ဖိုးမှန်
Open in Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Show moreThe country is not specifiedThe category is not specified
4 497
Subscribers
-6424 hours
-1837 days
-44030 days
Posts Archive
4 485
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ခုရရှိသူ ကျောင်းသားအား ဂုဏ်ပြုကြိုဆို
ပခုက္ကူ၊ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၌ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်မှ၁၅ရက်အထိကျင်းပခဲ့သော (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ(အခြေခံပညာအဆင့်)တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်၂ဆုရရှိသူ ကျောင်းသား မောင်ဟိန်းထွန်းနိုင်အား ယမန်နေ့နံနက်ပိုင်းက ဂုဏ်ပြုကြိုဆိုကြသည်။
4 485
ရေးမြိုနယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်း မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးဖြစ်လာမည့် ကြေးခေါင်းလောင်းကြီးသွန်းလုပ်ကာ ချိတ်ဆွဲသွားမည်
ရေးမြိုနယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်း မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးဖြစ်လာမည့် ကြေးခေါင်းလောင်းကြီးသွန်းလုပ်ကာ ချိတ်ဆွဲသွားမည် သိရ သည်။
အဆိုပါ ကြေးခေါင်းလောင်းကြီးအား “ရာမည အတုလ ဓမ္မရာဇိက” ဟု ဘွဲအမည်ပေးထားကြောင်း၊ အလေးချိန်အားဖြင့် (၂၅) တန်၊ ကြေးပိဿာချိန် (၁၅၃၀၀) ခန့်ရှိမည်ဖြစ်ကြောင်းနှင့် အမြင့် (၁၈) ပေ၊ နှင့် ခေါင်းလောင်းအကျယ် (၉) ပေ ပမာဏဖြင့် သွန်းလုပ်ရန် ကိုရင်လေးဆရာတော်မှ မိန့်ကြားထားကြောင်း ကပ္ပိယတစ်ဦးက ပြောကြားသည်။
4 485
ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လိုမရတော့ဟု ပညာရှင်များဆို
ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုဟာ ပြန်ပြင်လိုမရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။
4 485
ယာဉ်မောင်းအိပ်ငိုက်၍ ငှက်ပျောသီးတင်ယာဉ်တစ်စီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်
ယာဉ်မောင်းအိပ်ငိုက်၍ ငှက်ပျောသီးတင်ယာဉ်တစ်စီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းလယ်ကျွန်းတွင်စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲထံက သိရသည်။
4 485
ပေကျင်းမြိုတစ်ဝိုက် အီတလီနိုင်ငံအရွယ်အစားရှိ လေကြောင်းလုံခြုံရေးဇုန် သတ်မှတ်
တရုတ်နိုင်ငံက မြိုတော်ပေကျင်းတစ်ဝိုက်တွင် အီတလီနိုင်ငံအရွယ်အစားခန့်ရှိ လေကြောင်းလုံခြုံရေးဇုန်ကြီးတစ်ခုကို စက်တင်ဘာ ၂၀ ရက်မှစ၍ အမြဲတမ်းသတ်မှတ်သွားမည်ဖြစ်ကြောင်း အစိုးရပိုင်မီဒီယာနှင့် လေကြောင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယခုကြေညာချက်သည် ဇွန်လအတွင်း ပေကျင်းမြိုလယ်ရှိ မိုးမျှော်တိုက်တစ်ခုကို လေယာဉ်ငယ်တစ်စင်း ဝင်တိုက်ခဲ့သည့် ရှားပါးဖြစ်ရပ်နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
4 485
ထိုင်းတောင်ပိုင်းရှိ မွတ်စလင်ခွဲထွက်ရေးသမားများက လွတ်လပ်သောအစ္စလာမ်မစ်နိုင်ငံထူထောင်ရေးအတွက် အဆုံးထိတိုက်ပွဲ၀င်သွားမည်ဟု ပြောကြား
ထိုင်းတောင်ပိုင်း၌ လူအရေအတွက် ထောင်ချီသေဆုံးခဲ့သည့် ပုန်ကန်မှုသည် ဆယ်စုနှစ်နှစ်ခုထဲရောက်လာသည့်အခါ မလေး-မွတ်စလင်အများစုပါသော အုပ်စု၏ခေါင်းဆောင်က ဦးတည်ချက်များ ပြည့်မြောက်ချိန်အထိ ဆက်လက်တိုက်ပွဲ ၀င်မည်ဟု ယခုသီတင်းပတ်ထဲတွင် ပြောကြားခဲ့သည်။
"ဒီတော်လှန်မှုဟာ အချိန်ကုန်ဆုံးသွားချိန်အထိ ဆက်လက်ရှိနေမှာပါ"ဟု Barisan Revolusi National (BRN)ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲအတွက်ပြောရေးဆိုခွင့်ရှိသူ နစ်မာတူလာဆီရီက AFP သတင်းဌာနနှင့်ရှားရှားပါးပါးပြုလုပ်ခဲ့သောအင်တာဗျူးတွင်ဖြေကြားခဲ့သည်။
4 485
ယနေ့စက်သုံးဆီဈေးနှုန်း
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 485
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ ကိုယ်စားလှယ်များ တွေ့ဆုံ
NCA လက်မှတ်ရေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာသွားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲများ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို ပြန်လည်ရောက်ရှိနိုင်ရေး နိုင်ငံရေးပါတီများက ကူညီ ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများအား ဆွေးနွေးပေးစေလိုဟု NSPNC ဥက္ကဋ္ဌ ပြောကြား
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြောင်း သိရသည်။
4 485
မြောက်ကိုရီးယားက နျူကလီးယားလက်နက်စွန့်လွှတ်လိမ့်မည်ဟု မျှော်လင့်နေသူများသည် လူမိုက်များဟု ကင်ဂျုံအန်၏ ညီမဝေဖန်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမဖြစ်သူ ကင်ယိုဂျုံက ၎င်းတိုနျူကလီးယားလက်နက်ပိုင်ဆိုင် သည့် နိုင်ငံအဖြစ် ရပ်တည်မှုမှာ အကြွင်းမဲ့ဖြစ်ပြီး မည်သည့်အရာနှင့်မှ ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားလိုက်ကာ နျူကလီးယားလက်နက်များကို စွန့်လွှတ်လိမ့်မည်ဟု မျှော်လင့်နေသူများကို လူမိုက်များဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
4 485
ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြိုနယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများမိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
4 485
ဖလမ်းမြို အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သွားရောက်အားပေး
4 485
18.9.2026 ရက်နေ့သတင်းစာများ
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 485
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ်ပူးပေါင်းဆောင် ရွက်မှုကိုဆက်လက်မြှင့်တင်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒုတိယသမ္မတ ဦးညိုစော ပြော
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ်ပူးပေါင်းဆောင် ရွက်မှုကိုဆက်လက်မြှင့်တင်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒုတိယသမ္မတ ဦးညိုစော က ယနေ့ စက်တင် ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ၊ နန်နင်းမြို၌ကျင်းပသည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးတွင်မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
4 485
ဂျပန်မှာ အလုပ်ရှင်ကိုတရားစွဲတဲ့မြန်မာအမျိုးသမီး ဘယ်လိုအနိုင်ရခဲ့လဲ
ပထမဆုံးလစာကို တစ်ပြားမှမကျန်အောင်ဖြတ်တောက်လိုဆိုပြီး မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးက ဂျပန်ကော်ပိုရေးရှင်းတစ်ခုကို တရားစွဲထားတဲ့အမှုကို စက်တင်ဘာ ၁၁ ရက်မှာ အမိန့်ချခဲ့ပါတယ်။
မြန်မာအမျိုးသမီးအနိုင်ရခဲ့တာကြောင့် ပထမဆုံးလမှာ သုညယန်းဖြစ်ခဲ့ရာကနေ တရားရုံးအမိန့်ကြောင့် ယန်း ၁ သန်းကျော် ရတော့မှာပါ။
"နိုင်ငံခြားကနေစရောက်လာတဲ့ အလုပ်သမားကို လစာ သုညဖြစ်အောင် လုပ်တာက အသက်ရှင်သန်နေထိုင်ဖိုအတွက် စိုးရိမ်စရာဖြစ်စေတယ်၊ ဒါက ကုမ္ပဏီမှာ တာဝန်ရှိတယ်လို တရားသူကြီးက အမိန့်ချတာ"လို မဝိုင်ရဲ့ အမှုကို လိုက်ပါကူညီပေးတဲ့ မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲချုပ်(FWUBC) ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောပါတယ်။
ဒါဟာ ဂျပန်နိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ကိုယ့်ဘက်က မှန်နေရင် အချက်အလက် ခိုင်ခိုင်မာမာနဲ့ တရားစွဲဆို အနိုင်ရနိုင်တယ်ဆိုတဲ့ စံပြတစ်ခု ဖြစ်လာပါတယ်။
4 485
ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ အီရန်အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲလုပ်ဖို ထရမ့် စီစဉ်နေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ ပါရှန်းပင်လယ်ကွေ့ နိုင်ငံတွေက ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး အီရန်အရေးကို ဆွေးနွေးဖို စီစဉ်နေတယ်လို သတင်းရင်းမြစ်တွေကို ကိုးကားပြီး Axios သတင်းဝက်ဘ်ဆိုက်က ရေးသားထားပါတယ်။
ဒီအစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်မှာ လုပ်နိုင်ခြေရှိပြီး ဘာရိန်း၊ ကာတာ၊ ကူဝိတ်၊ ယူအေအီး (UAE)၊ အိုမန်နဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို သတင်းမှာ ဖော်ပြထားပါတယ်။ အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ အီရန်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ “စစ်ပြီးခေတ် မဟာဗျူဟာ” အယူအဆတွေကို ဆွေးနွေးဖို ဖြစ်ပါတယ်။
4 485
သီတဂူဆရာတော်ကြီးက ဧရာဝတီတိုင်းမှ ရေဘေးသင့်သူများအတွက် အလှူငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်းတော်မူမည်
သီတဂူဆရာတော်ကြီးက ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်ရှိ ငဝန်တာ တာဘောင်ကျိုးမှုကြောင့် ရေဘေးသင့်ခဲ့ရသော ဧရာဝတီတိုင်းမှ ရေဘေးသင့်သူများအ တွက် အလှူငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်းတော်မူမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် သီတဂူဆရာတော်ကြီးသည် ပြီးခဲ့သည့် စက် တင်ဘာ ၁၃ ရက်ညနေပိုင်းကလည်း နီပေါနိုင်ငံတွင် တောင်ကျရေကြောင့် ပျက်စီးဆုံးရှုးခဲ့ရမှုများနှင့် သေ ဆုံးခဲ့ရမှုများအတွက် အမေရိကန်ဒေါ်လာ(၁၀,၀၀၀)ကို မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်နိုင်ငံသံအမတ်ကြီးထံ ပေးအပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
4 485
ထိုင်းနိုင်ငံ၏ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူများ သိုမဟုတ် ထိုင်းပြည်သူများအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်သော နိုင်ငံခြားသားများကို ထိုင်းဝန်ကြီးချုပ် အနူတင်က ပြင်းပြင်းထန်ထန် သတိပေး
ထိုင်းနိုင်ငံ၏ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သော သိုမဟုတ် ထိုင်းပြည်သူများအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်သော နိုင်ငံခြားသားများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ်က ပြင်းထန်သော စကားလုံးများ သုံးနှုန်းပြောကြားခဲ့ကြောင်း Khaosod English သတင်းတွင် ဖော်ပြထားသည်။
4 485
ထိုင်းနိုင်ငံတွင် iPhone 18 စီးရီးသစ်ကို စက်တင်ဘာ ၁၈ ရက်၌ စတင်ရောင်းချမည်
အမေရိကန်နည်းပညာကုမ္ပဏီ Apple ၏ အသစ်ထွက်ရှိလာသည့် iPhone 18 Pro ကို ဝယ်ယူရန်အတွက် ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် မလေးရှားပြီးလျှင် ဒုတိယဈေးအသက်သာဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် iPhone 18 စီးရီးသစ် မော်ဒယ်များအတွက် ကြိုတင်မှာယူမှုကို စက်တင်ဘာ ၁၂ ရက်တွင် စတင်လက်ခံခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် တရားဝင်ရောင်းချမည်ဖြစ်သည်။
4 485
အဝေးသင်သင်တန်းများ စာမေးပွဲဖြေဆိုရမည့်ရက် ကြေညာခြင်း
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 485
ပြည်ထောင်စုဝန်ကြီး အစာထိုးခန့်အပ်ခြင်း
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
