Speaker ငဘ
Open in Telegram
တိကျ မြန်ဆန် သတင်းမှန်ဆီသို့
Show moreThe country is not specifiedThe category is not specified
3 242
Subscribers
-5524 hours
-1207 days
-30630 days
Posts Archive
3 241
ကန်ချနဘူရီတွင် တရားမဝင် မြန်မာ ၁၅ ဦးနှင့် ပိုဆောင်သူ ၂ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း စက်တင်ဘာ ၂ ရက် တစ်ရက်တည်းတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးနှင့် ၎င်းတိုကို ပိုဆောင်ပေးသူ ယာဉ်မောင်း ၂ ဦးကို ထိုင်းရဲတပ်ဖွဲက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
3 241
မြန်မာသင်္ဘောသား ၃ ဦး ပါဝင်သည့် ကုန်တင်သင်္ဘော နစ်မြုပ်
အိန္ဒိယနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ်လ ၂၂ ရက်နေ့က နစ်မြုပ်ခဲ့သည့် "MV Ocean Winner" အမည်ရှိ ပနားမားအလံတင် ကုန်တင်သင်္ဘောပေါ်မှ ပျောက်ဆုံးနေသူ ၂၂ ဦးမှာ သေဆုံးသွားပြီဟု ယူဆရကြောင်း marinersupdate.com သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ သင်္ဘောသည် မြန်မာသင်္ဘောသား ၃ ဦး အပါအဝင် အဖွဲ့ဝင်များနှင့်အတူ အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ် ပါရာဒစ် ရေနက်ဆိပ်ကမ်းမှ သံရိုင်းများကို တင်ဆောင်ကာ ထွက်ခွာလာပြီးနောက် လမ်းခရီးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
3 241
နီပေါနိုင်ငံ၏ ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရခြင်းအတွက် မြန်မာနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန် လှူဒါန်း
ကတ္တမန္ဒူး၊ စက်တင်ဘာ ၃
နီပေါနိုင်ငံမြောက်ပိုင်း၊ Rasuwa ခရိုင်နှင့် အနီးတဝိုက်၌ ၂၆-၈-၂၀၂၆ ရက်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရသည့်အတွက် မြန်မာအစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန် လှူဒါန်းရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲသည် ၂-၉-၂၀၂၆ ရက်နေ့တွင် တပ်မတော်လေယာဉ် (Y-8) ဖြင့် ကတ္တမန္ဒူးမြိုရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို လာရောက်ခဲ့ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။
3 241
အုတ်တွင်းမြိုနယ်အတွင်း အလှူခံလုပ်စားသူ ၈ ဦးကို ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ၅ သောင်းစီ အမိန့်ချ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြိုနယ်အတွင်း အိမ်ငှားနေထိုင်ကာ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အလှူခံလုပ်ကိုင်နေသည့် အဖွဲမှ လူ ၈ ဦးကို အုတ်တွင်းမြိုနယ်တရားရုံးက ယနေ့ စက်တင်ဘာ ၃ ရက်တွင် ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ကျပ် ၅၀၀၀၀ စီ ချမှတ်လိုက်ကြောင်း အုတ်တွင်းမြိုနယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ တာဝန်ရှိသူ ဆရာတော် ဦးတေဇသီရိထံမှ သိရသည်။
3 241
ကလေးမြိုနယ်၊ တီးတိန်မြိုနယ်နှင့် ခိုင်ကမ်းမြိုတိုတွင် ရေကြီးမှုများဖြစ်ပေါ်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
ကလေး၊ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြိုနည်နှင့် ချင်းပြည်နယ် တီးတိန်မြိုနယ်တိုတွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ချောင်းရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
3 241
ကမ္ဘာကြီးဟာ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အကူးအပြောင်းကာလကို ဖြတ်သန်းနေတယ်လို ရူဘီယို ပြောကြား
ကမ္ဘာတဝန်းမှာ ပထဝီနိုင်ငံရေး အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်နေချိန်မှာ၊ ရှုပ်ထွေးလှတဲ့ နိုင်ငံတကာ ပြဿနာတွေအတွက် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ မရှိဘူးဆိုတာကို သတိပြုမိဖို အရေးကြီးပါတယ်လို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက Fox Radio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
"ကမ္ဘာကြီးဟာ စီးပွားရေးအရရော၊ ပထဝီနိုင်ငံရေးအရပါ အကူးအပြောင်းကာလ တစ်ခုကို ဖြတ်သန်းနေရတယ်လို ကျွန်တော်မြင်ပါတယ်။ အခု ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာ အများစုအတွက် ရိုးရှင်းတဲ့ အဖြေတွေ မရှိသလို၊ တချိုအချိန်တွေမှာဆို ပြီးပြည့်စုံတဲ့ အဖြေမျိုးတွေလည်း မရှိပါဘူး" လို ရူဘီယိုက ပြောပါတယ်။
3 241
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို၏ နိုင်ငံရေးလှုဆော်မှုအရ ကြေညာချက်နှင့် ထုတ်ပြန်ပြောကြားချက်များအပေါ် မြန်မာနိုင်ငံက ပယ်ချ
■ မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့် လွဲမှားစွာသုံးစွဲဖော်ပြလျက်ရှိသည့် အခြေအနေကိုလည်း ပြတ်သားစွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို၏ နိုင်ငံရေးလှုဆော်မှုအရ ကြေညာချက်နှင့် ထုတ်ပြန်ပြောကြားချက်များအပေါ် မြန်မာနိုင်ငံက ပယ်ချကြောင်း စက်တင်ဘာလ ၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်သည်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချိုက ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက်မီဒီယာများ အပါအဝင် သတင်းဖော်ပြချက်များ ပြုလုပ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲဖြစ်စဉ်များသည် အာဆာအကြမ်းဖက်အဖွဲ၏ တစ်ပြိုင်နက်တည်း အကွက်ချကြိုတင်စီစဉ် စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဆိုသည့်အချက်ကို အဆိုပါကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များတွင် အသိအမှတ်ပြုရန် ပျက်ကွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
3 241
မြန်မာ-ရုရှား စွမ်းအင်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး
ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို တက်ရောက်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီ အမှုဆောင်အတွင်းရေးမှူးချုပ် မစ္စတာ ဆာမတ် ဆတ်ဗော်လ်ဒီနော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲနှင့် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
3 241
ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို တက်ရောက်ဆွေးနွေး
ဗလာဒီဗော့စတော၊ စက်တင်ဘာ ၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်သိုတက်ရောက်ရန် ဗလာဒီဗော့စတော့မြို၌ ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲတွင် အဖွဲဝင်အဖြစ်လိုက်ပါလာသည့် ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိင်သည် စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို ရုရှားအရှေ့ဖျားဖက်ဒရယ် တက္ကသိုလ်နယ်မြေရှိ အဆောက်အအုံ D ၌ ကျင်းပသည့် ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို တက်ရောက်ဆွေးနွေးသည်။
3 241
ထိုင်းနိုင်ငံတွင် အမှိက်သိမ်းကားပေါ်မှပြုတ်ကျသေဆုံးခဲ့သော မြန်မာနိုင်ငံသားအတွက် နစ်နာကြေးရရှိနိုင်ရန် မြန်မာအလုပ်သမားသံအရာရှိရုံးကူညီ
ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြိုနယ်ရှိ အမှိက်သိမ်းဝန်ဆောင်မှုလုပ်ငန်းတစ်ခု၌ အမှိက်သိမ်းအလုပ်သမားအဖြစ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးသန်းမင်းထွန်း(ခ)သဲမင်းထွန်းသည် သြဂုတ် ၂၉ ရက်က အမှိက်သိမ်းယာဥ်အမိုးပေါ်မှ ကွန်ကရစ်လမ်းပေါ်သိုအရှိန်ဖြင့်ပြုတ်ကျခဲ့ကြောင်း သိရသည်။
3 241
လူငယ်များ ဆိုရှယ်မီဒီယာသုံးစွဲမှု စည်းကမ်းတကျဖြစ်ရန်နှင့် စာပေဖတ်ရှုခြင်းအလေ့အကျင့် မွေးမြူရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ စစ်သည်များ၊ စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များ၏ သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် အခြေခံပညာ လူရည်ချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိဗိမာန်၌ ကျင်းပခဲ့သည်။
3 241
ရေကြည်မြိုနယ်၌ ရေများပြန်လည်ကျဆင်းလာ အစိုးရရုံးများနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ
ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ရေများပြန်လည်ကျဆင်းလာသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
3 241
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ ၂၀၂၁ ခုနှစ်ကလည်း မလေးရှား၌ ထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၀၈၆ ဦးကို နှစ်နိုင်ငံညှိနှိုင်း၍ တပ်မတော်ရေယာဉ်များဖြင့် ပထမဆုံးအကြိမ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ဖူးသည်။
3 241
၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို၏ ကြေညာချက်နှင့် ထုတ်ပြန်ပြောကြားချက်များအပေါ် မြန်မာနိုင်ငံ၏ တုံပြန်ချက်
နေပြည်တော်၊ စက်တင်ဘာလ ၃
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံအချိုက ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက် မီဒီယာများအပါအဝင် သတင်းဖော်ပြချက်များ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန က တုံပြန်ထားသည်။
3 241
အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ကျေးသီးမြို့ အခြေစိုက်အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြု
3 241
မလေးရှားနိုင်ငံတွင်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁,၄၇၆)ဦးကို စက်တင်ဘာနောက်ဆုံးပတ်၌ ပြန်လည်ခေါ်ဆောင်ပေးမည်
မလေးရှားနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံရပြီး လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁,၄၇၆)ဦးကို နိုင်ငံတော်အစိုးရက စက်တင်ဘာနောက် ဆုံးပတ်တွင် ပြန်လည်ခေါ်ဆောင်ပေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ စက်တင်ဘာ ၂ ရက်တွင် အသိပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားစိစစ်ပြီးသော မြန်မာနိုင်ငံသားများကို ဩဂုတ် ၂၇ ရက်နှင့် သြဂုတ် ၂၈ ရက်တိုက မြန်မာ့တပ်မတော်ရေယာဉ်များဖြင့်သွားရောက်ခေါ်ဆောင်နိုင်ရန် မြန်မာအစိုးရက မလေးရှားအစိုးရနှင့် ညှိနှိင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ထိုသို ဆောင်ရွက်ခဲ့သော်လည်း မလေးရှားနိုင်ငံဘက်မှ ယင်းနေ့ရက်များတွင် လာရောက်ခေါ်ဆောင်ရန်အဆင်မပြေ၍ စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို၌ပြန်လည်စီစဉ်ရန်အဆိုပြုခဲ့သဖြင့် မြန်မာအစိုးရက ခရီး စဉ်အားပြန်လည်စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
3 241
အင်ဒိုနီးရှားက ၄င်းတိုနိုင်ငံသားအချို ရုရှားစစ်တပ်တွင် စစ်မှုထမ်းရန် စုဆောင်းခံရသည့်သတင်းကို စုံစမ်းနေ
အင်ဒိုနီးရှားနိုင်ငံသားရှစ်ဦးကို ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်ဖွဲဝင်များနှင့်အတူ တိုက်ပွဲဝင်ရန် စုဆောင်းခဲ့သည်ဆိုသည့်သတင်းကို အင်ဒိုနီးရှားဘက်က စစ်ဆေးဖော်ထုတ်လျက်ရှိသည်။
ယူကရိန်းနိုင်ငံ၏ ပြည်ပထောက်လှမ်းရေးဌာန (SZRU) က ပြီးခဲ့သည့် သီတင်းပတ်တွင် ရုရှားစစ်တပ်ထဲ ဝင်ရောက်ခဲ့သည်ဟု ယူဆရသည့် အင်ဒိုနီးရှားအမျိုးသားများ၏ e-visa လျှောက်လွှာခုနစ်ခုနှင့် ရွှေ့ပြောင်းနေထိုင်ခွင့်ကတ်တစ်ခုတို၏ ရုပ်ပုံဖိုင်များကို ထုတ်ပြန်ခဲ့သည်။
Jakarta Globe ၏ ဖော်ပြချက်အရ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဆိုပါသတင်းနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားသံတမန်ရေးအဖွဲများနှင့် အခြားဝန်ကြီးဌာနများထံ ဆက်သွယ်စစ်ဆေးနေသည်။ နိုင်ငံသားရှစ်ဦးသည် အလုပ်အကိုင်ကြော်ငြာအတုများ၏ သားကောင် ဖြစ်ခဲ့ခြင်းရှိ မရှိ ၊ လူကုန်ကူးခံရခြင်း ရှိ မရှိ ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
3 241
နီပေါရေဘေး သေဆုံးသူ ၁,၀၀၀ ကျော်ပြီ
ဟိမဝန္တာတောင်တန်းတလျှောက်ရှိ ရပ်ရွာများကို မွှေနှောက်ဖျ-က်ဆီးခဲ့သော ရုတ်တရက် ရေကြီးမှုကြီးဖြစ်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကယ်ဆယ်ရေးအဖွဲများသည် ပျောက်ဆုံးနေဆဲဖြစ်သော လူထောင်ပေါင်းများစွာကို အနံ့ခံခွေးများအကူအညီဖြင့် နီပေါနှင့် တရုတ်နယ်စပ်ရှိ ရွှပြင်များ၊ ကျောက်တုံးများနှင့် အပျက်အစီးများကြားတွင် ဆက်လက်ရှာဖွေနေကြပြီး လက်ရှိအထိတွင် ေ-သဆုံးသူ ၁၀၀၀ ကျော်လာကြောင်း သိရသည်။
3 241
အီရန်က မင်္ဂလာဆောင်ပွဲကို အမေရိကန် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၆၈ ယောက်အထိ မြင့်တက်လာ
အီရန်နိုင်ငံ ဆီးရစ်ခ် (Sirik) မြိုမှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်ပွဲနေရာကို အမေရိကန်က တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၈ ယောက် ဒဏ်ရာရပြီး ၅ ယောက် သေဆုံးသွားခဲ့တယ်လို ကြက်ခြေနီအဖွဲ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Fars သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။
ဒဏ်ရာရသွားသူတွေထဲမှာ ကလေးအများအပြား ပါဝင်နေပြီး၊ ဒဏ်ရာရသူတွေကိုတော့ ဆီးရစ်ခ်နဲ့ မီနဘ် (Minab) မြိုတွေမှာရှိတဲ့ ဆေးရုံတွေကို တင်ပိုထားပါတယ်။
ဒါမတိုင်ခင်ကလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ်(CENTCOM) က အီရန်နိုင်ငံထဲက ပစ်မှတ်တွေကို ဆက်တိုက်တိုက်ခိုက်ခဲ့တယ်လို သတင်းထုတ်ပြန်ခဲ့ပါတယ်။
