်း ဝေါင်းဆာဝပ်က ပြောကြားခဲ့သည်။

photo content

တောင်ငူမြိုတွင် ငွေကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၂ မူးယစ်ဆေးဝါးတားဆီးနှိမ
တောင်ငူမြိုတွင် ငွေကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၂ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ ဩဂုတ်လ ၃၀ ရက်နေ့ ၀၄၀၀ အချိန် တောင်ငူမြို၊ အမှတ်(၂၂)ရပ်ကွက်အနီးတွင် ပန်းအောင်(ခ)အောင်ပေ နှင့် မနော်ဌေးဌေးစိုး တိုအား TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်နှင့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်တိုနှင့်အတူ ဘိန်းဖြူ အလေးချိန် ၆.၃၄ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂,၂၁၉ သိန်း)၊ စိတ်ကြွဆေးပြား ၈၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂၁၅ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၂ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပန်းအောင်(ခ)အောင်ပေ(၃၉)နှစ် နှင့် မနော်ဌေးဌေးစိုး (၂၀)နှစ်တိုအား တောင်ငူမြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့် ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ် ဘက်ထရီရထားစက်ခေါင်းဖြင့် စတင်ပြေး
ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့် ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ် ဘက်ထရီရထားစက်ခေါင်းဖြင့် စတင်ပြေးဆွဲ ရန်ကုန်၊ စက်တင်ဘာ ၂ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို (စက်တင်ဘာလ ၁ ရက်) နေ့မှစ၍ မြန်မာ့မီးရထားက စတင်ပြေးဆွဲပေးနေပြီဖြစ်သည်။ အဆိုပါ ရထားခရီးစဉ်တွင် ဘက်ထရီရထားစက်ခေါင်းနှင့်အတူ ခရီးသည် ၆၂ ဦးစီ လိုက်ပါနိုင်သော ရိုးရိုးတန်းတွဲ ၆ တွဲ ပါဝင်သည်။ ရန်ကုန်မှ  ဒဂုံတက္ကသိုလ်သို ပြေးဆွဲမည့် အဆန်ရထားများမှာ ည-၁၊ ည-၃၊ ည-၅၊ ည-၇၊ ည-၉ နှင့် ည-၁၁ တိုဖြစ်ပြီး ဒဂုံတက္ကသိုလ်မှ တိုးကြောင်ကလေးမှတစ်ဆင့် ရန်ကုန်သို ပြေးဆွဲမည့် အစုန်ရထားများမှာ ည-၂၊ ည-၄၊ ည-၆၊ ည-၈၊ ည-၁၀ နှင့် ည-၁၂ တိုဖြစ်သည်။

မာကျောချင်ယောင်ဆောင်နေမှုကို ရပ်ပါဟု ကနေဒါဝန်ကြီးချုပ်က ထရန့်ကို တုံပြန် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက အမေရိကန်အစိုးရအနေဖြင့်
မာကျောချင်ယောင်ဆောင်နေမှုကို ရပ်ပါဟု ကနေဒါဝန်ကြီးချုပ်က ထရန့်ကို တုံပြန် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက အမေရိကန်အစိုးရအနေဖြင့် အင်အားကြီးသယောင် ပြသရန် ကြိုးစားနေခြင်းများကို ရပ်တန့်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ဆွေးနွေးမှုများကို အလေးအနက်ထား ဆောင်ရွက်ရန် စက်တင်ဘာ ၁ ရက်က တုံပြန်ပြောကြားလိုက်သည်။ အမေရိကန်ဘက်က ကနေဒါအစိုးရအပေါ် ဝေဖန်ထိုးနှက်မှုများ ဆက်တိုက်ထွက်ပေါ်လာချိန် ယခုကဲ့သို တုံပြန်လိုက်ခြင်းဖြစ်သည်။ “အမေရိကန်ဘက်က လှောင်ပြောင်တဲ့ Meme တွေ တင်တာ၊ အရိပ်အမြွက်ထိုးနှက်ပြောဆိုတာတွေနဲ့ မာကျောချင်ယောင်ဆောင်တာတွေကို ရပ်ပြီး အလေးအနက်ထား ဆွေးနွေးမယ်ဆိုရင်တော့ ကနေဒါဘက်ကလည်း ဆွေးနွေးနိုင်ပါတယ်။ အခုလိုလုပ်နေတာတွေက အပြုသဘောဆောင်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒါက သူတိုရဲ့ ဒီမိုကရေစီပဲလေ” ဟု ကာနေးက ပြောသည်။

လာအိုမြောက်ပိုင်းတွင် မြန်မာနိုင်ငံသား ၁ ဦးအပါအဝင် အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၅၂ ဦး ဖမ်းဆီးခံရ လာအိုနိုင်ငံ မြောက်ပိုင်း
လာအိုမြောက်ပိုင်းတွင် မြန်မာနိုင်ငံသား ၁ ဦးအပါအဝင် အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၅၂ ဦး ဖမ်းဆီးခံရ လာအိုနိုင်ငံ မြောက်ပိုင်း အူဒိုမွေ (Oudomxay) ပြည်နယ်တွင် အွန်လိုင်းမှတစ်ဆင့် တရားမဝင် လိမ်လည်မှုများ လုပ်ဆောင်နေသည်ဟု သံသယရှိသူ နိုင်ငံခြားသားများအပါအဝင် လူ ၅၂ ဦးကို လုံခြုံရေးတပ်ဖွဲများက စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား ၁ ဦး ပါဝင်ပြီး တရုတ်နိုင်ငံသား ၂၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၇ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ တူရကီနိုင်ငံသား ၁ ဦးနှင့် လာအိုနိုင်ငံသား ၇ ဦးတို ပါဝင်ကြောင်း လာအိုအာဏာပိုင်များက ထုတ်ပြန်ထားသည်။