ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

Our President 🇲🇲

Our President 🇲🇲

前往频道在 Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

显示更多
未指定国家未指定类别
216
订阅者
无数据24 小时
无数据7 天
-230 天
帖子存档
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့ နှစ်နိ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့ နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင် တို့သည် ယနေ့ အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ ပြုလုပ်သည့် နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့ မလေးရှ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့ မလေးရှားဝန်ကြီးချုပ်ရုံး၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့သည် ယနေ့နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးသည်။ #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့ မလေးရှားဝန်ကြီးချုပ်
+5
နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့ မလေးရှားဝန်ကြီးချုပ်ရုံး၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး နေပြည်တော်၊ အောက်တိုဘာ - ၈ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြား ချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် က ကွာလာလမ်ပူမြိုရှိ မလေးရှား ဝန်ကြီးချုပ်ရုံး၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတိုအကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ကွာလာလမ်ပူမြိုရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ ကျင်းပပြုလုပ်သည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည်  ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။ #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က ဂုဏ်ပြုကြိုဆို နေပြည်တော်
+6
နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က ဂုဏ်ပြုကြိုဆို နေပြည်တော်၊ အောက်တိုဘာ - ၈ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြား ချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ကွာလာလမ်ပူမြိုရှိ မလေးရှား ဝန်ကြီးချုပ်ရုံး၌ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုသည်။ ဦးစွာ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို နိုင်ငံတော်သမ္မတ ရောက်ရှိလာရာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့သည် အလေးပြုခံစင်မြင့်ထက်တွင် တက်ရောက်နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများဖြင့် တီးမှုတ် ဂုဏ်ပြုအလေးပြုခြင်းကိုခံယူသည်။ #PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ဂုဏ်ပြုကြိုဆို မလေးရှားနိုင်ငံသို့ နိုင်င
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ဂုဏ်ပြုကြိုဆို မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုသည်။ ဦးစွာ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ နိုင်ငံတော်သမ္မတ ရောက်ရှိလာရာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့သည် အလေးပြုခံစင်မြင့်ထက်တွင် တက်ရောက်နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများဖြင့် တီးမှုတ် ဂုဏ်ပြုအလေးပြုခြင်းကိုခံယူသည်။ #HOS

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ စစ်သံရ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံး တို့မှဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026)သို့ တက်ရောက်၍ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

Repost from PPIB.Official
MAYNAMR - MALAYSIA HIGH LEVEL BUSINESS DIALOGUE 2026 Today on October 7, Myanmar -Malaysia High Level Business Dialogue was held at Intercontinental Kuala Lumpur Hotel in Kuala Lumpur, Malaysia and it was attended by President U Min Ag Hlaing , who is currently on his Official Visit to Malaysia. PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ် (ပထမရက်) ရုပ်သံမှတ်တမ်း #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆု
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား ကွာလာလမ်ပူ၊ အောက်တိုဘာ ၇ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ အဓိကထားပြောကြားခဲ့သည်များမှာ — နှစ်နိုင်ငံအကြား သမိုင်းအစဉ်အလာဆက်နွှယ်မှုကို အခြေခံ၍ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရန်။ အာဆီယံအခြေခံမူများနှင့်အညီ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။ နှစ်နိုင်ငံ၏ အားသာချက်များကို အသုံးချ၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းမှုများ တိုးမြှင့်ရန်။ ကျန်းမာရေးနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်။ မြန်မာအလုပ်သမားရေးရာ၊ ပညာရေးနှင့် ပညာတော်သင်စေလွှတ်ရေးကိစ္စများကို ဘက်ပေါင်းစုံမှ ချင့်ချိန်ညှိနှိုင်း ဆောင်ရွက်ရန်။ ပြည်သူအချင်းချင်း ဆက်ဆံရေး ပိုမိုခိုင်မာစေပြီး မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံကို ချစ်ခင်ဂုဏ်ယူစိတ်ဖြင့် နိုင်ငံ့ဂုဏ်သိက္ခာမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရန် အလေးထားမှာကြားခဲ့ပါသည်။

မလေးရှားစီးပွားရေးလုပ်ငန်းရှင်များ တင်ပြဆွေးနွေးခဲ့ကြသည်မှာ— ■ MMC Ports က ဆိပ်ကမ်းစီမံခန့်ခွဲမှု၊ သယ်ယူပို့ဆောင်ရေးနှင့် Logistics အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ■ IOI Corporation Berhad က စိုက်ပျိုးရေးနှင့် စားအုန်းဆီကဏ္ဍ၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ထုတ်လုပ်မှုမှ ဈေးကွက်အထိ Supply Chain ချိတ်ဆက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ■ FMM က Agro-processing၊ Automation၊ Packaging၊ Cold Chain နှင့် Logistics ကဏ္ဍများတွင် ပူးပေါင်း၍ Local Assembly၊ Joint Production နှင့် ဒေသတွင်း Supply Chain ချိတ်ဆက်မှု တိုးမြှင့်နိုင်ရေး အခြေအနေများ ■ Revolution Technology Group က Smart Factory၊ Automation၊ Robotics နှင့် Digitalisation နည်းပညာများ အသုံးချရေးအပြင် Renewable Energy နှင့် Battery Energy Storage System (BESS) တို့ဖြင့် စက်မှုလုပ်ငန်းများ၏ စွမ်းအင်တည်ငြိမ်မှုနှင့် ထိရောက်မှု မြှင့်တင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်သုံးသပ်အမှာစကား ပြောကြားရာတွင်— ■ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းထားပြီးဖြစ်၍ အာမခံချက်ရှိသကဲ့သို့ စီးပွားရေးတည်ငြိမ်မှုအတွက် တည်ငြိမ်အေးချမ်းရေးကိုလည်း ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။ ■ မလေးရှားနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ သံမဏိနှင့် ဘိလပ်မြေကဏ္ဍများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်ကြမ်းနှင့် မလေးရှား၏ နည်းပညာတို့ကို ပေါင်းစပ်ထုတ်လုပ်၍ မြန်မာနိုင်ငံကို အခြေပြုကာ တရုတ်၊ အိန္ဒိယအပါအဝင် ဈေးကွက်ကြီးများသို့ တိုးချဲ့နိုင်ကြောင်း။ ■ မြန်မာနိုင်ငံအနေဖြင့် ထုတ်လုပ်မှုမှတစ်ဆင့် ဖြန့်ဖြူးရောင်းချနိုင်သည့် အခြေအနေသို့ တိုးတက်လိုကြောင်းနှင့် ယခု Business-to-Business ဆွေးနွေးမှုမှ ထိရောက်သည့်ရလဒ်များ ရရှိခဲ့သဖြင့် နောင်တွင် ပိုမိုကျယ်ပြန့်သည့် Myanmar–Malaysia Business Forum ကို နှစ်နိုင်ငံအနက် သင့်လျော်ရာနိုင်ငံ၌ ကျင်းပသွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

မြန်မာ–မလေးရှား ကုန်သွယ်မှုမှ ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဒေသတွင်းဈေးကွက်ချိတ်ဆက်မှုအထိ ပူးပေါင်းဆောင
မြန်မာ–မလေးရှား ကုန်သွယ်မှုမှ ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဒေသတွင်းဈေးကွက်ချိတ်ဆက်မှုအထိ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည် ကွာလာလမ်ပူ အောက်တိုဘာ ၇ မြန်မာနိုင်ငံကို ဈေးကွက်တစ်ခုအဖြစ်သာမက ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုနှင့် ဒေသတွင်း Supply Chain ချိတ်ဆက်မှုအတွက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ကာ ရေရှည်အကျိုးတူပူးပေါင်းဆောင်ရွက်ကြရန် မလေးရှားစီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတွင် ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထား ပြောကြားခဲ့သည်များမှာ - ■ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး မလေးရှားသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့်နှစ်က နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁.၆၆၂ ဘီလီယံရှိခဲ့ကာ ယခုနှစ် ဩဂုတ်လအထိ ၁.၀၁ ဘီလီယံကျော်ရှိခဲ့ကြောင်းနှင့် မလေးရှားသည် မြန်မာနိုင်ငံတွင် နဝမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ လုပ်ငန်း ၃၂ ခု ဆောင်ရွက်လျက်ရှိကြောင်း။ ■ လယ်ယာနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှု ပူးပေါင်းမည် လယ်ယာ၊ မွေးမြူရေးနှင့် ရေထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရေး မလေးရှား၏ နည်းပညာ၊ အရည်အသွေးစံနှုန်းနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို ပေါင်းစပ်ကာ Joint Venture နှင့် Business-to-Business ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်မည်ဖြစ်ပြီး အထူးသဖြင့် စားသောက်ကုန်ပြုပြင်ထုတ်လုပ်မှု၊ Halal အစားအစာ၊ ရေထွက်ကုန်၊ ရာဘာ၊ အအေးခန်းနှင့် Logistics ကဏ္ဍများတွင် နှစ်နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်အသုံးချနိုင်မည်ဖြစ်ကြောင်း။ ■ SEZ၊ MSME နှင့် ဘဏ္ဍာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များအပါအဝင် စက်မှုနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် မလေးရှားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး MSME များအကြား Business Matching၊ E-commerce နှင့် နည်းပညာပူးပေါင်းမှုများ တိုးမြှင့်ရေးအပြင် နှစ်နိုင်ငံဘဏ်များနှင့် FinTech ကုမ္ပဏီများ ပူးပေါင်း၍ Digital Payment၊ Remittance နှင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်များ ဖွံ့ဖြိုးရေးကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။ ■ AI နှင့် Digital Technology ကဏ္ဍအထိ ပူးပေါင်းမည် မလေးရှား၏ Electrical and Electronics၊ Semiconductor၊ AI နှင့် Digital Technology အတွေ့အကြုံများကို မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု၊ လုပ်သားအင်အားနှင့် ဈေးကွက်အခြေခံတို့နှင့် ပေါင်းစပ်၍ Technology Transfer၊ Technical Training နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။ ■ ဒေသတွင်းဈေးကွက် ချိတ်ဆက်မှုမြှင့်တင်မည် ASEAN နှင့် RCEP မူဘောင်များကို အသုံးချ၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ကာ ဒေသတွင်း Supply Chain များနှင့် ပိုမိုချိတ်ဆက်သွားရန် ရည်ရွယ်ထားပြီး Business Dialogue နှင့် Business Matching များမှတစ်ဆင့် ဆွေးနွေးမှုများကို Investment Project၊ Joint Venture၊ Export Contract နှင့် Technology Partnership များအဖြစ် လက်တွေ့အကောင်အထည်ဖော်သွားရန်လည်း တိုက်တွန်းကြောင်း။ ■ ရေရှည်အကျိုးတူ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်မည် မြန်မာနိုင်ငံ၏ သဘာဝနှင့် လူ့စွမ်းအားအရင်းအမြစ်၊ ပထဝီအနေအထားအားသာချက်တို့ကို မလေးရှား၏ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်ချိတ်ဆက်မှုတို့နှင့် ပေါင်းစပ်၍ “ကုန်သွယ်မှုမှ ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမှုမှ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုမှ ဒေသတွင်းဈေးကွက်ချိတ်ဆက်မှု” ဟူသည့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုကွင်းဆက် တည်ဆောက်သွားရန်နှင့် မလေးရှားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံကို ရေရှည်အကျိုးတူ မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်ပူးပေါင်းကြရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာ-မလေးရှား စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ တက်ရောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) သို့ တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့သည်။ မလေးရှားသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁.၆၆၂ ဘီလီယံရှိခဲ့ကာ ယခုနှစ် ဩဂုတ်လအထိ ၁.၀၁ ဘီလီယံကျော် ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ ထို့ပြင် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် နဝမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၂ ခု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များအနက် သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်ပြီး ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များမှာ အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါလာမည့် စီမံကိန်းများဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

photo content
+2

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများအား တွေ့ဆုံ ကွာလာလမ်ပူ အောက်တိုဘာ ၇ မလေးရှားနိုင်ငံသ
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများအား တွေ့ဆုံ ကွာလာလမ်ပူ အောက်တိုဘာ ၇ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။ #PPIB

နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများအား တွေ့ဆုံ ကွာလာလမ်ပူ အောက်တိုဘာ ၇ မလေးရှားနိုင်ငံ
+4
နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများအား တွေ့ဆုံ ကွာလာလမ်ပူ အောက်တိုဘာ ၇ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။ #HOS

Repost from PPIB.Official
President U Min Aung Hlaing embarks Official Visit to Malaysia PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံသို့ ရောက်ရှိ ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆို