fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 422 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 422 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 422
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
မြန်မာ့ရိုးရာ ပွဲစျေးကျင်းပရေး သတင်းစာရှင်းလင်းပွဲကျင်းပ NOM အောက်တိုဘာ ၂၂၊ ၂၀၂၆ မြန်မာ့ရိုးရာပွဲစျေးကျင်းပရေးနှင့် ပတ်သက်သည့
မြန်မာ့ရိုးရာ ပွဲစျေးကျင်းပရေး သတင်းစာရှင်းလင်းပွဲကျင်းပ NOM အောက်တိုဘာ ၂၂၊ ၂၀၂၆ မြန်မာ့ရိုးရာပွဲစျေးကျင်းပရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂၂ ရက် နေ့လယ်က Lotte ဟိုတယ်တွင်ကျင်းပခဲ့ရာ မြန်မာ့ပွဲစျေးကိုစီစဉ်သူ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ဖိတ်ကြားထားသူများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ ဒေါ်စန္ဒာခင်က မြို့ပြယဉ်ကျေးမှုကိုမြန်မာက လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ ပျူခေတ်ကပင် စတင်ခဲ့၊ ထိုခေတ်ကပင် မြန်မာတွင် ယဉ်ကျေးမှုထွန်းကားခဲ့ပြီဖြစ်ကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုများကို မြန်မာနိုင်ငံတွင် စာရင်းကောက်ထားရာ ၂၀၀၀ ခန့်ရှိကြောင်း၊ ရိုးရာပွဲတော်များတွင် ပွဲစျေးတန်းများရှိကြောင်း၊ နေရာဒေသအသီးသီးကပစ္စည်းမျိုးစုံကို တစ်နေရာတည်း စုစည်းတွေ့ရှိနိုင်ရန် မြန်မာ့ရိုးရာပွဲစျေးကို ကျင်းပရန်စီစဉ်ထားကြောင်း၊ ဖျော်ဖြေရေးသာမက ပညာအသိပေးရန်ပါ ရည်ရွယ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်အထိ မရမ်းကုန်းမြို့နယ်၊ အင်းယားလိတ် ဟိုတယ်ဝန်း၊ YCC ခန်းမတွင်ကျင်းပမည့် မြန်မာ့ရိုးရာပွဲစျေးတွင် ဆိုင်ခန်း ၁၅၅ ခန်းရှိကြောင်း၊ ဖွင့်ပွဲနေ့တွင် နေ့လယ် ၂ နာရီမှညနေ ၄ နာရီအထိ စမ်းရေမိုးဇာတ်အဖွဲ့ဖြင့်ဖျော်ဖြေမည်ဖြစ်ကြောင်း၊ ၇ ရက်နေ့တွင် Project K အဖွဲ့ဖြင့်ဖျော်ဖြေမည်ဖြစ်ကြောင်း၊ ၈ ရက်နေ့တွင် တိုင်းရင်းသားပဒေသာအကများဖြင့် ဖျော်ဖြေပေးသွားမည်ဟုသိရသည်။ ပွဲစျေးကာလတွင် မြန်မာနိုင်ငံဒေသအသီးသီးမှ မုန့်နှင့် စားသောက်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများကို ရောင်းချပြသသွားမည်ဟု သိရသည်။
22 اکتبر, 05:00

ပညာရေးအသုံးစရိတ်နှင့် လူနေမှုစရိတ် မြင့်မားလာမှုအပေါ် ဂရိကျောင်းသားများ ဆန္ဒပြ အေသင်မြို့တွင် လူပေါင်း ၁၀,၀၀၀ ကျော် စုဝေးခဲ့ကြပြီး မြို့ပေါင်း ၅၀ ကျော်၌လည်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ ကျောင်းဆရာ/မများအတွက် လစာတိုးမြှင့်ပေးရန်၊ ကျောင်းအဆောက်အအုံများ ပိုမိုကောင်းမွန်စေရန်နှင့် သက်သာသော နေထိုင်စရိတ်ဖြင့် အိမ်ရာများ ဖန်တီးပေးရန် တောင်းဆိုခဲ့ကြသည်။ ဥရောပတစ်ဝှမ်းတွင်လည်း ကျောင်းသားများ၏ ဆန္ဒပြပွဲများ ဆက်လက်ကူးစက် ပျံ့နှံ့လျက်ရှိ။
22 اکتبر, 04:54

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စစ်ဆေးပေးနေမှုများအား လိုက်လံကြည့်ရှု အောက်တိ
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စစ်ဆေးပေးနေမှုများအား လိုက်လံကြည့်ရှု အောက်တိုဘာ ၂၂၊ ၂၀၂၆ နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာ အသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းအား အောက်တိုဘာလ ၂၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီး ကျန်းမာရေးစစ်ဆေးပေးရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ တိုင်းဒေသကြီး/ခရိုင် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများမှ အငြိမ်းစား ဝန်ထမ်းများအား ဆီးချို/သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြော တက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင်ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေး ခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဆီကုန်သည်ကြီးများအသင်းမှ အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး အငြိမ်းစာဝန် ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာ့ဘောလုံး အားကစားအဆင့် အတန်း တိုးတက်မြင့်မားရေးကိုလည်း ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများအား တိကျစွာလေးစားလိုက်နာသွားကြရန်နှင့်ထူးချွန်သည့် ဖူဆယ်ဘောလုံး အားကစားသမားများဖြစ်အောင် ရည်မှန်းချက်ပန်းတိုင်ထားပြီး မိမိတို့၏ ခြေစွမ်းခြေစ အရည်အချင်းများကို ပေါ်လွင်အောင် အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ကာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားကာ ၂၀၂၆ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြိုင်ပွဲအသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မုံရွာခရိုင်အသင်းနှင့် ယင်းမာပင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ မံ့ရွာခရိုင်အသင်းမှ ယင်းမာပင်ခရိုင်အသင်းအား (၆)ဂိုး၊ (၂) ဂိုးဖြင့် အနိုင်ရရှိသွားသည်။ အဆိုပါ ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲအား အောက်တိုဘာလ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁၄) ခရိုင်မှ ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း (၁၈၂) ဦး ဝင်ရောက်ယှဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
22 اکتبر, 04:50

လွိုင်ကော်မြို့တွင် ဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူများအား သက်သာသောနှုန်းထားဖြင့် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေး၊ နိုင်
+2
လွိုင်ကော်မြို့တွင် ဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူများအား သက်သာသောနှုန်းထားဖြင့် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေး၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များပေးအပ်   အောက်တိုဘာ ၂၂၊ ၂၀၂၆   ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူများအား သက်သာသောနှုန်းထားဖြင့် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်သည်။   ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်နယ်၏စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးနှင့် ပြည်တွင်းစားသုံဆီဖူလုံရေးအတွက် တောင်သူများထံ သက်သာသောနှုန်းထားဖြင့် ယူရီးယားဓာတ်မြေဩဇာများကို ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ဓာတ်မြေဩဇာကို သီးနှံအမျိုးအစားအလိုက် လိုအပ်သည့်ပမာဏအား သင့်တော်မှန်ကန်စွာ အသုံးပြုရန်လိုအပ်ကြောင်း စသည်ဖြင့်ပြောကြားသည်။   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော် မြို့နယ် စံပြ (၄) မိုင်ကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာတို့မှ တောင်သူများထံ ယူရီးယားဓာတ်မြေဩဇာများပေးအပ်သည်။   ဆက်လက်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လွိုင်ကော်မြို့နယ် ပဒါးညေး၊ လင်ဖုံလေး၊ ကုန်းသာ၊ ကုန်းဆွတ်၊ ပိန်းချစ်ကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်၊ ဂေါ်ရခါးကျေးရွာတို့မှ တောင်သူများထံ ယူရီးယားဓာတ်မြေဩဇာများကို အသီးသီးပေးအပ်ကြသည်။   ထို့နောက် တောင်သူများကိုယ်စား စံပြ (၄) မိုင်ကျေးရွာမှ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာသည့် တောင်သူများက စိုက်ပျိုးရေးအတွက် လိုအပ်သည်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် တောင်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၌ စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများထံ ဆောင်းနေကြာမျိုးစေ့များပေးအပ်ခဲ့သည်။   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့သွားရောက်၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ထုတ်ယူနေမှုအခြေအနေကို ကြည့်ရှုအားပေးပြီး ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားကာ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
22 اکتبر, 03:01

ဂျပန် ဆေးရုံဒါရိုက်တာဟောင်း အမျိုးသမီးသန့်စင်ခန်းများတွင် ချောင်းရိုက်ကင်မရာများ တပ်ဆင်ခဲ့ကြောင်း ဝန်ခံ Keiwa-kai ဆေးရုံအုပ်စုရဲ့ အကြီးအကဲဟောင်း ဖြစ်သူ Mitsuhiro Kubota ဟာ အမျိုးသမီးသန့်စင်ခန်းအတွင်း ကင်မရာများ ချောင်းရိုက်ခဲ့ကြောင်း တရားရုံးမှာ ပြစ်မှုထင်ရှား အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ရိုက်ကူးခံရတဲ့ နစ်နာသူ အမျိုးသမီး အရေအတွက် ၁၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ သူဟာ ကွန်ပျူတာ၊ ဟာ့ဒ်ဒစ် (Hard Drive) များနှင့် ကင်မရာ ၄ လုံးတို့ကို ဖျက်ဆီးပစ်ခဲ့တာကြောင့် အမှန်တကယ် နစ်နာခဲ့ရသူ အရေအတွက်ကိုတော့ ဘာတော့မှ အတိအကျ သိရှိနိုင်တော့မည် မဟုတ်ပါ။
22 اکتبر, 03:00

မြန်မာ့ပေါ်ဆန်း ဆန်ကို အမျိုးသားအဆင့် အရည်အသွေးမြင့်ထုတ်ကုန် တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေး နိုင်ငံတော်သမ္မတ တိုက်တွန်း ၂၀၂၆ ခု
+9
မြန်မာ့ပေါ်ဆန်း ဆန်ကို အမျိုးသားအဆင့် အရည်အသွေးမြင့်ထုတ်ကုန် တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေး နိုင်ငံတော်သမ္မတ တိုက်တွန်း ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ဆုရရှိခဲ့သည့် “မြန်မာပေါ်ဆန်း” ကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအား ဂုဏ်ပြုသည့်အခမ်းအနားနှင့် ဆန်ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအပေါ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်” ဆိုသည့်ရည်မှန်းချက်ကို လက်တွေ့ အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ရန် အစိုးရ၊ ပုဂ္ဂလိက၊ ပညာရှင်နှင့် တောင်သူ ဦးကြီးများအားလုံး စည်းလုံးညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
22 اکتبر, 02:58

ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့က ဒမ်မမ် (Dammam) လေဆိပ်ကို ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒ
ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့က ဒမ်မမ် (Dammam) လေဆိပ်ကို ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီအာရေးဗီးယား အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
22 اکتبر, 02:56

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တောင်ကြီးမြို့နယ် လေးမိုင်ကွေ့-န
+2
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တောင်ကြီးမြို့နယ် လေးမိုင်ကွေ့-နောင်တလီ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီးရီး(မွေးမြူရေးဇုန်လမ်း) လမ်းလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး အောက်တိုဘာ ၂၂၊ ၂၀၂၆ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးသည် တာဝန်ရှိသူများနှင့်အတူ ‌ယနေ့မွန်းလွဲပိုင်းက တောင်ကြီးမြို့နယ် လေးမိုင်ကွေ့-နောင်တလီ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီးရီး(မွေးမြူရေးဇုန် လမ်း) လမ်းလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးသည် လေးမိုင်ကွေ့-နောင်တလီ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီးရီး (မွေးမြူရေးဇုန်လမ်း) ၁၁/၇ မိုင် မှ ၁၂/၀ မိုင်အတွင်း ကတ္တရာလမ်း ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် အဆိုပါလမ်း ၆/၀ မိုင်ရှိ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လေးမိုင်ကွေ့-နောင်တလီ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီးရီး (မွေးမြူရေးဇုန် လမ်း)ပိုင်း အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများအား သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် စနစ်တကျဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး အောင်ဆောင်ရွက်သွားရန်မှာကြားပြီး လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုမှတစ်ဆင့် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် တာဝန်ရှိသူများသည် အေးသာယာမြို့ရှိ မင်းကျန်စစ်ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တောင်ကြီးဥယျာဉ်အိမ်ရာစီမံကိန်းသို့ သွားရောက်စစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမ၌ ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် စီမံကိန်းလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
22 اکتبر, 02:53

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြိုနယ်၊ သဖန်းဆိပ်ကျေးရွာရှိ သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းအား ကွင်းဆင်
+4
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြိုနယ်၊ သဖန်းဆိပ်ကျေးရွာရှိ သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး အောက်တိုဘာ ၂၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဆောင်ရွက်လျက်ရှိသော ထုံးပေါက်တောကျေးရွာအုပ်စု၊ သဖန်းဆိပ်ကျေးရွာ လျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ရောက်ရှိပြီး စိုက်ပျိုးရေပေးဝေဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက စီမံကိန်းလုပ်ငန်းများလည်ပတ်နေမှုအခြေအနေများနှင့် တောင်သူများအား စိုက်ပျိုးရေဖြန့်ဝေပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင် စီမံကိန်းရှင်းလင်းဆောင်၌ သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ စိုက်ပျိုးထားသည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိမိတို့ဒေသအတွင်း သီးနှံများစိုက်ပျိုးရာတွင် တစ်နှစ်ကိုသီးနှံသုံးသီးစိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်းလိုအပ်သော မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်းပြောကြားကာ ဒေသခံတောင်သူများ၏ လိုအပ်ချက်များနှင့် ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်ကလိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဖန်းဆပ်ရေလှောင်ကန် ရေတင်အဆင့်(၂)၊ ပင်မမြောင်းပေတိုင်(၅၀၀၀)အနီးရှိ ကန်ကြီးကန်အား အယ်လ်နီညိုရာသီဥတုဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ပုတီးကုန်းကျေးရွာရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် ရာသီသီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေများကို အသေးစိတ်မေးမြန်း၍ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း၍ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ မကွေးမြို့နယ်သည် ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်း မိုးနည်းရေရှားဒေသတွင် ပါဝင်ကာ နှစ်စဉ် ပျမ်းမျှမိုးရေချိန်(၂၉)လက်မခန့်သာရရှိသဖြင့် ယခင်က သဘာဝမိုးရေကိုသာ အဓိကမှီခိုအားထား၍ တစ်နှစ်လျှင်(၂)သီးသာစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပြီး ယခုအခါ အဆိုပါဒေသ၌ သဖန်းဆိပ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် သဖန်းဆိပ်ဒေသရှိ စိုက်ပျိုးမြေဧက(၄၅၀၀)ကို ရေသွင်းစိုက်ပျိုးပေးနိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့မြစ်ရေတင်ဖြင့် စိုက်ပျိုးရေပံ့ပိုးပေးနိုင်ခြင်းကြောင့် စပါးနှင့်အခြားသီးနှံများကို သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးလာနိုင်ကာသီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများတိုးတက်လာပြီး ဒေသတွင်းဆန်ဖူလုံရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုရုံသာမက တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေများကိုပါ တိုးတက်မြင့်မားလာစေကြောင်း သိရှိရသည်။
22 اکتبر, 02:52

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုနေသော်လည်း အရှေ့အလယ်ပိုင်းဒေသအနှံ့မှာရှိတဲ့ အမေရိကန်စစ်တပ်နဲ့ သံတမန်တွေ စတင်ရွှေ့ပြ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုနေသော်လည်း အရှေ့အလယ်ပိုင်းဒေသအနှံ့မှာရှိတဲ့ အမေရိကန်စစ်တပ်နဲ့ သံတမန်တွေ စတင်ရွှေ့ပြောင်းထွက်ခွာနေကြပြီဖြစ်ကြောင်း NBC News သတင်းဌာနကအတည်ပြုခဲ့ပါတယ်။ သမ္မတ ထရမ့်က စစ်ရေးအရ အရေးယူဖို့ ပြန်လည်စဉ်းစားနေချိန်မှာပဲ အမေရိကန်စစ်တပ်ဟာ အဆိုပါဒေသရှိ စစ်စခန်းအသီးသီးက တပ်အင်အားတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက "တိတ်တဆိတ် လျှော့ချနေခဲ့တာ" ဖြစ်တယ်လို့ သိရပါတယ်။
22 اکتبر, 02:50

ညောင်ရွှေမြို့ရှိ နန်းကတ်ချောင်းအတွင်း အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး NOM၊အောက်တိုဘာ၂၂၊၂၀၂၆ ရှမ်းပြည်နယ်၊ ညောင်ရွှ
ညောင်ရွှေမြို့ရှိ နန်းကတ်ချောင်းအတွင်း အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး NOM၊အောက်တိုဘာ၂၂၊၂၀၂၆ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ ဝင်းရပ်ကွက်ရှိ နန်းကတ်ချောင်းအတွင်း ယမန်နေ့(အောက်တိုဘာ၂၁ရက်)မွန်လွဲ၂နာရီ၄၀မိနစ်ခန့်ကအမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ် သေဆုံးခဲ့ကြောင်း ရွှေမေတ္တာနာရေးကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦး ကပြောသည်။ ဖြစ်စဉ်မှာ ညောင်ရွှေမြို့၊ ဝင်းရပ်ကွက်အတွင်းစျေးလာရောင်းသောလင်မယားနှစ်ယောက်သည် စျေးရောင်းပြီး နန်းကတ်ချောင်းအတွင်း အမျိုးသမီးသည်ကမ်းစပ်တွင် အဝတ်လျော်နေပြီးအသက်၁၉နှစ်ခန့်ရှိ အမျိုးသားဖြစ်သူမှာ ရေဆင်ကူးရာတွင်ရေနစ်သေဆုံးသွားခြင်းဖြစ်သည်။ အမျိုးသားတစ်ဦးရေနစ်ပျောက်ဆုံးနေကြောင်းသတင်းရရှိသဖြင့် ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်းမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးအမျိုးသား၏ ရုပ်အလောင်းကိုရွှေမေတ္တာနာရေးကူညီမှုအသင်းယာဉ်ဖြင့် ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
22 اکتبر, 02:11

အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက်
အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက်
21 اکتبر, 13:28

ရန်ကုန်မြို့ပုဇွန်‌ေတာင်မြို့နယ်ရေကျော်ပွဲဈေး စတင်ကျင်းပ NOM၊အောက်တိုဘာ၂၁၊၂၀၂၆ ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ် ရေကျော်ပွဲဈေးက
ရန်ကုန်မြို့ပုဇွန်‌ေတာင်မြို့နယ်ရေကျော်ပွဲဈေး စတင်ကျင်းပ NOM၊အောက်တိုဘာ၂၁၊၂၀၂၆ ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ် ရေကျော်ပွဲဈေးကို အောက်တိုဘာ ၂၁ ရက်မှ စတင်ကျင်းပလျက်ရှိ‌ရာဈေးရောင်းချသူများ၊ ပွဲဈေးလာရောက်သူအများအပြားစည်ကားလျက်ရှိသည်။ အဆိုပါရေကျော်ပွဲဈေးကိုအောက်တိုဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၇ အထိ ကျင်းပမည်ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
21 اکتبر, 11:31

လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေးလမ်းကြောင်းတစ်ဝိုက် စစ်ကြောင်းများ လှုပ်ရှားတိုက်ခိုက်၊ လှိုင်ဒုတ်ကျေးရွာကို သိမ်းပိုက်ရရှိ လော
+9
လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေးလမ်းကြောင်းတစ်ဝိုက် စစ်ကြောင်းများ လှုပ်ရှားတိုက်ခိုက်၊ လှိုင်ဒုတ်ကျေးရွာကို သိမ်းပိုက်ရရှိ လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေးလမ်းကြောင်းတစ်ဝိုက်တွင် အခြေပြုလှုပ်ရှားနေသည့် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းခဲ့ကာ လှိုင်ဒုတ်ကျေးရွာကို သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေ။
21 اکتبر, 11:27

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအစားထိုးပြောင်းလဲ
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအစားထိုးပြောင်းလဲ
21 اکتبر, 11:25

လဲချားမြို့နယ်၊ ဟိုပုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၃) ဦးအား ဆက်စပ်ပစ္စည်
+7
လဲချားမြို့နယ်၊ ဟိုပုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၃) ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ အောက်တိုဘာ ၂၁၊ ၂၀၂၆
21 اکتبر, 11:24

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအ
+5
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် အောက်တိုဘာ ၂၁၊ ၂၀၂၆
21 اکتبر, 11:23

တိုင်းဒေသကြီးနှင့်ပြည်နယ်၇ခုမှလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၇ ဦးကို အစားထိုးပြောင်းလဲ အောက်တိုဘာ၂၁၊၂၀၂၆
+1
တိုင်းဒေသကြီးနှင့်ပြည်နယ်၇ခုမှလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၇ ဦးကို အစားထိုးပြောင်းလဲ အောက်တိုဘာ၂၁၊၂၀၂၆
21 اکتبر, 11:15

ရုရှားတွင် Su-30SMတိုက် လေယာဉ် ပျက်ကျ NOM ရုရှားနိုင်ငံ ကယ်လင်ဂရာ့ဒ် ဒေသ ချာညာခေါ့ဗ်စကီ ခရိုင် အတွင်းရုရှား၏Su-30SM ဘက်စုံသုံး တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့သည်။ လေယာဉ်မှူးနှစ်ဦးစလုံးသည်လေယာဉ်ပေါ်မှအချိန်မီ ခုန်ထွက်လွတ်မြောက်ခဲ့သည်။
21 اکتبر, 09:52

Fox News မှာ ဇလင်စကီးက ပထမဆုံးအကြိမ်အဖြစ် အလျှော့ပေးလိုက်ပါပြီ NOM ဆိုလိုချင်တာကို သဘောပေါက်မယ် ထင်ပါတယ်။ သတင်းတင်ဆက်သူ - “နိုင်ငံရဲ့ ၇၅ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်ပိုပြီး ဆက်လက်ထိန်းသိမ်းထားနိုင်မယ့်၊ လက်ရှိအခြေအနေအတိုင်း ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ခင်ဗျား သဘောတူနိုင်မလား။ ဘယ်လိုပဲ စတင်ခဲ့ပါစေ၊ လက်ရှိဖြစ်တည်နေတဲ့ အခြေအနေအတိုင်းကို လက်ခံမှာလား။” ဇလင်စကီး - “ဟုတ်ကဲ့၊ သဘောတူပါတယ်။”
21 اکتبر, 08:26