en
Feedback
👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Open in Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Show more
290
Subscribers
No data24 hours
No data7 days
+330 days
Posts Archive
သီပေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသည့် မြေထိန်းနံရံအား ပြန်လည်ပြုပြင် ဩဂုတ် ၁၀ ရှမ်းပြည်နယ်(မြောက်ပို
+9
သီပေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသည့် မြေထိန်းနံရံအား ပြန်လည်ပြုပြင် ဩဂုတ် ၁၀ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် ဩဂုတ် ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွာသစ်ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာရှိ နမ့်ပေါ့ချောင်း ကျောက်စီမြေထိန်းနံရံ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မြေပြိုမှုများမှ ကာကွယ်နိုင်ရန် သဲအိတ်များစီ၍ အတားအဆီးများ ပြုလုပ်ခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ TruthZoneOnline

📌 လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းပြီး လူပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရပြီးနောက် တိုင်ဖုန်းမုန်တိုင်း Dolphin တရုတ်နိုင်ငံသို့ ဝင
📌 လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းပြီး လူပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရပြီးနောက် တိုင်ဖုန်းမုန်တိုင်း Dolphin တရုတ်နိုင်ငံသို့ ဝင်ရောက် 💚 လေယာဉ်ခရီးစဉ်ပေါင်း ၁,၀၀၀ ကျော် ဖျက်သိမ်းခြင်း၊ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် အမြင့်ဆုံးအဆင့် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည့် တိုင်ဖုန်းမုန်တိုင်း Dolphin သည် ဩဂုတ် (၉) ရက်တွင် လူဦးရေ ထူထပ်သည့် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသသို့ ဝင်ရောက်ခဲ့ကြောင်း မိုးလေဝသ အာဏာပိုင်များက ပြောကြားခဲ့သည်။ 💚 တရုတ်အရှေ့ကမ်းရိုးတန်း မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် လုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးများကို ကြိုတင်ရပ်ဆိုင်းကာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။ 💚 မုန်တိုင်းဗဟိုချက်သည် ဇီကျန်းပြည်နယ်၊ ယူဟွမ်းမြို့အနီး ကမ်းရိုးတန်းပေါ်သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲခန့်တွင် ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း တရုတ် အမျိုးသားမိုးလေဝသစခန်း (NMC) က ထုတ်ပြန်ထားသည်။ သက်ထား

📌 ကျုံပျော်မြို့နယ်အတွင်း ရထားလမ်း ရေကျော်နေသဖြင့် ပုသိမ်-ကြံခင်း ရထားခရီးစဉ်များ ယာယီဆိုင်းငံ့ 💚 ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ
📌 ကျုံပျော်မြို့နယ်အတွင်း ရထားလမ်း ရေကျော်နေသဖြင့် ပုသိမ်-ကြံခင်း ရထားခရီးစဉ်များ ယာယီဆိုင်းငံ့ 💚 ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ဇရပ်လှဘူတာနှင့် ဒိုက်ပျက်ဘူတာကြား ရထားလမ်းပိုင်း၌ မိုးရွာသွန်းမှုကြောင့် ရထားလမ်းပေါ်သို့ ရေကျော်လွန် စီးဆင်းလျက်ရှိသည်။ 💚 သို့ဖြစ်ပါ၍ ခရီးသွားပြည်သူများ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် ပုသိမ် - ကြံခင်း ပြေးဆွဲလျက်ရှိသော အစုန်/အဆန် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်း (ဆိုင်းငံ့) ထားကြောင်း သိရသည်။ သက်ထား

Repost from N/a
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင် ချာဝီရကွန်တိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင် ချာဝီရကွန်တိုတွေ့ဆုံဆွေး‌နွေးစဉ် ပြောကြားချက်များမှကောက်နုတ်ချက်

Repost from N/a
ဆေးရုံအပြင်ဘက် မော်တော်ဆိုင်ကယ်ပေါ်မှာပဲ ကလေးမွေးဖွားခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး
ဆေးရုံအပြင်ဘက် မော်တော်ဆိုင်ကယ်ပေါ်မှာပဲ ကလေးမွေးဖွားခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ဩဂုတ်လ ၃ ရက်နေ့က ဗိုက်နာလာခဲ့ပါတယ်။ ချက်ချင်းပဲ ခင်ပွန်းဖြစ်သူနဲ့အတူ မော်တော်ဆိုင်ကယ်နဲ့ ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးက ကိုယ်ဝန် ၃၂ ပတ် (သို) ကိုယ်ဝန် ၈ လလောက်ရှိနေပါပြီ။ ဆေးရုံထဲ မဝင်ရသေးခင်မှာပဲ မော်တော်ဆိုင်ကယ်ပေါ်မှာ ကလေးမွေးခဲ့ရပြီး ကလေးက ချက်ကြိုးတန်းလန်းနဲ့ တွယ်ညှိနေတာကို လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံနေခဲ့တဲ့ ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ခြေဗလာနဲ့ အဲ့ဒီကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆိုင်ကယ်ပေါ်မှာ မြင်တွေ့ခဲ့ရပြီး ကလေးရဲ့ချက်ကြိုးက မိခင်ရဲ့ခန္ဓာကိုယ်နဲ့ တွယ်ညှိနေဆဲဖြစ်တာကိုလည်း တွေ့ရပါတယ်။

🚨 မိုးကုတ်နှင့် မတ္တရာမြို့နယ်တို့တွင် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်
+7
🚨 မိုးကုတ်နှင့် မတ္တရာမြို့နယ်တို့တွင် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်လျက်ရှိသော ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
🔹 ကူညီကယ်ဆယ်ရေး ဆောင်ရွက်ချက်များ - လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ရေဘေးသင့် ပြည်သူများအား ကူညီပေးလျက်ရှိသည်။ ပြည်သူများ၏ ပိုင်ဆိုင်သည့် ပစ္စည်းများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးနေသည်။ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ဝေငှပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။ #Myanmar #Mandalay #Mogok #Madaya #FloodRelief #RescueOperation #LocalNews ဖိုးမောင်

ဒါကြီးက ဘာကြီးတုန်း.... ဒါကြီးက ဘယ်လိုကြီးတုန်း... 🤭😃😃😃😂
ဒါကြီးက ဘာကြီးတုန်း.... ဒါကြီးက ဘယ်လိုကြီးတုန်း... 🤭😃😃😃😂

ကျိုင်းတုံမြို့တွင် အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်
ကျိုင်းတုံမြို့တွင် အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

💚ဂျိုးဘိုင်ဒင်၏ ကင်ဆာရောဂါ ပိုမိုဆိုးရွားလာဟု သားဖြစ်သူက ပြောကြား အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် ရဲ့ ဆီးကျိတ်ကင်ဆာဟာ ခန္ဓ
💚ဂျိုးဘိုင်ဒင်၏ ကင်ဆာရောဂါ ပိုမိုဆိုးရွားလာဟု သားဖြစ်သူက ပြောကြား အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် ရဲ့ ဆီးကျိတ်ကင်ဆာဟာ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းတွေကို ပျံ့နှံ့သွားပြီး လက်ရှိမှာ နာကျင်မှုဝေဒနာ ပြင်းထန်စွာခံစားနေရတယ်လို့ သားဖြစ်သူ ဟန်တာဘိုင်ဒင်က ပြောကြားပါတယ်။ - 💚အသက် ၈၃ နှစ်အရွယ် ဘိုင်ဒင်ဟာ အဆင့်မြင့်ဆီးကျိတ်ကင်ဆာအတွက် ဆေးကုသမှုခံယူနေပြီး မိသားစုဝင်တွေကလည်း အနီးကပ်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ၎င်းရဲ့ ကျန်းမာရေးအခြေအနေကြောင့် အမေရိကန်နိုင်ငံရေးလောကနဲ့ ပြည်သူတွေကြား စိုးရိမ်မှုတွေ မြင့်တက်လာပြီး သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေက ဘိုင်ဒင်နဲ့ မိသားစုအတွက် ဆုတောင်းပေးစကားတွေ ပြောကြားထားပါတယ်။ KT August 9

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၄/၂၀၂၄)မှ စစ်သည်များအား နှုတ်ဆက်ဂုဏ်ပြုနေ့လယ်စာ စားပွဲကျင်းပပြုလုပ
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၄/၂၀၂၄)မှ စစ်သည်များအား နှုတ်ဆက်ဂုဏ်ပြုနေ့လယ်စာ စားပွဲကျင်းပပြုလုပ် တောင်ကြီး၊သြဂုတ်လ ၉ ရက် 💚အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၄/၂၀၂၄)မှ စစ်သည်များအား ယနေ့တွင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကနှုတ်ဆက်ဂုဏ်ပြုနေ့လယ်စာ စားပွဲပြုလုပ်ပေးခဲ့ပြီး အမြဲတမ်းစစ်မှုထမ်းအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်မည့် စစ်သည်များအား တစ်ဦးလျင် ၅ သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့က ဖျော်ဖြေရေးအဖွဲ့များဖြင့် ပျော်ပျော်ရွှင်ရွှင် ကပြသီဆို ဖျော်ဖြေခဲ့ကြောင်းသိရသည်။

9-8-2026 အလင်းဝင်လိုသော PDF လူငယ်များ ဖော်ပြပါဖုန်းနံပါတ်များကို ဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေ
9-8-2026 အလင်းဝင်လိုသော PDF လူငယ်များ ဖော်ပြပါဖုန်းနံပါတ်များကို ဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန််းကော်မတီ ထုတ်ပြန်။

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်နှင့် ငွေတံဆိပ် ဆွတ်ခူး
ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်နှင့် ငွေတံဆိပ် ဆွတ်ခူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများနှင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေကာတာ တာမိုင်(၂၅/၃) တွင် တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းနှင့် ရေနက်ရေစီးကြောင်း ပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

လွိုင်မွေမြို့ရှိ လွိုင်မွေစာတိုက်ကို ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင် ကျိုင်း
လွိုင်မွေမြို့ရှိ လွိုင်မွေစာတိုက်ကို ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင် ကျိုင်းတုံ၊ ဩဂုတ် ၉ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လွိုင်မွေမြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံစာရင်းဝင် လွိုင်မွေစာတိုက်ကို ယမန်နေ့က ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခဲ့ကြောင်း သိရသည်။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် တာဝန်ရှိသူများက အဆိုပါ စာတိုက်နှင့် စိန်မေရီအထက်တန်းကျောင်း [အထက (၂)] ချယ်ရီဆောင်တို့၏ ကြေးပြားကမ္ပည်းမော်ကွန်းများကို အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ကမ္ပည်းတပ်ဆင်ခြင်းသည် သမိုင်းတန်ဖိုးကို ပိုမိုထင်ရှားစေပြီး ရေရှည်တည်တံ့စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/လွိုင်မွေမြို့ရှိ-လွိုင/

ASEAN HYUNDAI CUP™ 2026 ------------------------ Full Time Thailand 🇹🇭 2️⃣-0️⃣ 🇲🇲 Myanmar
ASEAN HYUNDAI CUP™ 2026 ------------------------ Full Time Thailand 🇹🇭 2️⃣-0️⃣ 🇲🇲 Myanmar

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြိုနယ်၊ ငဝန်မြစ် ရေကာတာတမ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြိုနယ်၊ ငဝန်မြစ် ရေကာတာတမံနိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံဖြစ်ပွားမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေးသို တက်ရောက်အမှာစကားပြောကြား

ကျိုင်းတုံမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၁၅၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတ
ကျိုင်းတုံမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၁၅၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းမိ ကျိုင်းတုံ၊ ဩဂုတ် ၈ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်လေကျေးရွာရှိ နောင်လေငါးကန်စားသောက်ဆိုင်အနီး ခြံဝန်းအတွင်း၌ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူ ၁၅၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သွားရောက်စစ်ဆေး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားချက်အရ ယမန်နေ့ နံနက် ၇ နာရီခန့်တွင် သွားရောက်ရှာဖွေခဲ့ရာ တရုတ်နိုင်ငံသား ၁၄၄ ဦး၊ လာအိုနိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၁ ဦး (စုစုပေါင်း ၁၅၆ ဦး) တို့ကို ဖုန်းမျိုးစုံ ၆၅၈ လုံး၊ All In One ကွန်ပျူတာ ၁၃၄ လုံး၊ Laptop ၂၈ လုံး၊ STAR LINK GAN-3 ၁၃ လုံး၊ မီးစက်များနှင့် အခြားဆက်စပ် ပစ္စည်းများစွာနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ကျိုင်းတုံမြို့နယ်အတွင/