တပ်သားလေး ဖိုးထောင် 🇲🇲🪖
前往频道在 Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
显示更多8 225
订阅者
-324 小时
-387 天
-14030 天
帖子存档
+1
နောင်ချိုတိုက်ပွဲမှာ တပ်မတော်ရဲ့ အဆင့်အမြင့်ဆုံး ဒရုန်းလို့ဆိုနိုင်တဲ့ ရုရှားထုတ် Orlan-10E UAV ထောက်လှမ်းရေး ဒရုန်း ၆ စီး သိမ်းဆည်းမိတယ်လို့ သောင်းကျန်းသူတွေက ပုံနှင့်တကွထုတ်ပြန်လာပါတယ်။
Orlan-10E တစ်စီးကို ဒေါ်လာ 8 သောင်းကနေ 1 သိန်း ပတ်ဝန်းကျင်တန်ဖိုးရှိပါတယ်။ ဒုံးတပ်ရင်းမှာ တာဝေးသွားနိုင်၊ အချိန်ကြာကြာပျံနိုင်၊ ပစ်မှတ်ရှာနိုင်ဖို့ IR camera တွေပါတဲ့ Orlan-10 ဒရုန်းတွေ တွဲဖက်ထားပြီး ပစ်မှတ်ရှာ၊ အတည်ပြုပြီး၊ ပစ်ခတ်ဖို့သုံးပါတယ်။ ပစ်ပြီးတာနဲ့ ပစ်မှတ်အပေါ် ထိချက်ကောင်းမကောင်း good effect ရမရ ချက်ချင်း ကြည့်ပေးနိုင်ပါတယ်။
၆ စီးပါသွားတော့ ဆုံးရှုံးမှုကြီးပါတယ်။ ရန်သူက ပြန်အသုံးပြုနိုင်ချေလဲ ရှိပါတယ်။
https://t.me/privatephoehtaung
လားရှိုး အခြေအနေကို သိချင်နေတဲ့ မိတ်ဆွေများခင်ဗျာ ။
၁၉ရက်နေ့က သောင်းကျန်းသူမှ အင်အား အလုံးအရင်းနဲ့ ဝင်ရောက် ထိုးစစ်ဆင်ပါတယ်။ သို့သော် ဘယ်လိုမှ မဖောက်နိုင်ဘဲ အလဲလဲ အကွဲကွဲနဲ့ အသက်ရှင်လျက် ပြန်သွားနိုင်သူ အရမ်းနည်းပါတယ်။
ဘယ်လောက်အထိ အထိနာသွားသလဲဆိုရင် ဒီနေ့ တစ်ဖက်သတ် အပစ်ရပ်ပါတယ်ဆိုပြီး စာထုတ်ပြန်ရတဲ့အထိပါပဲ။ တပ်မတော်မှ မြို့ပြင်ဘက်မှာ ကောက်သင်း လိုက်ကောက်နေတယ်လို့ သိရပါတယ်။
မြို့ထဲမှာလည်း တည်ငြိမ်လျက်ရှိပါပြီ။ လာသူလာ ၊သွားသူသွား ၊ ဈေးသည် ဈေးဝယ် သူ့ဟာနဲ့သူ လုပ်ကိုင်လျက်ပါ။
ဒါကတော့ မြေပြင် အရှိတရားပါပဲ ။ နီပိတ်တို့ ရပ်ကွက်မှာ နိုင်နေရင်တော့ မပြောတတ်ပါ။
Myanmar News
https://t.me/privatephoehtaung
လားရှိုး အခြေအနေကို သိချင်နေတဲ့ မိတ်ဆွေများခင်ဗျာ ။
၁၉ရက်နေ့က သောင်းကျန်းသူမှ အင်အား အလုံးအရင်းနဲ့ ဝင်ရောက် ထိုးစစ်ဆင်ပါတယ်။ သို့သော် ဘယ်လိုမှ မဖောက်နိုင်ဘဲ အလဲလဲ အကွဲကွဲနဲ့ အသက်ရှင်လျက် ပြန်သွားနိုင်သူ အရမ်းနည်းပါတယ်။
ဘယ်လောက်အထိ အထိနာသွားသလဲဆိုရင် ဒီနေ့ တစ်ဖက်သတ် အပစ်ရပ်ပါတယ်ဆိုပြီး စာထုတ်ပြန်ရတဲ့အထိပါပဲ။ တပ်မတော်မှ မြို့ပြင်ဘက်မှာ ကောက်သင်း လိုက်ကောက်နေတယ်လို့ သိရပါတယ်။
မြို့ထဲမှာလည်း တည်ငြိမ်လျက်ရှိပါပြီ။ လာသူလာ ၊သွားသူသွား ၊ ဈေးသည် ဈေးဝယ် သူ့ဟာနဲ့သူ လုပ်ကိုင်လျက်ပါ။
ဒါကတော့ မြေပြင် အရှိတရားပါပဲ ။ နီပိတ်တို့ ရပ်ကွက်မှာ နိုင်နေရင်တော့ မပြောတတ်ပါ။
Myanmar News
https://t.me/privatephoehtaung
Repost from မင်းခေါင်
သူပုန်တွေ သိမ်းထားတဲ့ ဒေသက တံတားတွေဖျက်ဆီးပေးပါ
-
(မြန်မာပြည်သူတွေရဲ့ တောင်းဆိုသံ)
ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက်ပြနေပြီ။ ဂွမ်မော်တို့အတွက် မျက်ရည် ၃ စက် 😂
https://t.me/privatephoehtaung
Repost from ဖုံးကွယ်မှုမရှိသောသတင်းမှန်များ
သူပုန်တွေသူတို့ လက်နက်နဲ့ရိက္ခာဖြည့်ဖို့အချိန်ရအောင် တရုတ်နာမည်ထုတ်သုံးတဲ့အကွက်ပါ ရိုးနေပြီ။တရုတ်တောင်းဆိုတာနဲ့ စစ်ပွဲကရပ်လို့မရဘူး
စစ်ပွဲကို ရပ်ချင်ရင် လာရှိုးကိုလာတိုက်ပြီး နယ်ချဲ့နေတဲ့ MNDAAတပ်တွေအကုန် ပြန်ဆုတ်ပေးမှရမယ်။မဆုတ်ပေးရင်တော့ တိုက်ထုတ်ပစ်ရမှာပဲ
တိုက်ပွဲသတင်း (လားရှိုး)
ဇူလိုင် ၁၉ ရက်နေ့က လားရှိုးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်နေသော စစ်ကြောင်းသည် အောင်သစ္စာရွာအတွင်း ရှင်းလင်းရေးလုပ်စဉ် MNDAA/TNLA အကြမ်းဖက် ၅၀ ဦးခန့်နှင့် ၂ ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် -
(၁) အကြမ်းဖက် ၂ လောင်း
(၂) RPG ၁ လက်
(၃) စက်လတ် ၁ လက်
(၄) Ak ၁ လက်
(၅) M-22 ၃ လက်
(၆) Type-81 ၁ လက်
(၇) ပစ္စတို ၁ လက်
(၈) လက်ပစ်ဗုံး ၇ လုံး
(၉) ကျည်မျိုးစုံ ၁၀၀၀ ခန့်
(၁၀) အိုင်ကွန် ၁ လုံး
(၁၁) မော်တော်ယာဉ် ၁ စီး
သိမ်းဆည်းရရှိခဲ့ကြောင်း သိရပြီး မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့ပါသည်။
https://t.me/privatephoehtaung
ဟားခါး အချူပ်သားများ လက်နက်တိုက် ဖောက်ပြေး ရဲ ၃ ဦးပါလည်လှီးသတ်သွားဟု ကနဦးသတင်းရရှိပါတယ်။
https://t.me/privatephoehtaung
+3
မန္တလေးမှ ၂ နာရီခရီး၊ မိုင် ၆၀ သာဝေးတဲ့ စဉ့်ကူးမြို့ရဲ့ အခြေအနေ
လပခတိုင်း လူဖမ်းတာပဲ တော်တယ်။ စစ်တိုက်ညံ့တယ်လို့ ဖိုးထောင် ဝေဖန်ရင် စိတ်ဆိုးကြမလားမသိ။
စဉ့်ကူးကို သောင်းကျန်းသူတွေ ပိတ်ဆို့ တိုက်ခိုက်နေတာ ရက်ရှည်နေပြီ။ စစ်ကူစစ်ကြောင်းပို့ပေးနိုင်တာ မရှိဘူး။ လပခ နယ်မြေထဲက တပ်တွေ ထုတ်နှုတ်၊ ပသစတွေနဲ့ပေါင်းပြီး စစ်ကြောင်းတစ်ကြောင်းဖွဲ့ဖို့ မခက်ပါဘူး။ မန်းတိုင်းက ပသစ အင်အားအကောင်းဆုံး တိုင်းတစ်ခုပါ။
လေကြောင်းအကူဆိုတာ ခေါင်းပေါ်ဝဲနေတုန်းပဲ ထိရောက်တာ။ ပြန်သွားရင် ပြီးပြီ။ တစ်နိုင်ငံလုံး တိုက်ပွဲပြင်းထန်နေချိန် လေကြောင်းကလဲ ကူမနိုင်ဖြစ်နေပြီ။ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ဖို့တောင် အချိန်မရလို့ ခဏခဏပျက်ကျနေကြတာ မျက်မြင်ပဲ။
မန္တလေးမြို့ပေါ်တော့ အကြမ်းဖက်အားပေးတွေ ဖမ်းဆီးတာတော့ အလွန်တော်ပါတယ်။ ငြိမ်ဝပ်နေအောင် လုပ်နိုင်လို့ ချီးကျူးရမှာပါ။ ဒါပေမဲ့ စစ်တိုက်ဖို့လဲ လိုပါတယ်။ တိုင်းမှူးရော ရာထူးတိုးသွားတဲ့ ကစထ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး စစ်တိုက်ပေးကြဖို့ ဖိုးထောင် မေတ္တာရပ်ခံပါတယ်။
https://t.me/privatephoehtaung
ပြည်ဖျက်မီဒီယာ အာဘော်အတိုင်းသာ ကူးတင်ထားပါသည်။
—————
မန္တလေးနန်းတွင်း အနောက်ဘက်ဝင်ပေါက်က သမိုင်းဝင် အာဠာဝီတံတားကို တပ်မတော်မှ လုံခြုံရေးအကြောင်းပြချက်နဲ့ဖျက်ဆီး
ဇူလိုင်လ ၂၀
မန္တလေးမြို့၊နန်းတွင်းထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်က မန္တလေးနန်းတွင်း အနောက်ဘက်ဝင်ပေါက် သမိုင်းဝင် အာဠာဝီတံတားအား လုံခြုံရေးအရဟုဆိုကာ ဘူဒိုဇာတွေ ဘတ်ဟိုးတွေနဲ့ ဖျက်ဆီးပစ်လိုက်ပြီလို့ မြို့ခံတွေထံကနေသိရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၁၇ရက်နေ့က ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး စဉ့်ကူးနဲ့မတ္တရာမြို့များအား သကသတော်လှန်ရေးတပ်များမှ တိုက်ခိုက်နေချိန် လုံခြုံရေးအရဟုဆိုကာ ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။
အာဠာဝီတံတားဟာ ရှေးမြန်မာဘုရင်များလက်ထက်၊လူသေများ၊ကွက်မျက်ခံထားရသူများအား အပြင်ကိုသယ်ထုတ်တဲ့တံတားဖြစ်ပြီး အမင်္ဂလာတံတားလို့ ခေါ်ဝေါ်ကြပြီး သမိုင်းဝင်ရှေးဟောင်း အမွေအနှစ်တံတားတခုဖြစ်ပါတယ်။
https://t.me/privatephoehtaung
ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် အစား တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နဲ့ လူလဲ ကစားလိုက်ပါတယ်။ အခက်ခဲဆုံး အချိန် လားရှိုးရောက်လာတဲ့ တိုင်းမှူးသစ်ကြီး လက်စွမ်းတွေ စောင့်ကြည့်ကြရအောင်။
https://t.me/privatephoehtaung
လားရှိုးမြို့က စိုးရိမ်ရသော အနေအထားပါ။ အနီရောင်အဆင့်ပါ။
ယခု ၅၀၇ ရော ၄၁ ရော လုံးခံနေရတယ်။ ဒီ ၂ တပ်ကျရင် မြို့တစ်ဝက်ပါပြီ။ မြို့ထဲကိုလဲ အကြမ်းဖက်တွေ ထိုးဖောက်ဝင်ရောက်နိုင်နေပြီ။
လားရှိုးဆိုတာ နီပိန်းမြို့မဟုတ်ဘူး။ တပ်မတော်ကို ထောက်ခံကြတဲ့မြို့။ အကြမ်းဖက်အဖွဲ့အစည်းတွေကို မလိုလားတဲ့မြို့။
ဒါကြောင့် ကိုယ့်ကို ထောက်ခံတဲ့ လားရှိုးက ပြည်သူတွေကို ကာကွယ်ဖို့က တပ်မှာ လုံးလုံးတာဝန် ရှိတယ်။ ပုံမှန်ထက် ၁၀ ဆပိုတာဝန်ရှိတယ်။
SS credit - Sittnweoo
https://t.me/privatephoehtaung
ခံစစ်နဲ့ပဲ ဒီအတိုင်း ဆက်ပြီး လုံးပါးပါး ခံမလား..
တိုက်စစ်ဆင်ဖို့ အင်အား၃ဆ ထုတ်နှုတ်စုဖွဲ့ ဖို့ ခက်နေတာလား..
လာမည့်နှစ်မှာ ရွေးကောက်ပွဲကလည်း
လုပ်ချင်နေသေးတယ်ဆိုလို့ပါ ။
ရခိုင်မှာလည်း ၆မြို့ပဲ ကျန်တော့တယ် ၊
စဥ့်ကူး မတ္တရာနားလည်း အခြေမခိုင် ၊
ရှမ်းမြောက်တခွင်လည်း ကုန်သလောက် ၊
ဆုံးဖြတ်ချက် delay action နဲ့တော့
တစ်နေ့တခြား နယ်မြေကျုံ့လာတာက
အားလုံးမျက်မြင်ပါပဲ ။
ပြည်သက်ညွှန့်
19.Jul.2024;Fri
https://t.me/privatephoehtaung
လားရှိုးတစ်မြို့လုံး အကြီးအသေးသံတွေဆူညံနေပြီ။
၄၁ ကို လဲဝင်လုံးနေကြပြီ။
အကြမ်းဖက်သမားတွေမြို့ကိုစီးနင်းသိမ်းပိုက်ဖို့လုပ်နေပါတယ်။
တောင့်ခံထားကြ နေဝန်းနီမင်းသားတွေ။ တရားသောစစ် အောင်ကိုအောင်မှာပါ။
https://t.me/privatephoehtaung
လက်ပြတ် အယ်စေးဝါး ဉီးဆောင်သည့် အစည်းအဝေး ဗုံးကျဲခံရသဖြင့် ၂၀ ကျော် ဒဏ်ရာရ
==============
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက် မနက် ၁၀ နာရီကျော်တွင် ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ်တွင် အကြမ်းဖက် KNLA အဖွဲ့၊ Lion Battalion စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းမှ ခေါင်းဆောင်များ အစည်းအဝေးလုပ်မည်ဖြစ်ကြောင်း ပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ Lion Battalion စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံအပါအဝင် ၂၀ ကျော်ဒဏ်ရာရရှိကြောင်း သိရသည်။
Lion Battalion စစ်ကြောင်းမှူး လက်ပြတ် အယ်စေးဝါး ဉီးဆောင်ပြီး KNLA၊ ဂဠုန်၊ ကျားဖြူစစ်ကြောင်း ကိုယ်စားလှယ်များအား အစည်းအဝေးတက်ရန် ဖိတ်ကြားခဲ့သော်လည်း သူကိုယ်တိုင်က အစည်းအဝေးနောက်ကျသည့်တွက် လွတ်သွားပြီး ကျန်လူအများအပြား ဒဏ်ရာရသည့်အပေါ် လက်ပြတ် အယ်စေးဝါးအား မကြေမနပ် ဖြစ်နေကြကြောင်းလည်း သိရသည်။
အယ်စေးဝါး အကြောင်းပြသည့် ' လမ်းမှာ အလုပ်ကိစ္စတစ်ခုပေါ်လာလို့ ' ဆိုတဲ့ အကြောင်းပြချက်က လက်ခံနိုင်စရာမရှိ..😂😂
KNLA ၊ ဂဠုန်၊ ကျားဖြူ အဖွဲ့များနဲ့ လက်ပြတ်ရဲ့ ပွတ်တိုက်မှုကတော့ စလာတော့မည်..😁😁
အိမ်ကြက်ချင်းခွတ် ပန်းတော့မှ အသာလေးကောက်စားပြီး ကာလသားချက် ချက်လိုက်ရုံပဲ.😁
လက်ပြတ်ကတော့ တကယ့်ကောင်ပါ..အစည်းအဝေးဖိတ် သူကျတော့နောက်ကျ...
ဒါခေါင်းဆောင်တစ်ယောက် လုပ်ရပ်လား..
ကြည့်ရတာ သူကိုယ်တိုင်က သတင်းပေးလိုက်ပုံရတယ်..
နေရာအတိအကျနဲ့ ပေးတာဆိုတော့..စဉ်းစားစရာပဲ..
KNLA ဘက်ကကောင်တွေတော့ စဉ်းစားသင့်နေပြီ..
လက်ပြတ်က ယုံရ မယုံရဆိုတာ..
ဒီလိုကောင်ခေါင်းဆောင်သည့် စစ်ကြောင်းကတော့ အောင်မြင်ပါဉီးမည်..😁😁
' ဇီး ပဲအောင်မယ်..😂😂 '
Saw Ba Maung(ဒေါနမြေ)
https://t.me/privatephoehtaung
Repost from SittNweOo
တပ်က အထက်အရာရှိ ပိုင်းအချို့ကို မေတ္တာ ရပ်ခံချင်ပါတယ် အခုချိန်မှာ ကျနော်တို့ တပ်ဖွဲ့၀င်တွေ အပေါ်ကို နွေးထွေးမှုတွေ
များများပေးကြပါ သူတို့တွေ အရမ်းပင်ပမ်းကြပါတယ် တချို့ ခေါင်းကြီးပိုင်းတွေ အောက်ခြေရဲဘော်တွေ အပေါ်ကို အာဏာပြ အနိုင်ကျင့်မှုတွေ ရှိနေပါတယ်
ကျနော် မနေ့ညက ရှမ်းမြောက် တနေရာမှာ တာ၀န်ကျနေတဲ့ အက်ုတယောက်နဲ့ စကား မပြောဖြစ်တာကြာလို့ အခြေနေ ဘယ်လို ရှိလဲလို့
စကားပြောဖြစ်တယ် မထင်မှတ်ဘဲ မယုံနိုင်လောက်အောင် ကြားရတဲ့ သတင်းက ကျနော့အကိုက သူစစ်ပြေးဖြစ်သွားပြီ ဆိုပြီး ကျနော့ကို ပြောလာတယ်
ကျနော် မယုံနိုင်ဘူး ဒီအကို အကြောင်း ကျနော် အသိဆုံး ပလောင်တွေကို ၁ယောက်တည်းနဲ့ ၆ယောက်ကို အသာလေး မှောက်သွားအောင် ဗျင်းခဲ့တဲ့ ဖိုက်တာကြီး ၁ယောက် ၁၀၂၇အပစ်ခတ် ရပ်မယ်ဆိုတော့
အဲ့အကိုက လုံး၀မကြိုက်ခဲ့ဘူး လက်နက်ခဲယမ်းတာ အပြည့်ပေးထား ဒီကောင်တွေကို ပြန်တိုက်မယ် လုံး၀အပစ်ရပ်စရာ မလိုဘူးဆိုတဲ့ လူမျိုးဗျ
ကျည်၂တောင့် ချန်ထားတယ် ၁တောင့်က ဒီကောင်တွေအတွက် ၁တောင့်က ကိုယ့်အတွက် ဒီကောင်တွေ စီမီာတော့ လက်နက်မချဘူး အဖမ်းမခံဘူး ဆိုတဲ့ ခံယူချက် အရမ်းပြင်းထန်တဲ့ လူမျိုး
ပြောရရင်တော့ အရမ်းများတယ် ဘယ်လောက် စစ်သားပီသသလဲ အဖွဲ့စည်းပေါ် သစ္စာ စောင့်တည်ခဲ့သလဲ ကျနော် အသိဆုံး
အခုက အထက်လူကြီးပိုင်းနဲ့ အဆင်မပြေဖြစ်လို့ အခုလို လုပ်လိုက်တာ လို့ သိရတော့မှ ကျနော်လည်း ဘာမှ မသက်နိုင်ဘူးလေ ဒါတွေ အရမ်းများလာတယ်
တပ်ဖွဲ့၀င်တွေမှာ စစ်လည်းတိုက်ရတယ် လူကြီးတွေက အာဏာပြတာလည်း ခံရတယ် သူတို့တွေ ဘယ်ဒဏ်ခံနိုင်တော့မလဲဗျာ
အခုဒီအကိုက ကျနော့ကို ဘာပြောခဲ့လဲဆိုရင် ကျနော် ဒီကောင်တွေနဲ့ မပူးပေါင်းဘူး ဘယ်နေရာရောက်ရောက် ကျနော့အဖွဲ့စည်းပေါ် သစ္စာ စောင့်တည်လျက်လို့ ပြောခဲ့တယ်
ရန်သူသတင်းတွေ ကြားရင် တပ်ကို တနည်းနည်းနဲ့ သတင်းတွေ ပို့ပေးနေပါတယ်လို့ ပြောသွားတယ်
တခါတုန်းကလည်း လားရှိုးဘက်က တပ်သား၁ယောက် သူလည်း စစ်ပြေးပေါ့ တပ်ထဲ ပြန်လာချင်ကြောင်း အကူညီ လာတောင်းတယ် အဲ့ဒီလိုဘဲ သူနေတဲ့ တပ်ရင်းမှာ အဆင်ပြေတယ် ပြောင်းလာတဲ့ တပ်က ခေါင်းကြီးပိုင်းနဲ့ အဆင်မပြေလို့
တပ်ကပြေးတာလို့ ပြောလာခဲ့တယ် ဒါကြောင့်မလို့ မေတ္တာရပ်ခံ ပါတယ် ခေါင်းကြီးပိုင်းတိုင်း အဲ့ဒီလို မရှိဘူး တချို့ တချို့တွေပါ
#SittNweOo
ခလရ ၄၁ အား သောင်းကျန်းသူများမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပါသည်။
ယနေ့ နံနက်အစောပိုင်းမှ တိုက်ခိုက်လျက်ရှိရာ မွန်းလွဲပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်သံများ ဆက်တိုက် ကြားနေရကြောင်း သိရှိရပါသည်။
သောင်းကျန်းသူများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း Drop bomb အများအပြားချလျက် တိုက်ခိုက်ခြင်းများ ပြုလျက်ရှိကြောင်း ၊ တပ်မတော်မှ လေကြောင်းပစ်ကူ ၊ လက်နက်ကြီးပစ်ကူများဖြင့် ချေမှုန်းလျက်ရှိကြောင်း၊ သောင်းကျန်းသူများ အထိနာလျက် အကြိမ်ကြိမ် လန်ကျလျက်ရှိကြောင်း သိရှိရပါသည်။
https://t.me/privatephoehtaung
SU-30 နဲ့ ပစ်မှတ်တိကျတဲ့ ပေါင် ၂၀၀၀ Guided ဗုံးသုံးပြီး လောက်ကိုင်က ယာယီ လက်နက်စက်ရုံကို အမှုန့်ချေလိုက်ပြီ
https://t.me/privatephoehtaung
现已上线!2025 年 Telegram 研究 — 年度关键洞察 
