en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

Our President 🇲🇲

Our President 🇲🇲

Open in Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Show more
The country is not specifiedThe category is not specified
216
Subscribers
No data24 hours
-27 days
-230 days
Posts Archive
Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့လည်း တက်ရောက်မည်ဖြစ်သည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေဟု နိုင်ငံတေ
ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေဟု နိုင်ငံတော်သမ္မတ ပြော နေပြည်တော်၊ ဩဂုတ် ၁၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာများမှာ - မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် ငလျင်ဘေးဒဏ်ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချပေးနိုင်ရေး နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၁၀ ယနေ့ကျောင်းသားလူငယ်များသည် နောင်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတက အဓိကထား ပြောကြားခဲ့သည့် အကြောင်းအရာများမှာ - ▪️ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် ဦးတည်ချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။ ▪️ “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ကလေးဘဝမှစ၍ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုပုံစံနှင့် အမူအကျင့်ကောင်းများ စွဲမြဲလာစေရေး လေ့ကျင့်ပေးရန်နှင့် ကျောင်းသားများမှတစ်ဆင့် မိသားစုနှင့် လူမှုအသိုက်အဝန်းအထိ ကျန်းမာရေးအသိ ပျံ့နှံ့စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ ▪️ KG မှ Grade-12 အထိ ကျန်းမာရေးမှတ်တမ်း လွှမ်းခြုံရန် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ KG ကျောင်းသားများအတွက် စတင်ဆောင်ရွက်ခဲ့သည့် တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်စနစ်ကို ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ Grade-12 အထိ စဉ်ဆက်မပြတ် လွှမ်းခြုံနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ ▪️ ကျောင်းတွင်းအာဟာရအတွက် ကျပ် ၂ ဒသမ ၈၂ ဘီလီယံ KG ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးရေးကို ဆက်လက်ဆောင်ရွက်ရန်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရန်ပုံငွေကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားပြီး ဆက်လက်တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်း။ ▪️ ဆယ်ကျော်သက် ကျန်းမာရေးအခြေအနေကို အလေးထားရန် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ ၁,၁၅၅ ဦးကို လေ့လာဆန်းစစ်ရာ ၂၃ ရာခိုင်နှုန်း ကိုယ်အလေးချိန်လျော့နည်းပြီး ၄ ဒသမ ၅ ရာခိုင်နှုန်း အဝလွန်နေသည်ကို တွေ့ရှိရကြောင်း။ ကျောင်းသား၊ ကျောင်းသူ သုံးပုံတစ်ပုံခန့်သာ တစ်ပတ်လျှင် အနည်းဆုံး တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုရှိပြီး ဆယ်ပုံတစ်ပုံခန့်မှာ စိတ်ဖိစီးမှုခံစားနေရသည်ကို တွေ့ရှိရကြောင်း။ ▪️ Vape၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးကို ထိရောက်စွာ တားဆီးရန် ဆယ်ကျော်သက်ကျောင်းသားများအကြား Vape အပါအဝင် ဆေးလိပ်၊ အရက်ပါဝင်သည့် အဖျော်ယမကာနှင့် မူးယစ်ဆေး စမ်းသပ်သုံးစွဲမှုများရှိနေသဖြင့် ကျောင်းအားလုံးကို ဆေးလိပ်ကင်းစင်သည့်ကျောင်းများ အဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းပတ်ဝန်းကျင် ပေ ၁၀၀ အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ရောင်းချခြင်း၊ ကြော်ငြာခြင်း တားမြစ်ချက်နှင့် Vape ဆိုင်ရာ တားမြစ်ချက်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်၍ ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း။ ▪️ ကျောင်းမုန့်ဈေးတန်းနှင့် အစားအသောက်ဘေးကင်းရေး ကြပ်မတ်ရန် ကျောင်းမုန့်ဈေးတန်းများကို ပုံမှန်စစ်ဆေး၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများသာ ရောင်းချစေရန်နှင့် အစားအစာရောင်းချသူများကို ကျန်းမာရေးစစ်ဆေးရန် လိုအပ်ကြောင်း။ ▪️ ကျောင်းသားများ၏ စိတ်ကျန်းမာရေးကိုပါ အလေးထားရန် လုံလောက်သည့် အိပ်စက်ချိန်ရရှိရေး၊ စိတ်ဖိစီးမှုခံစားနေရသည့် ကလေးများကို မိဘနှင့်ဆရာများက ပူးပေါင်း၍ ပံ့ပိုးကူညီနိုင်သည့် ပတ်ဝန်းကျင်နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများ ဖန်တီးပေးရန် လိုအပ်ကြောင်း။ ▪️ ၂၀၃၀ မျှော်မှန်းသက်တမ်း တိုးမြှင့်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြှင့်လာရေးနှင့် အရွယ်မတိုင်မီသေဆုံးမှု လျှော့ချရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများကို ကျောင်းနေအရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း။ ▪️ ဝန်ကြီးဌာနများ ပူးပေါင်းအကောင်အထည်ဖော်ရန် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် ကျောင်းသားလူငယ်များ၏ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းတို့ ဖြစ်ပါသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)တွင် သင်ကြားရေးဆိုင်ရာနှင့် ကျောင်းပတ်ဝန်းကျင် ကောင်းမွန်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ဧရာဝတီ ဩဂုတ် ၉ အောက်မြန်မာပြည်အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သင်ကြားရေးနှင့် ပညာရေးအရည်အသွေးများ မြှင့်တင်ကာ အနာဂတ်တွင် မဟာဘွဲ့ (Master) နှင့် ဒေါက်တာဘွဲ့ (Ph.D) များအထိ အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် - အရည်အသွေးမြင့်မားရေးနှင့် ဘွဲ့လွန်သင်တန်းများ ရည်မှန်းဆောင်ရွက်ရေး - “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်သဖြင့် သင်ကြားရေး အရည်အသွေး (Quality) ကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း၊ နောင်တွင် မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ပေးအပ်နိုင်ရေးအထိ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်နှင့် အယူအဆဆိုင်ရာ သင်ကြားရေး - စပါး၊ ပြောင်း၊ ပဲနှင့် နှစ်ရှည်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် သီးသန့် အထူးပြုရမည့် သီးနှံများနှင့် နှစ်ရှည်ပင်များကို သေချာစွာ သင်ကြားပေးရန်လိုကြောင်း၊ “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသည့် အခြေခံအချက်များအနက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ ရေအရင်းအမြစ် အသုံးချရေးတို့ကို သာမန်သင်ကြားပေးရုံမကဘဲ အတွေးအခေါ်နှင့် အိုင်ဒီယာပါ ရရှိအောင် သင်ကြားပေးရန်လိုအပ်ကြောင်း၊ လက်တွေ့ကျသော စိုက်ပျိုးရေးနှင့် မွေးမြူရေး - ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ကျွဲ၊ ငါး အစရှိသည့် မွေးမြူရေးနည်းလမ်းများအပြင် ဘဲသားနှင့် ဘဲဥ ထုတ်လုပ်မှုဆိုင်ရာ နည်းလမ်းများကိုပါ သေချာစွာ သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် အဓိကကျသည့် သရက်၊ သီဟိုဠ်နှင့် ရော်ဘာစသည့် နှစ်ရှည်သီးနှံများကို လက်တွေ့ကျကျ ဆောင်ရွက်စေလိုပြီး ဖြစ်နိုင်ပါက ကျောင်းသားများအနေဖြင့် မဟာတန်းအထိ ဆက်လက်သင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဗဟုသုတများ - သစ်ပင်စိုက်ပျိုးရာတွင် တွက်ချက်စိုက်ပျိုးနည်း၊ အရိပ်ရပင်နှင့် နေကာပင် စိုက်ပျိုးပုံများကို ဗဟုသုတ (Knowledge) တစ်ခုအနေဖြင့် သင်ကြားပေးရန်၊ ပန်းဥယျာဉ် ပြုပြင်ဖန်တီးခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားပေးရန် လိုကြောင်း၊ ကျောင်းသားများ၏ ဂုဏ်သိက္ခာနှင့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေး - ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ကျောင်းသားဆိုသည့် ဂုဏ်ကို မြတ်နိုးဂုဏ်ယူတတ်စေရန်နှင့် အတွေးအခေါ်၊ အသိအမြင်ကောင်းများ ရရှိစေရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ စာသင်ဆောင်များနှင့် အိပ်ဆောင်များကို စနစ်တကျ ပြုပြင်ဖန်တီးပေးရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးနှင့် တိုးချဲ့ရေး - ကျောင်းသားဦးရေ တိုးတက်လာရေး ဆောင်ရွက်ရန်လိုပြီး အမှန်တကယ် လိုအပ်သည့် စာသင်ဆောင်၊ အိပ်ဆောင်နှင့် အဆောက်အအုံများကို စနစ်တကျ တွက်ချက်တောင်းခံပါက သီးခြားဘတ်ဂျက်ဖြင့် စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ တိုးချဲ့ရေး - တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတိုင်း၌ စိုက်ပျိုး/မွေးမြူရေး သိပ္ပံများကို မဖြစ်မနေ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများ မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေး အစိုးရက တတ်နိုင်သမျှကူညီမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
+1
ရေဘေးသင့်ပြည်သူများ မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေး အစိုးရက တတ်နိုင်သမျှကူညီမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား ဧရာဝတီ၊ ဩဂုတ် ၉ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများ၏ အခက်အခဲများ လျော့ပါးသက်သာစေရေးနှင့် မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေးအတွက် အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား လဟာပကျေးရွာရှိ လဟာပကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံစဉ် - ရေဘေးကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ရေဘေးသင့်ပြည်သူများအား ကိုယ်တိုင်လာရောက်အားပေးလိုသည့်အတွက် ရောက်အောင်လာခဲ့ခြင်းဖြစ်ကြောင်း ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများအနေဖြင့် မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့်လည်း မူလအခြေအနေအတိုင်း နီးပါးပြန်လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရေဘေးကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို ကျောင်းပြန်လည်တက်ရောက်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း ကလေးငယ်များ ကျောင်းပညာသင်ကြားခြင်းမှတစ်ဆင့် ပညာတတ်မြောက်မှုသာမက စည်းကမ်းရှိမှု၊ စိတ်ဓာတ်ကောင်းမွန်မှုနှင့် ကြိုးစားအားထုတ်လိုစိတ်တို့ကိုပါ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည့်အတွက် “ကလေးတွေကို ကျောင်းထားဖို့ အနူးအညွတ်တိုက်တွန်းပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှု ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများ အမြန်ဆုံးလျော့ပါးသက်သာစေရေးနှင့် ရေဘေးအန္တရာယ် ထပ်မံမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ်သင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရေဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်ရန်၊ အလားတူ သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။ ပြည်သူများ၏ အခက်အခဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းမှုများသည် ရေဘေးသင့်ပြည်သူများအပေါ် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စိုးရိမ်ပူပန်မှုကို ထင်ဟပ်စေခဲ့ပါသည်။

လေးမျက်နှာရေဘေးအပြီး ရေရှည်ကာကွယ်ရေးနှင့် ဧရာဝတီတိုင်း ရေအရင်းအမြစ် စီမံခန့်ခွဲမှုစီမံချက် ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကျော်စီးဝင်မှုနှင့် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခဲ့သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်နှင့် နောင်တွင် အလားတူသဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် လူသားတို့၏ စီမံဆောင်ရွက်မှုဖြင့် ကြိုတင်ကာကွယ်နိုင်သည့် ရေရှည်ကာကွယ်ရေးအစီအမံများကို စနစ်တကျ လေ့လာဖော်ထုတ် အကောင်အထည်ဖော်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ်လ (၈)ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြုလုပ်သည့် လေးမျက်နှာမြို့နယ် ရေကျော်စီးဝင်ရေကြီးရေလျှံမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ငဝန်ရေကာတာ တာမိုင် (၂၅/၃) နေရာ၌ ဖြစ်ပေါ်ခဲ့သည့် တာတမံနိမ့်ကျမှုနှင့် ရေကျော်စီးဝင်မှုအခြေအနေ၊ ရေဘေးသင့်ဒေသများ၌ ဆောင်ရွက်လျက်ရှိသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် ရေရှည်တွင် ရေကြီးရေလျှံမှုနှင့် ရေဘေးအန္တရာယ်များ လျော့နည်းစေရေးအတွက် ဆောင်ရွက်ရမည့် ကာကွယ်ရေးအစီအမံများကို ဆွေးနွေးခဲ့ကြပါသည်။ လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သဖြင့် ယင်းကာလအတွင်း ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မည်သို့ဆောင်ရွက်ထားသည်၊ ရေရှည်တွင် မည်သည့်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဆိုသည်ကို ပြန်လည်သုံးသပ်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။ ထို့ပြင် ဟင်္သာတဒေသအပါအဝင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်တို့ ဆက်စပ်စီးဆင်းရာဒေသများ၏ ယခင်နှင့် လက်ရှိ ရေစီးရေလာအခြေအနေ၊ နုန်းနှင့်သဲ စုပုံမှု၊ အမှိုက်အပျက်အစီးများကြောင့် ရေလမ်းကြောင်း ပြောင်းလဲလာမှုတို့ကို ရှိပြီးသား မှတ်တမ်းအချက်အလက်များနှင့် နှိုင်းယှဉ်၍ ပြန်လည်လေ့လာရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးသည် မြေနှင့်ရေအရင်းအမြစ် ပေါကြွယ်ဝသည့်ဒေသဖြစ်သဖြင့် ရှိပြီးသား အရင်းအမြစ်များကို မည်သို့ထိရောက်စွာ အသုံးချမည်ကို စနစ်တကျစဉ်းစားရန်လိုကြောင်း၊ အထူးသဖြင့် ရေချိုရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် ရေငံဝင်ရောက်မှုတားဆီးရေးတို့ကို ရေရှည်အမြင်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ရေတင်စနစ်များတွင် ဆိုလာစနစ်အသုံးပြုခြင်းသည် သင့်လျော်သည့်နည်းလမ်းတစ်ခုဖြစ်သဖြင့် ဧရာဝတီတိုင်းဒေသကြီး၌ ဆိုလာစနစ်ဖြင့် ရေတင်အသုံးပြုနိုင်ရေးကို လေ့လာဆောင်ရွက်ရန်နှင့် ရေငံဝင်ရောက်မှုကို ထိန်းချုပ်နိုင်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ကျစရိတ်များနိုင်သော်လည်း ရေရှည်တွင် ဒေသ၏ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်စေပြီး အကျိုးရှိမည်ဆိုပါက နိုင်ငံတော်အနေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားရန်ရှိကြောင်းလည်း ပြောကြားခဲ့ပါသည်။ ယင်းအတွက် သက်ဆိုင်ရာပညာရှင်များပါဝင်သည့် အဖွဲ့များဖွဲ့စည်း၍ ရေငံတားဆီးရေး၊ ရေချိုသိုလှောင်အသုံးချရေး၊ ရေကြောင်းသွားလာရေးနှင့် စိုက်ပျိုးရေးအတွက် ရေအသုံးချရေးတို့ကို ပေါင်းစပ်စဉ်းစားကာ ဧရာဝတီတိုင်းဒေသကြီး၏ ရေရှည်ရေအရင်းအမြစ်စီမံခန့်ခွဲမှု Plan တစ်ရပ် ရေးဆွဲထားရန်လိုကြောင်း မှာကြားခဲ့ပါသည်။ တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်သည့်စီမံကိန်းများကို မည်သို့ဆောင်ရွက်မည်၊ တိုင်းဒေသကြီးဘဏ္ဍာငွေမှ မည်မျှအသုံးပြုနိုင်မည်နှင့် ပြည်ထောင်စုအစိုးရမှ မည်မျှပံ့ပိုးရန်လိုအပ်မည်တို့ကို စနစ်တကျတွက်ချက်၍ စီမံချက်များ တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ကို အရေးပါသည့် ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် ဖွံ့ဖြိုးတိုးတက်စေပြီး ပင်လယ်ကူးဆိပ်ကမ်းတစ်ခု ဖော်ဆောင်နိုင်ရေးကိုလည်း ရေရှည်မျှော်မှန်း ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါသည်။ ဒေသဖွံ့ဖြိုးရေးတွင် သဘာဝသယံဇာတများရှိရုံဖြင့် မလုံလောက်ဘဲ လူသားအရင်းအမြစ်၊ နည်းပညာနှင့် ပညာရေးတို့သည် အဓိကကျကြောင်း၊ ပညာရေးအဆင့်အတန်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ထင်ဟပ်စေသဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မအူပင်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အဆင့်မြင့်ပညာရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးထားသကဲ့သို့ နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။

လေးမျက်နှာမြို့နယ် ရေဘေးအခြေအနေ တဖြည်းဖြည်း တိုးတက်လာ၊ ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်း ပြန်လည်ရရှိ လေးမျက်နှာရေဘေးသင့်
+3
လေးမျက်နှာမြို့နယ် ရေဘေးအခြေအနေ တဖြည်းဖြည်း တိုးတက်လာ၊ ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်း ပြန်လည်ရရှိ လေးမျက်နှာရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော်အတွက် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်၊ စုစုပေါင်း ကျပ် ၁၄၆ သန်းကျော် ထောက်ပံ့ပြီးစီး ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေတွင် မြို့ပေါ်ရပ်ကွက်များ၌ ရေပြန်လည်ကျဆင်းလာနေပြီး ဆက်သွယ်ရေးကွန်ရက်များကိုလည်း အရှိန်မြှင့် ပြန်လည်ထူထောင်လျက်ရှိရာ လက်ရှိတွင် ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိထားပြီ ဖြစ်ပါသည်။ လက်ရှိတွင် လေးမျက်နှာမြို့နယ်၌ မိုဘိုင်းစခန်း ၁၃ ခုအနက် ရေဘေးကြောင့် ယာယီဖြုတ်သိမ်းထားသည့် စခန်း ၆ ခုနှင့် Hub Site များ ထိခိုက်မှုကြောင့် ဆက်သွယ်မှုပြတ်တောက်နေသည့် စခန်း ၆ ခုရှိခဲ့သော်လည်း နင်းကြမ်း၊ ကျတ်ကွင်းနှင့် ယင်းဆယ်ကျေးရွာရှိ စခန်း ၃ ခုကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး ခမောက်စုကျေးရွာစခန်းမှာလည်း ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့ပြင် စာရေးကွင်းကျေးရွာ ရေဘေးကွပ်ကဲရေးရုံး၌ Cell on Wheel (COW) မိုဘိုင်းစခန်းတပ်ဆင်ထားပြီး B2B Satellite Terminal တစ်စုံစီကို စာရေးကွင်းကျေးရွာနှင့် ဆိတ်နို့ကုန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် တပ်ဆင်ထားကာ အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရေဘေးအခြေအနေအရ လေးမျက်နှာမြို့ရှိ အနိမ့်ပိုင်းနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းလျက်ရှိပြီး ဩဂုတ် ၆ ရက် ညနေ ၆ နာရီမှ ဩဂုတ် ၇ ရက် နံနက် ၆ နာရီအထိ ၁၂ နာရီအတွင်း အနိမ့်ပိုင်းရပ်ကွက် (၅) နှင့် အမြင့်ပိုင်းရပ်ကွက် (၃) တို့၌ ရေမှတ် ၀ ဒသမ ၂ ပေစီ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေတွင် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိပြီး ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀ ကျော်အတွက် စုစုပေါင်း ကျပ် ၁၄၆ ဒသမ ၆၇၆ သန်းကျော် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါသည်။ မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေဝင်ရောက်မှုနှင့် ဘေးအန္တရာယ်အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ရေဘေးစိုးရိမ်ရမှု အခြေအနေများလည်း တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆-၈-၂၀၂၆ မှ ၇-၈-၂၀၂၆ ထိ) ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း

မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် မြန်မာ–ထိုင်း နှစ
မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်းစီးပွားရေးကွန်ရက် ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၆ ရက်က ဗန်ကောက်မြို့၌ ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ တွင် နှစ်နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်များမှာ- -ထိုင်းနိုင်ငံက ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီ (Joint Trade Committee–JTC) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်။ -နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန် ထိုင်းနိုင်ငံက တွန်းအားပေးသွားမည်။ -၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံရှိခဲ့သည်။ -ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၌ ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်-ဒေါ်လာ ၄၆၀၅ ဒသမ ၄၈၄ သန်းတန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၀၃ ခု ရင်းနှီးမြှုပ်နှံထားသည်။ -စွမ်းအင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာထုတ်လုပ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ -EV ယာဉ်၊ ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ၊ ရာဘာ-အခြေခံပရိဘောဂနှင့် တာယာထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။EV နှင့် ဆက်စပ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်ခွန်နှုန်းထားများ လျှော့ချပေးလျက်ရှိသည်။ -မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်း နယ်စပ်ဒေသများတွင် နယ်စပ်စီးပွားရေးဇုန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် Logistics လုပ်ငန်းများ တိုးချဲ့နိုင်မည့် အခွင့်အလမ်းများရှိသည်။ -အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို RCEP နှင့် အာဆီယံစီးပွားရေးစင်္ကြံတို့ ချိတ်ဆက်ပေးမည့် အဓိကသော့ချက်အဖြစ် ရှုမြင်ထားသည်။ -နယ်စပ်ကုန်သွယ်မှုတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်ကို ၂၀၂၂ ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ -တရားမဝင်ကုန်သွယ်မှု၊ အရည်အသွေးမမီသည့် စားသောက်ကုန်နှင့် ဆေးဝါးများ ဝင်ရောက်မှုကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် တိုက်တွန်းခဲ့သည်။ -ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင် ဖန်တီးရေး၊ လုပ်ထုံးလုပ်နည်းလွယ်ကူချောမွေ့ရေးနှင့် မူဝါဒဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်။ -မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ နှင့် ဧက ၁၀,၀၀၀ ခန့်ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင်လည်း ထိုင်းရင်းနှီးမြှုပ်နှံသူများ ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ -မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ထိုင်းနိုင်ငံ၏ နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံတို့ဖြင့် ပေါင်းစပ်ကာ အပြန်အလှန်အကျိုးရှိသည့် စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရန် ရည်ရွယ်ထားသည်။

လေ့ကျင့်သားပြည့်ဝသော၊ အဂတိကင်းသော၊ ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်တွေဖြစ်စေဖို့ စီမံဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မ
လေ့ကျင့်သားပြည့်ဝသော၊ အဂတိကင်းသော၊ ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်တွေဖြစ်စေဖို့ စီမံဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်မှုပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေဖို့ စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လေ့ကျင့်သားပြည့်ဝသော၊ အဂတိကင်းသော၊ ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်တွေဖြစ်စေဖို့ စီမံဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ရဲတပ်ဝင်များရဲ့ နေထိုင်မှုအဆင်ပြေစေရန်နဲ့ ၂၄ နာရီ အသင့်ရှိနေစေရန် အဆင့်ရှိသော ရဲတပ်ဖွဲ့အိမ်ရာတွေကိုလည်း တည်ဆောက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့အစီအစဉ်သို့ တက်ရောက်၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ #Our

မြစ်ဆုံစီမံကိန်းအပါအဝင် လျှပ်စစ်စီမံကိန်း (၁၀) ခုကို ဆက်လက်အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား မြစ်ဆုံစီမံကိန်းအပါအ
မြစ်ဆုံစီမံကိန်းအပါအဝင် လျှပ်စစ်စီမံကိန်း (၁၀) ခုကို ဆက်လက်အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား မြစ်ဆုံစီမံကိန်းအပါအဝင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း (၁၀) ခုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ဇူလိုင် ၃၁ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက မြစ်ဆုံစီမံကိန်းအပါအဝင် စီစဉ်ထားသည့် လျှပ်စစ်စီမံကိန်း (၁၀) ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက နိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို အပြည့်အဝ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းနှင့် ထို့ကြောင့် ယင်းစီမံကိန်းများကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ #Our

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်၊ ရေပြန်ကျချိန်တွင် ပြန်လည်ထူထေ
+6
ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်၊ ရေပြန်ကျချိန်တွင် ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်မည် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် တာပြန်လည်ပိတ်ဆို့ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ တာကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ရပ်ကွက် (၅) ခု၊ ကျေးရွာ (၁၄) ရွာ၊ အိမ်ခြေ ၃,၁၅၈ လုံး၊ အိမ်ထောင်စု ၃,၂၁၅ စု၊ လူဦးရေ ၁၄,၀၅၆ ဦး ရေဘေးသင့်ခဲ့ပါသည်။ လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၉) ခု ဖွင့်လှစ်ထားရှိပြီး လာရောက်ခိုလှုံသူ အိမ်ထောင်စု ၄၄၁ စု၊ လူဦးရေ ၁,၄၁၁ ဦး ရှိပါသည်။ စခန်းများတွင် ရေဘေးသင့်သူများအတွက် လိုအပ်သော သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းများနှင့် အလှူရှင်များက ဆက်လက်ထောက်ပံ့ပေးလျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးနှင့် အခြေခံစားသောက်ကုန်များအပါအဝင် စုစုပေါင်း ကျပ် ၈၃ ဒသမ ၅၆၁ သန်းကျော် တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်တို့က ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အားပေးတွေ့ဆုံခဲ့ကြပါသည်။ နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အကူအညီများကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပြီး ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားပါမည်။ ထို့အပြင် တာပြန်လည်ပိတ်ဆို့ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရန် လူအင်အားနှင့် စက်ယန္တရားများကို အပြည့်အဝအသုံးပြု ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် Manpack ဂြိုလ်တုဆက်သွယ်ရေးစနစ် နှင့် Command and Control Center (C3) ကို အသုံးပြုကာ မြေပြင်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းသုံး ကားများနှင့် စက်လှေများအတွက် လိုအပ်သည့် စက်သုံးဆီများကို ဟင်္သာတမြို့ရှိ သတ်မှတ်စက်သုံးဆီအရောင်းဆိုင် (၉) ဆိုင်တွင် ဝယ်ယူနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးထားပါသည်။

Repost from PPIB.Official
From 100 Days to Developed Nation PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

Repost from PPIB.Official
ရက် (၁၀၀) ခရီးမှသည် ဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီ နိုင်ငံတော်အစိုးရ၏ ပထမဆုံး ရက် (၁၀၀) အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ ရရှိခဲ့သော တိုးတက်မှုများနှင့် ရှေ့ဆက်အကောင်အထည်ဖော်မည့် မူဝါဒများကို ဖော်ပြထားသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

Repost from PPIB.Official
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ အစိုးရရက် (၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြား #Our

ခိုင်မာသည့်နိုင်ငံတော်နှင့် သာယာဝပြောသည့် ပြည်သူ့ဘဝ တည်ဆောက်ရေးကို အစိုးရ၏ အဓိကမူဝါဒအဖြစ် ဖော်ဆောင်မည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အခြေခံကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးရလဒ်များကို ပြည်သူတစ်ရပ်လုံး မျှတစွာခံစားနိုင်ရေးအတွက် ပြည်သူဗဟိုပြု၍ ရေရှည်အကျိုးစီးပွားကို ဦးတည်သည့် မူဝါဒများအား အစိုးရက ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အစိုးရသက်တမ်း ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် မူဝါဒများမှာ - ၁။  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးရည်မှန်းချက်အဖြစ် ဖော်ဆောင်ရေး။ ၂။  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး။ ၃။  ငြိမ်းချမ်းရေးတံခါး အစဉ်ဖွင့်လှစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး။ ၄။  နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ခေတ်မီတပ်မတော်နှင့် ပြည်သူပါဝင်သည့် အမျိုးသားကာကွယ်ရေးစနစ် တည်ဆောက်ရေး။ ၅။  လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒဖြင့် နိုင်ငံတကာနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး။ ၆။  အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ရေး။ ၇။  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားရေးကဏ္ဍများကို ဟန်ချက်ညီစွာ ပေါင်းစပ်ဖွံ့ဖြိုးစေရေး။ ၈။ ခေတ်မီစက်မှုလယ်ယာစနစ် ဖော်ဆောင်၍ ပန်းတိုင်အထွက်နှုန်း၊ သီးထပ်စွမ်းအားနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှု တိုးမြှင့်ရေး။ ၉။ စားရေရိက္ခာနှင့် စားသုံးဆီဖူလုံရေး၊ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေးပို့ကုန် တိုးမြှင့်ရေး။ ၁၀။ လမ်း၊ တံတား၊ ရထား၊ ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေးကွန်ရက်များ ဘက်စုံအဆင့်မြှင့်တင်ရေး။ ၁၁။ စက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒအဖြစ် ဖော်ဆောင်၍ လျှပ်စစ်နှင့် ဘက်ထရီစနစ်သုံး သယ်ယူပို့ဆောင်ရေး တိုးချဲ့ရေး။ ၁၂။ လျှပ်စစ်ဓာတ်အား လုံလောက်တည်ငြိမ်စွာရရှိရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် စွမ်းအင်အရင်းအမြစ်မျိုးစုံ ဖွံ့ဖြိုးရေး။ ၁၃။ အရည်အသွေးပြည့်ဝသော ပညာရေးစနစ်ဖြင့် ပညာရှင်၊ နည်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး။ ၁၄။ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးနှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် ရာထူးလမ်းကြောင်း မြှင့်တင်ရေး။ ၁၅။ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ရည်မှန်းချက်ဖြင့် မြို့ပြနှင့် ကျေးလက် ကျန်းမာရေးကွာဟမှု လျှော့ချရေး။ ၁၆။ လူငယ်၊ အမျိုးသမီးနှင့် လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်မှု မြှင့်တင်ရေး။ ၁၇။ ကုန်ထုတ်လုပ်မှုအခြေပြု စီးပွားရေးစနစ်တည်ဆောက်၍ ပြည်တွင်းထုတ်လုပ်မှု၊ သွင်းကုန်အစားထိုးမှုနှင့် ပို့ကုန်တိုးမြှင့်ရေး။ ၁၈။ MSME နှင့် ပုဂ္ဂလိကကဏ္ဍကို အားပေး၍ အစိုးရ–ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။ ၁၉။ ငွေကြေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ဟန်ချက်ညီစွာ ချိတ်ဆက်အကောင်အထည်ဖော်ရေး။ ၂၀။ သဘာဝသယံဇာတ၊ ရေအရင်းအမြစ်နှင့် သစ်တောများကို စနစ်တကျထိန်းသိမ်း၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး။ ၂၁။ စနစ်ကျသော မြို့ပြဖွံ့ဖြိုးရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ပြည်သူများ၏ နေထိုင်မှုအရည်အသွေး မြှင့်တင်ရေး။ ၂၂။ ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်း၍ နိုင်ငံတော်၏ Soft Power နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး။ ၂၃။ ဥပဒေစိုးမိုးရေး၊ အဂတိကင်းရှင်းရေး၊ ပွင့်လင်းမြင်သာရေးနှင့် တာဝန်ခံမှုရှိသည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေး။ ၂၄။ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းရေး။ ၂၅။ ပြည်သူများ၏ ဝင်ငွေ၊ အလုပ်အကိုင်နှင့် လူမှုစီးပွားဘဝ တိုးတက်ရေးကို မူဝါဒအားလုံး၏ အဓိကရည်မှန်းချက်အဖြစ် ထားရှိရေး။

photo content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည့် အာဆီယံနှင့်ပတ်သက်ပြီး ပြောကြားချက် ============= လက်ရှိအာဆီယံအခြေအနေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြား လိုပါတယ်။ အာဆီယံထုတ်ပြန်ချက် ၅ ချက်ဟာ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက်မဟုတ်ဘဲ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် နောက်ဆက်တွဲအနေဖြင့်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ - ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အဆိုပါ ထုတ်ပြန်ချက်တွေဟာ အစိုးရချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးရှိစေခြင်း၊ ASEAN  Charter, ASEAN Way, ASEAN Spirit တို့အပေါ်မှာ အခြေခံမယ်ဆိုရင် အပြုသဘောစဉ်းစားပေးမယ် ဆိုတာလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ - လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့ပေမယ့် ကျွန်တော်တို့အနေနဲ့ စိတ်ရှည်သည်းခံပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ တာဝန် ဝတ္တရားတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အပြုသဘော မဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို နိုင်ငံတော်က လိုအပ်တဲ့တုံ့ပြန်မှုတွေ Case By Case တုံ့ပြန်သွားမှာဖြစ်ပါတယ်။ - ကျွန်တော်တို့ နိုင်ငံရဲ့ ပကတိအခြေအနေတွေကို အခြေခံပြီး အမျိုးသား အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနဲ့ဆက်ဆံရေးကို ပုံမှန်ပြန်လည် တိုးတက်စေရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။