ch
Feedback
The Standard Time Digital

The Standard Time Digital

前往频道在 Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

显示更多
未指定国家未指定类别
273
订阅者
无数据24 小时
+57
+2430
帖子存档
ရုရှား၏ အောင်ပွဲခံ ချီတက်ပွဲသို့ မတက်ရောက်ကြရန် ရုရှားမဟာမိတ်များကို ဇီလန်စကီး သတိပေး မနက်ဖြန် မေ ၉ ရက်တွင် မော်စကိုမြို့၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲခံ အခမ်းအနားသို့ မတက်ရောက်ကြရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ရုရှားမဟာမိတ်များအား သတိပေးပြောကြားလိုက်သည်။ ယူကရိန်းက တိုက်ခိုက်ခဲ့ပါက တန်ပြန်တိုက်ခိုက်မှုများရှိမည်ဖြစ်ကြောင်း ရုရှားကလည်း သတိပေးသည်။ မေ ၈ ရက် မှ ၁၀ ရက်အထိ ယူကရိန်းစစ်ပွဲကို တစ်ဖက် သတ် အပစ်ရပ်စဲကြောင်း မော်စကိုက ကြေညာခဲ့ပြီး တစ်ဖက်တွင်လည်း လက်တုံ့ပြန်၍ တိုက်ခိုက်ရနိုင်ခြေ ရှိနေသဖြင့် ကိဗ်မြို့တွင် နေထိုင်သူများ ထိုနေ့တွင် ရှောင်နေကြရန် ရုရှားစစ်တပ်က သတိပေးထားသည်။ “သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို မော်စကိုမှာရောက်နေမယ်လို့ ရုရှားနဲ့နီးစပ်တဲ့ နိုင်ငံအချို့ကဆီက ကြားရပါတယ်။ ဒီလိုကာလကြီးမှာ ထူးဆန်းတဲ့ဆန္ဒတစ်ခုပါ။ ကျွန်တော်တို့ ထောက်ခံချက်မပေးပါဘူး” ဟု ဇီလန်စကီးက ပုံမှန် ကိဗ်မြို့လယ် ဗီဒီယိုမိန့်ခွန်းတွင် ပြောကြား သည်။ ရုရှား၏လုပ်ရပ်မှာ စစ်ရေးပြအခမ်းအနားကို အကာ အကွယ်‌ပေးရန် ဝါဒဖြန့်မှုဖြစ်ကြောင်း ယူကရိန်းက ပြောကြားသည်။ “စစ်ရေးပြပွဲကျင်းပဖို့ သူတို့က ယူကရိန်းဆီက ခွင့်ပြု ချက် လိုချင်နေပါတယ်။ ဒါမှ သူတို့ တစ်နှစ်တစ်ခါ တစ်နာရီလောက် ရင်ပြင်မှာ လုံလုံခြုံခြုံချီတက်ဖို့ ပြီးရင်ဆက်ပြီး သတ်ဖြတ်မှုတွေလုပ်ဖို့ ဖြစ်ပါတယ်” ဟု ဇီလန်စကီးက ပြောကြားသည်။ ဇီလန်စကီး၏ မိန့်ခွန်းမတိုင်မီ မိနစ်ပိုင်းမှာပင် ၎င်းတို့၏ တစ်ဖက်သတ်အပစ်ရပ် ကာလအတွင်း ယူကရိန်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်ရနိုင်ခြေ ရှိနေသောကြောင့် ကိဗ်မြို့သားများနှင့် သံတမန်များ ကိဗ်မြို့တော်မှ ထွက်ခွာသွားကြရန် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။ ယင်းမတိုင်မီတွင်လည်း ကိဗ်မြို့မှ သံတမန်များ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။ မော်စကို၏ ခြိမ်း‌ခြောက်မှုများသည့် အခွင့်မရှိသော၊ တာဝန်မဲ့သော၊ တရားမျှတမှုအကြောင်းပြချက် လုံးဝမရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး သံရုံးများအပေါ် တိုက်ခိုက်မှုများမှာ စစ်ရေးအရှိန်မြှင့်တင်မှု ဖြစ်စေလိမ့်မည်ဟု ဆိုသည်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒီဖူးလ်ကလည်း ၎င်းတို့၏ သံရုံဝန်ထမ်းများအား ကိဗ်မြို့မှ ဖယ်ရှားထားမည် မဟုတ်ကြောင်း ဘလွန်းဘာ့ဂ် ရုပ်သံအား ပြောကြား သည်။ သတင်း-ရဲမင်း ကိုးကား-AFP #နိုင်ငံတကာသတင်း

‎ညောင်ရွက် အရောင်ပြောင်းခြင်း အပင်မကျန်းမာခြင်းကြောင့်ဟုဆို ‎ ‌‎ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းတော်ပေါ်၌ တည်ထားသည့် မဟာဝိဇယ စေတီတော်ရှိဗောဓိညောင်ပင်မှ ညောင်ရွက်များအစိမ်းရောင်မှရွှေအိုရောင်သို့ပြောင်းလဲသွားကြောင်း ဂေါပကအဖွဲ့၏ပြောကြားချက်အရသိရသည်။ ‎ ‌‎စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုဖော်ပြလျက်ရှိသည့် "အစိမ်းရောင်လမ်းမ” မှ ၂၀၂၅ ခုနှစ်တွင်ရေးသားခဲ့သည့် အရွက်တွေကပြောပြနေတဲ့ သူတို့ရဲ့ကျန်းမာရေးပြဿနာများ ဆောင်းပါးပါအချက်အလက်အရ ထိုသို့အရောင်ပြောင်းလဲခြင်းမှာ ရေအလွန်အကျွံလောင်းခြင်း (သို့မဟုတ်) ရေလောင်းနည်းခြင်းကြောင့် အမြစ်များကိုထိခိုက်စေကာ အရွက်များအဝါရောင်ပြောင်း လာတတ်ကြောင်း၊ နိုက်ထရိုဂျင်ဓာတ်ချို့တဲ့ ခြင်းကြောင့် အရွက်အားလုံးအရောင်ဖျော့ပြီးဝါလာ နိုင်ကြောင်း၊ အလင်းရောင်ကိုလုံလောက်စွာမရရှိသည့်အခါ ကလိုရိုဖီးလ်ထုတ်လုပ်မှုလျော့နည်းပြီး အရောင်ဖျော့ခြင်း (သို့မဟုတ်) အဝါရောင်လက္ခဏာများပေါ်လာနိုင်ကြောင်း၊ အပင်ရှိအဖျက်ပိုးမွှားများမှ အပင်မှအရည်များကို စုပ်ယူစားသုံးခြင်းဖြင့်လည်း အရွက်များအဝါရောင်ပြောင်းလာခြင်းနှင့် ကြွေကျခြင်းတို့ဖြစ်လေ့ရှိကြောင်းသိရသည်။ ‎ ‎ထို့ပြင် နေ့အပူချိန်အလွန်မြင့်မားနေစဉ် ညောင်ပင်အားရေလောင်းခြင်းကြောင့် အမြစ်များအားရေပူဖြင့် လောင်းသလိုဖြစ်၍ အရွက်များဝါသွားခြင်းဖြစ်နိုင်ကြောင်းလည်း အပင်များအကြောင်းသိရှိနားလည်သူများက လူမှုကွန်ရက်စာမျက်နှာတွင်သုံးသပ်ပြောဆိုထားကြသည်။ လက်ရှိအချိန်တွင် အရောင်ပြောင်းသွားသည့်အရွက်များကြွေကျပြီး ညောင်ပင်မှာရိုးတံသာကျန်ရှိတော့ကြောင်း ဘုရားဖူးများထံမှသိရသည်။ အဆိုပါ ဗောဓိညောင်ပင်အား သီရီလင်္ကာနိုင်ငံမှယူဆောင်၍ ၁၉၈၄ ခုနှစ်၊ မေလ ၁၄ ရက်၊ နံနက် ၉ နာရီ ၅၇ မိနစ်ခန့်တွင်စိုက်ပျိုးခဲ့ပြီး ယခုအခါ နှစ်ပေါင်း ၄၂ နှစ်ရှိပြီဖြစ်သည်။ ‎ ‎ယင်း ဗောဓိညောင်ပင်အားပြီးခဲ့သည့်ဧပြီ ၃၀ ရက်(ကဆုန်လပြည့်နေ့)တွင် မြို့နယ်သံဃနာယက ဆရာတော်အမှူးပြုပြီး ဗောဓိညောင်ပင် အမှတ် (၁)၊ အမှတ် (၂) နှင့် အမှတ် (၃) တို့အားညောင်ရေ သွန်းလောင်းခဲ့ကြောင်း၊ ထို့နောက်ယခုမေလ ၅ ရက် နံနက်ပိုင်းမှစတင်ကာ ဗောဓိညောင်ပင်အမှတ် (၁)၏ ညောင်ရွက်များမှာ အစိမ်းရောင်မှရွှေအိုရောင်သို့ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ကဆိုသည်။ ‎ ‎သတင်း-အင်ကြင်း ‎ဓာတ်ပုံ- mahar wizara pagoda/FB ‎#ပြည်တွင်းသတင်း

အနောက်ဘင်ဂေါလ်၌ ရွေးကောက်ပွဲအလွန်ကာလနိုင်ငံရေး မငြိမ်သက်မှုများဖြစ်ပွား၊ လေးဦးသေဆုံး အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါလ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ၌လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဘရာတိယာဂျနေတာပါတီ (ဘီဂျေပီ)အနိုင်ရရှိခဲ့ပြီးနောက် နိုင်ငံရေးမငြိမ်သက်မှုများ ဖြစ်ပွားခဲ့ရာ လူပေါင်းလေးဦး သေဆုံးခဲ့ရကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်လအတွင်း ကျင်းပခဲ့သော အနောက်ဘင်ဂေါလ်ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများတွင် ဘီဂျေပီပါတီက ပြည်နယ်လွှတ်တော်အမတ်နေရာ ၂၉၄ နေရာအနက် ၂၀၆ နေရာအထိ ရရှိခဲ့ကြောင်း သိရသည်။ ဘီဂျေပီပါတီသည် အတိုက်အခံအင်အားစုများ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားသော အနောက်ဘင်ဂေါလ် ပြည်နယ် ရွေးကောက်ပွဲများ၌ ပထမဆုံးအကြိမ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အထက်ပါရွေးကောက်ပွဲရလဒ်ကို အနောက်ဘင်ဂေါလ်ပြည်နယ်က ထိန်းချုပ်ထားသော ဒေသန္တရပါတီဖြစ်သည့် တီအမ်စီပါတီကငြင်းပယ်ခဲ့ပြီးနောက် တီအမ်စီပါတီနှင့် ဘီဂျေပီပါတီ ထောက်ခံသူများအကြားမေ ၄ရက်မှစ၍ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အနောက်ဘင်ဂေါလ်ပြည်နယ်ရွေးကောက်ပွဲအလွန် ပဋိပက္ခများတွင်လူပေါင်း ၂၀၀ ကျော်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရသည်။ ရွေးကောက်ပွဲအလွန် နိုင်ငံရေးမငြိမ်သက်မှုများအတွင်း ဘီဂျေပီထောက်ခံသူ နှစ်ဦးနှင့် တီအမ်စီပါတီ ထောက်ခံသူ နှစ်ဦး သေဆုံးခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

တရုတ်သို့ ဆန်၊ ဆန်ကွဲတင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားရန်ကုမ္ပဏီအသစ်များအား ဇွန် ၃၀ ရက် နောက်ဆုံးသတ်မှတ် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့လိုသည့် ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest-EDDI) တင်ပြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။ ယင်းသို့ တင်ပို့ရာတွင် မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် အပင်ကျန်းမာရေးဆိုင်ရာ သဘောတူစာချုပ် (Sanitary and Phytosanitary SPS-Protocol ) ပါ စည်းကမ်းချက်များနှင့်အညီ နှစ်စဉ် စိစစ်မှတ်ပုံတင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခင်ခွင့်ပြုပြီးသား ကုမ္ပဏီများမပါဝင်ဘဲ ကုမ္ပဏီအသစ်များကိုသာ သီးသန့်ဖိတ်ခေါ်ခြင်းဖြစ်သည်။ လျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာပုံစံများကိုစိုက်ပျိုးရေးဦးစီးဌာန၊ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group)တို့မှ ရယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။ လျှောက်လွှာများကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရန်ကုန်)နှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (UMFCCI)တို့တွင် ရယူနိုင်သလိုသက်ဆိုင်ရာ ဝဘ်ဆိုဒ်များမှလည်း ဒေါင်းလုဒ်ရယူနိုင်သည်။ အဆိုပါ လျှောက်လွှာများကို Hard Copy နှင့် Soft Copy(Word File)နှစ်မျိုးစလုံးဖြင့် ပြင်ဆင်၍ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထားကာတင်ပြရမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရန်ကုန်) (ဖုန်း ၀၁-၆၄၄၂၁၄)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး (ဖုန်း-၀၁-၂၁၈၂၆၆-၆၈ ၊ ၀၁-၂၃၀၁၁၂၈-၂၉)တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ သတင်း-ဘုန်းမောင် ဓာတ်ပုံ- MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

ရန်ကုန်မြို့ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း သင်တန်းသားများ ခေါ်ယူနေ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာသင်တန်းသား၊ သင်တန်းသူများကိုခေါ်ယူနေကြောင်း သိရသည်။ ထိုသင်တန်းကျောင်းတွင် တစ်နှစ်သင်တန်း အမျိုးအစားဖြစ်သောအီလက်ထရွန်နစ်သင်တန်းကို ၂၀၂၆ခုနှစ် မေ ၁၁ ရက်မှ ၂၀၂၇ ခုနှစ် မတ်၂၆ ရက်အထိ သုံးလသင်တန်းများဖြစ်ကြောင်းသိရသည်။ သင်တန်း၌ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံသသင်တန်းနှင့် တံဆိပ်ရိုက်သင်တန်း (အမှတ်စဉ် - ၁) တို့ကို၂၀၂၆ ခုနှစ် မေ ၁၁ ရက်မှ ဩဂုတ် ၇ရက်အထိ အသီးသီး ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ အဆိုပါ သင်တန်းများသို့အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိကိုယ်အင်္ဂါမသန်စွမ်းသူများ လျှောက် ထားနိုင်ပြီး တစ်ကိုယ်ရေ လုပ်ငန်းဆောင်တာများကို မိမိဘာသာဆောင်ရွက်နိုင်သူ ဖြစ်ရမည်ဖြစ် သည်။ ပညာအရည်အချင်း အနေဖြင့်အီလက်ထရွန်နစ်နှင့် ကွန်ပျူတာသင်တန်းအတွက် အထက်တန်း အဆင့်၊ စက်ချုပ်သင်တန်းအတွက်အလယ်တန်းအဆင့်နှင့် ဆံသ၊တံဆိပ်ရိုက် သင်တန်းများအတွက် မူလတန်းအဆင့်ရှိရန် လိုအပ်ကြောင်းသိရသည်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများအား သင်တန်းကာလအတွင်းစားသောက်နေထိုင်ရေး၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သူများအတွက် ခရီးစရိတ်များကို နိုင်ငံတော်မှ စီစဉ်ပံ့ပိုး ပေးမည်ဖြစ်သည်။ လျှောက်ထားလိုသူများသည် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများဖြင့် မရမ်းကုန်းမြို့နယ်ရှိမသန်စွမ်း သက်ကြီးသင်တန်းကျောင်းသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သည်။ အသေးစိတ်အချက်အလက်များကို ဖုန်း ၀၆၇-၄၀၄၂၅၂ နှင့် ၀၁-၉၆၆၁၇၁၂ တို့သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ သတင်း-သံစဉ် ဓာတ်ပုံ-လူ/ကယ်/ပြန်(မသန်စွမ်းသင်တန်းသားများအား ဆံပင်ညှပ်သင်ကြားပေးနေစဉ်) ပုံဟောင်းအသုံးပြုထားပါသည် #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️မီးလောင်ပြင်တိုက်ခန်းမှာသေဆုံးခဲ့တဲ့ ဇနီးကို လာနှုတ်ဆက်တဲ့ ခင်ပွန်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️စစ်ပွဲပြီးဆုံးရေးသဘောတူညီချက် မယူခဲ့ လျှင် ထပ်မံဗုံးကြဲတိုက်ခိုက်မည်ဟု အီရန်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရာဇသံပေး သုံးလတာကာလအတွင်း ဝင်ရောက်လာပြီဖြစ်သော အီရန်စစ်ပွဲကို အဆုံးသတ်ရေးအတွက် သဘော တူညီချက်တစ်ရပ်လက်ခံရယူရန်နှင့်လက်ခံခြင်းမရှိပါကဗုံးကြဲတိုက်ခိုက်မှုများနှင့်ထပ်မံရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၆ ရက်တွင် အီရန်အစိုးရကိုရာဇသံပေးလိုက်သည်။ အီရန်အနေဖြင့် စစ်ပွဲကို အဆုံးသတ်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရယူမှုမရှိခဲ့လျှင် ပိုမိုပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုများနှင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာပေါ်တွင် ရေးသားထားသည်။ သို့ရာတွင် တရုတ်ခရီးစဉ်မစတင်မီ အီရန်နိုင်ငံနှင့်စစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တစ်ရပ် ရရှိရန် မိမိမျှော်လင့်ထားကြောင်း ပီဘီအက်စ်သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်း ၌ သမ္မတဒေါ်နယ်ထရန့်က ပြောကြားထားသည်။ အမေရိကန်မီဒီယာများ၏ အဆိုအရ အမေရိကန်အစိုးရနှင့် အီရန်တို့အနေဖြင့် အီရန်စစ်ပွဲကို အဆုံးသတ်နိုင်ရန် စာမျက်နှာတစ်မျက်နှာရှိနားလည်မှု စာချွန်လွှာတစ်ရပ် ရယူနိုင်ရေးအတွက် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အီရန်စစ်ပွဲကို မည်သို့အဆုံးသတ်မည်ဆိုသော အချက်နှင့် ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်၏ ရပ်တည်ချက်ကို ကွဲကွဲပြားပြားမသိရသေးပေ။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️MAI က ရန်ကုန်- ဒွန်မောင်းခရီးစဉ်ကို တိုးမြှင့် ပြေးဆွဲ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) သည်နွေရာသီခရီးသွားရာသီအတွင်း ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရန် ရန်ကုန်–ဒွန်မောင်းခရီးစဉ်ကို မေ ၁ ရက်မှ ၃၁ ရက်အထိတိုးမြှင့် ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။ “နွေရာသီ ခရီးသွားရာသီမှာဗန်ကောက်ကို သွားလည်မယ့် မြန်မာနိုင်ငံသားတွေ အဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်း ဖြစ်ပါတယ်” ဟု MAI တာဝန်ရှိသူတစ်ဦးက ပြောသည်။ ခရီးသွားချိန်နှင့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန်ဒွန်မောင်းလေဆိပ်သည် ဗန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့ သွားရောက်ရာတွင် Red Line ရထားလမ်းနှင့် အမြန်လမ်းများကို အသုံးပြုနိုင်သဖြင့် ခရီးသွားချိန်နှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျ စရိတ်များကို လျှော့ချနိုင်ကြောင်း သိရသည်။ ထို့ပြင် ဒွန်မောင်းလေဆိပ်သည် Low - Costလေကြောင်းလိုင်းများ အများအပြား အခြေစိုက်ထားသည့်လေဆိပ်တစ်ခုဖြစ်ပြီး ချိတ်ဆက်လေကြောင်းခရီးစဉ်များအတွက်လည်း အဆင်ပြေသော Transit လေဆိပ်အဖြစ်အသုံးပြုနိုင် ကြောင်း သိရသည်။ သတင်း-သက်ပိုင် ဓာတ်ပုံ-MAI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ပျဉ်းမနား၌ ဓာတ်ဆီလှယ်ရာမှမီးလောင်၊ လူနေအိမ်ငါးလုံးပျက်စီး သုံးဦးဒဏ်ရာရ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာ၌ ယမန်နေ့(မေ ၆ ရက်) ည ၁၀ နာရီ ၁၇ မိနစ်ခန့်က လင်မယားနှစ်ဦးဓာတ်ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွားကာ နေအိမ်ငါးလုံးပျက်စီးပြီးသုံးဦးဒဏ်ရာရရှိကြောင်း ပျဉ်းမနားအရန်မီးသတ်တပ်ဖွဲ့ထံမှသိရသည်။ အဆိုပါသူဌေးကုန်းကျေးရွာတွင် အမျိုးသမီးဖြစ်သူကဓာတ်ဆီလှယ်နေစဉ် အမျိုးသားကဆေးလိပ်သောက်ရာမှ ပေါက်ကွဲပြီးမီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ အနီးရှိလူနေအိမ်ငါးလုံးကို မီးကူးစက်လောင်ကျွမ်းပြီး အမျိုးသမီးနှင့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးမှာထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း ပျဉ်းမနားအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ "မီးလောင်မှုဖြစ်ကြောင်း သတင်းဝင်တာလည်းနောက်ကျတယ်။ ကားဝင်တဲ့လမ်းကလည်း အရမ်းကျဉ်းတယ်။ အိမ်ခြေကလည်းစိပ်တယ်။ ပြီးတော့ဓာတ်ဆီလည်းဖြစ်တော့မီးက Level 1 အဆင့်ဖြစ်သွားတာ။ လက်ရှိဒဏ်ရာရရှိသူသုံးဦးကို ဆေးရုံပို့ပေးထားတယ်။ အခုနောက်ဆုံးသိရတာက အမျိုးသမီးသေဆုံးတယ်လို့တော့ကြားရတယ်" ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။ ယင်းမီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပျဉ်းမနားအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာည ၁၀ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းကြောင်းသိရသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - ပျဉ်းမနားအရန်မီးသတ်တပ်ဖွဲ့ #ပြည်တွင်းသတင်း

◾️ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ကြောင်း သတင်းထွက်ပေါ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်သည် နှစ်ရှည်ထောင်ဒဏ်များကျခံနေရစဉ် အကျဉ်း ထောင်အတွင်း ကွယ်လွန်သွားကြောင်း သတင်းများထွက်ပေါ်နေသည်။ ထောင်ဒဏ်ကျခံနေရစဉ် ကျန်းမာရေးဆိုးရွားလာသဖြင့် အကျဉ်းထောင်တာဝန်ရှိသူများ ခွင့်ပြုချက်ဖြင့် ဆေးရုံတက်ကုသခဲ့ရကြောင်း ရုပ်သံမှတ်တမ်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပင် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ၎င်းကွယ်လွန်သည်ဆိုခြင်းနှင့်ပတ်သက်၍ စံတော်ချိန်ဒစ်ဂျစ်တယ်က အတည်ပြုရန် ကြိုးပမ်းနေ ဆဲဖြစ်ပြီး မိသားစုနှင့်နီးစပ်သူများထံ ဆက်သွယ်မေးမြန်းရာတွင်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ “အခုထိတော့ ကျွန်တော်တို့လည်းမေးနေတယ်၊သတင်းတော့ ဘာမှမကြားရသေးဘူး”ဟု ဒေါ်နန်းခင် ထွေးမြင့်မိသားစုနှင့်နီးစပ်သူတစ်ဦးက ယနေ့ (မေ၇ရက်)နေ့လယ်ပိုင်းတွင် ပြောသည်။ ဒေါ်နန်းခင်ထွေးမြင့်သည် ဝါရင့် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅အထွေထွေရွေးကောက်ပွဲပြီးနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ထို့ပြင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နှင့် ကရင်ပြည်နယ် ပါတီဥက္ကဌအဖြစ်လည်းဆောင်ရွက်ခဲ့သည်။ ဒေါ်နန်းခင်ထွေးမြင့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ကရင်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဦးအဖြစ် ဆက်လက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည်။၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ဖမ်းဆီးခံရပြီးနောက် အဂတိလိုက်စားမှု၊ရွေးကောက်ပွဲမသမာမှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မဖြင့် ထောင်ဒဏ် စုစုပေါင်း ၈၀နှချမှတ်ခံခဲ့ရသည်။ သို့သော် ၎င်း၏ပြစ်ဒဏ်များမှ ထက်ဝက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် နစက က ထုတ်ပြန်ခဲ့သည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း