en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Open in Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Show more
281
Subscribers
No data24 hours
+27 days
-630 days
Posts Archive
ယမန်နေ့ညက သမ္မတထရမ့်နှင့် အမေရိကန်ရေတပ်ကို ယုံကြည်မိသော ရေနံတင်သင်္ဘောတစ်စီး၏ အခြေအနေ။ NOM
ယမန်နေ့ညက သမ္မတထရမ့်နှင့် အမေရိကန်ရေတပ်ကို ယုံကြည်မိသော ရေနံတင်သင်္ဘောတစ်စီး၏ အခြေအနေ။ NOM

မြန်မာနဲ့ဒေသတွင်းပဋိပက္ခများဆွေးနွေးဖို့ အာဆီယံဝန်ကြီးများ မနီလာ၌ စည်းဝေး အီရန်စစ်ပွဲ၊ မြန်မာပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်အငြ
မြန်မာနဲ့ဒေသတွင်းပဋိပက္ခများဆွေးနွေးဖို့ အာဆီယံဝန်ကြီးများ မနီလာ၌ စည်းဝေး အီရန်စစ်ပွဲ၊ မြန်မာပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်အငြင်းပွားမှုများ ဦးစားပေး ဆွေးနွေး မည်ဟုသိရ။

တောင်ကြီး-ရွှေညောင် ရထားလမ်းမှ သံလမ်းထိန်းကလစ် ခိုးယူသူ ကလေးငယ် ၁၀ ဦးနှင့် လက်ခံဝယ်ယူသူ ဖမ်းဆီးခံရ တောင်ကြီး၊ ဇူလိုင် ၂၀ ရှမ်
တောင်ကြီး-ရွှေညောင် ရထားလမ်းမှ သံလမ်းထိန်းကလစ် ခိုးယူသူ ကလေးငယ် ၁၀ ဦးနှင့် လက်ခံဝယ်ယူသူ ဖမ်းဆီးခံရ တောင်ကြီး၊ ဇူလိုင် ၂၀ ရှမ်းပြည်နယ် တောင်ကြီး-ရွှေညောင် ရထားလမ်းပိုင်းတွင် ရထားသံလမ်းထိန်းကလစ် ၁,၀၆၁ ခု ခိုးယူခံရမှုနှင့်ပတ်သက်၍ ခိုးယူသူ ကလေးငယ် ၁၀ ဦးနှင့် သံတိုသံစ လက်ခံဝယ်ယူသူ အမျိုးသား ၁ ဦးကို ဇူလိုင် ၁၉ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုအရ ကလေးငယ်များသည် သံလမ်းထိန်းကလစ်များကို ကျောက်ခဲဖြင့်ဖြုတ်ယူကာ တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် သံတိုသံစဆိုင်သို့ ရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး၊ လက်ခံဝယ်ယူထားသည့် သံလမ်းထိန်းကလစ် ၂၇၉ ခုကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် ခိုးယူသူများနှင့် လက်ခံဝယ်ယူသူကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်စပ်အမှုများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေရှိ တရားမဝင် ၁၂ ထပ်အဆောက်အအုံ ဖောက်ခွဲဖျက်ဆီး၊ အဆောက်အအုံ ၇၅ လုံး ဖြိုချပြီး နေပြည်တော်၊ ဇူလိုင် ၂၀ ကရင်ပြ
ရွှေကုက္ကိုလ်နယ်မြေရှိ တရားမဝင် ၁၂ ထပ်အဆောက်အအုံ ဖောက်ခွဲဖျက်ဆီး၊ အဆောက်အအုံ ၇၅ လုံး ဖြိုချပြီး နေပြည်တော်၊ ဇူလိုင် ၂၀ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၂ ထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယနေ့အထိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၇၅ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကာ ကျန်ရှိသည့် အဆောက်အအုံ ၂ လုံးကိုလည်း ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်အဆင့်ကနေ နိုင်ငံကိုယ်စားပြုအထိဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ PUBG Mobile Offline တက္ကသိုလ
တက္ကသိုလ်အဆင့်ကနေ နိုင်ငံကိုယ်စားပြုအထိဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ PUBG Mobile Offline တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲကြီး – Varsity Esports Championship ကို လာမည့် ဇူလိုင်လ (၂၅) ရက်မှ (၂၆) ရက်အထိ ရန်ကုန်တက္ကသိုလ်တွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို သတင်းကောင်းပါးလိုက်ရပါတယ်...

သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆို မင်းတို့ပဲ အမျိုးမျိုး 🔰အကြမ်းဖက် နဲ့တော့ ဘယ်လိုဆွေးနွေးလို့ရမလဲဟ 🔰မင်းတို့က စစ်တိုက်နေတာမှ
သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆို မင်းတို့ပဲ အမျိုးမျိုး
🔰အကြမ်းဖက် နဲ့တော့ ဘယ်လိုဆွေးနွေးလို့ရမလဲဟ 🔰မင်းတို့က စစ်တိုက်နေတာမှမဟုတ်တာ တံတားချိုး၊ လမ်းဖြတ်၊ မိုင်းခွဲ၊ တာဝါတိုင်ချိုး၊ ပြန်ပေးဆွဲ ငွေညှစ် လူသတ်၊ ဓားပြတိုက်၊ ပြည်သူပိုင် ရွှေ/ရေနံ ခိုးတူး။ 🔰အဲလို အကြမ်းဖက် အဖွဲ့ကို ဘာတွေ ဆွေးနွေးရမှာလဲ။ 🔰မင်းတို့ ရွှေလုပ်ကွက်၊ ရေနံလုပ်ကွက် အတွက်လား။ မင်းတို့ ငမြောက် ငခြောက် ၅ ယောက်လောက်ကို စုဖွဲ့သင်တဲ့ တော်လှန်ပညာ ကျောင်းမှာ ကလေးတွေ စာသင်ဖို့လား။ မင်းတို့ ဂိတ်ဖွင့် ဆက်ကြေးကောက်ဖို့ နယ်အပိုင် ပေးဖို့လား။ မှတ်ရလွယ်အောင် မင်းတို့ဆောင်ပုဒ်လေးပြင်ပေးလိုက်မယ်။
အကြမ်းဖက်မောင် မဆွေးနွေးပေါင် သေချာမှတ်ထား လူ့ငနွား
ဖိုးမောင်

ဖလမ်းမြို့ရှိ ဆေးရုံ၊ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ဆိုလာမီးတပ်ဆင်နေမှုအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန
ဖလမ်းမြို့ရှိ ဆေးရုံ၊ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ဆိုလာမီးတပ်ဆင်နေမှုအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

လားရှိုးတွင် အနုကြမ်းစီး လူသတ်မှုဖြစ်ပွား . ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် . ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ
လားရှိုးတွင် အနုကြမ်းစီး လူသတ်မှုဖြစ်ပွား . ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် . ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဇူလိုင်လ ၁၉ ရက်၊ ညနေပိုင်းက အနုကြမ်းစီး လူသတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ . လားရှိုးမြို့၊ ရပ်ကွက် (၁၀) ရှိ အမျိုးသမီး ၂ ဦး နေထိုင်သည့် နေအိမ်ကို ယမန်နေ့ ဇူလိုင်လ ၁၉ ရက်၊ ညနေ ပိုင်းက အနုကြမ်းစီး တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၂ ဦးလုံး သေဆုံးသွားခဲ့သည်ဟု သိရသည်။ . “ရပ်ကွက် (၁၀) အရင်တစ်ခါ ရှော့တိုက်ဒုံး ကျတဲ့ အိမ်နားပါပဲ။ ကုန်စုံဆိုင်ဖွင့်တဲ့အိမ် လို့ပြောတယ်။ ညီအစ်မ နှစ်ယောက်တည်း နေတဲ့အိမ်ပါ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။ . အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုးနယ်မြေရဲစခန်း တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာတွင် “လူသတ်မှု နဲ့ အမှုဖွင့်ထားပါတယ်။ တရားခံတော့ မမိသေးပါဘူး” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။ . ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ ရှင်းလင်းစွာ မသိရှိရသေးချေ။ . ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း လားရှိုးမြို့တွင် မော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သည့် ကားပွဲစားတစ်ဦး အသတ်ခံရပြီး ကားလုယက်ခံရမှု ဖြစ်ပွားခဲ့သေးသည်။

ရှမ်းမြောက်ဒေသ၊မူဆယ်၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၌ ရခိုင့်လက်နက်ကိုင် အဖွဲ့ AA က ကုန်တင်ကားများကို ရခိုင်ပြည်နယ် ရေဘေး ခ
ရှမ်းမြောက်ဒေသ၊မူဆယ်၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၌ ရခိုင့်လက်နက်ကိုင် အဖွဲ့ AA က ကုန်တင်ကားများကို ရခိုင်ပြည်နယ် ရေဘေး ခေါင်းစဉ်ဖြင့် အဆမတန် ဆက်ကြေးကောက်ယူနေကြောင်း သိရသည်။ #Peoplemedianews

ဒုတိယသမ္မတ ဦးညိုစော ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှ
ဒုတိယသမ္မတ ဦးညိုစော ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

July-20 ▪️ ဇူလိုင်လ ၂၀ ရက်နေ့က ဖားကန့်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒုက္ခရောက်နေကြတဲ့ ရေဘေးသင့်ပြည်သူများကို
July-20 ▪️ ဇူလိုင်လ ၂၀ ရက်နေ့က ဖားကန့်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒုက္ခရောက်နေကြတဲ့ ရေဘေးသင့်ပြည်သူများကို ဖားကန့်မြို့မှာ စစ်ဆင်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မဟာမှ အရာရှိ၊စစ်သည်များက ထမင်း၊ ဟင်းနှင့် ရေသန့်ဗူးများ လှူဒါန်းခဲ့ကြတဲ့အပြင် ပြည်သူလူထုများနှင့် တွေ့ဆုံပြီး လိုအပ်သည်များအား ဒေသခံပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ မြင်းကွင်းပုံရိပ်များ

မန္တလေးမြို့တွင် လျှပ်စစ်နှင့်ပတ်သက်သောလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားမဝင်ဓာတ်အားသုံးစွဲမှုများတားဆီးစစ်ဆေးရေးကိုပါဆွေးနွေး
မန္တလေးမြို့တွင် လျှပ်စစ်နှင့်ပတ်သက်သောလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားမဝင်ဓာတ်အားသုံးစွဲမှုများတားဆီးစစ်ဆေးရေးကိုပါဆွေးနွေးခဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ယနေ့ ဇူလိုင် ၂၀ ရက်နံနက် ၁၀ နာရီက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)၊ ခရိုင်/မြို့နယ်တာဝန်ရှိသူများမှ လျှပ်စစ်နှင့်ပတ်သက်သောလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ တရားမဝင်ဓာတ်အားသုံးစွဲမှုများတားဆီးစစ်ဆေးရေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ အဓိကလုပ် ငန်းစဉ်များ၊ ဝန်ထမ်းရေးရာ ကိစ္စများ၊ ရပ်/ ပျက်/ နှေး မီတာကိစ္စများ ၊ မီတာအသစ်တပ်ဆင်ခြင်းနှင့် ထရန်စဖော်မာလျှောက်ထားမှုဆိုင်ရာများ၊ ဓာတ်အားခကြွေးကျန်များ စနစ်တကျကောက်ခံရေးဆိုင်ရာများ၊ ဓာတ်အားပျောက်ဆုံးမှု(Losses)နည်းပါးစေရေးတို့ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးလိဂ် အိမ်ကွင်းပွဲစဉ်များ ပထမဆုံးအကြိမ် လက်ခံကျင်းပမည်
တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးလိဂ် အိမ်ကွင်းပွဲစဉ်များ ပထမဆုံးအကြိမ် လက်ခံကျင်းပမည်

၂၀၂၇ ဆီးဂိမ်းအတွက် နိုင်ငံကိုယ်စားပြု လက်ရွေးစင် မြင်းစီးအားကစားသမားများ ရွေးချယ်နိုင်ရန် မြင်းစီးပြိုင်ပွဲ ကျင်းပမည်
၂၀၂၇ ဆီးဂိမ်းအတွက် နိုင်ငံကိုယ်စားပြု လက်ရွေးစင် မြင်းစီးအားကစားသမားများ ရွေးချယ်နိုင်ရန် မြင်းစီးပြိုင်ပွဲ ကျင်းပမည်

"မီလျံနာ"ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်၌သေနတ်ပစ်ဖောက်
"မီလျံနာ"ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်၌သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်းများကို ဓားပြတိုက်ယူဆောင်သွားခဲ့မှု ယနေ့ ဇူလိုင် ၂၀ ရက်နေ့ လယ် ၃ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ဆိုင်ကယ်စီးနင်းလာသော အမျိုးသား(၅)ဦးက ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂×၆၃ လမ်းကြားရှိ "မီလျံနာ"ရွှေဆိုင်အတွင်းသို့ဝင်ရောက်လာပြီးနောက် သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်းများအား ဓားပြတိုက်ယူဆောင်ပြီးနောက် ဆိုင်ကယ်များဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ " ရွှေဆိုင်ထဲကိုသေနတ်ပစ်ဖောက်ပြီးဝင်လာတယ်။ နောက် ရွှေထည်ပစ္စည်းတွေထည့်ထားတဲ့မှန်ကောင်တာကိုရို-က်ခွဲပြီး ရွှေထည်တွေကိုယူသွားကြတယ်။ ပါသွားတဲ့ ရွှေထည်ပစ္စည်းအရေအတွက်နဲ့ တန်ဖိုးကိုစိစစ်နေကြတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပေါ် ပြူလာနယူးစ်ကို ပြောသည်။ ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက CCTV မှတ်တမ်းများကိုစစ်ဆေးပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

July-20 ▪️ ဆင်ပေါင်ဝဲမြို့နယ်မှာ ခြံစောင့်အရပ်သားတစ်ဦးကို PDF သတ်ဖြတ် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙇𝙔~𝟐𝟎》 မကွေးတိုင်းဒေသကြီး၊ ဆင်ပ
July-20 ▪️ ဆင်ပေါင်ဝဲမြို့နယ်မှာ ခြံစောင့်အရပ်သားတစ်ဦးကို PDF သတ်ဖြတ် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙇𝙔~𝟐𝟎》 မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ခြံစောင့်အလုပ် လုပ်ကိုင်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို အကြမ်းဖက် NUG သြဇာခံ PDF အမည်ခံအကြမ်းဖက်သမားတွေက အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းမှတ်တမ်းအရ သိရပါတယ်။ အဲဒီဖြစ်စဥ်ဟာ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်က ဖြစ်ပွားခဲ့တာလို့ သိရပြီး သတ်ဖြတ်ခံရသူကတော့ ဂွေးချိုကျေးမှာရွာနေထိုင်တဲ့ အသက် (၄၅) နှစ်အရွယ် ဦးမြင့်ကိုဦးဆိုသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ ၎င်းဟာ ကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာမှာရှိတဲ့ သူစောင့်ပေးနေရတဲ့ ခြံဝင်းအတွင်းမှ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ် ၁ စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဂျပန်က ကမ္ဘောဒီးယားကို ကာကွယ်ရေးပစ္စည်းကိရိယာများ ပေးမည် စိတ်တူကိုယ်တူ မိတ်ဖက်များကို ပံ့ပိုးရန်သတ်မှတ်ထားသော တိုကျို၏ လုံခြုံရေးအကူအညီမူဘောင်အရ ဂျပန်သည် ကမ္ဘောဒီးယားစစ်တပ်ကို ယန်းသန်း ၅၀၀ တန်ဖိုးရှိသော ကာကွယ်ရေးပစ္စည်း ကိရိယာများ ပေးမည်ဖြစ်ကြောင်း ဂျပန်အစိုးရက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အစိုးရ၏ လုံခြုံရေးအကူအညီအစီအစဉ်အရ ကမ္ဘောဒီးယားသို့ ကာကွယ်ရေးပစ္စည်း ကိရိယာများ ကို ပထမဆုံးအကြိမ် ထောက်ပံ့ရာတွင် ကမ္ဘောဒီးယားကြည်းတပ်သို့ ဆက်သွယ်ရေးပစ္စည်းများနှင့် ရေတပ်သို့ ကင်းလှည့်ရေယာဉ်များကို ဂျပန်က ပေးပို့သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်နှင့်ပတ်သက်၍ ထိုနေ့အစောပိုင်းတွင် ဖနောင်ပင်၌ နှစ်ဖက်အစိုးရအကြား လက်မှတ်ရေးထိုးပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။ ကမ္ဘောဒီးယား၏ လုံခြုံရေးစွမ်းရည်များ မြှင့်တင်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပံ့ပိုးကူညီခြင်းသည် နှစ်နိုင်ငံအကြား လုံခြုံရေးဆက်ဆံရေးကို ခိုင်မာစေရာတွင် ထိရောက်အရေးပါလိမ့်မည် ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော အစိုးရ၏ လုံခြုံရေးအကူအညီအစီအစဉ်အရ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့သော အခြားအရှေ့တောင်အာရှနိုင်ငံများကိုလည်း အကူအညီရရှိမည့်သူများအဖြစ် ရွေးချယ်ထားသည်။ Ref: ဘန်ကောက်ပို့စ်

ဂျပန်က ကမ္ဘောဒီးယားကို ကာကွယ်ရေးပစ္စည်းကိရိယာများ ပေးမည်
ဂျပန်က ကမ္ဘောဒီးယားကို ကာကွယ်ရေးပစ္စည်းကိရိယာများ ပေးမည်

သီပေါမြို့ ဖောင်ဆိပ်တွင် ဖောင်တစ်စီးနစ်မြုပ် ကားတစ်စီး မျှောပါပြီး ၅ ဦးပျောက်ဆုံးနေ ‎ NOM ဇူလိုင် ၂၀၊ ၂၀၂၆ ‎ရှမ်းပြည်နယ်(မြော
သီပေါမြို့ ဖောင်ဆိပ်တွင် ဖောင်တစ်စီးနစ်မြုပ် ကားတစ်စီး မျှောပါပြီး ၅ ဦးပျောက်ဆုံးနေ ‎ NOM ဇူလိုင် ၂၀၊ ၂၀၂၆ ‎ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ တာလုံရွာအနီးရှိ တာလုံချောင်းအတွင်း ယမန်နေ့ ဇူလိုင် ၁၉ ရက်နံနက် ၂ နာရီခွဲတွင် ဇတ်ကူးပေးနေသည့် ဖောင်တစ်စီးနစ်မြုပ်ခဲ့ရာ ဖောင်ပေါ်တွင်ပါသွားသည့် ကားတစ်စီးနှင့် အမျိုးသား ၅ ဦးပျောက်ဆုံးနေကြောင်း သီပေါမြို့နယ်မှဒေသခံတစ်ဦးကပြောသည်။ သီပေါမြို့နယ်၊ တာလုံဖောင်ဆိပ်တွင် ဖောင်ကြိုးပြတ်ပြီး ဖောင်ရေထဲမျှောသွားခဲ့ရာ ဖောင်ပေါ်တွင်ဖောင် လုပ်သားနှစ်ဦးနှင့်အတူ ခရီးသည် ကားတစ်စီး၊ ခရီးသည်ငါးဦးစုစုပေါင်း ခုနှစ်ဦးရေထဲမျောပါခဲ့ရာ နှစ်ဦးသာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင်လည်း သီပေါမြို့ တာပုတ်လှေဆိပ်တွင်လှေမှောက်ခဲ့သော်လည်း ကမ်းစပ်နားဖြစ်၍ လူအသေအပျောက်မရှိခဲ့ပဲ ပစ္စည်းများသာရေထဲမျောပါဆုံးရှုံးခဲ့သည်။ NOM

၂၀၂၆ ကမ္ဘ့ာဖလားပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းဆုကို နယ်သာလန်အသင်းရရှိ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးချိန်တွင် စည်း
၂၀၂၆ ကမ္ဘ့ာဖလားပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းဆုကို နယ်သာလန်အသင်းရရှိ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးချိန်တွင် စည်းကမ်းအကောင်းဆုံးနှင့် အားကစားစိတ်ဓာတ် အရှိဆုံးအသင်းအား ပေးအပ်သည့် အသန့်ရှင်းဆုံးအသင်းဆု (FIFA Fair Play Award) ကို နယ်သာလန်အသင်း (Netherlands) က ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရသည်။ FIFA ၏ ထုတ်ပြန်ချက်အရ နယ်သာလန်အသင်းသည် ဤပြိုင်ပွဲကြီးတစ်ခုလုံးတွင် အဝါကတ် ၃ ကတ်သာ ပြသခံခဲ့ရပြီး အနီကတ် လုံးဝမရှိခဲ့သည့်အပြင်၊ ပြစ်ဒဏ်ဘော (Fouls) ကျူးလွန်မှု အနည်းဆုံးအသင်းအဖြစ် အသန့်ရှင်းဆုံ ဆုကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ နယ်သာလန်အသင်းသည် ၁၆ သင်းချန်ပီယံရှစ်အဆင့် (Round of 16) ၌ မော်ရိုကိုအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ စောစောစီးစီး နှုတ်ဆက်ခဲ့ရခြင်းလည်း ဖြစ်သည်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့သည့် စပိန်အသင်းသည် ဆုဖလားအပြင် တစ်ဦးချင်းဆု ၃ ဆုဖြစ်သည့် ရွှေဘောလုံးဆုကို ရိုဒရီ၊ ရွှေလက်အိတ်ဆုကို အူနိုင်း ဆီမွန် နှင့် အကောင်းဆုံးလူငယ်ကစားသမားဆုကို ကူဘာဆီက ရရှိခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလား၏ အအောင်မြင်ဆုံးအသင်း ဖြစ်လာကြောင်း သိရသည်။