The Legend Of Rosy Clouds(2026)
Open in Telegram
Show more
The country is not specifiedThe category is not specified
676
Subscribers
+624 hours
+277 days
+11030 days
Posts Archive
+9
ရနံ့သင်းဖြာ သစ်ခွပန်းလွှာ (Against the current)
兰香如故
သစ္စာဖောက်မှု အငြိုးအတေးတွေကြားက မာနနဲ့ ဂုဏ်သိက္ခာကို လက်နက်အဖြစ်သုံးပြီး ကံကြမ္မာကို စိန်ခေါ်လှည့်ပြန်ပစ်မဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မာကျောကြံ့ခိုင်လှတဲ့စိတ်ဓာတ်နဲ့အတူ ရှေးဟောင်း နန်းတွင်း အိမ်တွင်းရေး ဒရာမာဇာတ်လမ်းကောင်းလေးတွေကို လွမ်းနေသူတွေအတွက် ရနံ့သင်းဖြာ သစ်ခွပန်းလွှာ (Against the Current)ဆိုတဲ့ တရုတ်ဇာတ်လမ်းတွဲလေး ထွက်ရှိလာပါပြီ။
ဒီဇာတ်လမ်းမှာတော့ (Destined) ဇာတ်လမ်းတွဲထဲက ဆွဲဆောင်မှုရှိတဲ့ မင်းသားချောလေး Liu Xueyi (လျိုရွှယ်ယိ) က “လင်ကျင်ချီ” အဖြစ် ပါဝင်ထားပြီး (Go Ahead) နဲ့ (The Sword and The Brocade) စတဲ့ ဇာတ်ကားများစွာနဲ့ ပရိသတ်ရင်ထဲ အမြဲနေရာယူထားတဲ့ Tan Songyun (ထန်စုန်းယွင့်) က “ရှန်ကျားလန်၊ ရွှီလန်ရှန်း” အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ထားပါတယ် အဲဒါအပြင် Niu Junfeng(နျိုကျွင့်ဖုန်း) , Li Meng(လီမုန့်), Zheng Hehuizi(ကျန့်ဟယ်ဟွေ့ဇီ) နဲ့ Guo Keyu(ကောခဲယွီ) တို့အပြင် ဝါရင့်သရုပ်ဆောင်ပေါင်းများစွာကလည်း ပါဝင်အားဖြည့်ထားကြပါသေးတယ်။
ဇာတ်လမ်းအကျဉ်း
မင်းတိုင်ပင်ခံအမတ်ကြီးရဲ့ မြေးကြီးဖြစ်သူရှန်ကျားလန်နဲ့ အမတ်ချုပ်ကြီးမိသားစုမှ လင်ကျင်ချီတို့ဟာ ငယ်စဉ်ကတည်းက စေ့စပ်ထားကြတဲ့ ငယ်ချစ်ဦးတွေ ဖြစ်ကြပါတယ်။ သို့သော်လည်း ရှန်မိသားစုတစ်စုလုံး မတရားစွပ်စွဲခံရပြီး မျိုးရိုးပြုတ် သတ်ဖြတ်ခြင်းခံလိုက်ရတဲ့အခါမှာတော့ လင်မိသားစုဟာ မိမိတို့ အန္တရာယ်မှ လွတ်မြောက်ဖို့အတွက် စေ့စပ်ထားတာကို ရက်စက်စွာဖျက်သိမ်းလိုက်ပါတော့တယ်။ ဒီဆုံးဖြတ်ချက်ဟာ လင်ကျင်ချီအနေနဲ့ ရက်စက်တယ် ထင်ရပေမဲ့လည်း အမှန်မှာတော့ စည်းစနစ်ကြီးမားတဲ့ အထက်တန်းစားအသိုင်းအဝိုင်း၏ဖိအားနဲ့ မိသားစုတာဝန်ကို ဦးစားပေးခဲ့ရပြီး လုပ်နိုင်စွမ်းအကန့်အသတ်ရှိခဲ့တဲ့ လူပုဂ္ဂိုလ်တစ်ဦးရဲ့ လက်တွေ့ဆန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တာပါ။
ဒီလိုနဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းမှာ ရှန်ကျားလန်ဟာ ရှန်အိမ်က ကျေးဇူးရှိဖူးသူအစေခံဟောင်းတစ်ဦးရဲ့ကူညီမှုနဲ့ လွတ်မြောက်ခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ရွှီလန်ရှန်းဆိုတဲ့ အမျိုးသမီးရဲ့အထောက်အထားကို သုံးကာ လင်အိမ်တော်ဆီကို အစေခံအဖြစ် အသွင်ပြောင်းဝင်ရောက်ခဲ့ရပါတယ်။ ဘဝကို အစကနေ ပြန်စရင်း တတိယအဆင့်အစေခံအဖြစ် နှိမ့်ချနေထိုင်ခဲ့ရပေမဲ့ ရှန်ကျားလန်ကတော့ ဘယ်တော့မှ ဘဝကို အရှုံးမပေးခဲ့ပါဘူး။ သူမရဲ့ ပါးနပ်လိမ္မာမှု၊ ကြံ့ခိုင်မှုနဲ့ ကြင်နာတတ်တဲ့ စိတ်ထားတို့ကြောင့် လင်အိမ်တော်ထဲမှာ တဖြည်းဖြည်း ခြေကုတ်ယူနိုင်ခဲ့ရုံမက လင်ကျင်ချီရဲ့ ချစ်ခြင်းနဲ့ လေးစားမှုကိုပါ ပြန်လည်ရရှိလာခဲ့ပါတယ်။
ဒါပေမဲ့လည်း အိမ်တွင်းရေး အရှုပ်တော်ပုံတွေ၊ မကင်းနိုင်တဲ့ အငြိုးအတေးတွေနဲ့ အတန်းအစား ခွဲခြားမှုတွေကြားထဲမှာ သူမဟာ မိမိရဲ့ ကံကြမ္မာကို မိမိကိုယ်တိုင် ပြန်လည်ထိန်းချုပ်နိုင်ပါ့မလား။
သစ္စာဖောက်မှုတွေကြားကနေ မိသားစုရဲ့ မတရားစွပ်စွဲခံရမှုကို ပြန်လည်ခြေဖျက်ပြီး ဂုဏ်သိက္ခာကို သက်သေပြနိုင်ပါ့မလား။
ခါးသီးခဲ့ဖူးတဲ့ အတိတ်တွေကြားကနေ လင်ကျင်ချီနဲ့ အချစ်ရေးကိုရော ဘယ်လိုမျိုး အဆုံးသတ်သွားမလဲဆိုတာကိုတော့ GC Chinese Channel ကနေ ရနံ့သင်းဖြာ သစ်ခွပန်းလွှာ
(Against the Current)ဆိုတဲ့ ဇာတ်ကားလေးကို မကြာခင်တင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
Reviewed by ပင်းပင်း
Translated by GC Chinese Team
Encoded by Wobushi
#againstthecurrent
#ရနံ့သင်းဖြာသစ်ခွပန်းလွှာ
#兰香如故
User Not Found (2026)
ကင်မရာပေါင်းများစွာ တပ်ဆင်ထားတဲ့ အေးစက်စက် အလုံပိတ်အအေးခန်းကြီးတစ်ခု.....ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ
အဲဒီအခန်းထဲမှာ ရုတ်တရက်နိုးလာပြီး ပိတ်မိနေတာကိုသိလိုက်ရပါတယ်။ အပြင်လောကနဲ့ဆက်သွယ်ဖို့ သူတို့နှစ်ယောက်အတွက်တစ်ခုတည်းသောနည်းလမ်းကတော့
ဗီဒီယိုကောပွင့်နေဆဲဖြစ်တဲ့ ကွန်ပျူတာတစ်လုံးပါပဲ။ဒါပေမယ့် ဒီကွန်ပျူတာရဲ့နောက်ကွယ်မှာတော့ ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုရှိနေခဲ့ပါတယ်။
ဒါဟာသာမန်ပိတ်မိနေမှုမဟုတ်ပဲ လူပေါင်းများစွာစောင့်ကြည့်နေတဲ့ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကြီးတစ်ခုဖြစ်နေပါတယ်။ သူတို့နှစ်ယောက်ဟာ တိုက်ရိုက်တင်ဆက်နေတဲ့
အသက်လုဂိမ်းကစားပွဲကြီးကို ကစားရမှာဖြစ်နေပါတယ်။ သေခြင်းနဲ့ အမှန်တရားကြားက အသက်လုထွက်ပေါက်ရှာရမယ့်ကစားပွဲကြီးကို တင်ဆက်သွားမယ့်
သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
Filesize : 833 MB / 483 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Crime and Mystery
Runtime : 1h 35 min
Subtitle : Myanmar Subtitle ( Hardsub )
Di Renjie: Six Dragon Phases (2026)
ဆန်းကြယ်လှတဲ့ပဟေဠိတွေနဲ့ ပြည့်နှက်နေတဲ့ ထန်မင်းဆက်ခေတ် ချန်အန်းမြို့တော်ကြီးမှာ စုံထောက်ကြီးဒီးဟာ တရားရေးဌာနရဲ့အမတ်အဖြစ် စတင်ပြီးတာဝန်ထမ်းဆောင်ရပါပြီ။
သူရောက်လာပြီး ပထမဆုံးနဲ့အန္တရာယ်အကြီးဆုံးအမှုကြီးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အမတ်ချုပ်ကြီးဟန် ထားခဲ့တဲ့ နဂါးနက်ရတနာ၆ပါးရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ပါပဲ။
ဒီရတနာတွေက ပျောက်ကွယ်နေရုံတင်မကပဲ ရတနာ၆ပါးလုံးသာပေါင်းစည်းသွားရင် လူတွေဟာထင်ယောင်ထင်မှားတွေဖြစ်ပြီးသွေးအန်သေဆုံးသွားနိုင်တဲ့ အမှောင်စွမ်းအားတွေ
ရှိနေတာကို စုံထောက်ကြီးဒီးကရိပ်မိသွားပါတယ်။ အမှန်တရားကိုရှာဖွေဖို့အတွက် စုံထောက်ကြီးဒီးဟာ ဘုရားကျောင်းတွေ၊ လျှို့ဝှက်ဂိုဏ်းတွေနဲ့ ရှေးဟောင်းအပျက်အစီးတွေကြားအထိ စုံစမ်းခဲ့ပါတယ်။
နောက်ဆုံးမှာတော့လောဘဇောကြောင့် ရတနာတွေကိုတပ်မက်နေတဲ့ အမတ်ချုပ်ကြီးလီရဲ့ လက်ကနေ ရတနာတွေကိုကာကွယ်ပြီး ထန်တိုင်းပြည်ကြီးကိုအေးချမ်းအောင်
အမှန်တရားကိုဖော်ထုတ်ပြီး တရားနဲ့စီရင်သွားမှာပဲဖြစ်ပါတယ်။ ဒီးရန်ကျယ်ရဲ့ ပါးနပ်လှတဲ့ထောက်လှမ်းရေးပညာတွေကို အားပေးလိုက်ကြပါဦး......
Filesize : 1.19 GB / 669 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Drama and Mystery
Runtime : 1h 16 min
Subtitle : Myanmar Subtitle ( Hardsub )
Okay! Madam (2020) 🔥 စ/ဆုံး Movie
လေယာဉ်ပြန်ပေးဆွဲတာကို ကယ်တင်မယ့် တစ်ကယ့် အခွီကား 🤣😂
သာမန်ဈေးလေးထဲမှာ မုန့်လုပ်ရောင်းတဲ့ မီယောင်း ဟာ ကွန်ပျူတာပစ္စည်းတွေပြင်တဲ့ ခင်ပွန်းဖြစ်သူ ဆော့ဟွမ် သမီးလေးဖြစ်သူ နာရီတို့နဲ့ အတူ နေထိုင်တယ်.... တစ်နေ့မှာ ဟာဝိုင်အီကိုသွားဖို့ ကံစမ်းမဲပေါက်သွား ပြီး အပျော်တွေလွန်ရင်း ခရီးသွားဖို့ဖြစ်လာတယ် συλ....
ဟာဝိုင်အီကိုသွားနေတဲ့လမ်းခရီးဟာ တကယ်ပျော် စရာလို့ထင်ရပေမယ့် လေယာဉ်ပေါ်မှာ မမျှော်လင့် တဲ့အဆုံးဝါးဆုံးပြဿနာတွေဖြစ်လာတယ်.... သူတို့လေယာဉ်ပေါ်မှာ အရမ်းကိုအန္တရယ်များလှတဲ့ သူလျှိုပါလာတယ်ဆိုတဲ့ သတင်းရလို့ မြောက်ကိုရီးယားတပ်မှူးဖြစ်သူနဲ့အဖွဲ့တွေဟာ လေယာဉ်ကိုပိုက်စိပ်တိုက်ရှာကြတော့တယ်... စီးနင်းလာတဲ့ခရီးသည်တွေအားလုံး ဓားစာခံဖြစ်သွား ကြတယ်ပေါ့…..မြောက်ကိုရီးယားကအဖွဲ့ကလည်း တကယ့်ကိုကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လက်မရွှံအဖွဲ့
603....အဲ့ဒီနောက်တော့ လေယာဉ်ပေါ်မှာ ပြဿနာ မျိုးစုံစပါတော့တယ်... ဒီကားက ဇာတ်လမ်း စပြီး မိနစ်(၃၀)လောက်မှာတင် ပွဲစကြမ်းပါ တယ်....
Repost from N/a
S›park: A S›pace T›ail [2016]
ဒီတစ်ခါတော့ Animation ပရိတ်သက်တွေ အတွက် အတော်ချစ်စရာကောင်းတဲ့ ဇာတ်ကောင်များပါဝင်တဲ့ Animation ကားကောင်းတစ်ကားနဲ.မိတ်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားလေးမှာ ဟောလိဝုဒ် နိုင်ငံကျော်သရုပ်ဆောင်တွေလည်း အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားပါသေးတယ်၊
ဒီကားလေးကတော့ပေါ့ပေါ့ပါးပါးဟာသကာတွန်းကားလေးပါ
Spark ဆိုတာက မျောက်ငယ်လေးတကောင်ပါပဲ၊ အဲဒီမျောက်လေးနဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Chunk နဲ့ Vix တို့ဟာ Bana ဆိုတဲ့ ဂြိုလ်လေးကိုပြန်လည်သိမ်းယူဖို့တာဝန်ပေးခံရခဲ့တာပါ
အဲဒီနိုင်ငံတော်ကို မကောင်းဆိုးဝါးကြီး Zhong ဆိုတဲ့သူက သိမ်းပိုက်ထားတာဖြစ်ပါတယ်၊
အဲဒီတော့ Spark တို့သူငယ်ချင်းတသိုက် ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတော့..
Repost from N/a
The Young Master (1980)
ဒီတစ်ခါတော့ ဟောင်ကောင် ခုန်ဆွ ခုန်ဆွ တရုတ်သရဲကားတွေ ထုတ်ခဲ့တဲ့ ကုမ္ပဏီကပဲ ၁၉၈၀ မှာ ရိုက်ထားတဲ့ Jackie Chan ရဲ့ ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ပရိသတ်ကြီးတို့ရေ… ရှေးဟောင်းကားဆိုပေမဲ့ IMDb rating က 7.1/10 ထိတောင် ရရှိထားပါသေးတယ်။ Martial သိုင်းကားတစ်ခုအတွက်ဆိုရင် အတော်ကို မြင့်တဲ့ အမှတ်မျိုးပါဗျာ။ နောက်ပိုင်းမှာ နာမည်ကြီးလာကြတဲ့ လူတွေအတော်များများလည်း ဇာတ်ပို့ အနေနဲ့ ပါဝင်ထားကြပါသေးတယ်ဗျ။ ဇာတ်အိမ်အကြမ်းဖျင်းပြောရရင်တော့ တရုတ်ခြင်္သေ့ အက ပြိုင်ရင်း ရှုံးသွားတဲ့အခါ ဆရာတစ်ယောက်ဟာ နောက်ကွယ်မှာ ဘယ်လို လုပ်လို့ ရှုံးသွားရတယ်ဆိုတာကို သိသွားပြီး သူငယ်ငယ်တည်းက မွေးစားထားခဲ့တဲ့ ချစ်တပည့်ကြီးတစ်ယောက်ကို နှင်ထုတ်လိုက်ပါတယ်။ ဒါကြောင့်မို့ အစ်ကိုကြီးနဲ့ အတူတူကြီးပြင်းလာရတဲ့ ကောင်လေးက သူ့မွေးစားအစ်ကိုကြီးကို ရှာဖို့ ဆရာ့ကို ကတိပေးပြီး ရှာပုံတော်ထွက်ဖြစ်ရင်း အခွီး အပြောင် ဇာတ်လမ်း ဇာတ်အိမ်တွေ နဲ့အတူ တကယ်ကို အခုခေတ် သိုင်းတွေလို လေထဲက ချနေတာမျိုးမဟုတ်တဲ့ ကွန်ဖူးသိုင်း ချတာတွေကို ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။#crd
