uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

သိင်္ခ

သိင်္ခ

Відкрити в Telegram

အသိတိုး

Показати більше
Країна не вказанаКатегорія не вказана
1 068
Підписники
Немає даних24 години
-197 днів
-5630 днів
Архів дописів
ဘန်ကောက်တွင်ရေကြီး၍ အစိုးရရုံးများ နှစ်ရက်ပိတ်ပေး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘန်ကောက်နှင့် အိမ်နီးချင်း ပြည်နယ်သုံးခုရ
ဘန်ကောက်တွင်ရေကြီး၍ အစိုးရရုံးများ နှစ်ရက်ပိတ်ပေး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘန်ကောက်နှင့် အိမ်နီးချင်း ပြည်နယ်သုံးခုရှိ အစိုးရဝန်ထမ်းများအတွက် စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့များကို အထူးရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြောင်း ထိုင်းအစိုးရအဖွဲက တနင်္ဂနွေနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖီဒါအသစ်များ တိုးချဲ့တပ်ဆင် လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အာ
လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖီဒါအသစ်များ တိုးချဲ့တပ်ဆင် လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖီဒါအသစ်များ တိုးချဲ့တပ်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ စက်တင်ဘာ ၂၇ ရက်က လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုအခြေအနေကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဗုဒ္ဓသာသနာတော်၏ ကြည်နူးဖွယ်မြင်ကွင်းများထဲမှတစ်ခု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုရှိ ဓမ္မသဟာယသာသနစင်တာတွင် သီတင်းသုံးနေတော်မူသ
ဗုဒ္ဓသာသနာတော်၏ ကြည်နူးဖွယ်မြင်ကွင်းများထဲမှတစ်ခု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုရှိ ဓမ္မသဟာယသာသနစင်တာတွင် သီတင်းသုံးနေတော်မူသည့် ပါမောက္ခချုပ်ဆရာတော်ကြီးအား နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးမှ စက်တင် ဘာ ၂၇ ရက်တွင် နှုတ်ဆက်ဂါရဝပြုခဲ့သည့် ဗုဒ္ဓသာ သနာတော်၏ ကြည်နူးဖွယ်မြင်ကွင်းများထဲမှတစ်ခုကို ဖော်ပြလိုက်ရပါသည်။ ဓမ္မသဟာယသာသနစင်တာရှိ သံဃာတော်များကလည်း သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ခရီး ဦးကြိုဆို၍ ပူဇော်ဂါရဝပြုခဲ့ကြသည်။ Noted: ဘုရားရှင်ရဲ့ အဆုံးအမတွေဟာ အင်မတန်အံ့ဩစရာကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ဝန်းကျင်လောက်ကဆိုဆုံးမခဲ့တဲ့ ဓမ္မရဲ့ အသီးအပွင့်တွေက အခုထိကို လက်ဆင့်ကမ်းပြီး ဖူးပွင့်နေတာတွေ့ရပါတယ်။ ဒီလိုသူတော်ကောင်းတရားတွေ မပျောက်မပျက်ပဲ တည်တံ့နိုင်ပါစေ။

ထရန့်က တရုတ်ထံ လက်နက်များရောင်းချရန် ကမ်းလှမ်းခဲ့သည်ဟု အမေရိကန်သံအမတ် ပြောကြား အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်(တိုင်ပေ)သို လ
ထရန့်က တရုတ်ထံ လက်နက်များရောင်းချရန် ကမ်းလှမ်းခဲ့သည်ဟု အမေရိကန်သံအမတ် ပြောကြား အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်(တိုင်ပေ)သို လက်နက်ရောင်းချမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုကို တုံပြန်သည့်အနေဖြင့် ပေကျင်းအား လက်နက်များရောင်းချရန်ကမ်းလှမ်းခဲ့သည်ဟု တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်က စက်တင်ဘာ၂၇ရက်တွင်ထုတ်လွှင့်ခဲ့သည့် Fox News အင်တာဗျူးတွင်ပြောကြားခဲ့သည်။ တရုတ်ကတရုတ်(တိုင်ပေ)ကို၎င်း၏နယ်မြေအစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားထားသည်။

ဘန်ကောက်တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေချိန်အတွင်း ရေကြီးနေသည့် လမ်းပေါ်တွင် Jet ski စီးပြီး စတန့်ပြခဲ့သည့် အမျိုးသားတစ်ဦး
ဘန်ကောက်တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေချိန်အတွင်း ရေကြီးနေသည့် လမ်းပေါ်တွင် Jet ski စီးပြီး စတန့်ပြခဲ့သည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲက ဖမ်းဆီးပြီး တရားစွဲဆို ထိုင်းနိုင်ငံ ဘန်ကောက်မြိုတော်တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေချိန်အတွင်း ရေကြီးနေသည့် လမ်းပေါ်တွင် Jet ski စီးပြီး စတန့်ပြခဲ့သည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲက ဖမ်းဆီးပြီး တရားစွဲဆိုထားကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ အမျိုးသားသည် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဘန်ကောက်မြိုတော်၏ နယူး ဖက်ချာဘူရီ လမ်းမပေါ်တွင် Jet ski စီးခဲ့ပြီးနောက် အများပြည်သူအား စိတ်အနှောက်အယှက်ဖြစ်စေမှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကာ စက်တင်ဘာ ၂၈ ရက်တွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲမင်္ဂလာကို အောက်တိုဘာ ၂၀ ရက်တွင်ကျင်းပမည်
ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲမင်္ဂလာကို အောက်တိုဘာ ၂၀ ရက်တွင်ကျင်းပမည် ပဲခူးတိုင်း၊ ပဲခူးမြိုရှိ ရှေးဟောင်းဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲမင်္ဂလာကို အောက်တိုဘာ ၂၀ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် မိုးကြီးရေကြီးမှုကြောင့် ကျေးရွာ ၄၀ ကျော် ရေနစ်မြုပ်၊ ဒေသခံအချို ‌ေ-သဆုံး၊ ပျေ-ာက်ဆုံးမှုရှိဟု ကယ်ဆယ်ရေးအ
တနင်္သာရီတိုင်းတွင် မိုးကြီးရေကြီးမှုကြောင့် ကျေးရွာ ၄၀ ကျော် ရေနစ်မြုပ်၊ ဒေသခံအချို ‌ေ-သဆုံး၊ ပျေ-ာက်ဆုံးမှုရှိဟု ကယ်ဆယ်ရေးအဖွဲများပြော တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လောင်းလုံး၊ ထားဝယ်နှင့် သရက်ချောင်းမြိုနယ်များတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားကာ ကျေးရွာပေါင်း ၄၀ ကျော် ရေနစ်မြုပ်လျက်ရှိပြီး ဒေသခံအချို ‌ေ-သဆုံး၊ ပျေ-ာက်ဆုံးမှုများရှိနေကြောင်း သိရသည်။

ထန်းတပင်အလုပ်သမားဆေးရုံတွင် အောက်တိုဘာလအတွင်း ကျောက်ကပ်သွေးသန့်စင်ကုသမှု စတင်ပေးနိုင်ရန် စီစဉ် ရန်ကုန်၊ စက်တင်ဘာ ၂၈ ရန်ကုန်တိ
ထန်းတပင်အလုပ်သမားဆေးရုံတွင် အောက်တိုဘာလအတွင်း ကျောက်ကပ်သွေးသန့်စင်ကုသမှု စတင်ပေးနိုင်ရန် စီစဉ် ရန်ကုန်၊ စက်တင်ဘာ ၂၈ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြိုနယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက် တပ်ဆင်ပြီး စမ်းသပ်လည်ပတ်နေပြီဖြစ်ကာ လာမည့်အောက်တိုဘာလအတွင်း အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့်စင်ကုသမှု စတင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

စမ်းချောင်းမြိုနယ်ရှိ ရွိင်ရယ်ခတ္တာဟိုတယ် လျှပ်စစ်မီးခိုးယူသုံးစွဲသဖြင့် နိုင်ငံတော်က နစ်နာဆုံးရှုးခဲ့သည့် ငွေကျပ် ၁၃၈ ဒသမ ၂၃
စမ်းချောင်းမြိုနယ်ရှိ ရွိင်ရယ်ခတ္တာဟိုတယ် လျှပ်စစ်မီးခိုးယူသုံးစွဲသဖြင့် နိုင်ငံတော်က နစ်နာဆုံးရှုးခဲ့သည့် ငွေကျပ် ၁၃၈ ဒသမ ၂၃၆ သန်းအား ပြန်လည်ပေးသွင်းစေပြီး ဟိုတယ်ပိုင်ရှင်နှင့် မန်နေဂျာတိုကို အမှုဖွင့်အရေးယူ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြိုနယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း အမှတ် (၂၃) ရှိ ရွိင်ရယ်ခတ္တာဟိုတယ် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲသဖြင့် နိုင်ငံတော်က နစ်နာဆုံးရှုးခဲသည့် ငွေကျပ် ၁၃၈ ဒသမ ၂၃၆ သန်းအား ပြန်လည်ပေးသွင်းစေပြီး ဟိုတယ်ပိုင်ရှင်နှင့် မန်နေဂျာတိုကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ Noted: ပြောလိုက်ရင်လည်း ဒီမိုကရေစီက ပါးစပ်ကမချဘူး။ လုပ်နေတာတွေက ကလေကချေ အလကားရ အချောင်နိုက်တဲ့လုပ်ရပ်တွေ ။ ဒီအကျင့်တွေမပြင်သေးသမျှကတော့ "ဤခရီးနီးသလားမေးရင် ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးနေအုန်းမှာပါပဲ" သိင်္ခ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာသန့်ဇော်လွင်ဟာ တာဝန်ရှိသူတွေနဲ့အတူ ဖလမ်းမြို မြိုအင်္ဂါရပ်နဲ့အညီ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာတွေ၊ ရဲတပ်ဖွဲနဲ့ မီးသတ်တပ်ဖွဲဝင်တွေ အပတ်စဉ် စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။ ဒုဝန်ကြီးဟာ ကျင်မွာလ်ရပ်ကွက် ဗန်ကာအိုလမ်း ဝဲယာ ချုံနွယ်ရှင်းလင်းမှု၊ တောင်ဇလပ်လမ်း အမှိက်ရှင်းလင်းမှုနဲ့ ရန်ပြေမာန်ပြေ စေတီတော် ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေတာတွေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်အားပေးနေကြတဲ့ အင်အား ၂၅၆ ဦးအတွက် ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။ Noted: ဒီဒုဝန်ကြီးဆိုရင် ဖလမ်းမှာ အတော်ကြာနေပြီဆိုတာ သတိထားမိပါတယ်။ ဒေသပြန်လည်ဖွံ့ဖြိုးဖို့ နေရာတော်တော်များများကို လူကြီးတွေ ခပ်စိပ်စိပ်လာနေကြတာကိုလည်း သတိထားမိပါတယ်။ ပြောချင်တာက ပြည်သူ့အတွက်သာဆိုတယ် သူတို့ သိမ်းထားတဲ့မြို့တွေမှာ ဒေသဖွံ့ဖြိုးရေး ဘာတစ်ခုမှ မဆောင်ရွက်ထားကြဘူး။ ဒေသခံတွေလည်း အတော်လေး အတိဒုက္ခ ရောက်ကြရပါတယ်။ တကယ်သာ ပြည်သူသာအမိ ပြည်သူသာ အဖဆိုရင် ပြည်သူအတွက် ကြည့်ရမှာလေ။ အခုတော့ NUG, PDF တွေလုပ်နေတာက ဒေသဖွံ့ဖြိုးရေးနဲ့ ပြည်သူအတွက်မဟုတ်ပဲ နဂိုက ဆင်းဆင်းရဲရဲနေခဲ့ရလို့ အခုလက်နက်အားကိုးပြီး ချမ်းသာအောင်လုပ်နေကြတာ သွားတွေ့ရပါတယ်။ ဒီလိုလုပ်နေတာကိုလည်း အတော်တုံးအတဲ့ လူတွေက မျက်စီစုံပိတ်ပြီး အားပေးနေတုန်းပဲ။ ပြည်သူတွေ ဒီဒုက္ခကနေ မြန်မြန်လွတ်ခြင်း မလွတ်ခြင်းက ဒီလိုလုပ်ရပ်တွေကို အားပေးနေတာ မြန်မြန်စွန့်လွတ်ခြင်း မစွန့်လွတ်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

photo content

၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနှင့် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ နယူးယောက်၊ စက်တင်ဘာ ၂၈ ၂၀၂၂ ခု
၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနှင့် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ နယူးယောက်၊ စက်တင်ဘာ ၂၈ ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံက အထူးစစ်ဆင်ရေး စတင်ခဲ့ချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul တိုသည် စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြိုရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ခေတ္တတွေ့ဆုံခဲ့ကြသည်။ ဂျာမနီဘက်က စက်တင်ဘာ ၂၅ ရက်တွင် "နောက်ဆုံးအချိန်ရောက်မှသာ" တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း Sergei Lavrov က ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးသည် Sergei Lavrov ၏ အထွေထွေညီလာခံ မိန့်ခွန်းမပြောကြားမီ အချိန်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

မင်္ဂလာအပေါင်းနှင့်ခညောင်းပြည့်စုံကြပါစေ 🙏🙏🙏
မင်္ဂလာအပေါင်းနှင့်ခညောင်းပြည့်စုံကြပါစေ 🙏🙏🙏

ယူကရိန်းစစ်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် မြောက်ကိုရီးယားစစ်သားနှစ်ဦးကို တောင်ကိုရီးယားသို လွှပြောင်းပိုဆောင်ခဲ့ကြောင်း ယူကရိန်း
ယူကရိန်းစစ်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် မြောက်ကိုရီးယားစစ်သားနှစ်ဦးကို တောင်ကိုရီးယားသို လွှပြောင်းပိုဆောင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးပြောကြား ယူကရိန်းစစ်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် မြောက်ကိုရီးယားစစ်သားနှစ်ဦးကို တောင်ကိုရီးယားသို လွှပြောင်း ပိုဆောင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက စက်တင်ဘာ ၂၅ ရက်တွင် ကုလ သမဂ္ဂလုံခြုံရေးကောင်စီမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်က ရုရှား၏ ကာ့စ်ဒေသတွင် ဖမ်းဆီးရမိခဲ့သည့် မြောက်ကိုရီးယားစစ်သုံ ပန်းနှစ်ဦးကို ပိုဆောင်ရေး အတွက် တောင်ကိုရီးယားအစိုးရနှင့် လပေါင်းများစွာကြာ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ပြီးနောက် လွှပြောင်း ပိုဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆို သည်။

အင်းလေးကန် ပျားပင်တောင်ရွာတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် နေအိမ်ခေါင်မိုးလန်ခြင်းများ ရှိခဲ့ကြောင်း သိရ ရှမ်းပြည်တောင်ပိုင်း
အင်းလေးကန် ပျားပင်တောင်ရွာတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် နေအိမ်ခေါင်မိုးလန်ခြင်းများ ရှိခဲ့ကြောင်း သိရ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ မြိုနယ် ငါးဖယ်ချောင်း ကျေးရွာအုပ်စု ပျားပင်တောင်ကျေးရွာတွင် မိုးသက်လေပြင်း တိုက်ခတ်ခြင်းကြောင့် နေအိမ်ပေါင်း ၃၁ လုံး အမိုးလန် ပျက်စီးဆုံးရှုးမှု ရှိကြောင်း ဒေသခံထံမှ သိရသည်။

ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ကျင်းပပြီးစီး ဘားအံ၊ စက်တင်ဘာ ၂၇ ကရင်ပြည်နယ်၊ ငြိမ်းချမ်းရေးနှင့
ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ကျင်းပပြီးစီး ဘားအံ၊ စက်တင်ဘာ ၂၇ ကရင်ပြည်နယ်၊ ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆ ကို ပြည်နယ်၏မြိုတော် ဘားအံမြိုတွင် ၂ ရက်တိုင်တိုင် ကျင်းပခဲ့ရာ စက်တင်ဘာလ ၂၆ ရက်နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်လူငယ်စင်တာ၌ အစုအဖွဲ(၄)ဖွဲခွဲ၍ ငြိမ်းချမ်းရေးနှင့်ဒေသဖွံဖြိုးရေးဆိုင်ရာစာတမ်း(၄)စောင်ကို ဆွေးနွေးခဲ့ကြသည်။

၂၀၂၆ ခုနှစ် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အတွက် ညလွှတ်အလုံးပေါင်း ၁၀၆ လုံး စာရင်းပေးထားကြောင်း ကော်မတီထံမှ သိရ ၂၀၂၆ ခုနှစ် တေ
၂၀၂၆ ခုနှစ် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အတွက် ညလွှတ်အလုံးပေါင်း ၁၀၆ လုံး စာရင်းပေးထားကြောင်း ကော်မတီထံမှ သိရ ၂၀၂၆ ခုနှစ် တောင်ကြီး၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကြီးတွင် ညလွှတ်အလုံးရေပေါင်း ၁၀၆ လုံး စာရင်းပေးထားကြောင်း ၂၀၂၆ မီးပုံးပျံ ပွဲတော် ကျင်းပရေး ဆပ်ကော်မတီထံမှ သိရသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မီးပုံးပျံ စာရင်းကို စက်တင်ဘာလ ၂၇ ရက် နောက်ဆုံးထားကာ ၁၁ ရက်ကြာအောင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် မီးပုံးပျံအရေအတွက် ၅၄၁ လုံး စာရင်းပေးသွင်းထားကြောင်း သိရသည်။

အချိန်ပိုတွင် နောက်ကျဂိုးပေးခဲ့ရ၍ မြန်မာအသင်း ကမ္ဘောဒီးယားကို ရှုးနိမ့် ဟောင်ကောင်၊ စက်တင်ဘာ ၂၇ FIFA ASEAN Cup 2026 Division
အချိန်ပိုတွင် နောက်ကျဂိုးပေးခဲ့ရ၍ မြန်မာအသင်း ကမ္ဘောဒီးယားကို ရှုးနိမ့် ဟောင်ကောင်၊ စက်တင်ဘာ ၂၇ FIFA ASEAN Cup 2026 Division 2 အုပ်စုဒုတိယပွဲစဉ်အဖြစ် ယနေ့ စက်တင်ဘာ ၂၇ ရက်က ဟောင်ကောင်၌ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘောဒီးယားနှင့် မြန်မာအသင်းတို၏ ပွဲစဉ်တွင် မြန်မာအသင်းသည် အချိန်ပိုကစားချိန်၌ နောက်ကျအနိုင်ဂိုး ပေးခဲ့ရသဖြင့် ၀-၁ ဂိုးဖြင့် ရှုးနိမ့်ခဲ့သည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေးထားပြီး ရန်ကုန်မြိုရှိ မြိုနယ်
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေးထားပြီး ရန်ကုန်မြိုရှိ မြိုနယ်အများစုတွင် မိုးသည်းထန်စွာ ရွာသွန်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေးထားပြီး စက်တင်ဘာ ၂၇ ရက်ညပိုင်းက ရန်ကုန်မြိုရှိ မြိုနယ်အများစုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။ တနင်္သာရီကမ်းရိုးတန်းနှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၇ ရက်တွင်သသတိပေးထုတ်ပြန်ထားသည်။ စက်တင်ဘာ ၂၇ ရက်ည ၇ နာရီဝန်းကျင်မှ စ၍ ရန်ကုန်မြိုရှိ မြိုနယ်အများစုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း မြိုခံများက ပြောကြားသည်။

ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ရေး ညောင်ခါးရှည်စစ်ဆေးရေးဂိတ်သို ပဲခူးတိုင်းဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး၊ စစ်တောင်းမြစ်ကို ဖြတ်
ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ရေး ညောင်ခါးရှည်စစ်ဆေးရေးဂိတ်သို ပဲခူးတိုင်းဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး၊ စစ်တောင်းမြစ်ကို ဖြတ်၍ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်သည့် ရှောင်ကွင်းလမ်းကြောင်းများ ဖော်ထုတ်ပိတ်ဆိုရန် မှာကြား ပဲခူး၊ စက်တင်ဘာ ၂၇ ကုန်စည်စီးဆင်းမှု လွယ်ကူ၊ လုံခြုံ၊ မြန်ဆန်စေရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင်ဝန်ကြီးများနှင့်အတူ ယနေ့ စက်တင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းက ဝေါမြိုနယ်ရှိ ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေးဂိတ်သို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စစ်ဆေးရေးဂိတ်များအနေဖြင့် လုံခြုံရေး၊ တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးအပါအဝင် ကန့်သတ်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် စစ်ဆေးဆောင်ရွက်ရန် ဝန်ကြီးချုပ်က မှာကြားခဲ့သည်။