ar
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

الذهاب إلى القناة على Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

إظهار المزيد
8 225
المشتركون
-324 ساعات
-387 أيام
-14030 أيام
أرشيف المشاركات
လားရှိုးသတင်း 🔸 ၁၉ရက်နေ့၊ ၂၀ ရက်နေ့ လားရှိုးကို ထိုးစစ် တစ်ဆင့်မြှင့်ပြီး နောက်ဆုံးအဆင့်နဲ့ ထိုးစစ်ဆင်မယ်ဟု သိရှိရပါသည်။ 🔸 တပ်မတော်သားများ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သတိရှိစေလိုပါသည်။ 🔸 Drone ဖြင့် မြို့ပတ်လည်း အမြဲကင်းထောက်ပါ။ https://t.me/privatephoehtaung

ဟိုပိတ်ရွာနဲ့ မြို့ရှောင်လမ်းဆုံဘက်မှာ MNDAA TNLA အင်အား အလွန့်အလွန် အများအပြား ရောက်နေပြီ။ လားရှိုးမြို့ကို တောင်ဖက်ရော မြော
ဟိုပိတ်ရွာနဲ့ မြို့ရှောင်လမ်းဆုံဘက်မှာ MNDAA TNLA အင်အား အလွန့်အလွန် အများအပြား ရောက်နေပြီ။ လားရှိုးမြို့ကို တောင်ဖက်ရော မြောက်ဖက်ပါ ညှပ်ပြီးတိုက်ဖို့ ကြံစည်နေပုံပါ။ https://t.me/privatephoehtaung

ဇူလိုင်လ ၁၉ ရက် ၂၀၂၄ လားရှိုးမြို့တိုက်ပွဲအခြေအနေပြင်းထန်လာ လားရှိုးမြို့အဝင် မုခ်ဦးအနီး ၄၁ တပ်အထိ ရောက်လာတိုက်ပွဲ ပြင်းထန်နေပါတယ်။ https://t.me/privatephoehtaung

Repost from Myawady Media
ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူ https://myawady.net.mm/node/52124
ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူ https://myawady.net.mm/node/52124

ရွာငံ ဂျိုးဖြူ PDF စခန်း ကို တပ်မတော် စီးနင်းသိမ်းပိုက်လိုက်ပါနယ်။ အကြမ်းဖက် များ ခြေဦးတည့်ရာထွက်ပြေးသွားပါပြီ။ https://t.me/
ရွာငံ ဂျိုးဖြူ PDF စခန်း ကို တပ်မတော် စီးနင်းသိမ်းပိုက်လိုက်ပါနယ်။ အကြမ်းဖက် များ ခြေဦးတည့်ရာထွက်ပြေးသွားပါပြီ။ https://t.me/privatephoehtaung

နယ်မြေစိုးမိုးမှုဆိုတာ အဲ့ဒါပဲ။ မြို့ပေါ်က စခန်းတွေမှာပဲ ခံစစ်ပြင်နေရင်တော့ ငွေရပေါက်လမ်းတွေ တစ်ဖက်အဖွဲ့အစည်းတွေဆီ ပါကုန်တော့
နယ်မြေစိုးမိုးမှုဆိုတာ အဲ့ဒါပဲ။ မြို့ပေါ်က စခန်းတွေမှာပဲ ခံစစ်ပြင်နေရင်တော့ ငွေရပေါက်လမ်းတွေ တစ်ဖက်အဖွဲ့အစည်းတွေဆီ ပါကုန်တော့မှာပါ။ https://t.me/privatephoehtaung

ဩဂုတ်လ တစ်ရက်နေ့ ကာလုံအစည်းအဝေးမှာ ယာယီသမ္မတ ဦးမြင့်ဆွေကို တွေ့ရမှာ မဟုတ်ဘူးလို့ ခိုင်လုံသတင်း ရရှိပါတယ်။ ယာယီသမ္မတတစ်ဦး အစားထိုးမယ်လို့ သတင်းအချို့ထွက်ပေါ်နေပါတယ်။ ဘယ်သူ့ကို ဖြစ်စေချင်လဲ အမျိုးတို့။ https://t.me/privatephoehtaung

Repost from MWD News
ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသည်။(ဇူလိုင်လ ၁၈)

ရဲစခန်းတွေ၊ ပသစစခန်းတွေဆိုတာ ပင်မ ခန္ဓာကိုယ်အတွတ် ခြေတွေ၊ လက်တွေလိုပဲ အဲဒီ ကင်းစခန်းတွေ တိုက်ခံရချိန်မှာ လျစ်လျူရှူနေခဲ့ကြတော့ ခြေ၊ လက် အကာအကွယ်မဲ့သွားတဲ့ ဂေါင်ကြီးတို့ဟာ ကိုယ့်နား ရန်သူ ရောက်လာမှာ ပြူးတူး ပြာတာနဲ့ အပူတပြင်းလုပ်နေတာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ၊ အောက်လက်ငယ်သားတွေ အရာရာ ဆုံးရှူံးဖို့ချည်းသာ။ အဲဒီကမှတဆင့် အရမ်းမနိုင်ရင်ကာဖြစ်သွားရင်တော့ ဂေါင်ကြီးတို့ဆီအထိ ထိကုန်ကြတာပဲ။ လက်အောက်ကို ကာကွယ်တာဟာလည်း ကိုယ့်ကိုကိုယ် ကာကွယ်တာပါပဲ။ ငါ့လာမထိဘူးလို့ နေသာသပနေရင် ခြေလက်ကင်းသွားတဲ့ ခန္ဓာကိုယ်လို ရန်သူက တဖြည်းဖြည်း ဂေါင်ကြီးတို့ဆီ သေချာပေါက်ရောက်လာမှာပါ။ ဗျူးအော့ဖ်ဆူး https://t.me/privatephoehtaung

1027 ဒုတိယလှိုင်းရဲ့ ရည်မှန်းချက် မြေပုံ။ Plan ချပြီးလုပ်ပုံပဲ ။ တတိယလှိုင်း မလာနိုင်အောင် ဒုတိယလှိုင်းကို ဦးချိုးပစ်ဖို့လို
1027 ဒုတိယလှိုင်းရဲ့ ရည်မှန်းချက် မြေပုံ။ Plan ချပြီးလုပ်ပုံပဲ ။ တတိယလှိုင်း မလာနိုင်အောင် ဒုတိယလှိုင်းကို ဦးချိုးပစ်ဖို့လိုပါတယ်။ https://t.me/privatephoehtaung

Geopolitics အရ ကြည့်ရင် လက်ရှိ စစ်ရေးအရ ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်နဲ့ မဟာဗျူဟာမြောက် လမ်းမကြီးဖြစ်တဲ့ မန္တလေး-မူဆယ် လမ်းတစ် လျှောက်က မြို့ကြီးတွေကိုသာ လက်လွှတ်ခဲ့ရရင် ဗဟိုအစိုးရရဲ့ အချုပ်အခြာအာဏာ သက်ရောက်မှုဟာ အတော်လေး နောင်မှာ စကားပြောလာ ဖို့ ရှိနေတာ ကို မြင်တွေ့နေရ တယ်။ (ရွေးကောက်ပွဲအရ တက်လာတဲ့အစိုးရမှာလည်း ဒီပြဿနာကြီး မလွှဲမသွေ ဖြေရှင်းရမှာပါပဲ) ---- လက်ရှိ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်နေတဲ့ ပြဿနာ/စစ်ပွဲတွေဟာ ဖက်ဒရယ်အရ ပြည်နယ် တွေကို အာဏာခွဲဝေပေးရတာမျိုးမဟုတ်ဘဲ (တနည်းအားဖြင့်) ဖွဲ့စည်းပုံမှာ ဥပဒေပြဌာန်းပြီး ပြေလည်သွားတာမျိုးမဟုတ်ဘဲ…. တပ်မတော်ဘက်က နယ်မြေဆုံးရှုံး လက်လွှတ်မှု ရှိလာလို့ အကြမ်းဖက်တွေက စိုးမိုးနယ်မြေချဲ့လာတာမျိုး ဖြစ်နေတယ်။ --- အထူးသဖြင့် မိုင်အားဖြင့် အတော်ရှည်လျားတဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတဲ့ မြန်မာ နိုင်ငံ ဟာ ရခိုင်ပြည်ကိုသာ UWSA လိုမျိုး ကွန်ဖက်ဒရိတ်ဆန်ဆန် လက်လွှတ်ခဲ့ရရင်… ဆုံးရှုံးမှု အတော်လေး ကြီးမားပါလိမ့်မယ်။ လက်ရှိ နယ်ခြားစောင့် ရဲစခန်းတွေအပြင် ၊ ဒေသအခြေစိုက် တပ်မတော်စခန်းတွေပါ ဒီဒေသကနေ ဖယ်ပေးခဲ့ရရင် …အနာဂတ် ပြည်ပရန်အတွက် အတော်လေး နောင်မှာ ပြဿနာရှိလာနိုင်မယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။ ဥပမာ စီးပွားရေးအရ ငပလီလိုကမ်းခြေနေရာမျိုးကို လက်လွှတ်ပေးရ တာမျိုးက နောင်အစိုးရတွေအနေနဲ့ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ AA အနေနဲ့ ငပလီလို ကမ်းခြေမျိုးကို ပိုင်ထားခဲ့ရင်တောင် လူမျိုးစွဲ ကြီးတဲ့ အခြေခံစိတ်နဲ့တင် ပြည်တွင်းက ခရီးသွားလည်း မျှော်မှန်းနိုင်မှာမဟုတ်သလို ဗဟိုအစိုးရ ကို ကျော်လွန်ပြီးတော့လည်း နိုင်ငံတကာ ခရီးသွားတွေကိုလည်း မျှော်လင့်နိုင်စရာ အကြောင်းမရှိပါဘူး။ --- တဆက်တည်း သတင်းတွေမှာ တွေ့နေရတာက မတ္တရာမြို့နယ်ထဲက သန်း ၂၀၀ ကျော် တရုတ်ရင်းနှီးမြုပ်နှံ့ထားတဲ့ ဘိလပ်မြေစက်ရုံကို မန်း PDF တွေ သိမ်းပိုက်သွားတဲ့ ဖြစ်စဉ်ပါ။ ရခိုင်ကနေ မျဉ်းအဖြောင့်ဆွဲလိုက်ရင် မူဆယ်အထိ တိုက်ရိုက်ပေါက်တဲ့ မဟာဗျူဟာမြောက်လမ်းမကြီးကို အစိုးရနဲ့ Proxy လက်နက်ကိုင်တပ်ဖွဲ့ ကို အချိုးကျ စီးပွားရေးပုံစံမျိုးနဲ့ ထိန်းချုပ်ဖို့ တရုတ်ကြိုးစားနေတာ သေချာနေပြီလားလို့တောင် တွေး ရမလိုပါပဲ။ --- လောက်ကိုင်နဲ့ သိန္ဓီကို တပ်မတော်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြည်သူ တွေ ဘက်က ဝမ်းသာ အားရရှိတာ တွေ့ရတယ်။ လားရှိုး၊ ကျောက်မဲနဲ့ နောင်ချိုက စစ်ရှောင်တွေ အိမ်ပြန်ခွင့်ရဖို့ဆိုတာ တစ်ဖက်ဖက်က အနိုင်တိုက်လိုက်မှ ရမယ်ဆိုတဲ့ အတွေးမျိုး ရှိလာ နေတာ ဆန်းတော့ မဆန်းဘူး။ နိုင်ငံတော်အလံကို တောင် ခွေးကို ခြုံပေးတဲ့ ကိုးကန့် တွေဟာ ပြည်ထောင်စုရဲ့ အစိတ်အပိုင်း ဘယ်လိုမှ မဖြစ်သင့်ဘူး။ ဒီလိုပဲ နမ့်ဆန်နဲ့ မန်တုံ နှစ်မြို့နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးထားပြီး ပအောင်/တအာင်းတွေအနေနဲ့ ရတနာထွက်တဲ့ မိုးကုတ်ကို ဖင်ခုထိုင်ချင်လို့ နယ်မြေချဲ့နေတာကိုလည်း ဘယ်လိုမှ လက်သင့်ခံပေးစရာအကြောင်းမရှိဘူးလို့ မြင်မိတယ်။ --- လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ EAOs အရေခြုံပြီး ပြည်ပလွှမ်းမိုးမှုနဲ့ နယ်မြေချဲ့နေတဲ့ စစ်ပွဲတွေ ဖြစ်လာတာတွေ့ရတယ်။ အချုပ်အခြာအာဏာ ဆုံးရှုံးမှုနဲ့ ပြည်ထောင်စု ပြိုကွဲဖို့ အထိ အကျိုးသက်ရောက်မှု များစေတာမို့ ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်မှသာ ဒီအန္တရာယ်တွေကို ကာကွယ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။ (နရီမိုး)

Repost from View of Sue
သံတွဲမြို့ထဲ ဝင်နိုင်ပြီဆိုတော့ ဘွားတော်အိမ်သွားပြီး အောင်ပွဲခံ ဓာတ်ပုံရိုက်ပြီး စွရှက်ခွဲတာ မြင်ချင်သည်။

Repost from SittNweOo
လားရှိုး ရမခ၅၀၇ တပ်အခြေနေကတော့ သူလုံးကိုယ်လုံးဘဲ နားလိုက် တိုက်လ်ုက်ဘဲ ခွေးကန့်တွေ ဘက်က အကျဆုံး အရမ်းများတယ် လူဆွဲပြီး ပြန်လာတိုက်လိုက် ပြန်ပြေးလိုက်ဘဲ ၅၀၇အဖွဲ့တွေ စိတ်ဓာတ်မာတယ် ရန်သူထက် ပိုမိုက်တယ် ရန်သူကတောင် အံ့အားသင့်ပြီး တုန်လှုပ်ရလောက်တဲ့ အထိ မိုက်ရူးရဲဆန်တယ် ဘယ်လောက် တိုက်တိုက် တချက် စိတ်ဓာတ်မကျဘဲ တက်လာတိုင်း ဗျင်းလွှတ်တာ အဲ့ဒီလို စိတ်ဓာတ် ကြံ့ခိုင်တဲ့ ဖိုက်တာတွေ ရှိတဲ့ တပ် ရန်သူကသာ စိတ်ဓာတ် ကျဆင်းလာတဲ့အတွက် မိမိတို့တပ်တွေ စိတ်ဓာတ်ကျမလားလို့ တဖက်ကနေ မီဒီယာဆိုက်၀ါးနဲ့ စိတ်ဓာတ် စစ်ဆင်ရေးတွေ အသဲသန် လုပ်ဆောင်နေတယ် အဲ့ဒါလေးကို သတိပြုကြပါ လခရတို့ ခင်ဗျတို့ မရှုံးဘူး ခင်ဗျတို့နိုင်နေလို့ ရန်သူက စိတ်ဓာတ် စစ်ဆင်ရေးကို အရမ်းလုပ်နေကြတယ် #SittNweOo

သာသနာရေးနှင့် သစ်တောဝန်ကြီးဦးမင်း‌အောင်လှိုင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားတက်ရောက် နေပြည်တော်၊ ဇူလိုင်
+1
သာသနာရေးနှင့် သစ်တောဝန်ကြီးဦးမင်း‌အောင်လှိုင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားတက်ရောက် နေပြည်တော်၊ ဇူလိုင် - ၁၇ ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် သစ်တောဝန်ကြီး ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။ https://t.me/privatephoehtaung

+1
ရန်သူက ရှော့တိုက်ဒုံးနဲါ ပစ်နေတာ မဟုတ်ပဲ Type-63 MLRS ဒုံးပစ် သုံးပြီး ပစ်နေတာပါ။ တရုတ်ကထုတ်တဲ့ ဒုံးစနစ်။ ဘယ်ကရလဲဆိုတာကတော့..... https://t.me/privatephoehtaung

ဒီနေ့ စစ်ဆေးရုံရောက်လာတဲ့ EA သုံးပုံနှစ်ပုံလောက်က ၅၀၇ ကာကင်းကုန်းကချည်းပဲ။ လည်--ပင်းကနေ ဖော--က်၀င်‌တယ် နှုတ်--ခမ်းတစ်--ခြမ်း
ဒီနေ့ စစ်ဆေးရုံရောက်လာတဲ့ EA သုံးပုံနှစ်ပုံလောက်က ၅၀၇ ကာကင်းကုန်းကချည်းပဲ။ လည်--ပင်းကနေ ဖော--က်၀င်‌တယ် နှုတ်--ခမ်းတစ်--ခြမ်း ပွင့်--တယ် ခြေဖဝါးကို ၇.၆၂ ဖြတ်မှန်တယ်။ မဆုတ်နဲ့ဆိုတဲ့ အမိန့်တစ်ခုအောက် မိုက်ပြတဲ့ လူမိုက်တွေချည်းပဲ။ လားရှိုးတိုက်ပွဲဟာ အောင်ကို အောင်ပါလိမ့်မယ်။ သမိုင်း၀င်ပါလိမ့်မယ်။ နေ၀န်းနီသိက္ခာကို ပြန်မြှင့်ကြပါလိမ့်မယ် 🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 https://t.me/privatephoehtaung

တပ်မတော်ချစ်သူ လူငယ်များအတွက် ဗိုလ်သင်တန်းတွေ ထပ်ခေါ်ပါပြီ။ https://t.me/privatephoehtaung
+3
တပ်မတော်ချစ်သူ လူငယ်များအတွက် ဗိုလ်သင်တန်းတွေ ထပ်ခေါ်ပါပြီ။ https://t.me/privatephoehtaung

နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ်ကွယ်လွန် အဆိုတော် စိုင်းဆိုင်မောဝ် ဟာ ယနေ့ ဇူလိုင်လ ၁၇ ရက် ညပိုင်း ၇ နာရီကျော်လောက်က အ
နိုင်ငံကျော် တေးသံရှင် စိုင်းဆိုင်မောဝ်ကွယ်လွန် အဆိုတော် စိုင်းဆိုင်မောဝ် ဟာ ယနေ့ ဇူလိုင်လ ၁၇ ရက် ညပိုင်း ၇ နာရီကျော်လောက်က အင်းစိန်မြို့နယ် ကောင်း အထူးကုဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

“ရှမ်းမြောက်ဆုံးရူံးနယ်မြေဖြစ်တော့မှာလား” ခရိုင်(၇)ခု၊မြို့နယ်(၂၃)ခုဖြင့်စုဖွဲ့ထားတဲ့ရှမ်းပြည်မြောက်ပိုင်းဟာ ၂၀၂၁ခုနှစ်နောက်ပိုင်း၂၀၂၃ခုနှစ်၊ အောက်တိုဘာ(၂၇)ရက်နေ့စပြီး “၁၀၂၇စစ်ဆင်ရေးပထမပိုင်း”ကို ဦးဆောင်သည့်ညီနောင်မဟာမိတ်မျောက်(၃)ဖွဲ့ကတပ်စခန်း/မြို့သိမ်းတိုက်ပွဲတွေကြောင့်ပထမပိုင်းနဲ့တင်ကိုးကန့်ဖက်ကမြို့(၈)ခု၊တအာင်းဖက်ကမြို့(၇)ခုသိမ်းပိုက်ထားနိုင်ခဲ့ပြီ… ကိုးကန့်သိမ်းထားတဲ့မြို့တွေကတော့လောက်ကိုင်၊ကုန်ကြမ်း၊ ချင်းရွှေဟော်၊ကွမ်းလုံ၊သိန္နီ၊ပန်ဆိုင်း၊မုန်းကိုး၊ဖောင်းဆိုင်(၈)မြို့ဖြစ်ပြီးတအာင်းတကတော့နမ့်ဆန်၊မန်တုံ၊နမ့်ခမ်း၊ကွတ်ခိုင်၊နမ္မတူ၊မိုင်းငေါ့၊မိုင်းလုံ(၇)မြို့ဖြစ်သည်။ဒါ့အပြင်ညီနောင်(၃)ဖွဲ့စုပေါင်းသိမ်းပိုက်ထားတဲ့ဟိုပန်နဲ့ပန်လုံမြို့နှစ်ခုပေါင်းလိုက်ရင်(၁၇)မြို့၁၀၂၇ပထမပိုင်းမှာတင် ညီနောင်(၃)ဖွဲ့သိမ်းသွားနိုင်ခဲ့ပြီ… ၂၀၂၄ခုနှစ်၊ဇွန်(၂၅)ရက်နေ့စလို့တအာင်းဦးဆောင်တဲ့မဟာမိတ်တပ်တွေက“၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်း”ကိုစတင်ခဲ့ပြီးတပါတ်အကျော် ဇူလိုင်(၃)ရက်နေ့မှာကိုးကန့်ဦးဆောင်တဲ့မဟာမိတ်တပ်တွေကလည်းလားရှိုးမြို့စစ်ဆင်ရေးစတင်ပါတော့တယ်။ ဒုတိယစစ်ဆင်ရေးကြည့်တဲ့အခါ တအာင်းဦးဆောင်တဲ့စစ်ဆင်ရေးနယ်မြေ‌တွေက“ကျောက်မဲ၊နောင်ချို၊မိုးကုတ်၊မိုးမိတ်၊သီပေါ”အားလုံးပေါင်း(၅)မြို့နဲ့ကိုးကန့်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကရမခတည်ရှိရာ“လားရှိုးမြို့ကြီး”ကိုစစ်ဆင်ရေးနယ်မြေသတ်မှတ်ထားပါတယ်။ ၂ပါတ်ကျော်ဝန်းကျင်ဒုတိယပိုင်းစစ်ဆင်ရေးဟာတအာင်းနှင့်ပူးပေါင်းအဖွဲ့တွေကနောင်ချိုမြို့ကိုဇူလိုင်(၁၀)ရက်နေ့မှာအပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီ။ကျန်ရှိနေတဲ့ မြို့(၄)ခုကိုလည်းဝိုင်းပိတ်ဆို့ထားပြီးတပ်တွေထွက်ပေါက်မရှိလောက်တဲ့အခြေအနေဖြစ်နေရပါတယ်၊ကိုးကန့်ဦးဆောင်တဲ့မဟာမိတ်တွေလည်းလားရှိုးမြို့ကြီးကိုဇူလိုင်(၃)ရက်နေ့စလို့ယနေ့ထိတပ်စခန်းကြီးတွေတစ်ခုပြီးတစ်ခုသိမ်းပိုက်ထားနိုင်သလိုလားရှိုးမြို့ ပါတ်ပါတ်လည်ကိုပိတ်ဆို့နေရာယူထားနိုင်ဖို့ကြိုးစားနေပါပြီ၊ဒါတွေက၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်းအခြေအနေတွေပါ။ ထူးခြားတာကရှမ်းတောင်အစပ်မှာရှိတဲ့တန့်ယန်းနဲ့မိုင်းရယ်မြို့၂ခုကို “ဝ”ဦးဆောင်တဲ့မဟာမိတ်အဖွဲ့တွေကသေနတ်တစ်ချက်ဖောက်စရာမလိုဘဲဝင်ထိန်းချုပ်သွားနိုင်ပြီးနောက်ကွယ်မှာဘယ်လိုပဲအပေးအယူတွေရှိနေပါစေသေချာတာကဒါဟာနစကဖက်ဗိုက်နာနေပြီဆိုတာမှတ်ချက်ပေးလို့ရပါတယ်… “၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်း” ဟာရှမ်းမြောက်သာမကရှမ်း-မန်း စစ်ဆင်ရေးလို့ခေါ်တဲ့မန္တလေးတိုင်းထဲကစဉ့်ကူး၊မတ္တရာနဲ့သပိတ်ကျင်းအထိMDY-PDFဦးဆောင်အဖွဲ့တွေအရေးကြီးဗျူဟာတပ်စခန်းအများအပြား(၂၈ခု)သိမ်းသွားနိုင်ခဲ့တာပါဘဲ။ ၁၀၂၇စစ်ဆင်ရေးပထမပိုင်းမှာရှမ်းမြောက်ဖက်ရပ်ခဲ့ရပေမယ့်ရခိုင်ပြည်ဖက်မှာတော့စစ်ဆင်ရေးတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်ယနေ့အထိဆိုရင်ရခိုင်ပြည်နယ်တစ်ခုလုံးဟာလွတ်မြောက်နယ်မြေဖြစ်လုနီးပါးအနေအထားရောက်တော့မယ်၊သိမ်းစရာမြို့နဲ့တပ်စခန်းတွေ သိပ်မကျန်တော့ပါဘူး။ထို့နည်းတူပဲ ရှမ်းမြောက်မှာရှိတဲ့မြို့နဲ့တပ်စခန်းတွေလည်းသိမ်းစရာသိပ်မကျန်တော့ပါဘူး။မဘိမ်းမြို့ဆိုရင်လည်း စစ်ဆင်ရေးပထမလှိုင်းတုန်းကKIA ဦးဆောင်တဲ့မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ထားခဲ့သလိုကျန်ရှိတဲ့မူဆယ်၊လားရှိုး၊သီပေါ၊ကျောက်မဲ၊မိုးကုတ်အရှေ့ပိုင်းနဲ့မိုးမိတ်မြို့တွေကိုလည်းဝိုင်းပါတ်ပိတ်ဆို့ထားနိုင်နေပါပြီ။ တော်လှန်ရေးအဖွဲ့တွေစုစည်းမှုအားကောင်းကောင်းနဲ့ဗျူဟာကျကျထိုးစစ်တွေဆက်တိုက်ချလိုက်မယ်ဆိုရင်ရှမ်းမြောက်ဟာ“၁၀၂၇ စစ်ဆင်ရေးဒုတိယအပိုင်း”နဲ့တင် လွတ်မြောက်နယ်မြေဖြစ်သွားနိုင်တော့မယ့်အနေအထားပါဘဲ။ ဒီအချိန်မှာဒုတိယပိုင်းထိုးစစ်တွေကိုစဥ့္ကူး၊မိုးကုတ်ဖက်လိုအမြီးလှန်ချိုးနိုင်ရင်တော့၊မွမွကြေချေမှုန်းနိုင်ရင်တော့မျိုးတုန်းပြီဘဲ... (၂၀၂၄ခုနှစ်၊ဇူလိုင်၁၆ရက်နေ့) ထရုမီဒီယာ

တန့်ယန်း UWSA တာဝန်ခံပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ငါတို့"ဝ"တပ်ဖွဲ့တွေအနေနဲ့ တန့်ယန်းပြည်သူတွေကို လာပြီးကာကွယ်ပေးတာပါ ငါတို့လာပြီး စစ်တိုက်တာမဟုတ်ပါဘူး ပြည်သူ အားလုံးစိတ်ချလက်ချ နေကြပါ သွားစရာရှိတာ ပုံမှန်သွားလာပုံမှန်စားသောက်ကြပါ ဘာမှစိတ်ပူစရာမရာမရှိပါဘူး ကျနော်တို့ရဲ့ ဗဟိုကကျနော်တို့ကို တန့်ယန်းပြည်သူတွေရဲ့လုံခြုံရေးကို လာပြီးကာကွယ်ခိုင်းထားတာကြောင့် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ ဂရုစိုက်စရာမလိုပါဘူး လားရှိုးမြို့ကြီးငြိမ်သက်သွားတာနဲ့အမျှ ကျနော်တို့ ချက်ခြင်းပြန်ကြမှာမို့ ပြည်သူ အားလုံးစိတ်ချလက်ချနေကြပါဟူ၍ ပြောသွားပါတယ်.. https://t.me/privatephoehtaung