uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

Our President 🇲🇲

Our President 🇲🇲

Kanalga Telegram’da o‘tish

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
217
Obunachilar
Ma'lumot yo'q24 soatlar
+17 kun
-130 kun
Postlar arxiv
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတမှ လမ်းညွှန်မှာကြား စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးကို အားကောင်းစေရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရေရှည်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတမှ အောက်ပါအတိုင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။ ၁။ စားနပ်ရိက္ခာဖူလုံရေး နိုင်ငံအဆင့်နှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးကို အပြည့်အဝရရှိစေရေးနှင့် လိုအပ်သည့် သီးနှံများကို ပြည်တွင်း၌ လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်သွားရန်။ ၂။ ပြည်ပသွင်းကုန်အစားထိုးရေး စားအုန်းဆီအပါအဝင် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရန် ဆီထွက်သီးနှံများကို ပြည်တွင်း၌ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်။ ၃။ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေး သတ်မှတ်ပန်းတိုင်များ ပြည့်မီစေရန် အရည်အသွေးမြင့်ပြီး အထွက်နှုန်းကောင်းသည့် စိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်ရန်။ ၄။ ဂျုံဖူလုံရေး ပြည်ပတင်သွင်းမှုကို လျှော့ချနိုင်ရန် ဂျုံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ပြီး ဂျုံစားသုံးမှုကို မြှင့်တင်ရန်။ ၅။ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မြှင့်တင်ပြီး နို့စားနွား၊ အသားစားနွားမွေးမြူရေးကို အားပေးဆောင်ရွက်ရန် ၆။ ခေတ်မီစိုက်ပျိုးရေးစနစ် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ အသုံးချကာ စက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနိုင်ရေး ဆောင်ရွက်သွားရန် ၇။ သုတေသနနှင့် ဆန်းသစ်တီထွင်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် ၈။ လူ့စွမ်းအားအရင်းအမြစ် (HR) ဖွံ့ဖြိုးရေး ကျွမ်းကျင်လုပ်သားများ (Skill Labor) မှ ပညာရှင်များအထိ စနစ်တကျ မွေးထုတ်၍ လူ့စွမ်းအားအရင်းအမြစ်ကို အားကောင်းစေရေး ဆောင်ရွက်သွားရန် ၉။ ရေရှည်အမျိုးသားရည်မှန်းချက် မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးကို ရေရှည်မဟာဗျူဟာ ရည်မှန်းချက်အဖြစ် သတ်မှတ်ဆောင်ရွက်ရန် စသည်ဖြင့် လမ်းညွှန်ပြောကြားခဲ့ပါသည်။ #SN

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတမှ လမ်းညွှန်မှာကြား #HOS
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတမှ လမ်းညွှန်မှာကြား #HOS

အစိမ်းရောင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း အစိမ်းရေ
+3
အစိမ်းရောင်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း   အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက် ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲ၌ ပြောကြားခဲ့သည်။   သစ်တောနှင့် သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ #HOS

တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု စိတ်စေတနာကောင်းများဖြင့် ခံယူချက်ကောင်းစွာ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေး
+8
တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု စိတ်စေတနာကောင်းများဖြင့် ခံယူချက်ကောင်းစွာ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေး မလွဲမသွေတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား ========================== ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု စိတ်စေတနာကောင်းများဖြင့် ခံယူချက်ကောင်းစွာ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေး မလွဲမသွေတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတက MSME လုပ်ငန်းများသည် နိုင်ငံတစ်ခု၏ GDP တိုးတက်ရေးတွင် အဓိကပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများကို နိုင်ငံ၏စီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်နှင့် တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေများတိုး မြှင့်ရရှိရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ #Head Of State

နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate)အား ငလျင်ဒဏ်ခံနိုင်စေရေးနှင့် ခိုင်မာလှပသေသပ်စွာ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်
နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate)အား ငလျင်ဒဏ်ခံနိုင်စေရေးနှင့် ခိုင်မာလှပသေသပ်စွာ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား   နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်သို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။   ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက မြို့အဝင်မုခ်ဦး တည်ဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ယာဉ်များသွားလာမှုမပျက်စေရေး ရှောင်ကွင်းလမ်း(By Pass)များ စနစ်တကျဖောက်လုပ်ပေးရန်၊ မုခ်ဦးအား မြန်မာမှုလက်ရာများဖြင့် ခမ်းခမ်းနားနား စနစ်တကျတည်ဆောက်သွားရန်၊ လမ်းများအား ထောင့်ချိုးများအနည်းဆုံးဖြင့် တည်ဆောက် သွားရန်၊ မုခ်ဦးအဆောက်အဦအား ငလျင်ဒဏ်ခံနိုင်စေရေးနှင့် ခိုင်မာလှပသေသပ်စွာ ဆောင်ရွက်ရန်၊ အများပြည်သူများ အပန်းဖြေနေရာများနှင့် ကားရပ်နားရန်နေရာများကိုလည်း စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရန်၊ လိုအပ်ပါက လူကူး Underpass များ ထည့်သွင်းလျာထား ဖောက်လုပ်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နေပြည်တော်မြိုအဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလု
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နေပြည်တော်မြိုအဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်သို သွားရောက်ကြည့်ရှုစစ်ဆေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်ဟာ နေပြည်တော်မြိုအဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်အား ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို မြိုပြ ဖွံဖြိုးတိုးတက်ရေးအတွက် စိမ်းလန်းစိုပြည်သောမြို (Green City)၊ သန့်ရှင်းသောမြို (Clean City)နှင့် ခေတ်မီနည်းပညာအခြေပြုမြိုပြ (Smart City)အဖြစ် ဘက်စုံကဏ္ဍစုံမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး နေပြည်တော်မြိုအဝင်မုခ်ဦး(Naypyitaw Gate) ကိုလည်း မြိုတော်အဝင် အထင်ကရအမှတ်အသားဖြစ်စေရန်၊ မြိုတော်အတွင်းသို ဝင်ရောက်လာသူများကို မင်္ဂလာရှိစွာကြိုဆိုရန်၊ နိုင်ငံ၏ မြိုပြဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်နိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအား ထိန်းသိမ်းဖော်ပြရန် စသည့်ရည်ရွယ်ချက်များဖြင့် တည်ဆောက်လျက်ရှိပါတယ်။ #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော် မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော် မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေး၊ လိုအပ်သည်များ လမ်းညွှန်မှာကြား #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်-မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်-မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ပိတောက်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး #Our

"စိမ်းလန်းသောအနာဂတ်ဆီသို့" သားစဉ်မြေးဆက်ကိုလည်း ကောင်းကျိုးခံစားရစေလိုတဲ့ စိတ်နဲ့ စိုက်ပျိုးတဲ့ အပင်များအားလုံးရှင်သန်စေဖို့အတွက် စနစ်တကျ ဆက်လက်ထိန်းသိမ်းခြင်း လုပ်ငန်းတွေကိုပါ စေတနာထားပြီး ဆောင်ရွက်သွားကြဖို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အမှာစကားပြောကြား (၂၅-၆-၂၀၂၆ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်-မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက် #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှု
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ လမ်းညွှန်မှာကြား နေပြည်တော်၊ ဇွန် - ၂၅ ပြည်ထောင်စုနယ်မြေနေပြည်တော်ကို မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိမ်း လန်းစိုပြည်သောမြို့ (Green City)၊ သန့်ရှင်းသောမြို့ (Clean City)နှင့် ခေတ်မီ နည်း ပညာအခြေပြုမြို့ပြ (Smart City)အဖြစ် ဘက်စုံကဏ္ဍစုံမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate) ကိုလည်း မြို့တော်အဝင် အထင်ကရအမှတ်အသားဖြစ်စေရန်၊ မြို့တော်အတွင်းသို့ ဝင်ရောက်လာ သူများကို မင်္ဂလာရှိစွာကြိုဆိုရန်၊ နိုင်ငံ၏ မြို့ပြဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့် တင်နိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအား ထိန်းသိမ်းဖော်ပြရန် စသည့်ရည် ရွယ်ချက်များဖြင့် တည်ဆောက်လျက်ရှိသည်။#PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက် ၂၀၂
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်   ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ ဇွန်လ ၂၅ ရက်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။   အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ လျှော့ချနိုင်ရေးတို့ကို ရည်ရွယ်၍ အပင်အမျိုးအစား (၁၄) မျိုးမှ ပျိုးပင်စုစုပေါင်း (၃,၀၀၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။ #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက် ၂၀၂
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်   ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ ဇွန်လ ၂၅ ရက်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။   အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ လျှော့ချနိုင်ရေးတို့ကို ရည်ရွယ်၍ အပင်အမျိုးအစား (၁၄) မျိုးမှ ပျိုးပင်စုစုပေါင်း (၃,၀၀၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။ #PPIB #Our

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှာကြားမှု ကောက်နုတ်ချက်များ MSME ဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး – MSME လုပ်ငန်းများကို နိုင်ငံ့စီးပွားရေး၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ကာ ကုန်ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်ပြီး ကုန်ကြမ်းများကို Value-added ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက်ချဲ့ထွင်ရေး – ထုတ်ကုန်များ အရည်အသွေးမြှင့်တင်ရန်၊ ဆန်စက်များ အဆင့်မီစေရန်၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ လျှပ်စစ်၊ စွမ်းအင်နှင့် နည်းပညာအခြေခံလိုအပ်ချက်များ – MSME လုပ်ငန်းများအတွက် လောင်စာဆီ၊ လျှပ်စစ်၊ နည်းပညာကျွမ်းကျင်မှုတို့ အရေးကြီးကြောင်း၊ ဒေသအလိုက် ဆိုလာစနစ်များ တိုးချဲ့တပ်ဆင်ရန်နှင့် AI နည်းပညာကို MSME လုပ်ငန်းများတွင် ပေါင်းစပ်အသုံးချရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရေးမြှင့်တင်ရေး – ပညာရေးကဏ္ဍကို ပိုမိုမြှင့်တင်ကာ KG+9 စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ လုပ်ငန်းခွင်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေးနှင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အမြင့်ဆုံးတန်ဖိုးရှိကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေးနှင့် ကုန်ကြမ်းအခြေခံ MSME ဖွံ့ဖြိုးရေး – မျိုးကောင်းမျိုးသန့်၊ ရေရရှိရေးကို ပံ့ပိုးပေးရန်၊ နှမ်း၊ ဝါ၊ ရာဘာ၊ ကော်ဖီ၊ သရက်နှင့် ဝါးအခြေခံ ထုတ်ကုန်များကို MSME လုပ်ငန်းများအဖြစ် တိုးချဲ့ဖွံ့ဖြိုးစေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး – ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို အားပေးကာ စက်မှုဇုန်များ၊ စက်မှုရပ်ကွက်များကို စနစ်တကျ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတကာအဆင့်မီ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ အုပ်ချုပ်ရေးနှင့် အချက်အလက်အခြေပြု စီမံခန့်ခွဲရေး – ကြိုးနီစနစ်များကို ပြန်လည်သုံးသပ်၍ လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်စေရန်၊ မှန်ကန်ပြည့်စုံသော စာရင်းအင်းနှင့် အချက်အလက်များအပေါ် အခြေခံပြီး ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးနှင့် နိုင်ငံတိုးတက်ရေး – အစားအသောက်များ ဈေးနှုန်းသက်သာ၍ အရည်အသွေးပြည့်မီစေရေး၊ ရှင်းလင်းနားလည်လွယ်သည့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် စေတနာကောင်းဖြင့် ပူးပေါင်းအကောင်အထည်ဖော်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ နေပြည်တော်၊ ဇွန် ၂၅ ၂၀၂၆ ခုနှစ် မိုးရာသီ နို
+2
၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ နေပြည်တော်၊ ဇွန် ၂၅ ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ လျှော့ချနိုင်ရေးတို့ကို ရည်ရွယ်၍ အပင်အမျိုးအစား (၁၄) မျိုးမှ ပျိုးပင်စုစုပေါင်း (၃,၀၀၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကာ စုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ #Our

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းရှိရန်လိုပြီး ညီညွတ်မျှတသည့်အုပ်ချုပ်မှုပုံစံရှိရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ============================== ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းရှိရန်လိုပြီး ညီညွတ်မျှတသည့်အုပ်ချုပ်မှုပုံစံရှိရန်လိုကြောင်း၊ မိမိတို့ကွပ်ကဲရသည့် ဝန်ထမ်းများနှင့် မိသားစုများ၏ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့်ပတ်သက်၍လည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန်လ ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူများအနေဖြင့် ကိုယ်စိတ်နှလုံးချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေးအတွက်လည်း ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို မိမိတို့ ဖြေရှင်းပေးနိုင်သည့်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးသွားရန်လိုကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်က ဖ
+5
မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်က ဖော်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတ ပြော မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်က ဖော်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ ဇွန် ၂၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာ ပိုင်ဆိုင်ထားပြီး ဖြစ်ကာ လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ အလုပ်လုပ်ချင်စိတ်သည် လူတိုင်းနှင့်သက်ဆိုင်ပြီး အလုပ်လုပ်နိုင်ရန် အတွက် အလုပ်အကိုင်အခွင့်အလမ်းများ လိုအပ်သဖြင့် နိုင်ငံတော်မှ အလုပ်အကိုင်အခွင့်အလမ်းများ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Then, the President made concluding remarks, saying union ministers, chief ministers of regions and states, officials at district and state levels are required to have good relations with their departmental staff and maintain consistent and fair governance models. It is also necessary for them to help solve the difficulties of staff at work and in their personal lives as much as possible. Furthermore, they are required to help solve the difficulties of the people through possible means to enable the public to lead their lives in peace of mind and body. As only when the wishes of the people are correctly understood, can their problems be solved, it is important to have good public relations. Although the government has to adopt and implement policies for what it wants, it is important not to neglect the wishes of the people. As wishes and the natures of the people will not be the same in sectors such as education, health and social sectors based on their social strata, efforts must be made to understand public voices correctly to align the wishes of the people with government policies and to achieve socio-economic development of the State and its citizens. Then, the meeting concluded.