fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

About Space

About Space

رفتن به کانال در Telegram

Just space

نمایش بیشتر
635
مشترکین
+624 ساعت
+37 روز
-130 روز

در حال بارگذاری داده‌ها

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
نوامبر '26
نوامبر '26
+11
در 1 کانال‌ها
اکتبر '26
+16
در 1 کانال‌ها
Get PRO
سپتامبر '26
+35
در 0 کانال‌ها
Get PRO
اوت '26
+91
در 2 کانال‌ها
Get PRO
ژوئیه '26
+96
در 1 کانال‌ها
Get PRO
ژوئن '26
+119
در 2 کانال‌ها
Get PRO
مه '26
+195
در 1 کانال‌ها
Get PRO
آوریل '260
در 1 کانال‌ها
Get PRO
مارس '26
+37
در 1 کانال‌ها
Get PRO
فوریه '260
در 0 کانال‌ها
Get PRO
ژانویه '26
+131
در 1 کانال‌ها
Get PRO
دسامبر '250
در 1 کانال‌ها
Get PRO
نوامبر '25
+1
در 1 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
16 نوامبر+1
15 نوامبر+7
14 نوامبر0
13 نوامبر0
12 نوامبر0
11 نوامبر+2
10 نوامبر0
09 نوامبر0
08 نوامبر+1
07 نوامبر0
06 نوامبر0
05 نوامبر0
04 نوامبر0
03 نوامبر0
02 نوامبر0
01 نوامبر0
پست‌های کانال
အခုတလော Cyber Attack တွေခပ်စိတ်စိတ်ဖြစ်နေတာကြားမိမြင်မိဖတ်မိကြမှာပါ မြန်မာနိုင်ငံလိုအတွက်ကတော့ဘာမှမဟုတ်မထိခိုက်ပင်မဲ့ တိုးတက်နေတဲ့နိုင်ငံတွေမှာတော့ အရာရာဟာ နည်းပညာအကူအညီနဲ့အလုပ်လုပ်နေကြပါတယ် ရေခဲသေတ္တာအပူချိန်အနိမ့်အမြင့်ကအစသွားနေတဲ့ရထားရဲ့အရှိန်အတိုးအလျှော့ကိုပါနည်းပညာအကူအညီနဲ့Runတာပါ မသမာသူတစ်ယောက်ယောက်က ထိုsystemတွေအထဲHackဝင်ပြီးကမောက်ကမဖြစ်အောင်ဖျက်လိုဖျက်စီးလုပ်ရင်ထိခိုက်တဲ့အပျက်အစီးကတကယ့်စစ်ပွဲလောက်မရှိပင်မဲ့လှိမ့်နေအောင်ခံရပါတယ် ထိုလိုင်းပေါ်ကစစ်ပွဲဟာလည်းသူ့ဟာနဲ့သူအဆိပ်ပြင်းပါတယ် ကြားရတဲ့တွေအရတော့ ကမ္ဘာနိုင်ငံကြီးတွေအကြားကတင်းမာမှုတွေဟာပိုဆိုးလာနိုင်ပြီးပူဖောင်းတစ်လုံးလိုပါပဲအချိန်မရွေးပေါက်ကွဲထွက်သွား‌နိုင်ပါတယ် ဒါကြောင့် ဘယ်နေရာရောက်ရောက် သတိနဲ့နေပါ လိုအပ်တာတွေကြိုတင်ပြင်ဆင်ထားပါ(Ration pack,ရေ, Medic box) ကမ္ဘာ့နိုင်ငံကြီးတွေကကြိုတင်ပြင်ဆင်ခိုင်းတာလည်းအလကားမဟုတ်ပါဘူး ဒီလိုတွေဖြစ်လာရင် Panicking မဖြစ်ပဲအလွယ်တကူဖြေရှင်းနိုင်ရန်အတွက်ပါ အားလုံးပဲ Take Careပါ

2
"ကမ္ဘာကြီးအပါအဝင်MilkyWay Galaxy ကြီးဟာ မိုင်ပေါင်း2ဘီလီယံနီးပါးကျယ်ဝန်းတဲ့ Cosmic Void(ဗလာနယ်ကြီး)ရဲ့အလယ်ဗဟိုနားမှာရှိနေလောက
"ကမ္ဘာကြီးအပါအဝင်MilkyWay Galaxy ကြီးဟာ မိုင်ပေါင်း2ဘီလီယံနီးပါးကျယ်ဝန်းတဲ့ Cosmic Void(ဗလာနယ်ကြီး)ရဲ့အလယ်ဗဟိုနားမှာရှိနေလောက်တယ်" ဆိုတဲ့စာတမ်းတစ်ခုနောက်နေ့ကြတင်ပါမယ်
56
3
တတိယအချက်ကတော့ရပ်တန့်ဖို့ခက်ခဲတာပါ စကြာဝဠာကြီးဟာလေဟာနယ်တွေဖြစ်ပါတယ်ဥပမာပေးရရင်စက်ဘီးတစ်စီးဟာသွားလိုရာခရီးစီရောက်ပါကဘရိတ်ညှစ်လိုက်တာနဲ့ရပ်တန့်သွားမှာပါဘရိတ်မညှစ်ပဲဒီတိုင်းထားလိုက်လည်းသူ့ဟာသူအချိန်တန်ရပ်သွားမှာပါပဲ ဘာကြောင်လဲဆိုတော့ဒီကမ္ဘာမှာက မြေဆွဲအား (Gravity)လေထုရဲ့ခုခံမှု(Air resistance)နဲ့အခြားအခြားသောလက်တံငယ်လေးတွေရှိကြပါတယ် သူတို့ဟာစက်ဘီးဆိုရဲ့ယာဉ်ကြီးတစ်ခုလုံးကိုရပ်တန့်ပေးကြပါတယ် အာကာသထဲမှာတော့ လေဟာနယ်သာရှ်ိတဲ့အတွက်ကြောင့် စက်သတ်လိုက်ရင်လည်းသွားခဲ့တဲ့အရှိန်အတိုင်းနဲ့ဆက်သွားနေဦးမှာပါ ရည်မှန်းချက်ရောက်ခဲ့သည်ရှ်ိသော်စက်ကိုကြိုသတ် အာကာသယဉ်ရဲ့ Booster engine ကိုပြောင်းပြန်လှည့်ပြီးလာခဲ့တဲ့နှုန်းအတိုင်းတွန်းထားရင်တော့ရပ်ကောင်းရပ်နိုင်ပါတယ်ဒါပင်မဲ့လောင်စာဟာ အသွားအတွက်ရောရပ်ဖို့အတွက်ပါသုံးရမှာဖြစ်တဲ့အတွက်2ဆပိုကုန် သယ်ယူတဲ့နေရာပိုစားပါလိမ့်မယ် သို့သော်လည်းအာကာသကြီးရဲ့ကန့်သတ်ထားတဲ့ရူပဒေဆိုင်ရာစည်းမျဉ်းစည်းကမ်းချက်ကိုသွေဖယ်နိုင်မဲ့ယာဉ်တစ်မျိုးမျိုးထွင်နိုင်ခဲ့ရင်တော့ လူသားတွေဟာအခြားအခြားသောနေရာတွေမှာပါအခြေချလာနိုင်ကြပါလိမ့်မယ်
49
4
လူသားတွေတခြားဂြိုလ်တွေပေါ်Galaxyတွေစီရောက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ မဖြစ်နိုင်တဲ့အချက်တွေအများကြီးရှိပါတယ် ပထမအချက်က လောင
လူသားတွေတခြားဂြိုလ်တွေပေါ်Galaxyတွေစီရောက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ မဖြစ်နိုင်တဲ့အချက်တွေအများကြီးရှိပါတယ် ပထမအချက်က လောင်စာပါ ကမ္ဘာရဲ့ဆွဲငင်အားကနေလွတ်ထွက်နိုင်ဖို့လောင်စာအများကြီးလိုပါတယ်အကယ်၍မိမိရဲ့MilkyWay Galaxy ထဲကပဲလွတ်ထွက်နိုင်ပြီပဲထားပါဦး ဒီGalaxyကြီးရဲ့ဆွဲငင်အားကြီးကရှိနေပါသေးတယ်ပြီးတော့လောင်စာကလည်းကမ္ဘာ‌ပေါ်မှာအကန့်အသတ်ရှိပါတယ်တခြားနေအဖွဲ့အစည်းထဲကဂြိုလ်တစ်ခုခုပေါ်မှာလောင်စာအသစ်တစ်ခုခုတွေ့ခဲ့သည်ရှိသော်ဒီပြဿနာဟာခေါင်းထဲထည့်စရာမလိုတော့ပါဘူး ဒုတိယအချက်အလင်းအရှိန်(သို့)အလင်းအရှိန်ရဲ့ 10%လောက်ပဲသွားနေရင်တောင်မှ စကြာဝဠာကြီးဟာအဆုံးအစမရှိပြန်ကားနေလျက်ရှိတာကြောင့်အဝေးမှာရှိတဲ့အရာဝတ္ထု‌တွေဟာလိုက်လေဝေးလေပါပဲ လမ်းတစ်လျှောက်လဲဥက္ကာခဲအကြွင်းအကျန်တွေကပြန့်ကျဲ့နေမှာဖြစ်တဲ့အတွက်ကျောက်ခဲလက်မလောက်စာလေးကိုအလင်းအရှိန်ရဲ့1%လောက်နဲ့ပဲဝင်တိုက်မိမယ်ဆိုရင်စီးလာတဲ့အာကာသယဉ်တစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်
56
5
Nov 18မှာဆိုရင်တော့ Voyager 1ဟာအလင်းအလျင်နဲ့သွားရင်တောင်တစ်ရက်ကြာမဲ့အကွာအဝေးသို့ရောက်ရှိတော့မှာပါ လူလုပ်ပစ္စည်းထဲကမ္ဘာကြီးနဲ့
Nov 18မှာဆိုရင်တော့ Voyager 1ဟာအလင်းအလျင်နဲ့သွားရင်တောင်တစ်ရက်ကြာမဲ့အကွာအဝေးသို့ရောက်ရှိတော့မှာပါ လူလုပ်ပစ္စည်းထဲကမ္ဘာကြီးနဲ့အဝေးဆုံးမှာရှိနေပြီးအဆုံးအဆမရှ်ိတဲ့အာကာသဟင်းလင်းပြင်ကြီးထဲ စကြာဝဠာကြီးတည်သ၍လွင့်မျော်နေမှာပါ ဒီပုံကတော့ 1990ခုနှစ်နေအဖွဲ့အစည်းထဲကထွက်မသွားခင်လေးမှာ ကမ္ဘာဘက်ကိုလှည့်ပြီးနောက်ဆုံးရိုက်ခဲ့တဲ့မိုင်ပေါင်းသန်း4000အကွာဓာတ်ပုံတစ်ပုံဖြစ်ပါတယ်
104
6
Elon Muskရဲ့ Space Xကတော့တစ်ကွက်ပြလိုက်ပြန်ပါပြီ မနေ့ညက Texasပြည်နယ်ကနေလွှတ်တင်လိုက်ပြီးကမ္ဘာကို14ပတ် ပတ်ကာStarlinkဂြိုလ်တု 2
Elon Muskရဲ့ Space Xကတော့တစ်ကွက်ပြလိုက်ပြန်ပါပြီ မနေ့ညက Texasပြည်နယ်ကနေလွှတ်တင်လိုက်ပြီးကမ္ဘာကို14ပတ် ပတ်ကာStarlinkဂြိုလ်တု 26လုံးကိုကမ္ဘာ့ပတ်လမ်းပေါ်လွှင့်တင်ပေးခဲ့ပြီးနောက် Ship42ဟာ ကမ္ဘာလေထုကိုပြန်လည်ဝင်ရောက်စဉ်မှာဖြစ်ပေါ်တဲ့ လေထုပွတ်တိုက်မှုအပူချိန်ပြင်းပြင်းကိုကြံ့ကြံ့ခံရင်းလွှတ်တင်ရေးစင်မြင့်စီပြန်လည်ဆင်းသက်နိုင်ခဲ့တာပဲဖြစ်ပါတယ် ဒါဟာကမ္ဘာပတ်လမ်းကြောင်းသွားအာကာသယာဉ်တစ်စင်းကိုသမာရိုးကျ ပင်လယ်ထဲထိုးဆင်းသို့အာကာသဟင်းလင်းပြင်ထဲစွန့်ပစ်ခြင်းထက် သက်တမ်းရှိသ၍ထပ်ကာထပ်ကာပြန်လည်အသုံးပြုနိုင်ကြောင်းကိုပထမဆုံးအကြိမ်အဖြစ်သက်သေထူလာနိုင်တာပဲဖြစ်ပါတယ် ဒါဟာအနာဂတ် လကမ္ဘာနဲ့မားစ်ဂြိုလ်တို့ကိုသွားရောက်လေ့လာတဲ့နေရာမှာအထောက်အကူအများကြီးပြုနိုင်ပါတယ်
111
7
Plank Satelliteမှရှိသောအချက်အလက်များကိုအသုံးပြု ၊ ၎င်းတို့လက်တွေ့ပြုလုပ်ထားတဲ့ကောင်းကင်မြေပုံပေါင်း ၁၀၀၀ကျော်နှင့်နှိုင်းယှဥ်ကြည့်ရာမည်သည့်မြေပုံတွင်မှ လက်တွေ့ကောင်းကင်ပြင်ရှိ Hotspot များ၏ဘေးပတ်လည်မှအပူချိန်ပြောင်းလဲမှုနှုန်းကဲ့သို့ပြင်းထန်မတ်စောက်နေခြင်းမရှိကြောင်းတွေ့ရပါတယ် ယင်းအဆိုကိုတော့စကြာဝဠာဗေဒဆိုင်ရာပညာရှင်အများစုကလက်မခံကြ‌ပေ University of British Columbia မှ James Zibinက ယင်းတွေ့ရှိချက်သည် စာရင်းအင်းဆိုင်ရာ မတော်တဆ တိုက်ဆိုင်မှု (statistical fluke) ဖြစ်နိုင်ခြေ အကြိမ် ၅၀ တွင် ၁ ကြိမ်အထိ မြင့်မားနိုင်ကြောင်း ထောက်ပြခဲ့ပြီး ဤအယူအဆမှာ လူနည်းစုသာ လက်ခံထားသည့် အမြင်တစ်ခုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်
116
8
နိုဘယ်လ်ဆုရရူပဗေဒပညာရှင် Roger Penroseကမဟာပေါက်ကွဲမှု(Big Bang)သည်စကြာဝဠာကြီးရဲ့အစမဟုတ်ပဲအရင်အဟောင်းသောစကြာဝဠာတစ်ခုရဲ့အဆုံးသတ
နိုဘယ်လ်ဆုရရူပဗေဒပညာရှင် Roger Penroseကမဟာပေါက်ကွဲမှု(Big Bang)သည်စကြာဝဠာကြီးရဲ့အစမဟုတ်ပဲအရင်အဟောင်းသောစကြာဝဠာတစ်ခုရဲ့အဆုံးသတ်သာဖြစ်တယ်လို့အခိုင်အမာယူဆပါတယ် သူ့ရဲ့ထိုအယူအဆကိုတော့ Conformal Cyclic Cosmology(အဆုံးမရှိသံသရာလည်ပတ်နေသောစကြာဝဠာဗေဒ)လို့ခေါ်ပြီး၎င်းရဲ့သဘောတရားပုံစံအရစကြာဝဠာကြီးဟာ Aeons(ကမ္ဘာကပ်ကာလကြီးများ)ဟုအမည်ပေးထားတဲ့အဆုံးမရှိတဲ့သံသရာစက်ဝန်းများကိုဖြတ်သန်းနေရပါတယ် စက်ဝန်းတစ်ခုချင်းစီဟာအဆုံးမရှိသေးငယ်ချောမွေ့ပြီးဝေးကွာလှတဲ့အနာဂတ်အချိန်တစ်ခုမှာတော့တွင်းနက်ကြီးများဟာHawking Radiationနဲ့အတူအငွေ့ပျံပျောက်ကွယ်သွားပြီး နောက်ထပ်Big Bangတစ်ခုဖြစ်ပေါ်လာစေရန်အစပျိုးပေးတယ်လို့ဆိုပါတယ် ဤအဆိုကို၂၀၁၈ခုနှစ်မှာတင်ပြခဲ့တာဖြစ်ပြီး၂၀၂၀ခုနှစ်ကထုတ်ဝေသောစာတမ်း၌ပင်သူနဲ့သူ၏လုပ်ဖော်ကိုင်ဖက်များဟာ Hawking pointလို့ခေါ်တဲ့အရာများကိုတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ် ထိုအရာများဟာမဟာပေါက်ကွဲမှုကြီးဖြစ်ပြီးကြွင်းကျန်ရစ်တဲ့နောက်ခံအလင်းအလင်းရောင်(Cosmic Microwave Background)အတွင်းရှိ Hotspotsများဖြစ်ပြီး ယခင်အရှေ့ကစကြာဝဠာကြီးများရဲ့တွင်းနက်ဟောင်းများရဲ့လက်ကျန်ရောင်ခြည်တွေလို့ဆိုပါတယ်
100
9
ညနေမှတင်မယ်နော် တခြားတစ်ခုနဲ့
105
10
"စကြာဝဠာကြီးရဲ့အစဟာ ရှေ့စကြာဝဠာကြီးတစ်ခုရဲ့အဆုံးသတ်ပဲ"လို့ ရူပဗေဒနိုဘယ်ဆုရှင် Roger Penrose ရဲ့အဆိုသီအိုရီတစ်ခုကိုတော့ညနက်မှဖ
"စကြာဝဠာကြီးရဲ့အစဟာ ရှေ့စကြာဝဠာကြီးတစ်ခုရဲ့အဆုံးသတ်ပဲ"လို့ ရူပဗေဒနိုဘယ်ဆုရှင် Roger Penrose ရဲ့အဆိုသီအိုရီတစ်ခုကိုတော့ညနက်မှဖတ်ပါလေ ဖုန်းအားနည်းသွားတာကြောင့်မို့လို့ပါ
109
11
ထိုမျှလောက်သေးငယ်တဲ့အမှုန်လေးတွေကိုအသည်းအသန်ရှာဖွေနေရခြင်းအကြောင်းအရင်းကနှစ်ချက်ရှိပါတယ်ထိုနှစ်ချက်ဟာလည်းစကြာစဠာကြီးရဲ့အကြီးမ
ထိုမျှလောက်သေးငယ်တဲ့အမှုန်လေးတွေကိုအသည်းအသန်ရှာဖွေနေရခြင်းအကြောင်းအရင်းကနှစ်ချက်ရှိပါတယ်ထိုနှစ်ချက်ဟာလည်းစကြာစဠာကြီးရဲ့အကြီးမားဆုံးသောလျှို့ဝှက်ချက်ထဲကနှစ်ခုဖြစ်ပါတယ် ပထမတစ်ခုကတော့စကြာဝဠာထဲမှာရှိကြတဲ့ဂြိုလ်တွေကြယ်တွေဂလက်စီတွေအားလုံးကိုတစ်စုတစ်စည်းတည်းဖြစ်နေအောင်ပင့်ကူအိမ်သဖွယ်ချိတ်ဆက်ထိန်းချုပ်ပေးထားတဲ့မျက်စီနဲ့မမြင်ရတဲ့အမှောင်ဒြပ်ထု(Dark Matter)များဖြစ်ပါတယ် သူဟာစကြာဝဠာကြီးတစ်ခုလုံးရဲ့အခြေခံငြမ်းစင်ကြီးသဖွယ်ဖြစ်နေပင်မဲ့ဘာနဲ့ဖွဲ့စည်းထားသလဲဆိုတာယနေ့အထိပဟေဠိဖြစ်နေစဲပါ ဒုတိယအနေနဲ့ကတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက မဟာပေါက်ကွဲမှုကြီး(Big Bang)ဖြစ်ပွားအပြီးနောက်မှာဘာကြောင့်စကြာဝဠာကြီးဟာဆန့်ကျင့်ဒြပ်ထု(antimatter)များနဲ့အချင်းချင်းတိုက်မိကာပျက်စီးမသွားပဲ ဒြပ်ထု(Matter)တွေအဖြစ်ကျန်ရစ်ခဲ့သလဲဆိုတာကိုပါ သို့သော်လက်ရှိရူပဗေဒပညာရပ်ရဲ့စံသတ်မှတ်ချက်တွေအရတော့ထိုပဟေဠိတွေကိုအပြည့်အဝဖြေရှင်းလို့မရသေးပါ ဒါပင်မဲ့Zeptoverseအတွင်းမှာတော့ကျွန်ုပ်တို့လုံးဝမသိသေးတဲ့အမှုန်အသစ်တွေနဲ့Dark Matterအမှုန်များဟာBeauty quarkအမှုန်များနဲ့အပြန်အလှန်သက်ရောက်မှုရှိနေမယ်လို့ပညာရှင်တွေဟာယုံကြည်ထားကြပါတယ်
107
12
Cambridgeတက္ကသိုလ် Cavendishဓာတ်ခွဲခန်းမှDr.Harry Cliff ဦးဆောင်တဲ့အဖွဲ့ဟာထိုBeautyအမှုန်လေးတွေပြိုကွဲသွားတဲ့ဖြစ်စဉ်ကိုစောင့်က
Cambridgeတက္ကသိုလ် Cavendishဓာတ်ခွဲခန်းမှDr.Harry Cliff ဦးဆောင်တဲ့အဖွဲ့ဟာထိုBeautyအမှုန်လေးတွေပြိုကွဲသွားတဲ့ဖြစ်စဉ်ကိုစောင့်ကြည့်နေခဲ့ကြတာပါသူတို့လိုက်ရှာလျက်ရှိတဲ့ဖြစ်စဉ်က Beauty အမှုန်တစ်ခုဟာသူ့ထက်ပိုသေးငယ်တဲ့ Muons အမှုန်နှစ်ခုအဖြစ်ပြိုကွဲပြောင်းလဲသွားတဲ့ Bd to mu muဖြစ်စဉ်ကိုပါ ထိုဖြစ်စဉ်ဟာအလွန်ရှားပါးပြီး Beautyအမှုန်ပေါင်း 10Billion(သန်းတစ်သောင်း)မှာတစ်ကြိမ်လောက်သာဖြစ်ပေါ်တတ်ပြီး ရူပဗေဒပညာရှင်တွေဟာသူမမွေးခင် ၁၉၈၄ခုနှစ်ထဲကထိုရှားပါးဖြစ်စဉ်ကိုရှာဖွေနေခဲ့တာလို့ Dr.Harry Cliffကဆိုပါတယ် 2024ခုနှစ်LHCbစက်ကြီးကိုအဆင့်မြှင့်တင်လိုက်ပြီးနောက်ရလာတဲ့dataအချက်အလက်တွေကို Aiနည်းပညာအကူအညီနဲ့စစ်ဆေးလိုက်တဲ့အခါမှာမှနှစ်ပေါင်း40ကျော်ကြာပုန်းအောင်းလျက်ရှိနေတဲ့ထိုရှားပါးဖြစ်စဉ်ရဲ့သက်သေအထောက်အထားကိုပထမဆုံးအနေနဲ့ရရှိခဲ့တာပါ
97
13
ဒီလောက်သေးငယ်တဲ့ကမ္ဘာလေးတစ်ခုကိုသာမန်မှန်ဘီလူးနဲ့ကြည့်လို့မရပါဘူး ဒါ့ကြောင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အနီးက ဥရောပ နျူကလီးယ
ဒီလောက်သေးငယ်တဲ့ကမ္ဘာလေးတစ်ခုကိုသာမန်မှန်ဘီလူးနဲ့ကြည့်လို့မရပါဘူး ဒါ့ကြောင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အနီးက ဥရောပ နျူကလီးယား သုတေသနအဖွဲ့ (CERN) ရဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းကြီးထဲမှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး အမှုန်အရှိန်မြှင့်စက်ကြီး (Large Hadron Collider - LHC) ကို အသုံးပြုခဲ့ကြရပါတယ် အမှုန်တွေကိုအလင်းအလျင်နီးပါးအရှိန်နဲ့တိုက်မိစေပြီးထွက်ပေါ်လာတဲ့အပိုင်းအစလေးတွေကနေ Beauty quarkလို့ခေါ်တဲ့အမှုန်လေးများကိုလေ့လာခဲ့ကြပါတယ် ထိုအမှုန်လေးများဟာသူ့ဟာသူသဘာဝအတိုင်းရှိမနေကြပဲစက်ကြီးထဲမှာအရှိန်ပြင်းပြင်းနဲ့တိုက်မိကြတဲ့အခါမျိုးမှသာထွက်ပေါ်လာတတ်ကြတာဖြစ်ပြီးသက်တမ်းဟာဆိုရင်လည်းတစ်စက္ကန့်ရဲ့ တစ်ထရီလီယံပုံ တစ်ပုံခွဲမျှသာရှည်လားပြီးချက်ချင်းဆိုသလိုတခြားအမှုန်အများအဖြစ်နဲ့ပြိုကွဲပျက်စီး(Decay)သွားတတ်ကြပါတယ်
70
14
လူသားတွေဟာ စကြာဝဠာကြီးရဲ့အနက်ရှိုင်းဆုံးသောနေရာများထိTelescopeကြီးတွေကိုအသုံးပြုပြီးဓာတ်ပုံရိုက်ကူးနိုင်ခဲ့ကြတာကြာမြင့်ခဲ့ပါပ
လူသားတွေဟာ စကြာဝဠာကြီးရဲ့အနက်ရှိုင်းဆုံးသောနေရာများထိTelescopeကြီးတွေကိုအသုံးပြုပြီးဓာတ်ပုံရိုက်ကူးနိုင်ခဲ့ကြတာကြာမြင့်ခဲ့ပါပြီ သို့သော်စကြာဝဠာကြီးဘယ်လိုစတင်ခဲ့သလဲဆိုတဲ့အဖြေဟာအဝေးဆုံးသောနေရာမှာရှိနေတာမျိုးမဟုတ်ပဲကျွန်ုပ်တို့ရဲ့အနီးဆုံးနေရာမှာရှိနေတာပါ နှစ်ပေါင်း40ကျော်ကြာအောင်သိပ္ပံပညာရှင်တွေလိုက်လံရှာဖွေနေခဲ့တဲ့လျှို့ဝှက်ချက်တစ်ခုကို Cambridge တက္ကသိုလ်ကဦးဆောင်တဲ့သုတေသီအဖွဲ့ဟာရှာဖွေ့တွေ့ရှိခဲ့ပြီးပါပြီ ထိုအရာကတော့ Atomတစ်လုံးထက်အဆပေါင်းBillionရာနဲ့ချီပိုမိုသေးငယ်တဲ့ Zeptoverseလို့ခေါ်တဲ့ကမ္ဘာသစ်တစ်ခုကိုပါ သိပ္ပံဘာသာရပ်တွင်တော့အရာဝတ္ထုအားလုံးကို Atomများဖြင့်ဖွဲ့စည်းထားတာဖြစ်ပြီးထိုAtomအထဲမှာ Proton,Neutronနဲ့Electronဆိုပြီးထပ်ရှိနေသေးပါတယ်နောက်ပိုင်းမှာသူတို့ထက်ပင်ပိုမိုသေးငယ်တဲ့Quarksလို့ခေါ်တဲ့အခြေခံအမှုန်လေးတွေကိုပါတွေ့ရှိခဲ့ပါတယ် Zeptoverseဆိုတဲ့အတိုင်းအတာကတော့ထို့ထက်ပင်ပိုမိုသေးငယ်နေတာပါ Atomတစ်လုံးကို အဆပေါင်းသိန်းတစ်သိန်း(ဘီလီယံ၁၀၀)အထိထပ်ပြီးညှစ်ချေလိုက်တော့မှ Zeptometreတစ်နည်းအားဖြင့်Zeptoverseကမ္ဘာသစ်စီသို့ရောက်ရှိသွားမှာပါ ကိန်းဂဏန်းအားဖြင့်ဆိုရင်တော့1မီတာရဲ့တစ်ထရီလီယံပုံတစ်ဘီလီယံပုံခန့်သာရှိပါတယ်
77
15
ကမ္ဘာမှအလင်းနှစ် 238နှစ်ခန့်အကွာမှတည်ရှိပြီးသက်ရှိတွေရှင်သန်နိုင်ချေရှိပြီး Super-earthတွေလည်ပတ်လျက်ရှိနေတဲ့ K2-155ကြယ်စုစီကန
ကမ္ဘာမှအလင်းနှစ် 238နှစ်ခန့်အကွာမှတည်ရှိပြီးသက်ရှိတွေရှင်သန်နိုင်ချေရှိပြီး Super-earthတွေလည်ပတ်လျက်ရှိနေတဲ့ K2-155ကြယ်စုစီကနေထွက်ပေါ်လာတဲ့ထူးဆန်းတဲ့ရေဒီယိုလှိုင်းတွေကိုဖမ်းယူရခဲ့မိပါတယ် တရုတ်နိုင်ငံအမှာတည်ဆောက်ထားတဲ့ကမ္ဘာ့အကြီးမားဆုံးရေဒီယိုTelescopeကြီးဖြစ်တဲ့FASTကနေဖမ်းယူရရှိခဲ့တာဖြစ်ပြီးရရှိတဲ့အချက်အလက်တွေကို Software အသစ်နဲ့ပြန်လည်စစ်ဆေးရာကနေ NBS 260108 လို့အမည်ရတဲ့အဆိုပါရေဒီယိုလှိုင်းကိုတွေ့ရှိခဲ့တာပါဘာကြောင့်ထူးခြားနေရသလဲဆိုရင်ထိုကဲ့သို့သောလှိုင်းမျိုးဟာတည်ငြိမ်ပြီးသာဘာဝအာကာသဖြစ်စဉ်တွေကနေထွက်လာဖို့ခဲယဉ်းပြီးစက်ပစ္စည်းအကူနည်းပညာနဲ့သာထုတ်လွှင့်နိုင်ပါတယ်လှိုင်းတွေဟာတစ်နေရာတည်းကလာကြတာဖြစ်ပြီးလှိုင်းဖမ်းစနစ်19ခုအနက်ထိုကြယ်စုကိုတည့်တည့်ချိန်ထားတဲ့စနစ်တစ်ခုတည်းမှာပဲဖမ်းမိခဲ့တာဖြစ်ပြီးလှိုင်းနှုန်းဟာအချိန်နဲ့အမျှပြောင်းလဲရွေ့လျားနေပြီးအာကာသထဲမှာရွေ့လျားနေတဲ့နည်းပညာတစ်ခုခုကထုတ်လွှင့်တဲ့ပုံပေါက်နေပါတယ် ပညာရှင်တွေကတော့အတည်မပြု‌နိုင်သေးပဲလူတွေရဲ့စက်ပစ္စည်းကြောင့်ဖြစ်တဲ့Interferenceကြောင့်လည်းဖြစ်နိုင်သည်ဟုဆိုပြီးကမ္ဘာပြင်ပသက်ရှိများရဲ့လှိုင်းများဟုတ်မဟုတ်ဆက်လက်စစ်ဆေးစုံစမ်းသွားမည်ဟုဆိုပါတယ်
190
16
သူတို့ရဲ့အလေးချိန်ဒြပ်ထုဟာဂြိုလ်သိမ်တစ်ခုစာမျှသာရှိပင်မဲ့ဆွဲငင်အားကြောင့်‌ကျုံဝင်နေတဲ့အရွယ်အစားဟာ Atomတစ်ခုထက်ပင်သေးငယ်ပါသေးတယ်အရွယ်အစားကအက်တမ်လောက်ပဲရှိပြီးအလင်းမထွက်တဲ့အတွက်တယ်လီစကုပ်တွေနဲ့ရှာလို့မတွေ့နိုင်သလို လုံလောက်တဲ့ဒြပ်ထုရှိသောကြောင့်စကြဝဠာထဲကဂလက်ဆီတွေကိုထိန်းချုပ်ထားတဲ့Dark Matterရဲ့ ဆွဲငင်အားကိုပေးစွမ်းနိုင်ပါတယ် နေအဖွဲ့အစည်းရဲ့နောက်ဖေးပေါက်မှာထိုPBHသာရှိနေမယ်ဆိုပါက ထိုPBHရဲ့အရွယ်အစားဟာ ကျွဲကောသီး အရွယ်အစားခန့်သာရှိပါလိမ့်မယ် သို့သော်ခန့်မှန်းချေ 300AUခန့်မှာရှိနေတာကတစ်ကြောင်းအလင်းလည်းမပြန်မထုတ်နိုင်တာကြောင့်တကယ်ရှိမရှိကတော့အတည်မပြုနိုင်ခြင်းမရှိသေးပါ သို့သော်တစ်ချိန်ချိန်မှာ ထိုတွင်းနက်နားသို့ဒြပ်ဝတ္ထုတစ်ခုခုဖြတ်သန်းသွားရင်းထိုတွင်းနက်အတွင်းသို့ကျနေရောက်သွားချိန်မှာထွက်ပေါ်လာမဲ့ရုတ်ချည်းအလင်းတန်းတစ်ခုခုကိုမြေပြင်မှဖမ်းယူနိုင်ပါကထိုနေ့ဟာနက္ခတလောကအတွက်အပြောင်းအလဲကြီးတစ်ခုဖြစ်လာပါလိမ့်မယ်
195
17
စကြဝဠာထဲမှာရှိတဲ့ဒြပ်ဝတ္ထုတွေအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းဟာမျက်စိနဲ့မမြင်ရတဲ့ အလင်းပြန်ခြင်းမရှိတဲ့Dark Matter (မှောင်မိုက်ဒြပ
စကြဝဠာထဲမှာရှိတဲ့ဒြပ်ဝတ္ထုတွေအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းဟာမျက်စိနဲ့မမြင်ရတဲ့ အလင်းပြန်ခြင်းမရှိတဲ့Dark Matter (မှောင်မိုက်ဒြပ်ဝတ္ထု)တွေဖြစ်ကြပါတယ်။ သိပ္ပံပညာရှင်တွေကစကြဝဠာအစဦးမှာဖြစ်တည်ခဲ့တဲ့ဒီPBHအသေးလေးတွေဟာDark Matterတွေဖြစ်နေမလားဆိုပြီးယူဆခဲ့ကြပါတယ် ဒါပေမဲ့ Black Hole အရွယ်အစားအများစုကို မဖြစ်နိုင်ဘူးလို့ ပယ်ဖျက်ခဲ့ရပြီး "Asteroid Window" လို့ခေါ်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေရဲ့ ဒြပ်ထုပမာဏ (10¹⁷ မှ 10²² ဂရမ်ဝန်းကျင်) ရှိတဲ့ အရွယ်အစားတစ်ခုတည်းသာ Dark Matter ဖြစ်ဖို့ ရာနှုန်းပြည့် အခွင့်အရေးကျန်ပါခဲ့တော့တယ် အရမ်းသေးလွန်းရင်Hawking radiationနဲ့အငွေ့ပျံပျောက်ကွယ်သွားနေပြီးသားဖြစ်ပြီးအရမ်းကြီးလွန်းနေရင်လည်းဆွဲငင်အားအရမ်းပြင်းတဲ့အတွက် Gravitational Microlensingလို့ခေါ်တဲ့နောက်ခံကြယ်တွေရဲ့အလင်းကိုကွေးညွတ်သွားစေပြီးကမ္ဘာကနေထိုအလင်းကွေးတဲ့ဖြစ်စဉ်ဟာအများကြီးမတွေ့ရတဲ့အတွက်PBHအကြီးစားတွေဟာdark matterများမဖြစ်နိုင်တော့တာပါ ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုစာလောက်သာလေးလံတဲ့အလယ်အလတ်တန်းစားPBHများဟာအလွန်တည်ငြိမ်ကြမှာပါသူတို့ဟာနှေးကွေးစွာနဲ့‌အငွေ့ပျံကြမှာဖြစ်ပြီးစကြာဝဠာအစတည်းကယခုထက်တိုင်သက်တမ်းကြာရှည်နေနိုင်ပါတယ်
160
18
Primordial Blackholeဆိုတာကတော့ စကြာဝဠာကြီးစတင်ဖြစ်တည်တည်ချင်းစက္ကန့်ပိုင်းအကြာမှာပေါ်ပေါက်လာတဲ့တွင်းနက်တွေလို့ပညာရှင်တွေကယူဆက
Primordial Blackholeဆိုတာကတော့ စကြာဝဠာကြီးစတင်ဖြစ်တည်တည်ချင်းစက္ကန့်ပိုင်းအကြာမှာပေါ်ပေါက်လာတဲ့တွင်းနက်တွေလို့ပညာရှင်တွေကယူဆကြပါတယ် သူတို့ဟာBigBang မဟာပေါက်ကွဲမှုဖြစ်စဉ်စတာနဲ့တစ်ပြိုက်နက်ပေါ်ပေါက်လာကြတာဖြစ်ပြီးကြယ်တွေGalaxyတွေမရှိသေးခင်ကတည်းဖြစ်တည်နေကြတဲ့သက်တမ်းရင့်တွင်းနက်ကြီးတွေဖြစ်ပါတယ် ၎င်းတို့ဟာကြယ်ကြီးများသက်တမ်းကုန်ဆုံးကာတွင်းနက်ကြီးအဖြစ်သို့ပြိုလဲသွားရတဲ့သာမန်ဖြစ်စဥ်အတိုင်းနဲ့ပေါ်ပေါက်လာကြတာမဟုတ်ပဲ အစောပိုင်းစကြာဝဠာအတွင်းရှိအလွန်အင်မတန်မှပူပြင်းလှတဲ့ဒြပ်ထုတွေဆွဲငင်အားတိုက်ရိုက်ပြိုလဲခြင်းကနေဆင့်ဖြစ်ပေါ်လာကြတယ်လို့ဆိုပါတယ် အရွယ်အစားအားဖြင့်အသေးဆုံးဆိုလျှင်10⁻⁵ grams သန်းဥအရွယ်အစားမျှသာရှိနေနိုင်မည်ဟုခန့်မှန်းထားသော်လည်း 10¹⁵ gramsထက်သေးငယ်ပါက Hawking အငွေ့ပျံခြင်းဖြစ်စဉ်ကြောင့်ပျောက်ကွယ်သွားပြီးဖြစ်ပါတယ် အကြီးဆုံးဆိုလျှင်Galaxyများအလယ်ရှိတွင်းနက်အရွယ်အစားခန့်ရှိနေနိုင်ပါတယ်
117
19
Neptune ဂြိုလ်အလွန်က Icy object များဟာထူးဆန်းစွာပြုမှုကြပါတယ် သူတို့ဟာ လားရာတစ်ဖက်တည်းကိုသာ ဆန့်ထွက်နေကြသလိုနေဖြစ်ပြီး ပလူတို
Neptune ဂြိုလ်အလွန်က Icy object များဟာထူးဆန်းစွာပြုမှုကြပါတယ် သူတို့ဟာ လားရာတစ်ဖက်တည်းကိုသာ ဆန့်ထွက်နေကြသလိုနေဖြစ်ပြီး ပလူတိုအလွန်နေအဖွဲ့အစည်းရဲ့ချောင်ကျကျအာကာသဟင်းလင်းပြင်မှာရှိတဲ့အရာဝတ္ထုတစ်ခုကသူတို့ကိုဆွဲငင်နေသလိုမျိုးပြုမှုနေကြတာပါ ထိုအရာတွေကြောင့် နက္ခတ္တဗေဒပညာရှင်တွေဟာ ထိုနေရာတစ်ဝှိုက်မှာ ဂြိုလ်တစ်လုံးရှိနေလိမ့်မယ်လို့ယူဆကြပါတယ် ထိုဂြိုလ်ကိုတော့ Planet Xလို့အမည်ပေးထားပါတယ် သို့သော် Durham တက္ကသိုလ်က theoretical physicist နှစ်ယောက်ဖြစ်ကြတဲ့ Jakub Scholtz နဲ့ James Unwinတို့ရဲ့ 2019ကထွက်ရှိခဲ့တဲ့စာတမ်းဟာပညာရှင်တွေကိုပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့ရပါတယ်ထိုအရာကတော့Planet Xကဂြိုလ်တစ်လုံးမဟုတ်ပဲ Primordial BlackHole(တွင်းနက်အသေးစား)ဖြစ်နေမယ်ဆိုရင်ရောဆိုတာပါ ထိုတွင်းနက်အမျိုးအစားရဲ့အသေးစိတ်ကိုတော့ညဘက်ကျသေချာရေးတင်ပေးပါမယ်
128
20
နေမှအလင်းနှစ်1.5အကွာဥက္ကာခဲတွေအများအပြားစုဝေး‌တည်ရှိ‌ရာနေရာဖြစ်တဲ့ Oort Cloud မှာအခုလိုဂြိုလ်သိမ်ပေါင်း1000ကျော်အထိရှိနေနိုင်တယ်လို့ခန့်မှန်းထားသော်ငြားလည်းယခုအခါမှာ6လုံးသာတွေ့ရှိပါသေးတယ် ထိုအရာဝတ္ထုတွေဟာပလူလိုအပါအဝင်ရေခဲအများစုနဲ့ဖွဲ့စည်းထားကြပြီးနေကိုသူ့လမ်းကြောင်းနဲ့သူလည်ပတ်နေတာပါ နေမှအတော်အဝေးဝေးမှာနေပြီးလှည့်ပတ်နေတာကြောင့်ပလူတိုဂြိုလ်ကိုစဝင်တွေ့ရှိကတည်းက နေကိုလည်ပတ်နေတာ အခုချိန်ထိတစ်ပတ်ပင်မပြည့်သေးပါ ထိုဂြိုလ်သိမ်တွေကိုတွေ့ရှိဖို့ကလည်းဂြိုလ်သိမ်အများစုဟာသေးငယ်လှတဲ့အပြင်နေမှအလွန်ကွာဝေးတဲ့နေရာမှာတည်ရှိကြတဲ့အတွက်အလင်းလည်းမပြန်ကြသောကြောင့်ဖြစ်ပါတယ် အခုခေတ်လိုနည်းပညာတိုးတက်လာတဲ့အချိန်မှသာကောင်းကင်ယံတစ်ခုလုံးကို wide angle နဲ့ဖမ်းယူလေ့လာနိုင်တဲ့ Vera Rubin telescopeလိုမျိုးအားကောင်းတဲ့မှန်ပြောင်းတွေပေါ်လာမှသာအခုလိုသိရှိကြရတာပါ ပြီးခဲ့တဲ့နှစ်ကနာမည်ကြီးခဲ့တဲ့ 3I/Atlas ကိုလည်းတခြားသောမှန်ပြောင်းတွေမတွေ့ရှိသေးခင်10ရက်ခန့်အလိုတည်းကဒီမှန်ပြောင်းကြီးကရှာ‌ဖွေတွေ့ရှိပြီးဖြစ်ပါတယ်
142