သိင်္ခ
Open in Telegram
အသိတိုး
Show moreThe country is not specifiedThe category is not specified
1 067
Subscribers
No data24 hours
-177 days
-5530 days
Posts Archive
1 066
ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ရေး ညောင်ခါးရှည်စစ်ဆေးရေးဂိတ်သို ပဲခူးတိုင်းဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး၊ စစ်တောင်းမြစ်ကို ဖြတ်၍ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်သည့် ရှောင်ကွင်းလမ်းကြောင်းများ ဖော်ထုတ်ပိတ်ဆိုရန် မှာကြား
ပဲခူး၊ စက်တင်ဘာ ၂၇
ကုန်စည်စီးဆင်းမှု လွယ်ကူ၊ လုံခြုံ၊ မြန်ဆန်စေရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင်ဝန်ကြီးများနှင့်အတူ ယနေ့ စက်တင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းက ဝေါမြိုနယ်ရှိ ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေးဂိတ်သို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စစ်ဆေးရေးဂိတ်များအနေဖြင့် လုံခြုံရေး၊ တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးအပါအဝင် ကန့်သတ်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် စစ်ဆေးဆောင်ရွက်ရန် ဝန်ကြီးချုပ်က မှာကြားခဲ့သည်။
1 066
အမြန်လမ်း၌ ကားမောင်းရင်း TikTok ရိုက်သည့် Express ယာဉ်မောင်းကို အရေးယူရန် ရဲတပ်ဖွဲထံ တိုင်ကြား၊ ယာဉ်လိုင်းကိုလည်း ပြင်းထန်စွာသတိပေး
ရန်ကုန်၊ စက်တင်ဘာ ၂၇
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ခရီးသည်တင် Express ယာဉ်ကို မောင်းနှင်နေစဉ် TikTok ဗီဒီယိုရိုက်ကူးခြင်းနှင့် Live လွှင့်ခြင်းများ ပြုလုပ်ခဲ့သည့် ယာဉ်မောင်းအား ဥပဒေအရ အရေးယူနိုင်ရေးအတွက် အမြန်လမ်းရဲတပ်ဖွဲထံ တိုင်ကြားထားကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။
ရန်ကုန်-မော်လမြိုင် ခရီးစဉ်ပြေးဆွဲသည့် “ရွှေလင်းယုန်” အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်အမှတ် 2G-5403 YUTONG ယာဉ်ကို မောင်းနှင်သူသည် အမြန်လမ်းပေါ်၌ ယာဉ်မောင်းနှင်နေစဉ် TikTok အသုံးပြုကာ တေးသရုပ်ဖော်ဗီဒီယိုများ ရိုက်ကူးခြင်း၊ Live လွှင့်ခြင်းနှင့် ပိုစ်တင်ခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
1 066
ပင်လယ်ကွေ့တင်းမာမှုကြောင့် ဆော်ဒီမြိုတော် ရီယာ့ဒ်ရှိ ကျောင်းများကို တစ်ပတ်ကြာပိတ်မည်
ဆော်ဒီအာရေဗျနိုင်ငံ၊ မြိုတော်ရီယာ့ဒ်တွင် စာသင်ကျောင်းများကို တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ပြီး အွန်လိုင်း သင်ကြားရေးစနစ်သို ပြောင်းထားကြောင်း စက်တင်ဘာ ၂၇ ရက်တွင် အီးမေးလ်များပိုကာ ကျောင်းသားမိဘ များထံ အချိန်ကပ်အကြောင်းကြားမှုများ ရှိလာသည်ဟု သိရသည်။
1 066
၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဖြူးမြိုဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများအား သွားရောက်လှူဒါန်း
ဖြူးမြိုနယ်တွင် အောက်တိုဘာ ၁ ရက်၌ ကျရောက်မည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဖြူးမြိုနယ်ရဲတပ်ဖွဲမှူးနှင့် ဖြူးမြိုမရဲစခန်းမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲဝင်များနှင့် မိသားစုဝင်များက စက်တင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီတွင် ဖြူးမြိုဘိုးဘွားရိပ်သာသို သွားရောက်ကာ အဘိုးအဘွားများအား လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
1 066
ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားသင့်ဟု တရုတ်က ကုလသမဂ္ဂမိန့်ခွန်းတွင် အမေရိကန်ကို စောင်းပြော
စက်တင်ဘာ ၂၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တရုတ်နိုင်ငံက မိန့် ခွန်းပြောကြားခဲ့မှုအတွင်း အမေရိကန်ကို နာမည်တပ်မပြောခဲ့သော်လည်း အမေရိကန်ကို ရည်ညွှန်းကာ ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားသင့်ကြောင်းနှင့် ကျူးဘားကို ဖိအားပေးပိတ်ဆို ထားသည့် လုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံက ရပ်တန့်သင့်ကြောင်း ပြောဆိုသွားသည်။
1 066
မြန်မာနိုင်ငံသို ပိုမည့် ထိုင်းဘတ်ငွေသန်းပေါင်းများစွာ တန်သည့်ကုန်စည်များကို ရနှောင်းမြိုတွင် ဝင်ရောက်ဖမ်းဆီး
မြန်မာနိုင်ငံသို ပိုမည့် ထိုင်းဘတ်ငွေသန်းပေါင်းများစွာ တန်သည့်ကုန်စည်များကိုရနှောင်းမြိုတွင် အဖွဲစုံမှဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
မြန်မာနိုင်ငံသိုပိုမည့် ကုန်စည်များကိုထိုင်းနိုင်ငံ၊ရနှောင်းမြိုရှိဂိုဒေါင်တစ်ခုတွင် သိမ်းဆည်းထားစဉ် အမှတ်(၄)စစ်နယ်မြေစစ်တပ် ရဲတပ်ဖွဲနှင့်အကောက်ခွန်ပူးပေါင်းပြီးအခွန်တိမ်း ရှောင်သည်ဟုဆိုကာ ပစ္စည်းများကို သိမ်းဆည်းခြင်းဖြစ် ကြောင်းထိုင်းပြည်သူ့ဆက်ဆံရေးတပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
"စက်တင်ဘာ၂၃ ရက်ကဖမ်းထားတာ ဒီလိုပဲသူတိုဆီကဝယ်ပြီးအခွန်ရှောင်တယ်ဆိုတဲ့ခေါင်းစဉ်နှင့်လုပ်နေကြတာ၊ရနှောင်းမှာ free Zone မရှိဘူး။ကုန်သည်တွေကမြန်မာပြည်ကိုတရားဝင်တင်သွင်းဖိုစောင့်နေတာလည်း ဖြစ်နိုင်တာပဲ၊ရက်ကြာလာရင်ဒီလိုပဲခေါင်းစဉ်တပ် ဝင်သိမ်းနေကြတာ၊နှစ်ခါစားတဲ့အကွက်ပါ"ဟု ဒေသခံတစ်ဦးကပြောကြားခဲ့သည်။
1 066
ကျောက်တံတားမြိုနယ်တွင် နိုင်ငံသားမှတ်တမ်းများ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထိန်းသိမ်းနေပြီး e-ID စနစ် UID နံပါတ်များ ထုတ်ပေးလျက်ရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြိုနယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မှတ်တမ်းဌာန (ရန်ကုန်) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်း အချက်အလက်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် စနစ်တကျ ပြောင်းလဲထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထိန်းသိမ်းရာတွင် သတ်မှတ်ကာလအတွင်း ရည်မှန်းချက်အတိုင်း ပြီးစီးရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်။
1 066
နတ်မောက်မှာ အုပ်ကြီး လင်မယား အသတ်ခံရ
𝙎𝙀𝙋~𝟐𝟕
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုနယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို PDF သတ်ဖြတ်ခြင်းကို ခံလိုက်ရသလို တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြိုနယ်မှာလည်း အကြမ်းဖက်သမားတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို ရဲတပ်ဖွဲသတင်းအရ သိရပါတယ်။
သတ်ဖြတ်ခံရသူတွေက နတ်မောက်မြိုနယ်၊ တွင်းကြီးကျေးရွာမှာနေထိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြအေး (၆၇)နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းရွှေ(၆၈)နှစ်တိုဖြစ်ကြတယ်လိုသိရပြီး စက်တင်ဘာ ၂၄ ရက်၊ ည ၁၁ နာရီခွဲအချိန် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က နေအိမ်အထိလာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာလို ဆိုပါတယ်။
1 066
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က လေကြောင်း၊ ခရီးသွားနှင့် စီးပွားရေးကဏ္ဍမှ မိတ်ဖက်များ စုစည်းပါဝင်သည့် တွေ့ဆုံပွဲ FlightForward ကျင်းပ
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် လေကြောင်း၊ ခရီးသွားနှင့် စီးပွားရေးကဏ္ဍမှ မိတ်ဖက်များ စုစည်းပါဝင်သည့် တွေ့ဆုံပွဲ FlightForward ကို ကျင်းပခဲ့ကြောင်း သိရသည်။
1 066
ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆) ကို ဘားအံတွင် ပြုလုပ်
ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆) ကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ဘားအံမြို ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဖိုရမ်ကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဖိုရမ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းလေးစောင်ကို အဖွဲလိုက်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ် စီမံချက်များကို သုံးသပ်အကြံပြု ဆွေးနွေးခြင်းတို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
1 066
လောင်းလုံမြို၌ မိုးသည်းထန်စွာရွာသွန်း၍ ပလောက်ချောင်းရေမြင့်တက်ကာ နေအိမ်များအတွင်းရေဝင်
တနင်္သာရီတိုင်း၊ လောင်းလုံမြိုနယ်တွင် ယနေ့ စက်တင် ဘာ ၂၇ ရက်နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ပလောက်ချောင်းရေမြင့်တက်ခဲ့ကြောင်း သိရသည်။
ထိုသို မြင့်တက်မှုကြောင့် လောင်းလုံမြို၊ (က)ရပ်ကွက်မှ ပန်းတောဝလမ်း၊ မိတ်ဆက်လမ်း၊ သီရိမင်္ဂလာလမ်း၊ အောင်ချမ်းသာလမ်း၊ (ခ)ရပ်ကွက်မှ ကြံတိုင်းအောင်လမ်းနှင့် (ဂ)ရပ်ကွက်မှ မရမ်းကုန်းလမ်းတိုရှိ နေအိမ်များအတွင်းသို ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
1 066
အောင်ပန်းမြိုရှိ တပ်မတော်ဆေးရုံတွင် အတွဲ (၁၀၀) ပြည့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်
နေပြည်တော်၊ စက်တင်ဘာ ၂၇
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များအနက် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သောနေရာများတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
1 066
ရန်ကုန်မြိုတွင် ၅ ကီလိုမီတာ Viksit Bharat Run – 2026 အပြေးပွဲ ယနေ့ ကျင်းပ၊
လူ ၅၀၀ နီးပါး ပါဝင်
ရန်ကုန်၊ စက်တင်ဘာ ၂၇
အိန္ဒိယသံရုံး၊ ရန်ကုန်က မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ အိန္ဒိယလူမှုအသိုက်အဝန်းအဖွဲအစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ၅ ကီလိုမီတာ အကွာအဝေးရှိ “Viksit Bharat Run – 2026” အပြေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို ပြည်သူ့ဥယျာဉ်၌ ကျင်းပခဲ့ပြီး လူဦးရေ ၅၀၀ နီးပါး ပါဝင်ခဲ့ကြောင်း သိရသည်။
အပြေးပွဲတွင် မြန်မာနိုင်ငံမှ အားကစားနှင့် ကိုယ်လက်လှုပ်ရှားမှုဝါသနာရှင်များ၊ လူငယ်များ၊ အိန္ဒိယနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသူများ၊ အိန္ဒိယလူမှုအသိုက်အဝန်းဝင်များ၊ Swami Vivekananda Culture Centre (SVCC) မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြသည်။
1 066
ပြင်ဦးလွင်မြို စျေးလေးမီးပွိင့်အနီးရှိ 7Glory ဖုန်းဆိုင် ဓါးဖြင့်ခြိမ်းခြောက်လုယက်ခံရ
ပြင်ဦးလွင်မြို စျေးလေးမီးပွိင့်အနီးရှိ 7Glory ဖုန်းဆိုင် ဓါးဖြင့် ခြိမ်းခြောက်လုယက်ခံရမှု စက်တင်ဘာလ၂၆ရက် မွန်းလွဲ၃နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို၊ စျေးလေးမီးပွိင့်အနီးရှိ 7Glory ဖုန်းဆိုင်သို လူနှစ်ဦးက ဓါးဖြင့်ခြိမ်းခြောက်ကာ ဖုန်းများယူဆောင်သွားခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။
I Phone ၃ရလုံး၊ Full proကင်မရာ ၁လုံး၊ Appel watch ၁လုံးနှင့်ငွေသားများ ယူဆောင်သွားသည်ဟု ကနဦးစုံစမ်းသိရသည်။
1 066
သာဓုအကြိမ်ကြိမ်ခေါ်ရသည့် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဝါဆိုသင်္ကန်းအလှူတော်
ပါမောက္ခချုပ်ဆရာတော်ကြီးမှ စာသင်တိုက်(၅၇)တိုက်ရှိ ဝါဆိုဝါကပ်သံဃာတော်(၆,၅၃၈)ပါးအတွက် ဝါဆို သင်္ကန်းများကို စက်တင်ဘာ ၂၉ ရက်က လှူဒါန်းခဲ့သည်။
ပရိယတ္တိစာပေကို ကြိုးစားသင်ယူကြကုန်သောသံဃာ တော်အရှင်သူမြတ်များ ချမ်းချမ်းသာသာသီတင်းသုံးပြီးကြိုးစားနိုင်ရန်ရည်ရွယ်၍ မစိုးရိမ်တိုက်သစ်မှ သံဃာတော်(၂,၀၅၀)ပါးအပါအဝင် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတိုရှိ စာသင်တိုက်(၅၇)တိုက်မှ ဝါဆိုဝါကပ်သံဃာတော်(၆,၅၃၈)ပါးတိုအတွက်ပေးပိုလှူဒါန်းခဲ့ခြင်းဖြစ်သည်။
1 066
အီဘိုလာဖြစ်ပွားနေသည့် ကွန်ဂိုအရှေ့မြောက်ပိုင်းမြိုတွင် မျောက်ကျောက်ဖြစ်ပွားမှုတစ်ခု အတည်ပြု
ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဘူနီယာမြိုတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတစ်ခုကို ဓာတ်ခွဲခန်းစစ်ဆေး မှုဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း ဒေသခံကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ထားသည်။ ယင်းဖြစ်ရပ်ကြောင့် ကွန်ဂိုနိုင်ငံအတွင်း စံချိန်တင် အဆိုးရွားဆုံး အီဘိုလာရောဂါဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရချိန် မျောက်ကျောက် ရောဂါ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသည်။
မျောက်ကျောက်ရောဂါသည် ဖျားနာခြင်းနှင့် အရေပြားပေါ်တွင် အနာဖုများ ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်ပြီး အနီးကပ် ကိုယ်ထိလက်ရောက် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည်။
1 066
ထရန့်၏ တင်နက်ဆီပြည်နယ်ခရီးစဉ်တွင် Air Force One လေယာဉ်နှင့်အတူ CNN လိုက်ပါခွင့်မရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စက်တင်ဘာ ၂၆ ရက်ခရီးစဉ်တွင် CNN သတင်းဌာနကို သမ္မတစီးနင်းသည့် Air Force One လေယာဉ်နှင့်အတူလိုက်ပါခွင့် ပိတ်ပင်ခဲ့သည်ဟု သိရသည်။
CNN ၊ POLITICO နှင့် MS NOW သတင်းဌာနတို အိမ်ဖြူတော်သတင်းရယူခွင့် ပြန်လည်ရရှိကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့ပြီးနောက် CNN နှင့် ယခုတင်းမာမှု ထပ်ဖြစ်လာခြင်း ဖြစ်သည်။ ထရန့်က ကောလိပ်ဘောလုံးပွဲတက်ရောက်ရန် တင်နက်ဆီပြည်နယ်သို သွားရောက်ခြင်းဖြစ်ပြီး CNN သတင်းအဖွဲက စက်တင်ဘာ ၂၆ ရက်တွင် ထရန့်နှင့်အတူ လိုက်ပါသတင်းယူရန် စီစဉ်ထားခဲ့သည်။
1 066
(၅၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ခုဆွတ်ခူးထား
(၅၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၌ စက်တင်ဘာ ၂၂ ရက်မှ စက်တင်ဘာ ၂၈ ရက်အထိကျင်းပလျက်ရှိရာ မြန်မာနိုင်ငံက ရွှေတံ ဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ခုဆွတ်ခူးထားကြောင်း သိရသည်။
မြန်မာအားကစားသမားများဖြစ်သည့် နေမျိုးထွဋ်က Men's Sports Physique up to 170 cmပြိုင်ပွဲ၊ ဟိန်းဇော်လင်းက Men's Bodybuilding up to 65 kg ပြိုင် ပွဲတို၌ ရွှေတံဆိပ်ဆုများကိုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
1 066
ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသမဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်း အခမ်းအနားကျင်းပ
ရန်ကုန်၊ စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ် ကမ္ဘာအေးဘုရားလမ်း ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီပဝရဓမ္မာစရိယ၊ သက်တော် (၉၉) နှစ်၊ သိက္ခာတော် (၇၉) ဝါရှိ ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသမဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟန ပူဇာဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြိုနယ် သံသုမာလမ်းသုဝဏ္ဏဘူမိ EVENT PARK ၌ ကျင်းပသည်။
1 066
❝အိုဒက်ဆာ ပင်လယ်နက်ဆိပ်ကမ်းများကို ရုရှား ဆက်လက်တိုက်ခိုက်မှုကြောင့် Epicentr အဆောက်အအုံနှင့် ဆိပ်ကမ်းပစ်မှတ်များ ထိခိုက်ဟုဆို
𝙎𝙀𝙋~𝟐𝟔
ရုရှားတပ်ဖွဲများက ယူကရိန်းနိုင်ငံ အိုဒက်ဆာဒေသရှိ ပင်လယ်နက်ဆိပ်ကမ်းများနှင့် စစ်ဘက်ထောက်ပံ့ပိုဆောင်ရေးဆိုင်ရာ အဆောက်အအုံများကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး အိုဒက်ဆာမြိုရှိ Epicentr အဆောက်အအုံကို Geran-4 မောင်းသူမဲ့လေယာဉ် (UAV) ဖြင့် ထိမှန်ခဲ့ကြောင်း ရုရှားဘက်နှင့် စစ်ရေးစောင့်ကြည့်ရေးအဖွဲများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
