ဖိုးမှန်
Open in Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Show moreThe country is not specifiedThe category is not specified
4 497
Subscribers
-6424 hours
-1837 days
-44030 days
Posts Archive
4 479
မင်္ဂလာဒုံမြိုနယ်တွင် YBS စောင့်နေသည့် အမျိုးသမီးထံမှ လက်ကိုင်အိတ်လုယက်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီး
မင်္ဂလာဒုံမြိုနယ်တွင် YBS စောင့်နေသည့် အမျိုးသမီးထံမှ လက်ကိုင်အိတ်လုယက်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲမှ သိရသည်။
4 479
သားဖြစ်သူကိုသတ်ချင်ကြောင်း ChatGPT ကိုပြောခဲ့တဲ့ဖခင် ဖမ်းဆီးခံရ
သတိပေးချက် - ဒီသတင်းမှာ အကြမ်းဖက်မှုနဲ့ သေကြောင်းကြံမှုနဲ့ဆက်နွှယ်တဲ့အကြောင်းတွေ ပါပါတယ်။
"ကျွန်တော်နဲ့ ကျွန်တော့်သားကိုပါ သတ်ဖို သူ့ကို ဒေါ်လာ ၅၀,၀၀၀ ပေးမယ်လို ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ ကလေးပါနေလို သူက မလုပ်ဘူး။"
"လူတွေကို သတ်ချင်စိတ်က ဘယ်ကနေ ဖြစ်လာတာလဲဆိုတာ သိချင်ခဲ့တယ်။ တခြားလူတစ်ယောက် ဒုက္ခခံနေရတဲ့ခံစားချက်ကို ကျွန်တော် သဘောကျတယ်။"
ဒီစာသားတွေက ဘရာဇီးနိုင်ငံက လယ်သမားတစ်ဦး နှစ်လနီးပါးကြာအောင် ChatGPT နဲ့ အပါအဝင် စာတွေ အပြန်အလှန်ပေးပိုခဲ့ပါတယ်။ ရဲတပ်ဖွဲရဲ့ ပြောကြားချက်အရ အဲဒီစာတွေထဲမှာ အသက်ရှစ်နှစ်အရွယ် သူ့သားကို သတ်ဖို၊ တခြားလူတွေကို တိုက်ခိုက်ဖိုနဲ့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။
Noted: AI ပဲဆိုပြီး အိတ်သွန်ဖာမောက်လျှောက်ပြောလို့ မရဘူးဆိုတာ သိစေချင်ပါတယ်။ AI ဟာနောက်ပိုင်းမှာ ထိန်းမနိုင် သိမ်းမရတိုးတက်လာရင် သူ့ကို Control လုပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေကြိုပြင်ထားဖို့ လိုပါ့မယ်။
4 479
နိုင်ငံတော်ဝဇီရာ ကဇာတ်ရုံကြီး မှာ အောင်ဇမ္ဗူဇာတ်သဘင် ဖျော်ဖြေခဲ့
နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ "ဝဇီရာ ကဇာတ်ရုံကြီး" ထဲက "အောင်ဇမ္ဗူဇာတ်သဘင်" ကပြခဲ့တဲ့ည။ စက်တင်ဘာလ (၁၃) ရက်နေ့၊ တနင်္ဂနွေနေ့ညနေမှာ ကျင်းပခဲ့တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ သမိုင်းဝင် "ဝဇီရာ ကဇာတ်ရုံကြီး" မှ "အောင်ဇမ္ဗူဇာတ်သဘင်" ပွဲပုံရိပ်တွေပဲဖြစ်ပါတယ်။
ဒီလို ခြိမ့်ခြိမ့်သဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တဲ့ နောက်ကွယ်မှာ ချစ်စွာသော ပရိသတ်တစ်ဦးချင်းစီရဲ့ တခဲနက် လာရောက် အားပေးဝန်းရံမှုတွေကြောင့်လိုလည်း ပြောနိုင်ပါတယ်။
4 479
ကျိုက်ထိုမြိုနယ်အ.မ.က-ကျိုက်ပိ(၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲပြုလုပ်
ကျိုက်ထို၊ စက်တင်ဘာ ၁၇
မွန်ပြည်နယ်၊ကျိုက်ထိုမြိုနယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနတို ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၁၇)ရက် နံနက်ပိုင်းက ကျိုက်ထိုမြို၊ ကျိုက်ပိကျေးရွာရှိ အ.မ.က-ကျိုက်ပိ(၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် လုပ်ငန်းကိုဆောင်ရွက်ခဲ့ကြသည်။
4 479
ပေါင်မြိုနယ် ကျွဲခြံကျေးရွာ၌ ကျေးလက်ဒေသဖွံဖြိုးရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်
ပေါင်၊ စက်တင်ဘာ ၁၇
မွန်ပြည်နယ်၊ ပေါင်မြိုနယ်တွင် မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို ပူးပေါင်း၍ “ကျေးလက်ဒေသဖွံဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျွဲခြံကျေးရွာ မွန်ရွှေကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။
4 479
ဖားအောက်ကျေးရွာ၌ ရေဂါလန် ၅,၀၀၀ ဆံ့ အုတ်ရေကန်နှင့် စက်ရေတွင်း တည်ဆောက်ပြီးစီး
မော်လမြိုင်၊ စက်တင်ဘာ ၁၇
မော်လမြိုင်မြိုနယ် ဖားအောက်ကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လေးလက်မ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေဂါလန် ၅,၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာ ၁၆ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
4 479
❝ရန်ကုန်မြိုရှိ လူစည်ကားရာနေရာများတွင် ခါးပိုက်နှိက်သူ ၁၈၆ ဦးကို (၆) လအတွင်း ဖမ်းဆီးအရေးယူနိုင်ခဲ့❞
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS ယာဉ်များ၊ ယာဉ်မှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် အုပ်စုဖွဲခါးပိုက်နှိက်မှုများ လျော့နည်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များက စုံစမ်းဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ (၆) လတာကာလအတွင်း ခါးပိုက်နှိက်မှု ၂၀၆ မှုနှင့် ဆက်စပ်သည့် တရားခံ ၁၈၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲသတင်းမှတ်တမ်းများအရ သိရသည်။
4 479
ကနေဒါသာ EU ရဲ့ တွဲဖက်အဖွဲဝင် ဖြစ်လာရင် EUနိုင်ငံတွေနဲ့ ကုန်သွယ်မှုကို ရပ်ဆိုင်းပစ်နိုင်ဟု ထရမ့်ဆို
ကနေဒါနိုင်ငံသာ ဥရောပသမဂ္ဂ (EU) ရဲ့ တွဲဖက်အဖွဲဝင်(Associate Member) ဖြစ်လာခဲ့ရင် အမေရိကန်အနေနဲ့ ဥရောပနိုင်ငံတွေနဲ့ ကုန်သွယ်မှုကို ရပ်ဆိုင်းပစ်နိုင်တယ်လို သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
"ဒါကိုသာ ရန်လိုတဲ့လုပ်ရပ်လို ကျွန်တော် ယူဆရင်တော့ ဥရောပအပေါ် အတော်လေး ပြင်းထန်တဲ့ စည်းကြပ်ခွန်တွေ စည်းကြပ်သွားမယ်၊ ဒါမှမဟုတ် ကုန်ပစ္စည်း တော်တော်များများမှာ ဥရောပနဲ့ ကုန်သွယ်နေတာကို ရပ်ပစ်မယ်" လို မြောက်ကာရိုလိုင်းနားမှာ သတင်းထောက်တွေကို ထရမ့်က ပြောခဲ့တာပါ။
Noted: ဒီဖြစ်ရပ်ကိုပဲ ကြည့်ပါ။ ကိုယ့်နိုင်ငံရဲ့ ရပ်တည်ချက်ကို ဗိုလ်ကျပြီး ဖျက်လို့ဖျက်စီးလုပ်နေတာ ကာယကံရှင်နိုင်ငံဆို ဘယ်လောက်ရင်ခံမလဲ။ တစ်ခါတစ်ခါကျ စဉ်းစားမိတယ် မြောက်ကိုရီးယားလိုခက်မိုက်မိုက်နေမှ နိုင်ငံတကာကလည်း ရမဲ့အနေအထား။ ဒီအချိန်မှာ ကိုယ်တွေနိုင်ငံကလည်း စည်းလုံးရမှာကို အကွဲကွဲ အပြဲပြဲ။
4 479
ဘန်ကောက်မြိုရှိ ကျားဖျန့်စင်တာတစ်ခုကို ထိုင်းရဲတပ်ဖွဲ ဝင်ရောက်စီးနင်းခဲ့ချိန်တွင် မြန်မာနိုင်ငံသားများအပါအဝင် သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးရမိ
ထိုင်းနိုင်ငံ ဘန်ကောက်မြိုရှိ ကျားဖျန့်စင်တာတစ်ခုကို ထိုင်းရဲတပ်ဖွဲက စက်တင်ဘာ ၁၆ ရက်တွင်ဝင်ရောက်စီးနင်းခဲ့ချိန်တွင် မြန်မာနိုင်ငံသားများအပါအဝင် သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးရမိကြောင်း Thai Enquirer သတင်းတွင် ဖော်ပြထားသည်။
4 479
❝ Facebook ပေါ်က လေယာဥ်မှူးအမျိုးသားကို အသက် ၆၆ နှစ်အရွယ်အမျိုးသမီးက ချစ်စိတ်ဝင်ကာ လမ်ပန်းမှ ချင်းမိုင်အထိ လာတွေ့မှ AI ဖြင့်ဖန်တီးထားသည့် လေယာဉ်မှူးဖြစ်နေမှန်း သိလိုက်ရ❞
ထိုင်းနိုင်ငံ လမ်ပန်းပြည်နယ်မှ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် Facebook ပေါ်တွင်တွေ့ရှိခဲ့သည့် လေယာဥ်မှူးဆိုသူအမျိုးသားကို ချစ်စိတ်ဝင်ကာ တွေ့ဆုံရန် မိသားစုကို အသိမပေးဘဲ လမ်ပန်းမှ ချင်းမိုင်အထိ တစ်ဦးတည်း ခရီးထွက်လာခဲ့ပြီး ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်မှ အဆိုပါ လေယာဥ်မှူးဆိုသူမှာ AI ဖြင့်ဖန်တီးထားသော အမျိုးသားတစ်ဦး၏ပုံဖြစ်မှန်း သိရှိသွားသည့် ဖြစ်စဥ်တစ်ခု စက်တင်ဘာ ၁၆ ရက်နေ့က ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
4 479
TikTok တည်ထောင်သူ ကျန်းယိမင် အိန္ဒိယဘီလျံနာ ဂေါ်တမ်အဒါနီကိုကျော်တက်ကာ အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ
TikTok ဖန်တီးခဲ့သည့် ByteDance ကုမ္ပဏီ၏တည်ထောင်သူ ကျန်းယိမင်သည် အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်လာပြီဖြစ်ကြောင်း Bloomberg Billionaires Index ၏ အချက်အလက်များအရ သိရသည်။
4 479
လက်နက်ကိုင်အဖွဲများအနေဖြင့် ပြည်တွင်းပဋိပက္ခဖြစ်ပွားနေမှုအပေါ် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများ၊ လက်နက်/ ခဲယမ်းများ ဝယ်ယူခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား
လက်နက်ကိုင်အဖွဲများအနေဖြင့် ပြည်တွင်းပဋိပက္ခဖြစ်ပွားနေမှုအပေါ် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများအပြင် လက်နက်/ ခဲယမ်းများ ဝယ်ယူခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားသည်။
စက်တင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ အစည်းအဝေး (၁/၂၀၂၆) တွင် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်သည်။
4 479
ထိုင်းဘုရင် ကိုယ်တိုင်လေယာဉ်မောင်းနှင်ကာ ဗီယက်နမ်သို နိုင်ငံတော်ခရီးစဉ် သွားရောက်
ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းနှင့် မိဖုရားဆုသီဒါတိုသည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ကိုယ်တိုင်လေယာဉ်မောင်းနှင်ကာ ဗီယက်နမ်နိုင်ငံ ၊ မြိုတော်ဟနွိင်းသို ရောက်ရှိခဲ့ပြီး နိုင်ငံတော်ခရီးစဉ်ကို စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတတိုလမ်နှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၆ ရက်အထိ ကြာမြင့်ခဲ့သည်။
ထိုင်းဘုရင်နှင့်အတူ ထိုင်းဝန်ကြီးချုပ် အနုတင်က ခရီးစဉ်အတွင်း ဘုရင့်အနီးကပ် တာဝန်ရှိဝန်ကြီးအဖြစ် လိုက်ပါခဲ့ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး အူရာဝဒီ ဆရီဖီရွမ်ယာနှင့် အခြားအဆင့်မြင့် အစိုးရအရာရှိများလည်း လိုက်ပါသွားကြသည်။
4 479
တိုင်းပြည်တိုးတက်ဖို့ လူငယ်တွေအား အများကြီးလိုပါသည်
🇲🇲🕊🇲🇲
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 479
ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် သီးခြားစီမိတ်ဆက်တွေ့ဆုံ၊ သံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
ဘရူနိုင်း၊ စက်တင်ဘာ ၁၇
ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးသက်နောင်သည် စက်တင်ဘာ ၈ ရက်မှ ၁၆ ရက်အတွင်း ဘရူနိုင်းနိုင်ငံဆိုင်ရာ အာဆီယံအဖွဲဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သီးခြားစီ မိတ်ဆက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
4 479
ဖိလစ်ပိုင်တွင် လူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် တောင်ကိုရီးယား ဒုစရိုက်ဂိုဏ်းခေါင်းဆောင်က ဒရုန်းကိုတွယ်စီးပြီး အကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်း
ဖိလစ်ပိုင်နိုင်ငံတွင် လူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် တောင်ကိုရီးယား ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးက ဒရုန်းကိုတွယ်စီးပြီး အကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်းခဲ့သော်လည်း ၄င်းနှင့်အတူ ပူးပေါင်းကြံစည်သူက ရိုက်ကူးခဲ့သည့် အစမ်းလေ့ကျင့်မှုဗီဒီယို ပေါက်ကြားသွားခဲ့သဖြင့် ထွက်ပြေးမည့်အစီအစဥ် မအောင်မြင်ခဲ့ကြောင်း ဘန်ကောက်ပိုစ်သတင်းတွင် ဖော်ပြခဲ့သည်။
4 479
ကနေဒါနိုင်ငံကို ပထမဆုံး တွဲဖက်အဖွဲဝင်နိုင်ငံအဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့သည့် EU ကို ထရန့်ခြိမ်းခြောက်
ကနေဒါနိုင်ငံကို ပထမဆုံး တွဲဖက်အဖွဲဝင်နိုင်ငံအဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့သည့် ဥရောပသမဂ္ဂ (EU) ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၁၆ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။
ကနေဒါနိုင်ငံကို EU ၏ တွဲဖက်အဖွဲဝင် ဖြစ်လာစေရန် လမ်းဖွင့်ပေးထားကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လီယန် ပြောကြားခဲ့ပြီးနောက် EU နှင့် ကုန်သွယ်ရေး ဖြတ်တောက်မည်ဟု ထရန့်က ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
4 479
အီရန်တွင် ပြည်တွင်းခရီးစဥ် ပျံသန်းနေသည့် ခရီးသည်တင်လေယာဥ်တစ်စင်း၏ မျက်နှာကြက်များနှင့် အိတ်များထားသည့် စင်အချို ပြိုကျခဲ့သဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရ
အီရန်နိုင်ငံတွင် ပြည်တွင်းခရီးစဥ် ပျံသန်းနေသည့် ခရီးသည်တင်လေယာဥ်တစ်စင်း၏ မျက်နှာကြက်များနှင့် အိတ်များထားသည့် စင်အချို ပြိုကျခဲ့သဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
4 479
ဘန်ကောက်မှာ တစ်လ ဘတ် ၉ သိန်းတန် ဇိမ်ခံအိမ်ငှားပြီး ဂျပန်တွေကို ငွေလိမ်နေတဲ့ မြန်မာအပါအဝင် Call Center ဂိုဏ်းဝင် ၁၅ ဦး ဖမ်းမိ
ထိုင်းနိုင်ငံ ဘန်ကောက်မြို ဘန်ဘွန်နူယာရပ်ကွက် Ekachai လမ်းသွယ် ၁၁၂ ရှိ ဇိမ်ခံအိမ်တစ်လုံးကို တစ်လလျှင် ဘတ် ၉ သိန်းပေး၍ ငှားရမ်းကာ ဂျပန်နိုင်ငံသားများကို ဖုန်းခေါ်ဆိုပြီး ငွေလိမ်နေသည့် Call Center ဂိုဏ်းတစ်ခုမှ မြန်မာအပါအဝင် သံသယရှိသူ ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲက စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
4 479
ကုန်းတွင်းပိတ်ဒေသများကို ပင်လယ်နှင့်ချိတ်ဆက်ပေးသည့် အဓိကတူးမြောင်းကြီး တရုတ်ဖွင့်လှစ်
တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကုန်းတွင်းဒေသများမှ ကုန်ပစ္စည်းများကို ပင်လယ်ပြင်သို ပိုမိုလွယ်ကူလျင်မြန်စွာ သယ်ယူပိုဆောင်နိုင်မည့် အဓိကရေလမ်းကြောင်းဖြစ်သော ပင်လူးတူးမြောင်း (Pinglu Canal) ကို ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အရှည် ၈၃ မိုင်ခန့်ရှိသည့် ပင်လူးတူးမြောင်းကို လေးနှစ်ခန့် အချိန်ယူတည်ဆောက်ခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသရှိ နန်နင်းမြိုအနီးမှ တုံကင်ပင်လယ်ကွေ့ (Gulf of Tonkin) သို ဆက်သွယ်ပေးထားသည်။
ယခင်က တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှ ကုန်ပစ္စည်းများကို ပင်လယ်ပြင်သို တင်ပိုရန် ကွမ်ကျိုးဘက်သို လှည့်ပတ်သယ်ယူရသော်လည်း တူးမြောင်းအသစ်ကြောင့် သယ်ယူပိုဆောင်ရေးခရီးအကွာအဝေးကို ကီလိုမီတာ ၅၆၀ ကျော်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ရှင်းဟွာသတင်းဌာနက ဖော်ပြသည်။
