ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 520 名订阅者,在 新闻与媒体 类别中位列第 16 060,并在 缅甸 地区排名第 10 078

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 520 名订阅者。

根据 19 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -278,过去 24 小时变化为 -10,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 10.38%。内容发布后 24 小时内通常能获得 9.08% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 300 次浏览,首日通常累积 1 137 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 16

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 20 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 520
订阅者
-1024 小时
-777
-27830
帖子存档
အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အစိုးရအဖွဲ့သည် အီရန်နိုင်ငံနှင့် အကြီးအကျယ် စစ်မက်ဖြစ်ပွားနိုင်ခြေအတွက် ခွင့်ပြုချက်ရယူရန် လွှတ်တော်နှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ NOM

ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား ပေါက်တူးဖြင့်ရိုက်နှက်၍သေဆုံး NOM၊မေ၁၊၂၀၂၆ ​ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ရေပေးဝေသည့်ကိစ္စဖြင့် မောင်နှမချင်းစကားများရာမှ မောင်ဖြစ်သူက အစ်မရင်းဖြစ်သူအား ပေါက်တူးဖြင့်ရိုက်နှက်သတ်ဖြတ်ခဲ့မှု ဧပြီ ၃၀ ရက်ည ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာကျောက်တန်းမြို့နယ်၊ နရွှဲချောင်ကျေးရွာနေ ဒေါ်မြဝင်း (၅၆) နှစ်သည် အိမ်ဘေးချင်းကပ်လျက်ရှိသော နေအိမ်သို့ ရေပိုက်ဖြင့်ရေပေးဝေခြင်းအား တစ်အိမ်တည်းနေ မောင်ဖြစ်သူ ကျော်ကျော်(ခ)မောင်ကျော် (၅၁) နှစ်က မကျေနပ်သဖြင့်မောင်နှ မ နှစ်ဦးစကားများခဲ့ကြကြောင်းသိရသည်။ စကားများစဥ်မောင်ဖြစ်သူက စိတ်မထိန်းနိုင်ဘဲ ပေါက်တူးဖြင့် အစ်မဖြစ်သူ၏ဦးခေါင်းကို သုံးချက်ခန့်ပြင်းထန်စွာရိုက်နှက်ခဲ့ရာ ဒေါ်မြဝင်းသည် ဦးခေါင်းကြေမွကွဲပြဲသည့်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ ‌သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ကျော်ကျော်(ခ)မောင် ကျော် အားဖမ်းဆီးပြီးနောက် ကျောက်တန်းမြို့နယ်မြေရဲစခန်းက (ပ) ၆/၂၀၂၆၊ အမှုကြီးအမှတ်စဉ် (၁/၂၀၂၆)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်‌ေမြာက်ပိုင်းတွင်ကားမှုတ်ဆေး အရောင်း ဆိုင် မီးလောင် NOM၊မေ၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)
ဒဂုံမြို့သစ်‌ေမြာက်ပိုင်းတွင်ကားမှုတ်ဆေး အရောင်း ဆိုင် မီးလောင် NOM၊မေ၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊အမှတ်၂၉ ရပ်ကွက်၊ ရွှေတောင်တန်းလမ်းနှင့် မန္တလေးလမ်း​ထောင့်ရှိ 99 ကားမှုတ်ဆေး အရောင်း ဆိုင် တွင်ယ‌ နေ့နံနက်၆း၁၀နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်းသိရသည်။ မီး​လောင်ရာသို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မီးသတ်စခန်းမှမီးသတ် ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆း၁၇နာရီ အချိန်မီးထိန်းနိုင်ပြီး ၆း၂၄နာရီ တွင်မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဒီနိုင်ငံမှာ နီပေါ ထမိန်ခြုံဘဝ အမည်ခံဖို့ တော်ရုံ ဉာဏ်တိမ်လို့တော့ မရဘူး။ ဘွားတော်အလွန် NLD ရဲ့ အနာဂတ် ခေါင်းဆောင်ပါဆိုပြီး ဘောမ ခဲ့ကြတဲ့ နီပေါ တွေက ဖြိုးမင်းသိန်းက ဒေါ်စုကို လာဘ်ပေးလာဘ်ယူ ပေးခဲ့ပါတယ်လို့ အရှင်လတ်လတ် ပြောခဲ့တာတောင် ဒါက Fake video ပါ လုပ်ကြသေးတာ။ ဒါတောင် ခုချိန်ထိ ဘွားတော်က အဂတိမကျူးလွန်ပါဘူး မငြင်းနိုင်ဘူး။ အခြေအမြစ်မရှိဘူးလို့ပဲ မယုတ်မလွန် ပြောထားတာ။ ဦးကျော်ဇေယျကြီး ပါတီထဲ ဝင်တော့ ဒါမှ စစ်သားကောင်း။ PPP ထဲ ဝင်တော့ မိုးမွှန်အောင် ဆဲကြပြန်ရော။ ဒေါ်သက်သက်ခိုင်တို့ ပါတီထဲ ရှိတုန်းက တစ်မျိုး။ ပါတီထောင်တဲ့အချိန် အနတ္တ စကားတွေပြောကြပြန်တာလည်း ဒီနီပေါ မိသားစုတွေချည်းပဲ။ ခုလည်း အစိုးရကို ရွေးကော်တုတွေ၊ အစိုးရ အတု တွေ ပြောနေ၊ ရေးနေပြီး ပြန်လွှတ်ဖို့ ကို ခခယယ တောင်း ဆိုနေရတာက ဘယ်သူတွေလဲ သိဖို့ လိုတယ်ထင်တာပဲ။ လက်ရှိ လွှတ်ခြင်း မလွှတ်ခြင်းတွေ၊ အသံဖိုင် ပြပေး၊ မပေး ဆိုတာတွေကို ပြောတိုင်း လိုက်လုပ်ရအောင် လုပ်ပိုင်ခွင့်နဲ့ အာဏာက ဘယ်သူ့မှာ ရှိသလဲ။ ဘယ်သူ့ကြိုးဆွဲရာကို ဘယ်သူတွေက "က" နေကြရတာလဲ ဒါလေး သိဖို့ လိုတယ် ထင်တာပဲ။ ဗြမ္မာ ဦးခေါင်း ၊ ဘယ်နေရာရာ ထားထား သောက်ပြဿနာရှာ။ မြန်မာပြည် စည်းလုံးညီညွတ်ဖို့ အရေးထက် အနောက် အာဂျင်တာတိုင်း လုပ်ရတဲ့ သူကို မြန်မာပြည်ရဲ့ နိုင်ငံရေး ခေါင်းဆောင်အဖြစ်နဲ့တော့ မမြင်ချင်တော့ဘူး။ ဦးအောင်ဆန်းဦးက လွဲရင် အစ်ကိုအရင်းနဲ့လည်း ရိုသေမှုမရှိ အမွေလု၊ မြန်မာပြည် မြေပုံကို ကိတ်လုပ်ခွဲ။ မျိုး မစောင့်လေတော့ ဗိုလ်ချုပ်ရုပ်တောင် မထွက်တော့တဲ့ ဒီမျိုးဆက်က ဗိုလ်ချုပ် သွေး ပါရုံနဲ့ မြန်မာ့နိုင်ငံရေးမှာ လုပ်ချင်တိုင်း လုပ်ခွင့် ရနေဖို့ မသင့်ဘူး ထင်တာပဲ။ (နရီမိုး)

၁၀ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံ့ ရက်ရှည်မိုးရွာမည် NOM၊မေ၁၊၂၀၂၆ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အနှံ့တွင် ယနေ့ မေ ၁ ရက်မှလာမည့် ၁၀ ရက်အတွင်း ရက်ရှည်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထား သည်။ မိုးရွာသွန်းမှုအ‌နေဖြင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင်မူ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။ အဆိုပါ ရက်များအတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ခြောက်ရက် မှ ရှစ်ရက် ခန့်၊နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် သုံးရက်မှငါးရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတကဂျာမနီအဓိပတိကိုပြင်းထန်စွာဝေဖန် NOM အမေရိကန်သမ္မတထရမ့်သည် အီရန်နှင့်ပတ်သက်၍ ဂျာမနီအဓိပတိမာ့ဇ်အား ထပ်မံပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးအာရုံစိုက်ရန် တောင်းဆိုခဲ့သည်။ "ဂျာမန်ဝန်ကြီးချုပ်သည် ရုရှားနှင့် ယူကရိန်းအကြား စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုများလုံးဝထိရောက်မှုမရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။သူ၏ပြဿနာဖြစ်နေသောနိုင်ငံတွင် အထူးသဖြင့် ရွှေ့ပြောင်းနေထိုင်မှုနှင့် စွမ်းအင်ကိစ္စရပ်များတွင် ငြိမ်ဝပ်ပိပြားမှုကို ပြန်လည်ထူထောင်ရန် အချိန်ပိုမိုပေးသင့်သည်။အီရန်၏နျူကလီးယားခြိမ်းခြောက်မှုကို ဖယ်ရှားပေးနေသူများအပေါ်မဝေဖန်သင့်”ဟုအမေရိကန်သမ္မတက ရေးသားခဲ့သည်။ ဂျာမန်ဝန်ကြီးချုပ်က အီရန်စစ်ပွဲမှ မည်သို့ထွက်ခွာရမည်ကို မသိသော အမေရိကန်ကို "အီရန်သည်အမေရိကန်ကိုအရှက်ရစေသည်" ဟု ပြောကြားမှုအပေါ်အမေရိကန်သမ္မတကဒေါသထွက်နေခြင်းဖြစ်သည်။

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားကလမ်းဘေးသစ်ပင်ဝင်တိုက်ယာဉ်မောင်း‌သေဆုံး NOM၊မေ၁၊၂၀၂၆ ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတ
တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားကလမ်းဘေးသစ်ပင်ဝင်တိုက်ယာဉ်မောင်း‌သေဆုံး NOM၊မေ၁၊၂၀၂၆ ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးမြို့နယ် တွံတေး-လှိုင်သာယာ ကားလမ်းတွင် မေ ၁ ရက်နံနက် ၅ နာရီ ကျော်က ဆီဘောက်ဆာကားကလမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဥ်ကြောင့် ခေါင်းခန်းအတွင်းညပ်နေသည့်ယာဥ်မောင်းသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်း ဖြစ်နေရာတွင်‌ေသဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား စိတ္တသုခလူမှုကူညီရေးအသင်းက တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိ NOM၊မေ၁၊၂၀၂၆ နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိကြောင်း ယနေ့ (မေလ ၁ ရက်)နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထား ကြောင်းသိရသည်။ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း များစွာမြင့်တက်သွားခြင်းမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိသည့်အတွက် ပြည်သူများအနေဖြင့်စက်သုံးဆီ ဝယ်ယူသုံးစွဲသူများအနေဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူသိုလှောင်ခြင်းမပြုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲရန်အသိ ပေးထုတ်ပြန်ထားသည်။ အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်နေသော်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်စက်သုံးဆီခြိုးခြံချွေတာရေးအတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စက်သုံးဆီ စနစ်တကျသုံးစွဲနိုင်ရေး၊ ချွေတာသုံးစွဲနိုင်ရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာအခြေပြု၍ စီမံကြပ်မတ်ကွပ်ကဲဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အိနွဒိယတွင်မိုးသည်းထန်သဖြင့်ဆယ်ဦးသေ NOM အိန္ဒိယနိုင်ငံစီလီကွန်တောင်ကြားဘင်ဂါလုရုမြို့တွင်မိုးသည်းထန်ပြီးမိုးသီးများကြွေကျမှုကြောင့်ယမန်နေ့ကလူဆယ်ဦးသေဆုံးခဲ့သည်။

မန္တလေး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက်မှ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တက်ရောက်ပြီး တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသ
+7
မန္တလေး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက်မှ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တက်ရောက်ပြီး တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသောနိုင်ငံသားကောင်းများအားဂုဏ်ပြုကြိုဆိုပွဲ။

photo content
+2

photo content
+9

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား
+9
တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ် ဧပြီ ၃၀၊ ၂၀၂၆

Repost from NOM.World News
အီရန်စစ်ပွဲအတွက် အမေရိကန်ရဲ့ ကုန်ကျငွေဟာ ဒေါ်လာ ၂၅ ဘီလျံအထိ ရှိနေပြီလို့ ပင်တဂွန်ဘဏ္ဍာရေးမှူး Jay Hurst က ပြောဆိုခဲ့ပါတယ်။ မန
အီရန်စစ်ပွဲအတွက် အမေရိကန်ရဲ့ ကုန်ကျငွေဟာ ဒေါ်လာ ၂၅ ဘီလျံအထိ ရှိနေပြီလို့ ပင်တဂွန်ဘဏ္ဍာရေးမှူး Jay Hurst က ပြောဆိုခဲ့ပါတယ်။ မနေ့က အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီရှေ့မှာ ကာကွယ်ရေးဝန်ကြီး Pete Hegseth နဲ့အတူ ထွက်ဆိုခဲ့တာဖြစ်ပြီး သူ့ထွက်ဆိုချက်ထဲမှာတော့ စစ်ပွဲက ဘယ်အချိန်ပြီးဆုံးမလဲဆိုတာကို ညွှန်ပြတာမျိုး မပါဝင်ခဲ့ပါဘူး။ News Of Myanmar NOM

ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာနေ ပခုက္ကူခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား ဧပြီ ၃၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာနေ ပခုက္ကူခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလွင် (၄၈) နှစ်သည် ဧပြီလ ၂၉ ရက်နေ့ ည ၇ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက် သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်ကာ နေအိမ်ရှိ 34W/25115 Cyclone အနက်ရောင်ဆိုင်ကယ် ၁ စီး၊ Redmi ဖုန်း ၁ လုံး၊ ငွေကျပ် ၁၀ သိန်းတို့အား လုယက်ယူဆောင်သွားကြောင်းသိရသည်။ NOM

မိုးညှင်းမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာများအတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်က
+2
မိုးညှင်းမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာများအတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရ ဧပြီလ ၃၀၊ ၂၀၂၆ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၂၈ ရက်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီတွင် မိုးညှင်းမြို့နယ်၊ မြို့မရန်အောင်ရပ်ကွက်နေ ဦးကျော်လှ (၅၅) နှစ်၊ မောင်ဒေးဗစ်ရိန်အောင် (၁၅) နှစ်၊ ဒေါ်အေးကျော် (၆၅) နှစ်နှင့် တောင်အင်း ကျေးရွာနေ မဖြိုးရတီစိုး (၁၁) နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် အဆိုပါရပ်ကွက်/ ကျေးရွာများအတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်း အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဦးကျော်လှတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး၊ မောင်ဒေးဗစ်ရိန်အောင်၊ ဒေါ်အေးကျော်နှင့် မဖြိုးရတီစိုးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

အကြမ်းဖက်သမားများထိန်းချုပ်ထားသည့် အင်းတော်မြို့ကို တပ်မတော်ကပြန်လည်သိမ်းပိုက် ဧပြီ ၃၀၊ ၂၀၂၆
+9
အကြမ်းဖက်သမားများထိန်းချုပ်ထားသည့် အင်းတော်မြို့ကို တပ်မတော်ကပြန်လည်သိမ်းပိုက် ဧပြီ ၃၀၊ ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိ။
+1
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိ။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့် အထိမ်းအမှတ် မင်္ဂလာအခမ်းအနားကျင်းပ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့် အထိမ်းအမှတ
+9
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့် အထိမ်းအမှတ် မင်္ဂလာအခမ်းအနားကျင်းပ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့် အထိမ်းအမှတ်မင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သြဝါဒါစရိယ သီတဂူဆရာတော်ကြီးတို့အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများတက်ရောက်ကြည်ညိုခဲ့ကြပြီး ပိဋကတ် (၃) ပုံကို မင်္ဂလာဆင်ဖြူတော်ဖြင့်ပင့်ဆောင်ပြီး ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ လှိုဏ်ဂူတော်အားလှည့်လည်ပူဇော်ခဲ့ကြသည်။

ကော့ကရိတ်မြို့နယ်၊ ဖန်းခါးကုန်းကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့်ပစ်
+1
ကော့ကရိတ်မြို့နယ်၊ ဖန်းခါးကုန်းကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီလ ၃၀၊ ၂၀၂၆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဖန်းခါးကုန်းကျေးရွာသို့ ဧပြီလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်း အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြ သည့် မောင်လင်းခိုင်ခန့် (၉) နှစ်နှင့် မနန်းဝေဝေသင်း (၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM