Speaker ငဘ
Open in Telegram
တိကျ မြန်ဆန် သတင်းမှန်ဆီသို့
Show moreThe country is not specifiedThe category is not specified
3 292
Subscribers
-724 hours
-807 days
-25130 days
Posts Archive
3 243
ရူးသလို ပေါသလိုနဲ့ မြှောက်ပေးတိုင်း ဂွေးတက်အောင်က
မသာပေါ်ခါနီး ဖနောင့်နဲ့ တင်ပါး တစ်သားတည်းဖြစ်အောင် ပြေးတတ်တဲ့ အညာက ငပိန်းပဒက်တွေကို အားမနာပဲ သောက်စားနေတဲ့
ငပေါက်နဲ့ ရည်မွင်
📣📣ငဘ
3 243
အမေရိကန်ကြည်းတပ်၏ယာယီဝန်ကြီးအဖြစ် ကြည်းတပ်ဒုတိယဝန်ကြီး အဒမ်တဲလ်ကို သမ္မတဒေါ်နယ်ထရန့်က ခန့်အပ်
သမ္မတဒေါ်နယ်ထရန့်က အမေရိကန်ကြည်းတပ်၏ယာယီဝန်ကြီးအသစ်ကို ခန့်အပ်လိုက်သည်ဟု စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ခေါင်းဆောင်ပိုင်းနှင့် သဘောထားမတိုက်ဆိုင်မှုများရှိခဲ့သည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ကြည်းတပ်၏အရပ်သားဝန်ကြီး ဒန်ဒရစ်စကိုးလ် နုတ်ထွက်သွားပြီးနောက် ရက်ပိုင်းအတွင်း သမ္မတက ယာယီကြည်းတပ်ဝန်ကြီးတစ်ဦးကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။
3 243
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဗီယက်နမ် ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်း VinFast စက်ရုံသို သွားရောက်လေ့လာ
===========================================
ဟနွိင်း၊ စက်တင်ဘာ ၄
■ ဗီယက်နမ်နိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဟိုင်ဖုန်းမြိုရှိ VinFast Hai Phong Manufacturing Complex သို သွားရောက်၍ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။
3 243
သင်္ဘောသားများ PS နိုင်ငံကူးလက်မှတ်ဖြင့် အလည်အပတ်ထွက်ခွာခွင့် ကန့်သတ်၊ ပြည်ပသွားရောက်ပါက PV အမျိုးအစား ပြောင်းလဲကိုင်ဆောင်ရမည်
သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို အလည်အပတ်ထွက်ခွာခြင်းနှင့် ပတ်သက်၍ အလွဲသုံးစားမှုများ ဖြစ်ပေါ်နေသဖြင့် အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ PS အမျိုးအစားဖြင့် အလည်အပတ်ထွက်ခွာခွင့်ပြုတော့မည်မဟုတ်ကြောင်း ရေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက အသိပေးကြေညာထားသည်။
3 243
နယ်စပ်က ကေတီဗွီမှာ မျငယ်နဲ့ သွားကဲထားလို့ အိပ်ပြီး ဘယ်နိုင်ငံက အရေးတယူလုပ်ပြီး ဖိတ်မလဲလို့ အိပ်မက် မက်နေတယ်ငြိမ်ငြိမ်နေစမ်း 📣📣ငဘ
3 243
+9
ရခိုင်ပြည်သူတွေကို လုပ်ချင်တာ လုပ်နေခဲ့ကြပြီးတော့
အခုကျမှ ဘာတွေ လာအော်နေတာလဲ
ဝူးဝါးဘူးသခွားအော်လဲ သခွားသီး၊ ခရမ်းသီးနဲ့ ဘွစ်စမန်ပဲ ရမယ်📣📣ငဘ
3 243
ကော်ဇော်နီနီခင်းကြို
သမ္မတဦးမင်းအောင်လှိုင်နှင့်ဇနီးဗီယက်နမ်နိုင်ငံသို့တရားဝင်ခရီးစဉ်ရောက်ရှိ
မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးဆွေးနွေးမည်။
3 243
တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အောက် အနည်းငယ်ကျဆင်းလာ
စာသင်ကျောင်းများပိတ်ထားရဆဲဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးသွားလာမှု မရသေးကြောင်း သိရသည်။ တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အောက်အနည်းငယ်ကျဆင်းလာပြီးစာသင်ကျောင်းများ ပိတ်ထားရဆဲဖြစ်ကာ ပြည်ထောင်စုလမ်းမကြီးသွားလာမှု မရသေးကြောင်းသိရသည်။
တနင်္သာရီမြစ်ရေမှာ စက်တင်ဘာ ၄ ရက် နံနက်ပိုင်း တိုင်းထွာချက်အရ သာမန်ရေမျက်နှာပြင်အထက် ၂၃ ပေ ၇ လက်မတွင်ရှိနေပြီး အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေ အောက်သို ၅ လက်မကျဆင်းလာကြောင်း သိရသည်။
3 243
ရုရှားမှာရှိတဲ့ အမေရိကန်ကုမ္ပဏီတွေက ထွက်ခွာချင်စိတ်မရှိကြဘူး လို ပြော
စက်တင်ဘာ - ၄ ( သောကြာနေ့ )
အမေရိကန်အစိုးရက ပိတ်ပင်ထားပေမဲ့လည်း အမေရိကန်ကုမ္ပဏီ ၃၀၀ ကျော်ဟာ ရုရှားမှာ ဆက်လက် စီးပွားရေးလုပ်ကိုင်နေကြပြီး ရုရှားဈေးကွက်ထဲကနေ ထွက်ခွာဖို အစီအစဉ်လည်း မရှိကြပါဘူးလို သမ္မတ၏ အကြံပေးပုဂ္ဂိုလ်နဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) စည်းရုံးရေးကော်မတီ၏ အလုပ်အမှုဆောင်အတွင်းရေးမှူး အန်တွန် ကိုဘယာကော့ဗ် က EEF ဖိုရမ်ကျင်းပစဉ်အတွင်း TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
"ကျနော်တို ဈေးကွက်ထဲမှာ အမေရိကန်ကုမ္ပဏီ ၃၀၀ ကျော် ဆက်ကျန်နေပါသေးတယ်" လို ကိုဘယာကော့ဗ်က ပြောပါတယ်။ "အမေရိကန်အာဏာပိုင်တွေက ကုမ္ပဏီတွေကို တိုက်ရိုက်ပိတ်ပင်တာ ဒါမှမဟုတ် ရုရှားမှာ မလုပ်ကိုင်ဖို တားမြစ်ထားတာတွေ ရှိနေပေမဲ့လည်း အမေရိကန်ကုမ္ပဏီ ၃၀၀ ဟာ ရုရှားဈေးကွက်ထဲမှာ ဆက်လက် အလုပ်လုပ်နေကြတာပါ"လို ဆိုပါတယ်။
3 243
ရွှေတြိဂံဒေသ သုံးနိုင်ငံ နယ်စပ်မျဉ်းပေါ်က ထိုင်းနိုင်ငံ ချင်းဆန်းမြိုနယ်အတွင်း အမျိုးသား(၂)ဦးသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ခန့်မှန်း (၂.၈) သန်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲက စက်တင်ဘာ (၃) ရက်ထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မြိုဖြစ်တဲ့ မယ်ဆိုင်မြိုကနေ လန်းပန်းမြိုကိုသွားရောက်ပိုဆောင်ဖိုအတွက် ချင်းဆဲန့်မြိုကို ဖြတ်သန်းသွားတဲ့ ချင်းမိုင်လိုင်စင်နံပါတ်ပါ ကားပေါ်မှာ စိတ်ကြွဆေးပြားတွေ ထည့်သွင်းသယ်ဆောင်လာတဲ့ ဆာလာအိတ်(၁၄)အိတ်နဲ့အတူ တရားခံ(၂)ဦးကို ဖမ်းဆီးရမိတာလို သိရပါတယ်။
3 243
မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်မည်ဟု ဒုတိယသမ္မတ ဦးညိုစော ပြောကြား
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum - EEF) မျက်နှာစုံညီအစည်းအဝေးသို ဒုတိယသမ္မတ ဦးညိုစော တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။
အဆိုပါအစည်းအဝေးကို စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရုရှားအရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်နယ်မြေရှိ အဆောက်အဦ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး RBC TV Channel မှ ကီရီးလ်တာကာရက်ဗ်က Moderator အဖြစ် ဆောင်ရွက်ခဲ့သည်။
3 243
ဖလမ်းရှိ ပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အအုံ ၂၀၈ ခု ပြန်လည်ပြုပြင်နေပြီး ကျပ် ၉၆၀၁ သန်းကျော် အသုံးပြုမည်ဟုဆို
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းခရိုင်နှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာ ၃၉ ခုမှ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆောက်အအုံ ၂၀၈ ခုကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ဖလမ်းမြိုတော်ခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြောကြားရာတွင် အဆိုပါ အဆောက်အအုံ ၂၀၈ ခု ပြုပြင်ရန်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၉၆၀၁ ဒသမ ၂၆၈၂၇ သန်း အသုံးပြုမည်ဖြစ်ပြီး ကုမ္ပဏီ ၁၄၈ ခုက ဩဂုတ် ၃ ရက်မှ စတင်ကာ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
3 243
ဘိုးအင်း ကုမ္ပဏီက လေယာဉ်ပျက်ကျတဲ့အထဲကို ပါသွားတဲ့ ကင်ညာနိုင်ငံသားတွေအတွက် လျော်ကြေး ဒေါ်လာ သန်း ၈၀ ကျော်ပေးအပ်မည်
စက်တင်ဘာ - ၄ (သောကြာနေ့)
၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အီသီယိုပီးယား လေးကြောင်းလိုင်း လေယာဉ်အမှတ် ၃၀၂ ပျက်ကျမှုမှာ သေဆုံးခဲ့ရသူ ကင်ညာနိုင်ငံသား ၃၂ ဦးရဲ့ မိသားစုဝင်တွေကို ဘိုးအင်းကုမ္ပဏီက လျှော်ကြေးငွေ စုစုပေါင်း ဒေါ်လာ ၈၇.၃ သန်း ပေးတော့မယ်လို ကင်ညာမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
3 243
ညောင်တုန်းနှင့် မအူပင်မြိုနယ် ရေဘေးသင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်၊ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများအနက် ရေပြန်လည်ကျဆင်းသွားသည့် ကျောင်းများကို ဆေးကြောသန့်စင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
3 243
G20 ဆွေးနွေးပွဲကို ပူတင်ကိုဖိတ်ဖို မစဉ်းစားရသေးဘူးလို ထရမ့်ပြော
လာမယ့် ဒီဇင်ဘာလ အမေရိကန်မှာ ကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိတ်ဖို မစဉ်းစားရသေးဘူးလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
GB News ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ သူက "ဒီအကြောင်း ကျွန်တော် မစဉ်းစားရသေးပါဘူး" လို ဖြေကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပူတင်ကို G20 ပွဲ ဖိတ်ဖို ထရမ့် စဉ်းစားနေတယ်လို The Washington Post သတင်းစာက ဖော်ပြခဲ့ပါသေးတယ်။ အဲဒီပွဲကို ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြိုမှာ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပမှာပါ။
ဒီဇင်ဘာလ အမေရိကန်မှာ လုပ်မယ့် လာမယ့် G20 ပွဲကို ရုရှားသမ္မတ တက်ရောက်တာဟာ အရမ်းအကျိုးရှိလိမ့်မယ်လို ထရမ့်က သတင်းထောက်တွေကို နောက်ပိုင်းမှာ ပြောဆိုခဲ့ဖူးပါတယ်။
3 243
ငြိမ်းချမ်းရေးတော့ မရဘူး ကျည်ဆံပဲရမယ်ဆိုတဲ့ ရခိုင်ဒေသကြီးကို ရေကြောင်း၊ လေကြောင်းတွေနဲ့ စတွယ်ပြီပေါ့။
3 243
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း လယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
တောင်ငူ၊ စက်တင်ဘာ ၃
တောင်ငူမြို၊ ခပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရေး လယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
3 243
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု ဒုတိယသမ္မတ ဦးညိုစော ပြော
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိသည်ဟု ဒုတိယသမ္မတ ဦးညိုစောက ယနေ့ စက်တင်ဘာ ၄ ရက်တွင် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို၌ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း၊ နိုင်ငံတကာမိတ်ဖက်တွေအားလုံးနဲ့ ပိုမိုချိတ်ဆက်ပြီး ခိုင်မာဘက်စုံဖွံဖြိုးတိုးတက်တဲ့ ဒေသတစ်ရပ်တည်ဆောက်နိုင်ဖိုအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖိုအသင့်ရှိပါတယ်"ဟု ဒုတိယသမ္မတ ဦးညိုစောက ပြောသည်။
ထိုပြင် Digital Transformation Artificial Intelligence Innovation & Modern Infrastructure တိုသည် စီးပွားရေးလုပ်ငန်းများအတွက်အခွင့်အလမ်းများဖန်တီးပေးနိုင်ပြီး ပြည်သူ့ဝန်ဆောင်မှုများနှင့် လူမှု စီးပွားဘဝတိုးတက်ကောင်းမွန်စေရန်အရေးပါသည်ဟု ပြောသည်။
3 243
ပဲခူးမြိုရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်နေ ရေဝင်နေအိမ်များတွင်နေထိုင်သူများကို တိုင်းဝန်ကြီးချုပ်က စားသောက်ဖွယ်ရာများထောက်ပံ့ပေး
ပဲခူးတိုင်း၊ ပဲခူးမြိုတွင် ယနေ့ စက်တင်ဘာ ၃ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ကာ ပဲခူးမြို၊ ကျောက်ကြီးစုရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများအတွင်းမှ နေအိမ်များအ တွင်းသိုရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုကြောင့် တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ရေဝင်ရောက်နေသည့်နေရာများကိုကြည့်ရှုစစ်ဆေးပြီး ရေဝင်နေသည့်နေအိမ်များ၌နေထိုင်သူများကို အားပေးစကားပြောကြားပြီး ထမင်းထုပ်များ၊ ရေသန့်၊ အအေးနှင့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။
3 243
အိမ်ရှင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရ
ရန်ကုန်၊ စက်တင်ဘာ ၃
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် AFC U20 Asian Cup China 2027 (Qualifiers)ပွဲစဉ်များ ကျင်းပလျက်ရှိပြီး ယနေ့ စက်တင်ဘာ ၃ ရက် ညနေ ၄နာရီအချိန်က ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ယနေ့ပွဲစဉ် ပထမပွဲချိန် ၂၄ မိနစ်တွင် အောင်သီဟ၏ ဦးဆောင်ဂိုးဖြင့် တာထွက်လှခဲ့ပြီး ၊ ပွဲချိန် ၃၇ မိနစ်တွင် သူရမင်းသန့်က ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းပွဲချိန် ၇၂ မိနစ်တွင် Moha mad Azri ၊ ပွဲချိန် ၇၄ မိနစ်နှင့် ၈၃မိနစ်တွင် သော်ဇင်ကို၊ ပွဲချိန် ၈၁မိနစ်တွင် စိုင်းဘိုဘိုကျော်၊ ပွဲချိန် ၈၂ မိနစ်တွင် ကျော်ညီညီတိုက အသီးသီးသွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်ကလည်း သီရိလင်္ကာအသင်းဖြင့် တွေ့ဆုံရာ ၄ ဂိုးပြတ်ဖြင့် အ နိုင်ရယူထားနိုင်သည်။
