ch
Feedback
The Standard Time Digital

The Standard Time Digital

前往频道在 Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

显示更多
未指定国家未指定类别
273
订阅者
无数据24 小时
+57
+2430
帖子存档
◾️မဲဆောက်တွင် တရားမဝင်ဝင်ရောက်လာသူများ ဖမ်းဆီးခံရ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် သာ့ဆိုင်လွတ်ကျေးရွာအုပ်စုအတွင်း မြန်မာဘက်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ဦးကို ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မေ ၆ ရက် နံနက်ပိုင်းတွင်မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူး၊ ရာ့ခ်ျမနူးအထူးစစ်ဆင်ရေးတပ်ဖွဲ့ ဝင်များ၊ကျေးရွာသူကြီးနှင့် ကျေးရွာလုံခြုံရေးအဖွဲ့တို့သည် ထိုင်း–မြန်မာ နယ်စပ်တစ်လျှောက် ပူးပေါင်းကင်းလှည့်စဉ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ၁၃ ဦးပါ ဝင်ပြီး ဥပဒေအရ အရေးယူနိုင်ရန်မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း မဲဆောက်အခြေစိုက်ထိုင်းသတင်းများအရ သိရသည်။ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရဧပြီ ၂၈ ရက်တွင်လည်း မဲဆောက်မြို့ ၌ အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်ကိုင်နေသည့် မြန်မာအလုပ် သမား ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။ သတင်း-သက်ပိုင် ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️လှေကားထစ်စိုက်ခင်းတွေကြားက မာရသွန်ပြိုင်ပွဲ

◾️ရန်ကုန် - မန္တလေး ပြေးဆွဲနေသည့်DEMU ရထားနှင့် ထော်လာဂျီတိုက်မိ မန္တလေးဘူတာကြီးမှ မေ ၅ရက် နံနက် ၆ နာရီတွင် ထွက်ခွာလာခဲ့သော အမှတ် (၆) အစုန် DEMUရထားသည် ဘဲလင်းဘူတာနှင့်ကျောက်ဆည် ဘူတာကြားတွင်တရားမဝင် ရထားလမ်းကူးပေါ်သို့တက်လာသည့် ထော်လာဂျီဖြင့်ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွတ်တိုက်မိသော ဖြစ်စဉ်ကြောင့်ထော်လာဂျီမှာ လမ်းဘေးသို့ လွင့်စဉ်သွားခဲ့ပြီး ရထားတွင် ဆေးသားနှင့်ဘောင်အနည်းငယ်ပွန်းခြင်း စသည့်ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။ ထော်လာဂျီမောင်းနှင်သူမှာ အခင်းဖြစ်ရာနေရာမှထွက်ပြေးသွားခဲ့ကြောင်း၊ ရထားမှာရန်ကုန်သို့ ပုံမှန်အတိုင်း ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရသည်။ ယခုနှစ်ပိုင်းအတွင်း မြန်မာ့မီးရထား၏ ကြိုးစားဆောင်ရွက်မှုများကြောင့် မြန်နှုန်းမြင့်ရထားများကို မြို့ကြီးများနှင့် ချိတ်ဆက်ပြေးဆွဲမှုများဆောင်ရွက်နေပြီဖြစ်ပြီး အဆိုပါပြေးဆွဲမှုများကြောင့် ရထားလမ်းကူးများ၊ ရထားလမ်းများပေါ်သို့ သတိပြုသွားလာကြရန် မြန်မာ့မီးရထားက အသိပေးထုတ်ပြန်ထားသည်။ သတင်း-မြင့်မိုရ်မျိုးမျိုးသူ ဓာတ်ပုံ-CJ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️အာဆီယံ အထူးသံတမန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ခွင့် ပေးရန် အာဆီယံအလှည့် ကျဥက္ကဋ္ဌ တိုက်တွန်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်နှင့် တွေ့ဆုံ ခွင့်ပေးရန် ဖိလစ်ပိုင်နိုင်ငံကမေ ၆ ရက်တွင် မြန်မာအစိုးရကို တိုက်တွန်းထားကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန်ပြောင်းလဲ သတ်မှတ်ခဲ့ပြီးနောက်အာဆီယံ အထူးသံတမန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခွင့်ပေးရန် ဖိလစ်ပိုင်နိုင်ငံကတိုက်တွန်းထားခြင်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ရယူထားသောနိုင်ငံဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်နှင့်အာဆီယံအထူးသံတမန်တို့ကိုတွေ့ဆုံခွင့်ပေးခြင်းဖြင့် မြန်မာနိုင်ငံရေး အကျပ်အတည်းနှင့် သက်ဆိုင်နေသူအားလုံးနှင့် ထိတွေ့ဆက်ဆံနိုင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အားလုံးပါဝင်နိုင်သည့် အမျိုးသားဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ပြစ်ဒဏ်ကာလများအား လျှော့ချ၍သတ်မှတ်ထားသည့် နေအိမ်ပြောင်းလဲ ထားရှိပေးမှုကို မြန်မာနိုင်ငံ၌ ရေရှည်တည်ငြိမ်မှု တည်ဆောက်ရေးအတွက်လိုအပ်နေ သော ယုံကြည်မှုလုပ်ငန်းစဉ်များ၏ အဓိကခြေလှမ်းအဖြစ်အာဆီယံက ရှုမြင်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ အထက်ပါဖြစ်ပေါ်တိုးတက်မှုများကို အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်အရ မြန်မာ နိုင်ငံ၌ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးတို့အတွက် အရှိန်အဟုန်တည်ဆောက်ရာတွင် အသုံးပြုသင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံကတိုက်တွန်းထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️သီလရှင်ဝတ်စုံဖြင့် အလှမယ်ပြိုင်ပွဲဝင်သူကိုအရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းထားဟု သာသနာရေးဝန်ကြီးဌာနဆို Miss Grand Myanmar 2026 ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် ယမန်နေ့(မေ ၅ ရက်) တွင် ပြည်ထဲရေးဝန်ကြီးဌာနအား ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်း သာသနာရေးဝန်ကြီးဌာနထံမှသိရသည်။ ယခုမေလ ၄ ရက်က ရန်ကုန်မြို့ The Eravati Sule Grand Yangon ဟိုတယ်တွင်ပြုလုပ်သည့် အဆိုပါအလှမယ်ပြိုင်ပွဲတွင် တာချီလိတ်မြို့မှပြိုင်ပွဲဝင်အလှမယ်အိမွန်လွင်သည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကိုဝတ်ဆင်ပြီး Model Showလျှောက်ကာယှဉ်ပြိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဗီဒီယိုဖိုင်ပျံ့နှံ့ခဲ့ကြောင်း၊ အလှမယ် အိမွန်လွင်အပါအဝင် ပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့်တာဝန်ရှိသူများအား လိုအပ်သလိုစိစစ်ဖော်ထုတ် အရေးယူပေးနိုင်ပါရန် ယမန်နေ့(မေ ၅ ရက်) က ပြည်ထဲရေးဝန်ကြီးဌာနသို့ ညှိနှိုင်းမေတ္တာ ရပ်ခံထားပြီး ဖြစ်ပါကြောင်း သာသနာရေးဝန်ကြီးဌာနက သတင်းမီဒီယာများအားဖြေကြားထားသည်။ MISS GRAND MYANMAR 2026 ပြိုင်ပွဲကျင်းပရေးဘက်မှလည်း ပြိုင်ပွဲတွင်အလှမယ်များအားမြန်မာ့ဂုဏ်သိက္ခာညှိုးနွမ်းစေသော၊ ကိုးကွယ်ရာဘာသာတရားအားအကြည်အညိုမဲ့စေသော ပြင်ဆင်မှုများမပြုလုပ်လာရန် အသေးစိတ်မှာကြားထားသည့်အပြင် မေလ ၃ ရက်နှင့် ၄ ရက်တွင်ကျင်းပမည့် အမျိုးသားဝတ်စုံပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်မှုနှစ်ကြိမ်လုံးတွင် မယ်သီလရှင်ဝတ်စုံဖြင့် သရုပ်ဖော်မှုအားပြသခြင်းမရှိသလို တာဝန်ရှိသူများကိုလည်း ယင်းသို့သရုပ်ဖော်မည့်အစီအစဉ်ကို ကြိုတင်အကြောင်းကြားထားခြင်းမရှိကြောင်းသိရသည်။ ယင်ဖြစ်စဉ်နှင့်ပတ်သက်ပြီးမြန်မာနိုင်ငံတွင်လူဦးရေအများစုကိုးကွယ်ရာဗုဒ္ဓဘာသာကိုမထီမဲ့မြင်ပြုရာ ရောက်ခြင်း၊ ပြိုင်ပွဲမှသတ်မှတ်ထားသည့် စည်းကမ်းအားမလိုက်နာခြင်းတို့ကြောင့် အလှမယ်အိမွန်လွင် အားပြိုင်ပွဲမှထုတ်ပယ်ကြောင်းနှင့် အနူးအညွတ်တောင်းပန်ကြောင်း MGM Organization ကလည်း အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် Miss Grand Myanmar ပြိုင်ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand Final တို့ကိုလည်း လတ်တလောအခြေအနေများကြောင့် အကန့်အသတ်မရှိရွှေ့ ဆိုင်းကြောင်း Miss Grand Myanmarပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများကယနေ့ (မေ ၆ရက်)တွင် ထုတ်ပြန်ထားသည်။ သတင်း - ပိုင်လေး #ပြည်တွင်းသတင်း

◾️အနောက်ဘင်ဂေါလ်ပြည်နယ် ရွေးကောက်ပွဲ၌ ဘီဂျေပီပါတီ အပြတ်အသတ်အနိုင်ရ အိန္ဒိယနိုင်ငံ၏ အဓိကအကျဆုံးရွေးကောက်ပွဲများတွင် ပါဝင်သော အနောက်ဘင်ဂေါလ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ၌အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဘရာတိယာဂျနေတာ ပါတီ (ဘီဂျေပီ)က ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ကြောင်း မေ ၅ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။ လက်ရှိအချိန်တွင် ဆန္ဒမဲများရေတွက်နေဆဲဖြစ်သော်လည်း နောက်ဆုံးပေါ်ထွက်လာသောရလဒ်များအရ အနောက်ဘင်ဂေါလ်ပြည်နယ်လွှတ်တော်အမတ်နေရာ ၂၉၄ နေရာအနက် ၂၀၆နေရာကို ဘီဂျေပီ ပါတီက ရရှိထားကြောင်း သိရသည်။ ဘီဂျေပီ ပါတီအနေဖြင့် အတိုက်အခံများနှစ်ပေါင်းများစွာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အနောက်ဘင်ဂေါလ် ပြည်နယ်၌ ပထမဆုံးအကြိမ်အဖြစ် ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အနောက်ဘင်ဂေါလ်ပြည်နယ်သည် ယခုနှစ် ဧပြီလနှင့် မေလအတွင်း ရွေးကောက်ပွဲများကျင်းပခဲ့သော အိန္ဒိယပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ငါးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အနောက်ဘင်ဂေါလ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲရလဒ်ကြောင့် စီးပွားရေးနှင့် နိုင်ငံခြားရေး မူဝါဒ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီအတွက်နိုင်ငံရေးအရ ရပ်တည်နိုင်စွမ်း ပိုမိုခိုင်မာလာနိုင်သည်။ လူဦးရေ သန်း ၁၀၀ ကျော်ရှိသောအနောက်ဘင်ဂေါလ်ပြည်နယ်ကို ၂၀၁၁ ခုနှစ်မှစ၍ ပြည်နယ်အခြေစိုက် အတိုက်အခံပါတီတစ်ခုက ထိန်းချုပ်ထားခြင်းဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️အမ်ဗွီဟွန်ဒီးရပ်စ် ဇိမ်ခံသင်္ဘောပေါ်မှဗိုင်းရပ်စ် လူနာနှစ်ဦးကို ခေါ်ထုတ်မည် အနောက်အာဖရိက ကမ်းလွန်ရေပြင်အတွင်း ရှိနေသော နယ်သာလန်အခြေစိုက် ခရီးသည်တင် ဇိမ်ခံသင်္ဘောတစ်စင်းပေါ်မှ ဟန်တာဗိုင်းရပ်စ် ရောဂါလက္ခဏာများ ပြသနေသည့် လူနာ နှစ်ဦးကို ခေါ်ထုတ်ရေးအတွက် ဆေးပညာရှင်များက ပြင်ဆင်မှုများပြုလုပ်နေကြောင်း နယ်သာလန်တာဝန်ရှိသူ များက မေ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အမ်ဗွီဟွန်ဒီးရပ်စ်အမည်ရှိအဆိုပါခရီးသည်တင်ဇိမ်ခံသင်္ဘောပေါ်တွင်ဟန်တာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြောင့် ခရီးသည် သုံးဦးသေဆုံးခဲ့ရပြီးနောက်ရောဂါလက္ခဏာများ ပြသနေသော ခရီးသည် နှစ်ဦးကို ခေါ်ထုတ်ရေးအတွက်နယ်သာလန်နိုင်ငံ ပြည်သူ့ကျန်းမာရေး အမျိုးသားအင်စတီကျူက စီစဉ်ထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အမ်ဗွီဟွန်ဒီးရပ်စ် သင်္ဘောပေါ်၌ ခရီးသည် ၁၅၀ ခန့်သောင်တင်နေဆဲဖြစ်ကြောင်း နယ်သာလန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။ ဟန်တာဗိုင်းရပ်စ်သည် ကြွက်များမှ တစ်ဆင့် လူသားများထံ ကူးစက်နိုင်ပြီး ယင်းဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါက အသက်အန္တရာယ်နီးသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ပေါ်လာတတ်ကြောင်း သိရသည်။ သို့ရာတွင် ဟန်တာဗိုင်းရပ်စ်များ လူသားတစ်ဦးမှ တစ်ဦးထံ ကူးစက်မှုများမှာ အလွန်ရှားပါးကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️မေ ရက်မှ ၉ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ရုရှားသမ္မတပူတင် ကြေညာထား ရုရှားနိုင်ငံ၏ (၈၁) ကြိမ်မြောက် ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မေ ၈ ရက်မှ ၉ ရက်အထိ ယူကရိန်းစစ်မြေပြင်၌ အပစ်အခတ်ရပ်စဲပေးထားမည်ဖြစ် ကြောင်း ရုရှားသမ္မတပူတင်က မေ ၄ ရက်တွင် ကြေညာထားသည်။ ရုရှားနိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီအပေါ် အောင်ပွဲရရှိမှု အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများကို မေ ၉ ရက်တွင် မော်စကိုမြို့တော်ရင်ပြင်နီ၌ ကျင်းပရန် စီစဉ်ထားသည်။ မေ ၈ ရက်မှ ၉ ရက်အထိ ယူကရိန်းစစ်ပွဲအပစ်အခတ်ရပ်စဲရေး အတွက်ရုရှားသမ္မတပူတင်၏ ကြေညာချက်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်းအတည်ပြုထားပြီး အထက်ပါအပစ်အခတ် ရပ်စဲရေးကြေညာချက်ကို ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနည်းတူလိုက်နာရန် တိုက်တွန်းထားသည်။ ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲနေ့ အထိမ်းအမှတ်ကာလအတွက် ရုရှားသမ္မတပူတင်က တစ်ဖတ်သတ်အ ပစ်အခတ်ရပ်စဲရေး ကြေညာထားချိန်တွင်ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း မေ ၅ ရက်မှ ၆ ရက်အထိ အပစ်အခတ်ရပ်စဲပေးမည်ဖြစ်ကြောင်း သီးခြားအဆိုပြုထားသည်။ မေ ၉ ရက်တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများ လုံခြုံရေး အတွက် လိုအပ်သည့် လုံခြုံရေး အစီအမံအားလုံး ကျင့်သုံးမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ အလားတူ အထက်ပါအခမ်းအနားများကို နှောင့်ယှက်ဖျက်ဆီးရန် ယူကရိန်းနိုင်ငံက ကြိုးပမ်းလာခဲ့ပါက လက်တုံ့ပြန်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ သတိပေးထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အိမ်ဖြူတော်လုံခြုံရေးများနှင့် အမျိုးသားတစ်ဦးတို့အကြား ပစ်ခတ်မှုဖြစ် အမေရိကန် ပြည်ထောင်စုဝါရှင်တန်မြို့တော် အိမ်ဖြူတော်အနီး၌ မေ ၄ ရက်က သမ္မတလုံခြုံရေး အဖွဲ့ဝင်များနှင့် မသင်္ကာဖွယ်အမျိုးသားတစ်ဦးတို့အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လက်နက် ကိုင်ဆောင်ထားသော အထက်ပါ မသင်္ကာဖွယ်အမျိုးသားသည် ၎င်းအနီးချဉ်းကပ်လာသည့် လုံခြုံရေးများကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက ပြောကြားသည်။ သို့ရာတွင် အိမ်ဖြူတော် လုံခြုံရေးဝန်ထမ်းများ၏ ပစ်ခတ်တားဆီးမှုကြောင့် အထက်ပါအမျိုးသားမှာ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။အထက်ပါ အပြန်အလှန် ပစ်ခတ်မှုသည် အိမ်ဖြူတော်သို့ဒုတိယသမ္မတ ဂျေဒီဗင့်စ်၏ယာဉ်တန်းမရောက်ရှိမီ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် အိမ်ဖြူတော်အတွင်းသမ္မတဒေါ်နယ်ထရန့်လည်း ရှိနေ ကြောင်း အမေရိကန်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။ပြီးခဲ့သည့်လကုန်ပိုင်းက အမေ ရိကန်သမ္မတဒေါ်နယ်ထရန့် ကိုယ်တိုင်တက်ရောက်ခဲ့သော အိမ်ဖြူတော် သတင်းထောက်များအသင်းညစာစားပွဲ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဝါရှင်တန်မြို့တော်တွင် လုံခြုံရေး တင်းကျပ်ထားသည်။ မေ ၄ ရက် ပစ်ခတ်မှုသည်ယခင်ဖြစ်ပွားခဲ့သော သမ္မတဒေါ်နယ်ထရန့်အား လုပ်ကြံရန်ကြိုးပမ်းမှုများ နှင့် ဆက်စပ်မှု ရှိ၊ မရှိကို အိမ်ဖြူတော်လုံခြုံရေးတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️UFC ချန်ပီယံ Joshua Van ၏ ပထမဆုံးခါးပတ်ကာကွယ်ပွဲ မေ ၉ ရက်တွင် ကျင်းပမည် UFC 328 ပြိုင်ပွဲတွင် မြန်မာနိုင်ငံဖွား UFC Flyweight ချန်ပီယံJoshua Van သည် ၎င်း၏ ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်ရမည့် ပွဲစဉ်အဖြစ် ဂျပန်ဖိုက်တာ Tatsuro Taira နှင့် မေ ၉ ရက်တွင်အမေရိကန်နိုင်ငံ Prudential Center ၌ ထိုးသတ်မည်ဖြစ်သည်။ အဆိုပါ UFC 328 ပြိုင်ပွဲ၏ Co-Main Event ပွဲစဉ်သည် UFC သမိုင်းတစ်လျောက် ပထမဦးဆုံးအကြိမ် အာရှသား ဖိုက်တာနှစ်ဦးယှဉ်ပြိုင်သည့် ပွဲစဉ်တစ်ခုဖြစ်သည်။ ချန်ပီယံ Van သည် ၂၀၂၅ခုနှစ်ဒီဇင်ဘာတွင် ဘရာဇီးနိုင်ငံသားချန်ပီယံဟောင်း Alexandre Pantoja ကိုအနိုင်ယူကာ UFC ချန်ပီယံခါးပတ်ကိုသိမ်းပိုက်နိုင်ခဲ့သူဖြစ်ပြီးလက်ရှိတွင် MMA ပွဲစဉ်မှတ်တမ်းအရ (၁၂နိုင်၁ပွဲရှုံး)ရရှိထားသူဖြစ်သည်။ ယင်း ခါးပတ်ကာကွယ်ပွဲတွင် Van သည် ဂျပန်နိုင်ငံသား Tatsuro Tairaနှင့် ယဉ်ပြိုင်သွားမည်ဖြစ်ပြီးTaira သည် လက်ရှိအချိန်ထိ ၁၆ပွဲနိုင်ရှုံးပွဲမရှိ ဖိုက်တာတစ်ဦးဖြစ်ကြောင်းသိရသည်။ ထိုပွဲကို ကမ္ဘာတစ်ဝန်း MMA ပရိသတ်များက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပြီး Van အနေဖြင့် ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်မည်လားဆိုသည်မှာ အထူးစိတ်ဝင်စားဖွယ်ဖြစ်နေကြောင်း သိရသည်။ သတင်း-ဝတ်ရည် ဓာတ်ပုံ-UFC #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း