en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

သိင်္ခ

သိင်္ခ

Open in Telegram

အသိတိုး

Show more
The country is not specifiedThe category is not specified
1 066
Subscribers
No data24 hours
-367 days
-7530 days
Posts Archive
ဂျပန်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် သဘောတူ မနီလာ၊ စက်တင်ဘာ ၂၁ ဂျပန်နိုင်ငံနှင့် အာဆီယံတိုသည် ကုန်
ဂျပန်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် သဘောတူ မနီလာ၊ စက်တင်ဘာ ၂၁ ဂျပန်နိုင်ငံနှင့် အာဆီယံတိုသည် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ခိုင်မာရေးနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ မြင့်တက်လာမှုတိုကို ထည့်သွင်းစဉ်းစားကာ နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ပိုမိုခိုင်မာအားကောင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ မနီလာမြို၌ စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် ဂျပန်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် နှစ်ဖက်က ယင်းသို သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

FIFA ASEAN Cup 2026 အတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန် လူငယ်ကစားသမားသစ်များနှင့် စီနီယာကစားသမားများ ပေါင်းစပ်ရွေးခ
FIFA ASEAN Cup 2026 အတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန် လူငယ်ကစားသမားသစ်များနှင့် စီနီယာကစားသမားများ ပေါင်းစပ်ရွေးချယ် ရန်ကုန်၊ စက်တင်ဘာ ၂၁ FIFA ASEAN Cup 2026 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို ထုတ်ပြန်လိုက်ရာ လူငယ်ကစားသမားသစ်များနှင့် အတွေ့အကြုံရှိ စီနီယာကစားသမားများ ပေါင်းစပ်ပါဝင်လာကြောင်း သိရသည်။

မော်စကိုအပါအဝင် ရုရှားနိုင်ငံထဲသို ယူကရိန်းက ဒရုန်းအစင်း ၁,၀၀၀ ကျော်ဖြင့် တိုက်ခိုက် ရုရှားပါလီမန်ရွေးကောက်ပွဲ နောက်ဆုံးနေ့ကျ
မော်စကိုအပါအဝင် ရုရှားနိုင်ငံထဲသို ယူကရိန်းက ဒရုန်းအစင်း ၁,၀၀၀ ကျော်ဖြင့် တိုက်ခိုက် ရုရှားပါလီမန်ရွေးကောက်ပွဲ နောက်ဆုံးနေ့ကျင်းပနေစဉ် ယူကရိန်းကမော်စကိုမြိုတော်သို ပစ်မှတ်ထားသည့်ဒရုန်းရာပေါင်းများစွာ အပါအဝင် ဒရုန်းအစင်း‌ရေ ၁,၀၀၀ ကျော်ဖြင့် ညပိုင်းတွင်တိုက်ခိုက်ခဲ့သည်ဟုတာ၀န်ရှိသူများက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။ အဆိုပါ ဒရုန်းတိုက်ခိုက်မှုသည် ရုရှားမြိုတော်မော်စကိုအတွက် "သမိုင်းတစ်လျှောက် အကြီးမားဆုံး" တိုက်ခိုက်ခံရမှုဖြစ်ပြီး ဒရုန်းများ၏လှိင်းဟုမော်စကိုမြိုတော်ဝန်က ပြောဆိုပြီး မြိုတော်ရှိ ရေနံချက်စက်ရုံတစ်ရုံနှင့် လူနေအဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားသည့်စစ်မဲ့ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး တောင်ကိုရီးယားစစ်သားသုံးဦး ဒဏ်ရာရ တောင်နှင့်
ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားသည့်စစ်မဲ့ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး တောင်ကိုရီးယားစစ်သားသုံးဦး ဒဏ်ရာရ တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားသည့် စစ်မဲ့ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာ အရာရှိသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် ကမ္ဘာပေါ်တွင် မိုင်းအများဆုံး ထောင်ထားသည့် နယ်စပ်ဒေသများအနက် တစ်ခုဖြစ်သော စစ်မဲ့ဇုန်အတွင်းရှိ စစ်ဘက်ဆိုင်ရာ နယ်သတ်စည်း (MDL) ၏ တောင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိခဲ့သည့် အရာရှိ နှစ်ဦးကို ရဟတ်ယာဉ်ဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီး တတိယမြောက် အရာရှိကိုမူ ကုန်းလမ်းမှ ပိုဆောင်ပေးခဲ့ရကြောင်း ပူးတွဲစစ်ဦးစီးချုပ်များရုံး (JCS) က ပြောကြားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုသည် မြောက်ကိုရီးယားဘက်က ထောင်ထားသည့်မိုင်း သိုမဟုတ် တောင်ကိုရီးယားဘက်က ထောင်ထားသည့် မိုင်း သိုမဟုတ် အခြား ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုခုကြောင့် ဖြစ်ပွားခဲ့ခြင်း ဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လူငယ်ကျောင်းသားအားကစားသမားများအတွက် လေ့ကျင့်ရေးသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန် ဒုဝန်ကြီးပြော နေပြည်တော်၊ စက်တင်ဘာ ၂၁ လူငယ်ကျေ
လူငယ်ကျောင်းသားအားကစားသမားများအတွက် လေ့ကျင့်ရေးသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန် ဒုဝန်ကြီးပြော နေပြည်တော်၊ စက်တင်ဘာ ၂၁ လူငယ်ကျောင်းသားအားကစားသမားများ အဆင်ပြေချောမွေ့စွာ လေ့ကျင့်နိုင်စေရန် လိုအပ်သည့် လေ့ကျင့်ရေးသုံး အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ကူညီ ဖြည့်ဆည်းပေးသွားရန် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက ပြောကြားခဲ့ကြောင်း သိရသည်။

တာမွေမြိုနယ်၌ ၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ တာမွေ၊ စက်တင်ဘ
တာမွေမြိုနယ်၌ ၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ တာမွေ၊ စက်တင်ဘာ ၂၁ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြိုနယ်၌ ၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို တာမွေမြိုနယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အနောက်နိုင်ငံတွေရဲ့ စကားကို နားထောင်ပြီး ရုရှားနဲ့ စစ်တိုက်လိုက်တာက ယူကရိန်း မှားတယ်လို စလိုဗက်ကီးယားဝန်ကြီးချုပ် ဆို စက်တင်ဘ
အနောက်နိုင်ငံတွေရဲ့ စကားကို နားထောင်ပြီး ရုရှားနဲ့ စစ်တိုက်လိုက်တာက ယူကရိန်း မှားတယ်လို စလိုဗက်ကီးယားဝန်ကြီးချုပ် ဆို စက်တင်ဘာ - ၂၁ ( တနင်္လာနေ့ ) ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ရုရှားနဲ့ ဖြစ်နိုင်ချေရှိခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကိုယူလိုက်ရမဲ့ အစား အနောက်နိုင်ငံတွေရဲ့ စကားနားထောင်ပြီး ယူကရိန်းက ရုရှားနဲ့ စစ်ဖြစ်ဖိုရွေးချယ်လိုက်တာက “အမှားကြီးတစ်ခု လုပ်လိုက်တာပဲ” လို စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကိုက ပြောကြားလိုက်ပါတယ်။

ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုစက်တင်ဘာလတတိယပတ်တွင် ကြက်သွန်စျေးနှုန်း ဆက်လက်မြင့်တက်နေပြီး တစ်ပိဿ ကျပ် ၆၀၀၀ ကျော်ထိ ရောက
ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုစက်တင်ဘာလတတိယပတ်တွင် ကြက်သွန်စျေးနှုန်း ဆက်လက်မြင့်တက်နေပြီး တစ်ပိဿ ကျပ် ၆၀၀၀ ကျော်ထိ ရောက်ရှိသွားကြောင်း သိရ ကြက်သွန်စျေးနှုန်းမြင့်တက်လာသော်လည်း ကုန်ဝင်ရောက်မှုမှာ ပိဿချိန် ၁၀၀၀၀ အောက်သာရှိပြီး တောင်သူများထံ ကုန်လက်ကျန်နည်းပါးနိုင်ကြောင်း လုပ်ကိုင်သူများထံမှ သိရသည်။ ပခုက္ကူစျေးကွက်အတွင်း ပိဿချိန် ၇၀၀၀ ဝင်ရောက်သည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂျွန်သေး တစ်ပိဿ ၅၀၀၀ - ၅၃၀၀ ကျပ် ၊ဂျွန်လတ်တစ်ပိဿ ၅၄၀၀ - ၅၈၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၅၉၀၀ - ၆၃၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။

တံတားအလယ် ကုန်ပြောင်းသယ်ယူရမှုကြောင့် တာချီလိတ်တွင် သယ်ယူစရိတ်မြင့်တက်ပြီး ကုန်ဈေးနှုန်းတက်လာနိုင် 𝙎𝙀𝙋~𝟐𝟏 မြန်မာ-ထိုင်းန
တံတားအလယ် ကုန်ပြောင်းသယ်ယူရမှုကြောင့် တာချီလိတ်တွင် သယ်ယူစရိတ်မြင့်တက်ပြီး ကုန်ဈေးနှုန်းတက်လာနိုင် 𝙎𝙀𝙋~𝟐𝟏 မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်တွင် ကုန်ပစ္စည်းများကို တံတားအလယ်မှတစ်ဆင့် လူကိုယ်တိုင် လမ်းလျှောက်သယ်ယူနေရခြင်းကြောင့် သယ်ယူပိုဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာပြီး တာချီလိတ်ဒေသအတွင်း ကုန်ပစ္စည်းဈေးနှုန်းများပါ မြင့်တက်လာနိုင်ကြောင်း ထိုင်းရတ်သတင်းက စက်တင်ဘာ ၂၁ ရက်တွင် ဖော်ပြထားသည်။ လက်ရှိစနစ်အရ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြိုဘက်မှ တင်ပိုလာသည့် ကုန်ပစ္စည်းများကို ယခင်ကဲ့သို ဗန်ကားများ၊ သုံးဘီးယာဉ်များနှင့် ဘေးတွဲဆိုင်ကယ်များဖြင့် တာချီလိတ်ဘက်သို တိုက်ရိုက်သယ်ယူခွင့်မပြုဘဲ လူကိုယ်တိုင် လမ်းလျှောက်သယ်ဆောင်ကာ တံတားအလယ်မှတစ်ဆင့် မြန်မာဘက်ခြမ်းရှိ သတ်မှတ်နေရာသို ပိုဆောင်ရသည့် အခြေအနေဖြစ်ပေါ်နေခြင်းဖြစ်သည်။

ညောင်တုန်းကျွန်းတာ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေ
ညောင်တုန်းကျွန်းတာ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြိုနယ်၌ ဩဂုတ်လကုန်မှ စက်တင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော တိုးမြစ်မြစ်ကမ်းပြိုခြင်း၊ ရေတိုက်စားမှုများဖြစ်ပေါ်ခဲ့သော ညောင်တုန်းကျွန်းတာ တာမိုင် ၁၁/ ၅ မှ ၁၁/ ၇ အတွင်းနှင့် တာမိုင် ၁၂/ ၂ မှ ၁၂/ ၃ အတွင်း နေရာများတွင် တုတ်တန်းရိုက်သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြည့် တာခြေထောက်ခြင်းနှင့် ယာယီပန်းတာတည်ဆောက်ခြင်းလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက လူအင်အား၊ စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ ဩဂုတ်လအတွင်း ၇၁ ဦးစိစစ်ခဲ့ပြီး ၅၄ ဦးအား
မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ ဩဂုတ်လအတွင်း ၇၁ ဦးစိစစ်ခဲ့ပြီး ၅၄ ဦးအား CI ထုတ်ပေးနိုင်ခဲ့သည်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း ၁၅ ခုတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို အမြန်ဆုံးပြန်လည်ပိုဆောင်နိုင်ရေးအတွက် နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့် နေရပ်ပြန်လည်ပိုဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကွာလာလမ်ပူမြိုရှိ မြန်မာသံရုံးက အသိပေးထားသည်။ ထိန်းသိမ်းခံထားရသူများအနက် ကိုယ်ပိုင်သဘောဆန္ဒဖြင့် နေရပ်ပြန်လိုကြောင်း တင်ပြလျှောက်ထားသူများကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ပြန်လည်ပိုဆောင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

တခါတလေတော့လဲ စာနာမိပါတယ်။ ခက်တာက ထွန်းမြင့်နိုင်ရဲ့ သွေးထိုးပေးမှုနဲ့ ရခိုင်တွေရဲ့ စိတ်ဓာတ်က ပျက်စီးသွားပြီ။ ကိုယ်ပြုသောကံ ပဲ
တခါတလေတော့လဲ စာနာမိပါတယ်။ ခက်တာက ထွန်းမြင့်နိုင်ရဲ့ သွေးထိုးပေးမှုနဲ့ ရခိုင်တွေရဲ့ စိတ်ဓာတ်က ပျက်စီးသွားပြီ။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာတာပါပဲ။

မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသည့် ကလေးငယ်အား ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုကူညီ 𝙎𝙀𝙋~𝟐𝟏 ရန်ကုန်တိုင်းဒေသကြ
မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသည့် ကလေးငယ်အား ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုကူညီ 𝙎𝙀𝙋~𝟐𝟏 ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုနယ်၊ မြိုဟောင်းအရှေ့ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဖွင့်လှစ်ပိုချနေစဉ် ကစားရင်း မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်တစ်ဦးအား သန်လျင်မြိုနယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုကူညီပေးခဲ့ကြောင်း သိရသည်။

ပါမောက္ခချုပ်ဆရာတော်ကြီး ယနေ့ညနေပိုင်းတွင် မန္တလေးမြို၌ တရားဟောကြားတော်မူမည် ပါမောက္ခချုပ်ဆရာတော်ကြီးသည် ယနေ့ စက်တင်ဘာ ၂၁ ရက်
ပါမောက္ခချုပ်ဆရာတော်ကြီး ယနေ့ညနေပိုင်းတွင် မန္တလေးမြို၌ တရားဟောကြားတော်မူမည် ပါမောက္ခချုပ်ဆရာတော်ကြီးသည် ယနေ့ စက်တင်ဘာ ၂၁ ရက်ညနေပိုင်းတွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြိုနယ်ရှိ "ညီမူရာ"တရားပွဲမဏ္ဍပ်၌ တရားနာဧည့်ပရိ သတ်များအား နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တရားပွဲကို မန္တလေးမြို၊ မလွန်စျေးဆန်လှူအ သင်းကြီး၏ နှစ်(၁၃၀)ပြည့် မဟာတဏ္ဍုလဒါန ဆွမ်းဆန်တော်အလှူပွဲကြီးအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ်ဆင်ယင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထိုပြင် စက်တင်ဘာ ၂၂ ရက်ညနေပိုင်းတွင်လည်း သီ တဂူဆရာတော်ကြီးက တရားနာဧညိ့ပရိသတ်များကို နိဗ္ဗာန်ရောက်ကြောင်းတရားတော်များဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။

မကြာမီကာလတွင် 5G စနစ်များ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးဒုဝန်ကြီး ပြောကြား မကြာမီကာလတွင် 5G စနစ်များ စတင်အသုံးပြု
မကြာမီကာလတွင် 5G စနစ်များ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးဒုဝန်ကြီး ပြောကြား မကြာမီကာလတွင် 5G စနစ်များ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားသည်။ စက်တင်ဘာ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြိုနယ် ဟံသာဝတီရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မိုဘိုင်းတယ်လီဖုန်း အော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားကို ရန်လိုတဲ့ ဂျာမန်စစ်ဗိုလ်ချုပ်ကြီးက နေတိုးစစ်ဘက်ဆိုင်ရာ အကြီးအကဲရာထူးကို ရသွားပြီ စက်တင်ဘာ - ၂၁ ( တနင်္လာနေ့ ) ဂျာမန
ရုရှားကို ရန်လိုတဲ့ ဂျာမန်စစ်ဗိုလ်ချုပ်ကြီးက နေတိုးစစ်ဘက်ဆိုင်ရာ အကြီးအကဲရာထူးကို ရသွားပြီ စက်တင်ဘာ - ၂၁ ( တနင်္လာနေ့ ) ဂျာမန်ကြည်းတပ်ဗိုလ်ချုပ် ကာစတန် ဘရွိင်ယာ ဟာ နေတိုးစစ်ဘက်ဆိုင်ရာ ကော်မတီရဲ့ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံလိုက်ရပါပြီ။ ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားကို ဟန့်တားဖိုအတွက် သူတိုရဲ့ လက်နက်ကိုင်တပ်ဖွဲတွေကို အင်တိုက်အားတိုက် အားဖြည့်နေချိန်မှာ ဒီလို ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်ဝဲ လိုခေါ်တဲ့ ဂျာမန်စစ်တပ်ရဲ့ အထွေထွေစစ်ဆေးရေးမှူးချုပ် ဖြစ်တဲ့ ဘရွိင်ယာဟာ လက်ရှိဥက္ကဋ္ဌ ဖြစ်တဲ့ အီတလီရေတပ်ဗိုလ်ချုပ် ဂျူဇက်ပီ ကာဗို ဒရာဂွန် ရာထူးကနေ အနားယူတဲ့အခါ ဆက်ခံမှာဖြစ်ပြီး၊ သူ့ရဲ့ သုံးနှစ်သက်တမ်းကိုတော့ ၂၀၂၇ ခုနှစ် နွေရာသီမှာ စတင်ထမ်းဆောင်မှာပါ။

AI ပေါ် အလွန်အမင်း မှီခိုမှု၏ သင်ခန်းစာနှင့် မီနက်ဘ်ကျောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ် နည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် ယနေ့ခေတ် စစ်ပွဲများတွင် AI (ဥာဏ်ရည်တု) စနစ်များကို စစ်ရေးဆုံးဖြတ်ချက်များ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်။ သို့သော်လည်း နည်းပညာပေါ် အလွန်အမင်း မှီခိုခြင်း၏ ဆိုးကျိုးကို အီရန်တောင်ပိုင်း မီနက်ဘ် (Minab) မြို့ရှိ မိန်းကလေး မူလတန်းကျောင်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်က အထင်အရှား မီးမောင်းထိုးပြလိုက်သည်။ Bloomberg သတင်းဌာန၏ စုံစမ်းစစ်ဆေးမှုများအရ အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်သည် အဆိုပါ ကျောင်းအား တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချမှတ်ရာတွင် Palantir ကုမ္ပဏီ၏ Maven Smart Systems (MSS) တွင် ထည့်သွင်းထားသော AI စနစ်ပေါ်၌ လွန်လွန်ကဲကဲ အားကိုးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆိုးရွားသည့် ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအလိုမှာပင် ပင်တဂွန် စစ်ဌာနချုပ်က ဤတိုက်ခိုက်မှုသည် အမေရိကန်၏ တာဝန်ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။ စစ်ဝန်ကြီးဌာန၏ လေ့လာဆန်းစစ်ချက်များအရ ယခုကဲ့သို့ ဖြစ်ရပ်ဆိုးကြုံတွေ့ရခြင်းမှာ ကြီးမားသည့် ဆုံးဖြတ်ချက် အမှားတစ်ခုတည်းကြောင့် မဟုတ်ဘဲ၊ သေးငယ်သော ဆုံးဖြတ်ချက် အမှားပေါင်းများစွာ အစဉ်လိုက် ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဤဖြစ်စဉ်သည် စစ်ရေးနှင့် လူသားဒုက္ခဆိုင်ရာ ဆုံးဖြတ်ချက်များတွင် AI နည်းပညာကို အကန့်အသတ်မရှိ ယုံကြည်ခြင်း၏ အန္တရာယ်နှင့် လူသားတို့၏ သေချာစွာ စိစစ်သုံးသပ်မှု (Human Oversight) မရှိမဖြစ် လိုအပ်ကြောင်းကို မီးမောင်းထိုးပြနေသည့် သင်ခန်းစာတစ်ခုပင် ဖြစ်သည်။

photo content

System Breakdown ဖြစ်ရခြင်းမှာ အကြမ်းဖက်အဖွဲများ၏ဖျက်ဆီးမှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ် နှောင့်ယှက်ဖျက်ဆီးသူများက
System Breakdown ဖြစ်ရခြင်းမှာ အကြမ်းဖက်အဖွဲများ၏ဖျက်ဆီးမှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ် နှောင့်ယှက်ဖျက်ဆီးသူများကို ဖော်ထုတ်သတင်းပေး ကြရန်မေတ္တာရပ်ခံ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် System Breakdown မကြာခဏဖြစ်ပေါ်နေရခြင်းနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်တွင် အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။ ဓာတ်အားလိုင်းကြီးများအပါအဝင် ဓာတ်အားစနစ်တစ် လျှောက် မိုးကြိုးလျှပ်စစ်အန္တရာယ်မှအကာအကွယ်ရရှိနိုင်ရန် တာဝါတိုင်များတွင်တပ်ဆင်ထားသည့် မြေစိုက် ကြိုးများဖြတ်ခိုးခံရခြင်း၊ တာဝါတိုင်အခြေမှ သံဘောင် များ၊ ဘိုနပ်များဖြုတ်ခိုးခံရယူခြင်းတိုကြောင့် ဓာတ် အားစနစ်သည် မိုးကြိုးလျှပ်စီးဒဏ်မှ အကာအကွယ်မဲ့ကာ ဝန်သယ်ကြိုးများတွင် ဒဏ်များပိုမိုဖြစ်ပေါ်လာသည်ဟု အသိပေးခဲ့သည်။

အီရန်ရဲ့ တောင်းဆိုချက်တွေ အမေရိကန်လက်မခံသေးသရွေ့ ဟော်မုဇ် ရေလက်ကြားကို ဆက်ပိတ်ထားမယ်လို အီရန် လွှတ်တော်ဥက္ကဋ္ဌ ပြော အီရန်က တင
အီရန်ရဲ့ တောင်းဆိုချက်တွေ အမေရိကန်လက်မခံသေးသရွေ့ ဟော်မုဇ် ရေလက်ကြားကို ဆက်ပိတ်ထားမယ်လို အီရန် လွှတ်တော်ဥက္ကဋ္ဌ ပြော အီရန်က တင်ပြထားတဲ့ စည်းကမ်းချက်တွေကို အမေရိကန်ဘက်က မလိုက်လျောသေးသရွေ့ ဟော်မုဇ် ရေလက်ကြားမှာ သင်္ဘောတွေ သွားလာခွင့်ကို ပြန်မဖွင့်ပေးသေးဘူးလို အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် က ပြောပါတယ်။