en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဖိုးမှန်

ဖိုးမှန်

Open in Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Show more
The country is not specifiedThe category is not specified
4 701
Subscribers
-124 hours
-447 days
-30830 days
Posts Archive
ရွှေ၊ ရွှေကြမ်းနှင့် ရွှေထည်ပစ္စည်းများကို Online Sales မှတ်ပုံတင်ဖြင့် ရောင်းချခွင့်မပြုဟု စီးပွားကူးသန်း အသိပေး ရွှေ၊ ရွှေက
ရွှေ၊ ရွှေကြမ်းနှင့် ရွှေထည်ပစ္စည်းများကို Online Sales မှတ်ပုံတင်ဖြင့် ရောင်းချခွင့်မပြုဟု စီးပွားကူးသန်း အသိပေး ရွှေ၊ ရွှေကြမ်း၊ ရွှေလက်ဝတ်ရတနာများနှင့် ရွှေ၊ ရွှေကြမ်းဖြင့် ပြုလုပ်ထားသည့် အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းမှ ရောင်းချရန် Online Sales မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် အသိပေးထားသည်။

မီးပုံးပျံအဖွဲများအတွက် ထောက်ပံ့ယမ်းများထုတ်ပေး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် တောင်ကြီးမြိုတော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမ
မီးပုံးပျံအဖွဲများအတွက် ထောက်ပံ့ယမ်းများထုတ်ပေး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် တောင်ကြီးမြိုတော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညမီးကြီး မီးပုံးပျံအဖွဲများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲမှ ထောက်ပံ့သည့် ယမ်းပစ္စည်းများကို စတင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် ညမီးကြီး မီးပုံးပျံ ၆၈ လုံးအတွက် လိုအပ်သည့် ယမ်းပစ္စည်းများကို ယနေ့ အောက်တိုဘာလ ၈ ရက်မှစတင်၍ ၉ ရက်အထိ အဝေရာ မီးပုံးပျံကွင်းအတွင်း ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်က မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆက်ဆံမှု ပြန်လည်စတင် 𝙊𝘾𝙏~𝟖 အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့်ပတ
အမေရိကန်က မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆက်ဆံမှု ပြန်လည်စတင် 𝙊𝘾𝙏~𝟖 အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မူဝါဒကို ပြန်လည်ချိန်ညှိလာပြီး မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့ဆွေးနွေးမှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း Reuters သတင်းဌာနက အောက်တိုဘာ ၈ ရက်တွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် ဆက်ဆံရေးကို ကန့်သတ်ထားခဲ့သည့် ဝါရှင်တန်အနေဖြင့် ယခုအခါ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်မှုများ ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်ပြီး အမေရိကန်၏ လုံခြုံရေးနှင့် စီးပွားရေးအကျိုးစီးပွားများနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်များကို အဓိကထားလာကြောင်း သိရသည်။

အီရန်ကို နျူကလီးယားလက်နက် ထုတ်ခွင့်ပေးလိုက်မည်ဆိုပါက အီရန်သည် လော့အိန်းဂျလိစ်နှင့် ဆန်ဒီယေဂိုမြိုတိုကို ဖျက်ဆီးပစ်နိုင်သည်ဟု
အီရန်ကို နျူကလီးယားလက်နက် ထုတ်ခွင့်ပေးလိုက်မည်ဆိုပါက အီရန်သည် လော့အိန်းဂျလိစ်နှင့် ဆန်ဒီယေဂိုမြိုတိုကို ဖျက်ဆီးပစ်နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါပြောကြားချက်ကို ကယ်လိုဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအပါအဝင် ကယ်လိုဖိုးနီးယား ခေါင်းဆောင်များက ဝေဖန်ခဲ့ကြပြီး ဂါဗင်နယူဆွင်က ထရန့်၏စကားသည် စိတ်ဖောက်ပြန် ၍ပြောသောစကား၊ အန္တရာယ်ကြီးမားသော စကားဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်များတွင် အကြမ်းဖက်မှု အကြံအစည်များ အောင်မြင်မှုမရဖြစ်ခဲ့ပြီးနောက် စက်တင်ဘာ ၅ ရက် နီဘရာစကာ နိုင်ငံရေးဆိုင်ရာ စည်းရုံးရေးပွဲတွင် ထရန့်၏အထက်ပါမှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

သဘာဝဘေးကို အခွင့်ကောင်းယူပြီး ကုန်ဈေးနှုန်းမြှင့်တင်မှုမဖြစ်စေရေး ကြိုတင်စီမံရန် တနင်္သာရီဝန်ကြီးချုပ်မှာကြား တနင်္သာရီတိုင်း
သဘာဝဘေးကို အခွင့်ကောင်းယူပြီး ကုန်ဈေးနှုန်းမြှင့်တင်မှုမဖြစ်စေရေး ကြိုတင်စီမံရန် တနင်္သာရီဝန်ကြီးချုပ်မှာကြား တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေချိန်မှာ အခြေအနေကို အခွင့်ကောင်းယူပြီး ကုန်ဈေးနှုန်းတွေမြင့်တက်အောင်ဆောင်ရွက်လာနိုင်တာကြောင့် ကြိုတင်ကာကွယ်စီမံထားဖို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက မှာကြားလိုက်ပါတယ်။

ကိုယ်ရေးကိုယ်တာလုံခြုံမှု စိုးရိမ်ချက်များကြောင့် စမတ်မျက်မှန်အသုံးပြုမှုကို နိုင်ငံအချိုတွင် တားမြစ်ရန် စဉ်းစားလာ Meta ၏ စမတ
ကိုယ်ရေးကိုယ်တာလုံခြုံမှု စိုးရိမ်ချက်များကြောင့် စမတ်မျက်မှန်အသုံးပြုမှုကို နိုင်ငံအချိုတွင် တားမြစ်ရန် စဉ်းစားလာ Meta ၏ စမတ်မျက်မှန်များ အသုံးပြုမှု ကျယ်ပြန့်လာသည်နှင့်အမျှ အသုံးပြုသူများက အခြားသူများ၏ သိရှိသဘောတူညီမှုမရှိဘဲ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အသံများ မှတ်တမ်းတင်နိုင်သည့်အပေါ် ကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာသဖြင့် နိုင်ငံအချိုတွင် စမတ်မျက်မှန်အသုံးပြုမှုကို တားမြစ်ရန် သိုမဟုတ် ကန့်သတ်ရန် စဉ်းစားဆောင်ရွက်လာကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(State Visit) သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတေ
+4
မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(State Visit) သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ခဲ့သည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ အောက်တိုဘာ ၈ ရက် မွန်လွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး၊စစ်သံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များကကြိုဆိုနှုတ်ဆက်ကြသည်။

ဒေါ်နယ်ထရန့်က နိုဘယ်ငြိမ်းချမ်းရေးဆုကို ၎င်းရသင့်သည်ဟု ပြော ၂၀၂၆ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၉ ရက်တွင် ထ
ဒေါ်နယ်ထရန့်က နိုဘယ်ငြိမ်းချမ်းရေးဆုကို ၎င်းရသင့်သည်ဟု ပြော ၂၀၂၆ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာတော့မည်ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထိုဆုကို ၎င်းရသင့်သည်ဟု ပြောသည်။ Noted: ဟာသတွေကို ကမ္ဘာနဲ့တစ်ဝှမ်း မရိုးရအောင် ပြောနေသူပါ။ အမေရိကန်သမ္မတဆိုတာလဲ ဒီပုတ်ထဲက ဒီပဲပါလားလို့ မှတ်ချက်ပြုမိတယ်။

ရေကြီးနစ်မြုပ်သည့်နေရာများ၌ စိုက်ပျိုးရန် မတ်ပဲနှင့်ပဲတီစိမ်းမျိုးများဖြန့်ဝေပေးမည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရေကြီးနစ်မြုပ်တဲ
ရေကြီးနစ်မြုပ်သည့်နေရာများ၌ စိုက်ပျိုးရန် မတ်ပဲနှင့်ပဲတီစိမ်းမျိုးများဖြန့်ဝေပေးမည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရေကြီးနစ်မြုပ်တဲ့နေရာများမှာ ပြန်လည်စိုက်ပျိုးဖို မျိုးစပါးများ ဖြန့်ဝေပေးထားပြီး မတ်ပဲနဲ့ပဲတီစိမ်းမျိုးများကိုလည်း ဆက်လက်ဖြန့်ဝေပေးသွားမယ်လို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။

ထိုင်း-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် နောက်ဆုံးအဆင့်ရောက်ရှိနေပြီး ထရမ့်၏ အာရှခရီးစဉ်အတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိဟု အန
ထိုင်း-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် နောက်ဆုံးအဆင့်ရောက်ရှိနေပြီး ထရမ့်၏ အာရှခရီးစဉ်အတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိဟု အနူတင် ပြော ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတိုအကြား အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက်သည် နောက်ဆုံးအဆင့်သို ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လာမည့်အာရှခရီးစဉ်အတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ် အနူတင်သည် Forbes မီဒီယာ၏ ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် စတိဗ်ဖောဘီးစ်နှင့် ဆွေးနွေးစဉ် ပြီးခဲ့သည့်သီတင်းပတ်အတွင်း သမ္မတထရမ့်ထံမှ စာတစ်စောင် လက်ခံရရှိခဲ့ကြောင်း၊ ယင်းစာတွင် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်သည် နောက်ဆုံးအဆင့်သို ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်ဟု ပြောကြားခဲ့သည်။

လောင်းလုံးမြိုနယ်အတွင်း ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံ့ပိုဆောင်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ ဆက်လက်ဆောင်ရွက်လျက်ရှိဟု ဆို တနင်္သာ
လောင်းလုံးမြိုနယ်အတွင်း ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံ့ပိုဆောင်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ ဆက်လက်ဆောင်ရွက်လျက်ရှိဟု ဆို တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို နယ်အတွင်း ရေဘေးသင့်ဒေသများ၌ ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေးနှင့် လမ်းတံတားပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ကယ်ဆယ်ရေးအဖွဲများနှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်နေကြောင်း DMRT-Dawei Mountain Rescue Team နှင့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲမှ မျိုးမင်းက ပြောကြားထားသည်။

ကလေးမြိုမှ တီးတိန်မြိုသိုမဟာဓာတ်အားလိုင်း ၆၆ ကေဗွီလိုင်းသွယ်တန်းပေးခြင်းကို နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်သည့်အခါ ကျန
ကလေးမြိုမှ တီးတိန်မြိုသိုမဟာဓာတ်အားလိုင်း ၆၆ ကေဗွီလိုင်းသွယ်တန်းပေးခြင်းကို နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်သည့်အခါ ကျန်ရှိပစ္စည်းများ အပြီးသတ်ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် 08 October 2026 ■ မဟာဓာတ်အားလိုင်း၆၆ ကေဗွီလိုင်းအား ကလေးမြိုမှ တီးတိန်မြိုသို သွယ်တန်းပေးခြင်းကို နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်သည့်အခါ ကျန်ရှိပစ္စည်းများ အပြီးသတ်ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ပြည်ထောင်စုရန်ပုံငွေဖြင့် ဆက်လက် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ကပြောသည်။

နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိထိုက်သော်လည်း ဆုရရှိရန် မသေချာကြောင်း ထရမ့် ပြောကြား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၆ ခုနှစ် နိုဘယ
နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိထိုက်သော်လည်း ဆုရရှိရန် မသေချာကြောင်း ထရမ့် ပြောကြား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို မိမိအနေဖြင့် ရရှိထိုက်သည်ဟု ယုံကြည်သော်လည်း အမှန်တကယ် ဆုရရှိမည်၊ မရရှိမည်ကို မသေချာကြောင်း အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိသူကို နော်ဝေနိုဘယ်ကော်မတီက အောက်တိုဘာ ၉ ရက်တွင် ကြေညာရန်ရှိပြီး ဆုရွေးချယ်မှုနှင့်ပတ်သက်၍ ကော်မတီ၏ ဆုံးဖြတ်ချက်ကို မိမိမသိရှိကြောင်း ထရမ့်က ပြောသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် တို့ ကွာလာလမ်ပူမြို့ရှိ မလေးရှား ဝန်ကြီးချုပ်ရုံး၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးသည့်မှတ်တမ်း

ဆဋ္ဌမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးနှင့်ဆက်စပ်အစည
ဆဋ္ဌမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို မြန်မာကိုယ်စားလှယ်အဖွဲတက်ရောက် 08 October 2026 ■ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်ကကျင်းပသည့် ဆဋ္ဌမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများသို တက်ရောက်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်)ကို လွှတ်တော်သို တင်သွင်း ရန်ကုန်၊ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်)ကို လွှတ်တော်သို တင်သွင်း ရန်ကုန်၊ အောက်တိုဘာလ ၈ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲကိုယ်စား စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်)ကို လွှတ်တော်သို တင်သွင်းခဲ့သည်။

မြဝတီမြိုတွင်းရှိ မော်တော်ယာဉ်လိုင်းများ စိမ်းလဲ့မြိုင်အဝေးပြေးကားဝင်းသို ပြောင်းရွှေ့ရန် သက်ဆိုင်ရာက စစ်ဆေး မြန်မာ- ထိုင်းနယ
မြဝတီမြိုတွင်းရှိ မော်တော်ယာဉ်လိုင်းများ စိမ်းလဲ့မြိုင်အဝေးပြေးကားဝင်းသို ပြောင်းရွှေ့ရန် သက်ဆိုင်ရာက စစ်ဆေး မြန်မာ- ထိုင်းနယ်စပ် မြဝတီမြိုတွင်းမှ ရန်ကုန်နှင့်အခြားမြိုများသို ပြေးဆွဲနေသော ခရီးသည်နှင့် ကုန်စည်ပိုဆောင်ရေး မော်တော်ယာဉ်လိုင်းများအားလုံး စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်းသို ပြောင်းရွှေ့နိုင်ရန် သက်ဆိုင်ရာ ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်း စောက်ရှောက်ရေးအဖွဲက အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ မြိုနယ်စည်ပင်သာယာရေးအဖွဲ ၊ ကညန၊ ပိုဆက်၊ ယာဉ်ထိန်း၊ မီးသတ်၊ ရဲတပ်ဖွဲနှင့် စိမ်းလဲ့မြိုင် ယာဉ်ကြီးကြပ် ကော်မတီ၊ ယာဉ်ထောက်ကူ၊ တိုပါဝင်သော တာဝန်ရှိသူများသည် မြဝတီမြိုတွင်း၌ မော်တော်ယာဉ်လိုင်းဂိတ်များ ဖွင့်လှစ်ပြီး ခရီးသည်နှင့် ကုန်စည်ပိုဆောင်ရေးလုပ်ဆောင်နေကြသည့် ကားဂိတ်များသို သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ မြိုနယ်အဆင့် မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်းမပြုဘဲ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်နေသူများကို အရေးယ
ရှမ်းပြည်နယ်အတွင်းရှိ မြိုနယ်အဆင့် မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်းမပြုဘဲ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်နေသူများကို အရေးယူသွားမည်ဟု လွှတ်တော်တွင် သက်ဆိုင်ရာ အစိုးရအဖွဲဝန်ကြီးမှ ပြန်လည် ဖြေကြားခဲ့သည်။

အမေရိကန်တွင် ထိန်းသိမ်းခံထားရသော ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရိုသည် အမေရိကန်နိုင်ငံသားများ အား ညှင်းပန်းနှိပ်စက်မှုစွဲချက်အသစ်
အမေရိကန်တွင် ထိန်းသိမ်းခံထားရသော ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရိုသည် အမေရိကန်နိုင်ငံသားများ အား ညှင်းပန်းနှိပ်စက်မှုစွဲချက်အသစ်များနှင့် ရင်ဆိုင်ရဖွယ်ရှိ အမေရိကန်တွင် ထိန်းသိမ်းခံထားရသော ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးသည် ဆီလီယာ ဖလောရက်စ်တိုသည် ဗင်နီဇွဲလားနိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်နိုင်ငံသားများအား ညှင်းပန်းနှိပ်စက်မှု စွဲချက်အသစ်များနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ
+4
နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit)ပြီးဆုံး၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ၊နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ ထိုသို့ ပြန်လည်ထွက်ခွာရာတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ ဦးဆောင်သည့် မလေးရှားနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး နှင့် ဇနီး၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။