en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

သိင်္ခ

သိင်္ခ

Open in Telegram

အသိတိုး

Show more
The country is not specifiedThe category is not specified
1 066
Subscribers
No data24 hours
-367 days
-7530 days
Posts Archive
တာဝန်ပြီးဆုံး၍ ဘရာဇီးလ်နိုင်ငံမှ ထွက်ခွာတော့မည့် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံအား ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှုတ်ဆ
တာဝန်ပြီးဆုံး၍ ဘရာဇီးလ်နိုင်ငံမှ ထွက်ခွာတော့မည့် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံအား ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှုတ်ဆက်နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ဘရာဇီးလျား၊ စက်တင်ဘာ ၁၉ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန (Itamaraty) ၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ အတွင်းဝန် Ambassador Susan Kleebank က ကြီးမှူးလျက် တာဝန်ပြီးဆုံး၍ ဘရာဇီးလ်နိုင်ငံမှ ထွက်ခွာတော့မည့် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ အား နှုတ်ဆက်နေ့လယ်စာစားပွဲ အခမ်းအနားတစ်ရပ် ကျင်းပပေးခဲ့သည်။

နိုင်ဂျီးရီးယားတွင် မက်သနော ပါဝင်သော အရက်‌ကိုသောက်မိ၍ ၄၈ ဦး သေဆုံးခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ထုတ်ပြန် နိုင်
နိုင်ဂျီးရီးယားတွင် မက်သနော ပါဝင်သော အရက်‌ကိုသောက်မိ၍ ၄၈ ဦး သေဆုံးခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ထုတ်ပြန် နိုင်ဂျီးရီးယားနိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း မက်သနော (Methanol) ဓာတုဗေဒဓာတ်ပေါင်း ပါဝင်နေသည့် အရက်‌ရောများကို သောက်သုံးမိသဖြင့် လူ ၄၈ ဦး သေဆုံးပြီး ၁၈၂ ဦး နာမကျန်းဖြစ်ခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲကစက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂရင်းလန်းကျွန်းကို အမေရိကန် ရသွားပြီလို ထရမ့်ကြေညာ စက်တင်ဘာ - ၁၉ ( စနေနေ့ ) အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ
ဂရင်းလန်းကျွန်းကို အမေရိကန် ရသွားပြီလို ထရမ့်ကြေညာ စက်တင်ဘာ - ၁၉ ( စနေနေ့ ) အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာတိတ်ဒေသ ဂရင်းလန်းကျွန်းနဲ့ သဘောတူညီချက်ရရှိသွားပြီဖြစ်ပြီး၊ ဂရင်းလန်းရဲ့လုံခြုံရေးကို အမေရိကန်က ထိန်းချုပ်သွားတော့မယ်လို သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။ သောကြာနေ့က တင်ခဲ့တဲ့ ထရုသ်ဆိုရှယ် ပိုစ်တစ်ခုမှာ ထရမ့်က အဲဒီသဘောတူညီချက်ဟာ ဂရင်းလန်းရဲ့ လုံခြုံရေး နဲ့ အခြားလိုအပ်ချက်တွေအပေါ် အမေရိကန်က အမြဲတမ်း ထိန်းချုပ်ခွင့်ရရှိစေမှာဖြစ်ပြီး၊ အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုမှန်သမျှကို အပြီးတိုင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း အရပ်ဘက်လေယာဉ်တစ်စင်းအား ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အိန္ဒိယတွင်
မြန်မာနိုင်ငံအတွင်း အရပ်ဘက်လေယာဉ်တစ်စင်းအား ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အိန္ဒိယတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသားကို အိန္ဒိယတရားရုံးက အာမခံ ခွင့်ပြု မြန်မာနိုင်ငံအတွင်း အရပ်ဘက်လေယာဉ်တစ်စင်းအား ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အိန္ဒိယတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသားမက်သရူး ဗန်ဒိုက်ကို အိန္ဒိယတရားရုံးက စက်တင်ဘာ ၁၈ ရက်တွင် အာမခံခွင့်ပြုခဲ့ကြောင်း ၄င်း၏ ရှေ့နေက ‌ပြောကြားခဲ့သည်။ အဆိုပါ အမေရိကန်နိုင်ငံသား မက်သရူး ဗန်ဒိုက်သည် မီဇိုရမ်ပြည်နယ် နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ယူကရိန်းနိုင်ငံသား‌ခြောက်ဦးနှင့်အတူ မတ်လအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

စမ်းချောင်းတွင် မီးစက်နှိးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ် စမ်းချောင်းမြိုနယ်၌ ယနေ့ (စက်တ
စမ်းချောင်းတွင် မီးစက်နှိးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ် စမ်းချောင်းမြိုနယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြိုနယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသ
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ စက်တင်ဘာ ၁၉ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒိုတာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၆)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များ အလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီး၌ ကျင်းပပြုလုပ်ကြသည်။

တရုတ်နိုင်ငံ နန်နင်းမြိုသို ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုး မြိုတော်ဝန်တို တွေ့ဆုံဆွေးနွေး ■ နှစ်နိုင်ငံ ဆက်
တရုတ်နိုင်ငံ နန်နင်းမြိုသို ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုး မြိုတော်ဝန်တို တွေ့ဆုံဆွေးနွေး ■ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ နန်နင်းမြိုသို ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြိုတော်ဝန်တို တွေ့ဆုံဆွေးနွေခဲ့ကြောင်း သိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကိုယ်စားလှယ်အဖွဲဝင်များနှင့်အတူ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြိုသို ရောက်ရှိပြီး ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြိုတော်ဝန် မစ္စတာ စွန်းကျီယန် အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ပင်လယ်ရေ ကြောင်းကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ ကိုယ်တိုင်သွားရောက်ကြိုဆိုမည် ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို လာရော
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ ကိုယ်တိုင်သွားရောက်ကြိုဆိုမည် ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုယ်တိုင်သွားရောက်ကြိုဆိုရန် စီစဉ်ထားကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုသို လာရောက်မည်ဖြစ်ပြီး ရှီကျင့်ဖျင်နှင့် ထရမ့်တိုသည် စက်တင်ဘာ ၂၄ ရက်တွင် ဝါရှင်တန်၌ တွေ့ဆုံရန် စီစဉ်ထားသည်။

❝အနုပညာရှင်အချို သွားရောက်လောင်းကစားလေ့ရှိသည့် ညောင်တုန်းကြက်ဝိုင်းကို မြိုနယ်ရဲမှူး၏ ဖမ်းဆီးခွင့်ဖြင့် ဝင်ဖမ်း❞ 𝙎𝙀𝙋~𝟏𝟗
❝အနုပညာရှင်အချို သွားရောက်လောင်းကစားလေ့ရှိသည့် ညောင်တုန်းကြက်ဝိုင်းကို မြိုနယ်ရဲမှူး၏ ဖမ်းဆီးခွင့်ဖြင့် ဝင်ဖမ်း❞ 𝙎𝙀𝙋~𝟏𝟗 လူ (၂၀) ဦးကို သက်သေခံ တန်ဖိုးငွေကျပ် သိန်း (၅) ထောင်ကျော်နှင့်အတူ ဖမ်းမိခဲ့တယ်လို့သိရပါတယ်။ နာမည်ကျော် အနုပညာရှင်အချို သွားရောက်လောင်းကစားလေ့ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်မှ နာမည်ကြီးကြက်ဝိုင်းကို ညောင်တုန်းမြိုနယ်ရဲမှူးထုတ်ပေးသော လောင်းကစားနေအိမ် ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်(၇/၂၀၂၆) ဖြင့် လုံခြုံရေးတပ်ဖွဲဝင်များက စက်တင်ဘာ ၁၈ ရက်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂ
ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတို ပါဝင်ဖျော်ဖြေမည် မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြိုရှိ မ
မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတို ပါဝင်ဖျော်ဖြေမည် မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြိုရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတိုအပါအဝင် နာမည်ကြီးဇာတ်အဖွဲများ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင်ရထားလမ်း သထုံမြိုနယ် ဆင်ဖြူကျေးရွာအနီး ရထားသံလမ်းကူးနေရာတွင် ရထားနှင့် Light Truck ယာဉ်တိုက်မှု ဖြစ်ပွား စ
ရန်ကုန်-မော်လမြိုင်ရထားလမ်း သထုံမြိုနယ် ဆင်ဖြူကျေးရွာအနီး ရထားသံလမ်းကူးနေရာတွင် ရထားနှင့် Light Truck ယာဉ်တိုက်မှု ဖြစ်ပွား စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဘီးလင်းဘူတာမှ သထုံဘူတာသို ခုတ်မောင်းလာသည့် (၈၁) အဆန် ရန်ကုန်-မော်လမြိုင်အမြန်ရထားနှင့် ဆင်ဖြူကျေးရွာဘက်မှ ပေါ်တော်မူကျေးရွာဘက်သို မျိုးမင်းထိုက် ‌ဆိုသူမောင်းနှင်လာသည့် Light Trunk ယာဉ်တို ရထားသံလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ရုရှားနှင့် အီရန်အပေါ် ပိတ်ဆိုအရေးယူမှု တိုးချဲ့သည့် ဥပဒေကို သမ္မတထရမ့် လက်မှတ်ရေးထိုး ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပ
ရုရှားနှင့် အီရန်အပေါ် ပိတ်ဆိုအရေးယူမှု တိုးချဲ့သည့် ဥပဒေကို သမ္မတထရမ့် လက်မှတ်ရေးထိုး ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပေါ် ပိတ်ဆိုအရေးယူမှုများ တိုးချဲ့ရန်နှင့် အီရန်နိုင်ငံအပေါ် လက်ရှိပိတ်ဆိုအရေးယူမှုများကို သက်တမ်းတိုးရန် ပြဋ္ဌာန်းထားသည့် ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၈ ရက်တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို မြန်မာ U-17 အသင်း နှစ်ဂိုးပြတ်ဖြင့် အနိုင်ရ ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျ
ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို မြန်မာ U-17 အသင်း နှစ်ဂိုးပြတ်ဖြင့် အနိုင်ရ ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် မြန်မာ U-17 အသင်းက FIFA U-17 World Cup ဝင်ခွင့်ရ နယူးဇီလန် U-17 အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အီရန်တွင် အစ္စရေး Mossad အတွက် သူလျှိလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဟိုဆိန် ပီဒါရန်ကို သေဒဏ်စီရင် 𝙎𝙀𝙋~𝟏𝟗 အီရန်နိုင်ငံတွင်
အီရန်တွင် အစ္စရေး Mossad အတွက် သူလျှိလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဟိုဆိန် ပီဒါရန်ကို သေဒဏ်စီရင် 𝙎𝙀𝙋~𝟏𝟗 အီရန်နိုင်ငံတွင် အစ္စရေးထောက်လှမ်းရေးအဖွဲ Mossad အတွက် သူလျှိလုပ်ခဲ့ပြီး အစ္စဖာဟန်ပြည်နယ်ရှိ စစ်ဘက်နှင့် ဒုံးကျည်ဆိုင်ရာ နေရာများ၏ အချက်အလက်များကို ပေးပိုခဲ့သည်ဟု စွပ်စွဲခံထားရသူ ဟိုဆိန် ပီဒါရန် (Hossein Pedaran) ကို သေဒဏ်စီရင်လိုက်ကြောင်း အီရန်တရားစီရင်ရေးအာဏာပိုင်များက စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို အဓိကတင်ပို ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်
ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို အဓိကတင်ပို ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်အခြောက်ခံထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဂျပန်နိုင်ငံဈေးကွက်သို အဓိကတင်ပိုရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာ မနက်ဖြန် မကျေပွဲထိုးသ-တ်မည် ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ
UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာ မနက်ဖြန် မကျေပွဲထိုးသ-တ်မည် ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုဝါဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို၏ မကျေပွဲ (Rematch) ကို မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

အာရှဂိမ်း တောင်ကိုရီးယား ဟော်ကီပွဲစဉ်၌ မြောက်ကိုရီးယားနိုင်ငံတော်သီချင်း မှားဖွင့်မိသဖြင့် ကျင်းပရေးကော်မတီ ပြန်လည် တောင်းပန်
အာရှဂိမ်း တောင်ကိုရီးယား ဟော်ကီပွဲစဉ်၌ မြောက်ကိုရီးယားနိုင်ငံတော်သီချင်း မှားဖွင့်မိသဖြင့် ကျင်းပရေးကော်မတီ ပြန်လည် တောင်းပန် ဂျပန်နိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၆ အာရှဂိမ်းပြိုင်ပွဲ၌ တောင်ကိုရီးယားအမျိုးသားဟော်ကီအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်မတိုင်မီ တောင်ကိုရီးယားနိုင်ငံတော်သီချင်းအစား မြောက်ကိုရီးယားနိုင်ငံတော်သီချင်း မှားယွင်းဖွင့်ခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။

ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ သိမ်ဇရပ် - မော်လမြိုင်ရထားလမ်းပိုင်း ပေါင်မြိုနယ်နှင့် သထုံမြိုနယ်အတွင်းရှိ တရားမဝင်ရထားလမ်းကူ
ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ သိမ်ဇရပ် - မော်လမြိုင်ရထားလမ်းပိုင်း ပေါင်မြိုနယ်နှင့် သထုံမြိုနယ်အတွင်းရှိ တရားမဝင်ရထားလမ်းကူးများ ပိတ်သိမ်းရန် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညွှန်ကြား ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ သိမ်ဇရပ် - မော်လမြိုင်ရထားလမ်းပိုင်း ပေါင်မြိုနယ်နှင့်သထုံမြိုနယ်အတွင်းရှိ တရားမဝင်ရထားလမ်းကူးများ ပိတ်သိမ်းရန် မွန်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာ့ဝန်ချ ပျံလွန်တော်မူ ရန်ကုန်၊ စက်တင်ဘာ ၁၉ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ စ
ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာ့ဝန်ချ ပျံလွန်တော်မူ ရန်ကုန်၊ စက်တင်ဘာ ၁၉ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် သက်တော် ၉၈ နှစ်အရွယ်၌ ခန္ဓာ့ဝန်ချ ပျံလွန်တော်မူခဲ့ကြောင်း ချမ်းမြေ့ရိပ်သာဝေယျာဝစ္စအဖွဲ ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြိုရှိ Grand Hantha International Hospital ၌ ငြိမ်းချမ်းစွာ ခန္ဓာ့ဝန်ချ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ ချမ်းမြေ့ဆရာတော်ဘုရားကြီးကို ၁၉၂၈ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ဖွားမြင်ခဲ့ပြီး ဘဝတစ်လျှောက်လုံး မြတ်စွာဘုရားရှင်၏ အဆုံးအမတော်များကို အခြေခံကာ ဝိပဿနာတရားတော်များ ပြသဟောကြားခြင်းနှင့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူခဲ့သည်။