ru
Feedback
The Standard Time Digital

The Standard Time Digital

Открыть в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Больше
Страна не указанаКатегория не указана
281
Подписчики
+324 часа
+67 дней
+2430 день
Архив постов
ကျော်ကြားမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှ ကျွဲလေး ‌ဒေါ်နယ်ထရန့် အသက်ချမ်းသာရာရ တစ်မူထူးခြားသော ရွှေဝါရောင်အမွှေးများကြောင့် ဒေါ်နယ်ထရန့်ဟု ချစ်စနိုးနာမည် ရရှိထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မျိုးဗီဇချို့ယွင်း၍ တစ်ကိုယ်လုံး ဖြူနေသည့် ကျွဲဖြူလေးသည် အစိုးရ၏ နောက်ဆုံးအချိန် ကြားဝင်ခဲ့မှုကြောင့် အသက်ချမ်းသာရာ ရခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။ ယနေ့ ကျရောက်သည့် အိဒ်ပွဲတော်မတိုင်မီ ပြည်သူလူထု စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီးနောက် လုံခြုံရေးစိုးရိမ်မှုများကြောင့် အာဏာပိုင်များက ကြားဝင်ခဲ့ချိန်၌ ၇၀၀ ကီလိုခန့်ရှိသော ကျွဲဖြူအား ပိုင်ရှင်ကသားသတ်သမားထံ ရောင်းချနှင့်ပြီးဖြစ်သည်။ ကျွဲဖြူလေးကို အသက်ချမ်းသာပေးပြီး ဝယ်ယူသူကိုလည်း ငွေပြန်အမ်းကာ မြို့တော် ဒါကာရှိ နိုင်ငံတော် တိရစ္ဆာန်ဥယျာဉ်သို့ ရွှေ့ပြောင်းထားရှိရန် ပြည်ထဲ‌ရေးဝန်ကြီး ဆာလာဟူဒင်အာမက်က ညွှန်ကြားခဲ့သည်။ “လုံခြုံရေးစိုးရိမ်မှုနဲ့ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု ထူးထူးခြားခြား များပြားနေတာကြောင့် ကျွဲလေးကို အသက်ချမ်းသာပေးဖို့ နောက်ဆုံးအချိန်မှာ ဆုံးဖြတ်ခဲ့ကြတာပါ” ဟု ဝန်ကြီးဌာနအရာရှိက ပြောသည်။ ကျွဲလေး၏ဗီဒီယိုကို အွန်လိုင်းတွင် ကြည့်ရူသူ အလွန်များပြားခဲ့ပြီးနောက် အိဒ်ပွဲတော်အတွက် ပုံမှန်ရောင်းချမှုသည် တစ်နိုင်ငံလုံးက စိတ်ဝင်စားသော အကြောင်းအရာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျွဲလေး၏ ရွှေဝါရောင်အမွှေးများနှင့် ငြိမ်သက်စွာ နေတတ်ပုံကို ခရီးဝေးမှပင် လာရောက်ကြည့်ရူကြသည်။ ‌ ဒေါ်နယ်ထရန့်နှင့် ဆင်တူနေကြောင်းကို တွေ့ရှိခဲ့ပြီးနောက် ကျွဲလေးပိုင်ရှင် ဇီယာအူဒင်အမ်ရီဒါ၏ ညီဖြစ်သူက ဒေါ်နယ်ထရန့်ဟု အမည်ပေးခဲ့သည်။ ကျွှဲလေးက အလွန်ပင် နူးညံ့သိမ်မွေ့ပြီး ဂရုတစိုက်စောင့်ရှောက်မှု လိုအပ်ကာ မကြာခဏ အစားကျွေးခြင်း၊ ပုံမှန်ရေချိုးပေးရခြင်းများ လိုအပ်သည်ဟု ဇီယာအူဒင်က ပြောသည်။ အများအားဖြင့် အမဲရောင်ရှိသော ကျွှဲများကြားတွင် မျိုးဗီဇပြောင်း ကျွှဲဖြူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလွန်ရှားပါးသဖြင့် အိဒ်ပွဲတော်ကာလတွင် အခြားကျွှဲများနှင့် မတူတမူထူးနေသည်မှာ မှန်သော်လည်း ၎င်း၏ ချစ်စနိုးနာမည်ကြောင့် အသက်ချမ်းသာရာ ရခဲ့ဖွယ်ရှိသည်။ သတင်း-ရဲမင်း ကိုးကား-Reuters #နိုင်ငံတကာသတင်း

photo content

ကျန်းမာရေး အပြည့် အဝ ကောင်းမွန်ကြောင်းအသက်( ၈၀)မပြည့် မီ သမ္မတဒေါ်နယ်ထရန့် ကြေညာ နှစ်စဉ်ပြုလုပ်မြဲ ကျန်းမာရေးစစ်ချက်ရလဒ်များအရ မိမိ၏ ကျန်းမာရေးမှာ အပြည့်အဝ ကောင်းမွန်နေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၂၆ ရက်တွင်ထုတ်ဖော်ပြောကြားထားသည်။ ဆေးစစ်မှုအားလုံး ပြုလုပ်ခဲ့ပြီးနောက် မိမိ၏ကျန်းမာရေးအခြေ အနေမှာ အပြည့်အဝကောင်းမွန်ကြောင်းသမ္မတဒေါ်နယ်ထရန့်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ် တွင်ရေးသားထားသည်။သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏ ကျန်းမာရေးအတွက် ဆေးစစ်မှုများကို ဝါရှင်တန်မြို့တော်အနီးရှိဝေါလ်တာရိဒ်စစ်ဆေးရုံ၌ မေ ၂၆ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆေးစစ်မှုသည် ပြီးခဲ့သည့်နှစ်အတွင်းသမ္မတရာထူး ဒုတိယအကြိမ်ရယူခဲ့ပြီးနောက်ပိုင်း သမ္မတဒေါ်နယ်ထရန့် ပြုလုပ်ခဲ့ရသော တတိယအကြိမ်မြောက်ကျန်းမာရေးဆေးစစ်မှုဖြစ်သည်။အသက် (၈၀) ပြည့်တော့မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ အသက်အကြီးဆုံးသမ္မတအဖြစ်လည်းရပ်တည်နေသော သမ္မတဒေါ်နယ် ထရန့်၏ ကျန်းမာရေးအခြေအနေကို အများပြည်သူများက စောင့်ကြည့်လျက်ရှိသည်။ လက်များ၌ အကွက် အပြောက်များ ပေါ်ထွက်လာခြင်း၊ အစည်းအဝေးများ၌ အိပ်ငိုက်နေပုံရခြင်း စသည့်ပြဿနာများကြောင့် ထင်ကြေး အမျိုးမျိုးထွက်ပေါ်နေချိန်တွင် သမ္မတရာထူးရယူပြီး နောက်ပိုင်း တတိယမြောက်ကျန်းမာရေးစစ်ဆေးမှုကို သမ္မတဒေါ်နယ်ထရန့်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏ နောက်ဆုံးတစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုကို ၂၀၂၅ ခုနှစ် ဧပြီလ တွင်ပြုလုပ်ခဲ့သည်။သမ္မတဒေါ်နယ်ထရန့်သည် လာမည့်ဇူလိုင်လအတွင်း အသက် (၈၀) ပြည့်မည်ဖြစ်ရာ ယင်းကာလအတွင်းအိမ်ဖြူတော်၌ အထူး ယူအက်ဖ်စီပြိုင်ပွဲတစ်ခု ကျင်းပရန်စီစဉ်ထားသည်။ ၂၀၂၅ ခုနှစ် ဧပြီလ ကျန်းမာရေးစစ်ဆေးမှုရလဒ်များအရ သမ္မတ ဒေါ်နယ်ထရန့်မှာ အရပ်အမြင့် ၆ ပေ ၃လက်မ၊ ကိုယ်အလေးချိန် ၂၂၄ ပေါင်ရှိရာ ၂၀၁၉ ခုနှစ်ကထက် ကိုယ်အလေးချိန်ကျဆင်းသွားကြောင်း သိရသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-အေအက်ဖ်ပီ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

ချွန်ဘူရီခရိုင်တွင် မြန်မာလုပ်သား ၁၈ ဦးအလုပ်ထုတ်ခံရပြီး စာရွက်စာတမ်းများသိမ်းခံရ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် စီလာချာမြို့နယ်တွင် မြန်မာလုပ်သား ၁၈ ဦးသည် အလုပ်ထုတ်ခံရပြီး စာရွက်စာတမ်းများသိမ်းဆည်းခံရသည့်အတွက် အကူအညီပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ မှ သိရသည်။ ၎င်းအလုပ်သမားများသည် စီလာချာမြို့နယ်ရှိ အဲကွန်းစက်ရုံ တစ်ရုံတွင်အလုပ်လုပ်နေကြသူ များဖြစ်ပြီး စက်ရုံက ဧပြီ ၄ ရက်တွင် လူလျှော့သည်ဟုဆိုကာအလုပ်နားခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းစက်ရုံတွင် မြန်မာအလုပ်သမားများသည် အလုပ်ဝင်ရန်အတွက်စမတ်ကြေး(အလုပ်သွင်းပေးခ) များပေးခဲ့ရပြီး အေဂျင် စီပွဲစားက Work Permitစာရွက်စာတမ်းမူရင်းများ သိမ်းဆည်းထားကြောင်း ကူညီပေးနေသည့် WAGအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါ မြန်မာအလုပ်သမားများအတွက် မေ ၂၆ ရက်တွင် WAG အဖွဲ့နှင့် FED အလုပ်သမားဖွံ့ဖြိုးရေး ဌာနတို့ပူးပေါင်းပြီး အလုပ်သမားများနှင့်အတူမြို့နယ်ဆဝါဒီကန်ရုံး၌ သွားရောက်ညှိနှိုင်းခဲ့ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို ကမ္ဘောဒီးယားဘုရင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ဟောင်း ကမ်ဆိုခါကို ကမ္ဘောဒီးယားဘုရင်မင်းမြတ်နိုရိုဒွန် သီဟာမိုနီက မေ ၂၅ ရက်တွင် နိုင်ငံတော် သစ္စာဖောက်မှုစွဲချက်အတွက် ချမှတ်ထားသော ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်းသိရသည်။ အသက် (၇၂) နှစ်အရွယ် ကမ်ဆိုခါသည် နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းခံထားရသော ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီကို ပူးတွဲတည်ထောင်ခဲ့သည့် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။ သို့ရာတွင် ထိုစဉ်ကာလ ဝန်ကြီးချုပ် ဟွန်ဆန်ဦးဆောင်သော ကမ္ဘောဒီးယား အစိုးရအဖွဲ့ကို ဖြုတ်ချရေးအတွက် ပြည်ပနိုင်ငံ တစ်နိုင်ငံနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ကမ်ဆိုခါကို ဟွန်ဆန်အစိုးရက ၂၀၂၃ ခုနှစ် မတ်လမှစ၍ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်ဖြင့် ကမ္ဘောဒီးယားတရားသူကြီးများက ထောင်ဒဏ် (၂၇) နှစ် ချမှတ်ထားပြီးလက်ရှိတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခြင်းဖြစ်သည်။ သို့ရာတွင် အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ဘုရင့်နန်းတော်က ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။ လက်ရှိအာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီသည် ပြည်တွင်း အတိုက်အခံခေါင်းဆောင်များကို ပြင်းပြင်း ထန်ထန် ဖိနှိပ်ခဲ့ရာ ကမ်ဆိုခါမှာ အထင်ရှားဆုံးနိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီကို ကမ္ဘောဒီးယားတရားလွှတ်တော်ချုပ်က ၂၀၁၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးနောက် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်အများအပြား ပြည်ပသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

သမ္မတနှင့် ဝန်ကြီးများလစာဘိုလီးဗီးယားသမ္မတ လျှော့ချ ဘိုလီးဗီးယားသမ္မတ ရိုဒရီဂိုပက်ဇ်သည် ၎င်းရယူနေသော သမ္မတလစာနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ လစာများကို ထက်ဝက်လျှော့ချရန် စီစဉ်ထားကြောင်း မေ ၂၅ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။ ဘိုလီးဗီးယားနိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေမှုကြောင့် နိုင်ငံရေး အကျပ်အတည်း ပိုမိုကြီးထွားလာချိန်တွင် သမ္မတလစာနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ လစာတို့ကို ထက်ဝက် လျှော့ချရန် သမ္မတပက်ဇ်ကစီစဉ်ထားခြင်းဖြစ်သည်။ ခြိုးခြံချွေတာရေး မူဝါဒများ ပြန်လည်ရုပ်သိမ်းရန်နှင့် လူနေမှုစရိတ်ကြီးမြင့်မှုပြဿနာများကို ဖြေရှင်းပေးရန် ဘိုလီးဗီးယားအလုပ်သမားများ၊ လယ်သမားများနှင့် အောက်ခြေပြည်သူများက ဆန္ဒပြတောင်းဆိုနေပြီး သမ္မတပက်ဇ် ရာထူးမှ နုတ်ထွက်ပေးရန်လည်း တောင်းဆိုထားကြသည်။ မေ ၂၅ ရက်တွင် သီတင်းလေးပတ်တာကာလအတွင်း ဝင်ရောက်လာပြီဖြစ်သော ဆန္ဒပြပွဲများကြောင့် လာပက်ဇ်မြို့တော်နှင့် အယ်လ်အယ်လ်တိုမြို့တော်များ၌ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ပြတ် တောက်လျက်ရှိပြီး စားနပ်ရိက္ခာလောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုပြဿနာများ ပေါ်ထွက်လျက်ရှိသည်။ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံအပေါ်ထားရှိရမည့် တာဝန်ဝတ္တရားအရ မိမိနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ လစာများကို ထက်ဝက်လျှော့ချမည်ဖြစ်ကြောင်း သမ္မတပက်ဇ်က မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ သမ္မတရိုဒရီဂိုပက်ဇ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း သမ္မတရာထူးစတင်ရယူခဲ့ပြီးနောက် ဘဏ္ဍာရေးတည်ငြိမ်ရေးအတွက် ခြိုးခြံချွေတာရေး မူဝါဒများ ကျင့်သုံးခဲ့ပြီး အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

ဒရုန်းအသုံးပြု၍ မြေမြှုပ်မိုင်းရှာဖွေရေး ယူကရိန်းတွင် ဂျပန်ကုမ္ပဏီ စမ်းသပ် လေထဲတွင် ပျံသန်းရင်း မြေမြှုပ်မိုင်းများကို ရှာဖွေရန် ဒီဇိုင်းထုတ်ထားသော ဒရုန်းတစ်မျိုးကို ဂျပန်ကုမ္ပဏီတစ်ခုက ယူကရိန်းနိုင်ငံတွင် စမ်းသပ်ခဲ့ကြောင်း သိရပြီး ယူကရိန်းတွင် ကျူးကျော် ရုရှားတပ်ဖွဲ့များ ထောင်ထားခဲ့သော မိုင်းများကို ရှင်းလင်းရန် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေစဉ် စမ်းသပ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယူကရိန်းနိုင်ငံ၏ စတုရန်းကီလိုမီတာ ၁၃၀၀၀၀ ခန့်တွင် မြေမြှုပ်မိုင်းများ၊ မပေါက်ကွဲသေးသော ခဲယမ်းမီး ကျောက်များ နှင့် အခြားပေါက်ကွဲစေနိုင်သော ပစ္စည်းများ ရှိနေသည်ဟု ယူကရိန်းနိုင်ငံ၏ အရေးပေါ်လုပ်ငန်းများဌာနက ခန့်မှန်းထားသည်။ ဂျပန်နိုင်ငံမှ Prodrone ကုမ္ပဏီသည် မြေမြှုပ်မိုင်းရှာဖွေ ရေးဒရုန်းများ တည်ဆောက်ရန် ယူကရိန်းကုမ္ပဏီများနှင့်အတူ လုပ်ဆောင်နေပြီး ကုလသမဂ္ဂ၏ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ထံမှလည်း ထောက်ပံ့ငွေ ရရှိထားကြောင်း သိရသည်။ ကုမ္ပဏီ၏ ပထမဆုံး ဒရုန်းစမ်းသပ်မှုကို ယူကရိန်းမြို့တော် ကိဗ်တွင် တနင်္လာနေ့က လုပ်ဆောင်ခဲ့သည်။ အဆိုပါ စမ်းသပ်မှုတွင် တူးဖော်တွေ့ရှိပြီးသား မြေမြှုပ်မိုင်းများကို အသုံးပြုခဲ့သည်ဟု ဆိုသည်။ မိုင်းအချို့ကို မြေပြင်ပေါ်တွင် ထားရှိကာ အချို့မိုင်းများကို မြေအောက် ၁၅ စင်တီမီတာအနက်တွင် မြုပ်ထားခဲ့သည်။ ထို့နောက် မိုင်းရှာကိရိယာ တပ်ဆင်ထားသော ဒရုန်းကို ၃၀ စင်တီမီတာ အမြင့်မှ ပျံသန်းပြီး ၎င်း၏စွမ်းဆောင်ရည်ကို စမ်းသပ်ခဲ့ကြောင်း သိရသည်။ မြေမြှုပ်မိုင်းများကြောင့် လူများ ပုံမှန်အတိုင်းသွားလာနေထိုင်၍ မရကြောင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး ၎င်းတို့၏ နည်းပညာဖြင့် စစ်မက်ဖြစ်ပွားနေသော နေရာများတွင် မြေမြှုပ်မိုင်းများကို ရှာဖွေရန် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။ ယူကရိန်းနိုင်ငံတွင်လည်း မိုင်းများကို ဒရုန်းများဖြင့် ရှာဖွေရေးလုပ်ငန်းကို စိတ်ဝင်စားမှုကြီးမားကြောင်း သိရသည်။ ထိုလုပ်ငန်းတွင် ကျွမ်းကျင်သူများ ပေါ်ထွက်လာရေးအတွက် လေ့ကျင့်သင်ကြားပေးမှုများ လုပ်ဆောင် နေသည်ဟု ယခုလအစောပိုင်းတွင် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သတင်း-ရဲမင်း ကိုးကား-NHK #နိုင်ငံတကာသတင်း

photo content

ကွန်ဂိုနှင့် ယူဂန်ဒါ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကပ်ဘေးကို တုံ့ပြန်နိုင်စွမ်းထက် ပိုမြင့်မားနေ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့၌ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှုနှုန်းမှာ ရောဂါကူးစက်မှုအား တုံ့ပြန်နိုင်သည့် နှုန်းထက် ပို၍ မြင့်မားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)အကြီးအကဲ အက်ဟာနွန်ဂျီဘရီယေးဆပ်က မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဘေးနှင့် ပတ်သက်၍ အာဖရိကသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် အွန်လိုင်း ဆွေးနွေးပွဲမိန့်ခွန်းတွင် ဒဗလျူအိတ်ခ်ျအိုအကြီးအကဲက အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များကို ထောက်လှမ်းဖော်ထုတ်ရန် နှောင့်နှေးမှုကြောင့် ရောဂါကူးစက်မှု တုံ့ပြန်ရေး လုပ်ငန်းစဉ်များလည်း နောက်ကျခဲ့ရကြောင်း ဒဗလျူအိတ်ခ်ျအိုအကြီးအကဲက မေ၂၅ ရက်ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်သေးမီအထိ ကွန်ဂိုနှင့် ယူဂန်ဒါနိုင်ငံတို့၌ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာနိုငကြောင်း ဒဗလျူအိတ်ခ်ျအိုအကြီးအကဲက သတိပေးထားသည်။ လက်ရှိအချိန်တွင် ကွန်ဂိုနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့်သေဆုံးသူအရေအတွက်မှာ ၂၂၀အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ဒဗလျူအိတ်ခ်ျအိုအကြီးအကဲက ထုတ်ဖော်ပြောကြားထားသည်။ ကွန်ဂို၌ လက်ရှိ ကူးစက်နေသော အီဘိုလာဗိုင်းရပ်စ်မှာ ကာကွယ်ဆေးနှင့် သီးသန့်ကုထုံးမရှိသေးသော Bundibugyo မျိုးကွဲဖြစ်သည်။ ကွန်ဂို အီဘိုလာဗိုင်းရပ်စ်ကပ်ဘေးအတွက် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို ဒဗလျူအိတ်ခ်ျအိုကယခုလအစောပိုင်းတွင် ကြေညာထားပြီဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

ရန်ကုန်မြို့မှ ဆေးကုသရေးအဖွဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ဆေးကုသပေးမည် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ခုတင် (၅၀၀) အထူးကု ဆေးရုံကြီးတို့မှအထူးကုဆရာဝန်ကြီးများ ပါဝင်သောအထူးကု ဆေးကုသရေးအဖွဲ့သည် ပုသိမ်ပြည်သူ့ ဆေးရုံကြီးတွင် မေ ၃၀ ရက်မှ ၃၁ ရက်အထိ နှစ်ရက်တိုင်တိုင် ‘အခမဲ့’ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။ ပါမောက္ခ/ဌာနမှူးလာရောက်ကုသပေးမည့် အထူးကုဆရာဝန်ကြီးများမှာ ပါမောက္ခ။ဌာနမှူး(နှလုံးဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ပါမောက္ခ/ဌာနမှူး (ဆီးချိုနှင့်ဟော်မုန်း)ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ။ဌာနမှူး (အသည်းဆေးကု) အထူးကုဆေးရုံ ကြီး ခုတင်(၅၀၀) ရန်ကုန်၊ ပါမောက္ခ။အထူးကု ဆရာဝန်ကြီး (အစာအိမ်နှင့် အူလမ်းကြောင်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ ဖြစ်သည်။ ထို့ပြင် ပါမောက္ခ/အထူးကုဆရာဝန်ကြီး(ဦးနှောက်နှင့်အာရုံ ကြောဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး(ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ပါမောက္ခ/အထူးကုဆရာဝန် ကြီး(ရင်ခေါင်းဆေးကု) အထူးကုဆေးရုံကြီး ခုတင်(၅၀၀) ရန်ကုန်၊ အထူးကုဆရာဝန်ကြီး (ဆီးနှင့်ကျောက်ကပ် ဆေးကု) အထူးကုဆေးရုံကြီး ခုတင်(၅၀၀) ရန်ကုန်၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီး(ကင်ဆာဆေးပညာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အထူးကုဆရာဝန်ကြီး (ကလေးကင်ဆာ) ကလေးဆေးရုံကြီး (ရန်ကုန်နှင့် အထူးကုဆရာဝန်ကြီးကလေးဆေးရုံကြီး) ရန်ကုန် (ကလေးဦးနှောက်နှင့်အာရုံကြောဆေးကု) စသည့် အထူးကုဆရာဝန်ကြီး၁၁ ဦး ပါဝင်မည်ဖြစ်သည်။ ဆေးကုသလိုသူများအနေဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီး ဧည့်ကြိုဌာနတွင် စုံစမ်း၊ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ သတင်း-လင်းလက်ကြယ်စင် ဓာတ်ပုံ- CJ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

ရာသီပေါ်အင်ဥများ ဈေးနှုန်းမြင့်တက်နေ ဈေးကွက်အတွင်း ရာသီပေါ်အင်ဥဈေးနှုန်းများ မြင့်တက်နေပြီးဈေးကောင်းရရှိနေကြောင်း ဈေးသည်များထံမှ စုံစမ်းသိရှိရသည်။ လက်ရှိတွင် အင်ဥဈေးနှုန်းများသည် တစ်ပိဿာလျှင် ကျပ်၁၀၀၀၀၀ ကျော်အထိ ရှိနေပြီး အချို့နေရာများတွင် ကျပ် ၁၃၀၀၀၀ အထိမြင့်တက်နေကြောင်း သိရသည်။ အင်ဥဈေးနှုန်းများ မြင့်တက်လာရခြင်းမှာသယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် စရိတ်စကများမြင့်တက် လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကုန်ပစ္စည်းများကိုဈေးကွက်သို့ တင်ပို့နိုင်မှုလျော့နည်းနေခြင်းသည်လည်း အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်နေသည်။ အင်ဥများကို စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်း၊ ဝန်းသို၊ကသာ၊ ဗန်းမော် စသည့် ဒေသများမှအဓိက ထွက်ရှိကြောင်း သိရသည်။ သို့သော် ယခုအချိန်တွင် အဆိုပါဒေသများတွင် သွားလာရေးအခက်အခဲများရှိနေခြင်းကြောင့် ဈေးကွက်သို့ ဝင်ရောက်နိုင်မှု နည်းပါးနေသည်။ အင်ဥများသည် မိုးရာသီအစတွင် ပိုမိုထွက်ရှိလေ့ရှိပြီး မေလမှဇူလိုင်လအထိ ရရှိနိုင်သည်။ မိုးရွာပြီးနောက် ညအချိန်များတွင် အများဆုံးထွက်တတ်ကြောင်းလည်း သိရသည်။ သတင်း-ဆုလဲ့ ဓာတ်ပုံ- အစိမ်းရောင်လမ်း #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

စပိန် DEMU ရထားတစ်စင်း ရန်ကုန်-မန္တလေး ခရီးစဉ် တိုးချဲ့ပြေးဆွဲမည် ရထားစီး ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန်အတွက်ရန်ကုန်-မန္တလေး လမ်းပိုင်းတွင်အမှတ်(၉) အဆန်/အမှတ် (၁၀)အစုန် ရန်ကုန်-မန္တလေး စပိန် DEMUရထားကို ဇွန် ၁ ရက်မှ စတင်ကာတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ထိုရထားသည် ရန်ကုန်ဘူတာကြီးနှင့် မန္တလေးဘူတာတို့မှ နေ့စဉ် နံနက်၈ နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ကာ အမှတ် (၉) အဆန် ရန်ကုန်-မန္တလေးရထားသည် မန္တလေးဘူတာသို့ ညနေ ၆ နာရီခွဲ၊အမှတ်(၁၀)အစုန်ရထား သည်ရန်ကုန်ဘူတာကြီးသို့ ညနေ ၆ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်မည် ဖြစ်ကာလမ်းဘူတာများအနေဖြင့် တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်နှင့် သာစည်ဘူတာ များတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်မှတ်ခနှုန်းထားများ အနေဖြင့် လက်ရှိပြေးဆွဲနေသော ရန်ကုန်-မန္တလေး DEMU ရထားလက်မှတ်ခနှု န်း ထားများအတိုင်းဖြစ်ကာ လက်မှတ်များကို ORTP ဝက်ဘ်ဆိုက်မှတစ်ဆင့် ခရီးစဉ်အစအဆုံး အတွက် ခုနစ်ရက်ကြို၊ကြားဘူတာ ခရီးစဉ်များအတွက် ငါးရက်ကြို ဝယ်ယူနိုင်မည်ဖြစ်သည်။ ရထားထပ်မံတိုးချဲ့ပြေးဆွဲပေးခြင်းကြောင့် ဇွန် ၁ ရက်မှ စတင်ကာရန်ကုန်-မန္တလေး တိုက်ရိုက်ပြေးဆွဲသည့် DEMU ရထားအစင်းရေ စုစုပေါင်းသုံးစင်းအထိရှိလာမည် ဖြစ်သည်။ သတင်း- မြင့်မိုရ်မျိုးမျိုးသူ ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ် #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း