Bee Kyal Football News
Open in Telegram
ဘောလုံး အားကစားသတင်းစုံ
Show moreThe country is not specifiedThe category is not specified
591
Subscribers
No data24 hours
-37 days
-330 days
Posts Archive
မနေ့ညက ကစားခဲ့တဲ့ပွဲစဉ်တွေအပြီးမှာတော့ အာဆင်နယ်က မန်စီးတီးကို ၆ မှတ်အသာရရှိခဲ့တယ် ၊ မန်ယူအသင်းလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ၁ မှတ်သာလိုတော့တယ် ၊ ချဲလ်ဆီးက ပွဲမကစားရသေးဘဲ အဆင့် ၉ ကိုရောက်သွားခဲ့တယ် ၊ စပါးအသင်းတန်းဆင်းဇုန်ကနေလွတ်ဖို့ အခွင့်အရေးရှိလာခဲ့ပြီး ဘရန့်ဖိုဒ့်က ယူရိုပါလိဂ်ဝင်ခွင့်ကို မျှော်လင့်နိုင်တဲ့အနေအထားကို ရောက်ရှိလာခဲ့ပါတယ် ။
ဒီနေ့ညမှာတော့ မန်ယူနဲ့လီဗာပူး ၊ မနက်ဖြန်မှာ ချဲလ်ဆီးနဲ့ နော်တင်ဟမ်ဖောရက်စ် ၊ အဲဗာတန်နဲ့ မန်စီးတီးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားကြမှာပါ ။
#BeeKyal
အိမ်ကွင်းမှာဂိုးပြတ်အနိုင်ကစားပြီး အမှတ်ပေးချန်ပီယံဆုနဲ့နီးကပ်လာတဲ့ အာဆင်နယ်
Premier League
Full Time :
Arsenal 3-0 Fulham
ဘူကာယိုဆာကာ ပြန်လည်ပါဝင်လာမှုနဲ့အတူ အာဆင်နယ်တို့ အိမ်ကွင်းမှာ ဖူလ်ဟမ်အသင်းကို ၃ ဂိုးပြတ်အနိုင်ကစားပြီး မန်စီးတီးအသင်းကို ၆ မှတ်အသာရယူလိုက်ပါပြီ ။ ဒီပွဲမှာ ၃ ဂိုးအထိသွင်းပြိး ဂိုးလုံးဝပြန်မပေးခဲ့ရတာက အာဆင်နယ်အတွက် အကောင်းဆုံးနိုင်ပွဲလို့တောင်ပြောလို့ရမှာပါ ။ ၃ ဂိုးစလုံးကိုလည်း open play ကနေ ယော်ကာရက်စ်နဲ့ ဆာကာတို့က သွင်းယူခဲ့ပါတယ် ။
#BeeKyal
နယူးကာဆယ်နဲ့ပွဲမှာ ဘရိုက်တန်အသင်း အမှတ်လျော့ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ တရားဝင်ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်ပါတယ်
အခုအခြေအနေအရဆိုရင် ယူနိုက်တက်ဟာ ကျန်ရှိနေတဲ့ ပွဲစဉ် (၄) ပွဲလုံးကို မကစားဘဲနေရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိထားပြီးသား ဖြစ်ပါတယ်
ဒါ့အပြင် မနက်ဖြန် အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးကိုသာ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ (၆) မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်မှာပါ
တစ်ဖက်မှာလည်း ချယ်လ်ဆီးဟာ လက်ရှိမှာ အဆင့် (၉) နေရာအထိ ရောက်ရှိနေပြီး လာမယ့်တနင်္လာနေ့ နော့တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာသာ အနိုင်မရခဲ့ရင် ဒီထက်ပိုပြီး အဆင့်တွေ ထပ်ကျသွားဖို့ ရှိနေပါတယ်
#BeeKyal
၂၀၁၆ ၊ မေလ ၂ ရက် ၊ လွန်ခဲ့တဲ့ဆယ်နှစ်ရဲ့ ဒီနေ့လိုနေ့မျိုးမှာ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ကစားခဲ့ကြပါတယ် ။ ဒီပွဲကိုသာ စပါးအသင်းမနိုင်ခဲ့ရင် လက်စတာစီးတီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတော့မှာပါ ။ ဒါကြောင့် လက်စတာကစားသမားတွေဟာ ဂျေမီဗာဒီရဲ့အိမ်မှာ လာရောက်စုဝေးပြီး လန်ဒန်ဒါဘီပွဲကို ကြည့်ခဲ့ကြပါတယ် ။
စပါးအသင်းဟာ ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင်တို့ရဲ့ဂိုးတွေနဲ့ ပထမပိုင်းအပြီးမှာ ချဲလ်ဆီးကို ၂-၀ နဲ့ ဦးဆောင်ထားခဲ့တာပါ ။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဂယ်ရီကာဟေးလ်က ပထမချေပဂိုးသွင်းပေးခဲ့ပြီး အီဒင်ဟာဇက်က ပွဲချိန် ၈၃ မိနစ်အရောက်မှာ နောက်ထပ်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ် ။ ဟာဇက်ရဲ့ချေပဂိုးအပြီးမှာ တော့တင်ဟမ်ဟော့စပါးကစားသမားတွေဟာ ချဲလ်ဆီးကစားသမားတွေအပေါ် foul တွေမကြာခဏပြုလုပ်လာခဲ့ပြီး ၂ ဘက်ကစားသမားတွေ အချင်းများခဲ့ကြရပါတယ် ။ တချိန်တည်းမှာတော့ ဂျေမီဗာဒီရဲ့ အိမ်မှာ လက်စတာစီးတီးကစားသမားတွေဟာ အောင်ပွဲခံနေကြပါပြီ ။
ဆယ်နှစ်ကြာအပြီးမှာတော့ လက်စတာစီးတီးဟာ အင်္ဂလန်ရဲ့ တတိယတန်းလိဂ်ကို သွားရောက်ကစားရတော့မှာပါ ။ ဒါပေမယ့် ၂၀၁၆ တုန်းက သူတို့စွမ်းဆောင်ခဲ့တဲ့အံ့ဖွယ်အောင်မြင်မှုအကြောင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့အတူ ထာဝရတည်တံ့နေမှာ အမှန်ပါပဲ ။
#BeeKyal
အဆင့် ၆ ကိုတက်လှမ်းလာခဲ့သလို စပါးအသင်းကိုလည်းကူညီပေးလိုက်တဲ့ ဘရန့်ဖိုဒ့်
ဘရိုက်တန်အသင်းရှုံးပွဲတွေ့မှုကို အခွင့်ကောင်းရယူကာ ဘရန့်ဖိုဒ့်တို့ အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ကစားပြီး အဆင့် ၆ နေရာကို ရောက်ရှိလာခဲ့ပါတယ် ။ အီဂေါတီယာဂိုက ဘရန့်ဖိုဒ့်အတွက် တဂိုးသွင်းပေးခဲ့ပြီး ဒီနှစ်ပရီးမီးယားလိဂ်မှာ ၂၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါပြီ ။ ဝက်စ်ဟမ်းအသင်းရှုံးနိမ့်သွားတာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်း နိုင်ပွဲရယူနိုင်မယ်ဆိုရင် တန်းဆင်းဇုန်ကနေထွက်ခွာနိုင်တော့မှာပဲ ဖြစ်ပါတယ် ။
#BeeKyal
ချန်ပီယံလိဂ်ထက် လိဂ်ဝမ်းပွဲကြည့်ရတဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ ဂွာဒီယိုလာ
"လီဗာပူးက ဒါပြီးရင် တကယ်ခက်ခဲတဲ့ပွဲတွေကို ကစားရမှာပါ ။ ချဲလ်ဆီးကို အန်ဖီးလ်မှာ ဧည့်ခံရမယ် ၊ အက်စတွန်ဗီလာနဲ့ အဝေးကွင်းပွဲရှိတယ် ၊ အဲဒါတွေက သူတို့အတွက် အမှတ်လျော့နိုင်ပါတယ် ။ ဒါကြောင့် အခုပွဲကိုရှုံးလို့မဖြစ်ပါဘူး ။ မန်ယူနိုက်တက်က လိဒ်နဲ့ပွဲမှာ အတော်ဆိုးရွားခဲ့တာပါ ။ ချဲလ်ဆီး နဲ့ ဘရန့်ဖိုဒ့်တို့ကို နိုင်ခဲ့တာကလည်း သူတို့ကောင်းလွန်းလို့မဟုတ်ပါဘူး"
"လီဗာပူးမှာ မန်ယူကို အခက်တွေ့စေနိုင်တဲ့ကစားသမားတွေ ရှိပါတယ် ။ အလက်ဇန်းဒါး အီဆက် ဂိုးပြန်သွင်းနိုင်ခဲ့တာက လီဗာပူးအတွက် အထောက်အကူဖြစ်စေမှာပါ ။ မန်ချက်စတာယူနိုက်တက်မှာ လီဗာပူးကို အနိုင်ယူဖို့ လုံလောက်မှု မရှိပါဘူး ။ ဒါကြောင့် ဒီပွဲက သရေရလဒ်ကိုပဲ ဦးတည်သွားမှာပါ"
Paul Merson
#BeeKyal
အကယ်၍ ဒီနှစ်ချန်ပီယံလိဂ်ဖလားကြီးကို -
အာဆင်နယ်ရခဲ့မယ်ဆိုရင် သူတို့အတွက် ပထမဆုံးအောင်မြင်မှု ၊ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ၇ သင်းမြောက်ချန်ပီယံဖြစ်လာပါမယ် ။
အက်သလက်တီကိုမက်ဒရစ်ရခဲ့ရင်လည်း သူတို့အတွက် ပထမဆုံးသော ချန်ပီယံလိဂ်အောင်မြင်မှုဖြစ်လာမှာဖြစ်ပြီး လာလီဂါကလပ်တွေထဲမှာ တတိယမြောက်ချန်ပီယံအသင်းဖြစ်လာမှာပါ ။
ဘိုင်ယန်မြူးနစ်သာ ချန်ပီယံဖြစ်ခဲ့ရင်တော့ ဖလား ၃ လုံးအောင်မြင်မှုကို ၃ ကြိမ်ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာနိုင်ပါတယ် ( ဂျာမန်ပိုကယ်ဖလားကိုရယူနိုင်ဖို့တော့ လိုအပ်မှာပါ ) ။
ပီအက်စ်ဂျီအသင်းဆွတ်ခူးခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ခေတ်မှာ ၂ နှစ်ဆက်ချန်ပီယံဖြစ်တဲ့ ဒုတိယမြောက်အသင်း ဖြစ်လာမှာပဲဖြစ်ပါတယ် ။ နည်းပြ အန်နရီကေးကတော့ ဖလား ၃ လုံးအောင်မြင်မှုရော ချန်ပီယံလိဂ် ၂ နှစ်ဆက်ပါရယူနိုင်တဲ့ ပထမဆုံးနည်းပြ ဖြစ်လာမှာပါ ။
ဘယ်အသင်းပဲ ချန်ပီယံဖြစ်ဖြစ် ထူးခြားတဲ့မှတ်တမ်းတွေကို ရယူသွားနိုင်ကြမှာပဲဖြစ်ပါတယ် ။
#BeeKyal
လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလာဟာ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ဒီတပတ် အိုးထရက်ဖိုဒ့်မှာကစားမယ့် မန်ယူ နဲ့ လီဗာပူးပွဲစဉ်ကို ပါဝင်လာနိုင်တော့မှာမဟုတ်ဘူးလို့ နည်းပြ အာနီစလော့က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ် ။ မိုဆာလာဟာ အိုးထရက်ဖိုဒ့်မှာ သွင်းဂိုး ၁၀ ဂိုးအထိရယူထားခဲ့ပြီး ဒါဟာ လက်ရှိမန်ယူအသင်းက ကစားသမားအတော်များများထက်တောင် ဂိုးပိုမိုသွင်းယူပေးထားပါတယ် ။ မိုဆာလာအပြင် ဂိုးသမား အဲလစ်ဆင်ဘက်ကာ နဲ့ ဟျူဂို အီကီတီကီတို့လည်း ဒီပွဲကို လွဲချော်ကြဦးမှာပါ ။
#BeeKyal
ဘွန်ဒစ်လီဂါပွဲစဉ်နဲ့ ပီအက်စ်ဂျီကို ဧည့်ခံမယ့်ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက် လေ့ကျင့်ခန်းပြုလုပ်နေတဲ့ ဘိုင်ယန်မြူးနစ်ကစားသမားတွေဆီ အလည်အပတ်ရောက်လာခဲ့တဲ့ ဘိုင်ယန်ဂန္ထဝင်တောင်ပံကစားသမားဟောင်းကြီး အာဂျန် ရော်ဘင်
ရော်ဘင်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၁၀ နှစ်ကြာအောင်ကစားသွားခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ် ၊ အမှတ်ပေးဖလားတွေအပါအဝင် ဆုဖလား ၁၇ ခုအထိရယူနိုင်ခဲ့ပါတယ် ။ လက်ရှိဘိုင်ယန်အသင်းမှာ ရော်ဘင်ရဲ့ အသင်းဖော်ဟောင်း မန်နျူရယ် နော်ယာ အခုချိန်အထိ ကစားနေသေးပြီး ဟယ်ရီကိန်း ၊ မူစီယာလာ ၊ မစ်ချယ်အိုလိစ် ၊ နည်းပြ ကွန်ပနီတို့နဲ့လည်း တွေ့ဆုံနှုတ်ဆက်သွားခဲ့ပါတယ် ။
#BeeKyal
ဟယ်ရီကိန်းရဲ့ အရန်ကစားသမားအတွက် ဘယ်သူ့ကိုရွေးချယ်မလဲ
အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်အတွက် ရွေးချယ်ရခက်စေနိုင်ပါတယ် ။ မနေ့ညက ဘန်လေအသင်းကိုအနိုင်ရတဲ့ပွဲအပြီးမှာ ဒိုမီနစ်ကယ်လ်ဗက် လီဝင်ဟာ ဒီရာသီအင်္ဂလန်ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံးကစားသမားဖြစ်လာခဲ့ပါတယ် ။ သူဟာ နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းတွေပြသလာပြီး ပွဲတိုင်းလိုလို ဂိုးတွေသွင်းပေးလာခဲ့တာပါ ။
တဘက်မှာလည်း ၃၅ နှစ်အထိ ဂိုးသွင်းစွမ်းရည်ကောင်းတွေပြသနေတဲ့ ဒန်နီဝဲလ်ဘက် နဲ့ ဗီလာအသင်းရဲ့ အဓိကဂိုးသွင်းရှင် အိုလီဝက်ကင်းစ်တို့ ရှိနေကြပါတယ် ။ အိုလီဝက်ကင်းစ်ဟာ အင်္ဂလန်အသင်းနဲ့ ပြိုင်ပွဲအတွေ့အကြုံများသူတယောက်ဖြစ်ပြီး qualifier ပွဲတွေတုန်းကလည်း ပါဝင်ကစားထားပါတယ် ။
အကယ်၍သင်သာ သောမတ်စ်တူချယ်ဖြစ်မယ်ဆိုရင် ဟယ်ရီကိန်းရဲ့ အရန်ကစားသမားနေရာအတွယ် ဘယ်သူ့ကို ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ ခေါ်ဆောင်သွားဖို့ စိတ်ကူးမလဲ . . . ။
#BeeKyal
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကျင်းပဖို့ ရက်ပေါင်း ၄၁ ရက်သာလိုပါတော့တယ် ။ ကမ္ဘာ့ဖလား qualifier ပွဲစဉ်တွေထဲမှာ ခရစ္စတီယာနို ရိုနယ်ဒိုက ၄၁ ဂိုးနဲ့ အများဆုံးအဖြစ်ရပ်တည်နေပါတယ် ။ သူ့နောက်မှာတော့ ကားလိုစ့်တိဗက် နဲ့ လီယွန်နယ် မက်ဆီတို့က ရပ်တည်နေကြတာပါ ။ လီဝန်ဒေါ့စကီးနဲ့ အလီဒါယီတို့ကလည်း အများဆုံး ၅ ယောက်ထဲမှာ ပါဝင်ခဲ့ကြပါတယ် ။ ဒီကစားသမားအားလုံးဟာ နောက်ထပ် ကမ္ဘာ့ဖလား qualifier ပွဲစဉ်တွေကို ပါဝင်ကစားကြတော့မှာမဟုတ်ပါဘူး ။
လက်ရှိကစားနေတဲ့သူတွေထဲမှာတော့ အာလင်းဟာလန်းက ၁၆ ဂိုးအထိသွင်းယူထားပြီးပါပြီ ။ ရိုနယ်ဒိုရဲ့ စံချိန်ကို လိုက်မီကျော်ဖြတ်နိုင်ဖို့ အလားအလာအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ် ။
#BeeKyal
လိဒ်ယူနိုက်တက်ကတော့ တန်းဆင်းဇုန်နဲ့ဝေးရာကို ရောက်ရှိသွားခဲ့ပါပြီ ။ မနေ့ညက ကစားခဲ့တဲ့ပွဲမှာ ဘန်လေအသင်းကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရရှိအပြီးမှာတော့ လိဒ်ယူနိုက်တက်ဟာ အဆင့် ၁၈ က တော့တင်ဟမ်ဟော့စပါးနဲ့ ၉ မှတ်အကွာကို ရောက်ရှိလာနိုင်ခဲ့ပါတယ် ။ ဒီတပတ်မှာ စပါးအသင်း နိုင်ပွဲမရခဲ့ရင်ပဲဖြစ်ဖြစ် လာမယ့်ပွဲစဉ်မှာ ၁ မှတ်ရယူနိုင်ရင်ပဲဖြစ်ဖြစ် လိဒ်ယူနိုက်တက်တို့ တန်းမဆင်းရတော့ပါဘူး ။
ဒီနှစ်ဘောလုံးရာသီအလယ်လောက်မှာ တန်းဆင်းဇုန်နားတဝဲလည်လည်ဖြစ်နေတဲ့ လိဒ်ယူနိုက်တက်ကတော့ အခုချိန်မှာ စိတ်မပူရတဲ့အနေအထားကိုရောက်ရှိသွားပြီဖြစ်ပါတယ် ။
#BeeKyal
မန်ချက်စတာယူနိုက်တက်ဟာ လီဗာပူးအသင်းကို တရာသီတည်း ၂ ကျော့စလုံးမနိုင်ခဲ့တာ ဆယ်စုနှစ်တခု ကြာခဲ့ပါပြီ ။ နောက်ဆုံးအကြိမ် လီဗာပူးကို တရာသီအတွင်း ၂ ကျော့စလုံးနိုင်ခဲ့တာက ၂၀၁၅-၁၆ ဘောလုံးရာသီမှာပါ ။ အဲဒီတုန်းက အန်တိုနီ မာစီရယ်ရဲ့သွင်းဂိုးက ဘောလုံးဝါသနာရှင်တွေကြားမှာ ပြောစမှတ်ပြုစရာဖြစ်ခဲ့ရပါတယ် ။
ဒီရာသီမှာတော့ မန်ယူဟာ လီဗာပူးကွင်းမှာ အမ်ဘျူမို ၊ မက်ဂွဲယားတို့ရဲ့ဂိုးတွေအပါအဝင် ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ် ။ လာမယ့်ပွဲစဉ်မှာတော့ အိုးထရက်ဖိုဒ့်မှာ မန်ယူအသင်းက လီဗာပူးအသင်းကို ဧည့်ခံကစားရမှာပါ ။ ဆယ်နှစ်ကြာသွားပြီဖြစ်တဲ့ လီဗာပူးကို နှစ်ကျော့စလုံးအနိုင်မကစားနိုင်မှုကို ဒီရာသီမှာ မန်ယူအသင်း ပြန်လည်ရယူသွားနိုင်မလား . . . ။
#BeeKyal
Available now! Telegram Research 2025 — the year's key insights 
