en
Feedback
👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Open in Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Show more
290
Subscribers
No data24 hours
No data7 days
+330 days
Posts Archive
ဗီယက်နမ်ရဲ့ အကြီးဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်သင်္ဘော စတင်တည်ဆောက် ဗီယက်နမ်က သူတို့ရဲ့ အကြီးဆုံးနဲ့ အဆင့်မြ
ဗီယက်နမ်ရဲ့ အကြီးဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်သင်္ဘော စတင်တည်ဆောက် ဗီယက်နမ်က သူတို့ရဲ့ အကြီးဆုံးနဲ့ အဆင့်မြင့်ဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်သင်္ဘော ကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းကို ပိုမိုအင်အားကောင်းလာစေမယ့် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ - အထူးသဖြင့် သင်္ဘောမှာ အသုံးပြုမယ့် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်း အများစုကို ဗီယက်နမ်နိုင်ငံအတွင်း ထုတ်လုပ်၊ တပ်ဆင်သွားမယ် လို့ သိရပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုတွေရှိနေချိန်မှာ ဒီစီမံကိန်းက နိုင်ငံခြားလက်နက်ပစ္စည်းအပေါ် မှီခိုမှုလျှော့ချပြီး ကိုယ်ပိုင်ရေတပ်စွမ်းရည် မြှင့်တင်ဖို့ ဗီယက်နမ်ရဲ့ ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။ KT August 11

ကာကွယ်ရေးပူး‌ပေါင်း‌ဆောင်ရွက်မှုနက်ရှိုင်းစေရန် ဗီယက်နမ်နှင့် သြစတြေးလျ သဘောတူ အင်္ဂါနေ့က ကင်ဘာရာတွင် နှစ်နိုင်ငံခေါင်းဆောင်န
ကာကွယ်ရေးပူး‌ပေါင်း‌ဆောင်ရွက်မှုနက်ရှိုင်းစေရန် ဗီယက်နမ်နှင့် သြစတြေးလျ သဘောတူ အင်္ဂါနေ့က ကင်ဘာရာတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံ စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှင့် မရှိမဖြစ်သော ကုန်သွယ်မှုကို လွတ်လပ်စွာစီးဆင်းစေရေးကို ထောက်ခံပံ့ပိုးရန် သြစတြေးလျနှင့် ဗီယက်နမ်တို့ သဘောတူညီခဲ့ကြပြီး ကမ္ဘာတစ်ဝန်းထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေသည့် မူဝါဒများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ကာကွယ်ရေးပူးပေါင်းဆေ/

💚မင်္ဂလာနံနက်ခင်းပါရှင်💚 ရွှင်လန်းချမ်းမြေ့ကြပါစေ 💚🙏🏻🙏🏻🙏🏻💚
💚မင်္ဂလာနံနက်ခင်းပါရှင်💚 ရွှင်လန်းချမ်းမြေ့ကြပါစေ 💚🙏🏻🙏🏻🙏🏻💚

သတင်းအမှား သတိပြု ပြည်ဖျက်မီဒီယာတွေအနေနဲ့ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် အောက်တန်းကျစွာဖြင့် လူမှုကွန်ရက်ပေါ်မှာ “အမျိုးသ
သတင်းအမှား သတိပြု ပြည်ဖျက်မီဒီယာတွေအနေနဲ့ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် အောက်တန်းကျစွာဖြင့် လူမှုကွန်ရက်ပေါ်မှာ “အမျိုးသမီး စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) စတင်ဖွင့်လှစ်ပြီ” ဆိုပြီး ဖြန့်ဝေနေတာ တွေ့ရှိရပါသည်။ အဆိုပါပို့စ်တွင် ဖော်ပြထားသည့် အချက်အလက်များနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ တရားဝင်ထုတ်ပြန်အတည်ပြုထားသော အချက်အလက်မရှိသလို နိုင်ငံတော်ပိုင်သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားခြင်းမရှိပါ။ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းမှာလည်း အမျိုးသမီး စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) စတင် ဖွင့်လှစ်နေကြောင်း ပြည်ဖျက်မီဒီယာတွေက သတင်းအမှားထုတ်လွှင့်ခဲ့ပါသေးတယ်။ မိဘပြည်သူများအနေဖြင့် သတင်းအမှားတွေကို အလွယ်မယုံမိစေဖို တိုက်တွန်းလိုက်ပါတယ်။ အမျိုးသမီးတွေ စစ်မှုထမ်းဖိုလိုအပ်လာရင် နိုင်ငံတော်က အရင်ဦးဆုံးထုတ်ပြန်ကြေညာပါလိမ့်မယ်။ 👌 👌

"ကြားဝင်စေ့စပ်လိုနေသည့် ပွဲစား အာဆီယံ၏ မိမိမူဝါဒနှင့် ဉပဒေ ဆိုင်ရာ မကိုက်ညီပဲ ဆောင်ရွက်နေမှု"
အာဆီယံ ပဋိဉာဏ်စာချုပ် (ASEAN Charter) ရဲ့ ပုဒ်မ ၂ (၂) (က) နဲ့ (ဃ) မှာ "အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရန်" နဲ့ "အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် (Non-interference)" ဆိုပြီး အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ အာဆီယံရဲ့ (5-Point Statement) ပါ အချို့အချက်တွေနဲ့ အာဆီယံ ပဋိဉာဏ် မူဝါဒအကြား မကိုက်ညီမှု ပေါ်ပေါက်နေတာကို အောက်ပါအတိုင်း သုံးသပ်နိုင်ပါတယ် -
ဥပဒေနှင့် မူဝါဒဆိုင်ရာ မကိုက်ညီမှုများ - 🔹အထူးသံတမန် စေလွှတ်ခြင်းနှင့် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံရေး (အချက် ၃ နှင့် ၅): အာဆီယံ ပဋိဉာဏ်အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအတွင်း မည်သူများနှင့် တွေ့ဆုံရမည်၊ မည်သည့် ပြည်တွင်းအဖွဲ့အစည်းများနှင့် ဆွေးနွေးရမည်ဆိုသည်မှာ သက်ဆိုင်ရာ အချုပ်အခြာအာဏာပိုင် အစိုးရ၏ ဆုံးဖြတ်ခွင့်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆီယံ အထူးသံတမန်က "သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရမည်" ဆိုသည့် တောင်းဆိုချက်သည် အချုပ်အခြာအာဏာပိုင် စီရင်ပိုင်ခွင့်နှင့် ပြည်တွင်းရေးထဲကို အဖွဲ့အစည်းက အတိုင်းအတာတစ်ခုအထိ ဝင်ရောက်စွက်ဖက်သည့် သဘော သက်ရောက်နေပါတယ်။ 🔹နိုင်ငံရေး ပြဿနာများတွင် ကြားဝင်စေ့စပ်ရန် ကြိုးပမ်းခြင်း (အချက် ၃): အာဆီယံ၏ မူဝါဒမှာ ပြည်တွင်း ပဋိပက္ခများနှင့် ပုဂ္ဂိုလ်ရေး/ပါတီရေးရာ နိုင်ငံရေးပြဿနာများကို သက်ဆိုင်ရာ နိုင်ငံ၏ ပြည်တွင်းရေးအဖြစ်သာ သတ်မှတ်လေ့ရှိပါတယ်။ မြန်မာ့အရေးတွင် အာဆီယံက ပွဲစားအဖြစ် ကြားဝင်စေ့စပ်ပေးရန် (Facilitate dialogue) တောင်းဆိုခြင်းသည် ယခင်က ကျင့်သုံးခဲ့သည့် Strict Non-interference (အတိအကျ မစွက်ဖက်ရေး) စံနှုန်းထက် ကျော်လွန်နေတာကို တွေ့ရပါတယ်။ 🔹အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခြင်း: တူညီဆန္ဒ ၅ ချက်ကို အကြောင်းပြ၍ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ ကိုယ်စားလှယ်များအား အာဆီယံ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခြင်းသည်လည်း အာဆီယံ ပဋိဉာဏ်တွင် အဖွဲ့ဝင်နိုင်ငံများအား "တန်းတူညီမျှစွာ ဆက်ဆံရမည်" ဆိုသည့် အခြေခံမူနှင့် မကိုက်ညီကြောင်း ထောက်ပြကြပါတယ်။
ဒါကြောင့်လည်း အာဆီယံအတွင်းမှာတင် မူဝါဒဆိုင်ရာ အကျပ်အတည်း ဖြစ်နေရတာပါ။  အနောက်အုပ်စု၏ ဖိအားကြောင့် အဲဒီ အချက် ၅ ချက်ကို စောစီးစွာ ထုတ်ပြန်ခဲ့သော်လည်း၊ ဒီ အချက်များဟာ အာဆီယံ၏ ပင်မ အခြေခံမူဖြစ်သည့် "ပြည်တွင်းရေး မစွက်ဖက်ရေး" နှင့် "အဖွဲ့ဝင်အားလုံး၏ တူညီဆန္ဒဖြင့် ဆုံးဖြတ်ရေး" စသည့် Charter ပါ မူဝါဒများနှင့် သွားရောက် ငြိစွန်းနေတဲ့အတွက် အာဆီယံကိုယ်တိုင် လက်တွေ့ အကောင်အထည်ဖော်ရာမှာ ရှေ့ဆက်မရဘဲ "သူ့ဘောင်နဲ့သူ ပြန်ပိတ်မိနေသည့် သံတမန်ရေး ကျော့ကွင်း" ဖြစ်သွားရခြင်းဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။
  ဖိုးမောင်

"သာရင်တိုက်၊ မသာရင်ဆွေးနွေး" ဆိုတဲ့ ဗျူဟာ စစ်ပွဲကို ဆွဲဆန့်ခြင်းဟာ ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ် စီးပွားရေးကို ရေရှည် ပျက်စ
"သာရင်တိုက်၊ မသာရင်ဆွေးနွေး" ဆိုတဲ့ ဗျူဟာ စစ်ပွဲကို ဆွဲဆန့်ခြင်းဟာ ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ် စီးပွားရေးကို ရေရှည် ပျက်စီးစေပါတယ်။ ဒါပြင် ဆွေးနွေးပွဲတွေကို အမှန်တကယ် ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ စစ်ရေးအမြတ်ထွက်ဖို့ ကစားကွက်တစ်ခုအဖြစ် အသုံးချခြင်းဟာ နိုင်ငံရေး သိက္ခာမဲ့လှသော လုပ်ရပ်ဖြစ်ပြီး နှစ်ဖက်အကြား ယုံကြည်မှုကို ပျက်စီးစေပြီး ခိုင်မာသည့် ငြိမ်းချမ်းရေး ရရှိရန် ခက်ခဲစေတာကြောင့် KIA ဟာ စေတနာမှန်ဖို့တော့ လိုပါလိမ့်မယ်။ ဖိုးမောင်

🙏 🙏🙏
🙏 🙏🙏

🧱 သဖန်းဆိပ်ဆည် စိုးရိမ်ရေအမှတ် မရောက်သေး၊ တာဝန်ရှိသူများ မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိ 🔹 စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ
🧱 သဖန်းဆိပ်ဆည် စိုးရိမ်ရေအမှတ် မရောက်သေး၊ တာဝန်ရှိသူများ မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိ 🔹 စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်တွင် ဩဂုတ် ၁၀ ရက် ညနေ ၅ နာရီအထိ လက်ရှိရေအမှတ်မှာ ၅၄၅.၆၉ ပေသာ ရှိပြီး စိုးရိမ်ရေအမှတ် ၅၅၂ ပေသို့ မရောက်ရှိသေးပါ။ ပင်မရေပိုလွှဲတံခါးများမှ ထိန်းညှိရေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။ 🔹 ကူညီဆောင်ရွက်ချက် - ကျွန်းလှမြို့နယ် ဆည်မြောင်းဦးစီးအရာရှိ ဦးဆောင်သော အဖွဲ့သည် ဩဂုတ် ၄ ရက်မှစ၍ ဆည်ထိန်းချုပ်ခန်း၌ အထိုင်ချကာ တစ်နာရီလျှင် တစ်ကြိမ် စစ်ဆေးခြင်း၊ ရေထိန်းလွှတ်ခြင်းများကို စောင့်ကြည့်ဆောင်ရွက်လျက်ရှိပြီး အလိုအလျောက် ရေကျော်စနစ်များလည်း ပြင်ဆင်ထားရှိသည်။ #Myanmar #SagaingRegion #Kyunhla #ThaphanSeikDam #DamSafety #LocalNews ဖိုးမောင်

🧱 AI သည် လူတိုင်းအကြောင်း အသေးစိတ် သိရှိလာနိုင်ပြီး အန္တရာယ်ကြီးမားကြောင်း Kim Dotcom သတိပေး 🔹 အင်တာနက် စီးပွားရေးလုပ်ငန်းရ
🧱 AI သည် လူတိုင်းအကြောင်း အသေးစိတ် သိရှိလာနိုင်ပြီး အန္တရာယ်ကြီးမားကြောင်း Kim Dotcom သတိပေး 🔹 အင်တာနက် စီးပွားရေးလုပ်ငန်းရှင် Kim Dotcom က Tucker Carlson နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် AI နည်းပညာသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို စုစည်း၍ အလွန်အမင်း အသေးစိတ်ကျသည့် ကိုယ်ရေးမှတ်တမ်းများ ဖန်တီးလာနိုင်ပြီး အမေရိကန် အစိုးရဒေတာဘေ့စ်များအထိပါ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်၍ အရမ်းအန္တရာယ်များကြောင်း သတိပေးပြောကြားခဲ့သည်။ 🔹 အဆိုပါ ထောက်လှမ်းရေး အချက်အလက်များအား ရွေးကောက်ပွဲနှင့် စစ်ပွဲများအတွက် လူထုကို စည်းရုံးသိမ်းသွင်းရာတွင် အသုံးချနိုင်ကြောင်းနှင့် ၎င်းကို တားဆီးရန် AI နှင့် အင်တာနက် မသုံးခြင်းသာ နည်းလမ်းရှိကြောင်း၊ AI ကဏ္ဍတွင်လည်း တရုတ်နိုင်ငံသည် အမေရိကန်ထက် အများကြီး နောက်ကျမကျန်ကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။ #ArtificialIntelligence #AITechnology #KimDotcom #TuckerCarlson #Privacy #GlobalNews ဖိုးမောင်

🧱 တိဘက်ရွှေ့ပြောင်းငါးများကို စောင့်ကြည့်ရန် တရုတ်က AI Facial ID သုံး 🔹 တရုတ်နိုင်ငံသည် တိဘက်၏ အကြီးဆုံးမြစ်ဖြစ်သော ယာလောင်
🧱 တိဘက်ရွှေ့ပြောင်းငါးများကို စောင့်ကြည့်ရန် တရုတ်က AI Facial ID သုံး 🔹 တရုတ်နိုင်ငံသည် တိဘက်၏ အကြီးဆုံးမြစ်ဖြစ်သော ယာလောင်ဆန်ပိုမြစ်ပေါ်ရှိ ဇန်မူ ရေအားလျှပ်စစ် ရေကာတာတွင် ငါးများ ဖြတ်သန်းသွားလာသည့် လမ်းကြောင်းမှ ကူးခတ်နေသော ရှားပါးငါးမျိုးစိတ်များကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ရန် AI အခြေခံ ငါးမျက်နှာမှတ်မိစနစ် (AI Facial ID) ကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဩဂုတ် ၁၀ ရက်တွင် သတင်းရရှိသည်။ 🔹 ကူညီဆောင်ရွက်ချက် - အဆိုပါ နည်းပညာကြောင့် လူအင်အားသုံး စောင့်ကြည့်ရသည့် အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပြီး စောင့်ကြည့်လေ့လာမှု ရလဒ်များအရ ရေအားလျှပ်စစ်စခန်း တည်ဆောက်ထားသော်လည်း ငါးကောင်ရေ ပမာဏ လျော့နည်းသွားခြင်းမရှိဘဲ ရေထုဂေဟစနစ် ပိုမိုကောင်းမွန်လာကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ #China #Tibet #AITechnology #FishFacialID #YarlungZangbo #TechNews ဖိုးမောင်

အညာဒေသရှိ ရေဘေးသင့်ပြည်သူများကို ပစ္စည်းပို့ရန်လာသည့် ပြည်သူအချို့ကို အကြမ်းဖက် KIA+PDF အဖွဲ့များက မိုင်းထောင် တိုက်ခိုက်ရန်ရန်ကြံစည်စဉ် လုံခြုံရေးအဖွဲ့များက အရှင်ဖမ်းဆီးရမိခဲ့.. လှူမယ့်အလှူရှင်တွေကတော့ မလှူတော့ဘူးဆိုပြီး ပစ္စည်းတွေ ပြန်ယူသွားကြပြီ... မိုက်ရိုင်းချက်... မှိုင်းဝေ

📌 (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (MLWC-11) ကျင်းပပြီးစီး 💚 (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရ
+9
📌 (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (MLWC-11) ကျင်းပပြီးစီး 💚 (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး (MLWC-11) ကို ဩဂုတ် (၉) ရက် မွန်းလွဲ (၂:၀၀) နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ကွင်း၌ ကျင်းပခဲ့သည်။ 💚 ပြိုင်ပွဲတွင် မျိုးဆက်သစ်လူငယ်များနှင့် ဝါရင့်ချန်ပီယံများ ပါဝင်သည့် တွဲဆိုင်း (၆) ဆိုင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာ (၅) ပွဲအထိ အရှုံးအနိုင်မပေါ်ဘဲ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ 💚 ဒုခေါင်တွဲဆိုင်းအဖြစ် (၆၇) ကီလိုတန်းတွင် နိုင်ဝင်းထွန်းနှင့် ကမ္ဘာရှားတို့ ထိုးသတ်ခဲ့ကြပြီး နိုင်ဝင်းထွန်းက ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။ သက်ထား

Repost from N/a
ပိုက်ဆံအတွက်နဲ့ နိုင်ငံကို ရောင်းစားကြသူများ ဒီသတင်းကို စာရှူ့သူတွေဖတ်ကြည့်ပြီး စီစစ်ကြည့်ပါအုန်းဗျာ။ သူ့ရည်ရွယ်ချက်က အထင်းသာ
ပိုက်ဆံအတွက်နဲ့ နိုင်ငံကို ရောင်းစားကြသူများ ဒီသတင်းကို စာရှူ့သူတွေဖတ်ကြည့်ပြီး စီစစ်ကြည့်ပါအုန်းဗျာ။ သူ့ရည်ရွယ်ချက်က အထင်းသားပေါ် နေတယ်။ တကယ်တော့ ကျားဖြန့်ဆိုတာ နယ်စပ်ဒေသ အစိုးရအုပ်ချုပ်ရေး ယန္တရားမသက်ရောက်တဲ့ KNU နယ်မြေတွေထဲမှာပဲ လုပ်ကိုင်နေကြတာပါ။ ဟိုနေ့ကဆိုရင် မြဝတီကအဖွဲ့ကို ထိုင်းနယ်စပ်ထဲကနေ ဖြတ်ကျော်ရွှေ့ပြောင်းသွားတာပဲကြည့်လေ။ KNU ဆိုတာကလည်း ပိုက်ဆံရပြီးရော တရုတ်ကျားဖြန့်တွေ ခေါ် သွင်းပြီး နယ်စပ်မှာ ထင်ထိုင်းကျဲနေကြတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဒါတွေက မျက်ကွယ်ပြုပြီး သတင်းရေးတာက မြန်မာကပဲ နှိပ်စက်သလိုလို၊ အတော်ကို ရုတ်ကန်းတဲ့ မီဒီယာပါ။ ကြည့်လိုက်တော့လဲ ကိုယ့်မြန်မာတွေ။ သမိုင်းအဆက်ဆက်လဲ နိုင်ငံတိုးတက်ဖို့ ထောက်ပြရေးသားမှုထက် ပျက်စီးရာ ပျက်စီးကြောင်းကိုပဲ ဇောင်းပေးရေးသားတာတွေကို အဓိကထားနေတာပါ။ တကယ်တော့ မြန်မာနိုင်ငံကို အဓိက ဖျက်စီးနေတာ ဧရာဝတီ၊ BBC ၊ RFA စတဲ့ မီဒီယာတွေက အဓိကပါပဲ။ သေချာသာ စီစစ်ပြီး ယုံကြပါ။
သိင်္ခ

၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီး MLWC-11 ကို ယနေ့ ဩဂုတ် ၉ ရက် မွန်းလွဲပိုင်း နေ့လယ် (၂: ၀၀) နာ
+9
၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီး MLWC-11 ကို ယနေ့ ဩဂုတ် ၉ ရက် မွန်းလွဲပိုင်း နေ့လယ် (၂: ၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိပြီး မျိုးဆက်သစ်လူငယ်လက်ဝှေ့သမားများနှင့် ဝါရင့်ချန် ပီယံများ ပါဝင်သည့် တွဲဆိုင်းခြောက်ဆိုင်းပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ မြင်းကွင်းပုံရိပ်များပဲဖြစ်ပါတယ်... အဆိုပါတွဲဆိုင်းခြောက်ဆိုင်းမှာ သရေပွဲ(၅) ပွဲအထိ အရှုံးအနိုင်မပေါ်ဘဲ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဒုခေါင်တွဲဆိုင်းအဖြစ် နိုင်ဝင်းထွန်းနဲ့ ကမ္ဘာရှားတို့က (၆၇) ကီလိုတန်းပွဲမှာထိုးသတ်ခဲ့ကြပြီး နိုင်ဝင်းထွန်းက ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်...

သီပေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသည့် မြေထိန်းနံရံအား ပြန်လည်ပြုပြင် ဩဂုတ် ၁၀ ရှမ်းပြည်နယ်(မြောက်ပို
+9
သီပေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသည့် မြေထိန်းနံရံအား ပြန်လည်ပြုပြင် ဩဂုတ် ၁၀ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် ဩဂုတ် ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွာသစ်ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာရှိ နမ့်ပေါ့ချောင်း ကျောက်စီမြေထိန်းနံရံ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မြေပြိုမှုများမှ ကာကွယ်နိုင်ရန် သဲအိတ်များစီ၍ အတားအဆီးများ ပြုလုပ်ခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ TruthZoneOnline

📌 လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းပြီး လူပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရပြီးနောက် တိုင်ဖုန်းမုန်တိုင်း Dolphin တရုတ်နိုင်ငံသို့ ဝင
📌 လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းပြီး လူပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရပြီးနောက် တိုင်ဖုန်းမုန်တိုင်း Dolphin တရုတ်နိုင်ငံသို့ ဝင်ရောက် 💚 လေယာဉ်ခရီးစဉ်ပေါင်း ၁,၀၀၀ ကျော် ဖျက်သိမ်းခြင်း၊ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် အမြင့်ဆုံးအဆင့် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည့် တိုင်ဖုန်းမုန်တိုင်း Dolphin သည် ဩဂုတ် (၉) ရက်တွင် လူဦးရေ ထူထပ်သည့် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသသို့ ဝင်ရောက်ခဲ့ကြောင်း မိုးလေဝသ အာဏာပိုင်များက ပြောကြားခဲ့သည်။ 💚 တရုတ်အရှေ့ကမ်းရိုးတန်း မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် လုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးများကို ကြိုတင်ရပ်ဆိုင်းကာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။ 💚 မုန်တိုင်းဗဟိုချက်သည် ဇီကျန်းပြည်နယ်၊ ယူဟွမ်းမြို့အနီး ကမ်းရိုးတန်းပေါ်သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲခန့်တွင် ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း တရုတ် အမျိုးသားမိုးလေဝသစခန်း (NMC) က ထုတ်ပြန်ထားသည်။ သက်ထား

📌 ကျုံပျော်မြို့နယ်အတွင်း ရထားလမ်း ရေကျော်နေသဖြင့် ပုသိမ်-ကြံခင်း ရထားခရီးစဉ်များ ယာယီဆိုင်းငံ့ 💚 ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ
📌 ကျုံပျော်မြို့နယ်အတွင်း ရထားလမ်း ရေကျော်နေသဖြင့် ပုသိမ်-ကြံခင်း ရထားခရီးစဉ်များ ယာယီဆိုင်းငံ့ 💚 ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ဇရပ်လှဘူတာနှင့် ဒိုက်ပျက်ဘူတာကြား ရထားလမ်းပိုင်း၌ မိုးရွာသွန်းမှုကြောင့် ရထားလမ်းပေါ်သို့ ရေကျော်လွန် စီးဆင်းလျက်ရှိသည်။ 💚 သို့ဖြစ်ပါ၍ ခရီးသွားပြည်သူများ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် ပုသိမ် - ကြံခင်း ပြေးဆွဲလျက်ရှိသော အစုန်/အဆန် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်း (ဆိုင်းငံ့) ထားကြောင်း သိရသည်။ သက်ထား

Repost from N/a
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင် ချာဝီရကွန်တိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင် ချာဝီရကွန်တိုတွေ့ဆုံဆွေး‌နွေးစဉ် ပြောကြားချက်များမှကောက်နုတ်ချက်

Repost from N/a
ဆေးရုံအပြင်ဘက် မော်တော်ဆိုင်ကယ်ပေါ်မှာပဲ ကလေးမွေးဖွားခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး
ဆေးရုံအပြင်ဘက် မော်တော်ဆိုင်ကယ်ပေါ်မှာပဲ ကလေးမွေးဖွားခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ဩဂုတ်လ ၃ ရက်နေ့က ဗိုက်နာလာခဲ့ပါတယ်။ ချက်ချင်းပဲ ခင်ပွန်းဖြစ်သူနဲ့အတူ မော်တော်ဆိုင်ကယ်နဲ့ ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးက ကိုယ်ဝန် ၃၂ ပတ် (သို) ကိုယ်ဝန် ၈ လလောက်ရှိနေပါပြီ။ ဆေးရုံထဲ မဝင်ရသေးခင်မှာပဲ မော်တော်ဆိုင်ကယ်ပေါ်မှာ ကလေးမွေးခဲ့ရပြီး ကလေးက ချက်ကြိုးတန်းလန်းနဲ့ တွယ်ညှိနေတာကို လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံနေခဲ့တဲ့ ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ခြေဗလာနဲ့ အဲ့ဒီကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆိုင်ကယ်ပေါ်မှာ မြင်တွေ့ခဲ့ရပြီး ကလေးရဲ့ချက်ကြိုးက မိခင်ရဲ့ခန္ဓာကိုယ်နဲ့ တွယ်ညှိနေဆဲဖြစ်တာကိုလည်း တွေ့ရပါတယ်။

🚨 မိုးကုတ်နှင့် မတ္တရာမြို့နယ်တို့တွင် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်
+7
🚨 မိုးကုတ်နှင့် မတ္တရာမြို့နယ်တို့တွင် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်လျက်ရှိသော ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
🔹 ကူညီကယ်ဆယ်ရေး ဆောင်ရွက်ချက်များ - လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ရေဘေးသင့် ပြည်သူများအား ကူညီပေးလျက်ရှိသည်။ ပြည်သူများ၏ ပိုင်ဆိုင်သည့် ပစ္စည်းများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးနေသည်။ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ဝေငှပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။ #Myanmar #Mandalay #Mogok #Madaya #FloodRelief #RescueOperation #LocalNews ဖိုးမောင်