ဖိုးမှန်
Відкрити в Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Показати більшеКраїна не вказанаКатегорія не вказана
4 704
Підписники
-1124 години
-507 днів
-30630 днів
Архів дописів
4 703
ပြင်သစ်နဲ့ ဂျာမနီကတော့ တရုတ်ကို ဖိအားပေးဖိုအတွက် ပြင်ဆင်နေကြပြီ
အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ )
ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတိုဟာ နိုင်ငံခြား တိုင်းပြည်တွေကို ဥရောပသမဂ္ဂ (အီးယူ) ဈေးကွက်ထဲကနေ လျင်မြန်စွာ ပိတ်ပင်တားဆီးနိုင်မယ့် လုပ်ပိုင်ခွင့်အသစ်တွေ ဖန်တီးပေးဖို နဲ့ တရုတ်နိုင်ငံအပေါ် ပိုမိုတင်းကြပ်တဲ့ သဘောထားမျိုး ကိုင်စွဲဖို ဘရပ်ဆဲလ် (အီးယူ ဌာနချုပ်) ကို ဖိအားပေး တောင်းဆိုနေကြပါတယ်။
ဒီအဆိုပြုချက်ဟာ ဘေကျင်းနဲ့ ဆွေးနွေးပွဲတွေ မပြုလုပ်မီ အီးယူ ဘက်က ရပ်တည်ချက် ပိုမိုခိုင်မာ လာစေဖို ထိရောက်စွာ တွန်းအားပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ဈေးကွက်အပေါ် ဂျာမန်စီးပွားရေးလုပ်ငန်းတွေ မှီခိုနေရတာကြောင့် တရုတ်အပေါ် ကန့်သတ်ချက်တွေ ပြုလုပ်ဖို ကိစ္စမှာ ပြင်သစ်ထက် အမြဲ ပိုမိုသတိထားလေ့ရှိတဲ့ ဂျာမနီနိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲတစ်ခုကိုလည်း ပြသနေတာပါ။
4 703
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး
နေပြည်တော်၊ အောက်တိုဘာလ ၇
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် လည်း ပေါင်းစပ်ညှိနှိင်း၍ နိုင်ငံအတွင်းလုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိအွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက် အအုံများအား အပိုင်း ၃ပိုင်းခွဲ၍ စနစ်တကျဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီ ၉ ရက်တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။
4 703
DPLA နှင့် KNPP အမည်ခံအဖွဲဝင် ၄၈ ဦး ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လာ
နေပြည်တော်၊ အောက်တိုဘာ ၇
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အလေး ထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက် သောင်းကျန်း သူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန် လည်ထိန်းချုပ်နိုင်ခဲ့မှု များအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံ လျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှု များဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည် သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲများထံ လာရောက်သတင်းပိုပြီး ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။
4 703
မလေးရှားနိုင်ငံ၏ ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု
ယခုနှစ်တွင် မလေးရှားနိုင်ငံ၏ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယခင်ထက် ၃ ဆခန့် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပါသည်။ မြိုတွင်းရှိ ကြော်ငြာဘုတ်ကြီးများတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကြော်ငြာများ ပြည့်နှက်နေခြင်းကလည်း တိုင်းပြည်၏ စီးပွားရေးနှင့် ခရီးသွားကဏ္ဍ ဦးမော့ လန်းဆန်းလာမှုကို ထင်ရှားစွာ ပြသနေပါသည်။
ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းများတွင် F1 (Formula One) ပြိုင်ပွဲများ နှင့် ဆီးဂိမ်း (SEA Games) အားကစားပြိုင်ပွဲကြီးများ ကဲ့သိုသော နိုင်ငံတကာအဆင့်မီ ပွဲစဉ်ကြီးများကို အောင်မြင်စွာ ကျင်းပနေခြင်းကလည်း အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
4 703
ပြင်သစ်ဒုံးကျည်စမ်းသပ်မှုက ဥရောပ၏စစ်ရေးတည်ဆောက်မှုကို သက်သေပြနေသည်ဟု ရုရှားဝေဖန်
နျူကလီးယားလက်နက်သယ်ဆောင်နိုင်စွမ်းရှိသောဒုံးကျည်ကို ပြင်သစ်၏စမ်းသပ်ပစ်လွှတ်မှုက ဥရောပ၏စစ်ရေးတည် ဆောက်မှုကိုသက်သေပြနေသည်ဟု အောက်တိုဘာ ၇ ရက်တွင် ကရင်မလင်က ပြောကြားခဲ့ပြီး ရုရှားက အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု ဖြည့် စွက်ပြောကြားခဲ့သည်။
စမ်းသပ်မှုသည် ပြင်သစ်အနောက်ဘက် ကမ်းရိုးတန်းအလွန်တွင် အောက်တိုဘာ ၆ ရက်က ပြုလုပ်ခြင်းဖြစ်သည်ဟု ပြင်သစ်ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
4 703
မြောက်ဒဂုံမြိုနယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးခုတ်ပြီး ပစ္စည်းယူ လူသတ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိ
မြောက်ဒဂုံမြိုနယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးခုတ်ပြီး ပစ္စည်းယူ လူသတ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်၊အမှတ်(၄၂)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ စိတ်တိုင်းကျ အိမ်ဆောက်ပစ္စည်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
4 703
ရွှေဈေးနှုန်းနှင့် ဈေးကွက်မတည်မငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရွှေနှင့် ရွှေပါဝင်သော ပစ္စည်းများကို အွန်လိုင်းရောင်းချမှု မှတ်ပုံတင်လက်မှတ်ဖြင့် ခွင့်ပြုပေးခြင်း မရှိ
ရွှေဈေးနှုန်းနှင့် ဈေးကွက်မတည်မငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရွှေနှင့် ရွှေပါဝင်သော ပစ္စည်းများကို အွန်လိုင်းရောင်းချမှု မှတ်ပုံတင်လက်မှတ်ဖြင့် ခွင့်ပြုပေးခြင်း မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြည်တွင်းမီဒီယာတစ်ခုက ရွှေနှင့်ရွှေပါဝင်သောပစ္စည်းများOnlineတွင်ရောင်းချခွင့်ပိတ်ပင်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
4 703
မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုတိုကို တစ်ပြိုင်တည်းဖြစ်လာစေသည့် ဘင်္ဂလားဒေ့ရှ်နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ
ဘင်္ဂလားဒေ့ရှ် ပြည်သူအချိုသည် နျူကလီးယားဓာတ်အားပေးစက်ရုံဘေးတွင် နေရသည်ကို စိုးရိမ်နေကြသည့်တိုင် ဘင်္ဂလားဒေ့ရှ်သည် မကြာမကြာဓာတ်အားပြတ်တောက်မှုမှ သက်သာရာရစေမည့် ပထမဆုံး နျူကလီးယားသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
၁၀ နှစ်ကျော်တည်ဆောက်ခဲ့ရသည့် ဒေါ်လာ ၁၃ ဘီလျံကုန်ကျသော ၂ ဒသမ ၄ ဂီဂါ၀ပ် Rooppur နျူကလီးယားစက်ရုံသည် တစ်ခါကခြောက်ကပ်ကပ် Rooppur ကျေးရွာကို အသွင်ပြောင်းလဲပေးခဲ့သည်။ ရုရှားအလုပ်သမားများ ရောက်လာသည်။ လုပ်ငန်းသစ်များ၊ အလုပ်သစ်များ ပေါ်လာသည်။
4 703
Pigeon တံဆိပ် ကလေးနိုဘူးနှင့် နိုသီးခေါင်းအတုများ ဘန်ကောက်မြိုတွင် ဖမ်းဆီးရမိ
မြန်မာနိုင်ငံတွင်အသုံးများသည့် ပစ္စည်းတစ်ခုဖြစ်သော Pigeon တံဆိပ် ကလေးနိုဘူးနှင့် နိုသီးခေါင်းအတုများ ဘန်ကောက်မြိုတွင် ဖမ်းဆီးရမိခဲ့သည်ဟု Thai Enquirer က သတင်းဖော်ပြသည်။
ထိုင်းရဲတပ်ဖွဲမှာ အောက်တိုဘာ ၆ ရက်က ဘန်ကောက်မြို၊ Khlong Sam Wa ခရိုင်ရှိ ပိုဆောင်ရေးကုမ္ပဏီတစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေစဉ် အတုအပပြုလုပ်ထားသော Pigeon ကုန်အမှတ်တံဆိပ်ပါ ကလေးနိုဘူး ၄၀၀ နှင့် နိုဘူးခေါင်း (nipples) ၇၅၀ တိုကို သိမ်းဆည်းရမိခဲ့သည်။
4 703
တောင်သာမြိုနယ် သာပေါင်းလေးကျေးရွာရှိ မူလတန်းကျောင်း ခြံစည်းရိုးအနီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး ဒဏ်ရာရရှိ
မန္တလေးတိုင်း တောင်သာမြိုနယ်ရှိ တောင်သာမြိုနယ် သာပေါင်းလေးကျေးရွာရှိ မူလတန်းကျောင်း ခြံစည်းရိုးအနီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းပေါက်ကွဲမှုမှာ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသည့် ကျောင်းသား ကျောင်းသူများကို မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိကြောင်း သိရသည်။
Noted: ဘယ်လိုကြောင့် သူဟာသူ ကျောင်းတက်နေတဲ့ကလေးတွေကို ပြဿနာရှာနေတာလဲ။ တိုက်ချင်ရင် တည့်တိုက်လေ သက်ဆိုင်တဲ့သူတွေနဲ့ ဒီလိုကျတော့လဲ ကြောက်ချီးကပါသေးတာ။ မဖြစ်နိုင်တော့လဲ အခြေအနေမှန်းသိရက်နဲ့ ဆက်မိုက်ချင်ပြီး ဘဝဆုံးချင်တော့လဲ တားမရတော့ဘူး။
4 703
အမေရိကန် Fort Hood စစ်စခန်း ပစ်ခတ်မှု ကျူးလွန်သူကို သေဒဏ်ပေးမည်
အမေရိကန်စစ်တပ်မှ ဗိုလ်မှူးဟောင်းတစ်ဦးကို ပစ်သတ်သည့်နည်းဖြင့် သေဒဏ်ပေးမည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ကြေညာထားသည်။ ယင်းသည် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်စစ်တပ်တွင် ပစ်သတ်သည့်နည်းဖြင့် ပထမဆုံးအကြိမ် သေဒဏ်ပေးမှု ဖြစ်လာမည်။
အမေရိကန်စစ်တပ်၏ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးဖြစ်ခဲ့သည့် နီဒယ်ဟာဆန်သည် ၂၀၀၉ ခုနှစ်က တက္ကဆက်ပြည်နယ်ရှိ Fort Hood စစ်စခန်းတွင် အမေရိကန်စစ်သား ၁၃ ဦးကို ပစ်သတ်ခဲ့သည်။ ၎င်းကို ပစ်သတ်ကွပ်မျက်ရန် ကာကွယ်ရေးဝန်ကြီး ပီဟက်ဂ်ဆက်က အကြံပြုခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့်က သဘောတူခဲ့သည်။
4 703
ချင်းပြည်နယ် ဖလမ်းမြိုပြည်သူ့ဆေးရုံကြီး အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးနှင့် သူနာပြုသိပ္ပံကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးဌာနပိုင် အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
4 703
ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အုတ်မြစ်ချအခမ်းအနားသို ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်
အော်တာဝါ၊ အောက်တိုဘာ ၇
ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်ဥက္ကဋ္ဌနှင့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၏ ဦးစီးပဓာနဆရာတော် Venerable Nugegalayaye Jinānanda Thero ၏ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ၁၄၀၀ နာရီတွင် အော်တာဝါမြို၌ ကနေဒါဗုဒ္ဓဘာသာကွန်ဂရက်မှ ကြီးမှူးကျင်းပသည့် ဟီလ်ဒါ ဂျေးဝါဒနာရာမယ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းအုတ်မြစ်ချအခမ်းအနားသို တက်ရောက်ခဲ့သည်။
4 703
ကျိုက်ထီးရိုးစေတီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲအား ပြန်လည်ရွေးချယ်သွားနိုင်ရန် ကြီးကြပ်ရေးအဖွဲ ဖွဲစည်း
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲအား လာမည့် (သီတင်းကျွတ်လပြည့်နေ့) ဗုဒ္ဓပူဇနိယပွဲတော်မတိုင်မီ ပြန်လည်ရွေးချယ်သွားနိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲအား ဖွဲစည်းထားကြောင်း သိရသည်။
4 703
လယ်ဝေးမြိုပေါ်၌ သီတင်းကျွတ်လပြည်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့တိုတွင် နိုင်ငံကျော်အဆိုတော်များပါဝင်သည့် စတိတ်ရှိးကားဖြင့် မိုးအလင်း လှည့်လည်ဖျော်ဖြေမည်
𝙊𝘾𝙏~𝟕
နေပြည်တော်၊ လယ်ဝေးမြိုပေါ်မှာ သီတင်းကျွတ်ကာလအတွင်း ဘာသာရေး အလှူပွဲများနဲ့အတူ နိုင်ငံကျော်အဆိုတော်များက စတိတ်ရှိးကားတွေနဲ့ မြိုတွင်းလှည့်လည် ဖျော်ဖြေတင်ဆက်သွားမယ်လို သိရပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ လယ်ဝေးမြို အမှတ် (၂) ရပ်ကွက် မြိုဦးမ္မာရုံ ဝတ်ပြုတော်အသင်းရဲ့ ဘုရား (၅) ဆူ ဒေသစာရီကြွချီပူဇော်ခံပွဲအဖြစ် New Paper Music Band နဲ့အတူ အဆိုတော် ၂၄ ဦး ပါဝင်တဲ့ စတိတ်ရှိးကားက မြိုတွင်း မိုးလင်းပေါက် လှည့်လည်ဖျော်ဖြေတင်ဆက်သွားမှာလို ဆိုပါတယ်။
4 703
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိကျခိုင်မာသော နည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်နယ်အစိုးရသို တိုက်တွန်းကြောင်းအဆို ရှမ်းပြည်နယ်လွှတ်တော် အတည်ပြု
ရှမ်းပြည်နယ်အတွင်း နည်းမျိုးစုံ၊ ပုံစံစုံ၊ ဒီဇိုင်းစုံဖြင့် ပေါများလာနေသော မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိကျခိုင်မာသော နည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ရှမ်းပြည်နယ်အစိုးရသို တိုက်တွန်းကြောင်းအဆို အတည်ပြုကြောင်း ယနေ့ (အောက်တိုဘာ ၇ ရက်) ပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော်က ကြေညာသည်။
4 703
ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများနှင့်မြိုနယ်များရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခြံခတ်ရောင်းချခြင်းပြုပါကဥပဒေအရ အရေးယူခြင်းခံရမည်
=============================================
07 October 2026
■ ရောဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများဖြစ်သည့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ဟိုင်းကြီး အပါအဝင် ရောဝတီတိုင်းဒေသကြီးအတွင်းရှိ မြိုနယ်အသီးသီးတွင် တည်ရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုဥပဒေနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ မိမိတို၏သဘောဖြင့် နယ်နိမိတ်သတ်မှတ်၍ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတိုကို ဆောင်ရွက်ပါကဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။
4 703
တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ လာရောက်လေ့လာ
နေပြည်တော်၊ အောက်တိုဘာ ၇
မြန်မာ့သမိုင်းစဉ်ကာလတစ်လျှောက်တွင် အစဉ်အလာကြီးမားခဲ့သည့် ရှေးခေတ်မြန်မာ့တပ်မတော်၏ဆောင်ရွက်ချက်နှင့် အထွေထွေဗဟုသုတများကို လေ့လာနိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင်လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန်၊ ကျောင်းပြင်ပဗဟုသုတများရရှိစေရန်နှင့် ကျောင်းသား ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
4 703
သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော် စတင်ကျင်းပ
ရန်ကုန်၊ အောက်တိုဘာ ၇
ရန်ကုန်မြို၏ အထင်ကရ သမိုင်းဝင်အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေး၏ ရာပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက အဆိုပါဈေး၌ ကျင်းပခဲ့ပြီး ရာပြည့်ပွဲတော်ကို အောက်တိုဘာ ၁၁ ရက်အထိ ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
