en
Feedback
👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Open in Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Show more
292
Subscribers
+224 hours
No data7 days
+330 days
Posts Archive
📌 ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့ ပါဆယ်ချိန်ကိုက်ဗုံး ပေးပို့ခံရသည်ဟု သတင်းအမှားများ ထွက်ပေါ်
+1
📌 ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့ ပါဆယ်ချိန်ကိုက်ဗုံး ပေးပို့ခံရသည်ဟု သတင်းအမှားများ ထွက်ပေါ် 🔹 ကမာရွတ်မြို့နယ်၊ သီရိမင်္ဂလာလမ်းရှိ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ နေအိမ်သို့ ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခန့်တွင် ပါဆယ်ဗုံး ရောက်ရှိလာသဖြင့် စစ်တပ်၏ ဗုံးရှင်းလင်းရေးယာဉ်များ ရောက်ရှိလာကာ အသက်မဲ့အောင် ပြုလုပ်ခဲ့ရပြီး သတင်းအမှောင်ချထားသည်ဟု အဆိုပါ ပျံ့နှံ့နေသော သတင်းများတွင် ဖော်ပြထားသည်။ ❌ သတင်းမှားဖြစ်ကြောင်း စိစစ်ချက် အထက်ပါ ဖော်ပြပါရှိသည့် ဖြစ်စဉ်သည် ခိုင်လုံသော စစ်ဆေးချက်များနှင့် တရားဝင် ထုတ်ပြန်ချက်များမရှိဘဲ ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုနှင့် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် လုပ်ကြံဖန်တီးထားသည့် သတင်းမှား (Fake News) သာ ဖြစ်ပါသည်။ အဆိုပါ နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ပုံမှန်အတိုင်းသာရှိနေပြီး ယင်းကဲ့သို့ ပါဆယ်ချိန်ကိုက်ဗုံး ရောက်ရှိလာခြင်း သို့မဟုတ် ဗုံးရှင်းလင်းရေးယာဉ်များဖြင့် လမ်းပိတ်ဆို့ စစ်ဆေးခဲ့ရခြင်းများ လုံးဝ (လုံးဝ) ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါသည်ဟု သိရှိရပါသည်။ #Myanmar #Kamayut #Yangon #FactCheck #FakeNews #FactCheckMyanmar ဖိုးမောင်

နှစ်(၃၀) ဂရန်မြေပိုင်ရှင်များအနေဖြင့် မြေငှားရမ်းခကြွေးကျန်များကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား ပေးသွင်းရန် နေပြည်တော
နှစ်(၃၀) ဂရန်မြေပိုင်ရှင်များအနေဖြင့် မြေငှားရမ်းခကြွေးကျန်များကို  ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား ပေးသွင်းရန် နေပြည်တော်စည်ပင် အသိပေး နေပြည်တော်၊ ဇူလိုင် ၃၀ နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့မြေများတွင် နှစ်(၃၀) မြေငှားစာချုပ် (ဂရန်) ထုတ်ပေးထားသည့် မြေကွက်များအတွက် ကျသင့်သည့် နှစ်စဉ်မြေငှားရမ်းခများနှင့် ကြွေးကျန်များကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား၍ ပေးသွင်းကြရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက အသိပေး ထုတ်ပြန်ထားသည်။ နှစ်(၃၀) မြေငှားစာချုပ် (ဂရန်) ထုတ်ပေးထားသည့် မြေကွက်များအတွက် နှစ်စဉ်မြေငှားရမ်းခများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများက ကောက်ခံလျက်ရှိသော်လည်း အချို့သော ဂရန်မြေပိုင်ရှင်များ ပေးသွင်းရန် ပျက်ကွက်နေခြင်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/နှစ်၃၀-ဂရန်မြေပိုင်ရှင/

သူ့လူ ကိုယ့်ဘက်သားပုံစံနဲ့ သပ်လျှိုပြီး အဌားပါးစပ်နဲ့ သွေးခွဲတိုက်ခိုက်နေတဲ့Yebaw FM Tiktok 30-7-2026 Yebaw FM Tiktok အကောင့်
သူ့လူ ကိုယ့်ဘက်သားပုံစံနဲ့ သပ်လျှိုပြီး အဌားပါးစပ်နဲ့ သွေးခွဲတိုက်ခိုက်နေတဲ့Yebaw FM Tiktok   30-7-2026 Yebaw FM Tiktok အကောင့်မှာ တင်ဆက်နေတဲ့အကြောင်းအရာတွေက သွေးခွဲဖို့ အဓိကရည်ရွယ်နေ ပြီး ကိုယ်တိုင်ဖန်တီးပြောဆိုနေတဲ့ ဝါဒဖြန့်သတင်းတွေသာ ဖြစ်ပါတယ်။   သတင်းအခြေအမြစ်ကို တိတိပပ မသိပါဘဲ တပ်မတော်အဖွဲ့အစည်းအတွင်း မညီညွှတ်ရင် ပြီးရော့၊ စိတ်ဝမ်းကွဲရင် ပြီးရော့ဆိုတဲ့ ကြိုတင်ပြင်ဆင်ထားတဲ့စကားလုံးတွေနဲ့ နေ့စဉ်တိုက်ခိုက်လှုံ့ဆော် နေတာက တော်တော်အောက်တန်းကျတယ်လို့ ပြောရမှာပဲ။   ယခု Yebaw FM Tiktok အကောင့်မှာ တင်ဆက်နေတာတွေက သူ့လူကိုယ်ဘက်သားပုံစံသုံးပြီး တစ်စိတ်ကို တစ်အိတ်လုပ်၊ အတင်းကို သတင်းလုပ်ကာ  အဌားပါးစပ်နဲ့  သပ်လျှိုသွေးခွဲဝါဒဖြန့်နေခြင်း သာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ Truth Waves

💚မင်္ဂလာနံနက်ခင်းပါ ရှင် 💚 ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ 🙏🙏🙏
💚မင်္ဂလာနံနက်ခင်းပါ ရှင် 💚 ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ 🙏🙏🙏

အာဆီယံကိုယ်တိုင် ပိတ်မိနေတဲ့ သံတမန်ရေး ကျော့ကွင်းနဲ့ မြန်မာ့ခြေလှမ်း 🔹လူအများစုက အာဆီယံဟာ မြန်မာနိုင်ငံကို သံတမန်ရေးအရ အကြပ်ကိုင်ထားတယ်လို့ ထင်နေကြပေမဲ့၊ တကယ်တော့ အာဆီယံကိုယ်တိုင်က မူဝါဒ အကျပ်အတည်းမှာ သောင်တင်နေတာ ဖြစ်ပါတယ်။ တည့်တည့်ပြောရရင် သူ့ဘောင်နဲ့သူ ပြန်ပိတ်မိနေတာပါ။ 🔹၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ အနောက်အုပ်စုရဲ့ ဖိအားပေးမှုတွေကြောင့် အာဆီယံအနေနဲ့ မိမိပဋိဉာဏ်ကို ကျော်လွန်ပြီး ပြည်တွင်းရေး ဝင်စွတ်တဲ့ မူ ၅ ရပ် (5-Point Statement) ကို အလျင်အမြန် ချမှတ်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဒီမူဘောင်ကို အစည်းအဝေးမှာတောင် တိတိပပ မချပြနိုင်ခဲ့ဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌ ထုတ်ပြန်ချက်ထဲမှာပဲ တွဲထည့်ခဲ့ရတာ အားလုံးအသိပါ။ 🔹ဒီလိုနဲ့ ၅ နှစ်ကျော် လွန်မြောက်လာတဲ့အခါ မြန်မာက သူလုပ်စရာရှိတဲ့ လုပ်ငန်းစဉ်အတိုင်း ဆက်သွားနေသလို၊ အာဆီယံကတော့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားတာကလွဲလို့ လက်တွေ့ကျတဲ့ အပြောင်းအလဲတွေကို မဖန်တီးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီမူဘောင်ဟာ အကျိုးသက်ရောက်မှု မရှိဘဲ မူဝါဒဆိုင်ရာ အကန့်အသတ်တွေကြားမှာ အာဆီယံကိုယ်တိုင် ပြန်လည်ပိတ်မိပြီး ကမ္ဘာ့အလယ်မှာ အနေရခက်လာရပါတယ်။ 🔹အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘီလာရုစ် စတဲ့ မဟာမိတ် အင်အားကြီးနိုင်ငံတွေနဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေကို ပုံမှန်ထက် ပိုမိုတိုးမြှင့် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဒီလို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာတာကြောင့် အာဆီယံထက် မြန်မာက သံတမန်ရေးအရ ပိုမို အားသာချက် ရရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါပြီ။ 🔹ဒါ့အပြင် အာဆီယံရဲ့ 5PS တောင်းဆိုချက်တွေဟာ အနောက်အုပ်စုရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဖြစ်တယ်လို့ ရှုမြင်ကြတဲ့ အခံလည်း ရှိပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှု မရရှိရင် အဖွဲ့အနေနဲ့ မဆက်ဆံရရင်လည်းဖြစ်တယ်၊ လက်တွဲမယ့် အဖွဲ့ဝင်နိုင်ငံတွေနဲ့ တစ်နိုင်ငံချင်း သီးသန့် ထိတွေ့ဆက်ဆံရေးကို တိုးမြှင့်တာက ပိုမို အကျိုးရှိစေမယ်ဆိုတဲ့ သဘောထား မြန်မာဘက်က ပေါ်လွင်လာပါတယ်။ 🔹အဲဒီတော့မှ အာဆီယံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ မူဝါဒကတစ်ဆင့် ထိတွေ့ဆက်ဆံရေး လမ်းကြောင်းကို ပြန်လည်ဖော်ဆောင်လာရတာပါ။ အာဆီယံအနေနဲ့ အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့နဲ့ အကျပ်အတည်းကနေ ရုန်းထွက်နိုင်ဖို့ မြန်မာနဲ့ နှစ်ဘက်အပေးအယူ နည်းလမ်းတွေကို အသုံးပြုလာကြတာ ဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံ အများစုဟာလည်း မြန်မာနိုင်ငံနဲ့ သီးသန့် လာရောက်တွေ့ဆုံ ထိတွေ့ဆက်ဆံမှုတွေ ယူနေရတာ ထင်ရှားပါတယ်။
🔹အနာဂတ် ရပ်တည်ချက်အနေနဲ့ အချုပ်အခြာအာဏာ မထိခိုက်ဘဲ ပုံမှန်ဆက်ဆံရေး ရရှိရေး ဆောင်ရွက်ချက်တွေကို မြန်မာပြည်သူတွေက ထောက်ခံကြသလို၊ အာဆီယံကနေ ထွက်ဖို့ တိုက်တွန်းချက်များကိုလည်း အစိုးရအနေနဲ့ သတိကြီးစွာ ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ သုံးသပ်ရပါတယ်။
ဖိုးမောင်

Forwarded From တိုက်ပွဲသတင်းစုံ သစ္စာဖောက်တို့ သွားရာလမ်း တိုက်ပွဲသတင်းစုံ
Forwarded From တိုက်ပွဲသတင်းစုံ သစ္စာဖောက်တို့ သွားရာလမ်း တိုက်ပွဲသတင်းစုံ

ကလေးဝမြို့ကိုဗဟိုပြုပြီး မဂ္ဂနီကျူ့အနည်းငယ်ရှိ ငလျင်လှုပ်ခတ် ကလေးဝမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ ဇူလို
ကလေးဝမြို့ကိုဗဟိုပြုပြီး မဂ္ဂနီကျူ့အနည်းငယ်ရှိ ငလျင်လှုပ်ခတ် ကလေးဝမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ ဇူလိုင် ၃၀ ရက်နံနက် ၈ နာရီ ၅၁ မိ နစ် ၃၈ စက္ကန့်ကကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ကလေးဝမြို့၏ အရှေ့ဘက် (၁၅) မိုင်ခန့်အကွာ၊ အနက် (၇၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့ (၃ ဒဿမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ယင်း ငလျင်လှုပ်ခတ်မှုကို ကန့်ဘလူမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

📌 ကလေးငယ်များကို ဆေးတိုက်၍ လိင်တူဆက်ဆံခိုင်းကာ Telegram တွင် ဗီဒီယို ရောင်းစားသူအား ထောင်ဒဏ် (၂၀) နှစ်စီ ချမှတ် 💚 ရန်ကုန်တိ
📌 ကလေးငယ်များကို ဆေးတိုက်၍ လိင်တူဆက်ဆံခိုင်းကာ Telegram တွင် ဗီဒီယို ရောင်းစားသူအား ထောင်ဒဏ် (၂၀) နှစ်စီ ချမှတ် 💚 ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ ကလေးသူငယ်များအား စိတ်ငြိမ်ဆေးနှင့် အရက်များ လိမ်လည်တိုက်ကျွေးပြီး အသိစိတ်ကင်းမဲ့ချိန်တွင် လိင်တူဆက်ဆံခိုင်းကာ ရိုက်ကူးထားသည့် ဗီဒီယိုများကို Telegram ၌ ငွေကြေးအကျိုးအမြတ်ရယူ ရောင်းစားခဲ့သူ မျိုးမင်းထွန်း(ခ)ဖိုးသား ကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။ 💚 ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် အင်းစိန်မြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။ 💚 ယင်းအမှုနှင့်ပတ်သက်၍ ဇူလိုင် ၂၇ ရက်တွင် အင်းစိန်ခရိုင်တရားရုံးမှ တရားခံ မျိုးမင်းထွန်း(ခ)ဖိုးသား အား ပုဒ်မ ၃၅ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့် ထောင်ဒဏ် (၂၀) နှစ်စီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ သက်ထား

📌 ခြိမ်းခြောက်ခံနေရပြီဖြစ်သည့် အမေရိကန် နျူကလီးယားသင်္ချိုင်း (Runit Dome) 💚 မာရှယ်ကျွန်းစုတွင် အမေရိကန်၏ စစ်အေးခေတ် နျူကလီ
📌 ခြိမ်းခြောက်ခံနေရပြီဖြစ်သည့် အမေရိကန် နျူကလီးယားသင်္ချိုင်း (Runit Dome) 💚 မာရှယ်ကျွန်းစုတွင် အမေရိကန်၏ စစ်အေးခေတ် နျူကလီးယားစမ်းသပ်မှုများကြောင့် ထွက်ရှိလာသော ရေဒီယိုသတ္တိကြွ အမှိုက်များကို ၁၉၇၀ ပြည့်လွန်နှစ်များတွင် ချိုင့်ဝှမ်းတစ်ခုအတွင်း စုစည်းကာ ကွန်ကရစ် အမိုးခုံးကြီး (Runit Dome) ဖြင့် ဖုံးအုပ်မြှုပ်နှံခဲ့သည်။ 💚 ကုန်ကျစရိတ် သက်သာရန် အောက်ခြေကို လုံခြုံအောင် မပိတ်ခဲ့သဖြင့် သန္တာကျောက်များမှတစ်ဆင့် ပင်လယ်ရေ စိမ့်ဝင်နေသည့်အပြင်၊ နှစ်ပေါင်း ၅၀ နီးပါး ကြာလာချိန်တွင် ကွန်ကရစ်များ အက်ကွဲလာသဖြင့် အလွန်အန္တရာယ်ရှိသော Plutonium-239 အပါအဝင် ရေဒီယိုသတ္တိကြွ ပစ္စည်းများ ယိုစိမ့်မည်ကို ပညာရှင်များ စိုးရိမ်နေကြသည်။ 💚 မာရှယ်ကျွန်းစု အစိုးရက ယင်းအမှိုက်များကို ရေရှည်ဘေးကင်းအောင် ပြုလုပ်ပေးရန် သို့မဟုတ် အမေရိကန်သို့ ပြန်သယ်ရန် တောင်းဆိုနေသော်လည်း၊ အမေရိကန်ဘက်က လွတ်လပ်ရေးပေးပြီးနောက် ထိန်းသိမ်းရန် တာဝန်မှာ ဒေသခံတို့နှင့်သာ ဆိုင်သည်ဟု ငြင်းဆိုထားသဖြင့် အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။ သက်ထား

📌 မီလာနီယာနှင့် သားဖြစ်သူ ဘာရွန်တို့အား တိုက်ရိုက် ပစ်မှတ်ထား ခြိမ်းခြောက်သည့် ဗီဒီယို အီရန် ထုတ်လွှင့် 💚 အီရန်နိုင်ငံသည် အ
📌 မီလာနီယာနှင့် သားဖြစ်သူ ဘာရွန်တို့အား တိုက်ရိုက် ပစ်မှတ်ထား ခြိမ်းခြောက်သည့် ဗီဒီယို အီရန် ထုတ်လွှင့် 💚 အီရန်နိုင်ငံသည် အမေရိကန် သမ္မတကတော် မီလာနီယာ ထရမ့်နှင့် သားဖြစ်သူ ဘာရွန် ထရမ့်တို့အား ပစ်မှတ်ထားသည့် “Where To Kill Melania” ရုပ်သံကို ထုတ်လွှင့်ခဲ့ပြီး၊ မီလာနီယာ သွားရောက်လေ့ရှိသော ဆိုင်များအား အဆိပ်ငွေ့သုံး တိုက်ခိုက်ရန် အကြံပြုထားသည့်အပြင် ဘာရွန်အားပါ တိုက်ရိုက်ခြိမ်းခြောက်ထားသည်။ 💚 လက်ရှိတွင် သမ္မတကတော်နှင့် သားဖြစ်သူတို့အား အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှ ၂၄ နာရီပတ်လုံး အဆင့်မြင့် လုံခြုံရေး ပေးထားပြီး ထရမ့်မိသားစု ပိုင်ဆိုင်သည့် အဆောက်အအုံများတွင်လည်း လုံခြုံရေးအဆင့် တိုးမြှင့်ထားသည်။ 💚 အီရန်မြို့တော် တီဟီရန်၌ ထရမ့်မိသားစုအပေါ် လက်စားချေရန် လှုံ့ဆော်သည့် မြို့ပြဆိုင်းဘုတ်များ စိုက်ထူ၍ အမေရိကန်ဆန့်ကျင်ရေး အရှိန်အဟုန်မြှင့်နေချိန်တွင် ယခုကဲ့သို့ တိုက်ရိုက်ခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ သက်ထား

📌 မိခင်ကြီးအတွက် ကျောက်ကပ်ပေးရန် ဆုံးဖြတ်ခဲ့သော်လည်း တားမြစ်ခံခဲ့ရသဖြင့် (၅) နှစ်တိတိ ကျောက်ကပ်ဆေး ကုသပေးနေရသည့် မင်းသား ခန့
📌 မိခင်ကြီးအတွက် ကျောက်ကပ်ပေးရန် ဆုံးဖြတ်ခဲ့သော်လည်း တားမြစ်ခံခဲ့ရသဖြင့် (၅) နှစ်တိတိ ကျောက်ကပ်ဆေး ကုသပေးနေရသည့် မင်းသား ခန့်စည်သူ 💚 မင်းသားကြီး ခန့်စည်သူသည် ကျောက်ကပ်ဝေဒနာ ခံစားနေရသည့် မိခင်ဖြစ်သူအား ကျောက်ကပ်တစ်ဖက် လှူဒါန်းရန် ကြိုးပမ်းခဲ့သော်လည်း မိခင်၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအရ ခွဲစိတ်မှုကို ခံနိုင်ရည်မရှိ၍ ဆရာဝန်များက တားမြစ်ခဲ့သဖြင့် (၅) နှစ်တိုင်တိုင် တစ်ရက်ခြား ကျောက်ကပ်ဆေး ကုသပေးနေရသည်။ 💚 မိခင်ဖြစ်သူ ဒေါ်မင်းသွယ်နုကလည်း မိဘအပေါ် သိတတ်လွန်းသည့် သားကောင်းတစ်ယောက်ဖြစ်သည့် ခန့်စည်သူကို အသဲစွဲဖြစ်ကာ ဂုဏ်ယူမဆုံးဖြစ်ရကြောင်းနှင့် မင်းသားကြီးသည် မိခင်ဖြစ်သူ စိတ်ချမ်းသာစေရန် အစဉ်တစိုက် ပြုစုစောင့်ရှောက်ပေးလျက်ရှိသည်။ 💚 ယနေ့ ဝါဆိုလပြည့်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မဝိဟာရ ပထမကျော်စာသင်တိုက်၌ မိခင်ကြီးနှင့်အတူ ဝါဆိုသင်္ကန်း၊ ဆွမ်းခဲဖွယ်များနှင့် ဆွမ်းပဒေသာပင်အတွက် အလှူငွေ ကျပ်သိန်း (၁၀၀) တိတိ ပူးပေါင်းရေစက်ချ လှူဒါန်းခဲ့ကြသည်။ သက်ထား

သုဝဏ္ဏခုံးတံတားအနီးတွင် DEMU ရထား ခဲဖြင့်ပစ်ပေါက်ခံရ July 30th နေပြည်တော်ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အမှတ် ၃၂အစုန် DEMU ရထားဟ
သုဝဏ္ဏခုံးတံတားအနီးတွင် DEMU ရထား ခဲဖြင့်ပစ်ပေါက်ခံရ July 30th နေပြည်တော်ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အမှတ် ၃၂အစုန် DEMU ရထားဟာ ဇူလိုင်၂၉ရက် ညနေ ၃နာရီကျော်က သင်္ဃန်းကျွန်းနဲ့ မလွှကုန်းဘူတာအကြား သုဝဏ္ဏခုံးကျော်တံတားကို ဖြတ်သန်းစဉ် ရထားရဲ့ ညာဘက်ခြမ်းကို ခဲနဲ့ပစ်ပေါက်ခံရတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ အဲဒီလို ခဲနဲ့ပစ်ပေါက်မှုကြောင့် DEMU ရထားရဲ့ ရှေ့ဆုံးတွဲ ခရီးသည်အတက်အဆင်းတံခါးရဲ့ အောက်ဘက်မှန် ကြေမွအက်ကွဲသွားပြီး ခရီးသည်တွေထိခိုက်မှု မရှိဘူးလို့တော့ ဆိုပါတယ်။ ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာကို သင်္ဃန်းကျွန်းရထားရဲစခန်းနဲ့ တိုးကြောင်ကလေးရထားရဲစခန်းတို့က တာဝန်ရှိသူတွေသွားရောက်ပြီး တရားခံဖမ်းဆီးရေး ဆောင်ရွက်နေပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ရထားကို ခဲနဲ့ပစ်ပေါက်ရင် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ အနည်းဆုံး ထောင်ဒဏ် ၅နှစ်ကနေ အများဆုံး နှစ်၂၀အထိ ပြစ်ဒဏ်ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ KT July 30

📌 (၄) ဘာသာ ဂုဏ်ထူးရှင် သမီးငယ် နေခြည်ထွေး ရန်ကုန်သို့ ရောက်ရှိစဉ် ရွှေတိဂုံဘုရားကို ပထမဆုံးအကြိမ် သွားရောက်ဖူးမြော် 💚ဟင်းမပ
📌 (၄) ဘာသာ ဂုဏ်ထူးရှင် သမီးငယ် နေခြည်ထွေး ရန်ကုန်သို့ ရောက်ရှိစဉ် ရွှေတိဂုံဘုရားကို ပထမဆုံးအကြိမ် သွားရောက်ဖူးမြော် 💚ဟင်းမပါသည့် ထမင်းဖြူကိုသာ စားသုံး၍ နေ့စဉ် ၁၅ မိုင် စက်ဘီးစီးကာ ကျောင်းတက် ခဲ့ရသူ သမီးငယ် နေခြည်ထွေးသည် ခက်ခဲသည့် ဘဝကို ကြံ့ကြံ့ခံကာ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ရန်ကုန်သို့ ရောက်ရှိစဉ် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့သည်။ 💚 ဆံတော်အစစ် ကိန်းဝပ်တော်မူသည့် ရွှေတိဂုံဘုရားကို ကိုယ်တိုင် ဖူးမြော်ခွင့်ရ၍ ပီတိဖြစ်ရကြောင်းနှင့် တစ်နေ့တွင် မိသားစုကိုပါ ခေါ်ဆောင်၍ လာရောက်ဖူးမြော်မည်ဟု ပြောကြားခဲ့သည်။ 💚ဆင်းရဲဒုက္ခများကြားမှ ပညာရေးကို ဇွဲထက်သန်စွာ ကြိုးစားခဲ့သည့် သမီးငယ်၏ အောင်မြင်မှုသည် လူငယ်များအတွက် အတုယူဖွယ် စံနမူနာကောင်းတစ်ခု ဖြစ်သည်။ သက်ထား

🎤 လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်နေသည့် Busker ဇနီးမောင်နှံ ကိုပြည့်နှင့် အမွန်းတို့၏ ရင်ဖွင့်စကား 💚ကုန်တိုက်များနှင
🎤 လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်နေသည့် Busker ဇနီးမောင်နှံ ကိုပြည့်နှင့် အမွန်းတို့၏ ရင်ဖွင့်စကား 💚ကုန်တိုက်များနှင့် လူစည်ကားရာနေရာများတွင် သီချင်းဆိုဖျော်ဖြေလေ့ရှိသည့် Busker ဇနီးမောင်နှံဖြစ်သူ ကိုပြည့်နှင့် အမွန်းတို့၏ ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် အပြု၊ အနှုတ် ဝေဖန်ဆွေးနွေးမှုများ ရေပန်းစားလျက်ရှိသည်။ 💚မည်သူ့ထံမှ တောင်းခံခြင်းမဟုတ်ဘဲ မိမိတို့ တတ်ကျွမ်းသည့် အနုပညာဖြင့် ရိုးသားစွာ လုပ်ကိုင်စားသောက်နေခြင်း ဖြစ်ပြီး အလှူခံနေသည်ဟု စွပ်စွဲချက်များအပေါ် စိတ်မကောင်း ဖြစ်ရကြောင်း။ 💚အိမ်တွင် ကလေးအား ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူ မရှိသဖြင့် မလွှဲမရှောင်သာ ခေါ်ဆောင်သွားရခြင်း ဖြစ်ကြောင်း။ 💚ပုံမှန်အားဖြင့် ပွဲလမ်းသဘင်များနှင့် ဆိုင်ဖွင့်ပွဲများတွင် သီချင်းဆိုပေးလေ့ရှိပြီး ပွဲမရှိသည့် ရက်များ၌သာ လမ်းဘေးနှင့် ကုန်တိုက်များတွင် ထွက်ဆိုခြင်း ဖြစ်ကြောင်း။

💚 🙏 🙏 🙏 💚 မင်္ဂလယ နံနက်ခင်းပါရှင်
💚 🙏   🙏   🙏 💚 မင်္ဂလယ နံနက်ခင်းပါရှင်

⚠️ အကြမ်းဖက်မှု ပပျောက်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ရေး အသိပေးနှိုးဆော်ချက် 🔹 ပြည်သူအတွက်ဟု သုံးနှုန်း၍
⚠️ အကြမ်းဖက်မှု ပပျောက်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ရေး အသိပေးနှိုးဆော်ချက် 🔹 ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ/ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို သတ်ဖြတ်၊ လုယက်ခြင်းများကို CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။ 🔹 ခြိမ်းခြောက်၊ လူသတ်၊ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH၊ NUG၊ PDF အကြမ်းဖက်သမားများကို အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ခံပံ့ပိုးမှု မပြုခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်း ဖြစ်သည်။ 🔹 ယင်းတို့၏ လက်နက်/ခဲယမ်း ကိုင်တွယ်သယ်ဆောင်မှုနှင့် အကြမ်းဖက်သမားများ၏ သတင်းများကို လျှို့ဝှက် ပေးပို့ခြင်းသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်း ဖြစ်သည်။ #Myanmar #PublicAnnouncement #Security #Notice #LocalNews ဖိုးမောင်

ပြင်ဦးလွင် ဓာတ်တော်ချိုင့်ရေတံခွန်တွင် အမျိုးသမီးတစ်ဦး ရေနစ်‌ေ-သဆုံး ပြင်ဦးလွင်၊ ဇူလိုင် ၂၉ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မ
ပြင်ဦးလွင် ဓာတ်တော်ချိုင့်ရေတံခွန်တွင် အမျိုးသမီးတစ်ဦး ရေနစ်‌ေ-သဆုံး ပြင်ဦးလွင်၊ ဇူလိုင် ၂၉ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းရှိ ဓာတ်တော်ချိုင့်ရေတံခွန်တွင် ဒုတိယဝါဆိုလပြည့်နေ့ဖြစ်သည့် ယနေ့ (ဇူလိုင် ၂၉ ရက်) ညနေပိုင်းက အမျိုးသမီးတစ်ဦး ရေနစ်‌ေ-သဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ ညနေ ၃ နာရီ ၂၈ မိနစ်အချိန်တွင် ဓာတ်တော်ချိုင့်ရေတံခွန်၌ ရေနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ညနေ ၃ နာရီ ၅၈ မိနစ်တွင် ‌ေ-သဆုံးသူ အမျိုးသမီး၏ ရုပ်အလေ-ာင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ‌ေ-သဆုံးသူ အမျိုးသမီး၏ ရုပ်အလေ-ာင်းအား သန္တိသုခ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းခ
မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက် Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန