Bee Kyal Football News
Open in Telegram
ဘောလုံး အားကစားသတင်းစုံ
Show moreThe country is not specifiedThe category is not specified
591
Subscribers
No data24 hours
-37 days
-330 days
Posts Archive
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကျင်းပဖို့ ရက်ပေါင်း ၄၁ ရက်သာလိုပါတော့တယ် ။ ကမ္ဘာ့ဖလား qualifier ပွဲစဉ်တွေထဲမှာ ခရစ္စတီယာနို ရိုနယ်ဒိုက ၄၁ ဂိုးနဲ့ အများဆုံးအဖြစ်ရပ်တည်နေပါတယ် ။ သူ့နောက်မှာတော့ ကားလိုစ့်တိဗက် နဲ့ လီယွန်နယ် မက်ဆီတို့က ရပ်တည်နေကြတာပါ ။ လီဝန်ဒေါ့စကီးနဲ့ အလီဒါယီတို့ကလည်း အများဆုံး ၅ ယောက်ထဲမှာ ပါဝင်ခဲ့ကြပါတယ် ။ ဒီကစားသမားအားလုံးဟာ နောက်ထပ် ကမ္ဘာ့ဖလား qualifier ပွဲစဉ်တွေကို ပါဝင်ကစားကြတော့မှာမဟုတ်ပါဘူး ။
လက်ရှိကစားနေတဲ့သူတွေထဲမှာတော့ အာလင်းဟာလန်းက ၁၆ ဂိုးအထိသွင်းယူထားပြီးပါပြီ ။ ရိုနယ်ဒိုရဲ့ စံချိန်ကို လိုက်မီကျော်ဖြတ်နိုင်ဖို့ အလားအလာအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ် ။
#BeeKyal
လိဒ်ယူနိုက်တက်ကတော့ တန်းဆင်းဇုန်နဲ့ဝေးရာကို ရောက်ရှိသွားခဲ့ပါပြီ ။ မနေ့ညက ကစားခဲ့တဲ့ပွဲမှာ ဘန်လေအသင်းကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရရှိအပြီးမှာတော့ လိဒ်ယူနိုက်တက်ဟာ အဆင့် ၁၈ က တော့တင်ဟမ်ဟော့စပါးနဲ့ ၉ မှတ်အကွာကို ရောက်ရှိလာနိုင်ခဲ့ပါတယ် ။ ဒီတပတ်မှာ စပါးအသင်း နိုင်ပွဲမရခဲ့ရင်ပဲဖြစ်ဖြစ် လာမယ့်ပွဲစဉ်မှာ ၁ မှတ်ရယူနိုင်ရင်ပဲဖြစ်ဖြစ် လိဒ်ယူနိုက်တက်တို့ တန်းမဆင်းရတော့ပါဘူး ။
ဒီနှစ်ဘောလုံးရာသီအလယ်လောက်မှာ တန်းဆင်းဇုန်နားတဝဲလည်လည်ဖြစ်နေတဲ့ လိဒ်ယူနိုက်တက်ကတော့ အခုချိန်မှာ စိတ်မပူရတဲ့အနေအထားကိုရောက်ရှိသွားပြီဖြစ်ပါတယ် ။
#BeeKyal
မန်ချက်စတာယူနိုက်တက်ဟာ လီဗာပူးအသင်းကို တရာသီတည်း ၂ ကျော့စလုံးမနိုင်ခဲ့တာ ဆယ်စုနှစ်တခု ကြာခဲ့ပါပြီ ။ နောက်ဆုံးအကြိမ် လီဗာပူးကို တရာသီအတွင်း ၂ ကျော့စလုံးနိုင်ခဲ့တာက ၂၀၁၅-၁၆ ဘောလုံးရာသီမှာပါ ။ အဲဒီတုန်းက အန်တိုနီ မာစီရယ်ရဲ့သွင်းဂိုးက ဘောလုံးဝါသနာရှင်တွေကြားမှာ ပြောစမှတ်ပြုစရာဖြစ်ခဲ့ရပါတယ် ။
ဒီရာသီမှာတော့ မန်ယူဟာ လီဗာပူးကွင်းမှာ အမ်ဘျူမို ၊ မက်ဂွဲယားတို့ရဲ့ဂိုးတွေအပါအဝင် ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ် ။ လာမယ့်ပွဲစဉ်မှာတော့ အိုးထရက်ဖိုဒ့်မှာ မန်ယူအသင်းက လီဗာပူးအသင်းကို ဧည့်ခံကစားရမှာပါ ။ ဆယ်နှစ်ကြာသွားပြီဖြစ်တဲ့ လီဗာပူးကို နှစ်ကျော့စလုံးအနိုင်မကစားနိုင်မှုကို ဒီရာသီမှာ မန်ယူအသင်း ပြန်လည်ရယူသွားနိုင်မလား . . . ။
#BeeKyal
ဖရန့်ဖတ်အသင်းကို ယူရိုပါလိဂ်ရယူပေးခဲ့တယ် ။
မန်စီးတီးကို အနိုင်ကစားပြီး ခရစ္စတယ်ပဲလေ့စ်ကို အက်ဖ်အေဖလားရရှိစေခဲ့တယ် ။
ကွန်မြူနတီရှီးလ်မှာလည်း လီဗာပူးကို အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ပြန်တယ် ။
အခုတဖန် ယူရိုပါကွန်းဖရင့်စ်လိဂ်ကို ရယူဖို့ အလားအလာကောင်းနေပြန်ပါပြီ ။
အိုလီဗာ ဂလက်စနာကတော့ တကယ်ကို ချီးကျူးသင့်တဲ့နည်းပြကောင်းတယောက်ပါပဲ ။
#BeeKyal
ကွန်းဖရင့်စ်လိဂ်မှာ ပြိုင်ဘက်ကင်းနေတဲ့ ပဲလေစ့်အသင်း
UEFA Europa Conference League Semi-Final ( First Leg )
Shakhtar Donetsk 1-2 Crystal Palace
ယူကရိန်းထိပ်သီးကလပ် ရှက်တာဒိုးညက်အသင်းကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင်ကစားအပြီးမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ သူတို့ရဲ့ ပထမဆုံး European competition မှာ ဗိုလ်လုပွဲအထိ ရောက်ရှိဖို့ အလားအလာကောင်းသွားခဲ့ပါပြီ ။ အစ္စမေလာဆား ၊ ကာမာဒါ ၊ ဂျော်ဂန်လာဆင်တို့ရဲ့ဂိုးတွေက ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်အတွက် ဖိအားမရှိသလောက်နည်းသွားစေခဲ့ပါတယ် ။ အခြားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ စပိန်ကလပ် ဗယ်လက်ကာနိုအသင်းက ပြင်သစ်ကလပ် စထာရာဘော့ဂျ်ကို ၁-၀ နဲ့ အနိုင်ကစားသွားခဲ့ပါတယ် ။
#BeeKyal
ခရစ္စတယ်ပဲလေ့စ်ကို ကွန်းဖရင့်စ်လိဂ်မှာ ရပ်တန့်ဖို့ မလွယ်ကူတော့ပါဘူး ။ ပုံစံကောင်းပြနေပြီး ပွဲတိုင်းလိုလို ဂိုးသွင်းနေတဲ့ အစ္စမေလာဆား ၊ ဝါရင့်နည်းပြကြီး အိုလီဗာ ဂလက်စနာတို့ရဲ့ ပဲလေ့စ်ဟာ ကွန်းဖရင့်စ်လိဂ်ဆီမီးဖိုင်နယ်ပထမအကျော့မှာ ရှက်တာဒိုးညက်အသင်းကို ၃-၁ နဲ့ အနိုင်ကစားခဲ့ပါပြီ ။ အဝေးကွင်းမှာ စွမ်းဆောင်ခဲ့တာပါ ။ ဗိုလ်လုပွဲရောက်ဖို့ မိနစ် ၉၀ သာ လိုပါတော့တယ် ။ တဘက်ပွဲစဉ်က ဗယ်လက်ကာနို နဲ့ စထရာဘော့ဂျ်တို့ထဲက ဘယ်အသင်းပဲ တက်လာတက်လာ ပဲလေ့စ်ကို ယှဉ်နိုင်ဖို့ မလွယ်ကူပါဘူး ။
ယူရိုပါလိဂ်မှာတော့ နော်တင်ဟမ်ဖောရက်စ်တို့ ပုံစံကောင်းကို ဆက်လက်ပြသခဲ့ပြီး အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ် ။ ဒီပွဲအပါအဝင် နော်တင်ဟမ်ဖောရက်စ်တို့ ပြိုင်ပွဲအစုံ ရှုံးပွဲမရှိတာ ၉ ပွဲဆက်ခဲ့ပါပြီ ။ ဗီလာနောက်ခံလူ လူးကပ်စ်ဒင်းရဲ့ ပေါ့ဆတဲ့အနေအထားကြောင့် ရရှိလာတဲ့ပင်နယ်တီကို ခရစ်ဝုဒ်က အမှားအယွင်းမရှိကန်သွင်းခဲ့တာပါ ။ နောက်ထပ်ဆီမီးဖိုင်နယ်မှာတော့ စပို့တင်းဘရာဂါက ဖရိုင်းဘတ်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ် ။
ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွေကို နောက်တပတ်မှာ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမှာပါ ။ ပဲလေ့စ် ၊ ဗီလာ နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ထဲက ဘယ်အသင်းတွေ ဗိုလ်လုပွဲတက်ရောက်လာနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ် ။
#BeeKyal
ဒီနေ့ညမှာတော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး ဘောလုံးဝါသနာရှင်တွေစိတ်ဝင်စားမယ့် ပွဲကောင်းတစ်ပွဲပါဝင်နေပါတယ် ။ အဲဒါကတော့ ပရီးမီးယားလိဂ်ကလပ် ၂ သင်းဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ် နဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ ပွဲစဉ်ပါ ။ သူတို့ဟာ ဧပြီလ ၁၂ ရက်နေ့တုန်းက ဖောရက်စ်ကွင်းမှာ တွေ့ဆုံထားခဲ့ကြပြီး တဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ် ။ အခုညမှာလည်း ဖောရက်စ်ကွင်းမှာ ထပ်မံဆုံတွေ့ကြပြန်ပါပြီ ။
အက်စတွန်ဗီလာဟာ ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ဖို့ အလားအလာကောင်းနေတဲ့အသင်းပါ ။ ဒါပေမယ့် အခုဆုံတွေ့မယ့်ပြိုင်ဘက်က သူတို့နဲ့မကြာခဏဆုံတွေ့နေတဲ့အသင်းဖြစ်နေပါတယ် ။ နော်တင်ဟမ်ဖောရက်စ်ဟာ နောက်ဆုံးကစားတဲ့ ၈ ပွဲဆက် ရှုံးပွဲမရှိဘဲ ပုံစံကောင်းတွေပြသနေပါတယ် ။ ကွာတားဖိုင်နယ်အဆင့်တုန်းကလည်း နာမည်ကြီး ပေါ်တိုအသင်းကို ကျော်ဖြတ်လာခဲ့တာပါ ။
ဒီပွဲစဉ်က အနိုင်ရတဲ့အသင်းဟာ ယူရိုပါလိဂ်ချန်ပီယံဖြစ်လာနိုင်တယ်လို့တောင် သုံးသပ်ထားကြတာပါ ။ နော်တင်ဟမ်ဖောရက်စ်က အံ့အားသင့်စရာတွေကို ထပ်မံစွမ်းဆောင်ပြနိုင်မလား ၊ ယူရိုပါလိဂ်ဝါရင့်ကြီး အူနိုင်းအမ်မရီကပဲ ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်အတွက် ဖိအားနည်းမယ့်ရလဒ်ကို ယူဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ကြပါစို့ဗျာ ။
#BeeKyal
ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့ အတူ ဇယားထိပ်ကနေ ၈မှတ် ဖြတ်လိုက်တဲ့ အယ်နာဆာ
မနေ့ညက ကစားသွားတဲ့ အယ်နာဆာ - အယ်အာလီ ဆော်ဒဒီပရိုလိဂ်ပွဲမှာ ခရစ်တီယာနို ရော်နယ်ဒို အယ်နာဆာ အတွက် အဖွင့်ဂိုး စသွင်းပေးခဲ့ပြီး၊ ၂-၀ ရလဒ်နဲ့ အတူ ဇယားထိပ်ကနေ ၈မှတ် ဖြတ်ထားလိုက်ပြီ ဖြစ်ပါတယ်။
ဆော်ဒီချန်ပီယံဆု အတွက် လက်ကျန် ၄ပွဲမှာ ၃ပွဲ အနိုင်ကန်ဖို့ လိုသေးပေမယ့်၊ လွယ်ကူတဲ့ ပွဲစဉ်တွေ ပါဝင်နေတာကြောင့် ရော်နယ်ဒိုရဲ့ ဆော်ဒီမြေက ပထမဆုံး ဆုဖလားက အလှမ်းမဝေးတော့ပါဘူး။
#BeeKyal
အက်သလက်တီကိုမက်ဒရစ်ကွင်းမှာ မရှုံးနိမ့်အောင် ကစားခဲ့အပြီးမှာတော့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဖိုင်နယ်တက်ရောက်နိုင်ပြီလို့ ကြိုပြောရတော့မလားမသိပါဘူး ။ အေတီကိုမက်ဒရစ်ဟာ ၁၆ သင်းဆင့် နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဒုတိယအကျော့တွေကို ရှုံးနိမ့်ထားခဲ့တာကြောင့်ပါပဲ ။ ၁၆ သင်းအဆင့်တုန်းကဆိုရင် အဝေးကွင်းမှာ စပါးအသင်းကိုတောင် ရှုံးနိမ့်ခဲ့တာပါ ။ အခုလည်း အီးမရိတ်မှာ အာဆင်နယ်ကို နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး ။
အာဆင်နယ်ကတော့ ချန်ပီယံလိဂ်မှာ အခုထိရှုံးပွဲမရှိသေးသလို ဖိုင်နယ်တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ရှုံးပွဲမရှိချန်ပီယံဖြစ်လာဖို့ အခွင့်အရေးရှိနေပါတယ် ။ အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရှုံးပွဲမရှိရယူနိုင်တဲ့ တသင်းတည်းသောအသင်းဖြစ်လာနိုင်မလားဆိုတာကတော့ . . .
#BeeKyal
ဒီနေ့ညမှာတော့ ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပွဲတစ်ပွဲကို ကျွန်တော်တို့က ကြည့်ရတော့မှာပါ
အဲ့ပွဲကတော့ အာဆင်နယ် နဲ့ တီကိုတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲပါပဲ
အာဆင်နယ်ကလဲ ပိတ်ဆော့မှာဖြစ်ပြီး တီကိုကလဲ ပိတ်ဆော့မှာပါ
အဲ့တော့ ဒီညပွဲမှာ ဂိုးသွင်းကြမှာမဟုတ်ပါဘူး
သူပိတ် ကိုယ်ပိတ် နဲ့ အပိတ်ပြိုင်ကြမှာပါ
ကွင်းထဲက ဘောလုံးပရိသတ်တွေကိုလဲ လက်မှတ်ရှုံးအောင် သူတို့ကလုပ်ကြမှာပါ
အဲ့ထဲမှာ တီကိုကတော့ နဲနဲသွက်သေးတော့ တော်ပါသေးတယ်
ဒါပေမဲ့ အာဆင်နယ်ကတော့ လေးတိလေးလံနဲ့ ရပ်ကွက်အဆင့်ဘောလုံးသမားတွေ ဝင်ကန်နေသလားတောင် အောက်မေ့ရပါတယ်
#BeeKyal
ယူနိုက်တက် အသင်းတာဝန်ရှိသူတွေဟာ နည်းပြသစ်ခန့်အပ်ဖို့အတွက် အတွင်းပိုင်း ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပေမဲ့ လက်ရှိယာယီနည်းပြ ကာရစ် အမြဲတမ်းနည်းပြ ဖြစ်လာဖို့ အခွင့်အရေးကတော့ တစ်ပတ်ထက်တစ်ပတ် ပိုပြီး များပြားလာနေပါတယ် ဒါဟာ ကာရစ်အနေနဲ့ အသင်းနဲ့ရော ကစားသမားတွေနဲ့ပါ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေသလို သူဦးဆောင်ခဲ့တဲ့ ပွဲစဉ်တွေမှာလည်း ရလဒ်ကောင်းတွေနဲ့အတူ အဆင့်အတန်းမြင့်မားတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့တာကြောင့်ပါ
ကာရစ်ဟာ ယူနိုက်တက်ဆီကို တည်ငြိမ်မှုနဲ့ ရှင်းလင်းတဲ့ နည်းစနစ်ပိုင်းတွေကို ယူဆောင်လာပေးနိုင်ခဲ့သလို အဝတ်လဲခန်းထဲက ဝါရင့်ကစားသမားတွေနဲ့လည်း အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပါတယ် အထူးသဖြင့် အသင်းရဲ့ အဓိက မောင်းနှင်အားဖြစ်တဲ့ ဘရူနိုနဲ့ ကာရစ်ကြားက ဆက်ဆံရေးဟာ တကယ့်ကို ထူးခြားကောင်းမွန်နေတာပါ
ဘရူနိုတင်မကဘဲ မက်ဂွဲယား အပါအဝင် တခြားကစားသမားတွေနဲ့ပါ ကာရစ်ရဲ့ ဆက်ဆံရေးက အလွန်ခိုင်မာနေတာကို မြင်တွေ့ရမှာပါ ဒီလိုမျိုး အသင်းသားတွေရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိထားတာကပဲ ကာရစ်ကို အမြဲတမ်းနည်းပြ ဖြစ်လာဖို့အတွက် အားသာချက်တွေ ဖြစ်စေခဲ့တာပါ
#BeeKyal
FA Cup ရဲ့ အအောင်မြင်ဆုံးအသင်းများ
အကယ်၍ အခုနှစ်ဗိုလ်လုပွဲမှာ မန်စီးတီးအနိုင်ရခဲ့မယ်ဆိုရင် ချဲလ်ဆီး ၊ လီဗာပူး ၊ တော့တင်ဟမ်ဟော့စပါးတို့နဲ့အတူ တတိယအအောင်မြင်ဆုံးအသင်းတွေထဲကတသင်း ဖြစ်လာမှာပါ ။ ချဲလ်ဆီးအသင်းဗိုလ်စွဲခဲ့မယ်ဆိုရင်လည်း အာဆင်နယ် ၊ မန်ယူတို့ပြီးရင် တတိယအအောင်မြင်ဆုံးအသင်းဖြစ်လာမှာပါ ။ ချဲလ်ဆီးတို့ အက်ဖ်အေဖလားကို နောက်ဆုံးရယူနိုင်ခဲ့တာက ၂၀၁၈ တုန်းကဖြစ်ပြီး မန်စီးတီးကတော့ ၂၀၂၃ မှာ တကြိမ်ရယူထားခဲ့ပါတယ် ။ လီဗာပူးက ၂၀၂၂ မှာ နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်း အက်ဖ်အေဖလားကို နောက်ဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့တာက ၁၉၉၁ ခုနှစ်ကဖြစ်ပါတယ် ။
#BeeKyal
Available now! Telegram Research 2025 — the year's key insights 
