Speaker ငဘ
Open in Telegram
တိကျ မြန်ဆန် သတင်းမှန်ဆီသို့
Show moreThe country is not specifiedThe category is not specified
3 239
Subscribers
-5524 hours
-1207 days
-30630 days
Posts Archive
3 238
နီပေါတွင် ကျောင်းသား ၉၀၀ ခန့်ကို ရေဘေးမှ အချိန်မီကယ်တင်ပေးနိုင်ခဲ့သည့် ကျောင်းအုပ်ဆရာကြီးတစ်ဦး
နီပေါနိုင်ငံ Trishuli တောင်ကြားဒေသအတွင်းသို ရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး နေအိမ်များ၊ တံတားများနှင့် ကျေးရွာများကို ဖျက်ဆီးပစ်နေကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရေးကြီးသုတ်ပြာ သတိလာပေးသည့်အချိန်တွင် ကျောင်းအုပ်ဆရာကြီး ရာဂျန်ဒရာ ဒဝါဒီသည် ၎င်း၏ စာသင်ခန်းအတွင်း၌ ရှိနေခဲ့သည်။
ထိုနောက် ဆရာတစ်ဦးထံသို ဖုန်းဖြင့် သတိပေးချက် ထပ်မံရောက်ရှိလာခဲ့သည်။ မိနစ်ပိုင်းအကြာတွင် ကျောင်းသားမိဘတစ်ဦးသည် ၎င်း၏ကလေးကို အိမ်သိုပြန်ခေါ်ရန် ရောက်ရှိလာခဲ့သည်။
ဘေးအန္တရာယ်ဖြစ်ပွားမှုကို အတည်မပြုနိုင်သေးသော်လည်း ကျောင်းအုပ်ကြီးဖြစ်သူ ဒါဝါဒီအတွက် ဆုံးဖြတ်ချက်ချရန် အချိန်မရှိခဲ့ပေ။
သူသည် ကျောင်းခေါင်းလောင်းကို တီးကာ ကျောင်းသားများနှင့် ဝန်ထမ်းများကို အဆောက်အအုံပြင်ပနှင့် မြင့်မားသော ကုန်းမြင့်များဆီသို ထွက်ခွာကြရန် မှာကြားခဲ့သည်။
3 238
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာ ၁
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား ယမန်နေ့က ရုံးအမှတ် (၁) အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
3 238
Times Square ဓားထိုးမှုအတွင်း လူတစ်ဦးသေဆုံးပြီး တိုက်ခိုက်သူအမျိုးသမီးလည်း ပစ်ခတ်ခံရပြီး သေဆုံး
အမေရိကန်နိုင်ငံ နယူးယောက်မြိုရှိ နာမည်ကျော် Times Square တွင် ဩဂုတ် ၃၁ ရက်က အမျိုးသမီးတစ်ဦးက လူနှစ်ဦးကို အကြောင်းမဲ့ ဓားဖြင့်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်သူအမျိုးသမီးမှာလည်း ရဲတပ်ဖွဲ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။
အသက် ၄၉ နှစ်အရွယ် Queens မြိုခံ အမျိုးသမီးသည် ဈေးဝယ်အိတ်အတွင်းမှ ဓားနှစ်ချောင်းကို ထုတ်ကာ မြေအောက်ရထားဘူတာမှ ထွက်လာသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဝမ်းဗိုက်ကို ထိုးခဲ့ပြီးနောက် စက္ကန့်ပိုင်းအကြာတွင် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ဝမ်းဗိုက်နေရာသိုပင် ထပ်မံထိုးခဲ့သည်။
ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံသို ပိုဆောင်ခဲ့သော်လည်း အမျိုးသမီးက သေဆုံးခဲ့ပြီး လူနာအမျိုးသားက အခြေအနေတည်ငြိမ်နေကြောင်း ရဲတပ်ဖွဲက ပြောသည်။ ဓားထိုးခံရသူနှစ်ဦးသည် ခရီးသွားများဟုတ်၊ မဟုတ်ကို ရဲတပ်ဖွဲက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
3 238
ထိုင်းနိုင်ငံက ဗီဇာကင်းလွတ်ခွင့် နေထိုင်ခွင့်ကို စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ရက် ၆၀ မှ ရက် ၃၀ သို လျှော့ချမည်
ထိုင်းနိုင်ငံအစိုးရသည် နိုင်ငံခြားသားခရီးသွားများအတွက် လက်ရှိပေးထားသည့် ဗီဇာကင်းလွတ်ခွင့် (Visa Exemption) နေထိုင်ခွင့် ရက် ၆၀ စနစ်ကို ဖျက်သိမ်းပြီး ရက် ၃၀ သို လျှော့ချသည့် စည်းမျဉ်းသစ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ တော်ဝင်ပြန်တမ်း (Royal Gazette) တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်က စည်းမျဉ်းသစ်များ ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်မှစ၍ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်သည့် နေထိုင်ခွင့်ကာလကို ရက် ၃၀ အဖြစ် ပြောင်းလဲမည် ဖြစ်သည်။
3 238
မိုးရွာသွန်းပြီး ရထားလမ်း ရေကျော်မှုကြောင့် ပြေးဆွဲမှုယာယီရပ်နားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/ အဆန် ရထားခရီးစဉ်ကို လာမည့်စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်း ရေကျော်နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ယခုအခါ လမ်းပိုင်းပြုပြင်ပြီးစီးပြီဖြစ်၍ ရထားပြေးဆွဲမှု ယာယီရပ်နားခဲ့ရသည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/ အဆန် ရထားခရီးစဉ်ကို လာမည့်စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
3 238
အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ် နုတ်ထွက်စာတင်ထားသည်ဟု အိမ်ဖြူတော် အတည်ပြု
ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်နှင့် တင်းမာမှုများရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုးလ်သည် နုတ်ထွက်စာတင်ထားသည်ဟု ဩဂုတ် ၃၁ ရက်တွင် အိမ်ဖြူတော်က အတည်ပြုခဲ့သည်။
ဒရစ်စကိုးလ် နုတ်ထွက်သွားပြီဟု ဝေါစထရိဂျာနယ်သတင်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ အိမ်ဖြူတော် ဒုတိယပြန်ကြားရေးဝန်ကြီး အန်နာကယ်လီက ထိုသတင်းကို ငြင်းဆန်ခြင်းမပြုခဲ့ပေ။
"ဒရစ်စကိုးလ်ဟာ သမ္မတထရမ့်ရဲ့ Make America Strong Again ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ရာမှာ ကြည်းတပ်ဝန်ကြီးဌာနမှာ အလွန်ပဲ ထိထိမိမိဆောင်ရွက်ခဲ့ပါတယ်"ဟု ကယ်လီက ပြောကြားခဲ့သည်။
3 238
နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြော
နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲနှင်းသဘင်ခန်းမ၌ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတိုတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရသစ်ကာလတွင် လူငယ်ရေးရာဝန်ကြီးဌာနကို အ သစ်ဖွဲစည်းပြီး လူငယ်ရေးရာမူဝါဒများချမှတ်ကာ လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး လူငယ်များတိုင်းတစ်ပါးနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုးရသည်ဟု ပြောသည်။
3 238
အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲ အချိန်မရွေးဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား ပြောကြား
အမေရိကန်နှင့် မြောက်ကိုရီးယားကြား ထိပ်သီးအစည်းအဝေးတစ်ခုသည် မည်သည့်အချိန်တွင်မဆို ဖြစ်လာနိုင်ကြောင်းနှင့် နှစ်နိုင်ငံကြား ဆွေးနွေးမှုပြုလုပ်နေသည့် လက္ခဏာများ ထွက်ပေါ်လာကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ သတင်းပိုချက်ကို ကိုးကားပြီး လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထပ်မံတွေ့ဆုံရန် အကြံပြုထားသော်လည်း မြောက်ကိုရီးယားဘက်မှ လူသိရှင်ကြား အကြောင်းမပြန်သေးပေ။
3 238
ပြည်သူ့လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်နေ
ပြည်သူ့လွှတ်တော်အနေဖြင့် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စီးပွားရေးလုပ်ကိုင်ရာတွင်ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်လျက်ရှိသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက သြဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
3 238
အီရန်ကို ဆက်ပြီး တိုက်ခိုက်သွားနိုင်တယ်လို ထရမ့် ပြော ပြန်
အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ကို ပြန်ပြီး တိုက်ခိုက်တာတွေ ပြုလုပ်ကောင်း ပြုလုပ်နိုင်တယ်လို သမ္မတ ဒေါ်နယ်ထရမ့်က ပြောပြန်ပါတယ်။
"သူတိုဟာ ကျရှုးနိုင်ငံတစ်ခု ဖြစ်နေပါပြီ။ ငွေကြေးဖောင်းပွမှုက ၃၅၀ ရာခိုင်နှုန်း ရှိနေတယ်။ သုံးစရာ ငွေကြေးလည်း မရှိတော့ဘူး၊ စစ်သားတွေကိုလည်း လစာ မပေးနိုင်ကြဘူး။ ခေါင်းဆောင်ပိုင်းဆိုရင်လည်း အများစု သေကုန်ကြပြီ။ ရေတပ်ရော လေတပ်ပါ မရှိတော့သလို ထောက်လှမ်းရေး ကိရိယာတွေဆိုရင်လည်း အကုန်နီးပါး ပျက်စီးသွားပြီ။ ဒါပေမဲ့ ဒါတွေကြောင့် ကျုပ်တို သူတိုကို ထပ်မနှက်တော့ဘူးလို ဆိုလိုတာ မဟုတ်ပါဘူး။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်တာပေါ့" လို သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
3 238
ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်
ပြင်ဦးလွင်၊ သြဂုတ် ၃၁
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြိုနယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။
3 238
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာ ၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲကို ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
3 238
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယက်နမ်သမ္မတနှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် သွားရောက်မည်
3 238
အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့် လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက ယနေ့ ဩဂုတ် ၃၁ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ပြီးခဲ့သည့် ဇူလိုင်လက ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို ၁ ဂိုး ၀ ဖြင့် ရှုးနိမ့်ခဲ့ပြီးနောက် ၆ ပတ်အကြာတွင် အခုကဲ့သို လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။
3 238
ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာအမျိုးသမီးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် (၂) သန်းအား မိသားစုထံ လွှပြောင်းပေးအပ်
ဗန်ကောက်၊ဩဂုတ်-၃၁
ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုးခဲ့ရသည့် မြန်မာနိုင်ငံသားတစ်ဦးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၂ သန်း (၂,၀၀၀,၀၀၀/- ဘတ်) ကို သမီးဖြစ်သူထံသို အလုပ်သမားသံအရာရှိရုံးမှတစ်ဆင့် လွှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြိုနယ်မှ ထိုင်းနိုင်ငံသို လာရောက်အလုပ်လုပ်ကိုင်နေသူ အသက် ၄၂ နှစ်အရွယ် ဒေါ်ဥမ္မာလွင်သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်းက နခွန်ပထုံမြိုနယ်၊ ညဈေးမီးပွိင့်အနီး၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုးခဲ့ရခြင်းဖြစ်သည်။
3 238
ထိုင်းအစိုးရက ရွှေအရောင်းအဝယ်တွေကို နောက်ယောင်ခံ စောင့်ကြည့်ဖို လုပ်နေပြီ
ဩဂုတ် - ၃၁ ( တနင်္လာနေ့ )
ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနဟာ ရွှေဈေးကွက် တစ်ခုလုံးကို လွှမ်းခြုံစောင့်ကြည့်နိုင်မယ့် စည်းမျဉ်းမူဘောင် တစ်ခုကို ပြင်ဆင်နေပါတယ်။ ငွေကြေး စီးဆင်းမှုဆိုင်ရာ မှတ်တမ်းတွေနဲ့ ရွှေအရောင်းအဝယ် စာရင်းတွေကို ချိတ်ဆက်ထားမှာဖြစ်လို အာဏာပိုင်တွေအနေနဲ့ ငွေစထွက်လာတဲ့ မူလနေရာကနေ ရွှေအတုံးအခဲလိုက် အမှန်တကယ် လွှပြောင်းပေးပိုတာအထိ ငွေလမ်းကြောင်းကို နောက်ယောင်ခံ လိုက်နိုင်တော့မှာပါ။
စည်းမျဉ်းတွေ အတည်မပြုမီ ဘဏ္ဍာရေးမူဝါဒရုံး (FPO) ညွှန်ကြားရေးမှူးချုပ် က အစိုးရဌာနတွေ၊ လုပ်ငန်းရှင်တွေဆီက အကြံဉာဏ်တွေ ရယူနေတယ်လို ပြောပါတယ်။ ရည်ရွယ်ချက်ကတော့ တရားဝင် စီးပွားရေးလုပ်ငန်းတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေဘဲ ရွှေအရောင်းအဝယ် ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာစေဖိုဖြစ်ပါတယ်။
တာဝန်ရှိသူတွေဟာ လိမ်လည်သူတွေနဲ့ တရားမဝင်ငွေကြေးကွန်ရက်တွေက ရွှေလုပ်ငန်းတွေကို အသုံးချပြီး မူလအစ ရင်းမြစ်မဖော်ပြနိုင်တဲ့ ငွေကြေးတွေကို လှည့်ပတ်တာ၊ ခဝါချတာမျိုး မလုပ်နိုင်အောင် တားဆီးချင်တာပဲ ဖြစ်ပါတယ်။
3 238
အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများ အမေရိကန်သို အမြန်ဆုံးပြောင်းရွှေ့ရန် ထရန့်တိုက်တွန်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများအနေဖြင့် ၎င်းတို၏ရုံးချုပ်များနှင့် စက်ရုံများကို အမေရိကန်သို ချက်ချင်းပြောင်းရွှေ့ရန် လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းလိုက်သည်။
အမေရိကန်နှင့် ကနေဒါကြား ကုန်သွယ်ရေးတင်းမာမှု မြင့်တက်နေချိန် ယင်းတောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးမှုများ ပျက်ပြယ်ခဲ့ပြီးနောက် ထရန့်အစိုးရက ကနေဒါနိုထွက်ပစ္စည်းများနှင့် သစ်အပါအဝင် ကုန်ပစ္စည်းအချိုအပေါ် အခွန် ၅၀ ရာခိုင်နှုန်းအထိ ချမှတ်ခဲ့သည်။ ထိုအမိန့်က ၂၀၂၇ ခုနှစ်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။
ကနေဒါကလည်း အမေရိကန်၏ အခွန်စည်းကြပ်မှုကို လက်တုံပြန်သည့်အနေဖြင့် သံမဏိ၊ အလူမီနီယံအပါအဝင် အမေရိကန်ကုန်ပစ္စည်းများအပေါ် တန်ပြန်အခွန်များ ချမှတ်ခဲ့သည်။
3 238
မြန်မာ ယူ-၂၀ အသင်း သီရိလင်္ကာ ယူ-၂၀ အသင်း ကို ဂိုးပြတ် အနိုင်ရ
AFC U20 Asian Cup China 2027 (Qualifiers)
FULL TIME
MYANMAR U20
🇲🇲
4️⃣
-
0️⃣
🇱🇰
SRI LANKA U20
Sai Bo Bo Kyaw 18'
Kaung Khant Kyaw 26', 39'
Sai Zom Shang 86'
3 238
ညောင်တုန်းမြိုနယ်တွင် ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက်
ညောင်တုန်း၊ ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ အောက်စု ကျေးရွာ၊ ဧရာဝတီမြစ်အတွင်း ယနေ့ နံနက်ပိုင်းက ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြန်အောင်မြိုမှ ပုဇွန်တောင်မြိုနယ်သို ရေယာဉ်မောင်း၊ လုပ်သား(၁၀)ဦးနှင့် ကျောက်ကျင်း(၁၅၀) တင်ဆောင်လာသော အလျား(၁၈၀)ပေ၊ အနံ(၄၀)ပေရှိ ကျောက်သယ် တွဲသင်္ဘောသည် ညောင်တုန်းမြိုနယ်၊ စက္ကောတောင်ကျေးရွာအုပ်စု၊ အောက်စုကျေးရွာ၊ မြစ်ဧရာဝတီမြစ်ကမ်းရှိ OHC လမ်းဆောက်ရေး ကုမ္မဏီ၏ သဲ/ ကျောက်ကွင်း ဆိပ်ကမ်းသိုဝင်ရောက် ညအိပ်ရပ်နားစဉ် သင်္ဘောဝမ်းဗိုက်အား ရေအောက်မှ သစ်ပင်ငုတ်ဖြင့် ထိုးမိသည့်အား မသိရှိဘဲ သင်္ဘောကပ်၍ ညအိပ်စဉ် ဩဂုတ်လ၊ ၃၁ရက် နံနက် ၁နာရီတွင် သင်္ဘောဝမ်းဗိုက်အတွင်း ရေစိမ့်ဝင်ကာ သင်္ဘောတိမ်းဆောင်း၍ ကျောက်များမြစ်အတွင်းထွက်ကျ တိမ်းဆောင်မှောက် သွားခဲ့ပြီး တိမ်းမှောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်းသိရသည်။
3 238
အီရန်က အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တုံပြန်တိုက်ခိုက်၊ ဟော်မုဇ်ရေလက်ကြား တင်းမာမှုမြင့်တက်
အမေရိကန်နှင့် အီရန်တိုကြား စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာပြီးနောက် အီရန်တပ်ဖွဲများက အမေရိကန်စစ်တပ်နှင့် ဆက်နွယ်သည့် ပစ်မှတ်များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တုံပြန်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက်တွင် အမေရိကန်တပ်ဖွဲများက အီရန်နိုင်ငံ ဟော်မုဇ်ရေလက်ကြားအနီးရှိ လာရက်ခ်ကျွန်း (Larak Island) ပေါ်မှ ဒုံးကျည်ပစ်လွှတ်နိုင်သည့် စစ်ရေးအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်က တုံပြန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဘက်က အဆိုပါတိုက်ခိုက်မှုသည် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုကို ခြိမ်းခြောက်နိုင်သည့် အီရန်၏ စစ်ရေးလုပ်ဆောင်ချက်များကို တားဆီးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယင်းတိုက်ခိုက်မှုအပြီး ဩဂုတ် ၃၀ ရက်ညပိုင်းမှ ဩဂုတ် ၃၁ ရက်အထိ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်တပ်ဖွဲများ အသုံးပြုနေသည့် ဒေသတွင်း စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။
အီရန်၏ ပထမဆုံးတုံပြန်မှုအဖြစ် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲများ အသုံးပြုနေသည့် King Hussein Air Base နှင့် Al-Azraq Air Base တိုကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်ဘက်က ထုတ်ပြန်ခဲ့သည်။
အီရန်စစ်ဘက်က ယင်းတိုက်ခိုက်မှုများသည် အမေရိကန်၏ လာရက်ခ်ကျွန်းတိုက်ခိုက်မှုအတွက် တုံပြန်ခြင်းဖြစ်ပြီး အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
