ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

الذهاب إلى القناة على Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

إظهار المزيد
7 658
المشتركون
-624 ساعات
-377 أيام
-13230 أيام
أرشيف المشاركات
ယနေ့ည နမ့်ဆန်မြို့ ဗုံးကြဲခံရ နမ့်ဆန်မြို့တွင် ယနေ့ သြဂုတ်လ (၁၂)ရက်နေ့ ည (၁၁း၄၁)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၄၅)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၅၁)မိနစ်တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ် လာရောက်ပြီး ဂျက်လေယာဥ်ဖြင့် ဗုံး (၆)လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ https://t.me/privatephoehtaung

Repost from Aung Moe Kyaw
တကောင်းကတော့ နယ်မြေသတင်းတွေအရ အားလုံးနီးပါး ကျတယ်ပဲ ပြောရမှာပဲ။ PDF KIA အင်အား ၇၀၀ လောက် မြို့မှာရှိတဲ့ လုံခြုံရေးက ၈၀ လောက် နောက်ဆုံးအခြေအနေကို ရင်ဆိုင်သွားရတယ်။ ဒီမှာ ပြောစရာက တစ်ခုပဲ ဖမ်းမိတဲ့ ပြည်သူ့စစ်အကုန် သင်္ချိုင်ခေါ်ပြီး သတ်တယ်။ ပြည်ခိုင်ဖြိုးအိမ် လိုက်မေးပြီးသတ်တယ်။ မြို့က ခြောက်ခြားစရာအတိပဲ။ အားလုံး ပေးဆပ်သွားခဲ့ရတယ်။ #AungMoekyaw

ကိုယ့်ကို အားကိုးအားထားပြုနေတဲ့ သစ္စာရှိဝန်ထမ်းတွေနဲ့ ထောက်ခံသူတွေကိုတောင် မကာကွယ်ပေးနိုင်တဲ့ ခေါင်းဆောင်။ ဖရဲသီးတွေများနေတာလ
ကိုယ့်ကို အားကိုးအားထားပြုနေတဲ့ သစ္စာရှိဝန်ထမ်းတွေနဲ့ ထောက်ခံသူတွေကိုတောင် မကာကွယ်ပေးနိုင်တဲ့ ခေါင်းဆောင်။ ဖရဲသီးတွေများနေတာလဲ မပြောနဲ့။ ဝန်ထမ်းတွေကြားမှာ ထောက်ခံမှုမရှိသလောက် ကျဆင်းနေတာ အမှန်တရားပါ။ အဘ သိပါစေ။ https://t.me/privatephoehtaung

မြန်မာနိုင်ငံကိုပို့ဆောင်မည့် ဒရုန်း ၆၀ ထိုင်းရဲဖမ်းဆီး (နိုင်ငံတကာ) ဩဂုတ် ၁၂ မြန်မာဘက်တွင်နေထိုင်သူထံသို့ပို့ဆောင်မည့် မောင်
+1
မြန်မာနိုင်ငံကိုပို့ဆောင်မည့် ဒရုန်း ၆၀ ထိုင်းရဲဖမ်းဆီး (နိုင်ငံတကာ) ဩဂုတ် ၁၂ မြန်မာဘက်တွင်နေထိုင်သူထံသို့ပို့ဆောင်မည့် မောင်းသူမဲ့ ဝေဟင်ယာဉ် (ဒရုန်း) UAV အမှတ်တံဆိပ် X-UAV မော်ဒယ် Talon အစီး ၆၀၊ မောင်းသူမဲ့ လေယာဉ်သုံးစီး (ဒရုန်း) DJI Mavic ၂ စီး၊ DJI ဘက်ထရီ ၃၅ လုံး နှင့် UAV မော်တာ ၄၆ လုံးကို ထိုင်းရဲတပ်ဖွဲ့များမှ ဩဂုတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့အနီးရှိ ရွာအမှတ် 10၊ ဟွေးယိုကျေးရွာ ဟွေယားဥကျေးရွာအုပ်စုလုံခြုံရေးစစ်ဆေးရေးဂိတ်တွင် ထိုင်းအာဏာပိုင်များနှင့် လုံခြုံရေးအဖွဲ့များမှ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားများကိုရပ်တန့် စစ်ဆေးခဲ့ကြကြောင်း သိရသည်။ https://t.me/privatephoehtaung

Repost from MWD News
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။ နေပြည်တော်၊ ဩဂုတ် ၁၂

Repost from MWD News
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား တက်ရောက်အမှာစကားပြောကြားသည်။ နေပြည်တော်၊ ဩဂုတ် ၁၂

နောင်ချိုမြို့ အမြောက်တပ် မစခ ၉၀၂ (တောင်ခမ်း) ကို သောင်းကျန်းသူတွေ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေပါတယ်။ ယာပြင်ရွာမှာလည်း စစ်သွေးကြွစစ်ကူများ အင်အား ထောင်ချီ စုဖွဲ့ထားပါတယ်။ UWSA စစ်ကူတွေ ပါနေတယ် သတင်းထွက်နေကြောင်းပါ။ လေယာဉ်ပစ်ကူ ဦးစားပေးလိုအပ်နေပါတယ်။ လေယာဉ်ပစ်ကူမရရင် အနီရောင် အဆင့်ပါ။ https://t.me/privatephoehtaung

Breaking news ကရင် BGF မှ ဗိုလ်မှုးကြီးစောချစ်သူ လားရှိုးရောက်နေကြောင်း သတင်းထွက် https://t.me/Ots84/253

မြန်မာစစ်အစိုးရဆိုပြီး သုံးစွဲကာ ထုတ်ပြန်သည့် အကြမ်းဖက်အားပေး တရုတ်သံရုံးကို ပြည်သူများမှ ၀ိုင်း၀န်းပြစ်တင်သည့်အတွက် မြန်မာအစ
မြန်မာစစ်အစိုးရဆိုပြီး သုံးစွဲကာ ထုတ်ပြန်သည့် အကြမ်းဖက်အားပေး တရုတ်သံရုံးကို ပြည်သူများမှ ၀ိုင်း၀န်းပြစ်တင်သည့်အတွက် မြန်မာအစိုးရဟု ပြန်လည်ပြင်ဆင်သွား။ ကန့်ကွက်မှုတွေတော့ ဆက်လုပ်ရမယ်။ Photo crd မှိုင်းဝေ https://t.me/privatephoehtaung

ဒီနေ့တော့ မင်္ဂလာသတင်းများမယ် အမျိုးတို့ - နွားထိုးကြီးမြို့မှာ တပ်မတော်အသာစီးရ - မန္တလေးဆည်တော်ကြီး ပြန်ဖွင့်နိုင် - တောင်သာမှာ ကြည်း‌၊လေ ပူးပေါင်း ပြင်းပြင်းထန်ထန် ချေမှုန်း - နောင်ချို၊ တောင်ခမ်း ရန်သူအကျအဆုံးများလို့ ဆက်မတက်နိုင်တော့ https://t.me/privatephoehtaung

ရမခ တိုင်းမှူးသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်လိုက်ပါတယ်။ ရမခ စစ်သည်တွေကို နေပြည်တော် / မန္တလေး / ခိုလမ် ဘယ်က ကွပ်ကဲမလဲဆိုတာကတော့ လဝ ပါ။ တန်ပြန်ထိုးစစ်တစ်ခု ပေါ်လာနိုင်ခြေရှိပါတယ်။ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးလှိုင်ကတော့ မူဆယ်မြို့ခံစစ်ကို ဆက်လက် ကွပ်ကဲပါမယ်။ https://t.me/privatephoehtaung

နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ ရေခဲပါ။ စစ်ကူစစ်ကြောင်းတွေ အချိတ်အဆက် မိမိ လှုပ်ရှားနေတာမို့လို့ စိတ်ပူစရာ မရှိပါ။ https://t.me/privatephoehtaung

ယနေ့ 12-8-2024ရက်နေ့ နံနက်၅နာရီ ခန့်မှ စတင်၍ တောင်သာ -မိထ္တီလာကြား ဓာတ်ငွေ့ ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်‌နေသော MOGE ,စက်ရုံ
ယနေ့ 12-8-2024ရက်နေ့ နံနက်၅နာရီ ခန့်မှ စတင်၍ တောင်သာ -မိထ္တီလာကြား ဓာတ်ငွေ့ ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်‌နေသော MOGE ,စက်ရုံရှိ လခရ တပ်ဖွဲ့ဝင်များကို နွားထိုး နှင့်မြင်းခြံ ပဒက်များ ဝင်ရောက်တိုက်ခိုက်လျှက်ရှိပြီး ယခုအချိန်အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပါသည်။ မြင်းခြံဘက်အထွက် အမှတ် ၁၀ အထည်ချုပ် စက်ရုံအား ၀၇၃၀ ချိန်ခန့် လာရောက်ပစ်ခတ်မီးရှို့လျက်ရှိ။ https://t.me/privatephoehtaung

တပ်မတော် လဝ သတင်းတွေ ကို ဖော်ကောင်လုပ်နေတဲ့ ဗိုလ်ကြီးဇင်ယော်ဆိုတာ ဘယ်သူလဲ CDM ဇင်ယော်ဟာ တကက/ စရ ကနေ ဗိုလ်ဖြစ်တယ်ဆိုတာ ဖြစ်နို
တပ်မတော် လဝ သတင်းတွေ ကို ဖော်ကောင်လုပ်နေတဲ့ ဗိုလ်ကြီးဇင်ယော်ဆိုတာ ဘယ်သူလဲ CDM ဇင်ယော်ဟာ တကက/ စရ ကနေ ဗိုလ်ဖြစ်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ တကက/ စရ တယောက်ဟာ တပ်ရင်းမှာနေရင် တပ်ရင်းအင်အားကို အကုန်သိတယ်။ဗျူဟာမှာနေရင် ဗျူဟာအင်အားကိုသိသလို တိုင်းရုံးမှာနေတော့ တိုင်းအင်အားကိုသိတယ်။ တိုင်းမှာမနေဘူးပေမဲ့ တလတခါ တိုင်းရုံး ကို ရုံးကိစ္စနဲ့ အမြဲတမ်းသွားရတော့ တိုင်းရုံးက စာရေးတွေနဲ့ ဘော်ဒါဘော်ဂျွတ်တွေ စာရေးတယောက်ဖြစ်လို့ G2 / G1 တွေဆီ လက်မှတ် ဝင်ထိုးရတာမို့ အဝင်အထွက် ကျွမ်းတယ် ။ တကက/ စရ ကနေ ဗိုလ်လောင်းဝင်ဖြေခဲ့သူမို့ အမှီတခုခုတော့ ရှိပါလိမ့်မယ်။ သူတို့က အမှီရှိမှ တက်လို့ရတဲ့ နွယ်ပင်မျိုး သို့သော် တကက / စရ တွေဟာ သူတဦးတယောက်ထဲ အရည်အချင်း နဲ့ စစ်သတင်းတွေ ရာထူးအချိန်းအa ပြောင်းသတင်းတွေကို ရဖို့ဆိုတာ ဘယ်နည်းနဲ့ မဖြစ်နိုင်ပါဘူး။ တချို့သတင်းတွေက စစ်ရုံး ကပဲ တိုက်ရိုက်ချုပ်ကိုင် တာမို့ ပါ။ စရဖ တွေအနေ နဲ့ စစ်ရုံးနဲ့ တိုင်းစစ်ဌါချုပ်က တကက/ စရ ကိုယ်ပိုင်နံပါတ်တွေ ရုံးအုပ်တွေကို လိုက်ရင် အဆက်အသွယ်တွေ ပါ မိပြီ။ စစ်မင်းကြီး https://t.me/privatephoehtaung

လားရှိုးမှာ MNDAA က သူတို့အလံ လွှင့်တော့ ....မြို့ထဲမှာ ဆက်ဆံရေးရုံး ရှိလို့ ဝင်လာရပါတယ်ဆိုတဲ့ "ဝ" က ဘာမှ မတုန့်ပြန်ဘူး။ လက်ခံတဲ့ သဘောပဲလို့ ယူဆရမှာပေါ့။ အတူပူးပေါင်းတိုက်တာချင်း အတူတူတောင် နယ်မြေခွဲဝေမှုအရ မိုးကုတ်၊ မိုးမိတ်ဟာ TNLA အတွက်ဖြစ်ပြီး လားရှိုးက MNDAA အတွက် ခွဲတမ်းချထားသလားတောင် ထင်ရတယ်။ ခက်တာက "ဝ" လို FPNCC ရဲ့ ခေါင်ပိုင်းလက်နက်ကိုင်က လားရှိုးလို မြို့ကြီးရတာကို ဒီအတိုင်း MNDAA ခွဲတမ်းပေးသလောက်လည်း ယူမယ့် အဖွဲ့အစည်း မဟုတ်ပြန်ဘူး။ MNDAA ကို နာမည်ခံထားပြီး နောက်ကွယ်မှာပဲ ရပ်နေတဲ့ သ‌ဘောလားလို့ တွေးစရာ ရှိလာပြန်ရော။ ပိုဆိုးတာက ဒီဖြစ်ရပ်အပေါ်မှာ ကိုယ်တွေဘက်က ဘာမှ မတုန့်ပြန်သေးခင်၊ တရုတ်အထူးကိုယ်စားလှယ်လာသွားတယ် ဘာပြောသွားမှန်း မသိရသေးခင် သီပေါ၊ မူဆယ်နဲ့ တောင်ခမ်းဘက်က စခန်းတွေ အတိုက်ခံရတယ်။ နွားထိုးကြီးဟာ အဆိုးဆုံးပဲ။ ခုဆို မြို့ပျက်ကြီးလို နေ့ချင်း ညချင်း ဖြစ်သွားတယ်။ လူရွှင်တော်အဖွဲ့အစည်းတွေက ကိုးကန့်သူပုန်ကို ရှုံ့ချပွဲ လုပ်တာ ကောင်းပါတယ်။ မန္တလေးကို လာမတိုက်ဖို့ လက်ကမ်းစာရွတ်တွေဝေတာလည်း ကြိုဆိုပါတယ်။ စစ်ပွဲ တွေဟာ ဒီလို ရပ်တန့်လို့ရနိုင်တယ်လို့တော့ အယုံအကြည်မရှိလှပါဘူး။ ရန်သူဘက်ကတော့ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်နဲ့တော့ လာမယ်မဟုတ်လောက်ဘူးလို့ ယူဆမိတာပါပဲ။ ပိုဆိုးတာက Drone နဲ့လာမဲ့ အဖွဲ့အစည်းကို နန်းမြို့ရိုးပေါ် သဲအိတ်တင်ပြီး ခံစစ်ပြင်မဲ့ အစီအမံက နားလည်ရခက်စေပါတယ်။ တပ်စခန်းတွေထက် မြို့ကိုကာတဲ့ အဝေးစည်း တွေမှာသာ ခံစစ်ပီပီသသ ပြင်စေချင်မိတာပါပဲ။ (နရီမိုး)

နောင်ချို တောင်ခမ်းညနေအခြေအနေ..! ကားလမ်းပေါ်တက်လာတယ်… လေယာဉ်ပစ်စက်သေနတ် 37 mm စာမိတယ်…။ ယာပြင်ဘက်မှာလည်း တော်တော်ထိကုန်တယ်။ နောင်ချိုဘက်လမ်းကနေ ၉၀၂ ခြံစည်းရိုးဘက်ကိုကပ်ဖို့လာတယ် … ကာကင်းနဲ့တွေ့ပြီး ထပ်ပြီးလန်ကျတယ်။ လောလောဆယ် အားရစရာဘဲ… ဒါပေမဲ့ ရန်သူဟာ နောက်တစ်ကြိမ်အင်အားစုဖွဲ့ပြီးပြန်လာမှာဖြစ်သလို မိမိဘက်ကလည်း လိုအပ်တာဖြည့်ဆည်းပေးသင့်တယ်။ တောင်ခမ်းကျလို့မဖြစ်ဘူးး ဒီတစ်ရက် တစ်ထောင်နဲ့ မနိုင်ရင် နောက်ရက် နှစ်ထောင်လာလိမ့်မယ် နောက်ရက်နှစ်ထောင်နဲ့ မနိုင်ရင်  အဲ့ထက်အဆများစွာနဲ့လာလိမ့်မယ် ရမခ တစ်ခွင်မှာ အာ့လိုနဲ့  အခိုင်အမာကုန်းတွေလက်လွတ်ခဲ့ရတာ မပေါ့စေချင်ဘူး လူလက်နက်အင်အားဖြည့်နိုင်သမျှ ဖြည့်တင်းထားစေချင်တယ် လိုအပ်တာဖြည့်ပီး သူတို့ LOCလမ်းကြောင်းကိုလဲ ကိုယ်ကဦးအောင်ဖြတ်တောက်ဖို့လိုတယ် တောင်ခမ်းကျရင် ဒုတ္ထဝတီကိုရန်သူစိုးမိုးမယ် ဒုတ္ထဝတီကိုရန်သူရရင် ကျောက်ဆည်လွင်ပြင်အထိရန်သူရောက်လာလိမ့်မယ်။ https://t.me/privatephoehtaung

သံတွဲမြိုနှင့် ဂွမြို့နယ် အကြား ကားလမ်းပေါ်မှ တံတား တစ်စင်းဖြစ်သည့် ချင်းကွင်းတံတားပါသွားပါပြီ။ ဂွကို တက်လာကြလိမ့်မယ်။ ခလရ ၅၁ စက၁ ပြန်ဆုတ်ပေးလိုက်ရပါတယ်။ ဒရုန်းဂန်းတစ်လက်ပါသွားတယ်။ ကိုယ့်ဆီကဒရုန်းဂန်းနဲ့ ကိုယ့်ဒရုန်းကို အကဖ ကပစ်ချတယ်။ သူတို့ရသွားပါတယ်။ https://t.me/privatephoehtaung

Repost from Aung Moe Kyaw
ဒီညတောင်ခမ်း ၉၀၂ အမြှောက်တပ်ကို ထပ်တိုက်ဖို့ နောင်တော နဲ့ ယာပြင်မှာ ထပ်ပြီး လူအင်အား စုဖွဲ့နေပါတယ်။ #AungMoeKyaw

ဒီညတောင်ခမ်း ၉၀၂ အမြှောက်တပ်ကို ထပ်တိုက်ဖို့ နောင်တော နဲ့ ယာပြင်မှာ ထပ်ပြီး လူအင်အား စုဖွဲ့နေပါတယ်။ https://t.me/privatephoehtaung

နွားထိုးကြီး ပဒက်တွေ ခွေးပြေးဝက်ပြေး ပြေးရပြီဖြစ်ကြောင်း အနီကြောင်မီဒီယာမှာ ဝန်ခံလိုက်ပါပြီ။ https://t.me/privatephoehtaung
နွားထိုးကြီး ပဒက်တွေ ခွေးပြေးဝက်ပြေး ပြေးရပြီဖြစ်ကြောင်း အနီကြောင်မီဒီယာမှာ ဝန်ခံလိုက်ပါပြီ။ https://t.me/privatephoehtaung