en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

သိင်္ခ

သိင်္ခ

Open in Telegram

အသိတိုး

Show more
The country is not specifiedThe category is not specified
1 068
Subscribers
No data24 hours
-197 days
-5630 days
Posts Archive
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က လေကြောင်း၊ ခရီးသွားနှင့် စီးပွားရေးကဏ္ဍမှ မိတ်ဖက်များ စုစည်းပါဝင်သည့် တွေ့ဆုံပွဲ Fligh
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က လေကြောင်း၊ ခရီးသွားနှင့် စီးပွားရေးကဏ္ဍမှ မိတ်ဖက်များ စုစည်းပါဝင်သည့် တွေ့ဆုံပွဲ FlightForward ကျင်းပ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် လေကြောင်း၊ ခရီးသွားနှင့် စီးပွားရေးကဏ္ဍမှ မိတ်ဖက်များ စုစည်းပါဝင်သည့် တွေ့ဆုံပွဲ FlightForward ကို ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆) ကို ဘားအံတွင် ပြုလုပ် ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံဖြို
ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆) ကို ဘားအံတွင် ပြုလုပ် ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆) ကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ဘားအံမြို ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်ကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဖိုရမ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းလေးစောင်ကို အဖွဲလိုက်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ် စီမံချက်များကို သုံးသပ်အကြံပြု ဆွေးနွေးခြင်းတို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လောင်းလုံမြို၌ မိုးသည်းထန်စွာရွာသွန်း၍ ပလောက်ချောင်းရေမြင့်တက်ကာ နေအိမ်များအတွင်းရေဝင် တနင်္သာရီတိုင်း၊ လောင်းလုံမြိုနယ်တွင်
လောင်းလုံမြို၌ မိုးသည်းထန်စွာရွာသွန်း၍ ပလောက်ချောင်းရေမြင့်တက်ကာ နေအိမ်များအတွင်းရေဝင် တနင်္သာရီတိုင်း၊ လောင်းလုံမြိုနယ်တွင် ယနေ့ စက်တင် ဘာ ၂၇ ရက်နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ပလောက်ချောင်းရေမြင့်တက်ခဲ့ကြောင်း သိရသည်။ ထိုသို မြင့်တက်မှုကြောင့် လောင်းလုံမြို၊ (က)ရပ်ကွက်မှ ပန်းတောဝလမ်း၊ မိတ်ဆက်လမ်း၊ သီရိမင်္ဂလာလမ်း၊ အောင်ချမ်းသာလမ်း၊ (ခ)ရပ်ကွက်မှ ကြံတိုင်းအောင်လမ်းနှင့် (ဂ)ရပ်ကွက်မှ မရမ်းကုန်းလမ်းတိုရှိ နေအိမ်များအတွင်းသို ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အောင်ပန်းမြိုရှိ တပ်မတော်ဆေးရုံတွင် အတွဲ (၁၀၀) ပြည့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင် နေပြည်တော်၊ စက်တင်ဘာ ၂၇ တပ်မတော
အောင်ပန်းမြိုရှိ တပ်မတော်ဆေးရုံတွင် အတွဲ (၁၀၀) ပြည့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင် နေပြည်တော်၊ စက်တင်ဘာ ၂၇ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များအနက် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သောနေရာများတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ရန်ကုန်မြိုတွင် ၅ ကီလိုမီတာ Viksit Bharat Run – 2026 အပြေးပွဲ ယနေ့ ကျင်းပ၊ လူ ၅၀၀ နီးပါး ပါဝင် ရန်ကုန်၊ စက်တင်ဘာ ၂၇ အိန္ဒိယသံ
ရန်ကုန်မြိုတွင် ၅ ကီလိုမီတာ Viksit Bharat Run – 2026 အပြေးပွဲ ယနေ့ ကျင်းပ၊ လူ ၅၀၀ နီးပါး ပါဝင် ရန်ကုန်၊ စက်တင်ဘာ ၂၇ အိန္ဒိယသံရုံး၊ ရန်ကုန်က မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ အိန္ဒိယလူမှုအသိုက်အဝန်းအဖွဲအစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ၅ ကီလိုမီတာ အကွာအဝေးရှိ “Viksit Bharat Run – 2026” အပြေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို ပြည်သူ့ဥယျာဉ်၌ ကျင်းပခဲ့ပြီး လူဦးရေ ၅၀၀ နီးပါး ပါဝင်ခဲ့ကြောင်း သိရသည်။ အပြေးပွဲတွင် မြန်မာနိုင်ငံမှ အားကစားနှင့် ကိုယ်လက်လှုပ်ရှားမှုဝါသနာရှင်များ၊ လူငယ်များ၊ အိန္ဒိယနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသူများ၊ အိန္ဒိယလူမှုအသိုက်အဝန်းဝင်များ၊ Swami Vivekananda Culture Centre (SVCC) မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြသည်။

ပြင်ဦးလွင်မြို စျေးလေးမီးပွိင့်အနီးရှိ 7Glory ဖုန်းဆိုင် ဓါးဖြင့်ခြိမ်းခြောက်လုယက်ခံရ ပြင်ဦးလွင်မြို စျေးလေးမီးပွိင့်အနီးရှိ
ပြင်ဦးလွင်မြို စျေးလေးမီးပွိင့်အနီးရှိ 7Glory ဖုန်းဆိုင် ဓါးဖြင့်ခြိမ်းခြောက်လုယက်ခံရ ပြင်ဦးလွင်မြို စျေးလေးမီးပွိင့်အနီးရှိ 7Glory ဖုန်းဆိုင် ဓါးဖြင့် ခြိမ်းခြောက်လုယက်ခံရမှု စက်တင်ဘာလ၂၆ရက် မွန်းလွဲ၃နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို၊ စျေးလေးမီးပွိင့်အနီးရှိ 7Glory ဖုန်းဆိုင်သို လူနှစ်ဦးက ဓါးဖြင့်ခြိမ်းခြောက်ကာ ဖုန်းများယူဆောင်သွားခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။ I Phone ၃ရလုံး၊ Full proကင်မရာ ၁လုံး၊ Appel watch ၁လုံးနှင့်ငွေသားများ ယူဆောင်သွားသည်ဟု ကနဦးစုံစမ်းသိရသည်။

သာဓုအကြိမ်ကြိမ်ခေါ်ရသည့် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဝါဆိုသင်္ကန်းအလှူတော် ပါမောက္ခချုပ်ဆရာတော်ကြီးမှ စာသင်တိုက်(၅၇)တိုက်ရှိ ဝါ
သာဓုအကြိမ်ကြိမ်ခေါ်ရသည့် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဝါဆိုသင်္ကန်းအလှူတော် ပါမောက္ခချုပ်ဆရာတော်ကြီးမှ စာသင်တိုက်(၅၇)တိုက်ရှိ ဝါဆိုဝါကပ်သံဃာတော်(၆,၅၃၈)ပါးအတွက် ဝါဆို သင်္ကန်းများကို စက်တင်ဘာ ၂၉ ရက်က လှူဒါန်းခဲ့သည်။ ပရိယတ္တိစာပေကို ကြိုးစားသင်ယူကြကုန်သောသံဃာ တော်အရှင်သူမြတ်များ ချမ်းချမ်းသာသာသီတင်းသုံးပြီးကြိုးစားနိုင်ရန်ရည်ရွယ်၍ မစိုးရိမ်တိုက်သစ်မှ သံဃာတော်(၂,၀၅၀)ပါးအပါအဝင် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတိုရှိ စာသင်တိုက်(၅၇)တိုက်မှ ဝါဆိုဝါကပ်သံဃာတော်(၆,၅၃၈)ပါးတိုအတွက်ပေးပိုလှူဒါန်းခဲ့ခြင်းဖြစ်သည်။

အီဘိုလာဖြစ်ပွားနေသည့် ကွန်ဂိုအရှေ့မြောက်ပိုင်းမြိုတွင် မျောက်ကျောက်ဖြစ်ပွားမှုတစ်ခု အတည်ပြု ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းရ
အီဘိုလာဖြစ်ပွားနေသည့် ကွန်ဂိုအရှေ့မြောက်ပိုင်းမြိုတွင် မျောက်ကျောက်ဖြစ်ပွားမှုတစ်ခု အတည်ပြု ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဘူနီယာမြိုတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတစ်ခုကို ဓာတ်ခွဲခန်းစစ်ဆေး မှုဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း ဒေသခံကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ထားသည်။ ယင်းဖြစ်ရပ်ကြောင့် ကွန်ဂိုနိုင်ငံအတွင်း စံချိန်တင် အဆိုးရွားဆုံး အီဘိုလာရောဂါဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရချိန် မျောက်ကျောက် ရောဂါ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသည်။ မျောက်ကျောက်ရောဂါသည် ဖျားနာခြင်းနှင့် အရေပြားပေါ်တွင် အနာဖုများ ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်ပြီး အနီးကပ် ကိုယ်ထိလက်ရောက် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည်။

ထရန့်၏ တင်နက်ဆီပြည်နယ်ခရီးစဉ်တွင် Air Force One လေယာဉ်နှင့်အတူ CNN လိုက်ပါခွင့်မရ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စက်တင်ဘာ ၂၆ ရက်
ထရန့်၏ တင်နက်ဆီပြည်နယ်ခရီးစဉ်တွင် Air Force One လေယာဉ်နှင့်အတူ CNN လိုက်ပါခွင့်မရ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စက်တင်ဘာ ၂၆ ရက်ခရီးစဉ်တွင် CNN သတင်းဌာနကို သမ္မတစီးနင်းသည့် Air Force One လေယာဉ်နှင့်အတူလိုက်ပါခွင့် ပိတ်ပင်ခဲ့သည်ဟု သိရသည်။ CNN ၊ POLITICO နှင့် MS NOW သတင်းဌာနတို အိမ်ဖြူတော်သတင်းရယူခွင့် ပြန်လည်ရရှိကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့ပြီးနောက် CNN နှင့် ယခုတင်းမာမှု ထပ်ဖြစ်လာခြင်း ဖြစ်သည်။ ထရန့်က ကောလိပ်ဘောလုံးပွဲတက်ရောက်ရန် တင်နက်ဆီပြည်နယ်သို သွားရောက်ခြင်းဖြစ်ပြီး CNN သတင်းအဖွဲက စက်တင်ဘာ ၂၆ ရက်တွင် ထရန့်နှင့်အတူ လိုက်ပါသတင်းယူရန် စီစဉ်ထားခဲ့သည်။

(၅၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၂)ခုနှင့် ကြ
(၅၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ခုဆွတ်ခူးထား (၅၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၌ စက်တင်ဘာ ၂၂ ရက်မှ စက်တင်ဘာ ၂၈ ရက်အထိကျင်းပလျက်ရှိရာ မြန်မာနိုင်ငံက ရွှေတံ ဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာအားကစားသမားများဖြစ်သည့် နေမျိုးထွဋ်က Men's Sports Physique up to 170 cmပြိုင်ပွဲ၊ ဟိန်းဇော်လင်းက Men's Bodybuilding up to 65 kg ပြိုင် ပွဲတို၌ ရွှေတံဆိပ်ဆုများကိုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသမဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်း အခမ်းအနားကျင်းပ
ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသမဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်း အခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၂၇ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ် ကမ္ဘာအေးဘုရားလမ်း ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီပဝရဓမ္မာစရိယ၊ သက်တော် (၉၉) နှစ်၊ သိက္ခာတော် (၇၉) ဝါရှိ ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသမဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟန ပူဇာဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြိုနယ် သံသုမာလမ်းသုဝဏ္ဏဘူမိ EVENT PARK ၌ ကျင်းပသည်။

❝အိုဒက်ဆာ ပင်လယ်နက်ဆိပ်ကမ်းများကို ရုရှား ဆက်လက်တိုက်ခိုက်မှုကြောင့် Epicentr အဆောက်အအုံနှင့် ဆိပ်ကမ်းပစ်မှတ်များ ထိခိုက်ဟုဆိ
❝အိုဒက်ဆာ ပင်လယ်နက်ဆိပ်ကမ်းများကို ရုရှား ဆက်လက်တိုက်ခိုက်မှုကြောင့် Epicentr အဆောက်အအုံနှင့် ဆိပ်ကမ်းပစ်မှတ်များ ထိခိုက်ဟုဆို 𝙎𝙀𝙋~𝟐𝟔 ရုရှားတပ်ဖွဲများက ယူကရိန်းနိုင်ငံ အိုဒက်ဆာဒေသရှိ ပင်လယ်နက်ဆိပ်ကမ်းများနှင့် စစ်ဘက်ထောက်ပံ့ပိုဆောင်ရေးဆိုင်ရာ အဆောက်အအုံများကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး အိုဒက်ဆာမြိုရှိ Epicentr အဆောက်အအုံကို Geran-4 မောင်းသူမဲ့လေယာဉ် (UAV) ဖြင့် ထိမှန်ခဲ့ကြောင်း ရုရှားဘက်နှင့် စစ်ရေးစောင့်ကြည့်ရေးအဖွဲများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဆော်ဒီက နျူ့လက်နက်ထုတ်လုပ်ဖိုအတွက် အမြဲ စိတ်ဝင်စားနေတာပါလို ဆို စက်တင်ဘာ - ၂၆ ( စနေနေ့ ) ဆော်ဒီအာရေးဗီးယားအနေနဲ့ နျူကလီးယားလက
ဆော်ဒီက နျူ့လက်နက်ထုတ်လုပ်ဖိုအတွက် အမြဲ စိတ်ဝင်စားနေတာပါလို ဆို စက်တင်ဘာ - ၂၆ ( စနေနေ့ ) ဆော်ဒီအာရေးဗီးယားအနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖိုအတွက် အမြဲ စဉ်းစားနေတယ်လို အမေရိကန် ထောက်လှမ်းရေးရဲ့ လျှိဝှက်ဆန်းစစ်ချက် အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပြီး၊ ဒီအချက်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆော်ဒီနဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် အပေါ် အမေရိကန် လွှတ်တော်အတွင်း စိုးရိမ်ပူပန်မှုတွေကို ပိုမိုမြင့်တက်စေခဲ့ကြောင်း ဝါရှင်တန်ပိုစ် သတင်းဌာန သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဘရာဇီရွေးကောက်ပွဲကို အမေရိကန်က ဝင်ရောက်စွက်ဖက်နေတယ်လို ဘရာဇီးသမ္မတရုံးပြော စက်တင်ဘာ - ၂၆ ( စနေနေ့ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့
ဘရာဇီရွေးကောက်ပွဲကို အမေရိကန်က ဝင်ရောက်စွက်ဖက်နေတယ်လို ဘရာဇီးသမ္မတရုံးပြော စက်တင်ဘာ - ၂၆ ( စနေနေ့ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဘရာဇီးနိုင်ငံရဲ့ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်ပြီး ဘရာဇီးကို "နယ်ချဲ့ကိုလိုနီ" ပြုလုပ်ကာ သဘာဝသယံဇာတတွေကို ထိန်းချုပ်ဖို ကြိုးပမ်းနေတယ် လို သမ္မတ လူဝစ် အင်နားစီယို လူလာ ဒါ ဆီးလ်ဗား ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲက ပြောကြားလိုက်ပါတယ်။

အောင်မြေသာစံမြိုနယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး မန္တလေး၊ စက်တင်ဘာ ၂၆ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာ
အောင်မြေသာစံမြိုနယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး မန္တလေး၊ စက်တင်ဘာ ၂၆ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန်းတောင်ခြေ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ယနေ့နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ နယ်လှည့်ဆေးကုသရေးအဖွဲက သွားရောက်၍ အဆိုပါရိပ်သာရှိ ခန်းမဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသိုဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲက အဘိုး(၁၁)ဦး၊ အဘွား (၄၄)ဦး စုစုပေါင်း(၅၅)ဦးတိုအား သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချို ရောဂါ၊ မီးယပ်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နား ၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တိုနှင့်ပက်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဟောပြောဆွေးနွေးကာ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို တက်ရောက် ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ပူတင်ကို သွားတွေ့ဖို ဇီလန်းစကီးကို ထရမ့်က တိုက်တွန်း စက်တင်ဘာ - ၂၆ ( စနေနေ့ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလန်
ပူတင်ကို သွားတွေ့ဖို ဇီလန်းစကီးကို ထရမ့်က တိုက်တွန်း စက်တင်ဘာ - ၂၆ ( စနေနေ့ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလန်းစကီးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို မော်စကိုမြိုကို သွားရောက်ဖို တိုက်တွန်းခဲ့တယ်လို ဇီလန်းစကီးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဘလွန်းဘာဂ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဇီလန်းစကီးအနေနဲ့ မော်စကိုမြိုကို ကြိုက်တဲ့ဘယ်အချိန်မဆို လာရောက်နိုင်တယ်လို ရုရှားဘက်ကလည်း အရင်ကတည်းက ထပ်ခါတလဲလဲ ပြောဆိုထားတာရှိပါတယ်။ ဒီအပတ် ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးဘက် တွေ့ဆုံပွဲအတွင်း အမေရိကန်သမ္မတက အခုလို အကြံပြုခဲ့တာလို သတင်းက ဆိုပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်နေပြီး တိုက် ၂၉၃ လု
နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်နေပြီး တိုက် ၂၉၃ လုံး (၄၆၆၈ ခန်း) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ စက်တင်ဘာ ၂၇ ဝန်ထမ်းအိမ်ရာအသစ်များ တည်ဆောက်မှုအနေဖြင့် ဓနသိဒ္ဓိရပ်ကွက်တွင် အရာထမ်းကြီးအိမ်ရာ အဆောက်အအုံ နှစ်လုံး (၁၂)ခန်း၊ အကွက်အမှတ် (၈-က) တွင် အဆောက်အအုံ ၆၁ လုံး (၉၇၆ ခန်း)၊ အကွက်အမှတ် (၈-ခ) တွင် အဆောက်အအုံအလုံး ၄၀ (အခန်း ၆၄၀)၊ အကွက်အမှတ် (၃) တွင် အဆောက်အအုံ ၇၈ လုံး (၁၂၄၈ ခန်း)၊ အကွက်အမှတ် (၄) တွင် အဆောက်အအုံ ၁၁၂ လုံး (၁၇၉၂ ခန်း) စုစုပေါင်း တိုက် ၂၉၃ လုံး (အခန်း ၄၆၆၈ ခန်း) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

🙏🙏🙏
🙏🙏🙏

အီရန်၏ ကမ်းလှမ်းချက်ထွက်လာပြီး‌နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထရန့်ရေလက်ကြားဟု အမည်တပ်ထားသော ဟော်မုဇ်ရေလက်ကြား၏ပုံကို Trut
အီရန်၏ ကမ်းလှမ်းချက်ထွက်လာပြီး‌နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထရန့်ရေလက်ကြားဟု အမည်တပ်ထားသော ဟော်မုဇ်ရေလက်ကြား၏ပုံကို Truth Social တွင် ပိုစ်တင် အမေရိကန်က အချိုသောသတ်မှတ်ချက်များကို ပြည့်မီအောင်လုပ်မည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို တစ်ပတ်အတွင်းပြန်ဖွင့်ရန် သဘောတူညီချက်ကို အီရန်က အဆိုပြုလိုက်ပြီး မကြာမီမှာပင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က'ထရန့် ရေလက်ကြား'ဟု အမည်တပ်ထားသောဟော်မုဇ်ရေလက်ကြား၏ပုံကို Truth Social တွင် ပိုစ်တင်ခဲ့သည်။ Noted: ကမ္ဘာကြီးပျက်စီးတာလဲ မပြောပါနဲ့။ ထရန့်လိုလူက အမေရိကန်သမ္မတဖြစ်နေတာလဲ ပါတယ်။ အရင်ကစီးပွားရေးနယ်ပယ်မှာ ကျင်လည်ခဲ့သူဆိုတော့ social media ကိုအသုံးချပြီး ရှယ်ယာတွေကို ဘယ်အချိန်မှာဝယ်၊ ဘယ်အချိန်ရောင်းရမလဲ သူပိုသိသွားပြီပေါ့။ ကမ္ဘာကြီးကလူတွေ ဘာဖြစ်နေနေ အမေရိကန်တွေအကျိုးရှိရင် တကမ္ဘာလုံးတောင် ရောင်းစားမဲ့သူမျိုးပါ။ ဒီလိုလူတွေ အင်အားကြီးနေသရွေ့တော့ ငြိမ်းချမ်းဖို့ မလွယ်လောက်သေးပါဘူး။ သိင်္ခ

မြန်မာ-အိန္ဒိယ စီးပွားရေးဆက်ဆံမှု ခိုင်မာရေး G2G မှ P2P အထိ ချိတ်ဆက်မှုမြှင့်တင်ရန်လိုဟု မြန်မာကောင်စစ်ဝန်ချုပ် ပြော စိုက်ပျိ
မြန်မာ-အိန္ဒိယ စီးပွားရေးဆက်ဆံမှု ခိုင်မာရေး G2G မှ P2P အထိ ချိတ်ဆက်မှုမြှင့်တင်ရန်လိုဟု မြန်မာကောင်စစ်ဝန်ချုပ် ပြော စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် MSME ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း အင်ဒို-ပစိဖိတ် စီးပွားရေးညီလာခံ၌ ရှင်းလင်း ကော်လ်ကတ္တား၊ စက်တင်ဘာ ၂၆ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မာစေရေးအတွက် အစိုးရအချင်းချင်း (G2G)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (B2B)၊ အဖွဲအစည်းအချင်းချင်း (I2I) နှင့် ပြည်သူအချင်းချင်း (P2P) ချိတ်ဆက်မှုများ မြှင့်တင်ရန်လိုအပ်ကြောင်း မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်းက ပြောကြားခဲ့သည်။