en
Feedback
👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Open in Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Show more
290
Subscribers
No data24 hours
No data7 days
+330 days
Posts Archive
သံတွဲ အမှတ် ၈ ရပ်ကွက် ၊ ၂ လမ်းရှိ AA တပ်ရင်းဌာနချုပ် အပါအဝင် ဂွ ၊ အမ်း ၊ ပလက်ဝ ရှိ AA စခန်း​ အတိအကျ ​နေရာများ ဗုံးကြဲ၍ AA ၂၇
သံတွဲ အမှတ် ၈ ရပ်ကွက် ၊ ၂ လမ်းရှိ AA တပ်ရင်းဌာနချုပ် အပါအဝင် ဂွ ၊ အမ်း ၊ ပလက်ဝ ရှိ AA စခန်း​ အတိအကျ ​နေရာများ ဗုံးကြဲ၍ AA ၂၇ ဦး​သေ ၃၈ ဦးဒဏ်ရာရ ရာ အရပ်သားများဟုငြင်းသည်။ ​မြောက်ဦး တွင် AA ညိုထွန်း​အောင်နှင့် MNDAA / TNLA ​ခေါင်း​ဆောင် တို့ ​ရောက်ရှိ ၊ စစ်ကူ​ပေး​ရေး ​တွေ့ဆုံ​ဆွေး​နွေး​နေသည်။ ဘူးသီး​တောင်မြို့နယ် ​မေယု​တောင်​ခြေရှိ ​ဝေးလံ​ခေါင်သီ​သော မြိုလူမျိုးများ ​နေထိုင်ရာ ဘိုက​လေးရွာသစ် ၊ ရွာ​ဟောင်း ၊ ​ကြောင်စာ ​ကျေးရွာ များကို AA တို့​ရောက်ရှိ ကျား/မ ၊ ကြီး/ငယ်မဟူ လူသစ်စု၍ ရွာလုံးကျွတ် ​ခေါ်သွားသည်။ ခင် ညို ချော သြဂုတ် ၁၇ ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု (မှတ်တမ်း)

ဌာနဆိုင်ရာအသီးသီးကနေ အကြမ်းဖက်အားပေးသူတွေရဲ့ မြှောက်ပင့်ပေးမှုကြောင့် CDM လုပ်သွားကြတဲ့ သူတွေကို မြဝတီမြို့က ပြည့်တန်ဆာအခန်းမ
ဌာနဆိုင်ရာအသီးသီးကနေ အကြမ်းဖက်အားပေးသူတွေရဲ့ မြှောက်ပင့်ပေးမှုကြောင့် CDM လုပ်သွားကြတဲ့ သူတွေကို မြဝတီမြို့က ပြည့်တန်ဆာအခန်းမှာ ဖမ်းဆီးရမိခဲ့.. မှိုင်းဝေ

ရေးဘီလူးဆိုတဲ့ အောက်တန်းစားကောင် ပြည်သူတွေကို ဘယ်လိုသတ်ဖြတ်ခဲ့သလဲ..? ခုလည်း ၂၀၂၃ ခုနှစ်လောက်က အညာဒေသ မြင်းခြံဘက်မှာ PDF အကြမ်းဖက်တွေသတ်ဖြတ်လိုက်တဲ့ အဒေါ်ကြီးတစ်ယောက်ကို ပသစကပဲ သတ်သလိုလို သတင်းအမှားတွေနဲ့ ဂျင်းကထည့်နေသေးတယ်... ဒီလိုရက်ရက်စက်စက်ခုတ်ထစ်သတ်တာ PDF တွေပဲလုပ်တာ... နေရာနဲ့ မြေပြင်အခြေအနေကိုကြည့်ရင် အညာဒေသဆိုတာ အသိအသာကြီး...ဒါကို သူတို့ကပဲ အပြစ်ကင်းနေသလို ဇွတ်ဇာတ်နာပြနေတယ်.. မင်းတို့သတ်ခဲ့တာတွေကို သတင်းအမှားတွေနဲ့ ဖုံးကွယ်လို့မရပါဘူး... ယခု VD ဖိုင်ကို နှလုံးမကောင်းသူများ လုံးမကြည့်ပါနဲ့ မှိုင်းဝေ

ခိုးလမ်းကနေသွားပြီးတွေ့တာကို ဖုန်ထနေပြန်ပြန်.. ဘယ်သူမှလည်း ကြိုဆိုမယ့်သူမရှိပါလား ခ်ခ် မှိုင်းဝေ
ခိုးလမ်းကနေသွားပြီးတွေ့တာကို ဖုန်ထနေပြန်ပြန်.. ဘယ်သူမှလည်း ကြိုဆိုမယ့်သူမရှိပါလား ခ်ခ် မှိုင်းဝေ

Repost from N/a
Walk for Peace ဦးဆောင်ဆရာတော် အရှင်ပညာကာရအား စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုချီးမြှင့်အပ်နှင်းမည် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း
Walk for Peace ဦးဆောင်ဆရာတော် အရှင်ပညာကာရအား စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုချီးမြှင့်အပ်နှင်းမည် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြိုရှိ Stockholm Concert Hall တွင် World Peace Award Committee မှဦးစီး၍ World Peace Award 2026 အခမ်းအနားကို ဩဂုတ် ၂၁ ရက်မှ သြဂုတ် ၂၅ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အခမ်းအနားတွင် အမေရိကန်ပြည်ထောင်စု၌ Walk for Peace ၂၀၂၅-၂၀၂၆ ကို အောင်မြင်စွာဦးဆောင်ကျင်းပခဲ့သည့် ဆရာတော်အရှင်ပညာကာရအား စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားကို ၂၀၁၈ ခုနှစ်က စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရရှိထားတော်မူသော အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) ဆရာတော်ဒေါက်တာအရှင်သောဘိတက ငြိမ်းချမ်းရေးဆုရရှိသည့် Walk for Peace ဦးဆောင်ဆရာတော်အရှင်ပညာကာရ အားဂုဏ်ပြုသည့်အနေဖြင့်ဂုဏ်ပြုစကား မိန့်ကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။

Repost from N/a
မုတ်သုံလေအားကောင်း၍ ဩဂုတ် ၂၂ ရက်အထိ ဒေသအများအပြား မိုးကြီးနိုင်၊ မြေပြိုမှုနှင့် ရုတ်တရက်ရေကြီးမှု သတိပြုရန် မိုးဇလသတိပေး နေပ
မုတ်သုံလေအားကောင်း၍ ဩဂုတ် ၂၂ ရက်အထိ ဒေသအများအပြား မိုးကြီးနိုင်၊ မြေပြိုမှုနှင့် ရုတ်တရက်ရေကြီးမှု သတိပြုရန် မိုးဇလသတိပေး နေပြည်တော်၊ ဩဂုတ် ၁၈ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မုတ်သုံလေအားကောင်းနေခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေခြင်းတိုကြောင့် ဩဂုတ် ၁၈ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး အချိုဒေသများ၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၄၉/၂၀၂၆) ကို ယနေ့ ဩဂုတ် ၁၈ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကာလအတွင်း နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေး
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ  ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတသည် ယနေ့ သြဂုတ် ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသည်။ ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပမည့် ကရင်မလင်နန်းတော်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီး ခရီးဦးကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးသည်။

🧱 နိုင်ငံတော်သမ္မတ၏ သံတမန်ရေး ကစားကွက်နှင့် နိုင်ငံရေးအခြေအနေ 🔹 နိုင်ငံတော်သမ္မတ၏ စိတ်အေးအေးနှင့် ခေါင်းအေးအေးထားသည့် သံတမန
🧱 နိုင်ငံတော်သမ္မတ၏ သံတမန်ရေး ကစားကွက်နှင့် နိုင်ငံရေးအခြေအနေ 🔹 နိုင်ငံတော်သမ္မတ၏ စိတ်အေးအေးနှင့် ခေါင်းအေးအေးထားသည့် သံတမန်ရေးရာ ကစားကွက်ကြောင့် အင်အားကြီးနိုင်ငံများနှင့် ချဉ်းကပ်ကာ အရှေ့တောင်အာရှ ဈေးကွက်ထက် ကမ္ဘာ့ထိပ်တန်းနိုင်ငံများနှင့် ဈေးကွက်ပြောင်းလဲ လုပ်ဆောင်လာနိုင်ခဲ့သည်။ 🔹 ဆိုဗီယက်ပြည်ထောင်စု ကတည်းက မြန်မာနှင့် မိတ်ဖက်ဖြစ်ခဲ့သည့် ရုရှားနိုင်ငံအပါအဝင် အခြား အင်းအားကြီးနိုင်ငံများအား မဟာဗျူဟာမြောက် ချဉ်းကပ်မှုများကြောင့် ပြည်ပနိုင်ငံများနှင့် အကြမ်းဖက်အဖွဲ့များ၏ ဖိအားပေးမှုများကို ကျော်လွှားနိုင်ခဲ့ပြီး ပြည်တွင်း အကျပ်အတည်းများ လျော့ပါးသက်သာလာစေမည်ဖြစ်ကြောင်း သုံးသပ်မိပါသည်။ #Myanmar #Diplomacy #ForeignPolicy #RussiaMyanmar Relations #Analysis ဖိုးမောင်

ဒီခွေးအိုကြီးက KIA အဖွဲ့ထဲမှာ ဘာကြောင့်ယခုအချိန်ထိ အာဏာယူထားတာလဲ.. အာဏာရူးနေတာလား.. သောက်အသက်လည်းကြီးနေပြီ ခုချိန်ထိဒိနေရာကို
ဒီခွေးအိုကြီးက KIA အဖွဲ့ထဲမှာ ဘာကြောင့်ယခုအချိန်ထိ အာဏာယူထားတာလဲ.. အာဏာရူးနေတာလား.. သောက်အသက်လည်းကြီးနေပြီ ခုချိန်ထိဒိနေရာကို မက်နေတုန်း၊ အောက်ကလူငယ်တွေကို နေရာပေးလိုက်ပါကွာ.. မှိုင်းဝေ

ဘူရ်ခါခြုံပြီး ပုန်းနေတဲ့ အထွန်းရဲ့ AA အဖွဲ့က ရခိုင်ပြည်သူတွေရဲ့ လယ်မြေတွေကို သိမ်းပိုက်ပီး မောင်ပိုင်စီးထား.. ငါတို့အားလုံးသ
ဘူရ်ခါခြုံပြီး ပုန်းနေတဲ့ အထွန်းရဲ့ AA အဖွဲ့က ရခိုင်ပြည်သူတွေရဲ့ လယ်မြေတွေကို သိမ်းပိုက်ပီး မောင်ပိုင်စီးထား.. ငါတို့အားလုံးသည် AA များဖြစ်ကြသည်ဆိုတဲ့ စကားတောင် မဟနိုင်တော့တဲ့ ရခိုင်ပြည်နယ်က AA ထောက်ခံ ရခိုင်များ မှိုင်းဝေ

NUG ကကောင်တွေကတော့ သန်း ၃၀ ကျော် တကယ်ထောက်ပံ့လား မထောက်ပံ့လားတော့မသိဘူး ဇာတ်တူသားစားနေတာကတော့ တကယ်ပဲ.. မှိုင်းဝေ
NUG ကကောင်တွေကတော့ သန်း ၃၀ ကျော် တကယ်ထောက်ပံ့လား မထောက်ပံ့လားတော့မသိဘူး ဇာတ်တူသားစားနေတာကတော့ တကယ်ပဲ.. မှိုင်းဝေ

❝ မော်စကို ခရီးစဉ်က အစိုးရသစ်အတွက် ဘာထူးခြားချက်တွေ ရနိုင်မလဲ ❞ အစိုးရသစ်အတွက် ယခု ခရီးစဉ်၏ ပထမဆုံး အကျိုးကျေးဇူးမှာ နိုင်ငံတ
❝ မော်စကို ခရီးစဉ်က အစိုးရသစ်အတွက် ဘာထူးခြားချက်တွေ ရနိုင်မလဲ ❞ အစိုးရသစ်အတွက် ယခု ခရီးစဉ်၏ ပထမဆုံး အကျိုးကျေးဇူးမှာ နိုင်ငံတကာဆက်ဆံရေးတွင် အခြားရွေးချယ်စရာ မိတ်ဖက်တစ်ခုကို ခိုင်မာစွာ ထိန်းသိမ်းနိုင်ခြင်း ဖြစ်သည်။ ယခုမော်စကိုခရီးစဉ်သည် သမ္မတကြီး ဦးဆောင်သော အစိုးရသစ်အတွက် သီးခြားဖြစ်ရပ်တစ်ခုမဟုတ်ဘဲ လွန်ခဲ့သည့်နှစ်များအတွင်း တဖြည်းဖြည်းတည်ဆောက်လာသည့် Myanmar–Russia Strategic Partnership ကို နောက်တစ်ဆင့်သို့ မြှင့်တင်ရန် ကြိုးပမ်းသည့် ခရီးစဉ် ဖြစ်သည်ဟုသာ သုံးသပ်နိုင်သည်။ Coming soon 🔜 #Myanmarpoliticalanalysisteam

🧱 ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံး 🔹 ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင
+2
🧱 ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံး 🔹 ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး မိုင်တိုင်အမှတ် ၈/၃ တွင် သြဂုတ် ၁၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အငှားကား (Taxi) တစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။ 🔹 အဆိုပါ ယာဉ်တိုက်မှုကြောင့် အငှားကားပေါ်ပါ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းများကို ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ #Myanmar #Bago #Waw #TrafficAccident #LocalNews ဖိုးမောင်

📌 ဘယ်လ်ဂျီယံ၌ ဆောက်လုပ်ရေး လုပ်ရင်း ဒေါ်လာ ၁၀.၅ သန်းကျော် တန်ဖိုးရှိ ရွှေများ တွေ့ရှိ 💚 ဘယ်လ်ဂျီယံနိုင်ငံမှ ဆောက်လုပ်ရေး လု
+1
📌 ဘယ်လ်ဂျီယံ၌ ဆောက်လုပ်ရေး လုပ်ရင်း ဒေါ်လာ ၁၀.၅ သန်းကျော် တန်ဖိုးရှိ ရွှေများ တွေ့ရှိ 💚 ဘယ်လ်ဂျီယံနိုင်ငံမှ ဆောက်လုပ်ရေး လုပ်သားများသည် လုပ်ငန်းခွင်အတွင်း မြေတူးရာမှ ယူရို ၉ သန်း (အမေရိကန်ဒေါ်လာ ၁၀.၅ သန်းကျော်) တန်ကြေးရှိ ရွှေချောင်းများနှင့် ရွှေဒင်္ဂါးပြား အများအပြားကို တူးဖော် တွေ့ရှိခဲ့ကြသည်။ 💚 အဆိုပါ ရွှေများကို မြို့တော် ဘရပ်ဆဲလ်၏ အနောက်မြောက်ဘက် ၁၉ မိုင်အကွာရှိ ဒန်ဒါမွန်ဒီမြို့မှ အဆောက်အအုံတစ်ခုကို ပြင်ဆင်နေသည့် ဆောက်လုပ်ရေး လုပ်သား (၈) ဦးက တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 💚 လုပ်သားများက အိမ်ပိုင်ရှင်ထံ ဆက်သွယ် အကြောင်းကြားခဲ့ပြီး အိမ်ပိုင်ရှင်မှတစ်ဆင့် ရဲတပ်ဖွဲ့သို့ သတင်းပို့ခဲ့သဖြင့် ရဲစခန်းတွင် ကင်မရာ မှတ်တမ်းယူ ရေတွက်ကာ စနစ်တကျ ချိတ်ပိတ်ထားရှိသည်။ 💚 လက်ရှိတွင် အဆိုပါ ရွှေများ၏ မူလပိုင်ရှင် မည်သူဖြစ်ကြောင်းနှင့် မြေအောက်သို့ မည်သို့ ရောက်ရှိနေသည်ဆိုသည်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက် ရှိသည်။ သက်ထား

📌 KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍ မသန်စွမ်း ကျောင်းသား/သူ ၄၇ ဦးကို ၅ နှစ်တာ ပညာသင်ဆု ပေးမည် 💚 ကမ္ဘောဇဘဏ် (KBZ
📌 KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍ မသန်စွမ်း ကျောင်းသား/သူ ၄၇ ဦးကို ၅ နှစ်တာ ပညာသင်ဆု ပေးမည် 💚 ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မသန်စွမ်း ကျောင်းသား/ကျောင်းသူ (၄၇) ဦးအတွက် (၅) နှစ်တာ ပညာသင်ဆု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ ထုတ်ပြန်ခဲ့သည်။ 💚 အဆိုပါ ပညာသင်ဆု စီမံကိန်းသည် မသန်စွမ်း ကျောင်းသား/သူများ၏ ပညာရေး ရေရှည် ဆက်လက် သင်ယူနိုင်ရေးအတွက် ထောက်ပံ့ ကူညီပေးခြင်း ဖြစ်သည်။ သက်ထား

📌 AFC Women's Champions League အဖွင့်ပွဲတွင် ဧရာဝတီ FC အသင်း ဂိုးပြတ် အနိုင်ရရှိ 💚 AFC Women's Champions League အဖွင့်ပွဲစဉ
+3
📌 AFC Women's Champions League အဖွင့်ပွဲတွင် ဧရာဝတီ FC အသင်း ဂိုးပြတ် အနိုင်ရရှိ 💚 AFC Women's Champions League အဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်လ (၁၇) ရက်နေ့တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Ayeyawady FC အသင်းက စင်ကာပူ FC Jurong အသင်းအား ၄-ဂိုး ၀-ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ 💚 မြန်မာနိုင်ငံကိုယ်စားပြု Ayeyawady FC အမျိုးသမီးအသင်းသည် ယခုရာသီ AFC Women's Champions League ခြေစစ်ပွဲ အုပ်စု (F) တွင် တရုတ်တိုင်ပေကလပ် New Taipei၊ စင်ကာပူကလပ် Jurong နှင့် လက်ဘနွန်ကလပ် No Limits အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။ 💚 အဆိုပါ အဖွင့်ပွဲစဉ်တွင် မြန်မာနိုင်ငံကိုယ်စားပြု Ayeyawady FC အသင်းက အကောင်းဆုံး ခြေစွမ်းပြသကာ ဂုဏ်ယူဖွယ် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သက်ထား

🧱 အမှတ် (၇၇) တပ်မဌာနချုပ် ရှေ့တန်းပြန် တပ်မတော်သားများအား ပဲခူးမြို့၌ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို 🔹 နိုင်ငံတော် တည်ငြိမ
+8
🧱 အမှတ် (၇၇) တပ်မဌာနချုပ် ရှေ့တန်းပြန် တပ်မတော်သားများအား ပဲခူးမြို့၌ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို 🔹 နိုင်ငံတော် တည်ငြိမ်ရေးနှင့် နယ်မြေ အေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် အမှတ် (၇၇) တပ်မဌာနချုပ် ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ကျင်းပခဲ့သည်။ 🔹 အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ရှေ့တန်းပြန် တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။ #Myanmar #Bago #Tatmadaw #Division77 #WelcomeHome #LocalNews ဖိုးမောင်

🧱 အမေရိကန် စစ်သားများကို သတ်သူ သို့မဟုတ် ဖမ်းဆီးသူအား ဒေါ်လာ ၃၀၀၀၀ ဆုငွေပေးမည်ဟု အီရန် စစ်ဦးစီးချုပ် ကြေညာ 🔹 အမေရိကန် တပ်ဖွ
🧱 အမေရိကန် စစ်သားများကို သတ်သူ သို့မဟုတ် ဖမ်းဆီးသူအား ဒေါ်လာ ၃၀၀၀၀ ဆုငွေပေးမည်ဟု အီရန် စစ်ဦးစီးချုပ် ကြေညာ 🔹 အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦးအား သတ်ဖြတ်သူ သို့မဟုတ် ဖမ်းဆီးရမိသူ မည်သူမဆိုအတွက် ဒေါ်လာ ၃၀၀၀၀ (သို့မဟုတ် တိုမန် ၅ ဘီလီယံနှင့် ညီမျှသော) ဆုငွေ ပေးအပ်မည်ဖြစ်ကြောင်း အီရန် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမီယာ ဟာတာမီက ကြေညာခဲ့ကြောင်း IRNA သတင်းဌာနက ဖော်ပြခဲ့သည်။ 🔹 ထို့ပြင် အဆိုပါ လုပ်ဆောင်ချက်ကို အမျိုးသမီးများ ဆောင်ရွက်ပါက ဆုငွေ နှစ်ဆ (ဒေါ်လာ ၆၀၀၀၀) ပေးအပ်မည်ဖြစ်ကြောင်းနှင့် အသုံးပြုခဲ့သည့် လက်နက်ကိုလည်း မူလတန်ဖိုး၏ နှစ်ဆဖြင့် ဝယ်ယူကာ ပြတိုက်တွင် ထိန်းသိမ်းထားရှိမည်ဟု ပါရှိသည်။ #Iran #USA #AmirHatami #MilitaryBounty #GlobalNews ဖိုးမောင်

သမ္မတကြီး ရုရှားခရီးစဉ်နှင့် မြန်မာ့နိုင်ငံရေးအရွေ့ https://vt.tiktok.com/ZSV6dPDnX/ ဖိုးမောင်