Speaker ငဘ
Open in Telegram
တိကျ မြန်ဆန် သတင်းမှန်ဆီသို့
Show moreThe country is not specifiedThe category is not specified
3 238
Subscribers
-424 hours
-1167 days
-31030 days
Posts Archive
3 238
ထိုင်းအစိုးရက ရွှေအရောင်းအဝယ်တွေကို နောက်ယောင်ခံ စောင့်ကြည့်ဖို လုပ်နေပြီ
ဩဂုတ် - ၃၁ ( တနင်္လာနေ့ )
ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနဟာ ရွှေဈေးကွက် တစ်ခုလုံးကို လွှမ်းခြုံစောင့်ကြည့်နိုင်မယ့် စည်းမျဉ်းမူဘောင် တစ်ခုကို ပြင်ဆင်နေပါတယ်။ ငွေကြေး စီးဆင်းမှုဆိုင်ရာ မှတ်တမ်းတွေနဲ့ ရွှေအရောင်းအဝယ် စာရင်းတွေကို ချိတ်ဆက်ထားမှာဖြစ်လို အာဏာပိုင်တွေအနေနဲ့ ငွေစထွက်လာတဲ့ မူလနေရာကနေ ရွှေအတုံးအခဲလိုက် အမှန်တကယ် လွှပြောင်းပေးပိုတာအထိ ငွေလမ်းကြောင်းကို နောက်ယောင်ခံ လိုက်နိုင်တော့မှာပါ။
စည်းမျဉ်းတွေ အတည်မပြုမီ ဘဏ္ဍာရေးမူဝါဒရုံး (FPO) ညွှန်ကြားရေးမှူးချုပ် က အစိုးရဌာနတွေ၊ လုပ်ငန်းရှင်တွေဆီက အကြံဉာဏ်တွေ ရယူနေတယ်လို ပြောပါတယ်။ ရည်ရွယ်ချက်ကတော့ တရားဝင် စီးပွားရေးလုပ်ငန်းတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေဘဲ ရွှေအရောင်းအဝယ် ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာစေဖိုဖြစ်ပါတယ်။
တာဝန်ရှိသူတွေဟာ လိမ်လည်သူတွေနဲ့ တရားမဝင်ငွေကြေးကွန်ရက်တွေက ရွှေလုပ်ငန်းတွေကို အသုံးချပြီး မူလအစ ရင်းမြစ်မဖော်ပြနိုင်တဲ့ ငွေကြေးတွေကို လှည့်ပတ်တာ၊ ခဝါချတာမျိုး မလုပ်နိုင်အောင် တားဆီးချင်တာပဲ ဖြစ်ပါတယ်။
3 238
အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများ အမေရိကန်သို အမြန်ဆုံးပြောင်းရွှေ့ရန် ထရန့်တိုက်တွန်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နှင့် စီးပွားရေးလုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများအနေဖြင့် ၎င်းတို၏ရုံးချုပ်များနှင့် စက်ရုံများကို အမေရိကန်သို ချက်ချင်းပြောင်းရွှေ့ရန် လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းလိုက်သည်။
အမေရိကန်နှင့် ကနေဒါကြား ကုန်သွယ်ရေးတင်းမာမှု မြင့်တက်နေချိန် ယင်းတောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးမှုများ ပျက်ပြယ်ခဲ့ပြီးနောက် ထရန့်အစိုးရက ကနေဒါနိုထွက်ပစ္စည်းများနှင့် သစ်အပါအဝင် ကုန်ပစ္စည်းအချိုအပေါ် အခွန် ၅၀ ရာခိုင်နှုန်းအထိ ချမှတ်ခဲ့သည်။ ထိုအမိန့်က ၂၀၂၇ ခုနှစ်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။
ကနေဒါကလည်း အမေရိကန်၏ အခွန်စည်းကြပ်မှုကို လက်တုံပြန်သည့်အနေဖြင့် သံမဏိ၊ အလူမီနီယံအပါအဝင် အမေရိကန်ကုန်ပစ္စည်းများအပေါ် တန်ပြန်အခွန်များ ချမှတ်ခဲ့သည်။
3 238
မြန်မာ ယူ-၂၀ အသင်း သီရိလင်္ကာ ယူ-၂၀ အသင်း ကို ဂိုးပြတ် အနိုင်ရ
AFC U20 Asian Cup China 2027 (Qualifiers)
FULL TIME
MYANMAR U20
🇲🇲
4️⃣
-
0️⃣
🇱🇰
SRI LANKA U20
Sai Bo Bo Kyaw 18'
Kaung Khant Kyaw 26', 39'
Sai Zom Shang 86'
3 238
ညောင်တုန်းမြိုနယ်တွင် ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက်
ညောင်တုန်း၊ ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ အောက်စု ကျေးရွာ၊ ဧရာဝတီမြစ်အတွင်း ယနေ့ နံနက်ပိုင်းက ကျောက်သယ် တွဲသင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြန်အောင်မြိုမှ ပုဇွန်တောင်မြိုနယ်သို ရေယာဉ်မောင်း၊ လုပ်သား(၁၀)ဦးနှင့် ကျောက်ကျင်း(၁၅၀) တင်ဆောင်လာသော အလျား(၁၈၀)ပေ၊ အနံ(၄၀)ပေရှိ ကျောက်သယ် တွဲသင်္ဘောသည် ညောင်တုန်းမြိုနယ်၊ စက္ကောတောင်ကျေးရွာအုပ်စု၊ အောက်စုကျေးရွာ၊ မြစ်ဧရာဝတီမြစ်ကမ်းရှိ OHC လမ်းဆောက်ရေး ကုမ္မဏီ၏ သဲ/ ကျောက်ကွင်း ဆိပ်ကမ်းသိုဝင်ရောက် ညအိပ်ရပ်နားစဉ် သင်္ဘောဝမ်းဗိုက်အား ရေအောက်မှ သစ်ပင်ငုတ်ဖြင့် ထိုးမိသည့်အား မသိရှိဘဲ သင်္ဘောကပ်၍ ညအိပ်စဉ် ဩဂုတ်လ၊ ၃၁ရက် နံနက် ၁နာရီတွင် သင်္ဘောဝမ်းဗိုက်အတွင်း ရေစိမ့်ဝင်ကာ သင်္ဘောတိမ်းဆောင်း၍ ကျောက်များမြစ်အတွင်းထွက်ကျ တိမ်းဆောင်မှောက် သွားခဲ့ပြီး တိမ်းမှောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်းသိရသည်။
3 238
အီရန်က အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တုံပြန်တိုက်ခိုက်၊ ဟော်မုဇ်ရေလက်ကြား တင်းမာမှုမြင့်တက်
အမေရိကန်နှင့် အီရန်တိုကြား စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာပြီးနောက် အီရန်တပ်ဖွဲများက အမေရိကန်စစ်တပ်နှင့် ဆက်နွယ်သည့် ပစ်မှတ်များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တုံပြန်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက်တွင် အမေရိကန်တပ်ဖွဲများက အီရန်နိုင်ငံ ဟော်မုဇ်ရေလက်ကြားအနီးရှိ လာရက်ခ်ကျွန်း (Larak Island) ပေါ်မှ ဒုံးကျည်ပစ်လွှတ်နိုင်သည့် စစ်ရေးအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်က တုံပြန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဘက်က အဆိုပါတိုက်ခိုက်မှုသည် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုကို ခြိမ်းခြောက်နိုင်သည့် အီရန်၏ စစ်ရေးလုပ်ဆောင်ချက်များကို တားဆီးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယင်းတိုက်ခိုက်မှုအပြီး ဩဂုတ် ၃၀ ရက်ညပိုင်းမှ ဩဂုတ် ၃၁ ရက်အထိ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်တပ်ဖွဲများ အသုံးပြုနေသည့် ဒေသတွင်း စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။
အီရန်၏ ပထမဆုံးတုံပြန်မှုအဖြစ် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲများ အသုံးပြုနေသည့် King Hussein Air Base နှင့် Al-Azraq Air Base တိုကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်ဘက်က ထုတ်ပြန်ခဲ့သည်။
အီရန်စစ်ဘက်က ယင်းတိုက်ခိုက်မှုများသည် အမေရိကန်၏ လာရက်ခ်ကျွန်းတိုက်ခိုက်မှုအတွက် တုံပြန်ခြင်းဖြစ်ပြီး အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
3 238
ငလျင်အင်အားလျှော့ချမည့် Base Isolation System နည်းပညာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြု
ငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ငလျင်ဒဏ်လျှော့ချရေးနည်းပညာ (Base Isolation System) ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အသုံးပြုတည်ဆောက်မည့် အဆောက်အအုံ၏ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက မန္တလေးမြို၊ ချမ်းမြသာစည်မြိုနယ်ရှိ မင်္ဂလာမန္တလေးစီမံကိန်းအတွင်း ကျင်းပခဲ့သည်ဟု သိရသည်။
အဆိုပါ အဆောက်အအုံတွင် ငလျင်လှုပ်ခတ်ချိန် မြေပြင်မှ အဆောက်အအုံသို သက်ရောက်လာမည့် အင်အားနှင့် တုန်ခါမှုများကို လျှော့ချပေးနိုင်သည့် Base Isolation System နည်းပညာကို အသုံးပြုသွားမည်ဖြစ်ပြီး အဆောက်အအုံအောက်ခြေနှင့် မြေပြင်ကြားတွင် Base Isolator များ တပ်ဆင်ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်သည်။
အခမ်းအနားသို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ New Starlight Construction Co.,Ltd မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အင်ဂျင်နီယာပညာရှင်များ တက်ရောက်ခဲ့ကြသည်။
3 238
ဟိမဝန္တာဒေသ မြေပြိုမှုအပြီး နိုင်ငံ ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး ပျောက်ဆုံးနေ
ဟိမဝန္တာဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့် ရေခဲမြစ်ပြိုကျမှုနှင့် မြေပြိုမှုများအပြီး နီပေါ-တရုတ် နယ်စပ်၏ တိဘက်ဘက်ခြမ်းတွင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး ပျေ-ာက်ဆုံးနေကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်သည်။
ပျေ-ာက်ဆုံးနေသည့် နိုင်ငံခြားသားများအနက် နီပေါနိုင်ငံသား ၁၀၄ ဦးဖြင့် အများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသား ၄၉ ဦး၊ လတ်ဗီးယားနိုင်ငံသား ၃၃ ဦး၊ အမေရိကန်နိုင်ငံသား ၁၈ ဦးနှင့် ဗြိတိန်နိုင်ငံသား ၁၅ ဦးတို ပါဝင်ကြောင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
3 238
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတိုတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သိုတက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်
နေပြည်တော်၊ ဩဂုတ် - ၃၁
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတိုတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy၊ ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံသားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျကြောင်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။
3 238
အီရန်နှင့် ကုန်သွယ်မှု ဆက်လုပ်ပါက တရုတ်ကိုပါ ပိတ်ဆိုအရေးယူနိုင်ဟု အမေရိကန် သတိပေး
အီရန်နိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်နေပါက တရုတ်နိုင်ငံအပါအဝင် မည်သည့်နိုင်ငံ၊ အဖွဲအစည်းကိုမဆို ပိတ်ဆိုအရေးယူမှုများ ချမှတ်နိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ဩဂုတ် ၃၀ ရက်တွင်ပြုလုပ်သော AP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းအတွင်း သတိပေးပြောကြားလိုက်သည်။
Scott Bessent က အမေရိကန်အစိုးရအနေဖြင့် အီရန်၏ ဘဏ္ဍာရေးနှင့် စီးပွားရေးကဏ္ဍများအပေါ် ဖိအားပေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ အီရန်နှင့် ကုန်သွယ်ရေးဆက်ဆံမှုများမှတစ်ဆင့် အဆိုပါလုပ်ငန်းများကို အထောက်အပံ့ပေးနေသူများအား ပစ်မှတ်ထား အရေးယူနိုင်ကြောင်း ပြောကြားခဲ့သည်။
“ရွေးချယ်စရာအားလုံး စားပွဲပေါ်မှာ ရှိနေပါတယ်” ဟု Bessent က ပြောကြားကာ အီရန်၏ ရေနံရောင်းချမှုနှင့် ဝင်ငွေရရှိရေး လမ်းကြောင်းများကို ကန့်သတ်ရန် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း အရိပ်အမြွက်ပြောခဲ့သည်။
3 238
အမေရိကန်လူဝင်မှုကြီးကြပ်ရေး ICE ၏ ဇူလိုင်လဖမ်းဆီးမှု ငါးသောင်းနီးပါးအထိမြင့်တက်
အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဌာန (ICE) က ဇူလိုင်လအတွင်း လူပေါင်းငါးသောင်းနီးပါးအထိ ဖမ်းဆီးခဲ့ပြီး ဒုတိယအကြိမ် ဒေါ်နယ်ထရန့်အစိုးရလက်ထက်တွင် တစ်လတာ ဖမ်းဆီးမှုအများဆုံးစံချိန်ဖြစ်လာကြောင်း အစိုးရကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
ဇူလိုင်အတွင်း ICE ကဖမ်းဆီးသူ စုစုပေါင်း ၄၉,၅၇၁ ဦးရှိခဲ့ပြီး ဇွန်လအတွင်း ဖမ်းဆီးခဲ့သည့် ၄၃,၀၂၁ ဦးထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ထိုပြင် မင်နီဆိုးတားပြည်နယ်တွင် ကိုင်တွယ်မှုများ တင်းတင်းကျပ်ကျပ်ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီအတွင်း ဖမ်းဆီးရမိသူ ၂၉,၂၄၁ ဦးရှိခဲ့မှုနှင့်ယှဉ်လျှင် ယခုအခါ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။
ဝန်ထမ်းအင်အား တိုးမြှင့်ခန့်အပ်မှုများနှင့်အတူ လတ်တလော သီတင်းပတ်များအတွင်း ဖမ်းဆီးမှုများကို အရှိန်ဟုန်မြှင့် လုပ်ဆောင်လာရာ၌ ယာဉ်စစ်ဆေးသည့် နေရာများမှတစ်ဆင့် ဖမ်းဆီးခြင်းများပါ ပြုလုပ်လာခဲ့သည်။
ဇူလိုင်အတွင်း ဖမ်းဆီးမှုများအနက် တက္ကဆက်ပြည်နယ်နှင့် ဖလော်ရီဒါ ပြည်နယ်နှစ်ခုတည်းမှာပင် ဖမ်းဆီးရမိသူ နှစ်သောင်းနီးပါးရှိခဲ့ရာ ယင်းပြည်နယ်များက ထရန့်အစိုးရ၏ ပြည်နှင်ဒဏ်ပေးရေးမူဝါဒတွင် မည်မျှအရေးပါနေကြောင်း မီးမောင်းထိုးပြနေသည်။
3 238
အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံး တပ်ဆင်မည်
ရန်ကုန်၊ ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ နာတာရှည်ကျောက်ကပ်ရောဂါအတွက် ငွေကြေးစိုက်ထုတ်ကုန်ကျမှုမရှိဘဲ ကျောက်ကပ်သွေးသန့်စင်ကုသမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေး လှိင်သာယာမြိုနယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် ၃ လုံးနှင့် ရေသန့်စက်များ တပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောက်ကပ်သွေးသန့်စင်စက်များ တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယမန်နေ့တွင် သွားရောက်ကြည့်ရှုခဲ့သည်။
လူမှုဖူလုံရေးအဖွဲအနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ပေးအပ်လျက်ရှိသည်။
3 238
မြစ်ကြီးနားမြိုနယ်ရှိ ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁၆၉၄ စုအတွက် ဆန်အိတ်များ ထောက်ပံ့
မြစ်ကြီးနား၊ ဩဂုတ် ၃၁
ကချင်ပြည်နယ် မြစ်ကြီးနားမြိုနယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁၆၉၄ စုအတွက် တန်ဖိုးငွေကျပ် ၁၁၈ ဒသမ ၅၈ သန်းရှိ ဆန်အိတ် ၁၆၉၄ အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲမှ သိရသည်။
ထောက်ပံ့ပေးအပ်ပွဲကို မြစ်ကြီးနားမြို ပမ္မတီးရပ်ကွက်ရှိ အောင်ဇေရန်အောင်ဘုရားဝင်းအတွင်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြစ်ကြီးနားမြိုနယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းမြေနေရာများနှင့် အလှူရှင်များ၏ မြေနေရာများတွင် ခိုလှုနေထိုင်လျက်ရှိသည့် ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁၆၉၄ စုအတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အိမ်ထောင်စုများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲက ဆန် ၁၂ ပြည်ပါအိတ် ၉၅၄ အိတ်နှင့် အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်က ဆန် ၁၂ ပြည်ပါအိတ် ၇၄၀ အိတ် ထောက်ပံ့ခဲ့ရာ စုစုပေါင်း ဆန်အိတ် ၁၆၉၄ အိတ်ဖြစ်ပြီး တန်ဖိုးငွေကျပ် ၁၁၈,၅၈၀,၀၀၀ ရှိကြောင်း သိရသည်။
3 238
စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင် သံရုံး၏ တရားဝင်ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ရန် အသိပေး
ရန်ကုန်၊ ဩဂုတ် ၃၁
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းနှင့် အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းများကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ကြရန် မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားသည်။
လက်ရှိတွင် PT၊ PE၊ PS အမျိုးအစားများသို ပြောင်းလဲလျှောက်ထားသူများသည် သံရုံး၏ တရားဝင် အီးမေးလ်သို လိုအပ်သည့် အချက်အလက်များ ပေးပိုလျှောက်ထားရမည်ဖြစ်ပြီး PV မှ PJ သို ပြောင်းလဲလျှောက်ထားသူများအနေဖြင့် ရယူထားသည့် ရက်ချိန်းအတိုင်း ခေတ္တစောင့်ဆိုင်းပေးရန် သံရုံးက အသိပေးထားသည်။ လျှောက်ထားမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သံရုံးမှ ကြေညာချက်အသစ်များ ထုတ်ပြန်လာမှသာ ဆက်လက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း သိရသည်။
3 238
+1
-
ရက်စက်ယုတ်မာလိုက်ကြတာ
၂၀၂၆ သြ ၃၁ ၀၆၁၀ နာရီအချိန်ခန့်တွင် မလှိုင်မြို့၏ အရှေ့တောင်ဘက် (၁၁)မိုင်ခန့် အကွာ ထမ္မကြီးကျေးရွာအုပ်စု၊ ထမ္မကြီးကျေးရွာ သို့ အကဖ သကသ PDF အဖွဲ့ခေါင်းဆောင်(စိစစ်ဆဲ) အင်အား (၅၀)ဦးခန့်မှ ကား(၄)စီး နှင့် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးစိုးလင်းထိုက် နှင့် အခြားလူ (၁၂)ဦးခန့်အား သတ်ဖြတ်သွားကြောင်း ကနဦး သတင်းရရှိ ။
3 238
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြိုနယ်၊ ကြူကုတ်၊ ပန်ဆိုင်းနယ်မြေအတွင်း မိုးသည်း ထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေများနှင့် ရေများလျှံတက်ကာ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများနှင့် ပြည်သူများ၏ နေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း SSPP Info က ယမန်နေ့ဩဂုတ် ၃၀ ရက်တွင် ထုတ် ပြန်သည်။
ဩဂုတ် ၂၉ ရက်က မိုးသည်းထန်စွာ အဆက် မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် ချောင်းရေများနှင့် ရေများ မြင့်တက်လျှံတက်ကာ လယ်ယာမြေများနှင့် ဥယျာဉ်ခြံမြေများ ရေလွှမ်းခဲ့ပြီး အချိုပြည်သူများ၏ နေအိမ်များအတွင်းအထိ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရေလွှမ်းမှုဖြစ်ပွားသည့်နေရာမှာ တစ်ဖက်တရုတ်နိုင်ငံ ဝမ်တိန်မြိုချောင်းရေမြင့်တက်လာမှုကြောင့် နယ်စပ်အနီးရှိကျင်းယန်းတုန် ကျေးရွာအတွင်းရေဝင်ရောက်မှု ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
3 238
စက်တင်ဘာလ အကုန်မှာ အမေရိကန်တပ်တွေ ရုပ်သိမ်းပေးဖို အီရတ်ဘက်က လှုတ်ရှားနေပြီ
ဩဂုတ် - ၃၁ ( တနင်္လာနေ့ )
အီရတ်နိုင်ငံအနေနဲ့ စက်တင်ဘာလကုန်မှာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲတွေ လုံးဝရုပ်သိမ်း သွားအောင် လုပ်ဖိုအတွက် သန္နိဋ္ဌာန်ချထားတယ်လို ဗြိတိန်အခြေစိုက် ဆော်ဒီ နေ့စဉ်သတင်းစာတစ်ခုက အီရတ်အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး စနေနေ့က ဖော်ပြခဲ့ပါတယ်။
၂၀၀၃ ခုနှစ် ကျူးကျော်ဝင်ရောက်မှုနဲ့ နောက်ပိုင်း အိုင်အက်စ် အကြမ်းဖက်အဖွဲကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲတွေ အီရတ်မှာ ရှိနေခဲ့တာ ၂၃ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
စက်တင်ဘာလနောက်ပိုင်းမှာ အမေရိကန်နဲ့ အခြားနိုင်ငံခြားတပ်ဖွဲတွေ ဆက်လက်ရှိနေနိုင်တယ်ဆိုတဲ့ သတင်းတွေဟာ "ယခင် အီရတ်အစိုးရနဲ့ အမေရိကန်အစိုးရကြား သဘောတူထားတာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်" လို ထိုအရာရှိရဲ့ ပြောကြားခဲ့ပါတယ်။
စက်တင်ဘာလ နောက်ဆုံးသတ်မှတ်ရက်မှာ ဝါရှင်တန်အနေနဲ့ တပ်ဖွဲတွေကို အပြီးတိုင် ရုပ်သိမ်းမှာ မဟုတ်ဘဲ အင်အားလျှော့ချဖိုပဲ အစီအစဉ်ရှိတယ်ဆိုတဲ့ မီဒီယာသတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို မှတ်ချက်ပေး ပြောဆိုမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
3 238
နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ရေပိုလွှမှ ရေစတင်ကျော်လွန်၍ ရေထုတ်လွှတ်နေပြီး ပေါင်းလောင်းမြစ်တစ်လျှောက်ရေကြီးရေလျှံမှု အတွက် စိုးရိမ်စရာမရှိဟုဆို
နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ကန်ရေပြည့်အမှတ်သိုရောက်ရှိပြီးနောက် သြဂုတ် ၃၁ ရက် နံနက် ၇ နာရီမှစတင်၍ ရေပိုလွှမှ စတင်ရေကျော်ခဲ့ပြီး ရေထုတ်လွှတ်ပေးလျှက်ရှိကြောင်း တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ရေပိုလွှမှ ရေထုတ်လွှတ်ပေးလျှက်ရှိသော်လည်း ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေသည့်အတွက် ပေါင်းလောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ရန် မလိုကြောင်း ထပ်မံအသိပေးထုတ်ပြန်ထားသည်။
သြဂုတ် ၃၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ရေပိုလွှမှရေကျော်လွန်စီးဆင်းမှုမှာ ၂,၀၅၀ ကုဗပေ/စက္ကန့် ရေကျော်စီးဆင်းလျက်ရှိပြီး ပြီးခဲ့သော ၂၀၂၄ ခုနှစ်၌ စံချိန်တင်အဖြစ် အများဆုံးစီးဆင်းခဲ့သည့် (၅၆,၆၈၁ ကုဗပေ/စက္ကန့်)နှင့် နှိင်းယှဉ်ပါက ယခုရေကျော်စီးဆင်းမှု အခြေအနေမှာ အလွန်နည်းပါးသောအခြေအနေဖြစ်ကြောင်း သိရသည်။
ထိုအပြင် ဆည်တမံနှင့် ရေပိုလွှတို၏ ကြံ့ခိုင်မှုမှာ ကောင်းမွန်သည့် အခြေအနေတွင် ရှိနေပြီး ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေသည့်အတွက် ပေါင်းလောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှုများအတွက် စိုးရိမ်စရာမရှိပါကြောင်းနှင့် သတင်းများကို အချိန်နှင့်တပြေးညီ တင်ပြပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။
