en
Feedback
Speaker ငဘ

Speaker ငဘ

Open in Telegram

တိကျ မြန်ဆန် သတင်းမှန်ဆီသို့

Show more
The country is not specifiedThe category is not specified
3 292
Subscribers
-724 hours
-807 days
-25130 days
Posts Archive
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမား ၄ ဦး မြန်မာနိုင်ငံသို အောက်တိုဘာလကုန်တွင် လာရောက်မည် ===========================
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမား ၄ ဦး မြန်မာနိုင်ငံသို အောက်တိုဘာလကုန်တွင် လာရောက်မည် ==================================== မြန်မာနိုင်ငံတွင် ပရိသတ်အားပေးမှုအများဆုံးဖြစ်သော မန်ချက်စတာယူနိုက်တက်အသင်း၏ ဂန္တဝင်ကစားသမား ၄ ဦး လာမည့် အောက်တိုဘာလကုန်တွင် မြန်မာနိုင်ငံမှ ပရိသတ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ မန်ယူဂန္တဝင်လေးဦးမှာ ရွိင်ယန်ဂစ်၊ အန်ဒါဆန်၊ ဒီမီတာ ဘာဘာတော့ဗ်နှင့် ပတ်ထရစ်အီဗရာ တိုဖြစ်ပြီး အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အထိ Melia ဟိုတယ်တွင် ပရိသတ်များနှင့် တွေ့ဆုံပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ တွေ့ဆုံပွဲ နောက်ဆုံးနေ့ဖြစ်သော နိုဝင်ဘာ ၁ ရက်တွင် အင်းလျားရိပ်သာဟိုတယ်ဝင်းရှိ YCC ခန်းမ၌ မန်ယူဂန္တဝင်ကစားသမား ၄ ဦးအပြင် အဆိုတော် ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ လွှမ်းပိုင်၊ Lu Hpring ၊ ထွန်းထွန်း၊ ဝိုင်းစုခိုင်သိန်းနှင့် ရဲလေးတိုက သီဆိုဖျော်ဖြေမှုများဖြင့် ပရိသတ်နှင့် တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားတွင် ကျောင်းသား ၅၀၀ ကျော် အဆိပ်သင့် နာမကျန်းဖြစ်ပွားပြီးနောက် အစိုးရက ထောက်ပံ့သော အစားအစာများကို စစ်ဆေးနေကြောင်း
အင်ဒိုနီးရှားတွင် ကျောင်းသား ၅၀၀ ကျော် အဆိပ်သင့် နာမကျန်းဖြစ်ပွားပြီးနောက် အစိုးရက ထောက်ပံ့သော အစားအစာများကို စစ်ဆေးနေကြောင်း အာဏာပိုင်များ ပြောကြား အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗား ပြည်နယ်တွင် အစိုးရက ထောက်ပံ့ပေးသော အစားအစာများကြောင့် ဖြစ်သည်ဟု ယူဆရသည့် အစာအဆိပ်သင့်မှုဖြင့် ကျောင်းသား ၅၀၀ ကျော် ဆေးရုံတင်ခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက စက်တင်ဘာ ၂ ရက် တွင် ပြောကြားခဲ့ပြီး အစိုးရအနေဖြင့် ၎င်းတို၏ ရည်မှန်းချက်ကြီးမားသော အခမဲ့ အစားအစာ ပံ့ပိုးရေးအစီအစဉ်ကို ကြီးကြပ်ကွပ်ကဲနေသည့်အေဂျင်စီအား ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံအရှေ့ပိုင်းသို တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ် ဝင်ရောက်တိုက်ခတ် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် တိုင်ဖွ
တရုတ်နိုင်ငံအရှေ့ပိုင်းသို တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ် ဝင်ရောက်တိုက်ခတ် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ်ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းမည်ဟု အာဏာပိုင်များက သတိပေးခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက်တွင် ကျောင်းများကို ပိတ်ထားခဲ့ပြီး ကူးတိုသင်္ဘော ပြေးဆွဲမှုများကိုလည်း ဆိုင်းငံ့ခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ပြင်းထန်သော ရာသီဥတုကြောင့် တရုတ်နိုင်ငံ၏ အချိုဒေသများတွင် ပျက်စီးဆုံးရှုးမှုများ ကြုံတွေ့ခဲ့ရပြီး တိုင်ဖွန်းမုန်တိုင်းများ ဆက်တိုက် တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ လူပေါင်း သိန်းနှင့်ချီ၍ ဘေးလွတ်ရာသို ရွှေ့ပြောင်းခဲ့ရသည်။

အလုပ်သမား ၂၀၀၀ ဝန်းကျင် အလုပ် လုပ်ကိုင်လျက်ရှိသည့် TENG HUI (Myanmar) သိုးမွှေးစက်ရုံ ကုန်ကြမ်းမရတော့သဖြင့် ပိတ်သိမ်းမည် ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၃ လူမှုကွန်ယကfTiktok စာမျက်နှာတွင် TENG HUI (Myanmar) သိုးမွှေးစက်ရုံ ပိတ်သိမ်းမည့် သတင်းဖော်ပြပါရှိမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ စက်ရုံမှာ တရုတ်နိုင်ငံရှိ H&M အမှတ်တံဆိပ် သိုးမွှေးအထည် ကုန်ကြမ်းများ မရတော့သဖြင့် ၁-၁၀-၂၀၂၆ ရက်နေ့မှ စတင်၍ ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ TENG HUI (Myanmar) သိုးမွှေးစက်ရုံသည် တရုတ်နိုင်ငံရှိ H&M အမှတ်တံဆိပ် သိုးမွှေးအထည် ကုန်ကြမ်းများရရှိခြင်း မရှိတော့သဖြင့် စက်ရုံအား ပိတ်သိမ်းသွားမည်မှာ မှန်ကန်မှုရှိကြောင်း၊ စက်ရုံပိတ်သိမ်းမည်သဖြင့် ၎င်းစက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလှည့် အလုပ်သမားအချိုသည် မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးများမှ လာရောက်လုပ်ကိုင်သူများ ဖြစ်ကြသဖြင့် စက်ရုံမှ ပေးအပ်သည့် စက်ရုံဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်ကာ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ယခုအခါ စက်ရုံ ပိတ်သိမ်းမည့်ဖြစ်သဖြင့် ၎င်းတို နေထိုင်သည့် ဝန်ထမ်းလိုင်းခန်းမှ ဖယ်ရှားပေးရမည်ဖြစ် သဖြင့် စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့လာနိုင်ကြောင်းသိရသည်။

photo content

အမြန်လမ်း မိုင်တိုင် ၃၁၁ မိုင် ၃ ဖာလုံအနီးတွင် လမ်းသားနိမ့်ကျမှုကြောင့် လမ်းကြောတစ်ဖက် ယာယီပိတ်ထား နေပြည်တော်မှ မန္တလေးသို သွ
အမြန်လမ်း မိုင်တိုင် ၃၁၁ မိုင် ၃ ဖာလုံအနီးတွင် လမ်းသားနိမ့်ကျမှုကြောင့် လမ်းကြောတစ်ဖက် ယာယီပိတ်ထား နေပြည်တော်မှ မန္တလေးသို သွားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၁ မိုင် ၃ ဖာလုံ နှင့် ၄ ဖာလုံအကြားတွင် လမ်းသားနိမ့်ကျမှု ဖြစ်ပေါ်နေသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါနေရာသည် နေပြည်တော်မှ မန္တလေးသို သွားသည့်လမ်း၏ လက်ဝဲဘက်ယာဉ်ကြောတွင် လမ်းသားအလျား ပေ ၃၀ ခန့် နိမ့်ကျနေခြင်းဖြစ်ပြီး စက်တင်ဘာ ၃ ရက် နံနက်ပိုင်းမှစတင်၍ အတွင်းဘက်လမ်းပိုင်း ပေ ၅၀၀ ခန့်ကို ယာယီပိတ်ထားကြောင်း သိရသည်။

ရုရှားနှင့် မြောက်ကိုရီးယား မကြာမီ တိုက်ရိုက်လမ်း မကြာခင်ချိတ်ဆက်မည် ရုရှားနှင့် မြောက်ကိုရီးယား ကြားက တံတားအပါအဝင် ခါဆန်ကုန်
ရုရှားနှင့် မြောက်ကိုရီးယား မကြာမီ တိုက်ရိုက်လမ်း မကြာခင်ချိတ်ဆက်မည် ရုရှားနှင့် မြောက်ကိုရီးယား ကြားက တံတားအပါအဝင် ခါဆန်ကုန်းလမ်း နယ်စပ်ဂိတ်ကို အလွန်နီးကပ်တဲ့ အနာဂတ်မှာ ဖွင့်လှစ်နိုင်မယ်လို မျှော်လင့်ရကြောင်း အရှေ့ဖျား စီးပွားရေးဖိုရမ်(EEF) ရဲ့ ပြင်ပတွေ့ဆုံမှုမှာ ရုရှား ပိုဆောင်ရေးဝန်ကြီး အန်ဒရီ နီကီတင်က ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို ရုရှားနဲ့ မြောက်ကိုရီးယား ကြားက တံတားနဲ့ ဆက်စပ်နေတဲ့ ခါဆန် ကုန်းလမ်း နယ်စပ်ဂိတ်ကို မကြာခင်မှာ ဖွင့်လှစ်ဖို အစီအစဉ် ရှိပါတယ်။ ဒါဟာ ရုရှားနဲ့ မြောက်ကိုရီးယား ကြားမှာ တိုက်ရိုက် ကားလမ်းမ ချိတ်ဆက်မှုကို ဖန်တီးပေးသွားမှာပါ" လို သူက ပြောပါတယ်။

AFC Women’s Champions League အုပ်စု (က) တွင် ဧရာဝတီအမျိုးသမီးအသင်း မြောက်ကိုရီးယား၊ ဂျပန်၊ အီရန်ကလပ်များနှင့် ယှဉ်ပြိုင်ရမည်
AFC Women’s Champions League အုပ်စု (က) တွင် ဧရာဝတီအမျိုးသမီးအသင်း မြောက်ကိုရီးယား၊ ဂျပန်၊ အီရန်ကလပ်များနှင့် ယှဉ်ပြိုင်ရမည် ရန်ကုန်၊ စက်တင်ဘာ ၃ မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်းသည် ၂၀၂၆-၂၇ ရာသီ AFC Women’s Champions League အုပ်စုအဆင့် မဲခွဲမှုအရ အုပ်စု (က) တွင် မြောက်ကိုရီးယား၊ ဂျပန်နှင့် အီရန်နိုင်ငံတိုမှ ထိပ်တန်းကလပ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၃ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိုရှိ AFC House ၌ ကျင်းပခဲ့သည့် အုပ်စုအဆင့် မဲခွဲမှုအရ ဧရာဝတီအမျိုးသမီးအသင်းသည် Naegohyang Women’s FC (မြောက်ကိုရီးယား)၊ INAC Kobe Leonessa (ဂျပန်) နှင့် Bam Khatoon FC (အီရန်) တိုနှင့်အတူ အုပ်စု (က) တွင် ပါဝင်ခဲ့သည်။ အဆိုပါ အုပ်စုအဆင့်တွင် အသင်း ၁၂ သင်းကို အုပ်စု ၃ ခုခွဲ၍ ယှဉ်ပြိုင်စေမည်ဖြစ်ရာ အုပ်စုတစ်ခုချင်းစီမှ ပထမ၊ ဒုတိယ ရရှိသူများနှင့် အကောင်းဆုံး တတိယရ ၂ သင်းတို ကွာတားဖိုင်နယ်သို တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

ဂျာမနီက ယူကရိန်း၏ စွမ်းအင်ကဏ္ဍ ပြန်လည်ပြုပြင်ရေးအတွက် ယူရိုသန်း ၂၅၀ ထောက်ပံ့မည် ဂျာမနီနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြ
ဂျာမနီက ယူကရိန်း၏ စွမ်းအင်ကဏ္ဍ ပြန်လည်ပြုပြင်ရေးအတွက် ယူရိုသန်း ၂၅၀ ထောက်ပံ့မည် ဂျာမနီနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးနှင့် ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား၊ အပူပေးစနစ်များ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ယူရိုသန်း ၂၅၀ (အမေရိကန်ဒေါ်လာ သန်း ၂၉၀ ခန့်) ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်း စက်တင်ဘာ (၃) ရက်တွင် ကြေညာခဲ့သည်။  အဆိုပါ ရန်ပုံငွေကို ဂျာမနီအစိုးရပိုင် ဖွံဖြိုးရေးဘဏ် KfW (Kreditanstalt für Wiederaufbau) မှတစ်ဆင့် ယူကရိန်းစွမ်းအင်ထောက်ပံ့ရေးရန်ပုံငွေ (Ukraine Energy Support Fund - UESF) သို ထည့်ဝင်ပေးမည်ဖြစ်သည်။

ကလေးမြို့၌ မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ကျေးရွာအချို့ ရေဘေးသင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ မိုးသ
ကလေးမြို့၌ မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ကျေးရွာအချို့ ရေဘေးသင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စက်တင်ဘာလ ၃ ရက်နေ့ တိုင်းထွာချက်အရ မြစ်သာမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၁၀၀ စင်တီမီတာအထက် ၁၁၆၈ စင်တီမီတာ (၂ ပေကျော်) သို့ ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေကျော် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးဇ/လက ထုတ်ပြန်ထားသည်။ မြစ်ရေမြင့်တက်မှုနှင့် နေရဉ္ဇရာမြစ် ရေလျှံမှုတို့ကြောင့် ကျီကုန်းကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာအတွင်းသို့ ရေဝင်ရောက်လျက်ရှိသဖြင့် ဒေသခံများ ရေလွတ်ရာသို့ ပြောင်းရွှေ့နေကြရပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက အသက်ကယ်လှေများဖြင့် ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။

တောင်ငူ၌ ကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ တောင်ငူ၊ စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို၌
တောင်ငူ၌ ကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ တောင်ငူ၊ စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို၌ ကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ ပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ တောင်ငူမြို၊ အမှတ် (၂၂) ရပ်ကွက်အနီးတွင် သွားရောက်စစ်ဆေးရာ ပန်းအောင် (ခ) အောင်ပေ (၃၉ နှစ်) နှင့် မနော်ဌေးဌေးစိုး (၂၀ နှစ်) တိုအား မော်တော်ယာဉ် နှစ်စီးနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတိုထံမှ ဒေသတန်ဖိုး ကျပ် ၂၂၁၉ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၃၄ ကီလိုနှင့် ဒေသတန်ဖိုး ကျပ် ၁ ဒသမ ၂၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၁၀,၀၀၀ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံကျော်ကို Toyota Alphard နှင့် Ipsum မော်တော်ယာဉ်များအတွင်းမှ သိမ်းဆည်းရမိခဲ့သည်။

ပဲခူးတွင် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ပဲခူးတိုင်းဒေသကြီးတွင် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြ
ပဲခူးတွင် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ပဲခူးတိုင်းဒေသကြီးတွင် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံပြန်ကူညီနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပဲခူးတိုင်းဒေသကြီးကြက်ခြေနီက ယနေ့ စက်တင်ဘာ ၃ ရက်တွင် အသိပေးထားသိရသည်။ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စက်တင် ဘာ ၂ ရက်မှစတင်ကာ ပဲခူးမြိုနယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စက်လှေများ၊ အသက်ကယ်ပစ္စည်းများ၊ သောက်ရေသန့်များနှင့် ကြက်ခြေနီလူနာတင်ယာဉ်များကို ကြိုတင်ပြင်ဆင်ထားကြောင်း အသိပေးချက်အရ သိရသည်။

သက်တမ်း ၁၃ နှစ်ကျော်ရှိပြီး စက်ရုံလုပ်သား ၃၀၀၀ ကျော်ရှိသည့် ထန်းတပင်မြိုနယ်ရှိ သိုးမွေးစက်ရုံ Teng Hui Myanmar စက်တင်ဘာလကုန်ပ
သက်တမ်း ၁၃ နှစ်ကျော်ရှိပြီး စက်ရုံလုပ်သား ၃၀၀၀ ကျော်ရှိသည့် ထန်းတပင်မြိုနယ်ရှိ သိုးမွေးစက်ရုံ Teng Hui Myanmar စက်တင်ဘာလကုန်ပိုင်းတွင် ပိတ်သိမ်းတော့မည် အော်ဒါမရသဖြင့် စက်ရုံလုပ်သား ၃၀၀၀ ကျော်ရှိသည့် ထန်းတပင်မြိုနယ်ရှိ သိုးေမွးစက်ရုံ Teng Hui Myanmar စက်တင်ဘာလကုန်ပိုင်းတွင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။ " စက်ရုံဘက်က အလုပ်သမားတွေကို ဒီလကုန်ပိတ်မယ်လို ပြောထားတယ်။ အလုပ်ကြိုတင်ရှာထားဖိုလည်း ပြောထားတယ်" ဟု အလုပ်သမားတစ်ဦးက ပြောကြားသည်။

သမ္မတဒေါ်နယ်ထရန့်၏ခြိမ်းခြောက်မှုများရှိနေသည့်တိုင် အီရန်က ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်ရေးပစ်မှတ်များကို ပြန်လည်တိုက်
သမ္မတဒေါ်နယ်ထရန့်၏ခြိမ်းခြောက်မှုများရှိနေသည့်တိုင် အီရန်က ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်ရေးပစ်မှတ်များကို ပြန်လည်တိုက်ခိုက် ခြောက်လကြာစစ်ပွဲတွင် လောလောလတ်လတ် ပြန်လည်ဖြစ်ပွားသောတိုက်ခိုက်မှုများတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နောက်ထပ်တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ထားသည့်တိုင် စက်တင်ဘာ ၃ ရက်တွင် အီရန်က ကူဝိတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့သည်။ ထရန့်က ၎င်း၏စစ်တပ်သည်အီရန်ကို မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။ အီရန်နိုင်ငံတစ်ဝန်းရှိ နေရာများကို အမေရိကန်၏ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အီရန်နိုင်ငံသား ၁၉ ဦးသေဆုံးခဲ့သည်။ အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြင့် လက်တုံပြန်ခဲ့သည်။ အီရန်က ကူဝိတ်၊ ဂျော်ဒန်၊ ယူအေအီး၊ ဘာရိန်း၊ အီရတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ်စတန်ဒေသတိုရှိ အမေရိကန်စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နီပေါက မြေအောက် ဥမင်တွေမှာ ပိတ်မိနေတဲ့ လူတွေ က ရာပေါင်းများစွာရှိနေသေး စက်တင်ဘာ - ၃ ( ကြာသပတေးနေ့ ) နီပေါနိုင်ငံမြောက်ပိုင်း
နီပေါက မြေအောက် ဥမင်တွေမှာ ပိတ်မိနေတဲ့ လူတွေ က ရာပေါင်းများစွာရှိနေသေး စက်တင်ဘာ - ၃ ( ကြာသပတေးနေ့ ) နီပေါနိုင်ငံမြောက်ပိုင်း ရေဘေးသင့်ဒေသတွေမှာရှိတဲ့ ရေအားလျှပ်စစ်ဥမင်လိုဏ်ခေါင်းတွေအတွင်း ရွှနဲ့ ရေတွေ ပိတ်ဆိုနေတာကြောင့် မြေအောက်မှာ ပိတ်မိနေတယ်လို ယူဆရတဲ့ အလုပ်သမား ၆၀၀ ကျော်ကို ကယ်ဆယ်ဖို ကြိုးပမ်းမှုမှာ အခက်အခဲကြုံနေကြောင်း ဝန်ကြီးချုပ် ဘာလန်ဒရာရှား က လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့အပတ်က ဘိုတီကိုရှီထရီရှုလီ စင်္ကြံလမ်းကြောင်းပေါ်ရှိ ဥမင်တွေထဲကို ရေကြီးရေလျှံမှုနဲ့အတူ ရွှနဲ့ မြေဆီလွှာ အမြောက်အမြား စီးဝင်သွားခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပုံမှန်မဟုတ်တဲ့ ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်နေတာလို ရှားက ပြောပါတယ်။ ရေကြီးပြီး ၈ ရက်အကြာအချိန်အထိ အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို လက်ရှိအချိန်အထိ လူပေါင်း ၄,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ကန်ချနဘူရီတွင် တရားမဝင် မြန်မာ ၁၅ ဦးနှင့် ပိုဆောင်သူ ၂ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း စက်တင်ဘာ ၂ ရက် တစ်
ကန်ချနဘူရီတွင် တရားမဝင် မြန်မာ ၁၅ ဦးနှင့် ပိုဆောင်သူ ၂ ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း စက်တင်ဘာ ၂ ရက် တစ်ရက်တည်းတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးနှင့် ၎င်းတိုကို ပိုဆောင်ပေးသူ ယာဉ်မောင်း ၂ ဦးကို ထိုင်းရဲတပ်ဖွဲက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြန်မာသင်္ဘောသား ၃ ဦး ပါဝင်သည့် ကုန်တင်သင်္ဘော နစ်မြုပ် အိန္ဒိယနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ်လ ၂၂ ရက်နေ့က နစ်မြုပ်ခဲ့သ
မြန်မာသင်္ဘောသား ၃ ဦး ပါဝင်သည့် ကုန်တင်သင်္ဘော နစ်မြုပ် အိန္ဒိယနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ်လ ၂၂ ရက်နေ့က နစ်မြုပ်ခဲ့သည့် "MV Ocean Winner" အမည်ရှိ ပနားမားအလံတင် ကုန်တင်သင်္ဘောပေါ်မှ ပျောက်ဆုံးနေသူ ၂၂ ဦးမှာ သေဆုံးသွားပြီဟု ယူဆရကြောင်း marinersupdate.com သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ သင်္ဘောသည် မြန်မာသင်္ဘောသား ၃ ဦး အပါအဝင် အဖွဲ့ဝင်များနှင့်အတူ အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ် ပါရာဒစ် ရေနက်ဆိပ်ကမ်းမှ သံရိုင်းများကို တင်ဆောင်ကာ ထွက်ခွာလာပြီးနောက် လမ်းခရီးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

နီပေါနိုင်ငံ၏ ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရခြင်းအတွက် မြန်မာနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ ၅
နီပေါနိုင်ငံ၏ ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရခြင်းအတွက် မြန်မာနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန် လှူဒါန်း ကတ္တမန္ဒူး၊ စက်တင်ဘာ ၃ နီပေါနိုင်ငံမြောက်ပိုင်း၊ Rasuwa ခရိုင်နှင့် အနီးတဝိုက်၌ ၂၆-၈-၂၀၂၆ ရက်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရသည့်အတွက် မြန်မာအစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန် လှူဒါန်းရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲသည် ၂-၉-၂၀၂၆ ရက်နေ့တွင် တပ်မတော်လေယာဉ် (Y-8) ဖြင့် ကတ္တမန္ဒူးမြိုရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို လာရောက်ခဲ့ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

အုတ်တွင်းမြိုနယ်အတွင်း အလှူခံလုပ်စားသူ ၈ ဦးကို ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ၅ သောင်းစီ အမိန့်ချ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်
အုတ်တွင်းမြိုနယ်အတွင်း အလှူခံလုပ်စားသူ ၈ ဦးကို ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ၅ သောင်းစီ အမိန့်ချ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြိုနယ်အတွင်း အိမ်ငှားနေထိုင်ကာ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အလှူခံလုပ်ကိုင်နေသည့် အဖွဲမှ လူ ၈ ဦးကို အုတ်တွင်းမြိုနယ်တရားရုံးက ယနေ့ စက်တင်ဘာ ၃ ရက်တွင် ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ကျပ် ၅၀၀၀၀ စီ ချမှတ်လိုက်ကြောင်း အုတ်တွင်းမြိုနယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ တာဝန်ရှိသူ ဆရာတော် ဦးတေဇသီရိထံမှ သိရသည်။

ကလေးမြိုနယ်၊ တီးတိန်မြိုနယ်နှင့် ခိုင်ကမ်းမြိုတိုတွင် ရေကြီးမှုများဖြစ်ပေါ်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ကလေး
ကလေးမြိုနယ်၊ တီးတိန်မြိုနယ်နှင့် ခိုင်ကမ်းမြိုတိုတွင် ရေကြီးမှုများဖြစ်ပေါ်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ကလေး၊ စက်တင်ဘာ ၃ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြိုနည်နှင့် ချင်းပြည်နယ် တီးတိန်မြိုနယ်တိုတွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ချောင်းရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။