ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Our President 🇲🇲

Our President 🇲🇲

前往频道在 Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

显示更多
未指定国家未指定类别
217
订阅者
无数据24 小时
+17 天
-130 天
帖子存档
တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်အား သီးသန့်တွေ့ဆုံမေးမြန်း တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံပိုင် China Central Television (CCTV) သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ အင်တာဗျူးအတွင်း CCTV သတင်းဌာနက နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်မှ ရရှိလာမည့် မဟာဗျူဟာမြောက် ရလဒ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၏ လက်ရှိနှင့် အနာဂတ်အရေးပါမှု၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်အပေါ် အမြင်သဘောထားများကို မေးမြန်းခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ “Chinese Modernization” ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးပုံစံအပေါ် သမ္မတ၏ အမြင်များ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မြန်မာနိုင်ငံတွင် မည်သို့ အသုံးချနိုင်မည်ဆိုသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးမေးမြန်းခဲ့ကြသည်။ အလားတူ နှစ်နိုင်ငံပြည်သူများအကြား စိတ်ချင်းနီးကပ်မှု တိုးမြှင့်ရေးတွင် ရုပ်ရှင်နှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍ၏ အခန်းကဏ္ဍ၊ မကြာသေးမီက ကျင်းပခဲ့သည့် “Chinese Film Week” အစီအစဉ်နှင့် တရုတ်ရုပ်ရှင်များအပေါ် သမ္မတ၏ သဘောထားအမြင်များကိုလည်း CCTV က မေးမြန်းခဲ့သည်။ အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူချင်းဖလှယ်ရေးဆိုင်ရာ အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ #Dr Khaing Khaing Soe

Then The President attended the luncheon hosted by the President of the People's Republic of China,Mr Xi Jinping. Then The President cordially held talks with the Chairman of Standing Committee of the National People's Congress of China and the Premier of the State Council of the People's Republic of China separately and discussed multi sectoral cooperation between the two countries. In the afternoon,the President paid tribute at the  Monument to the People's Heroes, Tiananmen Square in Beijing and presented flower baskets to fallen national heroes. PPIB

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် မှတ်တမ်းပုံရိပ်များ PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြိုရှိ မြန်မာသံရုံး၊ စစ်သံရုံး တိုမှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည့် မြင်ကွင်းပုံရိပ်များ PPIB Links

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြု ခဲ့သည့် မှတ်တမ်းပုံရိပ်များ PPIB

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress - NPC) ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်မှတ်တမ်းပုံရိပ်များ နိုင်ငံတော်သမ္မတနှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ တို့သည် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူး‌ပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးဆောင် ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားနိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုနက်ရှိုင်းစေရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး၊
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံး တို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာ ၁၈ ခုတိုကို  သက်ဆိုင်ရာကဏ္ဍအလိုက် နှစ်နိုင်ငံတာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် တို၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်မှု မှတ်တမ်းပုံရိပ်များ

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး တရုတ်ပြည်သူ့သမ္မတနိုင်ငံသ
+2
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်းနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပေါက်ဖော်ချစ်ကြည်ရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံနယ်စပ်ဂိတ်များအား တရားဥပဒေစိုးမိုးမှုနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လျှပ်စစ်ကဏ္ဍ၊ EV ယာဉ်ထုတ်လုပ်မှု၊ စက်မှုဇုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝါးနှင့် ဝါးအချောထည် ပစ္စည်းများ ထုတ်လုပ်ရေး၊ AI နှင့် ဆေးဝါးဆိုင်ရာ ကဏ္ဍများအပြင် အခြားသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင်ငလျင်ဒဏ်သင့် အင်းဝတံတား ပြန်လည်ပြုပြင်ရေး အပါအဝင် သမိုင်းဝင်အဆောက်အဦများ ပြန်လည်ပြုပြင်ရေး၊ လူမှုဘဝမြှင့်တင်ရေးကိစ္စရပ်များ၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

CMEC စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍနှင့် ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာ-တရုတ် နှစ်နိုင်ငံ တိုးမြှင့်ဆောင်
+2
CMEC စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍနှင့် ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာ-တရုတ် နှစ်နိုင်ငံ တိုးမြှင့်ဆောင်ရွက်သွားမည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နေ့လယ်ပိုင်းတွင် ပေကျင်းမြို့ရှိ Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) ၌ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးအတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်မြှင့် ဆောင်ရွက်သွားရန် နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများတွင် CMEC မူဘောင်အောက်ရှိ အဓိကစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ချောမွေ့စွာ လည်ပတ်နိုင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီနည်းပညာများ လွှဲပြောင်းအသုံးချနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ စွမ်းအင်ကဏ္ဍတွင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ ရေရှည်ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ရေး၊ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်မှု အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား ဖူလုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား သတင်းအချက်အလက် ဖလှယ်မှုနှင့် ပူးတွဲစစ်ဆင်ရေးများ အားကောင်းစေရေးကိုလည်း အဓိကဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (AIPA) နှင့် နိုင်ငံတကာပါလီမန်များသမဂ္ဂ (IPU) ကဲ့သို့သော နိုင်ငံတကာမူဘောင်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ Global Development Initiative (GDI)၊ Global Security Initiative (GSI) နှင့် Global Civilization Initiative (GCI) တို့နှင့် သက်ဆိုင်သည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံသည် နည်းပညာ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ဉာဏ်ရည်တု (AI) နည်းပညာအသုံးချမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်အပြင် အစည်းအဝေးမှ ရရှိလာသည့် သဘောတူညီချက်များကို အခြေခံ၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း အတည်ပြုချမှတ်သွားရန် ဆွေးနွေးခဲ့ကြသည်။ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌက မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံသို့ လာရောက်သည့် နိုင်ငံတော်အဆင့်ခရီးစဉ်အား ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲပေါက်ဖော်ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတကလည်း မန္တလေးငလျင်ဘေးကြုံတွေ့ခဲ့စဉ် တရုတ်နိုင်ငံ၏ အမြန်ဆုံး ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး မြန်မာနှင့် တရုတ် လွှတ်တော်များအကြား အပြန်အလှန်လေ့လာရေးနှင့် အတွေ့အကြုံဖလှယ်ရေး အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခေါင်းဆောင် နှစ်ဦး တွေ့ဆုံဆွေးနွေးအပြီး မှာ တရုတ်ပြည်သူ့ သမ္မတ မစ္စတာရှီကျင့်ဖျင် က သမ္မတ ဦးမင်းအောင်လှိုင်ကို တလေးတစာ
+3
နိုင်ငံခေါင်းဆောင် နှစ်ဦး တွေ့ဆုံဆွေးနွေးအပြီး မှာ တရုတ်ပြည်သူ့ သမ္မတ မစ္စတာရှီကျင့်ဖျင် က သမ္မတ ဦးမင်းအောင်လှိုင်ကို တလေးတစား လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ မြင်ကွင်းတွေ

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်
+8
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် နေ့လည်ပိုင်းတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People's Congress - NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိ (Zhao Leji) အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံအကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပေါက်ဖော်ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်သည် တရုတ်နိုင်ငံ၏ အမြင့်ဆုံးနိုင်ငံတော်အာဏာပိုင် ဥပဒေပြုအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်၏ အရေးကြီးသော ဥပဒေများ၊ မူဝါဒများနှင့် အမျိုးသားအဆင့် ဆုံးဖြတ်ချက်များကို အတည်ပြုချမှတ်ပေးသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ #HOS

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော
+8
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြု #PPIB #Our

မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲမှ အဓိကရလဒ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခ
+2
မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲမှ အဓိကရလဒ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) တွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ခေါင်းဆောင်များအကြား ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းခိုင်မာစေရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် အဆင့်မြင့်နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအနေဖြင့် မည်သည့်အခြေအနေမျိုးတွင်မဆို ယခင်က သဘောတူချမှတ်ထားသော ကတိကဝတ်များ၊ လမ်းညွှန်ချက်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်သွားရန် သဘောတူညီခဲ့ကြသည်။ တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားကြောင်း ထပ်မံအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကုလသမဂ္ဂနှင့် ဒေသတွင်းအဖွဲ့အစည်းများတွင် အပြန်အလှန်ဝန်းရံထောက်ခံမှုများ ဆက်လက်ပြုလုပ်သွားရန်၊ အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို အလေးထားကာ မြန်မာနိုင်ငံ၏ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး ကူညီဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။ စီးပွားရေးကဏ္ဍတွင် ရပ်ဝန်း နှင့် ပိုးလမ်းမ အစီအမံ(BRI) နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်ရှိ စီမံကိန်းများကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စွာ အကောင်အထည်ဖော်သွားရန် သဘောတူခဲ့ကြပြီး လမ်းပန်းဆက်သွယ်ရေး၊ ရထားလမ်း၊ စွမ်းအင်နှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး၊ ကုန်သွယ်မှုချိန်ခွင်လျှာကို အပြန်အလှန်အကျိုးရှိသည့်ပုံစံဖြင့် ထိန်းညှိနိုင်ရေးနှင့် တရုတ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် လိုအပ်သော ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားရန်လည်း နှစ်ဖက်သဘောတူညီခဲ့ကြသည်။ ထို့အပြင် နယ်စပ်ကုန်သွယ်ရေးဇုန်များနှင့် ကုန်စည်စီးဆင်းမှုလမ်းကြောင်းများ လုံခြုံစိတ်ချပြီး အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံမြို့ကြီးများအကြား ညီအစ်မမြို့တော်ဆက်ဆံရေးများ တိုးချဲ့ထူထောင်၍ ယဉ်ကျေးမှုနှင့် စီးပွားရေးဖလှယ်မှုများ မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြသည်။ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးကဏ္ဍတွင် နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသများ၌ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို ပိုမိုအားကောင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ ဆိုက်ဘာမှုခင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများကို ထိရောက်ပြတ်သားစွာ ပူးပေါင်းနှိမ်နင်းသွားရန် ဆွေးနွေးခဲ့ကြသည်။ အဆင့်မြင့်နည်းပညာကဏ္ဍတွင်လည်း ခေတ်မီနည်းပညာများ၊ AI နှင့် အာကာသနည်းပညာဆိုင်ရာ ကဏ္ဍများ၊ အလိုအလျောက်စနစ်များ၊ စက်ရုပ်နည်းပညာများနှင့် သတင်းအချက်အလက်နည်းပညာများကို ပိုမိုဖလှယ်ကာ အသုံးချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။ ပညာရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ပညာတော်သင်ဆုများ တိုးမြှင့်ပေးအပ်ရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပိုမိုပံ့ပိုးပေးရေးတို့ကို ဆွေးနွေးခဲ့ကြသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ အထူးသဖြင့် နယ်စပ်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ငလျင်ဘေးဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်သည့် အကူအညီများ ဆက်လက်ပံ့ပိုးပေးနိုင်ရေး၊ လူမှုစီးပွားဘဝများ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

President U Min Aung Hlaing, who is currently on an official State Visit to the People's Republic of China at the Invitation of the President of the People's Republic of China H.E Mr Xi Jinping, visited Aerospace City in Beijing, on June 15.

President U Min Aung Hlaing arrives in Beijing as His Official State Visit to the People's Republic of China at the Invitation of the President of the People's Republic of China H.E Mr Xi Jinping, on June 15.

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်သမ္မတ ရှီကျင့်ဖျင်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို Jun 16th တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့်နိုင်ငံ‌တော်သမ္မတဦးမင်းအောင်လှိုင်အား တရုတ်သမ္မတ ရှီကျင့်ဖျင်က ယနေ့ ပေကျင်းမြို့ရှိ Great Hall of the People တွင် နိုင်ငံတော်အကြီးအကဲအဆင့် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် တရားဝင် ကြိုဆိုခဲ့သည်။ ကြိုဆိုရေးအခမ်းအနားတွင် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ တီးမှုတ်ဂုဏ်ပြုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခြင်း၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ #Our #Movie Credit PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲဝင်များအား တရုတ်ပြည်သူ့ သမ္မ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲဝင်များအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က အထူးဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် က အသင့်စောင့်ကြိုလက်ဆွဲနှုတ်ဆက်ကြိုဆိုပြီး နေ့လယ်စာသုံးဆောင်မည့်ခန်းမအတွင်း သို အတူတကွဝင်ရောက်ကာ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။ PPIB #Our

မြန်မာ – တရုတ်နှစ်နိုင်ငံအကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ ပူးတွဲမြှင့်တင်ရေးအပါအဝင် နားလည်မှုစာချွန်လွှာ ၁၈ ခု လက်မှတ်
+9
မြန်မာ – တရုတ်နှစ်နိုင်ငံအကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ ပူးတွဲမြှင့်တင်ရေးအပါအဝင် နားလည်မှုစာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုး Jun 16th မြန်မာ – တရုတ် နှစ်နိုင်ငံအကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ ပူးတွဲမြှင့်တင်ရေးအပါအဝင် သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာ စုစုပေါင်း (၁၈) ခုကို ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall of the People ခန်းမ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များတွင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative) ပူးတွဲမြှင့်တင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ၊ အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီပေးအပ်ရေး၊ မြန်မာနိုင်ငံမှ ငှက်ပျောသီး၊ ဆေးဖက်ဝင်တိုင်းရင်းဆေးနှင့် ရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ သဘောတူညီချက်များလည်း ပါဝင်ကြောင်း သိရသည်။ #Our